Tuesday, August 23, 2016

သံသာစက်၌ အပိုင်း (၁၁)

သံသာစက်၌ အပိုင်း (၁၁)

ဂျင်ကလိ ရေးသည်။

ကျော်ဇေယျက မနေ့ကလူထက်လည်းပိုပြီးကြာကြာလုပ်နိုင်သည်။

“နင့်ဟာလေးက ကောင်းလိုက်တာ၊ ငါပြီးချင်တာကို မနည်းအောင့်ထားရတယ်”

“ဘာကောင်းတာလဲ”

“စီးပိုင်ပြီးကြပ်နေတာပဲ၊ ကွိုင်မစွပ်ဘဲတောင်ချလိုက်ချင်တယ်”

ကွိုင်ဆိုတာ သူခုနစွပ်သည့် အစွပ်ကိုပြောတာဖြစ်ပုံရသည်။

“မစွပ်နဲ့ပေါ့”

“ဒါတော့ မဖြစ်ဘူး၊ အန ္တရယ်ဆိုတာကာကွယ်ရတယ်”

ကျော်ဇေယျက ပြောလည်းပြောသည်။လုပ်လည်းလုပ်သည်။ ပြီးချင်လိုက်တာဟု ဆိုသော် လည်း မပြီးသေးပါ။ အနေအထားအမျိုးမျိုးနှင့် လုပ်သည်။ ရှက်စိတ်ပျောက်နေသော ကျွန် မက လည်း သူခိုင်းတိုင်းနေပေး၏။

“ဒီလောက်သဘောကောင်းတာလေးကို ငါ့အကိုက စွတ်ဟောက်တာတော့ မတရားပါဘူး၊ ငါတော့ နင့်ကိုတကယ်ခိုက်သွားပြီ”

နောက်ဆုံးကျွန်မကို ကွပ်ပျစ်ပေါ်မှာ လေးဘက်ထောက်ခိုင်းပြီးနောက်ကနေလုပ်သည်။ ကျွန် မ လူနှင့်တောင်မတူတော့ပါ။ သို့ သော်ကျွန်မမှာ ငြင်းနိုင်သည့်စွမ်းအားမရှိပါ။ ကျွန်မ၏ ခါးကိုကိုင်ပြီးနောက်ကနေ အားဖြင့်ဆောင့်ကာဆောင့်ကာ သွင်းလိုက်တိုင်း ကျွန်မလဲကျမသွား အောင် အတင်းထိန်းထားရသည်။

“ကောင်းလား”

“ကောင်းတယ်”

အဖျားတက်နေသလို အသံဖြင့်ကျွန်မဖြေမိသည်။ တကယ်လည်းကျွန်မ မိန်းမိန်းမူးမူးဖြစ်နေ သည်။ တဖြည်းဖြည်းနှင့် ကျော်ဇေယျဆောင့်ချက်တွေက မြန်သထက်မြန်ပြင်းသထက်ပြင်း လာသလို ကျွန်မ၏ စိတ်သည်လည်း လွင့်ကနဲလွင့်ကနဲ ဝဲကာတက်လိုက်ကျလိုက် နှင့် ချားရဟတ်ပမာလည်နေ၏။

“ကောင်းတယ်၊ အား၊ ငါပြီးတော့မယ်”

ဂူးရှုးထိုးပြောရင်း ကျွန်မကိုလွင့်စင်သွားတော့ မတတ်လုပ်တော့၏။ သူ၏ အသက်ရှုသံပြင်း ပြင်းကြီးက အခန်းကျဉ်းလေးထဲမှာ ဆူညံနေသည်။ ကျော်ဇေယျ၏ ပွဲသိမ်းဆောင့်ချက်သည် ကျွန်မကို ရှေ့သို့ တတောင်လောက်ရွေ့သွားစေပြီး အခန်းကာထားသည့် သွပ်ပြားကြီးနှင့် ဒုန်း ကနဲဝင်ဆောင့်မိသည်။

“အား”

ကျော်ဇေယျလည်းပြီးသွားပြီထင်သည် ထပ်မဆောင့်တော့၊ ခေါင်းနှင့်နံရံကိုဆောင့်မိရာမှ ဖင်ဘူးတောင်းထောင်ပြီး ငိုက်ကျသွားသော ကျွန်မ၏ စိတ်တွေလည်း စက္ကန့်ပိုင်း အတွင်းတွင် ပြန် ကြည်လင်လာ၏။

“နာသွားလား”

ကျွန်မနောက်ဖက်တွင် ခြေပစ်လက်ပစ်ထိုင်နေသော ကျော်ဇေယျက လှမ်းမေးသည်။ ကျွန်မ ပြန်မဖြေနိုင်ပဲ ရှက်ရွံ့စွာကွပ်ပျစ်ပေါ်ကဆင်းလိုက်ပြီး အဝတ်အစားတွေကို ကသုတ်ကရက် ပြန်ဝတ်နေမိ၏။

“ပြန်တော့ မလို့လား”

သူ့မျက်နှာကို မကြည့်ဘဲ ခေါင်းညိတ်ပြလိုက်သည်။ သူ့မျက်နှာကို မကြည့်ရဲပါ။ သေလုမတတ် အောင်ကျွန်မ ရှက်နေမိပါသည်။ အိပ်မက်လန့်နိုးသလို ရုတ်တရက် ပြန်ဝင်လာသည့် ပင်ကိုယ် အသိစိတ်က ကျွန်မကို ဒီနေရာကချက်ချင်း ထွက်သွားဖို့ နှိုးဆော်နေသည်။

“ရော့”

ကျွန်မရှေ့ကို ငါးရာတန်တရွက်ရောက်လာသည်။

“ကိုစိုးကြီးက ပိုက်ဆံမပေးနဲ့ဆိုပေမယ့် ယူလိုက်ပါ၊ နင်ဖိနပ် မရှိဘူးမဟုတ်လား၊ ဖိနပ်ဖိုးပေါ့”

မယူချင်သော်လည်း သင်္ကာ မကင်းမဖြစ်စေရန် ယူလိုက်ရသည်။

“ကဲပါ၊ ငါပြန်ပို့ပေးမယ် တော်ကြာနင် ကိုစိုးကြီးနဲ့တိုးနေဦးမယ်”

စက်ဘီးပြန်ထုတ်ပြီးကျော်ဇေယျ ကျွန်မကို လိုက်ပို့ပေးပါသည်။ စေတနာ ဟုထင်ပြီး မလုံမလဲ ဖြစ်ရသေးသော်လည်း လမ်းကျမှ အဖြေကိုသိရပါ၏။

“မဖက်တော့ဘူးလား”

ရှက်စိတ်ကြောင့် ကျွန်မဆွံ့အနေသည်။ လူချင်းမထိအောင် နောက်နားကိုအတင်းကပ်ထား၏။

“ငါ နောက်တချီဆွဲချင်သေးတာ မနက်ကျရင်အိပ်ယာက မထနိုင်မှာစိုးလို့၊ သူငယ်ချင်းတယောက် အသုဘမှာ ကူဖို့ အစောကြီးသွားရမယ်လေ”

အဲဒါ ငါ့အသုဘပေါ့ ဟု စိတ်ထဲကကြိတ်ပြောလိုက်မိသည်။

“နင်နောက်နေ့လဲ ငါ့ဆီပဲလာခဲ့လေ၊ တလတခါ ပိုက်ဆံရှင်းမယ် ဖြစ်မလား”

ကျွန်မ ဘာဖြေရမှန်းမသိပါ။ ကျော်ဇေယျကသာ ဆက်ပြောနေ၏။

“ငါစားဖူးသမျှထဲမှာ နင့်ကို အခိုက်ဆုံးပဲ၊ နင်ကိုစိုးကြီး လုပ်တာခံဖူးလား”

ဆက်ငြိမ်နေ၍ မကောင်းတော့ သဖြင့်

“ဟင့်အင်း”

“နင်ကျွတ်သွားမယ်။ သူက ဂေါ်လီသုံးလုံးတောင်ထည့်ထားတာ၊ ငါတောင်ထည့်မလားလို့ စိတ်ကူးနေတယ်၊ တလုံးလောက်ပါ၊ ပြီးရင် နင့်ကို အရင်ဆုံးဆွဲမယ် သိလား”

သူဘာတွေပြောနေသလဲ ဆိုတာကျွန်မ နားမလည်ပါ။ အယုတ္တ အနတ္တတွေဆိုတာ လောက်ပဲ သိပါသည်။ ခုချိန်မှ ကျွန်မ မမမြတ်ဆီကိုသာ အမြန်ဆုံးပြန်ရောက်ချင်နေသည်။ ခုနက ကိုစိုး ကြီးဆိုသူ နှင့်ဆုံခဲ့ရာလမ်းနားရောက်တော့ ကျွန်မဆင်းလိုက်သည်။

.....................

 “ကိုစိုးကြီး တွေ့ရင် ငါနဲ့ညှိပြီးသားလို့ပြောလိုက်ကြားလား”

“အင်း”

ကျော်ဇေယျသည် တဏှာရာဂကြီးသော်လည်း စိတ်ရင်းလေးတော့ မဆိုးဟု တွေးလိုက် မိ သည်။ သူ့မျက်နှာကို စေ့စေ့ မကြည့်ဘဲနှုတ်ဆက်ပြီး လာရာလမ်းအတိုင်း ခပ်သုတ်သုတ် ပြန် လာခဲ့သည်။ ကံကောင်းထောက်မစွာ ကိုစိုးကြီးဆိုသူနှင့် မတွေ့ဘဲ အိမ်ပြန်ရောက်ခဲ့၏။ နောက်ဖေးတံခါးကို တွန်းဖွင့် ဝင်လိုက်သည်နှင့် မီးရောင် လင်းနေတာကို မြင်ရသည်။ အထဲရောက်တော့ကြမ်းပြင်မှာ လဲကျနေသောမမမြတ်ကို တွေ့လိုက်ရသည်။ အကြောဆွဲမနေ တော့သော်လည်း မမမြတ်လဲနေသည်က အသက်ရှုနေသည်ကိုသာမတွေ့လျှင် လူသေ အ လောင်းတခု နှင့် မခြားပေ။ ခါးမှာလည်း ထမိန်မရှိပါ။ ဘာလုပ်ပေးရမည် မှန်းလဲ မသိသဖြင့်ခြေမျက်စေ့နားလောက်မှာ ပတ်နေသည့်ထမိန်ကို ဖြေ၍ မမမြတ်အောက်ပိုင်းကိုအုပ်ပေးရင်းအနားမှာ ထိုင်နေမိ၏။

မနေ့က ကျွန်မပြန်လာစဉ်မှောင်မဲနေ၏။ ဒီနေ့တော့ဖရောင်းတိုင်အကြီးကြီးထွန်းထားသဖြင့် မီးမငြိမ်းသေးပါ။ မမမြတ်သာ လူးရင်းလှိမ့်ရင်း ဖရောင်းတိုင်ကို တိုက်မိပြီး အိမ်ကိုမီးလောင် ခဲ့သော်ဟူသော အတွေးဖြင့် ကျောချမ်းမိသည်။ ကျွန်မ ကလည်း မရှိချိန်ဖြစ်ရာ မမမြတ် အ ဖြစ် ဆိုးနှင့် တွေ့မှာမလွဲပေ။ သက်ပြင်း တချက်ကိုချရင်း အနားမှာတွေ့သည့် ရေပုလင်းကိုဆွဲယူပြီး တကျိုက်မော့သောက်လိုက်သည်။

“ဆွေဇင်ရောက်ပြီလား”

မမမြတ်အသံက တုန်ရီမောဟိုက်နေသည်။

“ဟုတ်ကဲ့ မမ၊ မောနေရင် ရေသောက်မလား”

“အင်း”

အားယူထလိုက်သည့် မမမြတ်ကို နံရံနှင့် မှီပေးရင်းရေပုလင်းကမ်းပေးလိုက်သည်။ မမမြတ် သောက်မည့် ဟန်ပြင်တော့မှ သတိရပြီး ရေပုလင်းကိုပြန်ဆွဲမိသည်။

“ဘာဖြစ်လို့လဲဆွေဇင်”

“ပုလင်း အသစ်ရှိသေးလားမမ”

“နင့်နောက်နားမှာလေ”

ရေသန့်ပုလင်း အသစ်တလုံးဖေါက်ပြီး မမမြတ်ကိုပေးလိုက်သည်။

“ဒါက ကျွန်မသောက်ထားလို့ပါ”

“အဲဒါ ဘာဖြစ်တုန်း”

“မဟုတ်ဘူး မမ၊ ကျွန်မ..ကျွန်မ …ဒီနေ့ ယောက်ျားတယောက်ကို စုပ်ပေးခဲ့တယ်၊ ဒါကြောင့် ဒီပုလင်း နဲ့ မမမြတ်မသောက်နဲ့”

မမမြတ်လက်ထဲက ရေပုလင်းပေါင်ပေါ်လွတ်ကျသွားသည်။ ထမိန်မစိုအောင် ပြန်ထိန်းလိုက် သောမမမြတ်လက်တွေတုန်နေ၏။

“အဲဒီလောက်ထိအောင်ပဲလား”

မမမြတ်၏ အကြည့်တွေကဝမ်းနည်းမှုကို ဖေါ်ပြနေသည်။ ကျွန်မလည်း မထူးတော့သည့်တူတူ ဖြစ်စဉ်ကို ပြန်ပြောပြလိုက်၏။

“ကျွန်မသိတယ်၊ ကျွန်မ စိတ်ပါလက်ပါကို လုပ်ခဲ့တာ၊ ရှက်ရမှန်းလဲ မသိဘူး၊ ရွံတဲ့ စိတ် လည်းမရှိဘူး၊ ပြန်တွေးမိရင်အန်ချင်တယ်၊ ဘာကြောင့်ဒီလို ဖြစ်သွားရတာလဲ”

“ငါနင့်ကို ဘယ်လိုပြောရပါ့မလဲ”

“မမမြတ်သိတာရှိရင်ပြောပါ၊ ကျွန်မ ဘာဖြစ်လို့ ညဖက်ရောက်ရင် မိန်းမပျက်စိတ် ပေါက်သွား ရတာလဲ”

ကိုယ်ကိုမတ်မတ်ပြင်ထိုင်ရင်း မမမြတ်သက်ပြင်းချသည်။

“ငါရော ညဖက်ဆိုရင် ဘာလို့ရောဂါထတယ် ထင်သလဲဆွေဇင်”

ကျွန်မခေါင်းခါပြလိုက်သည်။

“ငါပြောခဲ့ပါတယ်၊ တချို့ကိစ္စတွေက သူများပြောမှ သိရမှာထက် ကိုယ်တိုင်သိတာက ပိုကောင်း တယ်လို့လေ”

ထူးဆန်းသောစကားတွေ မမမြတ်ဆိုပြန်ချေပြီ။ လေသံက အားနည်းနေသော်လည်း မျက် နှာ ထားကမူ တင်းမာပြတ်သားနေ၏။

“ပြောရင် နင်ယုံချင်မှယုံမယ်၊ နောက်ကျရင်တော့နင်မယုံလို့ မရဘူး၊ နင်ယုံသွားမှာပါ၊ ငါက ဘာလဲ နင်သိလား”

ကျွန်မ ဘာပြန်ပြောရမှန်းမသိတော့ပါ။

“တကယ် တော့ ငါက လူမဟုတ်ဘူး”

“ရှင်”

မမမြတ်ဘာဖြစ်သွားပြီနည်း။ သူမကိုကြည့်ရသည်မှာ စိတ်ဝေဒနာရှင် တယောက်နှင့်လည်း မတူပါ။

“နင် လက်မခံနိုင်ဘူး မဟုတ်လား၊ နင့်ကိုယ်နင်ရော လူလို့ထင်နေသလားဆွေဇင်လတ်”

ရင်ထဲမှာ ဝုန်းကနဲ အသံတခုမြည်ဟိန်းကာ ကမ ္ဘာလောကတခုလုံး ဇောက်ထိုးကြီးဖြစ်သွား သလို ကျွန်မ ခံစားလိုက်ရသည်။

........................................................................

အပိုင်း ( ခ )

မိုးရေစက်တွေက ကျွန်မဆီအထိလွင့်စင်လာ၏။ ကျွန်မရပ်နေသော နေရာကလည်း ပိတ်ထား သည့် ဆိုင်ခန်းရှေ့က အမိုးစွန်းလေးဖြစ်ရာ တံခါးချပ်တွေကို ကျောကပ်မိသည်အထိ တိုးကပ် ထားသည့် တိုင်အောင် မလုံခြုံပါ။ အိမ်က မထွက်ခင် မမမြတ်ကထီးယူသွားဖို့ပြောသော် လည်း ရန်ကုန်မိုးကို ကျွန်မလျှော့တွက်ခဲ့မိပါသည်။ ထီးပါသူမိုးကာအဆောင်းပါသူတွေက တော့ လမ်းတလျှောက် မိမိဦးတည်ရာ အတိုင်းသွားနေကြသည်။

ထီးပါသည့်တိုင် ကျွန်မအတွက် မိုးမစိုစေရန် ကာထားဖို့လောက်သာအသုံးဝင်မည် ထင်ပါ သည်။ ကျွန်မက ဒီနေရာကနေထွက်သွားရန် အကြောင်း မရှိပါ။ ကျွန်မကို ဒီနေရာက ခေါ် ထုတ်သွားမည့် ယောက်ျားတယောက်ယောက် နှင့် မတွေ့မချင်း ကျွန်မ ဒီနားမှာပဲ ရှိနေဦး မည် သာဖြစ်သည်။

ကျွန်မ ကိုလှည့်ကြည့်သွားကြသည့်ယောက်ျားတွေရှိပါသည်။ များသောအားဖြင့်တော့ ကြည့် ပြီး ကိုယ့်လမ်းကိုယ်ဆက်သွားကြ၏။

အမှောင်ထုထဲသို့ တိုးဝင်နေသည့် အချိန်တွင် လမ်းမီးတိုင် ခပ်ကျဲကျဲ တွေ၏ အလင်းအောက် တွင် သွားလာနေသူတွေ ထဲက တချို့က ကျွန်မကို လှည့်ကြည့်သွားကြသည်။

လှလှပပ ပြင် ဆင်ဝတ်စားထားသည့် မိန်းကလေးတယောက် မိုးခိုရင်းရပ်နေသည် ကို မည်သို့ ကောက်ချက် ချကြမည်ကို ကျွန်မမတွေးတတ်ပါ။ သို့သော် ထီးမေ့လာသည့် သာမန်မိန်းကလေးတယောက် ဟု တွေးကြပါစေရန် ကျွန်မဆုတောင်းနေမိ၏။

ကျွန်မ ရန်ကုန်ရောက်တာ နှစ်လကျော်ခဲ့ပါပြီ။ ကျွန်မဘယ်သူဘယ်ဝါ ဖြစ်သည်ကို မမမြတ်ဆီကကြားရပြီးနောက်တနေ့မနက်၊ တနည်းအားဖြင့် ဆွေဇင်လတ်ကို သဂြိုလ်မည့်နေ့တွင် မမ မြတ် ခေါ်ရာသို့ လိုက်လာခဲ့သည်။ ဆက်ပြီးနေလို့လည်း ကျွန်မသည် အများလက်ခံမည့် ဆွေ ဇင်လတ်ဖြစ်လာတော့မည် မဟုတ်သည့်တူတူ ကျွန်မကို စောင့်ရှောက်ပေးနိုင်သည့် မမမြတ် နောက်ကိုသာ စိတ်ချလက်ချလိုက်လာခဲ့သည်။

ကျွန်မတို့ ထွက်မလာခင်ညက ကျွန်မသိချင်တာတွေကို မမမြတ် ပြောပြခဲ့သည်။ မသိခင်က အလွန်သိချင် ခဲ့သော်လည်း မမမြတ်ပြောလာသည့် နောက်တွင်တော့ သိချင်ခဲ့တဲ့ အတွက် နောင်တရမိသည်။ ကျွန်မ မဖြစ်ချင်သော၊ မဖြစ်နိုင်ဟုထင်သော အရာတွေကိုမမမြတ် ပြော ပြခဲ့သည်။ ကျွန်မ လက်တွေ့ကြုံနေရ ခံစားနေရတာတွေသာ ရှိမနေလျှင် ဒါတွေက အဓိပ္ပါယ် လုံးဝမရှိဟု သာ ယုံမှတ်လိုက်မည် မှာ အမှန်ဖြစ်ပါ၏။

“အပါယ်လေးဘုံဆိုတာ နင်သိသလား”

ရှင်းပြမည်ပြောသည့် မမမြတ်၏ မေးခွန်းကကြောက်စရာပင်။ ထိုအခိုက်အတန့်ခန ကို အခုထိ တိုင်ကျွန်မ မှတ်မိနေသည်။ဆက်ပြောလာသည့် စကားတွေက တခုမှ ယုံနိုင်ဖွယ်ရာ မရှိပါ။ မမ မြတ်ရူးသွပ်မနေကြောင်း ကျွန်မသိပါသည်။ နောက်ဆုံးတော့ မမမြတ်စကားတွေကြောင့် ရူး သွပ်မတတ်ဖြစ်ရသူက ကျွန်မဖြစ်သွားပါ၏။

“ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ နဲ့ အသူရကယ် ဆိုပြီးလေးမျိုး မှာ နင်နဲ့ငါက အသူရကယ်ဘုံမှာ ရောက် နေတဲ့သူ တွေပဲ”

“ဟိုလေ ..နေ့မှာစံပြီးညမှာ ခံရတယ်ဆိုတဲ့ဟာမျိုးလား၊ ဖြစ်နိုင်ပါမလား မမမြတ်ရယ်”

“ဟုတ်တယ်၊ ဒါကြောင့် ညဖက်ဆို ငါဘာဖြစ်လဲ၊ နင်ဘယ်ဘဝရောက်သလဲ နင်ကိုယ်တိုင်သိ နေပြီပဲ”

“နေ့ဖက်မှာရော ကျွန်မတို့စံရလို့လား၊ ဒီအိမ်စုတ်လေးထဲမှာ လူမမြင်အောင်နေနေရတာကို”

“ဒါက စကားအဖြစ်ပြောတာမျိုးပါ။ ဝဋ်ကြွေးအရ ခံရမယ့် အချိန်မျိုးကလွဲရင် ငါတို့ဟာ လူသာ မန်တွေနဲ့ မခြားဘူးလေ”

“ကျွန်မက ဘာဖြစ်လို့ ဒီဘဝရောက်ရတာလဲ၊ ဘာလုပ်မိလို့လဲ”

“အဲဒါတော့ငါမသိဘူး၊ ငါ့ကိုယ်ငါတောင် မသိဘူး၊”

“မမမြတ် နောက်နေတာပါနော်”

သနားစရာ သတ္တဝါငယ်လေးတကောင် ကိုကြည့်သလို မမမြတ်ကျွန်မကို ကြည့်သည်။ မမ မြတ် အကြည့်မှာ နှိမ့်ချသည့် သဘောမပါ၊ စာနာမှု ဖြင့်ကြည့်သည့် အကြည့်ဖြစ်ကြောင်း ကျွန်မ ခံစားနားလည်ရပါသည်။ သို့သော် မမမြတ် နောက်နေတာဖြစ်ပါစေဟု ရူးရူးမူးမူး တွေး မိသည်မှာ မမမြတ် စေတနာကို စော်ကားခြင်း မမည်ဟု ကျွန်မယုံကြည်ပါသည်။ မယုံနိုင်ဖွယ် ရာ ဆိုးဝါးသည့် အဖြစ်ကို မည်သူလက်သင့်ခံနိုင်မည်နည်း။

“အေးလေ၊ နင့်အတွက်အပြောင်းအလဲက ရုတ်တရက်ကြီး ဆိုတော့ နင်လက်ခံဖို့ဘယ်လွယ် မလဲ၊ သေသေချာချာ စဉ်းစားပါ၊ နင်နဲ့ငါ ဆေးရုံမှာတွေ့ခဲ့တဲ့ အလောင်းက ဘယ်သူလဲ၊ နင့် ကို ဘယ်သူမှ မသိတော့ကြတာ ဘာဖြစ်လို့လဲ၊ အနည်းဆုံးတော့ နင်ဆွေဇင်လတ် မဟုတ် တော့ဘူးဆိုတာ လက်ခံရတော့မယ်”

ဝမ်းနည်းစွာငိုရှိုက်ရုံမှ အပ မမမြတ်ကိုဖြေရှင်းရန် ကျွန်မမှာ စကားမရှိပါ။

“ငါဒီဘ၀ မရောက်ခင် လမ်းဘေးမှာ တစေ ္ဆဘဝနဲ့သုံးနှစ် နေခဲ့ရသေးတယ်၊ ဒါကြောင့် ငါ ဒီဘဝရောက်လာတော့သိပ်ပြီးတုန်လှုပ်မှု မရှိတော့ဘူး၊ နင်ကတော့ ဗြုန်းစားကြီးကိုး”

လူငယ်တယောက်သာဖြစ်သည့် ကျွန်မအတွက် အလှူဒါန နှင့်ကောင်းမှု ကုသိုလ်နည်းပါး ခဲ့သည်မှန်ပါသည်။ သို့သော် ကျွန်မ မကောင်းမှု မပြုခဲ့ဖူးသည်တော့ အမှန်ဖြစ်ပါ၏။ ကျွန်မ ကြောင့် လူတဖက်သားထိခိုက်နစ်နာရခြင်းမျိုး မရှိခဲ့ဖူးပါ။ တဖက်သားအပေါ်တွင်လည်း မ ဟုတ်မတရား မကြံစည်ခဲ့ မပြောဆိုခဲ့ဖူးပါ။

လိမ်ညာလှည့်ဖျား စီးပွားရှာခြင်းမျိုးလည်း မလုပ် ဖူးပါ။ မနှစ်ကမှဘွဲ့ရပြီးသောကျွန်မ အနေဖြင့် မိဖ များနှင့် အတူတူနေရင်း သမာအာဇာ၀ အသက်မွေးမှု တခုခုကို လုပ်ကိုင်ရန်ရှာဖွေနေဆဲဖြစ်ပါသည်။

“တစေ ္ဆ မဖြစ်ခင်မမမြတ်က လူလား”

“ဟုတ်မှာပေါ့၊ ငါသိပ်မမှတ်မိတော့ဘူး၊ ငါ့မှာ ကလေး တယောက်လား နှစ်ယောက်လား ရှိ တယ်၊ ငါ့ယောက်ျား က အမြဲလိုလို နေမကောင်းဖြစ်နေတတ်တဲ့ လူမမာကြီး၊ ဒီလောက် ပဲ ငါသိတော့တယ်၊ ဘယ်မှာလဲ ဘယ်သူတွေလဲ ဆိုတာ ငါမေ့ကုန်ပြီ”

 “တစေ ္ဆဘဝကိုရော မှတ်မိလား”

မကြားလိုတာတွေ မကြားချင်၍ တွေ့ရာလျှောက်မေးနေမိသည်။

“တစေ ္ဆ ဆိုပေမယ့် ပြိတ္တာ မျိုးပါပဲ၊ အရမ်းဒုက္ခရောက်တယ်၊ ဘယ်လောက်ထိဖြစ်ခဲ့တယ် ဆို တာ နင့်ကိုပြောလို့တောင်မလွယ်ဘူး၊ နင်အဲဒါမျိုး မဖြစ်တာ ကံကောင်းတယ်”

မမမြတ်ပြောနေပုံက ကျွန်မ ကပဲ ကံကောင်းသလိုလို ဖြစ်နေသည်။

ကျွန်မမှာ ကုသိုလ် နည်းလျှင် တောင် အကုသိုလ် ဒုစရိုတ်နည်းသည့် အနေအထားရှိခဲ့ပါသည်။ ဒါတောင်မှ ဘယ်လိုဖြစ် ရသနည်း။ မှန်ရာကို ဝန်ခံရလျှင် မမမြတ် စကားတွေကို ယုံကြည်ဖို့ ခက်ခဲခဲ့ပါသည်။ မဟုတ်ပါစေနှင့် ဟုလည်း အကြိမ်ကြိမ်ဆုတောင်းမိ၏။

“မမမြတ် ကျွန်မကို မမမြတ်လိုမျိုးပဲ ဆိုတာဘယ်လိုသိလဲ”

ထွက်ပေါက်တခုကို ကျွန်မမောပန်းစွာ လိုက်ရှာနေမိသည်။ သို့သော် မမမြတ်အဖြေစကားက ကျွန်မကို ပိုပြီးရှုပ်ထွေးစေခဲ့သည်။

“ငါတွေ့တုန်းက ညည်းကမွေးကင်းစလေးပဲရှိသေးတယ်”

“ဘယ်လို မမမြတ်”

“ချောင်းစပ်မှာ နင်ဒီတိုင်းလေးအိပ်ပျော်နေတယ်၊ ကလေးပေါက်စလေးရယ်လို့ ငါသနားပြီး

ချီလာတုန်း နင်ကငါ့လက်ထဲမှာ တဖြည်းဖြည်းကြီးလာတယ်၊ ငါလာခေါ်တဲ့ အဖွားကြီးသမီး မရိပ်မိအောင် သွားနှင့်တော့ ကလေးကို အမေအဖေရှာပြီးပို့ပေးရဦးမယ် ဆိုပြီး လွှတ်လိုက်ရတယ်။ ဒီနားရောက်တော့ အိမ်မှာ လူမရှိတာတွေ့လို့ ဝင်နေလိုက်တာပေါ့”

ဒဏ္ဍာရီ ပုံပြင်တပုဒ်ကို နားထောင်နေရသလိုကျွန်မစိတ်ထဲမှာ ဖြစ်နေသည်။ ကြားဖူးနား၀ တ မလွန်ဖြစ်ရပ်ဇာတ်လမ်း တွေနှင့်လည်း ကွဲပြားသည့် ပုံပြင်ဖြစ်သည်။ ကျွန်မသာ နှစ်ည တိုင် တိုင် ယောက်ျားတွေကို ဖြေဖျော်ရသည့် အဖြစ်ဆိုးနှင့် မကြုံခဲ့ လျှင် ကျွန်မ ကို ဒီလို ယုံတမ်း ဆန်သည့် စကားတွေကို ပြောလာသူအား ပျက်ရယ်ပြု ပြီး ထွက်သွားမိနိုင်ပါသည်။

“နေ့ခင်းပိုင်းရောက်တော့ နင်ဒီအရွယ်ရောက်လာတာပဲ”

“မမမြတ်ကော ဒီလိုပဲလား”

“အေး၊ ငါ့ အဖြစ်က ပိုဆိုးတယ်၊ ညဖက်ကြီး သူများနောက်ဖေး လမ်းကြားထဲမှာ၊ အဝတ် အ စား လဲ မပါတော့ စော်ကားချင်တဲ့သူနဲ့တောင်တိုးတယ်။ အနားရောက်လာတဲ့ မိန်းမကြီး တ ယောက်ကယ်လိုက်လို့၊ သူကလည်း ငါ့ကိုမယုံဘူး၊ ဒါပေမယ့် မိန်းမချင်းဖြစ်နေတော့ စာနာ ပြီး အဝတ်အစားပေးလိုက်တယ်”

ရောဂါသက်သာစ မောပန်းနေသည့်ကြားမှ ရှင်းပြနေသည့် မမမြတ်ကို ကျွန်မထပ်မေးချင် တာ တွေရှိပါသေးသည်။ စကားကို အားတင်းပြောနေရသည့် ဖြစ်အင်ကို သနားမိသောကြောင့် မေး ချင်တာတွေထပ်မမေးတော့ပါ။ ဥပမာ ကျွန်မ နိုးလာပြီးနောက် ဘာကြောင့်ထားပြီးထွက်သွား ဖို့ စိတ်ကူးရသနည်း ဆိုတာ မျိုးတွေမေးချင်၏။

“ညည်းကို တွေ့စကတော့ ၊ ညည်းဖာသာလဲ အဖြစ်မှန်ကိုသိနေမယ် ထင် တာကိုး၊ ဒါကြောင့် သွားတော့မယ်လို့ပြောတာ၊ နောက်တော့ ညည်းက ဘာမှမသိဘူးဖြစ်နေတယ်”

ကျွန်မ မမေးပါဘဲနှင့် မမမြတ်ကပြောပြလာသည်။

“ကျွန်မက ဘာလို့ကိုယ့်ဖာသာ မသိရတာလဲ”

“နင်က ဘဝကူးတာနီးလွန်းလို့၊ ချက်ချင်းကိုရောက်လာတယ်လေ၊ ငါ့လိုကြားဘ၀ တခုမှာမှ မနေ ဖူးတာကိုး”

အပင်ပန်းခံရှင်းပြနေသည့်တိုင် လက်မခံချင်သော ကျွန်မကို မမမြတ်ကထပ်ပြောမနေတော့ဘဲ အိပ်ခိုင်းသည်။ သူပြောနေကျ လက်သုံးစကားတခုဖြစ်သည့် နင်အချိန်တန်ရင် သိလာလိမ့် မယ် ဟူသော စကားကို ထပ်ပြောသည်။ ထို့နောက် မနက်ဖြန် သူမရန်ကုန်ပြန်လျှင် တခါထဲ လိုက်ခဲ့ဟုပြောပါသည်။ တခြားရွေးချယ်စရာလည်း မရှိ၍ ကျွန်မ သ ဘောတူလိုက်ပါသည်။ ကျွန်မ ကောင်းကောင်းအိပ်မပျော်ပါ။

ပင်ပန်းစွာ ဝေဒနာခံစားခဲ့ရသည့် မမမြတ်ကတော့ ချက်ချင်းလိုလို အိပ်ပျော်သွားသည် ထင် ၏။ ကျွန်မ အိပ်ပျော်ခါစလေးတင်ရှိပလိမ့်ဦးမည် မမမြတ်လာနှိုး၍ ပြင်ဆင်သိမ်းဆည်းကာမနက်အစောကြီးကျွန်မတို့ ထွက်ခဲ့ကြသည်။ ဝေလီဝေလင်း အချိန်ဖြစ်သည်။ ရောင်နီပင် ကောင်းစွာမပွင့်သေးပါ။တသက်လုံးနေထိုင်လာခဲ့သည့် ဒေသကို ခွဲခွာထွက်လာရခြင်းကြောင့် ရင်မှာ တမြေ့မြေ့ ခံစားရပြီး မမမြတ်ဦးဆောင်ရာ နောက်သို့ တိတ်ဆိတ်စွာ ဖြင့် လိုက်လာခဲ့မိပါသည်။  ဘယ်ကမှန်း မသိသည့်မီးခိုးငွေ့တွေက လမ်းတလျှောက် တွင်ဝဲလွင့်နေသလို သစ် ရွက်စိမ်းကိုမီးရှို့သည့် ညှော်နံ့မျိုးကိုလည်းရနေသည်။

“ဟေ့”

အနားက ကပ်ခေါ်လိုက်သည့် အသံကြောင့် ကျွန်မစိတ်တွေ လက်ရှိအချိန်ကိုရောက်လာပြီး ပြန်ကြည့်မိလိုက်သည်။ ကျွန်မနားမှာ မိုးခိုနေသော ယောက်ျားတယောက်ရှိနေသည်။ သူ့လက် ထဲက စီးကရက်ငွေ့တွေက အနီးတဝိုက်မှာ ဝိုင်းနေ၏။ သူကြည့်လာသော အကြည့်ကို ကျွန်မ သဘောပေါက်ပါသည်။ သူ့ကို မကြည့်ဘဲ မျက်နှာလွှဲရင်း သူနှင့်လူချင်းထိလုမတတ်အောင်ကျွန်မ တိုးကပ်လိုက်၏။ ကျွန်မ သဘောကို သူနားလည်လိမ့်မည် ထင်ပါသည်။

...............................................................................

မမမြတ် နှင့် ကျွန်မ မြောက်ဥက္ကလာမှာ နှစ်ပတ်လောက်ပဲ နေဖြစ်သည်။ ငှားထားသောအိမ် ကို ပြန်အပ်ပြီး သာကေတသို့ပြောင်းသည်။ အလုပ်အကိုင် အဆင်ပြေနေသော နေရာကို စွန့် ပြီးနောက်တနေရာ ပြောင်းသည့်အတွက် ကျွန်မနားမလည်နိုင်ဖြစ်ရသည်။ မမမြတ်ကတော့ အေး ဆေးသက်သာစွာပင်

“ငါဘယ်နှစ်နေရာ ပြောင်းခဲ့တယ် ဆိုတာ မှတ်တောင်မမှတ်မိတော့ဘူး”

“ဒီက ဖေါက်သည်တွေဘယ်လို လုပ်မလဲ”

“အလုပ်က ရှိလာမှာပါ”

မမမြတ်ပြောတာမှန်ပါသည်။ နေရာပြောင်းသော်လည်း မမမြတ်အလုပ်မပျက်ပါ။ ကျောင်းဝတ် စုံ၊ ရုံးဝတ်စုံ နှင့် အသင့်ချုပ်ပြီးအထည်တွေရောင်းသည့် ဆိုင်တွေနှင့်မမမြတ်အဆက် အသွယ် ရှိသည်။ သူတို့ပေးလာသည့် ပိတ်စတွေကို သူတို့ပြောသလိုချုပ်ပြီး ပြန်ပေးလိုက်ရုံပင်။ လူအ များနှင့် ဆက်ဆံစရာ မလိုတော့ဟု မမမြတ်ပြော၏။

ကျွန်မလည်း လူတွေနှင့် သိပ်မဆက်ဆံချင်။ ဘာကြောင့်မှန်း မသိ သူတို့နှင့် ပြောဆိုဆက်ဆံ ရာတွင် အလိုလိုသိမ်ငယ်နေမိ၏။ ညဖက် ဝေဒနာထချိန် မျိုးမှာသာ အပြင်ကိုရောက်ပြီး ကျန် သည့် အချိန်တွေမှာ မမမြတ်ကို ကူရင်း အိမ်ထဲမှာပဲနေမိသည်။ အထည်တွေသွားပို့သည့် အခါမျိုးတွင် မမမြတ်ခေါ်တတ်သော်လည်း မမမြတ် တယောက်ထဲ မနိုင်မနင်းဖြစ်အောင် များသည့် အခါမျိုးမှသာ လိုက်သွားပြီး အနည်းအကျဉ်းဆိုလျှင် အိမ်မှာပဲ ပေကပ်နေခဲ့သည်။ ကျွန်မ ခံစား ချက်ကို နားလည်သော မမမြတ်ကလည်း နောက်ပိုင်းတွင်အတင်းမခေါ်တော့ပါ။ မမမြတ် တ ယောက်ထဲ အဆင်မပြေနိုင်သည့် အခါမျိုးတွင်တော့ ကျွန်မ အလိုက်သိစွာဖြင့် မမမြတ် နှင့် အတူ လိုက်ပို့ပေးပါသည်။ ထိုအချိန်မျိုးမှာ ဆိုလျှင်လည်း ကိစ္စပြီးသည် နှင့် အိမ်ကိုသာ ပြန်ချင် နေမိ၏။

ကိုယ့်ဖာသာ စိတ်ငယ်ပြီး လူတွေကိုရှောင်ပုန်းချင်မိသော်လည်း တကယ်တန်းအားဖြင့် ကျွန်မ သည် သာမန်မိန်းကလေးတယောက် နှင့် ဘာမှ မခြားနားပါ။ လူတွေလို အစားအစာစား  လူ တွေလို အညစ် အကြေးစွန့်သလို လူသားမိန်းမ တယောက်ကဲ့သို့ပင် ရာသီသွေးလည်း ဆင်း ပါသည်။ ကျွန်မ ဒီဘဝရောက်မှ ပထမဆုံးအနေဖြင့် ရာသီလာသော အခါ မမမြတ်ကို မေးမိ သည်။

“အဲဒါ ဘာသဘောလဲ မမမြတ်”

“ဘာသဘောလဲ ဆိုတော့ နင် လင်ယူလို့ရတယ်၊ ကလေးမွေးလို့ရတယ် ဆိုတဲ့ သဘောပေါ့”

“မမမြတ်ရော”

“ငါလဲ မိန်းမပဲ လို့”

“မမမြတ် အိမ်ထောင်ပြုဖူးလား”

မမမြတ် မျက်နှာမှာ နားလည်ရခက်သည့် အရိပ်အယောင်တွေဖြတ်သန်းသွားသည်။

“တညလုံး ဝက်ရူးပြန်နေတဲ့ မိန်းမ ကို ဘယ်ယောက်ျားက ယူမှာလဲ”

ကျွန်မမေးခွန်း အတွက်မမမြတ်ကို အားနာမိသည်။

“ဒါပေမယ့် ပြုမလိုလိုတော့ လုပ်ဖူးတယ်၊ နောက်တော့ ကိုယ့်အကြောင်းကိုယ်သိတာ နဲ့ အေး အေးပဲ နေလိုက်တယ်လေ”

“ဘယ်တုန်းကလဲ”

“ကြာပါပြီ၊ ညည်းတသက်လောက်ရှိရောပေါ့”

ဒီလောက်သာပြောပြီးမမမြတ် အနားကနေထွက်သွားသည်။ တည်ငြိမ်နေသော မမမြတ်၏ စိတ်ကိုလှုပ်ခတ်အောင်လုပ်လိုက်မိခြင်း အတွက်စိတ်မကောင်း ဖြစ်ရသည်။

ထို့ကြောင့် နောက်ပိုင်းတွင် ဒီလို အကြောင်းအရာတွေ မမမြတ်နှင့် စကားမစပ်မိအောင် အတတ်နိုင် ဆုံးရှောင်ကျဉ်လိုက် ပါ၏။

ရာသီသွေးပေါ်ခြင်းသည် ကျွန်မအနေဖြင့် သာမန်မိန်းမတယောက် နှင့် မခြားကြောင်း အား တက်ခွင့် ရလိုက်သလို ထိုရက်များအတွင်း ကျွန်မညစဉ် ခံစားရသည့်ဝေဒနာမှ သက်သာခွင့် ရပါသည်။ ကျွန်မ အပြင်ထွက်ပြီးယောက်ျားတွေ နှင့် မတော်တရော် ပတ်သက်စရာမလိုတော့။

မမမြတ်တောင် သဘောကျသွား၏။

“ဒီတိုင်းဆို ညည်းကမှ ခွင့်တွေဘာတွေရသေးတယ်”

“ဟုတ်တယ်နော် မမ၊ အမြဲဒီလိုသာဆိုကောင်းမှာပဲ”

အိမ်ထောင်ပြုလို့ရသည်။ ကလေးမွေးလို့ရသည် ဆိုသည့်စကားကိုတော့ ကျွန်မလက်မခံချင်ပါ။အမျိုးဇတ်မတူခြားနားသည့် အတွက်ကြောင့် ထင်ပါသည်၊ ယောက်ျားတွေ၏ သုတ်ပိုးကို ကျွန် မ၏ ကိုယ်ခန္ဒာက လက်မခံပါ။ သူတို့ နှင့်ဆက်ဆံပြီးတိုင်း နောက်တနေ့မနက်မရောက်မှီ ကိုယ် ထဲက ပြန်စီးယိုထွက်ပါသည်။ ရန်ကုန်ရောက်ပြီးနောက်မှာတော့ ယောက်ျားတွေက ရာဘာအ စွပ် သုံးကြသည့် အတွက်ဒါမျိုး အဖြစ်နည်းပါသည်။ တခါတရံသာကြုံရပါ၏။ မမမြတ်ကြုံဖူးပုံ မရသည့် အတွက်မမမြတ် ကို ပြန်ပြီးရှင်းလင်း မနေဘဲ ဒီတိုင်းထားလိုက်သည်။

ရာသီရက်တွေကျော်သည်နှင့် ကျွန်မ နဂိုအတိုင်းပြန်ဖြစ်ပါသည်။ ကျွန်မအတွက် လစဉ် ဒီရက်တွေကိုလက်ချိုးမျှော်ရမလိုဖြစ်နေသည်။ ကျွန်မ ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ နည်းမျိုးစုံ နှင့် ကြိုးစားသည်။ မရပါ။ အခန်းထဲမှာ အလုံပိတ် နေပြီး မမမြတ်ကို အပြင်ကနေ ချက်ထိုး ပိတ်ခိုင်းထား၏။ မရပါ။ အိပ်ငိုက်သလို ဖြစ်သွားသည့် နောက်တွင် ကျွန်မ လမ်းပေါ်ကို ရောက်နေမြဲဖြစ်သည်။

တရက်တွင် စိတ်ကူးတမျိုးရသည် နှင့် စိတ်လိုလက်ရဈေးကိုသွား သောကြောင့် မမမြတ် အံ့သြနေ၏။ ပြန်လာသောအခါ ကျွန်မဝယ်လာသည့် ကြိုးနှစ်ချောင်းကို ကြည့်ပြီး မမ မြတ် သက်ပြင်းချပြီးခေါင်းရမ်းသည်။ ကျွန်မ အကြံကို မမမြတ်သိပုံရ၏။

“ဖြစ်မယ် မထင်ပါဘူးဟယ်”

“စမ်းကြည့်တာပေါ့ မမရယ်၊ မမကူရမယ်နော်”

“အင်းလေ ငါဘာမှမဖြစ်ခင်တော့ရပါတယ်”

ညစာစားပြီးသည် နှင့် ကျွန်မကြိုးနှစ်ချောင်း ကိုအသင့်ပြင်ပါသည်။ ညမှောင်လာသည်နှင့် အိမ် တံခါးတွေ အကုန်ပိတ်လိုက်ပြီး အိမ်ရှေ့ခန်းက ခြောက်ပတ်လည် ပျဉ်းကတိုးတိုင်ကို ခွပြီးထိုင် လိုက်သည်။ လက်ဖြင့်လည်း တိုင်ကို ဖက်လိုက်၏။ ကျွန်မလုပ်သမျှကို ကြည့်နေသောမမမြတ် မျက်နှာ မကောင်းပါ။

“ချည်တော့ မမမြတ်၊ နာချင်နာပစေ တင်းအောင်ချည်”

“နင်အရမ်းခံရမယ် ထင်တယ်”

“ရတယ်မမမြတ်၊ ဒီလောက်တော့ ခံနိုင်ရမှာပေါ့”

တိုင်တဖက်က ကျွန်မလက်တွေကို ပူးပြီးကြိုးနှင့် တင်းတင်းချည်သည်။ ပိုနေသောကြိုးစကို တိုင်တွင် ပတ်ချည်ခိုင်းလိုက်၏။ ခြေထောက်ကိုလည်း အလားတူလုပ်ခိုင်းလိုက်သည်။ ကိစ္စ ပြီးသော အခါ

“ကျွန်မတော့ရယ်ဒီပဲ”

စိတ်မကောင်းသော မျက်နှာဖြင့်ကျွန်မကိုတွေတွေကြီးစိုက်ကြည့်ပြီး မမမြတ် အခန်းထဲဝင် သွားသည်။ သူမကိုယ်တိုင်လည်း ကိုယ့်ဝေဒနာနှင့် ကိုယ်ဖြစ်ရာ ကျွန်မကို ထွက်ကြည့် နိုင် မည် မဟုတ်ပေ။ အသက်ကို ၀၀ရှုပြီး စိတ်ကိုတင်းကာ အချိန်မှန်ရောက်လာမည့် ဝေဒနာ ဆိုးကို စောင့်မျှော်နေမိသည်။ ဒီလို အခြေအနေ မျိုးမှာ ကျွန်မအရင်တုန်းကလို အိမ်အပြင် ကိုရောက်သွား နိုင်မည် မဟုတ်တော့ပါ။ တံခါးတွေ အကုန်လုံးလည်း ပိတ်ထားသည့် အပြင် ခြေနှင့် လက်ကိုလည်း တိုင်မှာ အမိအရတုပ်ထားပြီဖြစ်ရာ မခံမရပ်နိုင်အောင် ပြင်းပြသည့် ဝေဒနာကို ကျွန်မအတတ်နိုင်ဆုံး တောင့်ခံဖို့သာရှိတော့သည်။

ဘယ်သူမှလည်း ကြိုးကို လာ ဖြေပေးနိုင်မည် မဟုတ်ပါ။

ဝေဒနာကိုစောင့်မျှော်ရင်း ခြေလက်တွေထုံကျဉ် ကိုက်ခဲလာ၏။ အသက်ကိုမှန်မှန်ရှူ ပြီးစိတ် ကို တည်ငြိမ်အောင်ထိန်းထားလိုက်သည်။ မကြာခင်ရောက်လာမည့် ညောင်းညာ ခြင်းထက် ဆိုးသည့် ဝေဒနာတွေက ညောင်းညာကိုက်ခဲမှုတွေကို အလွယ်တကူဖယ်ထုတ် နိုင်မည်မှန်း ကျွန်မ သိနေ၏။

အကြာကြီး မစောင့်လိုက်ရပါ။ ကျွန်မ ကိုတစုံတယောက်ကတွန်းလိုက်သလို ခံစားလိုက်ရပြီး နောက် ရောက်လာမြဲ ဝေဒနာချိန်က အစပြုလာသည်။ ရေငတ်သလို ပူလောင်မွတ်သိပ်မှု၊ တကိုယ်လုံးဆီမှာတရွရွနှင့်ပြေးလွှားနေသလို ခံရခက်သည့်ဝေဒနာ နှင့်အတူ လဲကျသွားလုမ တတ် ဖြစ်ရသည့်မူးရီရီခံစားမှုတို့ကကျွန်မကို စုပြုံတိုက်ခိုက်ကြ၏။ တင်းထားသည့် ကြားက နေ အနှောင်အဖွဲ့တွေကိုရုန်းကန်နေသည့် လက်နှင့်ခြေထောက်တွေကို ကျွန်မမထိန်းချုပ်နိုင်၊ကျွန်မက သပ်သပ်၊ ကျွန်မ၏ ကိုယ်ခန္ဓာကသပ်သပ်လိုဖြစ်နေသည်။

ချွေးစက်တွေက မျက်နှာတလျှောက်စီးကျလာပြီး မျက်လုံးထဲဝင်သည်။ ဆက်ပြီးစီးကျလာ သည့် ချွေးတွေက မျက်ရည်နှင့် ရောပြီး ပါးစပ်ထဲဝင်သောအခါ ငံမြမြ အရသာကို ကျွန်မ သိ နေသောကြောင့် အရင်နေ့တွေကလောက် အခြေအနေမဆိုးဟု ကျွန်မတွက်လိုက်မိသည်။ အခုကျွန်မစိတ်ကို ကျွန်မသိနေသေး ၏။ ခြေတွေလက်တွေကတော့ ပြတ်ထွက်တော့မတတ် အောင်လှုပ်ရှားရုန်း ကန်နေကြသည်။ ဘုရားစာဆိုဖို့စိတ်ကူးရလိုက်သည်။ သို့သော်ကျွန်မ ပါးစပ်ကို ဖွင့်လို့မရပါ။

စိတ်ထဲကရွတ်ဖို့ကြိုးစားရင်း ကျွန်မထိတ်လန့်ခြင်းကြီးစွာ ဖြစ်ရသည်။ ငယ်စဉ်ကထဲက လူကြီး သူမတွေသင်ပေးလို့ နှုတ်တက်ရခဲ့သည့် ဘုရားစာ တရားစာတွေ တလုံးမှမမှတ်မိတော့။ ဆွေ ဇင်လတ်ဆိုသည့် ဘဝနှင့်ပတ်သက်ပြီး အလုံးစုံကို သိရှိမှတ်မိနေသော်လည်း ဒီနေရာတွင် တော့ ကျွန်မလုံးဝမသိတော့ပေ။

ပူပန်ခြင်းနှင့် အတူစိတ်လည်းလွတ်ထွက်သွား၏။ ကျွန်မနောက်ဆုံးသိသည်မှာ တိုင်ကိုကျွန်မ ခေါင်းနှင့် အတင်းဆောင့်နေခြင်းဖြစ်သည်။ ထို့နောက်ထုံးစံအတိုင်း အိပ်မက်တခုလို ကျွန်မ လွင့်မျောသွားသည်။ မရောက်ဖူးသည့် လမ်းမတခုပေါ်ကလူတွေကြားမှာကျွန်မတိုးဝှေ့သွား လာရင်း လူတယောက်နှင့်ဆုံသည်။ အသက်ခပ်ကြီးကြီး ယောက်ျားတယောက်လို့သာစိတ် မှာသိလိုက်ပြီးနောက် သူခေါ်ရာနောက်သို့ပါသွားသည်။ ထိုညသည် ကျွန်မအတွက် မှတ်မှတ်ရရ ညတွေထဲက တခုဖြစ်လာခဲ့သည်။

ထိုလူက ကျွန်မကို အခန်းတခန်းထဲသို့ခေါ်သွားသည်။ထို့နောက်ကျွန်မမကြုံဖူးလောက်အောင်ကြမ်းတမ်းသည့် နည်းမျိုးစုံသုံးပြီး ကျွန်မကိုဆက်ဆံပြုကျင့်ပါသည်။

ဒီလိုအချိန်တွေဆိုလျှင် စေသည့်ကျွန်၊ ထွန်သည့်နွားပမာ ဖြစ်နေတတ်သော ကျွန်မမှာ သူပြုသမျှငြင်းဆန်နိုင်စွမ်း မရှိ ပါ။ တက်ကြွစွာပင်သူ့အလိုကို ဖြည့်ပေးမိ၏။

 နောက်ဆုံး သဘာ၀ မဟုတ်သည့်နည်းဖြင့် ဆက်ဆံလာသည်ကိုပင် ကျွန်မလိုက်လျောခဲ့၏။

ကျွန်မ ကိုလေးဖက်ထောက်ခိုင်းသည်။ ဒါမျိုးက ကျွန်မအတွက် မဆန်းတော့ရာ သူခိုင်း သလို ခပ်သွက်သွက်ပင်လုပ်ပေးလိုက်သည်။ နာကျဉ်မှုက နေရာလွဲပြီးရောက်လာသောအခါ ကျွန်မ နားမလည် နိုင်ဖြစ်ရသည်။ သို့သော်လည်း ကျွန်မ မငြင်းပယ်နိုင်ခဲ့။ ကျွန်မ မငြင်းသည့် တိုင် အောင် အထဲကို ထိုးသွင်းဖို့ သူအခက်အခဲဖြစ်နေသော အခါ သူ့တန်ဆာကို တံတွေးတွေ ရွှဲရွှဲစိုအောင် ကျွန်မကို စုပ်ခိုင်း၏။ ကျွန်မ အထဲသို့လည်း သူမလုပ်ခင် တံတွေးတွေ ထွေး ထည့်ပါသေး၏။ ထိုနည်း နှင့် သိပ်အဆင်မပြေသောအခါ ဆီလိုလို ချွဲကျိကျိ အရည် တွေ လောင်းထည့်ပါသည်။ ဒီတော့မှ သူ့အတွက် အနည်းငယ်ပို အဆင်ပြေ သွားပြီးနောက် ကျွန်မကို သူထင်တိုင်း ပြုကျင့်ခွင့်ရသွားသည်။

ဝေဒနာတွေ ပျောက်ကွယ်သွားချိန်တွင် ကျွန်မ၏ စအိုဝတွင်ယောင်ကိုင်းပြီးနာကျဉ်နေ၏။ တင်ပါး နှင့် ပေါင်ရင်းမှာလည်း ဆီလိုလို အရည်တွေ နှင့် စိုနေ၏။

နာကျဉ်ခြင်းထက် ဒီလိုမဟုတ်တာလုပ်သည် ကို တား ဆီးရုန်းထွက်ဖို့ မသိခဲ့သည့် အဖြစ်ကြောင့် ကျွန်မ မျက်ရည်ကျရသည်။

“ဘာဖြစ်လို့ ငိုရတာလဲကွာ၊ အခုနကတော့ မင်းလေးပဲ အရမ်းထန်နေပြီးတော့”

အဖက်လုပ်ပြီးပြန် မဖြေတော့ဘဲကုတင်ပေါ်က ဆင်းလိုက်ချိန်တွင် ကောင်းကောင်းမရပ်နိုင်ပါ။ ကျွန်မခြေထောက်တွေက ခွေ ယိုင်ယိမ်းထိုးနေသည်။ ကျွန်မကို စိတ်ထင်တိုင်း ပြုကျင့် လိုက် ရသဖြင့် သူကလည်း အားအင် ကုန်ခမ်းသွားပုံရသည့် အတွက်သာ တော်တော့သည်။ နောက် တကြိမ်ထပ်ပြီးဆက်ဆံဖို့ ကြိုးစား လာဦးမည် ဆိုလျှင်ကျွန်မ ငရဲခန်းနှင့် ကြုံရပေမည်။

“ပြန်တော့မလား၊ နောက်တခေါက်တွေ့ချင်သေးတယ်ကွာ၊ မင်းကအရမ်းသဘောကောင်း တာပဲ”

ကျွန်မ အဝတ်အစားပြန်ဝတ်နေစဉ် သူပြောလာ၏။ မကြားချင်ယောင်ဆောင်နေ လိုက်သည်။

“မင်း ကို ဘယ်လိုဆက်သွယ်ရမလဲ”

“ကြုံရင်တော့တွေ့မှာပါ”

ဘေးမှာချထားသည့် ပိုက်ဆံအိတ်ကိုဖွင့် ပြီး ပိုက်ဆံတထပ်ထုတ်ပေးသည်။ သူနှင့်ကျွန်မ ဘယ်လိုဈေးတည့်လာသလဲ ကျွန်မ မမှတ်မိတော့ပါ။ သူက ကျွန်မ၏ အဖေ အရွယ်နီးပါး ရှိ မှန်းအခုမှ သတိထားမိသည်။ ပိုက်ဆံကို မယူချင်သော်လည်း အပြန်လမ်းစားရိတ်ရအောင် ယူ လိုက်သည်။ ကိုယ်လွတ်လက်လွတ်ထွက်လာသော ကျွန်မမှာ ပိုက်ဆံအိတ်ပင်မပါသည့် အ တွက် လက်နှင့်လုံးကိုင်လိုက်ရသည်။ ကျွန်မ ဖိနပ်လည်းမပါပါ။ ဘယ်လိုပြန်ရမလဲ တွေးပြီးနောက် မတတ်သာသည့် အဆုံးသူ့အကူအညီကို ယူရတော့သည်။

“ကျွန်မ မပြန်တတ်လို့ ကားလိုက်ငှားပေးပါလား”

နာရီကို တချက်ကြည့်ပြီး ထလိုက်လာသည်။ ကျွန်မတို့ရောက်နေသည်မှာ ချောင်းကမ်းစပ် တခုမှန်း အခုမှကျွန်မ သိတော့သည်။ အခုန ဒီကိုလာတုန်းက ဘယ်လိုလာခဲ့သည်ကို ကျွန်မကောင်းကောင်း မသိပါ။

ကံကောင်းထောက်မ စွာပင် လေးဘီးအငှားကားလေးတစီး မောင်းလာသည်နှင့်ကြုံသည်။ ည နက်သန်းခေါင် အချိန်ကြီးတွင် ကားတားသည့် ကျွန်မတို့ နှစ်ယောက်ကို မသင်္ကာသည့် အ ကြည့်ဖြင့်ကြည့် သော်လည်း သူတောင်းသည့် ဈေးကိုကျွန်မ ကချက်ချင်းသဘောတူသည့် အခါ ကားဆရာက လိုက်ပို့ဖို့သဘောတူပါသည်။

“ကျွန်မ နောက်မှာပဲ ထိုင်ပါ့မယ်”

နောက်ခန်း ကိုတက်ထိုင်လိုက်ပြီးနောက် ကားထွက်လာသည့်အခါ သူကလက်ပြနှုတ်ဆက် နေသေး၏။ စက်ဆုပ်စွာဖြင့် ကျွန်မ မျက်နှာလွှဲနေလိုက်သည်။

သူ၏ ယုတ်မာမှုကြောင့် ကား ဆောင့်လိုက်တိုင်း ကျွန်မမှာ အောင့်သက်သက်ခံစားရသည်။ အပေါ်ကလက်ကိုင်တန်းကို ဆုပ်ကိုင်ရင်း ကျွန်မ မျက်ရည်ကျရသည်။

ဘယ်ကရောက်လာသည့် ဝဋ်ကြွေးတွေကို ကျွန် မ ဘယ်လောက်ကြာအောင်ဆပ်ရမည်နည်း။ မမမြတ်ကို တခါမေးဖူးသည်။ မမမြတ်လည်း မသိဟုဆိုပါသည်။

“ငါဒီဘဝရောက်တာ နှစ်သုံးဆယ်ကျော်ပြီ၊ နောက်ဘယ်လောက်ကြာဦးမယ် ဆိုတာငါလဲ မသိဘူး၊ နှစ်တွေရာနဲ့ ချီချင်လဲချီမှာပေါ့”

ကားပေါ်မှာ မျက်ရည်ကျရင်း မမမြတ် ပြောသည့်စကားတွေပြန်ကြားယောင်နေမိ၏။ ကားက လည်း သိပ်ကြာကြာ မစီးလိုက်ရပါ။ ဆယ့်ငါးမိနစ်လောက်အကြာတွင် ကျွန်မတို့နေသည့် လမ်းထိပ်သို့ ရောက်လာ၏။

“အထဲ ဘယ်လောက်ဝင်ရမလဲ”

“ဒီမှာပဲ ရပ်ပါ”

လမ်းထိပ်မှာ ဆင်းပြီးလမ်းလျှောက်ဝင်ခဲ့သည်။ ကျွန်မတို့ အိမ်က လမ်းထိပ်နှင့် သိပ်မဝေးပါ။လမ်းမီးတွေ မလင်းသည့် လမ်းမှောင်မှောင်မှာ ခပ်သုတ်သုတ်လေး လျှောက်လာခဲ့သည်။ ကြောက် လို့ မဟုတ်ပါ။ အိမ်ကို မြန်မြန် ပြန်ရောက်ချင်လို့ဖြစ်ပါသည်။

အိမ်တံခါး၀ တွင် ရပ်မိ ချိန်မှာ  အိမ်ထဲကမီးရောင်မြင်ရသော်လည်း ဘာသံမှမကြားရ။ တိတ်ဆိတ်နေ၏။ မမမြတ် ထ မလာနိုင်သေးလို့ ဖြစ်မည်။ မမမြတ်ကို အနှောက်အယှက်မပေးချင်၍ တံခါး၀ တွင်ထိုင်ချလိုက်မိသည်။

“ဆွေဇင် လာလေ”

မမမြတ် ၏ ဖျော့တော့သော အသံကိုကြားရပြီးနောက် တံခါးပွင့်သွားသည်။ အိမ်အတွင်းဖက် မှ လျှံကျလာသော မီးရောင်တွင် မမမြတ်ကိုယ်က ယိမ်းထိုးနေ၏။ အိမ်ထဲသို့ ဝင်သွားသော ကျွန်မ၏ ခြေလှမ်းတွေကလည်း ယိမ်းယိုင်နေသည်။

“နင် အဆင်ပြေရဲ့လား”

“ပြေပါတယ် မမမြတ်”

အိမ်ထဲ ရောက်ရောက်ချင်း ကျွန်မ မျက်လုံးတွေက တိုင်ဘေးမှာ ကျနေသည့် ကြိုး တွေ ဆီ ရောက်သွားသည်။ မမမြတ်ချည်ပေးခဲ့သည့် အတိုင်းပုံစံ မပျက် အကွင်း လိုက်ကျနေ၏။ ကျွန်မ ဘယ်လို လွတ်ထွက်သွားသလဲ ဆိုတာ တွေးကြည့်လို့ပင်မရပါ။ မှတ်လဲ မမှတ်မိပါ။

“ငါပြောသားပဲ မလွယ်ပါဘူးလို့”

 နောက်ကပါလာသည့် မမမြတ်ကပြော လိုက်သည်။ကျွန်မအိမ်ခန်းထဲ ထိတန်းဝင်သွားပြီး အိပ်ယာပေါ်တွင်လှဲ ချ မိ၏။

“ဘာဖြစ်လာပြန်သလဲ”

“ဒီလိုပါပဲ မမရယ်”

“အိပ်တော့ မလား”

“ဟုတ်ကဲ့”

“အိပ်မယ် ဆိုခြင်ထောင် ထောင်လေ၊ ခြင်ကိုက်လိမ့်မယ်”

ကျွန်မ နှင့် မမမြတ် က အိပ်ခန်းနံရံ တဖက်စီကပ်ပြီး ခြင်ထောင်တယောက်တလုံး နှင့် အိပ်ကြသည်။ ကျွန်မ ပြန်လာဖို့ အဆင်မပြေသည့်ညတွေမှာ ဆိုလျှင်တော့ မမမြတ်တယောက်ထဲ အိပ်ရသည်။ ခြင်ထောင်ထောင်ဖို့ ကျွန်မ ထလိုက်သည်တွင် မမမြတ် မျက်လုံးတွေက နောက် ဖက်ကို ရောက်သွားသည်။

“ထမိန်လဲလိုက်ပါလား၊ နောက်မှာ ဘာတွေစိုနေသလဲ မသိဘူး”

ခြင်ထောင်ထောင် ပြီးနောက် ကျွန်မ အဝတ်လဲသည်။ ကျွန်မလုပ်သမျှကို မမမြတ် လှဲနေရာက လိုက်ကြည့်နေ၏။

“နင်တွေ့ခဲ့တာ တော်တော်ဆိုးတဲ့သူဖြစ်လိမ့်မယ်”

ကျွန်မ၏ အရိပ်အကဲကိုသိသည့် မမမြတ်၏စကားတွေက အမြဲမှန်တတ်ပါသည်။ မနေနိုင်တော့ ဘဲ မမမြတ်ဘေးမှာ ဝင်ထိုင်ပြီး ဖြစ်ကြောင်းကုန်စင်ပြောမိသည်။

ကျွန်မ၏ အကြောင်းကို အား လုံးသိနေသည့် မမမြတ်ကို ရှက်စရာလို့လည်းသဘော မထားတော့ပါ။

“အခု နာနေသေးလား”

မမမြတ် စိတ်မကောင်းစွာမေးသည်။

 “အောင့်သလိုလိုတော့ ဖြစ်နေတယ် မမ”

“အိပ်လိုက်ပါဟယ်၊ မနက်ကျရင် ကောင်းချင်ကောင်းသွားမှာပေါ့၊ နောက် ကို ဒီလိုလူစား မျိုး တွေနဲ့ မကြုံရအောင် တို့တွေတနည်းနည်း ကြံကြတာပေါ့”

မီးပိတ်ပြီး အိပ်လိုက်ကြသည့် တိုင်ကျွန်မတော်တော် နှင့် အိပ်မပျော်ပါ။ မမမြတ်လည်း ကျွန်မ အတွက် ခေါင်းစားနေသည် ထင်၏၊ ခါတိုင်းလို ငြိမ်သက်မနေပဲ လူးလှိမ့်နေသံကြားရသည်။ကျွန်မ သိချင်တာတခုလည်း ရှိသဖြင့် မမမြတ် ကို လှမ်းမေးမိသည်။

“မမမြတ်”

“ဟင်”

“တိုင်မှာ ကြိုးနဲ့ချည်ပြီးနေတုန်းကလေ၊ ကျွန်မ ကြောက်တာနဲ့ ဘုရားစာရွတ်တယ်၊ ပါးစပ်က လဲ ဆိုလို့မရဘူး၊ စိတ်ထဲကရွတ်ဖို့တောင် တလုံးမှ မမှတ်မိဘူးဖြစ်နေတယ်၊ ပြန်စဉ်းစားတော့ လည်း ဘယ်လိုမှမပေါ်ဘူး”

“အင်း”

“ကျန်တဲ့ဟာတွေ အကုန်မှတ်မိနေပြီး ဒါကျတော့ ဘာလို့မေ့တာလဲဟင်”

“ဘုရားစာတွေ မှတ်မိနေရင်၊ ဆိုလို့လည်းရတယ် ဆိုရင် နင်နဲ့ ငါ ဒီလိုဘဝမှာနေရပါဦး မလား”

ထူးခြားချက်တခုကို ကျွန်မသတိပြုလိုက်မိသည်။ အိမ်မှာ ဘုရားစင်ရှိသော်လည်း တခါမှ မရှိခိုး ဘူးပါ။ မမမြတ်တခါတလေ ဘုရားရှိခိုးတာမြင်ဖူးသည်။ သို့သော်လည်း ဦးချရုံသာ။ ကျွန်မ က တော့ ဒီအရာတွေနှင့် ဘာမှမသက်ဆိုင်သလို နေခဲ့မိ၏။ ဒါသည်လည်း ဝဋ်ကြွေးတခုလား ကျွန်မ စဉ်းစားနေမိသည်။

“သံသရာက အရှည်ကြီး၊ ဒီတိုင်းလဲ ရပ်နေတာ မဟုတ်ဘူး၊ တနေ့တော့ တို့လွတ်မှာပါ၊ ဒီကြား ထဲမှာ အတိုးမတက်အောင် နေဖို့ပဲရှိတယ်”

မမမြတ်ပြောတာကို ကျွန်မ နားမလည်။

“ဘာအတိုးလဲ”

“ငါတို့ အခု ဖြစ်နေတာတွေက အကြွေးဆပ်နေရတာလေ၊ ဒီလိုဖြစ်နေတဲ့ အချိန်မှာမှ မဟုတ် တာထပ်လုပ်ရင် အတိုးပါ ထပ်ပေးနေရတော့မှာပေါ့”

ထိုညက ကျွန်မ အိပ်မပျော်ပါ။ ဘာကြောင့်ဖြစ်လာရမှန်း မသိသောဘ၀ ဝယ် ဘာတွေထပ်ဖြစ် လာဦးမည်နည်း ဟု ထိတ်လန့်တကြားတွေးနေမိ၏။ ပင်ပန်းနွမ်းလျနေသော ကိုယ်ခန္ဓာ က မနေ နိုင်တော့လွန်းမှ မှေးကနဲပျော်သွားသည်။ မမမြတ် ကျွန်မ ကိုလာနှိုးချိန်မှာနေမြင့် နေလေ ပြီ။

“ငါ အပြင်ထွက်ဦးမယ်၊ ငါ့ဖေါက်သည် ဆိုင်က နောက်တဆိုင်စပ်ပေး ထားမယ်ပြောတယ်၊ ပစ္စည်း မပါတော့ နင်မလိုက်နဲ့တော့၊ ငါထမင်းလဲ စားပြီးသွားပြီ ငါ့ဖို့ဘာမှ မချန်ဘဲ စားလိုက် တော့”

ကျွန်မ ရေချိုးအဝတ်လဲပြီး ထမင်းထစားသည်။ ပြီးတော့ လုပ်စရာလည်း မရှိသည့်အပြင် ညက အိပ်ရေးပျက်တာကို အကြောင်းပြုပြီး ပြန်အိပ်လိုက်ရာ သုံးနာရီလောက်မှ ပြန်နိုး၏။ အချိန်တွေ အကုန်မြန်လွန်းလှသလိုပင်။ မကြာမှီမှာပင် နေဝင်ပြီး မိုးချုပ်ပြန်တော့မည်။ အမှောင်ထု ရောက် လာမှာ ကိုကြောက်ရွံ့စိတ်ဖြင့် ကျွန်မ ဂဏှာ မငြိမ်ဖြစ်နေစဉ် မမမြတ် ပြန်ရောက်လာ သည်။

အရင်နေ့တွေကလည်း ကြောက်မိပါသည်။ မနေ့ကလို မတော်တရော်တွေတွေ့ပြီးနောက်မှာ တော့ ကျွန်မပိုပြီးထိတ်လန့်နေမိသည်။ အခန်းထဲ သော့ပိတ်ပြီးနေဖူးသည် မရခဲ့၊ မနေ့တုန်းက ကြိုးနှင့် ချည်ထားသည်ကိုပင် ကျွန်မလွတ်ထွက်သွားခဲ့သည်။

“နင်ဘာဖြစ်နေတာလဲ”

အဝတ်အစားလဲပြီးပြန်ထွက်လာသော မမမြတ် ကမေးသည်။

“ညရောက်မှာ ကြောက်နေတာ၊ မနေ့ကလိုလူမျိုးနဲ့ တိုးရင်ဘယ်လိုလုပ်မလဲ”

“ငါလမ်းမှာ စဉ်းစားမိတာ တခုရှိတယ်”

“ဘာလဲမမမြတ်”

ပြောသင့် မပြောသင့် ချိန်ဆနေပြီးမှ မမမြတ်က သူမ၏ စိတ်ကူးကိုပြောပြသည်။ မမမြတ် က ကျွန်မ ကို အပြင်စောထွက်စေချင်၏။ အခြေအနေ ကို ခံနိုင်ရည် ကုန်သည်အထိ တောင့်ခံပြီးမှ လူစိတ်ပျောက်ပြီး အပြင် ရောက်သွားလျှင် ကြုံရာလူနှင့် လိုက်မိမည်။ နဲနဲ စောထွက်လျှင် ကျွန်မ မှာ ရွေးချယ်ခွင့် ရှိနိုင်၏။ ယောက်ျားဖြစ် ပြီးရောဆိုသည့် ဘဝမျိုးမရောက်နိုင်တော့ပါ။

“ရုပ်ကြည့်ပြီးတော့ပေါ့”

“ရုပ်တခုထဲ မဟုတ်ပါဘူး၊ နင်လူကောင်း အခြေအနေမှာဆိုရင် အပြောအဆို အမူအရာ လည်း အကဲခတ် နိုင်တာပေါ့”

ဝက်ဖြစ်မှ တော့ မစင်မကြောက်ရ ဆိုသလို ပင်ကျွန်မ မမမြတ်၏ အကြံအတိုင်းလိုက်လုပ်ခဲ့ပါ သည်။ ပထမဆုံးနေ့ တွင်ကျွန်မအရှက်ကြီး ရှက်ခဲ့ရသည်။ ကျွန်မ၏ စိတ်ဓါတ်တွေ သာမန် အခြေအနေ ရှိနေချိန်တွင် ယောက်ျားတွေ နှင့် ပြောဆိုဆက်ဆံရတာ အဆင်မပြေပါ။ ရောဂါ တက်နေချိန် ဆိုလျှင် မိုက်မိုက်ရိုင်းရိုင်းပြောလာ

လည်း ဂရုမစိုက်သော်လည်း လူကောင်း ပက တိ အခြေအနေမှာတော့ ဘယ်လိုမှသည်း မခံနိုင်ပါ။ အတတ်နိုင်ဆုံး စိတ်ကို လျှော့ချရသည်။ ရှေ့မျက်နှာနောက်ထားဆိုသည့် စကားကို ကျွန်မ အခုမှ နားလည်လာသည်။

ပြောရင်း ဆိုရင်း နှင့် အဆင်ပြေမည် ထင်သည့် သူနှင့် လိုက်သွားသည်။ သူတို့ကလည်း ချက် ချင်း အလုပ်စလို့ ရတာမဟုတ်၊ ကျွန်မ ကို တနေရာရာသို့ ခေါ်သွားရသေးရာ ကျွန်မ ရောဂါထလာချိန် နှင့် အလောတော်ပင် ဖြစ်၏။ လူရတာ စောလျှင် အခက်အခဲ အနည်းငယ်တွေ့ရ သော်လည်း အစောပိုင်း နာကျဉ်မှု၊ ရှက်ရွံ့မှု တွေကို ရောဂါတက်လာချိန် အထိ အောင့်အည်း နိုင်လျှင် သူ့ဟာနှင့် သူ ဟုတ်သွား၏။

ရောဂါတက်နေချိန် တွေဆိုလျှင် ကျွန်မသည် ယောက်ျား တွေကို ဘာမထီသည့် မိန်းကလေး ဖြစ်သွားသည်။ သူတို့ ဘာလုပ်လုပ် ကျွန်မ အတွက်ဘာ မှ စိတ်အနှောက် အယှက် မရှိတော့ပါ။

မမမြတ် အကြံက အကောင်းချည်း မဟုတ်သော်လည်း သိပ်ဆိုးဆိုးဝါးဝါး နှင့် ရင်မဆိုင်ရတော့ ပါ။ သို့သော် ယောက်ျားတွေဆီမှာ အားလုံးတညီထဲ တူသော အရာရှိသည်။ အယဉ် အရိုင်း အပြု အမူ ကွဲပြားကောင်းကွဲပြားမည်၊ သူတို့ လိုချင်တာကတော့တခုပဲဖြစ်သည်။ ကျွန်မကို အသုံးပြု ၍ သူတို့ရမ္မက်စိတ် ကို ဖြေဖျောက်ဖို့ဖြစ်သည်။ တဖက်မှပြန်ကြည့်လျှင် ကျွန်မအနေ ဖြင့်လည်း သူတို့ကို အသုံးချ၍ ကျွန်မ၏ ဝေဒနာတွေကို ဖြေဖျောက်ခြင်း မဟုတ်ပါလား။ ကြာ တော့လည်း အပြန်အလှန်အလုပ်သဘောဟု ကျွန်မ စိတ်ထား၍ ရလာပါသည်။

ဆိုးရွားရိုင်း စိုင်းသော ကျွန်မ၏ တနေ့တာမှ အစိတ်အပိုင်း တချို့ကို မေ့ထားပြီး ကျန်သည့် အချိန်တွေမှာ အဆင်ပြေသလို နေတတ်လာသည်။ ယောက်ျားတယောက်ဆီက ထွက်လာရ တိုင်း ဝမ်းနည်းကြေကွဲ ခံစားရမှုကတော့ ပျောက်ပျက် မသွားသေးပါ။ ကျန်သည့် အချိန်တွေမှာ ဒါကို မေ့ဖျောက်ထား နိုင်ခြင်း တခုထူးလာတာဖြစ်၏။

သို့သော် မကြာခင်ဒီလို မေ့ဖျောက်နိုင်စွမ်း၊ ဥပေက္ခာ ပြုနိုင်စွမ်း တွေကို ထိခိုက်ပြိုလဲစေမည့် အကြောင်းအရာတွေ တခုပြီးတခု ပေါ်လာလိမ့်မည်ဟု ကျွန်မ ထင်မထားမိခဲ့ပါ။

ထိုကိစ္စ တွေ ဖြစ်မလာ ခင် လပိုင်းအလိုတွင် ရောက်သည့် အရပ်မှာဖြစ်သည့် ဘဝမှာအဆင်ပြေသလိုနေဖို့ ကြိုးစားနေသော ကျွန်မ ကိုမမမြတ်က ကျွန်မတို့လို ဘုံသား တွေ တတ်ကြသည့် ပညာ ရပ်တခု၏ လမ်းကိုပြ ခဲ့၏။ ကြိုးစားလုပ်ကြည့်ရင်း ထိုပညာက ကျွန်မအတွက် မဖြစ်စလောက် အကျိုး ရှိခဲ့ သော်လည်း ဝဋ် ကြွေး နှင့် ကံက စီမံဖန်လာသမျှ ကိုတားဆီးဖို့ အတွက်တော့ ဘယ်လိုမှ မထိရောက် နိုင်ခဲ့ပါ။

..........................................

ကောင်းကင်တခုလုံး မိုးတိမ်ညိုညို များဖြင့်ပြည့်နေသော်လည်း မိုးမရွာလေလည်း မတိုက် သည့် ပူလောင်အိုက်စပ်သည့် နေ့ခင်းတခုဖြစ်ပါသည်။ ဆိုင်သွင်းရမည့် အင်္ကျ ီများကို ကျွန်မ ကြယ်သီးတပ်ပေး နေစဉ် မမမြတ် အပြင်ကပြန်လာသည်။ အနားက ဈေးလေးတခုမှာ ဟင်း ချက်စရာသွားဝယ်ခြင်း ဖြစ်၏။ ဝယ်လာသည့် ပစ္စည်းတွေကို မီးဖိုထဲ သွားထားပြီး ယပ်တောင် လေးတဖျပ်ဖျပ်ခတ်ရင်း ကျွန်မနားမှာ လာထိုင်သည်။

“လူတွေက ခက်တယ် သိလား”

အရင်းမရှိ အဖျားမရှိ ပြောလိုက်သည့် မမမြတ်၏စကားကြောင့် ကျွန်မပြုံးမိပါသည်။ မမမြတ် ပြောတာရိုးရိုးဖြစ်သော်လည်း ကျွန်မနှင့်မမမြတ်သည် လူမဟုတ်ကြ၍ မမမြတ်ဒီလိုပင်ပြော သင့်သည်ဟု အတွေးဖြင့်ပြုံးမိခြင်း ဖြစ်ပါ၏။

“လမ်းထိပ်မှာ မုန့်ဟင်းခါးရောင်းတဲ့ မိန်းမလေ၊ ခုဈေးထဲမှာတွေ့တယ်..အဲဒါ”

ပြောရင်းမမမြတ် ကျွန်မကိုကြည့်သည်။ ပြီးတော့မှ ကောက်ခါငင်ခါ

“ငါဘာလို့ အိမ်ပြောင်းလာတယ် ဆိုတာ ညည်းသိလား”

“ဟင့် အင်း”

“အရင်အိမ်တုန်းက အိမ်နားက မိန်းမတယောက်ကမေးတယ်၊ညည်း ညနက်သန်းခေါင် အိမ် ပြန်ပြန်လာတာ တွေ့တယ်၊ ဘာအလုပ်လုပ်တာလဲတဲ့၊ အမျိုးအိမ်သွားတာပါလို့ ပြောပြီးမှ ငါသတိရတယ်။ အဲဒီမတိုင်ခင် ဒီမိန်းမရဲ့ယောက်ျားက ငါ့ကိုပြောဖူးတယ် နင့်ကို မြို့ထဲမှာ ယောက်ျားတယောက်နဲ့ ညဖက်ကြီး တွေ့တယ်တဲ့၊ အဲဒီတုန်းကတော့ လူမှားတာ ဖြစ်မယ် လို့ ပြောထားခဲ့တာ”

အထိုင်ကျနေသော နေရာမှ မမမြတ်ဘာကြောင့်ပြောင်းရွှေ့လာသည်ကို ကျွန်မ အခုမှတွေးမိ သည်။

“သူတို့လင်မယားက သိပ်စပ်စုတာ၊ ခုလဲတွေ့ပြန်ပြီတယောက်”

“ဘာပြောလဲ ဟင်”

“ညည်းပြန်တာ မိုးချုပ်တယ်တဲ့၊ တခါတလေ လဲ မနက်အစောကြီးပြန်လာတာ တွေ့တယ်တဲ့၊တနေ့ခင်းလုံး အိမ်တွင်းအောင်း နေပြီး ညနေကျတော့ဖီးလိမ်းဝတ်စားပြီး ထွက်သွားပြန်ရောတဲ့၊ ဘာအလုပ်လုပ်လဲ သူစဉ်းစားလို့ မရတာနဲ့ ငါ့မေးကြည့်တာဆိုပဲ”

လက်ထဲက အင်္ကျ ီနှင့် အပ်ကို ပြန်ချထားလိုက်ပြီး ကျွန်မငိုင်တွေနေမိသည်။ ရင်ထဲမှာ ဆို့ပြီး ကြပ်လာသော်လည်း မျက်ရည်ကကျမလာ။ ငိုချင်ပါလျှက် မငိုနိုင်ခြင်းက အလွန်ခံရဆိုးပါ သည်။

“ဒီတခါတော့ ဆေးရုံမှာ စပယ်ရှယ် နာ့စ် လို့ပြောခဲ့တယ် မှတ်ကရော”

“မမမြတ် ပြောင်းဦးမှာလား ဟင်”

“တခုခု တော့ အဖြေရှာရမှာပေါ့ဟယ်၊ လူမေးတိုင်း လိုက်ပြောင်းနေလို့ဘယ်ဖြစ်ပါ့မလဲ”

“ကျွန်မ ဖာသာ တယောက်ထဲနေရင်ကော”

“ညည်းက ငါနဲ့ မနေချင်ဘူးလား”

မမမြတ်ဒီလို မေးတော့မှ မျက်ရည်က ကျလာသည်။

“မဟုတ်ပါဘူး မမမြတ်ရယ်၊ ကျွန်မကြောင့် မမမြတ် ဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးလို့ပါ”

“ညည်းတယောက်ထဲဖြစ်မလားအေ၊ ညည်းက ခုမှရောက်တဲ့သူ၊ ရန်ကုန်အကြောင်း ဘာမှ သိတာမဟုတ်ဘူး၊ ငါစဉ်းစားနေပါတယ်”

“ကျွန်မတော့ သေပဲသေချင်တော့တယ်၊ ကိုယ့်ကိုယ်ကိုသတ်သေလိုက်တာအေးမယ် ထင် တယ်”

သနားစရာ သတ္တဝါငယ်လေးတကောင်ကိုကြည့်သလိုအကြည့်မျိုးဖြင့် မမမြတ်ကျွန်မ ကိုကြည့် လိုက်သည်။

“လွယ်တယ်များထင်နေသလား၊ နင်အခုအပ်ချုပ်ရင်းနဲ့ လက်ကို မတော်တဆအပ်နဲ့ ထိုးမိ ကောင်းထိုးမိမယ်၊ ကြက်သွန်လှီးရင်း လက်ကို ဒါးရှချင်ရှမယ်၊ နင့်ကိုယ်နင် သေစေချင်တဲ့ ဆန္ဒ နဲ့ လုပ်လို့ကတော့ အရာတောင်မထင်စေရဘူး၊ နင်မယုံရင်စမ်းကြည့်”

“ဒါဆို ကျွန်မ ဘာလုပ်ရမှာလဲ”

“နေဦး ငါတခုစဉ်းစားမိပြီ၊ နင်ကို ငါတခါစမ်းကြည့်တာတော့ အောင်မြင်တယ်၊ ဒီနည်းရရင် ကောင်းမယ်”

မမမြတ်ကျွန်မ ကို ဘာတွေစမ်းကြည့်သလဲ ကျွန်မ မသိပါ။ နည်းလမ်းတခုရနိုင်သည် ဆိုသည့် အတွက်တော့ အားတက်မိသည်။

“နင့်ကိုယ်ပေါ်မှာ ဒါဏ်ရာ တခုတလေရှိလား၊ အနာဖြစ်ဖြစ်”

“ဟင့်အင်း မရှိဘူးထင်တာပဲ”

“အခန်းထဲကိုခနလာ”

အခန်းထဲတွင် ကျွန်မကို အဝတ်တွေချွတ်ခိုင်းပြီး တကိုယ် လုံးကို သေသေချာချာစေ့စေ့ စပ်စပ် လိုက်ကြည့်၏။ မိန်းမချင်း ပေမယ့် မမမြတ်၏ နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးမှုကြောင့် ကျွန်မရှက် လာသည်။

“မမမြတ် ဘာတွေကြည့်နေတာလဲ”

“ရပြီ ရပြီ၊ နင် ရုပ်ရှင်မင်းသမီးတွေထဲက ဘယ်မင်းသမီးကြိုက်လဲ”

ကျွန်မ က မင်းသမီး တယောက်နာမည်ပြောလိုက်သည်။

“ဒါဆို နင်က အခုအဲဒီမင်းသမီး ဖြစ်သွားပြီလို့ ကိုယ့်ကိုယ်ကို ထင်ကြည့်လိုက်စမ်း”

ဘာတွေမှန်း မသိသော်လည်း မမမြတ်ပြောသလို စိတ်ထဲကနေ ငါဟာအဲဒီမင်းသမီးဖြစ်သွားပြီဟု တွေးကြည့်လိုက်၏။ ကျွန်မစိတ်ထဲ တမျိုးကြီးဖြစ်သွားသည်။

“မဆိုးပါဘူး၊ ဒီမှာကြည့်”

ကျွန်မ ကို သေသေချာချာစိုက်ကြည့်ရင်း ပြောကာ အခန်းထဲမှာရှိသည့် ကြည့်မှန်ဝိုင်းကလေး ကိုကောက်ယူပြီး လက်ထဲလာထည့်ပေးသည်။

“ဟင်”

မှန်ထဲမှာ မြင်ရသည်မှာကျွန်မ မဟုတ်။ ကျွန်မကြိုက်သည့် မင်းသမီး၏ မျက်နှာဖြစ်နေသည်။

လုံးလုံးလျားလျား တူနေသည်တော့မဟုတ်ပါ။ သို့သော်တော်တော်လေးတူပါသည်။

“ဘယ်လိုဖြစ်တာလဲ မမမြတ်”

“ဒီလိုလုပ်လို့ရတယ်လေ”

“မမမြတ် ဘယ်လိုလုပ်လိုက်တာလဲ”

“နင်ကိုယ်တိုင်လုပ်တာလေ၊ ငါလုပ်တာမဟုတ်ဘူး။အဓိက က နင့်စိတ်ပဲ။နင်မမှတ်မိဘူးလား၊ ငါနဲ့တွေ့တဲ့ နေ့ က မတော်တဲ့ဘရာစီယာကို ငါဝတ်ခိုင်းတာလေ၊သဘောချင်းတူတူပါပဲ”

ကျွန်မ မယုံကြည်နိုင်အောင်ဖြစ်ရသည်။ ပြောင်းလည်းသွားမှုက သိသာထင်ရှားလွန်းသည်။ အသားပိုဖြူသွားပြီး ခါးပိုတုတ်သွား၏။

“နဂို အတိုင်းပြန်လုပ်ချင်ရင်ရလား”

“ရတာပေါ့ လုပ်ကြည့်လေ၊ ခနကလိုပဲ နင် နဂိုအတိုင်းပြန်ဖြစ်သွားပြီလို့ စိတ်ထဲမှာထားလိုက်”

မျက်စိကို မှိတ်၍ စိတ်ကိုငြိမ်အောင်ထိန်း လိုက်ရင်း မူလအတိုင်းပြန်ဖြစ်ဖို့ အာရုံစိုက်လိုက် သည်။ ဘာမှမဖြစ်သလို စိတ်ထဲမှာနေ၍ မျက်လုံးဖွင့်ပြီး မမမြတ်ကိုကြည့်လိုက်ရာ ခေါင်းခါပြ သည်။ နဂိုအတိုင်း ပြန်မဖြစ်ဆိုသည့် သဘောပင်။

“ဘာဖြစ်လို့လဲ၊ မရရင်ဘယ်လိုလုပ်မလဲ”

“အဲဒါပေါ့၊ နင့်စိတ်က တင်းနေတာကိုး၊ အရမ်းကြီးလဲ အာရုံမစိုက်နဲ့၊ ကဲကဲ နင့်ဖာသာနင်လုပ် ကြည့်နေတော့ နင်ချုပ်လက်စတွေ ငါဆက်လုပ်လိုက်မယ်”

“စိတ်က ဘယ်လိုနေရမှာလဲ”

“ဒီလိုလေ၊ အနီးစပ်ဆုံးပြောရရင် နင်စက်ဘီးစီးတတ်တယ် မဟုတ်လား”

“စီးတတ်တယ်”

“ဘယ်လို စီးတတ်သွားတာလဲ”

“အဖေသင်ပေးတာလေ”

“စစချင်း နင့်အဖေကနောက်ကနေ ကိုင်ပေးမယ် ဟုတ်တယ်မဟုတ်လား”

“ဟုတ်တယ်”

“နောက်တော့ လွှတ်ပေးလိုက်မယ်၊ အဲဒီတော့ လဲသေးလား”

“လဲတာပေါ့၊ ခနခန ပဲ၊ ”

“နောက်ဘာလို့ မလဲတော့တာလဲ”

“မသိဘူး”

“နင့်စိတ်နဲ့ ကိုယ်က သူ့ဟန်ချက်ကိုသူသိသွားတဲ့ အခါ နင်မလဲတော့ဘူးလေ၊ စီးတတ်သွားပြီ”

ကျွန်မ သဘောပေါက်သလိုလို ဖြစ်သွားသည်။ မမမြတ်ထွက်သွားပြီးနောက် အခန်းထဲမှာ တ ယောက်ထဲပြောင်းလည်းမှု၏ ဟန်ချက်ကိုရှာဖို့ ကြိုးစားသည်။ ကြိုးစားလေမရလေ နှင့် ကျွန်မစိတ်ကုန်လာသည်။ ခေါင်းတွေလည်းမူးနောက်လာ၏။ ထို့ကြောင့် ချွတ်ချထားသော ထမိန်ကိုကောက်ယူရင်လျား လိုက်ပြီးအပြင်ကို ရေထွက်သောက်သည်။

“ခနနားလိုက်ပေါ့”

အင်္ကျ ီကြယ်သီးတပ်နေသောမမမြတ်က လှမ်းပြောသည်။ စိတ်ပင်ပန်းစွာဖြင့် ရေကိုနှစ်ခွက် ဆင့်ကာမော့ချလိုက်ပြီး အခန်းထဲပြန်ဝင်ခဲ့သည်။ မမမြတ်ပြောသလိုခနနားလိုက်မည်။ ကျွန်မ စိတ်လှုပ်ရှားနေလွန်းသောကြောင့်သာဖြစ်မည် ဟုတွေးရင်း ကုတင်ပေါ်ထိုင်၍ ခါတိုင်းကျွန်မမှန်ထဲမှာ မြင်နေကျရုပ်သွင်ကို ပြန်ဖေါ်ကြည့်နေစဉ်မှာပင် စောစောတုန်းကလို တမျိုးကြီး ဖြစ်သွားပြန်သောကြောင့် ကပျာကယာ မှန်ယူပြီးကြည့်လိုက်ရာ ကျွန်မမူလရုပ်အတိုင်း ပြန်ဖြစ် နေသည်ကို တွေ့လိုက်ရသည်။

ဝမ်းသာအားရနှင့် အိမ်ရှေ့ကိုပြေးထွက်လာမိ၏။ မမမြတ် ကကျွန်မ ကိုမော့ကြည့်ပြီး

“နင်တတ်သွားပြီ”

မမမြတ်ဘေးမှာကျွန်မ ဝင်ထိုင်လိုက်ရင်း

“အဲဒါဘာဖြစ်လို့ လုပ်လို့ရတာလဲဟင်”

“နင်တို့ ငါတို့တွေ ရနိုင်တဲ့ အစွမ်းတခုပေါ့အေ”

“စောစောကသိရရင် ကောင်းမှာပဲ”

“ဘာဖြစ်လို့လဲ”

“အရင်က ဆွေဇင်လတ်လိုလုပ်ပြီး ကိုယ့်အိမ်မှာကိုယ်နေလို့ရတာပေါ့”

“အဲဒီတုန်းက နင်က နုသေးတယ်ရမှာ မဟုတ်ဘူး၊ နောက်ပြီးတော့ မြစ်ထဲက အလောင်းကို မ တွေ့ကြဘူးဆိုလဲ ဟုတ်သေးတယ်၊ အလောင်းတွေ့ပြီးနောက်မှ နင်ပြန်သွားရင်ရှုပ်ကုန်တော့ မှာလေ”

မမမြတ်ပြောတာ နည်းလမ်းကျသည့်အတွက် ကျွန်မ ငိုင်တွေသွားရသည်။

“ပို အရေးကြီးတာ တခုရှိသေးတယ်၊ နင်က အမေ့အိမ်မှာ နေပြီးတော့ ညဖက်ကျတော့ ယောက်ျား တကာနဲ့ လိုက်အိပ်ဖို့ ဖြစ်မလား၊ မိဘတွေ အရှက်ခွဲလို့ ဖြစ်မလား”

ကျွန်မ ထင်ထားတာထက်ကို ပိုပြီးမမမြတ်က ကျွန်မအတွက်တွေးထားသည်။ မမမြတ်ပြော သော အချက်တွေမှန်ပါသည်။ ကျွန်မမိဘ အိမ်ပြန်တက်လို့ရသည်ထားဦးတော့ ကျွန်မ၏ ေ၀ဒနာ ဆိုးကြောင့် အဖေနှင့် အမေ မျက်နှာပျက်စရာတွေလုပ်မိမှာ သေချာ၏။ အရှက်တကွဲဖြစ် ရတာထက်စာလျှင် ကျွန်မကို သေခွဲ ခွဲ လိုက်ရသည်ကမှ သူတို့အတွက်ကောင်းပါလိမ့်ဦးမည်။ အခုတောင် ကျွန်မ နှင့်ပတ်သက်ပြီး မမမြတ်ကိုမေးမြန်းနေကြပြီ မဟုတ်ပါလား။

“နောက်ထပ် ကျွန်မလုပ်နိုင်တာဘာတွေရှိသေးသလဲ မမမြတ်”

“ငါသိပ်မသိဘူး၊ စိတ်မှ မဝင်စားတာ၊ဒါတွေကို နင့်ဖာသာသိပါစေလို့ ထားခဲ့ပေမယ့် အခြေအ နေအရ လိုအပ်လို့ ဒီတခုကိုထုတ်ပြောရပေမယ့် ခပ်လန့်လန့် ပဲ”

“ဘာဖြစ်လို့လဲမမမြတ်”

“တို့မှာဒီလိုမျိုးအစွမ်းအစတွေ ရှိတယ်၊ဒါပေမယ့် စွမ်းလေ ပိုခံရလေပဲ၊ ဒါကြောင့်ငါ အေးအေး ဆေးဆေးပဲနေတယ်၊ နင့်မှာထူးခြားတဲ့ အစွမ်းတွေပိုများလာလေ၊နင်ကပိုသုံးမိလေ ဖြစ်ရင် အရင်ကထက် ပိုပြီးဝေဒနာတွေခံရလိမ့်မယ်”


အပိုင်း (၁၂) ဆက်ရန် >>>>


Print Friendly and PDF

No comments:

Post a Comment