Tuesday, July 1, 2014

ကျွန်တော့် ရူပဗေဒဆရာမလေး အပိုင်း ( ၂ )

ကျွန်တော့် ရူပဗေဒဆရာမလေး အပိုင်း ( ၂ )

ရေးသားသူ - ချမ်းကို (Chan Ko)

ကိုင်း! ဟုတ်ပြီ အခန်းထဲရောက်သွားရော။ တမင် အဲ့ဒီနေရာမှာ ရပ်ထားပစ်ခဲ့တော့ ခင်ဗျားတို့တွေ ဟိုတွေးဒီတွေး တွေးနေကြမယ်ထင်ပါရဲ့ အဟဲ။ ဒီကောင် ပွဲကြမ်းတော့မယ် ဘာညာပေါ့ ဟုတ်လား ညီအကိုတို့။ တကယ်တမ်းက မဟုတ်ရပါဘူး။ ကျနော် အကြိမ်ကြိမ် ပြောခဲ့ဖူးပါပြီကောလား။ အရက်မူးနေရင် လိင်စိတ်မရှိတဲ့ကောင်မျိုးပါဆိုနေ။ အခုဟာက အချစ်ဗျ အချစ်။ ကလေကဝ လူဆိုးလေးဆိုပြီး ငါ့ကိုမုန်းသွားပြီထင်ပါရဲ့ဆိုတဲ့ စိတ်က နှိပ်စက်လွန်းလို့ အခုလို ထောင်မကြောက်တန်းမကြောက် လျှောက်လုပ်ကုန်တာပါ။

မိုးရေတွေစိုရွှဲပြီး ကြွက်စုတ်ဖြစ်နေတဲ့ ကျနော်က ကြမ်းပြင်မှာ ငုတ်တုတ်လေး။ အရှေ့မှာက ကြောက်လန့်တုန်လှုပ်နေတဲ့ တုန်တုန်ရီရီ ရူပဗေဒဆရာမလေး။ ကျနော်မှန်းသိသွားတော့ တအားလန့်နေတာကနေ နည်းနည်း အကြောက်ပြေသွားဟန်တူတယ်။ ဒါပေမယ့်ဗျာ မိန်းမပျိုလေးတစ်ယောက်အခန်းထဲ ယောကျာ်းလေးတစ်ယောက် အတင်းဝင်လာတာမျိုးဆိုတော့ တုန်လှုပ်နေရှာမှာပေါ့။ အဲ့လိုအခြေနေမှာ ပိုဆိုးသွားတာက ငမူးကျနော်က ခါးကြားထဲထိုးလာတဲ့ မောင်းချဓားကို ထုတ်ပြီး ဖျောက်ကနဲ အသွားကို ဆွဲထုတ်ပစ်လိုက်တာ မီးချောင်းက အလင်းရောင်အောက်မှာ လက်ကနဲပဲဗျ ဟီး။ စဉ်းစားကြည့်လေ ဟိုဖက်က ဘယ်လောက်လန့်သွားမလဲ။ မသိရင် ဓားထောက်ပြီး အဓ္ဓမကျင့်တော့မလိုလို။ ဒါကြောင့်မို့ အပေါ်မှာ ပြောခဲ့တာပေါ့။ ဒီစာဖတ်နေတဲ့အထဲက ညီလေးတွေ ကျနော်ရေးတာတွေ လျှောက်မလုပ်ကြပါနဲ့လို့။ ဓားကိုင်ပြီး မိန်းမပျိုတစ်ယောက်အခန်းထဲ ကျော်ဝင်တာ အခြေအနေမလှရင် ထောင်ထဲ တန်းရောက်သွားမယ် ဟီး။

အမှန်က ဒီလိုဗျ။ မူးမူးနဲ့ ဘယ်လောက် အရူးထနေသလဲဆိုတော့ကာ (ခင်ဗျားတို့ မရယ်ကြေးဗျာ ဟီးဟီး) ဒေါ်ခင်ချိုမေ့ဆီသွား ဓားထုတ်ပြီး၊ ဆရာမလေး ကျနော့်ကို ပြန်ချစ်မလား မချစ်ဘူးလား၊ မချစ်ဘူးဆို ရော့! ဒီမယ် ဓား..၊ ကျနော့်ကို ထိုးသာသတ်ပစ်လိုက်၊ ကျနော် ဆရာမလေးရဲ့ ချစ်သူမဖြစ်ရရင် ဒီဘဝမှာ အသက်ဆက်မရှင်ချင်တော့ဘူးပေါ့လေ။

ဘာလဲ? ဆရာမလေး ကျနော့်ကို မထိုးရဲဘူးလား.. ရတယ် ကိုယ့်ဖာကိုယ်ထိုးပစ်မယ်.. မှန်းစမ်း (ဘယ်ဖက်ရင်အုံပေါ် ဓားနဲ့ ကိုယ့်ဖာကိုယ်ထောက်ထား) ဒီနေရာက ဆရာမလေးကို တွယ်တာနေတာ၊ ကိုင်းကွာ! ဆိုပြီး ဓားဦးချွန်လေးမြုပ်ပြီး သွေးစို့အောင် ကိုယ့်ဖာကိုယ်ဖိထိုး.. အဲ့ဒီတော့မှ ဒေါ်ခင်ချိုမေက မျက်လုံးဝိုင်းစက်စက်ကလေးတွေ အပြူးသားနဲ့

ရှင်နော် အဲ့လိုမလုပ်ရဘူး၊ အဓိပ္ပါယ်မရှိတာ၊ ချလိုက်စမ်း အဲ့ဒီဓားကို..၊ ကျမပြောတာ နားထောင်၊ လူမိုက်လေး ကျမကို ဒီလောက်တောင် ချစ်ရသလား ဟင့်ဟင့် ဆိုပြီး မျက်ရည်တွေဘာတွေကျ၊ ကျနော့်လက်ထဲကဓားကို အတင်းဆွဲလုပြီး လူဆိုးလေး မောင်ဖိုးသက်ကို ကျမ ခင်ချိုမေကလည်း ချစ်မိနေပါပြီရှင်ရယ်ပေါ့။ တယ်ပိုင်တဲ့ ငါပါလားပေါ့လေ။

ခင်ဗျားတို့ ဝိုင်းမလှောင်ကြေးဗျာ။ ချာတိတ်ဘဝက အဖြစ်အပျက်ကိုး။ ရှက်ရှက်နဲ့ပဲ ပြန်ပြောပြနေရတာ ဟီးဟီး။ ဘယ်သူမဆို ငယ်တုန်းကတော့ အဲ့လို ရူးကြောင်မူးကြောင် အကွက်တွေ လုပ်ဖူးကြံစည်ဖူးတာချည်းပဲမလား ဟဲဟဲ။

ဒါပေမယ့် တွေးထားသလို ဖြစ်မလာဘူးရယ်။ ကျနော် ပြူတင်းပေါက်ကနေ အတင်းတိုးတက်ပစ်လိုက်တော့ အခန်းထဲ ဝရုန်းသုံးကားဖြစ်ပြီး ပြုတ်အကျမှာ သူလည်း ကြမ်းပြင်ပေါ် ဖင်ထိုင်လျှက် ကျနေတယ်လို့ ပြောခဲ့တယ်မလား။ အဲ့ဒီမှာ သူလက်နောက်ပြန် အထောက်မှာ ဘာသွားစမ်းမိထားသလဲဆိုတော့ မှန်တင်ခုံအရှေ့ကြမ်းပြင်ပေါ်ချထားတဲ့ ကျောက်ပျဉ်နဲ့ သနပ်ခါးတုံး ဆရာတို့ရေ။

ဆောင့်ကြောင့်ထိုင်နေရာကနေ မောင်းချဓားကို ဖျောက်ကနဲဖွင့် ခုနကပြောသလို ဒိုင်ကြောင်တွေ လွှတ်မယ်ဆိုပြီး ဖီလင်အပြည့်နဲ့ သူ့ကို မော့အကြည့်မှာ ဂွပ်ကနဲ အသံပဲ ကြားလိုက်ရတယ်။ အူးးး ကနဲ အသံထွက်အော်ပြီး ကြမ်းပြင်ပေါ် ခွေကျသွားတော့တာ။ ကြယ်တွေလတွေ မြင်သွားတာပဲ။ လက်ထဲက ဓားလွှတ်ကျသွားပြီး ငယ်ထိပ်ကို လက်ကလေးနဲ့အုပ် ဘေးတိုက်ခွေခွေလေးလှဲပီး ငြီးနေရတယ်။ လက်တစ်ကမ်းအကွာကနေ သနပ်ခါးတုံးနဲ့ ထုပစ်တာဗျာ။ လက်ဆက တော်တော်ပြင်းတယ်။ ဝိုးတဝါးနဲ့ မျက်လုံးမှေးလျှက်က ကြည့်လိုက်တာ ဒေါ်ခင်ချိုမေက သနပ်ခါးတုံးကို ကိုင်ထားတုန်း သတိအပြည့်နဲ့ မိုးကြည့်နေတာ။ လှုပ်လှုပ်ရှားရှားထပ်လုပ်လာရင် ထပ်အုပ်ဦးမယ့် အနေအထား။ အသာလေးငြိမ်ပြီး လှုပ်ကိုမလှုပ်ရဲတော့ဘူး ဟီး။ ဆက်တိုက် မထုတာတောင် ကျေးဇူးတင်ရမယ်။

ငါးမိနစ်လောက် ငြိမ်ငြိမ်လေးခွေနေရာကနေ အသာလေး လက်ထောက်ပြီး ဖင်ထိုင်လျှက်အနေအထားဖြစ်အောင်ပြင် အနောက်ကို နည်းနည်းဆုတ်လိုက်တော့ ပြူတင်းပေါက်အောက်နားက သစ်သားနံရံကိုကျောမှီလျှက် ဖြစ်သွားတယ်။ အဲ့ဒီလို အနေအထားအတိုင်း ထိုင်နေရာကနေ တရွှတ်ရွှတ်နဲ့ ငိုပစ်လိုက်ကော အဟီး။ ရေလည် ကြေကွဲကုန်တာကိုး။ မျက်ရည်တွေဘာတွေ ပေါက်ပေါက်ကျ၊ နှပ်ချေးတွေ တရွှတ်ရွှတ် ဖြစ်ရာကနေ လက်ခုံနဲ့ မျက်ရည်သုတ်လိုက်ရင်း လက်ကိုကြည့်လိုက်တော့ သွေးတွေပေနေတယ်။ ကျနော် ခေါင်းပေါက်သွားတာဗျ ဟီး။

ဒါကြောင့် သူကျနော့်ကို ဘာမှဆက်မလုပ်တော့ပဲ သနပ်ခါးတုံး ကိုင်ထားလျှက်နဲ့ ကြောင်ကြည့်နေတာကိုး။ သွေးတွေက မျက်လုံးပေါ်အထိ စီးကျလာတာ။ မျက်စိထဲ မြင်ယောင်ကြည့်ကြစမ်းပါ။ သွေးအလူးလူးနဲ့ ဖင်ထိုင်လျှက် နံရံကိုမှီ၊ သနားစဖွယ် တရွှတ်ရွှတ်နဲ့ ရှိုက်ကြီးတငင်ဖြစ်နေတဲ့ ချာတိတ်လေးကို ဟီဟိ။

အဲ့မှာ အပျိုကြီးဆရာမလေး ရေလည်စိတ်ထိခိုက်သွားတော့တာပဲ။ ရိပ်လည်းရိပ်မိသွားတယ် ထင်ပါတယ်။ ကျနော် ဓားထောက်ပြီး မုဒိန်းကျင့်ဖို့လာတာ မဟုတ်မှန်းလေ။ သက်ပြင်းလေး ဟင်းကနဲချ၊ သနပ်ခါးတုံးကို လက်ကလွှတ်ချပြီး ထထွက်သွားတယ်။ မှန်တင်ခုံ အံဆွဲလေးတွေထဲ ဟိုရှာဒီရှာလုပ်ပြီး ကျနော့်အရှေ့ရောက်လာပြီး ဆောင့်ကြောင့်ထိုင်၊ ဂွမ်းလိပ်ကလေးထုတ်၊ သွေးတွေဘာတွေသုတ်၊ ခေါင်းပေါက်သွားတာကို ဆေးထည့်ပေးဖို့ လုပ်ပေးရှာတယ်။ စကားတော့ တစ်ခွန်းမှ မပြောဘူး။

အဲ့ဒီတော့မှာ ပီဘိ ကလေးပေါက်စလေးလို ဖြစ်သွားတဲ့ ကျနော်က ဝမ်းနည်းနည်းနဲ့ မျက်ရည်တွေသုတ်ရင်း အသားကုန် တတွတ်တွတ် ရှင်းပြတော့တာပဲ။ ဓားထုတ်တာ သူ့ကိုတစ်ခုခုလုပ်ဖို့ မဟုတ်ရပါဘူး။ ဆရာမလေး ပြန်မချစ်ရင် သေပစ်လိုက်တော့မယ်ဆိုပြီး ဘာပြုမလို့ပါ ညာပြုမလို့ပါပေါ့ ဟားဟား။

အဲ့လိုတွေ မျက်ရည်လည်ရွှဲ ရှင်းပြနေရင်း၊ သူပြုစုတာခံနေရင်း မသိမသာလေး ခိုးကြည့်လိုက်တာ ကျနော့်ရူပဗေဒဆရာမလေးရဲ့ တစ်ခါမှ မမြင်ဖူးတဲ့ ပြုံးစိစိမျက်နှာလေးကို လှစ်ကနဲ မြင်လိုက်ရတယ်ဗျား။ မဟုတ်တာလုပ်နေတဲ့ ကလေးတစ်ယောက်ကို လူကြီးတစ်ယောက်က ဒီကလေးလေးဟာလေ ဆိုပြီး ရယ်ချင်နေဟန်ပေါက်နေတဲ့ မျက်နှာလေး။ ဆေးတွေဘာတွေထည့်ပေး၊ သွေးတွေပေနေတဲ့ ကျနော့်မျက်နှာကို ဖန်တကောင်းထဲက ရေတွေကို ဂွမ်းနဲ့ဆွတ်ပြီး သုတ်သင်သန့်ရှင်းပေးပြီးတော့ ကျနော့်အရှေ့မှာ ထိုင်နေရာကနေ အထမှာ ခပ်တိုးတိုးလေး တစ်ခွန်း ရေရွတ်သွားသေးတယ်။

“ အရူးလေး”

တဲ့။ ပစ္စည်းပစ္စယတွေကို အံဆွဲထဲ နေသားတကျ ပြန်ထည့်ပြီးတော့ နံရံကိုမှီ ဖင်ထိုင်လျှက်ကလေးရှိနေဆဲ ကျနော့်အရှေ့မှာ လက်ကလေးပိုက်ပြီး ပြုံးစိစိ လာရပ်ကြည့်နေတယ်။ ခပ်ဆိုးဆိုး မောင်လေးတစ်ယောက်ကို ကြည့်နေတဲ့ အကြည့်မျိုးရယ်ဗျ။ သနပ်ခါးပါးကွက်ကြား ပါးကလေးဖောင်းဖောင်း ချစ်စရာမျက်နှာလေးက ကပိုကရို ဆံနွယ်မျှင်တွေအောက်မှာ လှတပတလေးရယ်။ အိမ်နေရင်း ဘလောက်စ်လက်ပြတ်ကလေးနဲ့ လက်ပိုက်ထားတော့ လက်မောင်းချောမွှတ်မွှတ်ကလေးတွေက ဆွဲကိုက်ချင်စရာလေးတွေ။ ခါးသေးရင်ချီ ဟန်ပန်လေး။ အောက်က ခပ်တင်းတင်းခါးမှာ စည်းထားတာက ထမီအနက်ရောင် ဗြောင်ကလေးနဲ့ ဘယ်လိုလှမှန်းမသိတဲ့ ကျနော့်ရူပဗေဒဆရာမလေးရယ်လေ။ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးတဲ့ အပြုံးလေးပါ မြင်နေရတော့ လူကို ကတုန်ကယင်ကြီး ဖြစ်လာတာဗျာ။ ကြည့်ကောင်းကောင်းနဲ့ ငေးနေမိတာ အကြာကြီးပဲ။

လေးပေမီးချောင်းအောက်က အလင်းရောင်ဖွေးဖွေးမှာ ကျက်သရေရှိလွန်းလှတဲ့ ဆရာမလေးကို ချစ်မြတ်နိုးစွာနဲ့ငေးရင်း ကျနော် သတိဝင်လာတယ်။ အရက်မူးတာက လုံးလုံးပြေသွားပြီလေ။ ရှက်တတ် ကြောက်တတ်လာပြီ။ အသာလေးကုန်းပြီး ယိုင်တိုင်တိုင်နဲ့ မတ်တပ်ရပ်လိုက်တယ်။

“ ကျ.. ကျနော် ပြန်တော့မယ် ဆရာမလေး”

လို့ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်ရင်း ပြူတင်းပေါက်ကနေ အပြင်ဖက်က သစ်ကိုင်းပေါ် ပြန်တွယ်တက်မယ့်ဟန် ပြင်လိုက်တယ်။

“ ကျွတ်! မိုးတွေဒီလောက်သည်းနေတာ ဘယ်ကိုပြန်မှာလဲ ချော်ကျတော့မယ်”

အဲ့လိုပြောသံ ကြားလိုက်ရတော့ လူကို ဘယ်လိုနေရမှန်း မသိဘူး။ လှိုက်ကနဲ ဝမ်းသာလုံးဆို့နေတာ။ ဒါပေမယ့် အူတူတူစတိုင်နဲ့ ဘာလုပ်ရမှာလဲဆိုတဲ့ မျက်နှာပေးလုပ် လှည့်ကြည့်ပြီး ငေးနေလိုက်တယ်။

သူ့ဖာသူ သံသေတ္တာတစ်ခုကိုဖွင့် ဟိုမွှေဒီမွှေလုပ်ပြီး မွှေးပွတဘက်တစ်ထည်နဲ့ စောင်အပါးလေးတစ်ထည် ထုတ်လာတယ်။ ကျနော့်ကို ကမ်းပေးလာတော့ အူကြောင်ကြောင်နဲ့ ယူထားလိုက်မိတာပေါ့။

“ ရေစိုအဝတ်တွေလဲပြီး ဒီစောင်နဲ့ ပတ်ထားလိုက်..”

လို့ပြောပြီး အခန်းထဲကနေ ထွက်သွားကော။ အခန်းတံခါးကို အသာလေး ပြန်စေ့သွားခဲ့တယ်။ ကျနော်လည်း ဝမ်းသာလုံးဆို့ အဝတ်ရေစိုတွေ အကုန်ချွတ်ချ၊ တဘက်နဲ့ ကိုယ်တွေဘာတွေသုတ်၊ ပရုတ်လုံးနံ့သင်းနေတဲ့ စောင်ပါးလေးနဲ့ တစ်ကိုယ်လုံးပတ်ပြီးတဲ့ အချိန် မိုးကလည်း အသားကုန်သည်းလာတော့ ပြူတင်းပေါက်တံခါးတွေဘာတွေ ကောက်ပိတ်ပစ်လိုက်တယ် အဟိ။

ခဏနေတော့ ဒေါ်ခင်ချိုမေ အခန်းထဲ အသာလေး ပြန်ဝင်လာတယ်။ ကြမ်းပြင်ပေါ်မှာ စောင်ကလေးပတ်ပြီး မခုတ်တတ်တဲ့ ကြောင်ပေါက်စလေးလို ခွေခွေလေးလှဲနေတဲ့ ကျနော့်အနားမှာ လာထိုင်ပြီး

“ ကြမ်းပေါ်မှာ အေးတယ်… ဖျားလိမ့်မယ်.. ထ..”

ထဆိုတော့ ထလိုက်တယ်လေ ဟီး။ ဘာဆက်လုပ်ရမှန်း မသိဘူး။ စောင်ကလေးပတ်၊ မတ်တပ်ကလေးရပ်လို့။ မျက်နှာချင်းဆိုင် ရပ်နေကြရာကနေ အသံတိုးတိုးလေးနဲ့

“ အရမ်းချမ်းနေရင် ချို့အိပ်ယာပေါ်မှာ အိပ်လို့ရတယ်။ ချို ဟိုဖက်အခန်းမှာ သွားအိပ်ပေးမယ်”

ဆိုပြီး ခေါင်းလေးငုံ့ရင်း ပြောနေတာကို.. စိတ်က လွှတ်ကနဲဖြစ်ပြီး အတင်းဆွဲဖက်ထားလိုက်မိတော့တယ်။ သနပ်ခါးနံ့သင်းသင်းလေးက မွှေးလိုက်တာ ညီအစ်ကိုတို့ရာ။ ကျနော့်ရင်ခွင်ထဲ ရောက်လာတဲ့ ကိုယ်လုံးအိအိလေးက စိတ်လှုပ်ရှားလွန်းလို့လား မသိဘူး တဆတ်ဆတ် တုန်နေတာပဲ။ ဗလုံးဗထွေးနဲ့ ငြီးငြူသံလေးပါ ကြားလိုက်ရသေးတယ်။

“ ကိုဖိုးသက်လေး ဘာလုပ်တာလဲ ချို အရမ်းရှက်တယ် လွှတ်ကွာ”

တဲ့။ ကျနော်လား… သနပ်ခါးတုံးနဲ့ နောက်တစ်ခါ ထပ်ထုရင်တောင် မလွှတ်ဘူးဗျာ ကဲ…။

..................................................

တဖက်သတ်ချစ်နေရတဲ့ ဆရာမလေးရဲ့ ကိုယ်လုံးအိထွေးထွေးလေးကို ပွေ့ဖက်ထားရတာဗျာ.. ညီအစ်ကိုတို့ စဉ်းစားကြည့်ပါလေ ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းမလဲလို့။ စိတ်ခံစားမှုက အထွဋ်အထိပ်ရောက်သွားတော့ ကျနော့်မှာ ကတုန်ကယင်ကြီးရယ်။ ချစ်စိတ်တက်တာက တစ်မျိုး အထိအတွေ့ကလည်း (နောက်နောင် ဘယ်မိန်းမနဲ့မှ အဲ့လိုခံစားချက်မျိုး ပြန်မရတော့ဘူးဗျ) ပြန်ပြောမပြတတ်တဲ့ အရသာမျိုးဗျ။ ကိုယ်နံ့သင်းသင်းလေးရယ် သနပ်ခါးနံ့လေးရယ် ပေါင်းထားတဲ့ရနံ့၊ ဆံနွယ်တွေဆီကနေရနေတဲ့ တရော်ကင်မွှန်းနံ့ မျှင်းမျှင်းလေး၊ လက်မောင်းသားချောအိအိရဲ့ အထိအတွေ့ (ကျနော်က လက်တစ်ဖက်နဲ့ ခါးကျင်ကျင်လေးကို သိုင်းဖက်ထားသလို ကျန်တဲ့လက်တစ်ဖက်က လက်မောင်းလေးကို ပွတ်ပေးနေမိတာ) နဖူးပြေပြေကလေးကို ကျနော့်ပါးနဲ့ ဖိကပ်ပြီး အတင်းပွတ် (လူနားကပ်ချွဲနေတဲ့ ကြောင်ပေါက်စလေးလိုပေါ့ဗျာ အဟိ) အဲ့ဒီလိုတွေ အချစ်ကြမ်းနေမိတာပေါ့လေ။

“ ကိုဖိုးသက်လေး လွှတ်ပါကွာ။ အဲ့လိုကြီး မဆိုးရဘူး လိမ္မာပါတယ်”

ကျနော့်ရင်ခွင်ထဲကနေ မောနေတဲ့ အသံလေးနဲ့ ပြောနေရှာတာ။

“ ဟင့်အင်း! မလွှတ်ပါရစေနဲ့ဗျာ။ ချမ်းတယ် ချမ်းတယ် မလွှတ်ဘူး။ ဆရာမလေးကို ကျ.. ကျနော် ချမ်းလို့သေတော့မယ်”

အမှန်က ချစ်တယ်လို့ပြောနေတာ ပါးစပ်က ဗလုံးဗထွေးနဲ့ ချမ်းတယ်ဖြစ်ကုန်ရော အဟီး။

“ ဟာကွာ! ဒါဆိုလည်း နည်းနည်းတော့လျှော့။ တအားကြီး ဖက်ပေးထားတာ ချို အသက်ရှူလို့ မဝတော့ဘူး။ အရိုးတွေလည်း ကျိုးတော့မယ်.. ဒုက္ခပါပဲနော်..”

ဖက်ထားတာ နည်းနည်းအားပျော့သွားပေမယ့် ဆံနွယ်စလေးတွေကို နမ်းပေးနေမိတယ်။ အဲ့ဒီလိုအခြေအနေကြီးနဲ့ ဒီအတိုင်း မတ်တပ်ရပ် ရင်ချင်းအပ်ဖက်ထားတာ တော်တော်ကြီးကို ကြာသွားတယ်ဗျ။ ဘာဆက်လုပ်ရမှန်းလည်း မသိဘူး။ ပျော်နေတာပဲ သိတယ်ဗျာ။

အဲ့ဒီအချိန်မှာ ငချမ်းကို မင်း လောင်မတီးလာဘူးလားလို့ ခင်ဗျားတို့မေးရင် ဘာမှမဖြစ်ဘူးလို့ပဲ ဖြေမယ်။ လူက ရေလည် အချစ်ဆိပ်တက်နေတာကိုး။ တကယ်ပြောတာပါ။ ဒီလောက်လေးနဲ့တင် လူက လေထဲလွှင့်နေသလို တလှိုက်လှိုက်ဖြစ်ပြီး ပျော်နေတာ။

“ ကိုဖိုးသက်လေး”

“ ဗျာ!”

“ တော်ပြီလေဟာ လွှတ်ပေးတော့..”

“ ဟင့်အင်း”

“ ဟောတော့်.. ဒါဆို ကျမတို့ ဒီအတိုင်း မိုးလင်းထိ မတ်တပ်ကြီးနေရမှာလား”

(စိတ်အိုက်နေတဲ့ အသံလေးမှာ ရယ်သံလေးက စွက်နေသေးတာ) အဲ့ဒီတော့မှ အသာလေးဖက်ထားရာကနေ လွှတ်ပေးလိုက်တယ်။ လုံးဝကြီးတော့ လူချင်းမခွာပေးဘူး။ လက်မောင်းချောအိအိလေးတွေကို စုံကိုင်ထားသေးတယ်။ ကျနော့်ရူပဗေဒဆရာမလေး ဒေါ်ခင်ချိုမေဟာ ယောကျာ်းဆိုလို့ ရင်ဖိုတောင် မသန်းဖူးသေးမှန်း မော့ကြည့်လာတဲ့ မျက်နှာလေးကို မြင်လိုက်တာနဲ့ ကျနော်သိလိုက်ပြီဗျ။ အရမ်းကို ရှက်ရွံ့ပြီး ပန်းသွေးရောင်တောက်နေတဲ့ မျက်နှာလေး။ အောက်နှုတ်ခမ်းလေးကို ကိုက်ပြီး ကျနော့်ကို လူဆိုးလေးဆိုတဲ့ မျက်နှာလေးနဲ့ ကြည့်နေတာဗျ။ မျက်ဝန်းနက်နက်လေးတွေက တောက်ပနေချက်များ စိန်ပွင့်လေးတွေအတိုင်းပဲ။

ကျနော်လည်း ဘယ်လိုမှ မအောင့်နိုင်တော့ဘူး။ ဆတ်ကနဲငုံ့ပြီး အဲ့ဒီမျက်လုံးလေးတွေကို နှုတ်ခမ်းနဲ့ဖိကပ်ပြီး ဘယ်ညာနမ်းပစ်လိုက်မိကော။

“ အိုကွာ!”

ဆိုပြီး တုန်တက်သွားရှာတယ်။ ခဏလောက် ငြိမ်ကျသွားပြီး ကျနော့်ရင်ဘတ်ပေါ်ကို လက်ဖဝါးလေးနဲ့ အုပ်ကိုင်လာတယ်။ ကျနော့်ရင်ဘတ်ကလည်း တဒိန်းဒိန်းမြည်အောင် ရင်တွေခုန်နေတာကိုး။ သူ့လက်နဲ့ အုပ်ကိုင်လိုက်တော့ သိသွားပုံရတယ် ကျနော့်ကို အပြုံးချိုချိုလေးနဲ့ မော့ကြည့်ရင်း

“ အိပ်စို့!”

တဲ့။ သူ့ကုတင်လေးဆီ ဆွဲခေါ်သွားရော။ ရင်ထဲမှာတော့ ဘာပြောကောင်းမလဲ ဗလောင်ဆူချက်ပေါ့။
ကုတင်ပေါ်တက်ပြီး လှဲအိပ်ခိုင်းတယ်။ စောင်ပတ်ထားတဲ့ ကျနော့်ကို နောက်ထပ် စောင်တစ်ထည် ထပ်ခြုံပေးတယ်။ ပက်လက်ကလေးအိပ်ပြီး ငြိမ်ခံနေတဲ့ ကျနော့်ကို နဖူးလေးတစ်ချက် ပွတ်ပေးပြီး

“ အိပ်တော့နော်!”

လို့ပြောပြီး ကုတင်ပေါ်က ဆင်းသွားရော။

“ ဆရာမလေး ဘယ်သွားမလို့လဲဗျာ! မအိပ်ဘူးလား”

“ ကိုဖိုးသက်လေး ဒီမှာအိပ်..။ ချို ဟိုဖက်အခန်းမှာ အိပ်ယာခင်းထားပြီးပြီ”

“ ဟမ်! ဒီ.. ဒီနားမှာ အိပ်လို့မရဘူးလား”

ကျနော်အိပ်နေတဲ့ ဘေးကို လက်ညှိုးထိုးပြပြီး ပြောလိုက်မိတာ။

“ ကြံကြီးစီရာ ခစ်ခစ်.. လူလည်လေး .. မရဘူး မနက်မှတွေ့မယ်.. တာ့တာ”

အဲ့လိုလည်းပြောပြီးရော လစ်ကနဲ ပြေးသွားတယ်။ ကျနော့်မှာသာ ဟာကနဲဖြစ်ပြီး ကျန်ရစ်ခဲ့တာပေါ့။ ခုနကတော့ ကိုယ့်ကို ဖက်သိပ်တော့မလားဆိုပြီး ရေလည်ဖီလင်တက်ပြီး မျှော်လင့်ထားသမျှ သွားပါလေရောလားဗျာ အဟီး။ ပီတိတွေဖြာဝေပြီး မချင့်မရဲ စိတ်တွေနဲ့ ငြိမ်ငြိမ်လေး ခဏနေလိုက်တာ အရက်ရှိန်ကော သစ်ပင်တက်ထားတဲ့ အရှိန်ကော ဒဏ်ရာအရှိန်ကော အကုန်ပေါင်းပြီး မှေးကနဲဖြစ်သွားလိုက်တာ မိုးလင်းသွားတယ်။ မနက်ဝေလီဝေလင်း လူသံသူသံတွေကြားမှ လန့်နိုးလာတယ်။

အိမ်အောက်ထပ်မှာ စာသင်မယ့် ကျောင်းသားကျောင်းသူတွေ ရောက်နေမှန်း သတိထားလိုက်မိတော့ လန့်ဖြန့်ပြီး ငုတ်တုတ်ထထိုင်လိုက်မိတယ်။ ငါဘယ်လို အိမ်ပြန်မတုန်းပေါ့။ ခေါင်းကလည်း တစစ်စစ် ကိုက်စပြုလာတယ်။ အဲ့ဒီအချိန်မှာပဲ အိပ်ခန်းတံခါးကို ကျွီကနဲ တွန်းပြီး ဝင်လာသံကြားတော့ လန့်ပြီး ကုတင်ပေါ်မှာ အသာပုပြီး စောင်ခေါင်းမြီးခြုံပစ်လိုက်မိသေးတယ်။ မသိမသာ ခိုးကြည့်လိုက်တော့မှ ရယ်ချင်လျှက် ပက်ကျိဟန်ပန်လေးနဲ့ ဆရာမလေး ဖြစ်နေတယ်။ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးဟန်နဲ့ ကပိုကရိုလေး။ ချောချောလေးဗျာ။ ဘယ်လိုလေးမှန်းကို မသိဘူး။ မနေ့ညကလို ဆံပင်ရှည်ဖားလျားလေးနဲ့ မဟုတ်တော့ဘူး။ ဆံပင်ရှည်တွေကို ရစ်ပြီး ထုံးထားတော့ လည်တိုင်ကျော့ကျော့လေးနဲ့ အိမ်ရှင်မပေါက်စလေးဟန် ဖြစ်နေပြီ။ မျက်နှာလေးက ပြောင်တင်းတင်း ပြုံးစိစိလေး။ ကျနော် တခါက မြင်ခဲ့ဖူးတဲ့ မျက်နှာကျောတင်းတင်း ဒေါ်ခင်ချိုမေနဲ့ လားလားမှကို မတူတော့တာဗျာ။ (အချစ်ဆိုတာ လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ကို တကယ်ပြောင်းသွားစေတာ သေချာတယ်နော့်)

သူ့လက်ထဲမှာ သတ္တုဇလုံသေးသေးလေးနဲ့ ရေတွေခပ်လာတာဗျ။ သွားတိုက်တံ အသစ်တစ်ချောင်းနဲ့ သွားတိုက်ဆေးဗူးလေးပါ ပါလာတယ်။ မျက်နှာသစ်ဖို့ ခြေဟန်လက်ဟန်နဲ့ ပြတယ်။ နှုတ်ခမ်းပေါ် လက်ညှိုးလေးတင်ပြပြီး ရှူးတိုးတိုးနော် ဆိုတဲ့ အမူအရာလေးကလည်း လုပ်ပြသွားသေးတယ်။ အခန်းထဲက ပြန်ထွက်သွားပြီး နောက်တစ်ခါ ပြန်ထပ်ဝင်လာတော့ မနက်စာ မုန့်ဗိုင်းတောင့်ဆီဆမ်းနဲ့ ကော်ဖီခွက်ကလေး ပါလာတယ်။ မျက်နှာသစ် သွားတိုက်ပြီးစီးပြီး အချစ်နလံထနေတဲ့ လူဆိုးလေးကျနော်က မုန့်တွေချပြီး အခန်းပြင်ပြန်ထွက်တော့ ဟန်ပြင်နေတဲ့ ဆရာမလေးကို နောက်ကနေ အတင်းဆွဲပြီး ဖက်လိုက်သေးတယ် ဟီးဟီး။ ပြုံးစိစိ ဆရာမလေးက အတင်းရုန်းပြီး

“ အောက်မှာ စာသင်ဖို့ ကလေးတွေ စောင့်နေတယ်။ မဆိုးနဲ့ကွာ”

လို့ တိုးတိုးလေးပြောပြီး ထွက်ပြေးသွားရော။ မနက်စာ စားသောက်ပြီးတော့ ကျနော့်ခေါင်းက ထပ်ကိုက်လာပြန်တယ်။ ဒါနဲ့ အိပ်ယာပေါ်ပြန်တက်ပြီး ခွေနေရင်းက ပြန်အိပ်ပျော်သွားရော။ တော်တော်လေးကြာမှ ကျနော် ပြန်နှိုးလာတယ်။ နေရောင်ခြည်တွေတောင် အခန်းထဲဝင်စပြုလာပြီ။ တစ်စုံတစ်ယောက်က ကျနော့်နဖူးပေါ် ဝဲကျနေတဲ့ ဆံပင်တွေကို သပ်တင်ပေးနေလို့ အသာအယာ မျက်လုံးဖွင့်ကြည့်လိုက်တော့ အပြုံးချိုချိုနဲ့ ရူပဗေဒဆရာမလေး ဖြစ်နေတယ်။ ကုတင်ပေါ် တင်ပါးလွှဲတက်ထိုင်ပြီး ကျနော့်ကို မိုးကြည့်နေတာ။ ပြန်ပြုံးပြလိုက်ရင်း ကျနော့်ဆံပင်တွေကို သပ်ပေးနေတဲ့ ဆရာမလေးရဲ့ လက်ဖဝါးလေးကို ဆွဲယူပြီး ကျနော့်မျက်နှာပေါ် အပ်ထားလိုက်မိတယ်။ နှုတ်ခမ်းနဲ့ ဖွဖွလေးပွတ်ပြီး နမ်းလိုက်တော့… အသည်းယားသွားဟန် တွန့်သွားရှာတယ်။ စကားတွေလည်း မဆိုဖြစ်ပဲ အကြာကြီး စိုက်ကြည့်ရင်း ပြုံးပြနေကြတာပေါ့ဗျာ။

“ လူဆိုးလေး ကိုဖိုးသက်.. ထတော့”

လို့ပြောမှ ကျနော် ထထိုင်လိုက်မိတယ်။ သူ့လက်ဖဝါးလေးကိုတော့ မလွှတ်ပေးမိဘူး။ မျက်နှာချင်းဆိုင် အနေအထားကနေ ကျနော့်ခေါင်းက အနာကို စိတ်ဝင်တစား ကြည့်ပေးနေပြန်တယ်။ အဲ့ဒီအခြေအနေမှာပဲ လက်အငြိမ်မနေတဲ့ ကျနော်က ခါးကျင်ကျင်လေးကို အသာလေးငုံ့ပြီး ဆွဲဖက်ပစ်လိုက်တော့

“ ဟာကွာ!”

ဆိုတဲ့ ရေရွတ်သံလေးနဲ့ စွေ့ကနဲပါလာကော။ အိပ်မက်ထဲမှာပဲ မြည်းစမ်းခွင့်ရခဲ့တဲ့ ပါးဖောင်းဖောင်းလေး နှစ်ဖက်ကို ဘယ်ပြန်ညာပြန် မွှေးမွှေးပေးပစ်လိုက်တယ်။ (ပထမဆုံးအကြိမ် နမ်းမိတာပါ)

အို! ဆိုတဲ့ အသံလေးနဲ့ အသက်ရှူသံတွေ ပြင်းလာတာ သတိထားလိုက်မိတယ်။ အဲ့ဒီလောက်နဲ့တင် မရပ်တော့ဘူးဗျို့။ ဆံထုံးထုံးထားလို့ ပြောင်ရှင်းနေတဲ့ လည်တိုင်ဖော့ဖော့ ဂုတ်ပိုးလေး၊ ပုခုံး၊ လက်မောင်းအရင်း အကုန်လျှောက်ပြီး တရွှတ်ရွှတ် လျှောက်မွှေးပစ်လိုက်တာ တရပ်စပ်ပေါ့။ ကျနော့်ဆရာမလေး ခင်မျာ အို.. အို.. အို နဲ့ လူးလွန့်နေတာပဲ ဟီးဟီး။ ဘာနဲ့မှကိုမတူဘူးဗျာ အရသာက အဟိ။

အဲ့လိုကြည်နူးစရာ အခြေအနေလေးကနေ ကျနော် လက်လွှန်သွားတယ်ဗျာ။ မရည်ရွယ်တာကတော့ အမှန်ပါ။ လုပ်ရင်းလုပ်ရင်း လက်လွန်သွားတာ (ပလီပြန်ပြီလို့ ပြောချင်ပြောကြပါလေ) နှုတ်ခမ်းနီထွေးထွေး ဖူးဖူးလေးကိုပါ ဖိကပ်ပြီး နမ်းပစ်လိုက်မိတာဗျ။ တအားကိုသိသာတယ်။ ကိုယ်လုံးလေးက တောင့်ကနဲဖြစ်သွားပြီး ခါးလေးကို မတ်သွားတာဗျား။ ကျနော့်ကိုလည်း တွန်းထုတ်တယ်။ ကျနော်ကလည်း မလွှတ်ပေးဘူး။ အတင်းကို နမ်းပေးတော့တာ။ ကြောက်သွားရှာတယ်နေမှာပေါ့။ ကုတင်ပေါ်ကနေ အောက်ကို အတင်းဆင်းပြေးတာ။ ကျနော်ကလည်း ဖက်ထားတော့ တန်းလန်းကြီး ပါသွားတယ် ဟီးဟီး။

တန်းလန်းကြီးဆိုတာ ဒီနေရာမယ် အဓိပ္ပါယ်နှစ်မျိုးဖြစ်နေတယ်။ ဖက်လျှက်တန်းလန်းကြီးလို့ ဆိုလိုသလို၊ ညကတည်းက စောင်ပတ်ပြီးနေထားတယ်လို့ ပြောခဲ့တယ်မလား။ ဒီလောက် လျှောက်လုပ်မှတော့ ပတ်ထားတဲ့စောင်က ဘယ်လိုနေမလဲ စဉ်းစားကြည့်ပေတော့ အဟီး။ ဟုတ်ကဲ့ ဖင်တုံးလုံးကြီးပါ ခင်ညာ။

“ မလုပ်ပါနဲ့ဟာ.. လွှတ်ပေးပါဟာ”

ငိုသံပါပါလေးနဲ့ တောင်းပန်နေရှာတာပေါ့လေ။ အဲ့လို တောင်းပန်နေတဲ့အချိန် နှစ်ယောက်လုံး ကြမ်းပြင်ပေါ်မှာ မတ်တပ်ရပ်လျှက် ဖြစ်ကုန်ပြီ။ ကျနော်ဆိုတဲ့ လူဆိုးလေးကလည်း ဘာမှကိုပြန်မပြောတော့ပဲ အသေဖက်ပြီး ဆက်တိုက်နမ်းတော့တာ လွှတ်ကိုမလွှတ်ဘူး။ ဖင်ပြောင်ကြီးနဲ့ ဘီလူးဆိုင်းတီးနေတာ ဟီဟိ။ တွန်းလိုက်ရုန်းလိုက် ဖက်လိုက်ကြနဲ့ ရှုပ်ရှက်ခတ်နေရာကနေ အခန်းနံရံတစ်ဖက်နားကို ကပ်ပြီး ချောင်ပိတ်သွားရော။ အဲ့ဒီတော့မှ ခါးကျင်ကျင်လေးကို အတင်းဖက်ထားရင်း နှုတ်ခမ်းနီထွေးထွေးလေးကို စိမ်ပြေနပြေကို စုပ်နမ်းပေးတော့တာပေါ့။

အဆက်မပြတ် ၅ မိနစ်လောက် စုပ်ပေးပြီးတော့မှ သနားလာလို့ လွှတ်ပေးလိုက်မိတယ်။ အံ့သြစရာကောင်းတာက အီးး ဆိုတဲ့ ငြီးသံနဲ့ ဖင်ထိုင်လျှက် ပြုတ်ကျသွားတာဗျ။ ဘာဖြစ်သွားမှန်းကို မသိလိုက်ဘူး။ (နောက်တချိန် ပြန်မေးကြည့်တော့မှ ဒူးမခိုင်ပဲ ခွေကျသွားတာတဲ့။ ရင်ထဲမှာလဲ တလှပ်လှပ်နဲ့ သေတော့မလို ဖြစ်သွားတာဆိုလား။ တယ်တော်တဲ့ ကိုဖိုးသက်ပဲနော် ) နံရံကိုမှီ ဖင်ထိုင်လျှက်ကလေး မျက်လုံးစုံမှိတ်ပြီး တုန်တုန်ရီရီလေး ဖြစ်နေရှာတာ။ ဂွေးတန်းလန်းကျနော်က သူ့ရှေ့မှာ မတ်တပ်ကြီး ဟီးဟီး။ (အခုချိန် ပြန်တွေးမိတော့ တကယ့်ဟာသပဲဗျာ)

အသာလေးကုန်းပြီး ဂျိုင်းကြားကနေ ဆွဲထူမလိုက်တာ ပျော့ခွေပြီး ပါလာတယ်။ ကိုယ်လုံးအိအိလေးကို အတင်းဆွဲပွေ့ ကုတင်ဆီကို ခေါ်သွားလိုက်ပြီး ကန့်လန့်ဖျတ် ကုတင်ပေါ် တင်ပေးလိုက်တော့ အိပ်ယာပေါ်မှာ ပက်လက်ကလေး မျက်လုံးစုံမှိတ်လို့ပေါ့။ တဆတ်ဆတ်တုန်နေတဲ့ ကိုယ်လုံးလေးနဲ့။ အဲ့ဒီကုတင်ပေါ် ပွေ့အတင်မှာ ထမီတွေဘာတွေ ပြေကုန်တာဗျ။ ချက်နက်နက်ကလေးရယ်၊ ဝါဝင်းတဲ့ ဗိုက်သားရှပ်ရှပ်ကလေး (မှဲ့နီနီလေးတစ်လုံး ရှိတယ်) အမွှေးနုရေးရေးလေးနဲ့ ဆီးခုံမို့မို့လေးရယ်က လှစ်ကနဲ ပေါ်ကုန်တာပေါ့။ တော်၏မတော်၏ မတွေးတော့တဲ့ ကျနော်က ပြေလျက်စထမီကို အသာအယာဆွဲချပြီး ဗိုက်သားလေးတွေကို တပြွတ်ပြွတ် လျှောက်နမ်းတော့တာပဲ။

အဲ့ဒီမှာ ပိုရှုပ်ကုန်တယ်။ ယောကျာ်းနဲ့ အသားချင်းတောင် မထိဖူးသေးတဲ့ အပျိုကြီး ဆရာမလေးခင်မျာ ထွန့်ထွန့်လူးတော့တာလေ။ ကယောင်ကတမ်းနဲ့ လူးလှိမ့်တဲ့အခါ ထမီက ပိုလျှောကျတဲ့အပြင် ဒူးနှစ်ချောင်းနဲ့ ကျနော့်ကိုပါ ညှပ်ထားသလို ဖြစ်ကုန်တာ။ ပါးစပ်ကလည်း အမေရေ.. အမေရေ.. တဲ့။ ကယောင်ကတမ်းတွေ လျှောက်အော်နေတယ်။ (နောင် ချစ်သူဘဝ တကယ်တမ်းရောက်လာတော့ အမေရေ.. အမေရေလို့ ကျနော်အော်အော်ပြီး စရင် ရှင်.. လူယုတ်မာ သူများသားသမီးကို ဖျက်ဆီးတာ ဆိုပြီး အောက်နှုတ်ခမ်းကို ကိုက်ပြီး မျက်စောင်းထိုးတတ်လာတယ် ဟဲဟဲ။ ချစ်စရာလေး)

ချက်နားတစ်ဝိုက် လျှောက်နမ်းနေရင်း ခပ်ယဉ်ယဉ်အနံ့လေးတွေပါ ရလာတော့ မရတော့ဘူး အောက်ကို ဆက်ဆင်းသွားတယ်။ အောက်က အရည်တွေ အလိုလိုအိုင်ထွန်းနေတဲ့ အပျိုကြီးဖုတ်ဖုတ် လတ်လတ်ဆတ်ဆတ်ကို ရှလူးပစ်လိုက်ကော ဟီဟိ။ ကောင်းထှာဗျာ။

ဆရာမလေးခင်မျာ ကိုယ်ကိုတွန့်လိမ်ပြီး ကုန်းထဖို့ ကြိုးစားတယ်။ ပေါင်ကြားထဲ လျှာကြီးထုတ်ပြီး ပလပ်ပလပ်လုပ်နေတဲ့ ကျနော့်ကျောကုန်းကို တအုံးအုံးထုတယ်။ ဘယ်ရမလဲ ဒါမျိုးဟီး။ လျက်နေရင်း ပေါင်နှစ်ချောင်းကို ဆွဲဖြဲလျှက်ကနေ အဖုတ်အကွဲကြောင်းထဲ လျှာကိုချွန်ပြီး ထိုးသွင်းပေးအလိုက်မှာ ဝုန်းကနဲ ကျောနဲ့အိပ်ယာပေါ် ပြုတ်ကျသွားပြီး ငြိမ်ကျသွားတယ်။ အီ.. အီ.. အီ ဆိုတဲ့ အသံပဲထွက်နိုင်တော့တယ်။ တစ်ချက်တစ်ချက် ဆတ်ကနဲ ဆတ်ကနဲ တွန့်တွန့်သွားတာကလွှဲပြီး သိပ်မရုန်းတော့ဘူး။ မျှောသွားရှာပြီ။

အထဲကို လျှာနဲ့မွှေလို့ အတော်ညောင်းတော့မှ အသာလေး ပြန်ထုတ်၊ အစေ့သေးသေးလေးကို အဖုတ်ဖြဲပြီရှာတယ်။ တွေ့တာနဲ့ လျှာဖျားလေးနဲ့ ဖိဖိပေးလိုက်တယ်။ တွန့်ကနဲ တွန့်ကနဲပဲ။ တဖြေးဖြေးနဲ့ ကျနော့်ခေါင်းက ဆံပင်တွေကို လှမ်းကိုင်ဆုပ်ပြီး အတင်းဆွဲခါလာတာ သတိထားမိလာတော့ ခပ်ကြမ်းကြမ်းပဲ လျက်ပစ်လိုက်တော့တယ်။ အစေ့ကို ကစားတယ်။ အကွဲကြောင်း အထက်အောက် လျှာအပြားလိုက်နဲ့ ဗြတ်ဗြတ်မြည်အောင် အဆက်မပြတ် လျက်တယ်။ လုံး၀ မခံနိုင်ရှာတော့ဘူးထင်တယ်။ ဆတ်ကနဲ ကျောနဲ့အိပ်ယာ လွှတ်ထွက်သွားတဲ့အထိ ကော့တက်သွားပြီး အားးးး ကနဲအော် ဝုန်းကနဲပြုတ်ကျပြီး ငြိမ်ကျသွားတော့တယ်။ ကျနော့်ဆံပင်တွေကို ဆွဲထားတာပါ လွှတ်သွားပြီး ပျော့ခွေခွေလေး ဖြစ်သွားတယ်။ အဲ့ဒီတော့မှ ပွဲကြမ်းထားရတဲ့ ကျနော်လည်း အမောဖြေရတော့တာပေါ့လေ ဟီး။

အသာလေး ပေါင်ကြားထဲက ထွက်၊ ကုတင်ပေါ်လှမ်းတက်ပြီး ဆရာမလေးကို ဖက်အိပ်နေလိုက်တာပေါ့။ တော်တော်ကြာတဲ့အထိ မှိန်းပြီး အိပ်နေရာကနေ မိနစ် ၂၀ လောက်နေမှ ကျနော့်ရင်ခွင်ထဲကနေ
မောပမ်းနွမ်းလျတဲ့ မျက်နှာလေးနဲ့ မော့ကြည့်လာတယ်။ ဆံထုံးတွေက ပြေကျထားတော့ ဆံနွယ်ရှည်တွေ ကပိုကရိုကြားထဲ မျက်နှာလေးက ရီဝေဝေလေးရယ်။ ချစ်စရာလေးဗျ။

ဟဲ့ကောင်ချမ်းကို.. နင့်ဟာက ဘာတုန်း.. ဘာမှဆက်မလုပ်ဘူးလား မေးချင်နေကြပညီထင်တယ် ဟီဟိ။ မှန်ရာပြောသစ္စာပါဗျာ။ ဘာမှကို မလုပ်ချင်တော့ဘူး။ တကယ်ပြောတာ။ ခုနက လက်လွှန်သွားတာ။ သူပြီးအောင်လည်း လုပ်ပေးနိုင်လိုက်တော့ လူကိုကြည်နူးသွားတယ်။ (ချစ်တော့လည်း ပေးဆပ်ချင်တာပေါ့လေ ဟီဟိ)

ဒါပေမယ့် အဲ့လောက်ထိကြီး သွားလုပ်လိုက်တာတော့ မကောင်းဘူးဗျ။ ကောင်းလားမကောင်းလား ဘာဆက်ဖြစ်သလဲ ကြည့်လေ။

“ ရှင် ကျမကို အထင်သေးလို့ အဲ့လောက်ထိ လုပ်ရဲတာမလား”

အောက်နှုတ်ခမ်းလေးကိုက်ပြီး မေးလာတယ်။

“ ဟာ! မဟုတ်ပါဘူးဗျာ ကျနော် ချစ်လို့လုပ်မိတာပါ”

“ ရှင် မကောင်းဘူး ကျမသိက္ခာကို မရှိတော့တဲ့အထိ အနိုင်ကျင့်တယ်”

“ မဟုတ်ပါဘူးဆိုနေ.. အာဗျာ”

“ မရွံဘူးလား.. သူများဟာကို အဲ့လိုလုပ်တာ ဟမ်!”

“ ချစ်တော့ ဘယ်ရွံမလဲ ဆရာမလေးရာ”

“ တောမှာသွားပြောချေ..။ ဘယ်နှစ်ယောက်ရှိပြီလဲ ဒီလိုလုပ်လုပ်ပြီး ဖျက်ဆီးတာ။ ပြောစမ်းပါ လုပ်ပုံကိုင်ပုံတွေက ဝါကိုရင့်နေပါပြီလေ”

“ ဟာဗျာ! အဲ့လိုတော့ မပြောပါနဲ့”

“ မှန်ရာပြောတော့ မခံနိုင်ရှာ ဟာဟ”

“ ကျွတ်!”

“ ပြောစမ်းပါ ဘယ်နှစ်ယောက်ရှိပြီလဲ”

ဝုန်း!!!

ဖက်အိပ်နေတာကနေ စိတ်တိုတိုနဲ့ ဝုန်းကနဲ ထထိုင်ပစ်လိုက်တော့ ဆရာမလေး မျက်လုံးလေးပြူးပြီး လန့်သွားရှာတယ်။ အောက်က ဖင်ပြောင်ဖြစ်နေတဲ့ ထမီလေးကို ဆတ်ကနဲဆွဲယူပြီး ကောက်ဝတ်ရင်း ထထိုင်လာတယ်။ ကျနော် စိတ်တိုသွားတာကို ကြည့်ပြီး မချိုမချဉ်ရုပ်နဲ့ ဖြစ်သွားတယ်။ ထမီဝတ်ပြီးတာနဲ့ ပြေကျနေတဲ့ ဆံပင်ရှည်ကြီးတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ပြီး ကုတင်ပေါ်က ဆင်းဟန်ပြင်လိုက်တယ်။

“ ကျနော့်အဝတ်တွေကော”

လေသံက ခပ်မာမာရယ် ဟီဟိ။ ဖင်တုံးလုံး ကုတင်ပေါ် တင်ပလင်ခွေနေရာကနေ လှမ်းမေးလိုက်တာ ပြုံးစိစိနဲ့ အခန်းပြင်ထွက်သွားပြီး ခဏနေတော့ ပြန်ဝင်လာတယ်။ လက်ထဲမှာ မီးအိုးထိုးပြီးသား ကျနော့်အဝတ်တွေ ကမ်းပေးလာတာကို လှမ်းယူပြီး ကုတင်ပေါ်မှာတင် အင်္ကျီကို ကောက်စွပ်လိုက်တယ်။ အောက်က ဝတ်လာတာက ပုဆိုးမဟုတ်ဘူးဗျ။ ဘောင်းဘီဆိုတော့ ဝတ်ရခက်နေတယ်။ ဂွေးတန်းလန်းကြီးနဲ့ ကုတင်ပေါ်က ဆင်းဝတ်ရအောင်လည်း သူ့အရှေ့မှာကြီး ဟီးဟီး။

အံမယ် သူကလည်း ထီမထင်ဟန်နဲ့ လက်ပိုက်ပြီးတော့ကို ရပ်ကြည့်နေတာ။ ကျနော်လည်း မထူးပါဘူးဆိုပြီး ကုတင်ဟိုဖက်ကိုဆင်း ကျောပေးပြီး (ဖင်ပြောင်ကိုတော့ မြင်ချင်မြင်ပါစေတော့ဆိုပြီး) ခပ်သွက်သွက်ကလေး ကောက်ဝတ်လိုက်ရတယ်။ ဝတ်ပြီးတာနဲ့ သူ့ရှေ့ကဖြတ်ပြီး အခန်းပြင် ထွက်ဟန်ပြင်တယ်။

“ ဒါက ဘယ်တုန်း!”

ဟောက်သံလေးနဲ့ မေးလာတာ။

“ အိမ်ပြန်မလို့”

“ သြော်! လုပ်ချင်တာလုပ်ပြီးတော့ ဒီလိုလား.. သြော် ဟော်ဟော်”

ငေါ့တော့တော့ လုပ်နေတာ။

“ ခင်ဗျားက ကျနော့်ကို မိန်းမတကာကို လိုက်ဖျက်ဆီးနေတာလို့ ဘာလို့ပြောလဲ”

“ မဟုတ်လို့လားရှင် မဟုတ်ရင်မနာနဲ့နေ တောက်!”

ခါးထောက်ပြီး ရပ်နေရင်း ငြိမ်သွားကြသေးတယ်။ နည်းနည်းကြာမှ

“ ဆရာမလေး ခင်ဗျား ကျနော့်ကို ချစ်လား”

“ အို! မချစ်ပေါင် ..။ မေးပုံလေးက ချစ်စရာလေးပါလား အထက်စီးကြီး”

ဆရာမလေးက ပြုံးစိစိ လုပ်ပြနေတယ်။

“ ဒါဆို ဘာလို့ ဒီအခြေအနေထိ..”

“ အို.. ကျမက ရှင့်ကို အတင်းအဓ္ဓမ ဘာများလုပ်မိလို့လဲနော်”

“ မချစ်ရင်လည်း ပြီးကောဗျာ!!!!!!”

ရှူးရှူးရှားရှားနဲ့ ခြေသံခပ်ပြင်းပြင်းနင်းရင်း အခန်းထဲက ထွက်လာခဲ့မိတယ်။ အိမ်အောက်ထပ်ကို နောက်ဖေးလှေကားကနေ ဆင်းချလာတော့ ကျောင်းတက်ချိန် ရောက်နေလို့လား မသိဘူး ကျောင်းသူတွေ မရှိကြတော့ဘူး။ လူရှင်းနေလို့ ကံကောင်းသွားတယ်။ ဘောက်ဆတ် ဘောက်ဆတ်နဲ့ ခြံဝင်းထဲကနေ အပြင်ကို ထွက်လာရင်း အသာအယာ စောင်းငဲ့ကြည့်လိုက်တော့ အိမ်အပေါ်ထပ် ဝရံတာကနေ ဆရာမလေး ကျနော့်ကို လှမ်းကြည့်နေတာ မြင်လိုက်ရတယ်။ ကျနော့်ကို မိန်းမမှန်သမျှ လိုက်ဖျက်ဆီးနေတဲ့ ကောင်လို့ ပြောတာရယ်။ ညကတော့ သနားပြီး ချစ်သွားတာလိုလို ဘာလိုလိုလုပ်ပြီး မနက်ရောက်မှ မုန်လာဥလုပ်သွားတာရယ်ကြောင့် ဒေါဖောင်းသွားတဲ့ ကျနော် ဆတ်ကနဲပြန်လှည့်ပြီး နောက်ကိုမကြည့်တော့ပဲ ခပ်သုတ်သုတ် ထွက်လာခဲ့တယ်။

ညက အိမ်ပြန်မအိပ်တဲ့ ကိစ္စကြောင့် အိမ်ရောက်ရင် လူကြီးတွေဆူတာ ခံရပြန်ဦးမယ်။ ဒီထက်ဆိုးတာက မိန်းမတစ်ယောက်ကို အဖုတ်လျက်မိပြီးမှ မချစ်ဘူးတဲ့ဗျာ။ ဒင့်မေကလွှားတယ်လိုမှပဲ တောက်!။

............................................................


အပိုင်း ( ၃ ) ဆက်ရန် >>>>>



ကျွန်တော့် ရူပဗေဒဆရာမလေး အပိုင်း ( ၁ )

ကျွန်တော့် ရူပဗေဒဆရာမလေး အပိုင်း ( ၁ )

ရေးသားသူ - ချမ်းကို (Chan Ko)

ကျွန်တော့် ရူပဗေဒဆရာမလေးဆိုတာ အဲ့ဒီ “ကျွန်တော်နှင့် ထူးဆန်းသော သစ်သားရုပ်ထုလေး” ဆိုပြီး မဟုတ်တရုတ် လျှောက်ရေးခဲ့တဲ့ ဇာတ်လမ်းထဲက “ဒေါ်ခင်ချိုမေ” ဆိုတဲ့ အပျိုမကြီး တကြီးလေးပါပဲဗျာ။ ဘယ်လိုကြုံရဆုံရတယ်ဆိုတာ ပြောဖို့အတွက် ဇာတ်လမ်းကို ဖလက်ရှ်ဘက်ခ် ပြန်လုပ်ကြည့်တဲ့အခါ ငယ်ဘဝက ပြန်စပြောရတော့မယ်ထင်တယ်။ ဒီထဲမှာ အဲ့ဒီခေတ်ကာလကိုမှီခဲ့တဲ့ လူကြီးတွေအများကြီးဆိုတော့ ကျနော်လည်း အဲ့ဒီခေတ်အကြောင်း ပြန်ပြောရတာ ခပ်လန့်လန့်ပဲ ဟီး။

ဒီလိုဗျာ သိတဲ့အတိုင်း မဆလာ ခေတ်နှောင်းပိုင်းထဲ လူဖြစ်လာတဲ့ကောင်တွေဆိုတော့ ကျနော်တို့ ငယ်ဘဝက အခုလို အာရုံများစရာ သိပ်မှမရှိတာ။ စာဖတ်တဲ့ အလေ့အထကလည်း အတော်ရှိကြတဲ့ ခေတ်ကိုး။ ရပ်ကွက်စာကြည့်တိုက်တို့၊ ဝိတ်ရုံတို့မှာ လူစည်တဲ့ခေတ်။ ကျနော်ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်ကလည်း စာဖတ်တဲ့ အလေ့အထရှိကြတဲ့အပြင် အိမ်မှာက အဘိုးရဲ့ ကိုယ်ပိုင်စာကြည့်ခန်း သပ်သပ်ရှိတာမျိုးဆိုတော့ ဘုမသိဘမသိ ငယ်ကတည်းက စာလေးပေလေး ဖတ်ကျင့်ရှိတယ်ဆိုပါတော့လေ။

အဲ့ဒါနဲ့ပဲ ဘာရယ်မဟုတ် အဘိုးရဲ့ စာအုပ်စင်တွေထဲက ဟာတွေတောင် မွှေမြှောက်မွှေလုပ်ပြီး ဖတ်လာရာက အထက်တန်းကျောင်းသားအရွယ် ရောက်လာတဲ့အချိန်မှာ သူ့စာအုပ်တွေ ကုန်သလောက် ဖြစ်လာတယ်။ ကိုယ့်ကိုယ်ကို သတိမထားမိပဲ သောက်ကျင့်တစ်ခုရလာတာက စကားများ လေလုံးတွေထွား တော်ရုံလူကို လူမထင်သလိုတွေ လုပ်လာတာဗျ။ (အခုပြန်တွေးကြည့်တော့ ရယ်ချင်စရာ သောက်ပေါ ချာတိတ်လေးပေါ့ဗျာ)

လက်ဖက်ရည်ဆိုင်တွေဘာတွေ ထိုင်ရင် ကိုယ့်အနားမှာ လူတွေလာလာအုံပြီး ကိုယ်လျှောက်ပြောသမျှ အားလုံးငြိမ်နားထောင်ကြ၊ တဝါးဝါးနဲ့ပွဲကျ အဲ့လိုတွေကို သာယာတတ်လာတယ်။ အဲ့ဒီတုန်းက ကျနော်နဲ့ နောက်ထပ် အတန်းဖော်တစ်ကောင်က အထက်တန်းကျောင်းမှာ နာမည်ကြီးဗျ။ (နတ်သမီးပုံပြင်ထဲက ဖိုးတေဆိုတဲ့ ကောင်ဗျာ) ညနေစောင်းဆို လက်ဖက်ရည်ဆိုင်တကာပတ်ပြီး ထိုင်ကြ၊ မိုးနည်းနည်းချုပ်ရင် ဂစ်တာတစ်လုံးစီနဲ့ တစ်မြို့လုံးပတ်ပြီး လျှောက်တီးနေကြတာ၊ ည ၁၀ နာရီလောက်မှ အိမ်ပြန်တယ်။ အိမ်ရောက်ရင်လည်း ကျောင်းစာလုပ်တယ် မထင်နဲ့ (ဒီကောင်နဲ့ ကျနော်က အတူအိပ်တာ) ဝတ္ထုစာအုပ်တွေကိုယ်စီနဲ့ နှပ်ကြရောဗျာ။ ညတစ်နာရီနှစ်နာရီလောက်မှ ဓာတ်ဗူးထဲထည့်ထားတဲ့ ကာဖီတွေ တစ်ခွက်ပြီးတစ်ခွက် သောက်ပြီး မိုးလင်းတဲ့အထိ ကျောင်းစာအုပ်တွေ ထုတ်ဖတ်တော့တာပဲ။ (အော်ကျယ် အော်ကျယ် မကျက်တတ်ဘူး နှစ်ကောင်စလုံး)

မိုးလင်းတော့ အိပ်ချင်မူးတူးနဲ့ ကျောင်းထသွားကြတယ်။ စာသင်ခန်းထဲရောက်ရင် နှစ်ကောင်စလုံး ခုံပေါ်မှောက်ပြီး အိပ်တော့တာပဲ အဟီး။ အိပ်နေတာ ဆရာက မြင်လို့ “ဟေ့ကောင်တွေ ထစမ်း” ဆိုပြီး စာမေးခံရရင် ဒိုးဒိုးဒေါက်ဒေါက်နဲ့ အကုန်လျှောက်ဖြေတော့တာ။ ကြိုက်တာမေး အကုန်ရတယ်။ အဲ့လိုတွေဗျာ။ သောက်ချိုးတွေကလည်း မထီတရီ ပုံစံတွေနဲ့ရယ်။ မေးသမျှဟာတွေ ဖြေနိုင်နေတော့လည်း ဆရာတွေ၊ ဆရာမတွေက ဘာမှမတတ်နိုင်ဘူး ဖြစ် ဖြစ်နေတာပေါ့။

ကျနော်တို့ နှစ်ယောက်လုံးမှာ( အဲ့ဒီငယ်ဘဝတုန်းက) ထူးဆန်းတဲ့ မှတ်ဉာဏ်တွေရှိခဲ့တာကိုး။ တစ်ခေါက်လောက် ဖတ်ထားရင် ဖတ်ထားသမျှ အကုန်မှတ်မိနေတတ်တာမျိုးဗျာ။ သင်္ချာတွေဘာတွေဆိုလည်း ပုံနှိပ်စာအုပ်ထဲကဟာတွေ တွက်ရတာ ပျင်းစရာကောင်းတယ်ဆိုပြီး တခြားကဟာတွေ လျှောက်ရှာတွက်ပြီး ပျော်နေကြတာ အဲ့လိုမျိုး။ သိပ္ပံဘာသာရပ်တွေလည်း ထိုနည်း၎င်းပဲ။ အပျင်းပြေလျှောက်ဖတ်ရင်း အထက်တန်းအဆင့်ထက်များတာတွေပါ ဖတ်မိကုန်တာ။ ဆရာကျလွန်းတာတော့ မဟုတ်လောက်ပါဘူး။ ကမြင်းကျော ထလွန်းတာပါ အဟီး။

အဲ့ဒီဖိုးတေက ကျနော့်ထက် ပိုဆိုးတယ်ဗျ။ ဒီကောင့်မှတ်ဉာဏ်ကို ပြောပါတယ်။ ဥပမာ မဂ္ဂဇင်းတစ်အုပ် ဖတ်တယ်ဗျာ။ သူ့ဖာသူ ပုံမှန်ဖတ်နေတာပဲ။ သူဖတ်ပြီးလို့ စာအုပ်ကို ချထားလိုက်ပြီဆိုပါတော့ အဲ့ဒီမဂ္ဂဇင်းကို ကောက်ကိုင်ပြီး စာမျက်နှာတစ်ခုလှန်လိုက်၊ တွေ့တဲ့ဟာကို ကောက်မေးလိုက်၊ “ဟရောင် မင်းသားစိုးသူ လိပ်စာက ဘာတဲ့လဲ ..” အံမယ် ချက်ချင်းရွတ်ပြလာလိမ့်မယ်။ နောက်ထပ်စာမျက်နှာ တစ်ခုခုကိုထပ်လှန် အဲ့ဒီမှာပါတဲ့ ဆောင်းပါးအကြောင်းမေးလိုက် အတိအကျ ပြန်ရွတ်ပြလာလိမ့်မယ်။ “ဓာတ်ပုံ မှတ်ဉာဏ်” ဆိုတာမျိုး ဖြစ်မယ်ထင်တယ်။ သူဖတ်ဖူးသမျှ စာအုပ်တွေ ဘာမေးမေး အဲ့လိုပဲဗျ။ ထူးတော့ထူးဆန်းတယ်။

(အခုတော့ အဲ့လိုမှတ်ဉာဏ်မျိုးရှိဖို့ နေနေသာသာ အရက်အသောက်များလွန်းလို့ ဟိုမေ့ဒီမေ့တွေ ဖြစ်ကုန်ပါပြီ။ တောခေါင်ခေါင် တိုက်နယ်ဆေးရုံမှာ အင်္ဂလိပ်ဆေးကုတဲ့ အလုပ်လုပ်စားနေရှာတယ်။ တခါတလေ ကျနော်ဖုန်းဆက်ရင် ဟရောင်! မင်းနဲ့ငါ အသက်ဘယ်သူပိုကြီးတာလဲ.. ဘာညာ အဲ့လို အူကြောင်ကြောင် မေးခွန်းတွေ မေးလွန်းလို့ အရက်လေးဘာလေးလျှော့ဦး ကိုယ့်လူ လို့ သတိပေးနေရတယ်)

ကိုင်း! လိုရင်းဆက်ပြောရရင်.. ဒီကောင်က အဲ့ဒီတုန်းက ဉာဏ်ကောင်းပေမယ့် စကားနည်းတယ်ဗျ။ အာလူးသိပ်များတာက ကျနော်ရယ်။ တခါတလေ လက်ဖက်ရည်ဆိုင်မှာ ဘော်ဒါတွေတစ်အုပ်လိုက်ကြီးနဲ့ ထိုင်ကြရင် ကျနော်လျှောက်ပြောသမျှ အဟုတ်မှတ်ပြီး အကုန်လုံး ငြိမ်ကျသွားအောင် နားထောင်ကုန်တဲ့အထိ လေများလွန်းတာ။

ဥပမာဗျာ.. လက်ဖက်ရည်ဆိုင်မှာ ကျောင်းပြေးပြီး လက်ဖက်ရည်၊ ကော်ဖီတွေသောက်၊ ဆစ်ကလက်၊ဆေးပေါ့လိပ် ကိုယ်စီခဲပြီး ရောက်တတ်ရာရာ ပြောကြရင်း .. ဟီရိုရှီးမားနေ့အကြောင်း စကားစပ်မိကြတယ်ဆိုပါတော့.. အဲ့မှာ မောင်ချမ်းကိုက အဏုမြူဗုံး အကြောင်းဋီကာ ချဲ့တော့တာ အဟီး။ “လူဝကြီး” နဲ့ “လူကလေး” ဆိုပြီး ဗုံးနှစ်လုံးချခဲ့ရာမှာ အဲ့ဒီဗုံးနှစ်လုံးက အမျိုးအစားမတူဘူး ဆိုတာကနေ၊ ဗုံးလုပ်ပုံလုပ်နည်း အဆင့်ဆင့်ကိုပါ ပုံလေးဘာလေးခြစ်ပြပြီး ရွှီးတော့တာ ဟီးဟီး။ (အမှန်က ကိုယ်လည်း ဘာမှသေချာသိတာ မဟုတ်ပါဘူးလေ ဟိ) မက်ဟန်တန် ပရောဂျက်ကို ဦးဆောင်ခဲ့တဲ့ “အိုပီ” ခေါ် ရောဘတ်အိုပင်ဟိုင်းမား လက်ချာပို့ချရာ တက္ကသိုလ်မှာ ရူပဗေဒဆရာကြီးတွေနဲ့ ပညာသင်ယူခဲ့သူ ဗမာတစ်ယောက်ရှိကြောင်း အဲဒီကမ္ဘာကျော် အဏုမြူဓာတ်ခွဲခန်းကို သုံးပြီး ဒေါက်တာဘွဲ့ယူလာသူက ငါ့အဘိုးရဲ့ ဘော်ဒါဖြစ်ကြောင်းတွေပါ အမျိုးတွေဘာတွေ လျှောက်စပ်ပြပြီး ရွှီးတော့တာ ဟီဟိ။ ကိုယ်ဘာမှ သေချာမသိတာကို သိသယောင်ယောင် အာလူးများတဲ့နေရာမှာ ထိပ်တန်းဆိုတော့ကာ

အဲ့ဒီနောက်ပိုင်း ဖိုးသက်နဲ့ဖိုးတေ ဆိုတဲ့ နှစ်ကောင်က ပစ္စည်းပစ္စယသာ လက်ထဲထည့်ပေးလိုက်လို့ကတော့ အဏုမြူဗုံးတောင် လုပ်တတ်မယ်ထင်တယ်ဟ ဆိုပြီး ကောလဟာလတွေတောင် ဖြစ်ကုန်တယ် ဟီးး။ သိတဲ့အတိုင်း တောမြို့လေးဆိုတော့ အနူတော လူချောလိုလို၊ မျက်မမြင်တိုင်းပြည်မှာ ငရမန်ကန်းက ဘုရင်ဆိုတာလိုလို ဖြစ်နေတာပေါ့လေ။ အနာဂတ်မှာ ငါတို့မြို့ကနေ “ချဲလင်ဂျာ” အသစ်တစ်စီး တီထွင်မယ့်နှစ်ကောင် ဖြစ်ကောင်းဖြစ်လာနိုင်တယ် ဘာညာပေါ့။

ဟဲ့ကောင် ငချမ်းကို။ နင့်ငယ်ငယ်က ပေါက်ကရကိစ္စတွေ ဘာလို့လျှောက်ပြောနေတာတုန်း။ ဘယ်မလဲ နင့် ရူပဗေဒဆရာမလေး…ဆိုပြီး မေးချင်နေကြပြီထင်တယ် အဟိ။

လာမယ်ဗျာ။ အပေါ်မှာ ပြောခဲ့တဲ့ ကိစ္စတွေ ပြောထားမှ အဆက်အစပ်ကရှိမှာမို့ပါ။ သောက်စကား အင်မတန်များပြီး လေပေါလွန်းတဲ့ ချာတိတ်လေး မောင်ချမ်း ဆိုတာ ရှင်းပြထားမှ ဇာတ်လမ်းက စပြောလို့ရမှာမို့ ပေရှည်နေရတာဗျာနော်။

အဲ့မှာဗျာ ဆယ်တန်းကို ကျူရှင်တို့ဘာတို့ သူများတကာတွေ ယူကြပေမယ့် ကျနော်နဲ့ ဖိုးတေက ဘာမှကို မတက်ဖြစ်ဘူး။ တစ်နေ့ ဘော်ဒါတစ်ကောင်က သူတက်နေတဲ့ ကျူရှင်က ရူပဗေဒသင်တဲ့ ဆရာမလေးအကြောင်း ကျနော့်ကို စကားစလာတော့ စိတ်ဝင်စားသွားတယ်။ မင်းတို့နှစ်ကောင်က ရူပဗေဒမှာ ရေလည်ကောင်းတယ်ဆိုပေမယ့် ငါတို့ ကျူရှင်က ရူပဗေဒဆရာမလေးလောက်တော့ မကျွမ်းလောက်ဘူးတဲ့။ အသင်အပြ ရေလည်ကောင်းသလို စာသင်ရင်း ရူပဗေဒဘာသာနဲ့ ပတ်သက်တဲ့ ဗဟုသုတပိုင်းဆိုင်ရာတွေ လက်ချာရိုက်တာ ခေါင်းထဲမှာ ဘတ်သီးလင်းလင်းသွားတဲ့အတိုင်း ခံစားရတယ်ဆိုလား။

အမှန်ကတော့ဗျာ ဟိုက ရူပဗေဒဘာသာတွဲနဲ့ ပူပူနွေးနွေး ဘွဲ့ယူလာပြီး ကျူရှင်သင်နေတဲ့ ဆရာမ။ ကျနော်တို့လို ချာတိတ်တွေထက် ပိုတတ်မှာပေါ့။ ပြောစရာမလိုဘူး။ အဲ့ဒါကို ငယ်ရွယ်မိုက်မဲ ဂျိုထောင်လွန်းတဲ့ ကျနော်က မခံချင်သလိုလို ဘာလိုလိုဖြစ်ပြီး ကျူရှင်သွားတက်တယ်။ ပထမ တစ်ရက်၊ နှစ်ရက်တော့ အေးဆေး..။ ဟိုကောင်ပြောတာ မလွန်ဘူးရယ်။ စာအသင်အပြကောင်းရုံတင်မကဘူး ဗဟုသုတလေးတွေပါ အသံစူးစူးလေးနဲ့ ညှပ်ညှပ်ပြီးသင်တော့ အတော်စိတ်ဝင်စားစရာကောင်းတယ်ဗျ။

တစ်ရက်ကြတော့ ဆရာမတွက်ပြတဲ့ ပုဒ်စာတစ်ပုဒ်ကို ရှည်လွန်းပါတယ်ဗျာ.. ကျနော် တွက်ပြမယ်ဆိုပြီး .. အတိုချုံး အဖြေထွက်အောင် သွားတွက်ပြလိုက်မိတယ်။ (ငယ်သေးတော့ အဆင်ခြင်မဲ့တာပေါ့၊ လူထူထူမှာ ဘောင်းဘီချွတ်ပြတယ်လို့ ခေါ်မလား၊ ငါ အင်မတန် တတ်တယ်ပေါ့)

ဆရာမကလည်း လူကလေးက ပျော့နွဲ့နွဲ့လိုလို ဘာလိုလို ဟန်ပန်လေးပေမယ့် မျက်နှာတင်းတင်းနဲ့ ဒေါသကြီးတဲ့ အမျိုးအစားလေးဆိုတော့ အေး.. ဖိုးသက် နင့်အဆင့်က ငါသင်စရာမလိုတော့တဲ့ အဆင့် ရောက်နေပြီ၊ နောက်နေ့ကစပြီး မလာခဲ့နဲ့၊ သွားတော့ ဆိုပြီး မောင်းထုတ်လိုက်ကော ဟီးဟီး။ အဲ့ဒါကြီးကိုလည်း ဂုဏ်ယူလို့ဗျား။ မင်းတို့ဆရာမတောင် ငါ့ကို လက်မခံရဲတော့ဘူး တွေ့တယ်မလားဆိုပြီး လက်မတစ်ထောင်ထောင်နဲ့ရယ်။

ကျနော်ငယ်ငယ်က ပြည်သူ့ချဉ်ဖတ်လေးဆိုတာ ခင်ဗျားတို့ မြင်ကြပြီနော်။ ဆရာမလေးရဲ့ စိတ်ထဲမှာလည်း ဒေါင့်မကျိုးတဲ့ ကောင်လေးဆိုပြီး အတော် သောက်မြင်ကတ်သွားမှာပေါ့ဗျာ။ ဇာတ်လမ်းက ဒါပဲ။ နောက်ထပ် အဲ့ဒီကျူရှင် သွားမတက်ဖြစ်တော့ဘူး။ လက်မှမခံတော့တာကိုး။ ဒါနဲ့ပဲ အထက်တန်းစာမေးပွဲတွေ ဘာတွေအောင်လို့ တစ်နယ်တစ်ကျေးမှာ တက္ကသိုလ်သွားတက်ရတဲ့ အချိန်ထိ အဲ့ဒီဆရာမလေးနဲ့ ပြန်မတွေ့ဖြစ်ကြတော့ဘူး။

ဘယ်လိုလဲ ညီအစ်ကိုတို့ ပျင်းစရာကောင်းသလားဗျာ။ ဇာတ်လမ်းက ပျိုးတုန်းဆိုတော့ အိပ်ယာပေါ်ရောက်တဲ့ အခန်းက နည်းနည်းလိုနေသေးတယ်။ စိတ်တော့ နည်းနည်းရှည်ရမယ်နော့်။ ကျနော့်ဇာတ်လမ်းထဲ အမြဲပါနေကြ ကိုရွှေဘတောင် ပေါ်မလာသေးဘူး ဟီး။

အဲ့ဒီ အထက်တန်းနောက်ဆုံးနှစ် တက်နေချိန်က ကိုရွှေဘက ကျနော်တို့မြို့မယ် မရှိဘူးကိုး။ ငယ်ငယ်ကတည်းက ဆရာတင်ပြီး ပေါင်းလာကြရာကနေ ကျနော် အထက်တန်းတက်တဲ့နှစ်မှာ သူ့အတေကြီးက သေခန်းဖြတ်တာ ခံထားရတဲ့နှစ်ဗျ။ အမှုက ဘာလဲဆိုတော့ကာ အဲ့ဒီကိုရွှေဘအဖေ တရုတ်ကြီးက ရပ်ကွက်ထိပ် ဘုန်းကြီးကျောင်းမှာ အဝီစိရေတွင်းတူးပြီး လှူဖို့ စီစဉ်ပြီး စက်တွေဘာတွေ ဝယ်ဖို့ ကိုရွှေဘကို မန်းလေးလွှတ်လိုက်တာ။ ပေးလိုက်တဲ့ ပိုက်ဆံတွေ လမ်းမှာတင် ဖဲရိုက်ရှုံးပစ်လိုက်တယ်။ အိမ်ပြန်လာရင် အသတ်ခံရတော့မယ့်အတူ မထူးဘူးဆိုပြီး အဲ့ဒီခေတ်က နာမည်ကြီးတဲ့ ကျောက်တွင်းမှော်ထဲကို ထွက်ပြေးသွားတာကိုး ဟားဟား။

ဟိုမှာလည်း ကျောက်တူးနေတယ် မထင်လေနဲ့။ လက်ကြောက မတင်းလေတော့ကာ တရုတ်ထမင်းဆိုင်တစ်ဆိုင်မှာ စားပွဲထိုးခေါင်ချုပ်လိုလို၊ ငွေသိမ်းစာရေးလိုလို လုပ်နေတယ်ဆိုလား သတင်းသဲ့သဲ့ ကြားရတာပဲ။ ကိုယ့်မြို့ကလူတွေ အဲ့ဒီနေရာရောက်လို့ ထမင်းဝင်စားရင် စားချင်သလောက်သာ မှာစား ပိုက်ဆံရှင်းခါနီးကြရင် ကောင်တာမှာ ထိုင်နေတဲ့ ကိုရွှေဘကို လက်ညှိုးထိုးပြလိုက်ရင် ပေးစရာမလိုဘူးဆိုပြီး နာမည်ကြီးနေတယ်ဆိုပဲ အဟီး။

အဲ့ဒီလို သူ့ဖာသာသူ အဆင်ပြေပြေ နေနေရာကနေ ဆိုင်ရှင်ရဲ့ သမီးလိုလို တူမလိုလို တစ်ယောက်နဲ့ ငြှိရာကနေ မောင်းထုတ်ခံလိုက်ရပြီး ကျနော်တို့မြို့ကို ပြန်ရောက်လာတယ်။ (အဲ့ဒီဇာတ်လမ်းကလည်း တော်တော်ရယ်ရတယ်ဗျာ နောက်ကြုံရင် ရေးပြဦးမယ်)

သူပြန်ရောက်လာပြီး မကြာခင်မှာပဲ တက္ကသိုလ်သွားတက်နေရာကနေ ရုတ်ရုတ်သဲသဲတွေဖြစ်လို့ ကျောင်းပိတ်လိုက်တော့ အိမ်ပြန်လာတဲ့ ကျနော်နဲ့ ပြန်ဆုံကြရောဆိုပါတော့ဗျာ။ ဘာပြောကောင်းမလဲ ဝေလေလေ ဆရာတပည့်နှစ်ယောက်ပေါင်းပြီး သောင်းကျန်းကြတော့တာပေါ့။

အဓိကက ဖဲရိုက်တာဗျ။ ဖဲချရာမှာ နှစ်ကောင်လုံးက နာမည်ကြီးဆိုပါတော့။ အသုဘမှန်သမျှ ကျနော်တို့နှစ်ယောက် ရှိတယ်ဗျာ။ ကိုယ့်မြို့က လူမသေလို့ အသုဘမဖြစ်ရင် အနီးအနားက မြို့တွေထိ လိုက်ရှာပြီး ရိုက်တော့တာ။ “လေးမြို့နယ် အိပ်ဖန်စောင့်” တွေဆိုပြီး ဘွဲ့ပေးခံရတဲ့အထိ။ (အသုဘမှာ အိပ်စောင့်တာကို အိပ်ဖန်စောင့်လို့ ခေါ်တယ်ဗျ) ဘုရားပွဲတွေမှာလည်း လောင်းကစားဝိုင်းတွေပါသေးတဲ့ ခေတ်ဆိုတော့ ရွာနီးချုံစပ်က ဘုရားပွဲတကာလည်း အလွတ်မပေးဘူး။

အဲ့ဒီကာလတွေမှာပဲ ကျောင်းတော်က ရန်စရှိခဲ့ဖူးတဲ့ ကျနော့်ရူပဗေဒဆရာမလေး ဒေါ်ခင်ချိုမေနဲ့ ဖဲသမားလေးကျနော် ပြန်ဆုံတော့တာပါပဲဗျာ။

————————————

အခု ဗမာပြည်မှာ နာမည်ကြီးနေတဲ့ နာရေးကူညီမှုအသင်းဆိုတာ မပေါ်ခင်ကတည်းက ဖိုးသက်နဲ့ရွှေဘ အတွဲက အသုဘစပယ်ရှယ်လစ်တွေ ဖြစ်ခဲ့တာဗျ။ သိတဲ့အတိုင်း တက္ကသိုလ်လည်း ပထမနှစ်နဲ့ နားနေရတော့ ဘာလုပ်ရမှန်းမသိ စိတ်လေလေဖြစ်နေတဲ့ ချာတိတ်အရွယ်ဆိုတော့ သူ့အိမ်က လက်ဖက်ရည်ဆိုင်မှာ မနက်စောစော နံပြားရိုက်တာကလွှဲပြီး ဘာအလုပ်မှမရှိတဲ့ ကိုရွှေဘနဲ့ နှစ်ကောင်သား ရွာရိုးကိုးပေါက် လျှောက်နေတော့တာကိုး။ နေ့လည်နေ့ခင်းဆို မြစ်ထဲ ချောင်းထဲ အင်းထဲသွားပြီး ငါးမျှားလိုက်၊ ကွန်ပစ်လိုက် အကုသိုလ်အလုပ်တွေလုပ်၊ ညနေစောင်းရင် မြို့ပြင်က ခေါင်ရည်ဆိုင်၊ အရက်ဆိုင်လစ်..။ လူပျိုပေါက်ချာတိတ်တွေ အလယ်မှာ ကိုရွှေဘရဲ့ မူးကြောင်ရူးကြောင် လျှောက်ပြောတတ်တဲ့ စွန့်စားခန်းလေးတွေ နားထောင်..။ သူပြောတာမောရင် ကျနော့်အလှည့်။ အဲ့လိုနဲ့ပဲ အချိန်တွေဖြုန်းပြီး ပျော်နေကြတာပေါ့။

အဲ့လိုနေလာရင်း မြို့ထဲက ရပ်ကွက်တစ်ခုခုမှာ နာရေးဖြစ်တယ်လို့ သတင်းကြားရင် ပြေးတော့တာဗျို့။ အလောင်းရေချိုးတာကနေ စလုပ်ပစ်လိုက်တာ (ထုံးစံအရ အသုဘမှာ အရက်က ပုံးလိုက် ထောင်ထားတာဆိုတော့ အာတော့ နည်းနည်းစွတ်ထားတာပေါ့ အဟီး) ပျဉ်ဝယ် အခေါင်းစပ်၊ သေစာရင်းယူ သုဿန်သွား၊ မြုပ်မယ့်ကျင်းတူးတာ သွားစီစဉ် (ကျင်းဟောင်း ပြန်ဖော်တာမျိုး မဖြစ်အောင်) အသုဘချမယ့်ရထား ပန်းစက္ကူကပ် (မသာရထားကို ကြိုးနဲ့ဆွဲပြီး အသုဘချတဲ့ ခေတ်) နောက်ဆုံး အလောင်းမြေကျတဲ့အထိ အကုန် ကျနော်တို့နှစ်ကောင်ရဲ့ လက်ရာတွေချည်းပဲ။ အသုဘရှင်တွေ စိတ်ပူစရာ မလိုဘူးရယ်။ လူမှုရေးစိတ် တအားရှိတာဆိုတာထက် ပျော်တာကိုးဗျ ဟီး။

အိမ်လည်း မပြန်တော့ဘူး။ ရက်မလည်မချင်း အဲ့ဒီမှာပဲ နေ့ကောညပါ စတန်းဘိုင်။ အဲ့ဒီခေတ်ကလည်း မသာရှိရင် ဖဲဝိုင်းက အကြီးအကျယ်ချတဲ့ ခေတ်လေ။ မြို့ကြီးပြကြီးတွေလို လူသေလို့ အသုဘစားရိတ်မရှိ ဒုက္ခသုက္ခ ရောက်တာမျိုး မရှိဘူးဗျ။ အဲ့ဒီဖဲဝိုင်းက အကောက်ပိုက်ဆံတွေ ရေလည်ရတယ်။ အဲ့ဒီက ပိုက်ဆံနဲ့ပဲ အလောင်းမြေကျ ဘာညာ ဆွမ်းကျွေးအတွက်ပါ အကုန်သုံးလို့ရတဲ့အပြင် အမြတ်တောင်ထွက်သေးတာ အဟီး။ တကယ်ပြောတာ။ အခုချိန် ပြန်တွေးကြည့်ရင် လွမ်းစရာတောင်ကောင်းသေး။ အိမ်မှာလူသေတာ အမြတ်ထွက်ပြီး ပိုက်ဆံစုမိတယ်ဆိုတာ ကျနော်တို့မြို့မှာပဲ ရှိမယ်ထင်တယ် ။

တစ်ခုတော့ရှိတာပေါ့။ အသုဘကိုစီစဉ်တဲ့ လူအပေါ် မူတည်မယ်။ အသေအကျေချတဲ့ နာမည်ကြီး ဖဲသမားတွေကို ဖိတ်ပြီး လာဆော့ပေးကြပါဆိုမှ အသုဘ လူစည်တာမျိုး။ ကိုရွှေဘဆိုတာကလည်း နာမည်ကြီး လူမိုက်ဆိုတော့ တစ်နယ်လုံးက ဖဲသမားတွေ အကုန်ခင်ကြတော့ကာ သူစီစဉ်တဲ့ အသုဘဆို ရေလည်စည်တယ်ဗျာ။ တခြိမ်းခြိမ်း အသေအကျေရိုက်ကြတဲ့ ဖဲဝိုင်းတွေဆိုတော့ အကောက်တွေ များများရတယ်ပေါ့။ နှစ်ကောင်သား ၇ ရက် ၇ လီ မပြီးမချင်း ကျောက်ချပြီး ပျော်နေတော့တာ။ ဖဲဝင်ချလိုက်၊ အကောက် ကောက်ပေးလိုက်..။

ထုံးစံအတိုင်း လောင်းကစားတို့မည်သည် အငြင်းအခုန် အသတ်အပုတ် ပြဿနာပေါင်းသောင်းခြောက်ထောင် ဖြစ်လာရင် (ကိုယ့်နယ်က မဟုတ်တဲ့ ဖဲသမားတွေနဲ့ ချတာနှက်တာလေးတွေပါ ပါလာတယ်) သွေးကြွတဲ့ အရွယ်ဆိုတော့ လက်က ပါပါတတ်လာကော။ ကိုယ့်မြို့မဟုတ်ပဲ သူများမြို့က အသုဘမှာ သွားချရင်လည်း အညှစ်ခံရရင် လက်မြန်ခြေမြန် ဂွပ်ကနဲဗျင်းပြီး ပြေးပေါ့။ အဲ့ဒီလိုနဲ့ ပဲကိုယ့်မြို့ကိုယ်ရွာမယ် ဖဲသမား လူပေလူတေလေးဆိုပြီး အပေါင်းအသင်းမကောင်းတော့ နာမည်ပျက်လာတယ် ဆိုပါတော့ဗျာ။ (ကိုရွှေဘသာကြားရင် ရီး! အပေါင်းအသင်း မကောင်းတာလားလို့ ဆဲမယ်ထင်ပါရဲ့ လွမ်းလိုက်တာဗျာ ဟီးဟီး)

သောင်းကျန်းတာများလွန်းလို့ ကျနော့်အိမ်က အဒေါ်တွေ ပွမ်ပြီဆိုရင် ခဏတော့ငြိမ်ပြီး အိမ်အလုပ်တွေ၊ ပွဲရုံအလုပ်တွေ ကူလုပ်လိုက်သေးတာ။ တစ်ပတ်နှစ်ပတ်လောက် ခြေငြိမ်ပြီးရင် ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုတာလို အရင်အတိုင်းပါပဲ။ ကိုရွှေဘလည်း ထိုနည်း၎င်းပေါ့။ သူ့ဆို သူ့အဖေကြီးက ဖဲရှူံးပြီး စက်ဘီးပေါင်၊ အိမ်က ဟိုဟာခိုး ဒီဟာခိုး လုပ်လွန်းလို့ အိမ်က ခဏခဏမောင်းချတာပေါ့။ မောင်းချခံရရင် ရပ်ကွက်ထိပ်က မီးကင်းတဲမှာနေတယ် ဟီးဟီး။ မီးကင်းတဲဆိုပေမယ့် ပျဉ်ထောင်သွပ်မိုး အခိုင်အခန့်ကိုး။ အိပ်ယာလိပ်ကလေးနဲ့ အိမ်ပေါ်ကဆင်းလာပြီး မီးကင်းထဲကို သူ့ အိမ်လုပ်ပြီး နေရတာပေါ့။ ရေမိုးချိုးတာကတော့ ကျနော့်အိမ် လာချိုးပေါ့။ ဝါးတီးဘာညာကတော့ ရပ်ကွက်ထဲက ဘယ်မီးဖိုချောင်ဝင်စားစား ရတယ်ဗျာ။ ပေါင်းသင်းဆက်ဆံရေးက အင်မတန်ကောင်းပြီး လူချစ်လူခင်ပေါလွန်းလေတော့ တစ်ရပ်ကွက်လုံး လူကြီးလူငယ်မရွေး ချစ်တဲ့သူကိုး။

ဥပမာဗျာ.. မနက်ခင်းစောစော ဈေးကပြန်လာတဲ့ ရပ်ကွက်ထဲက တစ်ယောက်ယောက်ကိုတွေ့ရင် လှမ်းနှုတ်ဆက်။ ဘာတွေဝယ်လာတာလဲ ဟာ.. အဲ့ဒီဟင်းက ဟိုလိုချက်ရင် အင်မတန်စားကောင်းတာ ကျနော်ချက်ပြရမလား ဘာညာနဲ့ ဖောရှောလုပ်ပြီး အာလူးဖုတ် ..။ အိမ်အထိလိုက်သွားပြီး မီးဖိုချောင်ထဲဝင် အသားငါးတွေဝင်ကိုင်ပြီး ချက်ပြုတ်ပစ်လိုက်တော့တာ။ (အချက်အပြုတ်ကလည်း တော်တာကိုး) ချက်ပြီးတာနဲ့ တစ်ခါထဲ ဝင်တွယ်ပစ်လိုက်တာဗျာ အဲ့လိုလူဗျ။ သူ့ကိုကြည့်လိုက်ရင် အမြဲတမ်း ပြုံးပျော်ပြီး ဟောင်ဖွာဟောင်ဖွာရယ်။ စိတ်ညစ်နေတာကို မရှိတာမျိုး။ အဲ့လို အဆင်မပြေရင်လည်း နေ့ခင်း ၁၁ နာရီလောက် ဘုန်းကြီးကျောင်းလစ်ပြီး ဆွမ်းချိုင့်တွေဘာတွေ ဝင်ပြင်၊ ဘုန်းကြီးတွေ ဘုဉ်းပြီးးတာနဲ့ ဝင်ဆွဲပစ်တာ ဟီးဟီး။

ရူပဗေဒဆရာမလေး အခုထိ ပေါ်မလာသေးတော့ စိတ်ပျက်နေကြပြီလား ညီအစ်ကိုတို့ရာ။ ကျနော်ကလည်း တစ်ခုခုဆို ဟိုလျှောက်ပြော ဒီလျှောက်ပြောတွေ များလွန်းတာကိုး ချောဒီး။ ရူပဗေဒဆရာမလေးနဲ့ ပြန်ဆုံတဲ့အခန်း လာပါပြီဗျား။

အဲ့ဒီဆရာမလေးက ကျနော့်ထက် ၅ နှစ် ၆ နှစ်လောက် ကြီးတယ်။ တိတိကျကျပြောရရင် ကျနော့် ဒေါ်လေးနဲ့ ဘော်ဒါတွေဗျ။ ဟမ်! နင့်အဒေါ်ရဲ့ သူငယ်ချင်းကြီးလားလို့ မေးချင်နေကြမယ်ထင်တယ်။ တကယ်တမ်းက အဒေါ်ဆိုပေမယ့်လို့ ကျနော့်မာတာမိခင်ရဲ့ ညီမအထွေးဆုံးဆိုတော့ ကျနော်နဲ့ အသက်က သိပ်မကွာဘူး (ဒေါ်လေးကို မမခင်ခက်လို့ ခေါ်တာကိုး) သူ့ဘော်ဒါအရင်းကြီး။ မှန်ရာပြောရရင် အဲ့ဒီ ရူပဗေဒသင်တဲ့ ဒေါ်ခင်ချိုမေဆိုတာကို သေသေချာချာတောင် သတိမထားခဲ့မိဘူး။ ဆိုလိုတာက သူ့ရုပ်ရည်သွင်ပြင် ဘာညာကိုပြောတာ။ တကယ်တမ်း ပြန်ဆုံရတာက ကျနော့် သစ်သားရုပ်ထုထဲ ရေးဖူးတဲ့ ကျနော့်ဒေါ်လေး မင်္ဂလာဆောင်မှာဗျ။

မင်္ဂလာဆောင်မှာ နယ်မြို့ထုံးစံအတိုင်း ထမင်းဟင်း ကျွေးကြမွေးကြရာမှာ ဟင်းလိုက်ပွဲတွေဘာတွေ လိုက်ပြီး ကူနေရာကနေ ကျနော့်အဒေါ်တွေက ဟဲ့.. ဟိုကလေး ဒီဝိုင်းကိုလာစမ်းဆိုပြီး ခေါ်လို့ သွားထိုင်တော့ အထက်တန်းတုန်းက ကိုယ်အင်မတန်ကြောက်ရတဲ့ ဆရာမကြီးတွေဝိုင်းဗျ။ အဒေါ်တွေက ကျနော် ဆိုးပေတေလွန်းနေတာတွေကို တိုင်ပြောထားပုံရပါတယ်။ ကောင်းကောင်း ဆိုဆုံးမခံရတော့တာဗျာ။ ခေါင်းကို မဖော်နိုင်ဘူး။ အပွမ်ခံနေရတာ။ ခေါင်းခေါက်၊ ဗိုက်ခေါက်ဆွဲလိမ်တာတွေပါ ပါသေးတယ်။ ကိုယ်ကလည်း ကြောက်ရတဲ့ ဆရာမတွေဆိုတော့ ဟုတ်.. နောက်မလုပ်တော့ပါဘူးပေါ့ ဟီးဟီး။ တကယ်တမ်းက ကျနော် ဒီလောက်မဆိုးပါဘူး ကောလဟာလတွေပါ ဆရာမတို့ရာပေါ့။

အဲ့လို ပေါက်ကရလေးတွေ ဆင်ခြင်ပေးရင်း ဆရာမတွေကို သွားဖြဲလေးနဲ့ မျက်နှာချိုသွေးနေရင်း တစ်ဝိုင်းထဲထိုင်နေတဲ့ အပျိုကြီးစတိုင်နဲ့ အမျိုးသမီးလေးတစ်ယောက်ကို အမှတ်တမဲ့ မြင်လိုက်မိတယ်ဗျ။ မထီတရီ မျက်နှာတင်းတင်းလေးနဲ့ ကျနော့်ကို လူမိုက်ကလေးပါလားဆိုတဲ့ အကြည့်မျိုးနဲ့ ငေးနေတာ။ ချောလိုက်တာဗျာ။ ချောတယ်ဆိုတာထက် ကျက်သရေရှိတဲ့ ဟန်ပန်လေးရယ်။ ကိုယ်နေဟန်ထား မတ်မတ်ကလေး။ ဆံပင်အရှည်ကြီးကို ကျစ်ဆံမြီးတုတ်တုတ်ကျစ်ပီး လက်ကိုင်ပုဝါအဖြူလေးနဲ့ စည်းနှောင်ပြီး ရင်ဘတ်အရှေ့ဖက် ချထားတယ်။ အဝါရောင်ဝမ်းဆက်ကလေးနဲ့ မျက်နှာလေးက ဖူးဖူးလေးရယ်။ ဘေးတိုက်အနေအထားကဆိုတော့ ခါးသေးသေးလေးနဲ့ ကိုယ်လုံးကိုယ်ပေါက်က လှတယ်ဆိုတာထက် ပိုတယ်ဗျာ။ ဆရာမတွေဝိုင်းဆူတာ ခံနေရတာတောင် မကြားတစ်ချက် ကြားတစ်ချက် ဖြစ်သွားတယ်။ သတိလက်လွှတ် ငမ်းနေမိတာ ဟီဟိ။

ဇွန်းခရင်းတွေကိုင်ထားတဲ့ လက်ချောင်းလေးတွေကလည်း သွယ်လျလျ၊ လက်မောင်းအိုးလေးတွေကလည်း ဆင်စွယ်နှစ်ရောင် အိစိစိလေးတွေ။ တို့လိုက်ရင် အိစက်စက်ကလေးနေမှာပဲ ဂလု ပေါ့။ ရင်ကလေးကလည်း ခါးတိုအင်္ကျီလေးဝတ်ထားတော့ မောက်မောက်ကလေးရယ်။ ဘေးခွဲခွဲထားတဲ့ ဆံနွယ်လေးတွေ မျက်နှာပေါ်ဝဲကျနေတာကို လက်ညှိုးလက်ခလယ် နှစ်ချောင်းနဲ့ ထိုးညှပ်ပြီး သပ်တင်လိုက်တော့မှ မျက်နှာကို အသေအချာ မြင်လိုက်ရတယ်။

ဒင့်မေကလွှား! ဒါ ဟို ရူပ‌ဗေဒသင်တဲ့ ဒေါ်ခင်ချိုမေ ပါလား။

ကျနော့်တစ်ကိုယ်လုံး ထူပူသွားတာပဲဗျာ။ (အခု ဒီစာရေးနေရင်းကို ရှိန်းတိမ်းတိမ်းဖီလင် ပြန်ဖြစ်လာတယ် ဟားဟား) ဒိန်းတလိန်း နတ်ဖမ်းစားပြီပေါ့လေ။ ဆရာမတွေဆူသမျှခံပြီး တဟီးဟီးလုပ်နေရင်း သူ့ကိုပဲ ခိုးခိုးကြည့်နေမိတယ်။ ခုနက သောက်ရှက်မရှိသမျှ အခုမှ သူရှေ့မှာ ဖဲသမားဆိုပြီး အဆူခံထိနေတာကို ရှက်သလိုလိုတောင် ဖြစ်လာတယ် အဟိ။

ခဏနေတော့ ဆရာမကြီးတွေ ထပြန်ကြတယ်။ ခြံအပြင်ထိ ကျနော် လိုက်ပို့ပြီးတာနဲ့ စားနေသောက်နေသေးတဲ့ အပျိုကြီးပေါက်စလေးဆီ အသာလေး ပြန်လစ်လာခဲ့တာပေါ့။ သတို့သမီး ကျနော့်ဒေါ်လေးက သူ့ဘေးမှာ ဧည့်ခံနေတာတွေ့လို့ ဝင်ဖောတော့တာပေါ့။ မမ.. သားလည်း ဗိုက်ဆာလာလို့ဆိုပြီး အဲ့ဒီဝိုင်းမှာတင် ဝင်ထိုင်ပြီး ထမင်းဝင်စားလိုက်ကော။ သူတို့နှစ်ယောက် ဟိုပြောဒီပြောလေးတွေလုပ်ပြီး တခွိခွိ လုပ်နေကြတာ ဟိုမော့ဒီမော့ လုပ်ရင်း ရှိုးနေလိုက်တာပေါ့ဗျာ။

“ ဟဲ့! ချိုမေ နင်ကော ဘယ်တော့ ယောကျာ်းယူမလဲ..။ အခုထိ အဆင်မပြေသေးရင် ငါ့ကိုသာ ပွင့်ပွင့်လင်းလင်းပြော။ နင့်ကို ငါတူမ တော်ပစ်လိုက်မယ်လေ..”

ဆိုပြီး ကျနော့်ဒေါ်လေးက သူ့သူငယ်ချင်းကို နောက်ပြောင်ရင်း ကျနော့်ကို မေးငေါ့ပြတယ်။ အဲ့ဒီမှာ ဆရာမလေးက မျက်နှာလေးရှုံ့ပြပြီး

“ လောင်းကစားသမားများအေ.. ပြန်အမ်းပါတယ်.. ကန်တော့ဆွမ်းပါ တော်..”

တဲ့။ ကျနော့်မျက်နှာကို တစ်ချက်မှမကြည့်ပဲ ပြန်ပြောတယ်ဗျ။ (ရင်ထဲမှာ ဘုရားပွဲလှည့်ကုန်တယ်ဗျာ ဟီးဟီး) သောက်ပေါလိုလို သောက်ရူးလိုလိုနဲ့ သူတို့ပြောသမျှ တဟီးဟီးနဲ့ ဝင်ရယ်လိုက်သေးတာ။ ခဏနေတော့ သတို့သမီး ကျနော့်ဒေါ်လေး ထထွက်သွားတယ်။

“ ဟဲ့! ဟိုကလေး နင့်ဆရာမလေးကို သေချာဧည့်ခံထားချေ။ ကြားလား..”

လို့ပြောပြီး ပြုံးစိစိနဲ့ လစ်သွားတယ်။ တစ်ဝိုင်းထဲမှာ နှစ်ယောက်ထဲ ကျန်ခဲ့လေတော့ကာ လူတွေစည်ကား ဆူညံနေတဲ့ မင်္ဂဆောင်ပေမယ့် ကျနော့်မှာ နှစ်ယောက်ထဲ တစ်ခြားကမ္ဘာရောက်နေတာလိုလို ဖီးလ်တွေဖြစ်နေတာ ဟီဟိ။ သူ့မျက်နှာကလည်း ထုံးစံအတိုင်း ရှုတင်းတင်းလေး။ ကျနော့်ကိုလည်း ရှိတယ်လို့ထင်ပုံ မရပါဘူး။

ဆရာမ.. ဘာလိုသေးလဲလို့ လောကွတ်ချော်ပြီး စကားသွားပြောတာတောင် မကြားချင်ယောင်ဆောင်နေတယ်။ ကျနော်ကလည်း မရှက်ဘူး။ ဟင်းတွေဘာတွေ ခပ်ပြီး သူ့ပန်းကန်ပြားထဲ ထည့်ပေးလိုက်သေးတာ။ ကျမမှာ လက်ပါတယ်.. လို့ ဟောက်သံလေးနဲ့ အော်လာမှ လန့်ပြီး ငြိမ်သွားလိုက်ရတာ ဟီး။ သိပ်မကြာပါဘူး မျက်နှာရူး ဖိုးသက်နဲ့ တစ်ဝိုင်းထဲစားနေရတာ အော့နှလုံးနာလို့နေမယ် မြန်မြန်လက်စသတ်ပြီး ထလစ်သွားတယ်။

အဲ့ဒီနေ့ညက အိပ်လို့မပျော်ခဲ့ဘူး ညီအစ်ကိုတို့ရာ။ တစ်ညလုံး ဆရာမလေးရဲ့ ချစ်စရာပုံစံလေးပဲ မျက်စိထဲ တစ်ဝဲလည်လည် မြင်နေမိခဲ့တာပေါ့။ နောက်ထပ် ၃-၄ ရက်လောက် ရောဂါက ဆက်တိုက်တက်လာပေမယ့်လို့ ဘယ်လိုမှ သွားပတ်သက်စရာအကြောင်းမရှိတဲ့ အခြေနေကြီးဆိုတော့ ယိုဖိတ်နေတဲ့ ချစ်စိတ်တွေ ရင်ထဲသိမ်းထားရင်း နေမထိထိုင်မသာ ဖြစ်နေတာပေါ့လေ။

တစ်မနက်ခင်းမှာ ကျနော့်မာတာကြီးက မနက်စောစော တို့ဟူးနွေးစားချင်တယ်ဆိုလို့ ဈေးထဲလစ်ပြီး တို့ဟူးနွေး ပါဆယ်သွားဝယ်ရတယ်။ အဲ့ဒီ ဟင်းသီးဟင်းရွက်တန်းအစွန်က တို့ဟူးနွေးရောင်းတဲ့ ခေါက်ဆွဲဆိုင်ထဲမှာ ဆရာမလေး ခေါက်ဆွဲမှာစားနေတာ သွားတွေ့တယ်ဗျား။ ဘယ်ရမလဲ ချက်ချင်း ခေါက်ဆွဲတစ်ပွဲမှာပြီး ပန်းကန်မလို့ လူတွေကြပ်နေတဲ့ ခေါက်ဆွဲဆိုင်ထဲ ဆရာမလေးရဲ့ဘေးမှာ ဝင်ထိုင်ပစ်လိုက်တာပေါ့ အဟိ။

“ မုန့်ညှင်းစိမ်း အချဉ်ပန်းကန်လေး လက်မမှီလို့ တစ်ချက်လောက် လှမ်းပေးပါ ခင်ည..”

ဆိုပြီး ကပ်ပြောလိုက်တော့ ဆတ်ကနဲ့ ငှဲ့ကြည့်လာတယ်။ ခပ်တင်းတင်း မိုက်ကြည့်တစ်ချက်ကြည့်ပြီး အချဉ်ပန်းကန်ကို ကျနော့်ဖက် တိုးပေးတယ်။ ပြီးတော့ ခေါင်းငုံ့ပြီး ခေါက်ဆွဲဆက်စားနေတယ်။ ကျနော့်မှာ ရင်တွေတုန်ပြီး ပျော်နေတာဗျာ။ မနက်စောစောစီးစီး လူသံတွေ ဆူညံပွက်လောရိုက်နေတဲ့ ဈေးထဲမှာ ခေါက်ဆွဲစားရင်း ဆရာမလေးနဲ့ ပူးကပ်ကပ်လေးထိုင် ကိုယ်သင်းနံ့မွှေးမွှေးလေး ခိုးရှူနေရတာလေ ဟဲဟဲ။ သူ့ပန်းကန်ထဲက ခေါက်ဆွဲတွေလည်း ကုန်သွားရော ပိုက်ဆံရှင်းမယ့်ဟန်နဲ့ ပိုက်ဆံအိတ်သေးသေးလေးကို ဇစ်ဆွဲဖွင့်တော့

“ ကျနော် ရှင်းထားပြီးသား..”

လို့ တိုးတိုးလေး ကပ်ပြောလိုက်တယ် ဟဲဟဲ။ အောက်နှုတ်ခမ်းကိုကိုက် ဘုကြည့်တစ်ချက်ကြည့်ပြီး ထထွက်သွားကောဗျာ။ ဘယ်ရမလဲ အီဖေကိုယ်ကလည်း စားလက်စ ခေါက်ဆွဲပန်းကန်ကို အသာလေးချပြီး လူကြိတ်ကြိတ်တိုးနေတဲ့ ဈေးထဲ အတင်းတိုးပြီး ဆရာမလေးနား ကပ်လိုက်သွားတော့တာပေါ့။

ဆရာမလေး အသီးအရွက်၊ အသားငါးလေးတွေ ဟိုဝယ်ဒီဝယ် လုပ်နေတာကို ဘေးကနေ မသိမသာ ကပ်လိုက်သွားရာကနေ၊ သူဈေးတွေဘာတွေ ဆစ်နေရင် ဘေးကနေ ပြုံးစိစိနဲ့ သွားရပ်ပြီး စကားဖောရောတွေ လိုက်လုပ်ပစ်တာ ဟီးဟီး။ (ကျနော်ငယ်ငယ်က အတော်သောက်ခွက်ပြောင်တာ မြင်ကြပြီမလား ခွိ) သူက ကျနော့်ကို အဖက်ကို ပြန်မလုပ်တာဗျ။

အဲ့လိုနဲ့ ဈေးထဲမှာ ဟိုတိုးဒီတိုး၊ သူ့ဘေးနားက ကပ်လိုက် ခွာလိုက် ဖြစ်နေရာကနေ ဈေးဝယ်ပြီး အပေါက်ဝက စက်ဘီးစတန်းနား ဈေးခြင်းလေးကိုင်ပြီး ထွက်လာတော့ ဘေးကနေ ရင်ကော့ ခေါင်းမော့ မသိချင်ယောင်ဆောင်လိုက်လာတဲ့ ကျနော့်ကို အောက်နှုတ်ခမ်းတင်းတင်းကိုက်ပြီး စကားလှမ်းပြောလာတယ်။

“ ဖဲသမား.. ကျမ ရှင့်အဒေါ်ခင်ခက်ကို ပြန်တိုင်မှာနော် …။ အရှက်ကိုမရှိဘူး တောက်!”

“ ဟီးဟီး.. ကျနော် ဘာလုပ်လို့လဲ..”

“ ဘာကိစ္စ အရှက်မရှိ ကျမဘေးနားကနေ ပြုံးဖြဲဖြဲလုပ်ပြီး လိုက်လာရတာလဲ”

“ မလိုက်ပေါင် ကိုယ့်ဖာကိုယ် ဈေးထဲလျှောက်ကြည့်တာ”

“ တောက်!”

“ ဆရာမလေးက စိတ်တိုရင် ပိုပိုချောလာတယ်ဗျ ဟီး..”

“ သတ္တိရှိရင် ဈေးအပြင်ထိ လိုက်လာခဲ့။ ဈေးအရှေ့က ဆရာမကြီး ဒေါ်ဒေါ်အုန်းကို ဝင်တိုင်မယ်”

“ အဟီး.. တာ့တာနော် ဆရာမလေး လစ်ပီ”

ဈေးထဲပြန်ဝင်ပြီး ပြေးလာခဲ့တယ်ဗျာ။ သူပြောတဲ့ ဆရာမကြီးဆိုတာ လမ်းမှာ ဆေးလိပ်သောက်နေတာမြင်ရင် နားရင်းဝင်ရိုက်တတ်တဲ့ ကျောင်းအုပ်ဆရာမကြီးဗျ။ တပည့်တွေ အကုန်ကြောက်ရတယ်။ ကျနော်လည်း ကြောက်တယ်လေ အဟီး။

ဈေးထဲပြန်ဝင် အမေမှာလိုက်တဲ့ တို့ဟူးနွေးလေး ပါဆယ်ဆွဲပြီး အိမ်ပြန်လာခဲ့တယ်။ တစ်လမ်းလုံး ပြုံးစိစိနဲ့ အူမြူးလာခဲ့တယ်ဗျာ။ ကျနော်တော့ ဒီဆရာမလေးကို ရေလည်သဘောကျနေပြီ။ မရအရကို အတင်းကြံတော့မယ်လို့ ဆုံးဖြတ်ထားလိုက်ပြီပေါ့။

——————————————–

ကျနော်တို့မြို့က တောမြို့သာသာရယ်ဆိုတော့ကာ (ရပ်ကွက်တောင် စုစုပေါင်း ၁၀ ခုလောက်ပဲရှိတာကိုး) အဲ့လို ချစ်ရေးကြိုက်ရာ ကိစ္စတွေပေါ်လာရင် အဆင်သိပ်မပြေဘူးဗျ။ ပြောချင်တာက ယောကျာ်းလေးတစ်ယောက် မိန်းမပျိုတစ်ယောက်နဲ့ တွဲသွားတွဲလာ လုပ်တာ၊ အနားသွားကပ်တာ ဘာညာဖြစ်လာရင် တစ်မြို့လုံး သတင်းပျံ့ကုန်တာမျိုးကိုး။

ခင်ဗျားတို့သိတဲ့အတိုင်း ကျနော့်တစ်ဖက်သတ် ဇာတ်လမ်းကလည်း ရူပဗေဒဆရာမလေးဇာတ်လမ်း ဆိုတော့ကာ သူ့မှာလည်း ဂုဏ်သိက္ခာဆိုတာ ရှိနေလေတော့ကာ ထင်သလောက် မလွယ်ဘူးပေါ့ ညီအစ်ကိုတို့ရာ။ ဘယ်လိုပုံစံမျိုးနဲ့ ချဉ်းကပ်ရမလဲ စဉ်းစားလို့တောင် မရဘူးရယ်။ အပေါ်မှာ ရေးပြခဲ့တဲ့ ဈေးထဲမှာဆုံပြီး အတင်းလိုက်ကပ်တဲ့ ကိစ္စကလည်း အမြဲတမ်းကြုံတာမျိုး မဟုတ်ဘူးလေ။ ကြုံတိုင်းလည်း အတင်းလိုက်လို့ မဖြစ်ဘူး။ သောက်ပြဿနာတက်လိမ့်မယ်။ ဆရာမလေးက ရှက်ရှက်နဲ့ အိမ်လာတိုင်ရင် ကွိုင်မယ်။ ဉာဏ်နီဉာဏ်နက် အမျိုးမျိုးထုတ်တာလည်း စဉ်းစားလို့ကို မရဘူး။ လူက ရင်မောစပြုလာပြီ။

ကျနော့်ဘဝမှာ သူ့မတိုင်ခင်ရှိခဲ့ဖူးတဲ့ “ပီယာနိုဆရာမလေး” ဆိုတာ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံတစ်ခုရယ်ထက် ပိုခဲ့ပေမယ့်လို့ (အချစ်ဦးကိုတော့ တစ်သက်မမေ့ဘူးပေါ့လေ) ရင်ဘတ်ထဲမှာ နင့်နင့်သည်းသည်း စပြီးခံစားဖူးတာ အခု ရူပဗေဒဆရာမလေးနဲ့မှဗျ။ တကယ်ပြောတာပါ။ ကျနော့်ဆိုက်ကိုက တစ်မျိုးကိုး။ ရှုတင်းတင်း ဘောက်ဆတ်ဆတ် မာကျောကျောတွေကိုဆို ရေလည်သဘောကျတာ အဟီး။

ကံကောင်းချင်တော့ တစ်ရက်မှာ ကျနော့်တပည့်ကျော်တွေထဲက အထက်တန်းကျောင်းသားတစ်ယောက်က ရူပဗေဒဘာသာတွဲမှာ တော်တော်အဆင်မပြေလို့ ကိုဖိုးသက် သင်ပေးပါဆိုပြီး ပူဆာလာတယ်ဗျ။ တပည့်ကျော်တွေဆိုတာက ဒီလိုလေ..။ ကျနော်က ရပ်ကွက်ထဲက ကလေးတွေကို ကုလားဖြူစာသင်ပေးနေတာ အဲ့ဒီတုန်းက။ ကိုယ်က ဘာမှသိပ်တတ်တာရယ်လို့တော့ မဟုတ်ဘူးပေါ့ဗျာ။ ပျင်းပျင်းနဲ့ အိမ်အလုပ်တွေအား၊ အသုဘဖဲဝိုင်းမဖြစ်တဲ့ အချိန်တွေဆို ချာတိတ်တွေခေါ်ပြီး အိမ်မှာ ကိုယ့်မှာရှိတဲ့ ကုလားဖြူပုံပြင်စာအုပ်တွေ ဖတ်ပြပြီး လျှောက်သင်တာပါ။ “စလေအညာက ပုလွေဆရာ” တို့ ဘာတို့ကနေ “တော်စတွိုင်း၏ဝတ္ထုတိုများ” အစရှိသဖြင့် ကိုယ်သင်ချင်တာတွေ လျှောက်သင်ပြီး ကလေးတွေကို ဆရာလုပ်တာပေါ့ဗျာ။ အဲ့ဒီချာတိတ်တွေထဲက ဆယ်တန်းကျောင်းသားတစ်ကောင် “ဖိုးထွေး” ဆိုတာ (နောက်တော့ ကျနော်နဲ့ရူပဗေဒဆရာမလေးကြားက အောင်သွယ်တော်ပေါ့) အဲ့ဒီချာတိတ်က ရူပဗေဒ သင်ပေးဖို့ ပူဆာလာတော့မှ ခေါင်းထဲမှာ ဖျတ်ကနဲ အကြံရသွားတော့တာဗျ။

ဟာ! ရူပဗေဒ ဆိုရင်တော့ ဒေါ်ခင်ချိုမေရဲ့ ကျူရှင်သာ သွားတက်ချေ ငါ့ညီ။ သူက သိပ်အသင်အပြကောင်းတာ..။ ကိုင်း! မထူးပါဘူး လာ.. လာ ငါကိုယ်တိုင် နင့်ကို ကျူရှင်လိုက်အပ်ပေးမယ်.. ဆိုပြီး ခေါ်သွားလိုက်တယ် ဟီဟိ။

ကျူရှင်ရောက်သွားတော့ ဆရာမလေးနဲ့ ဒဲ့မတွေ့ဘူးဗျ။ ကျူရှင်လက်ခံဖို့က သူ့အိမ်မှာ ဘော်ဒါဆောင်နေတဲ့ (သူက တပည့်မတွေနဲ့ တူတူနေပြီး အဆောင်ဖွင့်ထားတာ၊ သူ့အမေကြီးက တစ်ဖက်မြို့မှာ) တပည့်မတွေက ကတ်ထူကဒ်ပြားလေးနဲ့ နာမည်တွေဘာတွေ စာရင်းသွင်းတာ လက်ခံတယ်။ ချာတိတ်ရဲ့ ကျူရှင်လခတွေဘာတွေ ကျနော်ပဲ ပစ်ပြက်စိုက်ပေးလိုက်တာ ဟီး။ အဲ့ဒီမှာ မှန်းချက်နဲ့ နှမ်းတွက် မကိုက်ဘူး ဖြစ်နေရောပေါ့ဗျာ။ ဘယ့်နှယ် ဆရာမလေးကို တွေ့ရအောင် လာဖန်ကာမှ တပည့်မတွေနဲ့ တွေ့နေရတာကိုး။

ဒါနဲ့ မထူးဘူးဆိုပြီး ညီမလေးတို့ ဆရာမဒေါ်ခင်ချိုမေကော မရှိဘူးလား..၊ အစ်ကိုက သူ့တပည့်ဟောင်းပါ၊ အစ်ကို့ညီလေးကို သေချာအပ်ချင်လို့ စကားပြောချင်တယ် ဘာညာဆိုပြီး ရွှီးလိုက်တော့မှ.. ဆရာမ နောက်ဖေးမီးဖိုဆောင်နားမှာတဲ့။ နှစ်ထပ်ပျဉ်ထောင် သွပ်မိုးအိမ်ကြီးရဲ့ အောက်ထပ်မှာ ကျူရှင်သင်ပြီး အိမ်အနောက်ဖက်မှာ တစ်ထပ်မီးဖိုဆောင်လေး သပ်သပ်ဆောက်ထားတာကိုးဗျ။ (ခင်ဗျားတို့ ထူးဆန်းသော သစ်သားရုပ်ထုလေးဇာတ်လမ်း ဖတ်ခဲ့ဖူးရင် မှတ်မိမှာပါ)

ဒါနဲ့ တပည့်ကျော်ဖိုးထွေးကို ပုခုံးဖက်ပြီး မီးဖိုဆောင်နား ဆွဲခေါ်သွားလိုက်ကောဆိုပါတော့။ မီးဖိုဆောင်အနောက်နားက တရုတ်စကားပန်းပင်အောက်က သစ်သားကွပ်ပျစ်ကလေးပေါ်မှာ ဆရာမလေးနဲ့ တွေ့ရော။ သနပ်ခါးရေကြဲလေးပွတ်၊ အိမ်နေရင်း အဝတ်တစ်ပတ်နွမ်းလေးနဲ့ ညစာချက်ဖို့ ဟင်းရွက်ကလေးတွေ ဇကောထဲထည့်ပြီး ထိုင်သင်နေတာဗျ။ ကျနော့်မျက်နှာကိုလည်းမြင်ကော သရဲမြင်သလားမှတ်တယ် လန့်သွားတဲ့ ဟန်ကလေးဗျာ။ (ပြောရင်း မျက်စိထဲပြန်ပေါ်လာလို့ ပြုံးနေတယ် ဟီး) သောက်ခွက်ပြောင်ပြီး အိမ်ထဲထိ ဘာလာလုပ်တာလဲမသိဘူးဆိုတဲ့ ရုပ်ကလေးနဲ့ ဖြစ်သွားပုံလေးက အဲ့လို။

ကျနော်ကလည်း ခပ်တည်တည် လူကြီးလိုလို ဘာလိုလိုနဲ့ ဆရာမလေး.. ဒါကျနော့်ညီလေးပါ၊ ဖိုးထွေးတဲ့၊ ရူပဗေဒကျူရှင်လာအပ်တာ၊ ဆရာမကို အားကိုးပါတယ်၊ ဆုံးမပေးပါ ဘာညာတွေ လျှောက်ဖောပစ်တာပေါ့။ နည်းနည်းပါးပါး အာလူးဖုတ်ပြီးတာနဲ့ ဖိုးထွေးကို

“ ကိုင်း! ညီလေး သွားနှင့်၊ အစ်ကို ဆရာမနဲ့ စကားပြောလိုက်ဦးမယ်”

ဆိုပြီး လစ်ခိုင်းလိုက်တယ်။ နှစ်ယောက်ထဲ တရုတ်စကားပင်အောက်မှာ ကျန်ခဲ့တော့မှ ခုနကလို မဟုတ်တော့ပဲ လေသံတွေ ပြောင်းကုန်ကော အဟိ။

“ ဒီမယ်! ကျမဆီ နောက်ထပ်မလာခဲ့ပါနဲ့။ လာချင်တိုင်းလာရအောင် အသုဘအိမ်က ဖဲဝိုင်းများ မှတ်နေလား”

သေရောဗျာ စစချင်းမှာကို အဲ့လိုအဆင်ပြေချက်က။

“ ဟာဗျာ.. ဆရာမလေးရာ အဲ့လိုကြီးတော့ မပြောပါနဲ့။ ကျနော့်မှာ ဆရာမမျက်နှာလေး မမြင်ရရင် ရင်တွေပူပြီး သေမလိုဖြစ်လွန်းလို့ ကြံမိကြံရာကြံပြီး လာခဲ့ရတာကိုဗျာ”

“ တောမှာသွားပြောချေ။ ဒီကမျက်နှာက ဖဲထုပ်ထဲက ကုလားမမျက်နှာနဲ့ တူနေလို့လား”

“ ဟမ်!”

“ ကျမက ဂုဏ်သိက္ခာနဲ့နေတဲ့ မိန်းမစားမျိုး..။ သမ္မာအာဇီဝနဲ့ စာသင်စားနေတာ တန်ရာတန်ရာပြောပါ။ ရှင့်လို လူပေါ့လူသွမ်း ဖဲသမားများ ကန်တော့်ဆွမ်းပါဘုရား ဆိုတာလိုပဲ..”

“ အဲ့လောက်ထိ ပြောပေးရလား ဆရာမလေးရာ..။ ကျနော် မိကောင်းဖခင် သားသမီးပါဗျာ။ အခုပြောသလောက်ကြီးတော့ မဟုတ်ပါဘူး..”

“ ဟုတ်ပါတယ် ဆွေကြီးမျိုးကြီးပါ။ ဒီမြို့မှာ ရှင့်အသိုင်းအဝိုင်းက ဂုဏ်သရေရှိတွေပါ..။ ဒါပေမယ့် ရှင့်လို လောင်းကစားသမား လူမိုက် xxx oooo xxxxxx”

ငေါ့တော့တော့ လေသံစွာစွာလေးနဲ့ မျက်နှာမဲ့ပြီး ကျနော့်ကို စကားလှမ်းပြောနေတဲ့ ဆရာမလေးကို ကျနော် ငေးနေမိတယ်ဗျ။ သူပြောနေတာတွေကို ကြားတစ်ချက် မကြားတစ်ချက်ပဲ။ ဆိုးတေတေပုံစံနဲ့ နေချင်သလိုနေ ပေချင်သလိုပေခဲ့တာတွေအတွက် အခုမှ နောင်တရပြီ ရှက်လာမိတယ်။ အဆိုးဆုံးက ကိုယ့်ကိုယ်ကို သေချာဘာဖြစ်မှန်း နားမလည်ပဲ မျက်ရည်တွေဘာတွေ ဝဲကုန်တာဗျ ဟီဟိ။ ကိုယ်ချစ်မိတဲ့သူက ကိုယ့်ကို ကလေကချေတစ်ကောင်လို့ ပြောနေပြီကိုး။ ကျားကျားလျားလျား တုန်းတိုက်တိုက် ကျားကိုက်ကိုက်စိတ်မျိုး ပိုင်ရှင်ကနေ သိမ်ငယ်သွားလိုက်တာ ငိုမဲ့မဲ့မျက်နှာလေးနဲ့ ဆရာမလေးရှေ့မှာ ကလေးပေါက်စလေးလို ဖြစ်သွားရောဗျာ။ သောက်စကား အင်မတန်တတ်တဲ့ကောင်ဆိုပြီး လူပြောများတဲ့ကောင်က ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး။

နောက်တော့ ဆရာမလေး အသံတိတ်သွားတယ်။ သူ့ရှေ့မှာ လက်ကလေးနောက်ပစ်ပြီး ရပ်ရင်း မျက်နှာငယ်လေးနဲ့ မျက်ရည်ဝဲရင်း ငေးနေတဲ့ ကျနော့်ကို မြင်တော့ မျက်နှာက နည်းနည်းပျော့သွားတယ်။ (ဗျူဟာတွေပေါ့လေ အဟိ) မိန်းမတွေရဲ့ ဖျောက်မရတဲ့ ဗီဇပေါ့ဗျာ။ သနားတတ်တဲ့စိတ်လို့ ခေါ်မလားပဲ ဟဲဟဲ။ ပွစိပွစိလုပ်နေရာကနေ အံ့သြနေတဲ့မျက်နှာ ဖြစ်သွားရော။ ဒီကောင်လေးက ငါသိတာ လူဆိုးလူမိုက်ကလေးပါ.. အခုတော့ သနားစရာလေးပါလားပေါ့ ဟိ။ ဘာမှဆက်မပြောတော့ပဲ ဆံပင်ရှည်တွေ ဖားလျားချထားတာကို လက်နဲ့ကိုင်ရင်း နှုတ်ခမ်းနှစ်လွှာထဲညှပ်ပြီး ကိုက်ထားရင်း ကျနော့်ကို ခိုးခိုးကြည့်ရင်း ငြိမ်နေကောဗျ။

ခဏလောက်တော့ တိတ်ဆိတ်သွားကြသေးတယ်။ အဲ့ဒီမှာ မထူးတော့ပါဘူးကွာဆိုပြီး ကျနော်လည်း လည်ချောင်းတစ်ချက်ရှင်းပြီး သူ့မျက်နှာကို စိုက်ကြည့်ရင်း..

“ ကျနော် ဆရာမလေးကို အရမ်းချစ်တယ်သိလား”

လို့ မတိုးမကျယ်လေးပြောပြီး ချာကနဲ လှည့်ထွက်ခဲ့လိုက်ရော။

အဲ့ဒီလိုတွေဖြစ်ပြီး ၁ ပတ် ၂ ပတ်လောက်အထိ ရူပဗေဒဆရာမလေးကို မျက်နှာချင်းကိုမဆိုင်ဖြစ်တော့ဘူးဗျ။ အသည်းကတော့ ကွဲနေတာပေါ့။ ကိုယ်ကလည်း ကိုယ်ပဲလေ။ အော့ကြောလန်ကိုး။ ဘယ်သူက အထင်ကြီးမှာတုန်း။ သူက ကိုယ့်ထက် အသက်တွေအများကြီးကြီးတဲ့ ဆရာမလေးလေဗျာ။ မိုက်တိမိုက်ကန်း ချာတိတ်လေးကို ဘယ်လိုလုပ် ရည်းစားတော်မှာတုန်း။ သူ့အပြစ်လို့လည်း မဆိုသာဘူးမလား။

အဲ့ထက်ဆိုးတာက ဇာတ်လမ်းထဲမှာ ကျနော်ရေးပြခဲ့ဖူးတဲ့ အဖြစ်အပျက်ဗျ။ ခင်ဗျားတို့ဖတ်ဖူးပြီးသားပါ။ မြို့အစွန်ဘုရားပွဲက လောင်းကစားဝိုင်းမှာ လေးကောင်ဂျင်ထိုးတဲ့ ဇာတ်ကွက်။ ကျနော့်အိမ်က ဆီပေပါတွေ အဟောင်းပေးအသစ်ယူဖြန့်တဲ့ အလုပ်လုပ်တော့ မြို့အစွန်မှာ ဆီပေပါဖိုးသွားကောက်ရတယ်ဆိုပါတော့။ အဲ့ဒီခေတ်က တစ်ပေပါမှာ ၂၀၀၀ လောက်ရှိတာ။ ဆီဖိုးသွားတောင်းပြီးအပြန် ကိုရွှေဘကို အဖော်ခေါ်သွားမိတော့ကာ နေ့လယ် ၃ နာရီလောက် ဘုရားပွဲကိုဖြတ်ပြန်ရင်း လက်ထဲကပါလာတဲ့ ပိုက်ဆံ ၂၀၀၀ ကို ဂျင်ဝင်ထိုးပစ်လိုက်တာ ပြောင်ပါလေရောလား ဟီးဟီး။ လေးဆယ့်ငါးကျပ်တန်တစ်ရွက်ပဲ ကျန်တယ်။ အိမ်လည်း မပြန်ရဲတော့ဘူး။ အကြွေးတောင်းခိုင်းလိုက်တဲ့ ပိုက်ဆံကလည်းပြောင် ဗိုက်ကလည်းဆာ ဒါနဲ့ ခေါက်ဆွဲဆိုင်ဝင်ထိုင်တော့ တစ်ပွဲ အစိတ်တဲ့။ နှစ်ယောက်စားရင် ၅၀ ဆိုတော့ မလောက်မငဖြစ်ရော။ ဒါနဲ့ မစားဘူးကွာ ဒီလောက်တောင်ဖြစ်တာ ဆိုပြီး ခုနက ဂျင်ဝိုင်းကို ပြန်လစ်သွားပြီး ခေါက်ဆွဲဖိုးရှာမယ်ဆိုပြီး ဝက် ရုပ်ဇယားကွက်ထဲ လေးဆယ့်ငါးကျပ်တန်ကို ပစ်ထည့်လိုက်တယ်။ ဝက်ထွက်လာတော့ အလျော်ရတယ်။ ၃ ဆလျော်တာဆိုတော့ အရင်းနဲ့ပေါင်းရင် ၁၈၀ ဖြစ်သွားတယ်။

အဲ့မှာ အလျော်ရတဲ့ ပက်ဆံကို ကိုရွှေဘက မယူနဲ့ကွာ မထူးဘူး ချထားလိုက် ဆက်ထိုးတဲ့။ ဒါနဲ့နောက်တစ်လက် ဆက်ဖွင့်တော့ ဝက်ပဲထပ်ကျတယ်။ ၇၂၀ ဖြစ်သွားရော။ ကိုရွှေဘက ဘာမှမပြောသလို ကျနော်ကလည်း အလျော်ရတာကို မယူပဲ ဆက်ချထားလိုက်တယ်။ (အဲ့လို စိတ်တူကိုယ်တူမိုက်လွန်းလို့လည်း အတွဲမိခဲ့တာလား မသိပါဘူးဗျာ) တိုတိုပြောရရင် ဝက် ၆ လက် ၇ လက်တိတိ ဆက်တိုက်ထွက်ပစ်တာဗျာ။ ပိုက်ဆံဘယ်လောက်ဖြစ်သွားတယ်ဆိုတာ ကိုယ့်ဖာသာကိုယ် တွက်ကြည့်ကြပေတော့။ နည်းတဲ့အပုံကြီးကို မဟုတ်ဘူး။

လူတွေလည်း ဂျင်ဝိုင်းမှာ ပြုံတိုးပြီး ကြည့်ကုန်ပြီ။ ဒိုင်ကလည်း ဘယ်သူ့ကိုမှ အထိုးမခံတော့ဘူး။ ကျနော်တို့နဲ့ပဲ ချတော့တာ။ အဲ့ဒီမှာ ဂျင်လှည့်တဲ့လူပြောင်းတယ်။ “မိုးပျံတင်ဖေ” လို့ခေါ်တဲ့ ဂျင်ဝိဇ္ဇာ (အခုတော့ သေရှာပါပြီ) အဲ့ဒီ တင်ဖေကို ကျနော်က မှတ်မိသွားတယ်။ (ဖဲဝိဇ္ဇာတွေအကုန်လုံးကို သိတာကိုး) ဒါနဲ့ ဆက်မဆော့တော့ဘူး ရပ်ပစ်တယ်။ ဝတ်ထားတဲ့ ပုဆိုးကိုဆွဲချွတ်ပြီး (အောက်က ကမ္ဘာစိုးဘောကန်ဘောင်းဘီတိုနဲ့) ပိုက်ဆံပုံကြီးကို ကျုံးနေတဲ့ အချိန်.. ဂျင်ဝိုင်းဂိုဏ်းသားတွေက ရုတ်ရုတ်သဲသဲလုပ်တယ်။ ကိုရွှေဘက ခါးကြားထဲက ဓားမြှောင်ထုတ်ပြီး

“ …. သားကွ ကပ်လာရင် အသေပဲ”

ဆိုပြီး ရမ်း.. လူတွေရှဲကနဲ အဖြစ်မှာ ကျနော်က ရှေ့ကနေ ဘောင်းဘီတိုလေးနဲ့ ပုဆိုးနဲ့ထုပ်ထားတဲ့ ပိုက်ဆံထုပ်ကြီး ထမ်းပြီပြေး.. အနောက်ကနေ ကိုရွှေဘက ဓားမြှောင်တပြပြနဲ့ လုံခြုံရေးယူပြီး ပြေးလိုက်လာ.. “စူပါစိန်” အဖွဲ့သားတွေက နောက်ကလိုက် (စူပါစိန်ဆိုတာ ဂျင်ဝိုင်းနာမည် အဟီး) ပွဲခင်းလမ်းမပေါ်မှာ ဖုန်တွေတထောင်းထောင်းကို ထနေတာပဲ။

အဲ့ဒီမှာ ကံကမကောင်းချင်တော့ ညနေစောင်း ဘုရားကုန်းတော်ပေါ် ဘုရားဝတ်တက်လာလုပ်တဲ့ မြို့ထဲကအဖွဲ့တွေ ပွဲလမ်းမကြီးအတိုင်း ယောဂီဝတ်စုံလေးတွေနဲ့ လာနေကြတာဗျာ။ ကျနော်နဲ့ ကိုရွှေဘက ရှေ့ကနေပြေး နောက်က လူအုပ်ကလိုက်နဲ့ ဓာတ်ရှင်ရိုက်နေတာကို အတိုင်းသား မြင်နေရတာပေါ့။ ရူပဗေဒဆရာမလေးနဲ့ သူ့တပည့်မလေးတွေ ယောဂီဝတ်စုံကိုယ်စီနဲ့ ရပ်ကြည့်နေကြတာ သေရောပေါ့။ ပြေးရင်းလွှားရင်းနဲ့ ကျနော် မြင်ဖြစ်အောင် မြင်လိုက်တာက ဆရာမလေးရဲ့ ရွှံရှာတဲ့ အကြည့်တွေပေါ့ဗျာ။ ရင်ထဲမှာကို အောင့်သွားတာပဲ။ သွားပါပေါ့လားဗျာ။ သေချာတော့ မစဉ်းစားအားပါဘူး။ ပြေးနေလွှားနေရတာကိုး အဟီး။

တိုတိုပြောရရင် အိမ်ပြန်ရောက်သွားကြတယ်ပေါ့။ ပိုက်ဆံတွေ သိန်းချီအောင် ဂျင်နိုင်လာပေမယ့် မပျော်ဘူးဗျ။ ကိုရွှေဘကတော့ အူမြူးပြီး စားကောင်းသောက်ကောင်းတွေနဲ့ အောင်ပွဲခံနေပေမယ့် ကျနော်ကတော့ ငါ့ကို ဆရာမလေး တသက်လုံး ပြန်မချစ်တော့ပါဘူးဆိုတဲ့ စိတ်နဲ့ခွေနေရော။ အခုပြောတဲ့ ဇာတ်လမ်းကလည်း တစ်မြို့လုံးပျံ့သွားတာ ဟိုးဟိုးကျော်နေပြီဆိုတော့ ပိုဆိုးပြီလေ။ ကျော်ဇောမှု ဖြစ်နေပြီ အဟီး။

လူမသိသူမသိ ကြိတ်ဆွေးလေး ဖြစ်နေရာကနေ တစ်ရက်တော့ ဘယ်လိုမှမခံနိုင်တော့ဘူး။ ကိုရွှေဘနဲ့ အရက်ဆိုင်ကအပြန် အတော်မူးလာတယ်။ သူ့အိမ်ကိုယ့်အိမ် ပြန်အိပ်ကြရင်း မူးမူးနဲ့ စိတ်က ရူပဗေဒဆရာမလေးဆီပဲ ရောက်ရောက်သွားတော့ ဖြစ်ချင်ရာဖြစ်ကွာဆိုပြီး ညသန်းခေါင်ကျော် အိပ်ယာကထပြီး အိမ်ကနေ တစ်ယောက်ထဲ ထွက်လာခဲ့တယ်။ လမ်းတစ်ဝက်လောက်ရောက်တော့ မိုးတွေကလည်း တဝုန်းဝုန်း ရွာချပစ်လိုက်တာဗျာ လူကို စိုရွှဲကုန်တယ်။ ဒိန်းတလိန်းနတ် ဖမ်းစားခံထားရတော့ မှောင်မဲမဲ မိုးကြီးလေကြီးထဲ မမြင်မကမ်းနဲ့ ဆက်လျှောက်လာတာ ဆရာမလေးအိမ်ရှေ့ထိ ရောက်လာတယ်။ သေချာကို မစဉ်းစားတော့ဘူး။ အိမ်ခြံစည်းရိုးကို ကျော်ဝင်တော့တာပဲ။ လူက သွေးကြွနေတာကိုး။

ဆရာမလေးအိမ်အောက် ရောက်သွားတယ်။ ဘော်ဒါဆောင်နေတဲ့ တပည့်မတွေက အောက်ထပ်မှာနေပြီး ဒေါ်ခင်ချိုမေက အပေါ်ထပ်မှာအိပ်မှန်း တပည့်ကျော်ဖိုးထွေးကို စုံစမ်းခိုင်းထားတော့ သိနေတယ်လေ။

နေဦးဗျ။ ကျနော် အခုဆက်ပြောမှာတွေက ရာဇဝတ်မှုများမြှောက်နေလား မသိဘူး အဟီး။ ကျနော့်စာကို ဖတ်နေတဲ့အထဲမှာ ညီလေးအရွယ် ချာတိတ်တွေပါနေခဲ့ရင် ကြိုမှာထားမယ်နော်။ ကျနော် ရေးပြတာတွေက မကောင်းဘူးနော်။ လိုက်မလုပ်ကြပါနဲ့။ ကျနော့်တုန်းက မိုက်ကန်းကန်း သောက်ရူးမို့လို့ လျှောက်လုပ်တာ လိုက်လုပ်လို့ ပြဿနာတက်ရင် ထောင်ထဲဝင်ရမယ့်အပေါက်မို့ ကြိုပြောထားမယ်။ မမိုက်ကြပါနဲ့လို့ ဟီး။

ဖိနပ်ချွတ်ပြီး အိမ်ဘေးနား ကပ်ပေါက်နေတဲ့ မန်ကျည်းပင်ကို တွယ်တက်တော့တာပဲ။ မန်ကျည်းကိုင်းတစ်ခုက ပြူတင်းပေါက်နားအထိ ရောက်တာကိုး။ မူးကလည်းမူး မိုးရေတွေကလည်း စိုနေတော့ ချောကျမလိုဖြစ်လိုက် အတင်းကုတ်ကတ်တက်လိုက်နဲ့ ပြူတင်းပေါက်နား ရောက်သွားတယ်။ မိုးရွာနေတော့ကာ ပြူတင်းပေါက်က ပိတ်ထားတယ်ဗျ။ တံခါးကြားထဲကနေ အခန်းထဲက မီးရောင်ထွက်ကျနေတော့ကာ လူရှိနေမှန်း သတိထားလိုက်မိတယ်။ ပြူတင်းပေါက်ကို ကိုယ်နည်းနည်းကိုင်းလိုက်ရင် လှမ်းကိုင်လို့ရတယ်ဗျ။ ခပ်ပြင်းပြင်း တစ်ချက်လောက် ဒေါက်ကနဲ ခေါက်လိုက်ပြီး ငြိမ်နေလိုက်တယ်။ အထဲက ဘာသံမှမကြားရဘူး။ ခဏလောက် ငြိမ်နေလိုက်ပြီး နောက်တစ်ချက် လှမ်းပုတ်လိုက်ပြန်တယ်။ အဲဒီမှာ အခန်းထဲကနေ ပြူတင်းပေါက်ကို ကျွိကနဲ တွန်းဖွင့်လာကော။

ကံကောင်းထောက်မစွာနဲ့ ကျနော့်ဆရာမလေး ဒေါ်ခင်ချိုမေ ဖြစ်နေတယ်ဗျာ။ ပြူတင်းပေါက်နဲ့ ကျနော် တက်ခွထိုင်ထားတဲ့ သစ်ကိုင်းက တစ်ညီထဲလောက်ကျနေတော့ အခန်းထဲက မီးရောင်နဲ့ ဘွားကနဲ ကျနော့်ကို မြင်လိုက်ရကော ဆိုပါတော့။ လန့်ပြီး အော်တယ်ဗျ။ ဘယ်သူမဆို လန့်သွားမှာပဲလေ။ မိုးရေတွေစိုရွှဲနေတဲ့ လူတစ်ယောက် သစ်ကိုင်းပေါ်တက်ထိုင်နေတာ ဘွားကနဲ မြင်လိုက်ရမှတော့ လန့်မှာပေါ့ ဟီး။ လန့်လားမလန့်လား ရင်ဘတ်ကို လက်နဲ့တောင် ဖိထားရရှာတယ်။ မှင်တက်ပြီး ကြောင်ငေးနေတာ။

နောက်တော့မှ သတိဝင်သွားဟန်နဲ့ ပြူတင်းပေါက်ကို ပြန်ပိတ်ဖို့ လုပ်တယ်။ (ဘယ်သူမှန်းမသိဘူး ထင်တယ်) ကျနော်ကလည်း မြန်တယ်ဗျ။ ပြူတင်းပေါက်ဘောင်ပေါ် လက်နဲ့ဖမ်းဆွဲပြီး အတင်းကုတ်တက်တော့တာ။ ပါးစပ်ကလည်း ဆရာမလေး.. ကျနော် ဖိုးသက်ပါ.. မကြောက်ပါနဲ့ပေါ့ ဟီဟိ..။ ဒေါ်ခင်ချိုမေကလည်း ကျနော်ဘာပြောနေမှန်း သေချာကြားပုံမရဘူး ပြူတင်းပေါက်တံခါးကို အတင်းဆွဲပြီး အမေရေ.. ကယ်ပါဦးတဲ့ ဟားဟား။ မိုးတွေတဝေါဝေါနဲ့မို့ အောက်ထပ်က ကောင်မလေးတွေ မကြားလို့ တော်ပါသေးလား။

နောက်ဆုံး အတင်းတိုးတက်ပစ်လိုက်တာ အခန်းထဲကို ဒလိန့်ခေါက်ကွေး ဝင်သွားရော။ ဆရာမလေးခင်မျာလည်း ကျနော် အတင်းတိုးဝင်ပစ်တာခံရတော့ နောက်ပြန်ဖင်ထိုင်လျှက် ကြမ်းပြင်ပေါ် ဝုန်းကနဲ ကျသွားတယ်။ ဆရာမလေး.. ဆရာမလေး မကြောက်ပါနဲ့ ကျနော်ပါ ကျနော်ပါ ဆိုပြီး ဗလုံးဗထွေးပြောနေတဲ့ ကျနော့်ကို တစ်ကိုယ်လုံး ဆတ်ဆတ်တုန်ရင်း ငေးကြည့်နေတာဗျာ။ မီးရောင်အောက်မှာ မိုးရေတွေစိုရွှဲပြီး ကြမ်းပြင်ပေါ် ငုတ်တုတ်ထိုင်နေတဲ့ ကျနော့်ကို မှတ်မိသွားတယ်။

.............................................................



အပိုင်း ( ၂ ) ဆက်ရန် >>>>>



ကျွန်တော့် ရူပဗေဒဆရာမလေး အပိုင်း ( ၄ )

ကျွန်တော့် ရူပဗေဒဆရာမလေး အပိုင်း ( ၄ ) 

{ ဇာတ်သိမ်းပိုင်း }

ရေးသားသူ - ချမ်းကို (Chan Ko)

တကယ်တမ်း ပြောရရင် အဲ့ဒီတုန်းက ကျနော့် အသက်ကလေးမှ ၂၀ မပြည့်တပြည့်ရယ်ဗျ။ ဆရာမ လေးက ၂၆-၂၇ ထင်တာပဲ။ ဒါပေမယ့် တခြားသူတွေလို သမီးရည်းစားဖြစ်ကြ ချစ်ကြပြုကြလောက်တင်မကဘူးရယ်။ ကျနော်ပြောခဲ့သလိုပဲ သူက ခပ်ထက်ထက် ခပ်စွာစွာ ရှုတင်းတင်း အရှက်အကြောက်ကြီးတဲ့ ဆရာမလေး။ ကျနော်က ခပ်ဆိုးတေတေနဲ့ လူရမ်းကားလေး..။ အဲ့လို အခြေအနေတွေကနေ ချစ်မိခဲ့ကြလေတော့ အရူးအမူးဆိုကြပါတော့ဗျာ။ ငယ်ရွယ်မိုက်မဲတဲ့ အရွယ်မို့လားမသိဘူး ဆရာမလေးကို ချစ်မိပြီဆိုတာနဲ့ ရချင်နေတာဗျ။ ရချင်တယ်ဆိုတာ တစ်ခါထဲ အိမ်ထောင်ကျပစ်ချင်တာ ပြောတာ။

သူနဲ့ကျနော် ချစ်သူစဖြစ်ပြီဆိုကတည်းက အဘွားတို့၊ ဒေါ်ကြီး၊ ဒေါ်လေးတို့ကို ပေါ်တင်သွားပြောထားတာမျိုး။ ဆရာမလေး ဒေါ်ခင်ချိုမေနဲ့ သားသားနဲ့ ချစ်နေကြပြီလို့ ဟီဟိ။ ဘယ်သူက ယုံမှာတုန်း။ ဟဲ့ အရူး နင်ဖြစ်ချင်တာတွေ လျှောက်ပြောမနေနဲ့ သူများ သိက္ခာကျနေမယ်တဲ့ ဟီး။ ဟိုကဖြင့် ရုပ်ချော ပညာတတ် ဆရာမလေး၊ လာကြောင်းလှန်းတဲ့ ဂုဏ်သရေရှိတွေကို ပုံလို့၊ နင့်လို အော့ကြောလန် ကလေးပေါက်နစကိုများ စဉ်းစားနေပါဦးမယ် ဆိုလား။ မယုံရင်လည်းပြီးကော ကြည့်ထားလိုက်ပါ တစ်နေ့နေ့တော့ မိန်းမလိုက်တောင်းပေးဖို့ ပြင်ထားကြပါလို့ ရာဇသံပေးထားလိုက်တယ် အဟိ။

အဲ့ဒီနောက်ပိုင်း ကျနော့် အမူအရာတွေက ထူးခြားလာတာကို အိမ်သားတွေ သတိပြုမိလာတယ်။ ကိုရွှေဘနဲ့ ပေါင်းပေါင်းပြီး တစ်ခုမဟုတ်တစ်ခု မကောင်းတာတွေ လျှောက်လုပ်ကြတာတွေကို လျှော့လာတာမျိုး။ အသုဘဖဲဝိုင်းတို့၊ အရက်ဆိုင်တို့ နေ့စဉ်နဲ့အမျှ မသွားဖြစ်ကြတော့ဘူး။ ထစ်ကနဲရှိ ပွဲဆူတတ်တဲ့ အကျင့်တွေ ဖျောက်စပြုလာတာမျိုး။ ကျနော့်မူလဗီဇက ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် မတရားဘူးထင်ရင် ဝင်ဝင်ပါတယ်ဗျာ။ Don Quixote ဝတ္ထုထဲက ပေါတောတော သူရဲကောင်းပေါ့လေ။

ဥပမာ ပြောရရင်ဗျာ ညဖက်မြို့လယ်ခေါင်မှာ ကောင်မလေးတစ်ယောက်ကို ဘယ်ကမှန်းမသိတဲ့ကောင်တွေက အတင်း ဂျစ်ကားပေါ် ဆွဲတင်နေတာမြင်တော့ ဟေ့ရောင်တွေ ကောင်မလေးကို လွှတ်လိုက်ပေါ့ ဟီး။ ရုပ်ရှင်ထဲကအတိုင်းဆို နှောက်ယှက်နေတဲ့ကောင်တွေနဲ့ ကျနော်နဲ့ ချကြနှက်ကြ၊ ကောင်မလေးက အမလေး ကျေးဇူးတင်လိုက်တာ အစ်ကိုရယ် ဘာညာပေါ့။ တကယ်တမ်းကြတော့ အဲ့ဒီကောင်တွေနဲ့ ကျနော် ပြဿနာတက်ပြီဆိုတာ မြင်သွားကြတာနဲ့ ကျနော့်ဘော်ဒါတွေက အုပ်စုလိုက်ဝိုင်းလာ၊ ဆော်ကြချကြတွေဖြစ်၊ သူတို့ဂျစ်ကားပေါ်ဆွဲတင်နေတဲ့ ကောင်မလေးက ဈေးငြှိမရတဲ့ ဖာသယ်မဖြစ်နေ၊ တစ်မြို့လုံး သတင်းပျံ့သွားတဲ့အခါ ဖိုးသက်တို့ကောင်တွေ ဖာသယ်မလုရင်း မြို့လယ်ကောင်မှာ ရိုက်ကြတယ်ပေါ့။ အဲ့ဒါမျိုးတွေဗျ ဟီး။ အဲ့လိုမျိုးတွေ ဖြစ်လာရင်လည်း မဖြေရှင်းဘူး မင်းတို့ဖာသာ ထင်ချင်သလိုထင်ဆိုတဲ့ မျက်နာပေးနဲ့ရယ်။ ပတ်ဝန်းကျင်ကို ဂွတိုက်ချင်တဲ့ အရွယ်လေးကိုးဗျာ။

တကယ်တော့ အဲ့ဒီတုန်းက ကျနော်ဟာ မြင်းရိုင်းတစ်ကောင်ပဲ။ ဆင်ခြင်တုံတရား ပြည့်ဝပြီး အကိုင်အတွယ်တတ်တဲ့ ဂျော်ကီဆရာမလေးနဲ့ တွေ့ပြီးတဲ့နောက်မှာ ပြိုင်မြင်းတစ်ကောင်အဖြစ် ပြောင်းလဲခဲ့တာပေါ့။ ရေစက်ပြင်ပေးရင်း ချစ်သူစဖြစ်ခဲ့ရတဲ့နေ့ကစပြီး ဆရာမလေးကို ဇနီးတော်ချင်တယ်ဗျာလို့ တောင်းဆိုလိုက်တိုင်း ပြုံးစိစိနဲ့ ဖဲရိုက်ကျွေးမှာလား ကိုဖိုးသက်လေးဆိုပြီး ဇာတ်လမ်းစလာတော့တာဗျ။ ဟိုဟာမလုပ်နဲ့ ဒါမလုပ်နဲ့ တစ်ခွန်းမှ မပြောဘူးနော်။ မထိတထိနဲ့ သူဖြစ်စေချင်တဲ့ အခြေအနေရောက်အောင် ပဲ့ပြင်သွားတာ။

ကျနော်တို့က မိရိုးဖလာ ကုန်သည်တွေဆိုတော့ အိမ်အလုပ် ပွဲရုံအလုပ်တွေကို အသားကုန် ဝင်လုပ်ပြီး ကြိုးစားတော့တာကိုး။ ပိတ်ထားတဲ့ကျောင်း ပြန်ဖွင့်မဖွင့်ဖို့ကလည်း မရေရာတော့တဲ့ အချိန်ဆိုတော့ တက္ကသိုလ်ဆိုတဲ့ စကားလုံးကို မေ့ထားလိုက်ပြီ။ အိမ်အလုပ်တွေ အကုန်တတ်ကျွမ်းပြီး ငါ့ခြေငါ့လက်ဖြစ်တဲ့နေ့ မိန်းမယူမယ်ပေါ့ဗျာ။ ကျမရဲ့ ကိုဖိုးသက်လေးက တော်လိုက်တာရှင် လိမ္မာလာပြီကော ဆိုတဲ့ စကားလေးရယ်၊ ဒါမှ ချို့ကောင်လေးဆိုပြီး အတင်းဖက်ထားရင်း မွှေးမွှေးပေးတာလေးနဲ့တင် လူက မြှောက်တက်နေပြီ ဆိုပါတော့။ အဲ့လို အခြေအနေတွေကြောင့်ပဲ ကျနော့်ကို အလိုလိုက်လာရာကနေ အပေါ်မှာရေးပြခဲ့သလို လက်လွန်ခြေလွန်အဆင့်ထိ ရောက်လာတာလို့ဆိုရမယ် ထင်တယ်။ အဲ့ဒီတော့ကာ သူများသမီးရည်းစားတွေနဲ့ မတူတာတွေ ဖြစ်ကုန်တယ်ဆိုပါတော့။

မတူဘူးဆိုတာက ဒီလိုဗျ။ အတော်များများသော စုံတွဲတွေက ပထမဆုံး လိင်ဆက်ဆံဖူးစဥ်က ကျနော်တို့ ပြောသလိုတွေ မပြောဘူးထင်တာပဲ။ ကလေးမွေးမယ်တို့ ဘာတို့ ဆိုတာတွေလေ။ ချစ်ကြ ကြိုက်ကြ လူကျီစယ်ကြရင်း ဖိုမသဘာ၀အရ လိင်ဆက်ဆံဖြစ်သွားကြတယ် ဆိုတာလောက်ပဲ ရှိမယ်ထင်တာပဲ။ ကျနော်နဲ့ရူပဗေဒဆရာမလေးတို့ ပထမဆုံးအကြိမ် ဖြစ်ခဲ့စဥ်က အဲ့လိုတွေ မဟုတ်တော့ဘူး။ ကလေးတွေ ဘာတွေ မွေးချင်နေကြတာ အဟီး။ ဘယ်လိုကြီးမှန်း မသိဘူး။ သူက ကျနော်နဲ့တူတဲ့ ခပ်ဆိုးဆိုး သားလေးလိုချင်၊ ကျနော်က ရူပဗေဒဆရာမလေးနဲ့တူတဲ့ သမီးလေးလိုချင် အငြင်းတွေတောင် ပွားကုန်ကြတာဗျာ။ အောင်အောင်မြင်မြင် ပထမဆုံး ဖြစ်သွားတာနဲ့တင် ကြည်နူးပြီး စိတ်ကူးတွေယဥ်ကုန်ကြပြီ တစ်မျိုးတော့ တစ်မျိုးရယ်။

ချော်တောငေါ့ရရင် အတ္တဘဝမှန်ဝါဒီတွေ ပြောတဲ့ “ဖြစ်တည်မှု” မတူဘူး ဆိုတာဗျာ ..။ လူနဲ့ အရာဝတ္ထုတွေရဲ့ ဖြစ်တည်မှုက ကွဲပြားတယ်။ ဥပမာ ဓားတစ်ချောင်းကို ထုမယ့် ပန်းပဲဆရာဟာ မလုပ်ခင် ဓားရဲ့ပုံသဏ္ဍန်ကို အရင်တွေးတယ်။ ဘယ်အရွယ်အစား၊ ဘာပုံစံ၊ ဘယ်လို သံအမျိုးအစားနဲ့ လုပ်မယ်ပေါ့။ အဲ့လို ယူဆချက်က အရင်လာပြီးမှ ဓားတစ်ချောင်းဆိုတာ ဖြစ်တည်လာတာ။

လူတွေမှာတော့ အဲ့လိုမဟုတ်ကြဘူး။ လူယောကျာ်းနဲ့ မိန်းမ လိင်ဆက်ဆံကြတယ်။ ဘာဖြစ်လာမယ်ဆိုတာ အရင်မတွေးဘူး လိင်စိတ်သက်သက်နဲ့ လိင်ဆက်ဆံရာကနေ လူသားတစ်ယောက် ဖြစ်တည်လာတယ်။ အဲ့ဒီမှာ အနှစ်သာရနဲ့ ဖြစ်တည်မှု ကပြောင်းကပြန် ဖြစ်နေတဲ့အတွက် လူနဲ့ အရာဝတ္ထုတွေရဲ့ ဖြစ်တည်မှု ကွဲတယ် ဘာညာပေါ့။ ( သေချာတော့ မမှတ်မိပါဘူး၊ ငယ်ငယ်က ဖတ်ဖူးတာ၊ တော်ကြာ ကန့်တို့ဟိုက်ဒေးဂါးက ဘာပြုတယ် ညာပြုတယ်ဆိုပြီး ကိုပေါကြီး ဝင်ဗျင်းမှာလည်း ကြောက်ရသေး၊ မောင်ချမ်း ရွှီးနေတာနော် ဟီးဟီး )

ပြောချင်တာက အဲ့ဒီအယူအဆက ကျနော်နဲ့ရူပဗေဒဆရာမလေးတို့အတွက် မမှန်ဘူး အဲ့ဒါပဲ။ စပြီးလုပ်ကြကတည်းက ရှင်နဲ့တူတဲ့ဟာလေး လိုချင်တာ.. ဆရာမလေးနဲ့ တူတဲ့ဟာလေး လိုချင်တာ အဲ့လိုတွေဖြစ်ပြီး ပျော်နေကြတာဗျ။ ပန်းပဲထုသလိုပေါ့ အဟိ။

အဲ့ဒီမှာ ဘာကွာသလဲဆိုတော့ ဒီအပေါက်ထဲ ဒီအတံ သွင်းကြတာချည်းပါပဲ။ တစ်ချက်ချင်းသွင်းရင်း သူ့မျက်နှာ ကိုယ့်မျက်နှာလေး စိုက်ကြည့်ရင်း ရင်ထဲမှာ လိင်ဆက်ဆံလို့ ရလာတဲ့ ဖီလင်တစ်ခုထဲတင်မကဘူး မျှော်လင့်ချက်တွေနဲ့ဗျာ၊ ရင်ထဲ တလှပ်လှပ်ကိုဖြစ်ပြီး ကြည်နူးလိုက်ရတာ အရမ်းပဲ။ ကျနော် ပြောတာတွေက ခင်ဗျားတို့အတွက် နားလည်ရ ခက်ချင် ခက်နေလိမ့်မယ်။ အဲ့ဒီတုန်းက ခံစားချက်က ကျနော် ပြောခဲ့တဲ့အတိုင်းပဲ။

ကိုင်း! တော်ပါပြီ အုပ်တဲ့ဟာလေးတွေ ဖတ်ချင်လို့ပါဆိုနေ မဆိုင်တာတွေ အာလူးဖုတ်တာ များကုန်ပြီထင်တယ် အဟီး။ အပေါ်က အဆက်ကလေး ဆက်ပြောကြစို့။ မူးမူးနဲ့ လျှောက်ရွှီးတာ လက်လွန်သွားတယ်။ ဆောရီးပဲ ညီအစ်ကိုတို့။

အဲ့ဒီညက ဆရာမလေးဆီ ပြန်သွားတဲ့ အကြောင်းလေး ဆက်ပြောမယ်နော်။ အိမ်ပြန်ရောက်ပြီး ဖိန့်ဖိန့်နဲ့ ဂိုဒေါင်မှာ လော်လီတွေ ကုန်လာတင်တာကို တာလီမှတ် ဘာညာတွေ ဝင်လုပ်ပေးတာ မိုးစုံးစုံး ချုပ်သွားတယ်။ အားလုံးပြီးတော့မှ ရေမိုးချိုး ထမင်းစား၊ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို အဒေါ်တွေဆီ ရီပို့တင်၊ လူလိမ္မာလေးအထာနဲ့ ဧည့်ခန်းထဲထိုင်နေတဲ့ အဘွားကို ဇက်ကြောလေး ဘာလေး ပလက်ကင်ဆွဲ၊ စကားစမြည်ပြော အစရှိတာလေးတွေ လုပ်ပြီးတော့မှ အိမ်သာတက် သွားတိုက် ခြေလက်ဆေး ခပ်တည်တည်နဲ့ အိပ်ယာဝင်တော့မလိုလို လုပ်ပြီး လူပျိုဆောင်ဖက် ဝင်လာခဲ့တယ်။ ( အိမ်မကြီးမှာ လူကြီးတွေနေပြီး ခြံဝိုင်းထဲမှာပဲ နောက်ထပ် အိမ်တစ်ဆောင် ဆောက်ထားပြီး ကျနော့်ဖာသာ တစ်ယောက်ထဲ အိပ်တာ ) နည်းနည်းလေး လူခြေတိတ် ညဥ့်နက်လာတော့မှ တံခါးကို အသာလေးဖွင့်ပြီး လစ်ထွက်လာခဲ့လိုက်တယ်။ ဆရာမလေးအိမ်ဖက်ကို ပုန်လျှိုးကွယ်လျှိုး ဒိုးလာခဲ့တာပေါ့။ နေ့လည်က အဆင်ပြေထားတာဆိုတော့ လူလည်း အပျော်လွန်နေတော့ကာ လမ်းမနဲ့ခြေထောက် ထိတယ်လို့တောင် မထင်ဘူး။ လှစ်ကနဲ လှစ်ကနဲကို ဖြစ်နေတော့တာပဲ။

ဆရာမလေးရဲ့ခြံဝင်းထဲ ကျော်ဝင်လိုက်ပြီးတာနဲ့ ခြေသံလုံလုံနဲ့ အိမ်ဘေးကနေပတ်ပြီး နောက်ဖေး လှေကားကနေ အသာလေး အသံမမြည်အောင် တက်သွားလိုက်တယ်။ အိမ်အပေါ်ထပ် နောက်ဖေးတံခါးမကြီးက သာသာလေး စေ့ရုံစေ့ထားပေးတာကိုး။ ဟိုတခါကလို အပင်ပေါ် တွယ်တက်ဖို့ မလိုတော့ဘူး ဟီး။

ဆရာမလေးရဲ့ အိပ်ခန်းရှေ့ရောက်တော့ မီးရောင်လေး ထွက်နေတာနဲ့ တံခါးကို အသာလေး ဖိတွန်းကြည့်လိုက်တော့ ပွင့်သွားတယ်။ အခန်းထဲရောက်သွားပြီး တံခါးကို ဂျက်ထိုးလိုက်တယ်။ ဘေးဘီဝဲယာကို အသာလေး အကဲခတ်လိုက်တော့မှ ကုတင်ပေါ်မှာ နံရံကိုမှီပီး စာအုပ်တစ်အုပ် ဖတ်နေတဲ့ ဆရာမလေးကို မီးချောင်းရောင်ဖွေးဖွေးအောက်မှာ တွေ့လိုက်ရတယ်။ ကုတင်ဘေးက စာကြည့်စားပွဲပေါ်မှာ တရုတ်ကက်ဆက်ကလေးနဲ့ သီချင်း မတိုးမကျယ်လေး ဖွင့်ထားသေးတယ်။ ကျနော် အမှတ်မမှားဘူးဆိုရင် ဟယ်ရီလင်းရဲ့ အချစ်ရယ် ပေါင်မုန့်တစ်လုံးရယ်.. ဘဝကို ငါရောင့်ရဲတယ်.. ဆိုတဲ့ အသံကို ကြားလိုက်ရတယ် ထင်ပါတယ်။

ကုတင်နားကပ်ပြီး ရပ်၊ လက်ပိုက်ပြီး ကြည့်နေလိုက်တော့ ဖတ်လက်စ စာအုပ်လေးကိုချ၊ အပြုံးချိုချိုလေးနဲ့ လက်နှစ်ဖက်ကို ကမ်းပေးတယ်။ ကိုဖိုးသက်လေး ချို့ဆီလာပါဦးကွယ် ဆိုတဲ့ ဟန်ကလေးပေါ့ဗျာ။ ကျနော်လည်း ဟန်ကိုမဆောင်နိုင်ပါဘူးဗျာ။ ကုတင်ပေါ် အတင်းတက်ပြီး အိစက်စက် ကိုယ်လုံးလေးကို ဆွဲဖက်ပစ်တော့တာပါပဲ။ သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်းထားလို့လား မသိဘူး မွှေးလိုက်တာမှ အရမ်းပဲ။ ရေမိုးချိုး ခေါင်းလျှော်ထားတော့ ဆံနွယ်အရှည်ကြီးတွေဆီက တရော်ကင်မွန်းနံ့လေးကလည်း သင်းမြမြရယ်။ သူအမြဲဝတ်နေကြ အိမ်နေရင်း ရှပ်အင်္ကျီလေးကို ခပ်မြန်မြန်ပဲ ကြယ်သီးဖြုတ်ပစ်လိုက်မိတယ်။ အောက်က ဘာမှမဝတ်ထားဘူးဗျ။ ဝါဝင်းနေတာပဲ ချိုဗူးထွားထွားကြီးတွေက။

မီးရောင်အောက်မှာဆိုတော့ အပျိုကြီးက ရှက်သွားလား မသိဘူး။ ကျောဖက်ရောက်နေတဲ့ ဆံပင်အရှည်တွေကို ရင်ဘတ်အရှေ့ဖက်ကို ဆွဲယူပြီး ချိုဗူးတွေကို ဖုံးလိုက်ရင်း အောက်နှုတ်ခမ်းကို ကိုက်ပြလာသေးတယ်။ ဘယ်ရမလဲဗျာ နေ့လည်က အရသာခံပြီး ချစ်ခဲ့ရတာ မဟုတ်တော့ အခုလို လွတ်လွတ်လပ်လပ်မှာ အားရပါးရ ဖင်တုံးလုံးချွတ်ပြီး ချစ်တော့မှာဆိုတော့ ဆံပင်တွေကို ဆွဲဖယ်ပစ်ပြီး အသေအချာ ကြည့်တော့တာပေါ့။ လက်နဲ့ပင့်ကိုင်ပြီး အသေအချာကို လေ့လာတော့တာ ဟီဟိ။ တထွေးကြီးဗျာ အိစက်စက်ကြီး ကိုင်လို့ကောင်းလိုက်တာ။ သူ့လက်ကိုဆွဲယူပြီး ကျနော့်ပုဆိုးကို ဖြေချ၊ အောက်ကမာန်ဖီစပြုလာတဲ့ ရမ်ဘိုထိပ်ဖူးကိုလည်း ကိုင်ခိုင်းထားလိုက်တယ်။

“ အရမ်းဖြစ်လာပြန်ပြီ မြန်လိုက်တာ”

လို့ တိုးတိုးလေး ကပ်ပြောလာတယ်ဗျ။ ကျနော့်ကောင် တအားတောင်လာတာကို ပြောချင်တာ အဟိ။ သူ့ကိုပြန် မဖြေအားတော့ဘူး။ ချိုဗူးကြီးနှစ်လုံးကို ဘယ်ညာပြောင်းစို့ရင်း အလုပ်များနေပြီလေ။ အပေါ်ကလည်း စို့နေသလို သူ့ထမီလေးကို ဖြေပြီး အဖုတ်ကိုလည်း လှမ်းကလိကြည့်တယ်။ စိုအိအိ ဖြစ်နေပြန်ပြီဗျ။ ကျနော် မရောက်လာခင်ကတည်းကကို စိတ်ကူးယဥ်နေတယ် နေမယ်။

ကျနော့်အင်္ကျီကို ဆွဲမပြီး ရင်ဘတ်ကို လက်ဖဝါးတစ်ဖက်နဲ့ ပွတ်ပေးနေပြန်တယ်။ လက်တစ်ဖက်က ရင်ဘတ်ကို ပွတ်ပေး၊ နောက်တစ်ဖက်က ဂွင်းထုပေးနေတော့ အတော်ဇိမ်ကျတာဗျား။ ကျနော်ကလည်း ချိုဗူးကိုချေရင်းစို့၊ အဖုတ်နှိုက်နဲ့ အလုပ်ကိုများနေတာ။

အဲ့လိုတစ်ဆင့်ချင်း အရသာခံနေရာကနေ ဆရာမလေးက ကျနော့်ကို အတင်းတွန်းလှဲတော့တာပဲ။ အိပ်ယာပေါ် ကျနော် ပက်လက်ဖြစ်သွားတယ်။ ရင်ဘတ်ဟပြဲဖြစ်နေတဲ့ သူ့ရှပ်အင်္ကျီကို ချွတ်ပစ်လိုက်၊ ခါးက ထမီလေးကိုပါ ဂွင်းလုံးချွတ်ပစ်လိုက်တော့ ဖင်တုံးလုံးဖွေးဖွေးလေးကို ဖြစ်ကရောပဲ။ ကျနော့် အင်္ကျီနဲ့ ပုဆိုးကိုပါ ကူချွတ်ပေးလိုက်တော့ ကျနော်ပါ ဖင်တုံးလုံးပေါ့။ ပြီးတာနဲ့ ပက်လက်လှန်နေတဲ့ ကျနော့်ကို တက်ခွတော့တာပဲ။ တက်ပြီး ထည့်တာလည်း မဟုတ်ဘူးရယ်။ ကျနော့်မာတင်းနေတဲ့ ဒုံးပျံအချောင်းလိုက် ဗိုက်မှာကပ်နေတာကို အဖုတ်နဲ့ဖိပြီး တက်ပွတ်နေတာဗျာ။ ဘယ်လိုကြီးမှန်းကိုမသိဘူး ခံရတာ။ အဖုတ်အမြောင်းလိုက်နဲ့ ဒုံးပျံအချောင်းကို ဖိကပ်ထားတာ စိုအိအိကြီး အဲ့ဒါကို ဖိပြီး တဇွိဇွိနဲ့ ပွတ်တာ။

ကျနော်လည်း သူလုပ်ချင်တာ လုပ်ပါစေဆိုပြီး လွှတ်ထားပေးလိုက်တယ်။ ငုံ့ငုံ့ပြီး ကျနော့်နှုတ်ခမ်းကိုလည်း စုပ်သေးတယ် အောက်ကလည်း ဖိပြီးပွတ်သေးတယ် ရှုပ်နေတာပဲ။ တအင်းအင်းနဲ့လည်း ညည်းသံလေးက ထွက်နေသေးတာ။ ခဏကြာတော့ ကျနော်လည်း မအောင့်နိုင်တော့ဘူး။ လက်ထောက်ပြီး ထထိုင်၊ ဆရာမလေးကို ဆွဲလှဲပြီး လှဲအိပ်ခိုင်းလိုက်ကော။ ပြီးတာနဲ့ ပေါင်ကြားထဲ ဒူးထောက်ပြီး တန်းထည့်တော့တာပဲ။

ဖြေးဖြေးချင်းပေါ့။ ဝင်တယ်ဗျာ။ စီးပြီး အိကနဲအိကနဲပဲ တစ်ဝက်လောက်ထိ ပုံမှန်ပဲ ဝင်ချသွားတယ်။ ပြန်ထုတ်တယ် ထပ်ဖိထည့်တယ်။ ၅ ချက်လောက် လုပ်ပြီးတာနဲ့ အဆုံးထိ ဆောင့်ချလိုက်တာ ဆီးခုံချင်းကပ်တဲ့ အထိပဲ။ ကောင်းလိုက်တာဗျာ။ လူကိုငြိမ့်နေတာပဲ။ အသာလေး ကိုယ်ကိုကိုင်း ခေါင်းငုံ့ပြီး လက်တစ်ဖက် ချိုဗူးကိုချေ၊ ကျန်တဲ့ချိုဗူးတစ်လုံးကို စို့၊ ဖွဖွလေး မနာအောင် ကိုက်ကစားရင်း ဇိမ်နဲ့လိုးတော့တာပဲ။ အခုမှ ဒုတိယအကြိမ်မြှောက် အရသာခံရတာဆိုတော့ မြန်မြန်မပြီးချင်ဘူးလေ။ ဒါကြောင့်မကြမ်းပဲ ဇိမ်နဲ့လုပ်တော့တာ။

သူကလည်း ကျနော့်ကျောပြင်ကို သိုင်းဖက်ပြီး ပွတ်သပ်ဆော့ကစားလိုက်၊ ကိုဖိုးသက်လေးရာ.. ချစ်လိုက်တာကွာ ဆိုပြီး နားရွက်နား ကပ်ပြောလိုက်နဲ့ အချစ်သည်းပြနေတော့ ဘယ်လိုမှန်း မသိပါဘူးဗျာ။ မိနစ် ၂ဝ လောက် အဲ့လိုလေး လိုးနေရင်းနဲ့ ဆရာမလေး ကျနော့်ကို အတင်းဖက်တွယ်လာရင်း တွန့်တွန့်တက်၊ သက်ပြင်းမောကလေး ခပ်ရှည်ရှည်ချသွားတာနဲ့ ကျနော်လည်း အောင့်ထားသမျှ လျှော့ချလိုက်တယ်။ ပူနွေးနွေး အချစ်ရည်တွေက အဖုတ်အသစ်စက်စက်ကလေးထဲ နွေးကနဲ နွေးကနဲ ပန်းကုန်ရော။ ဒီလိုနဲ့ငြိမ်ပြီး ဇိမ်ယူနေလိုက်ကြသေးတယ်။ တော်တော်လေးကြာတော့မှ ဆွဲချွတ်ပြီး ထမီနဲ့ ကျနော့်ဒုံးပျံကို သေချာသုတ်ပေး၊ သူ့အဖုတ်ကအရည်တွေပါ ပြောင်အောင် သုတ်ပစ်လိုက်တယ်။ အဝတ်တွေတော့ ပြန်မဝတ်ဖြစ်ကြတော့ပဲ ဖင်တုံးလုံးလေးတွေနဲ့ ဖက်အိပ်ပြီး မှိန်းနေကြတာတာပေါ့။

ကျနော် ခဏလောက် အိပ်ပျော်သွားသေးသလား မသိဘူး။ တော်တော်ကြာတော့မှ ကျနော်မှိန်းနေရာကနေ ဆတ်ကနဲ ဖြစ်လာတယ်။ စကတည်းက ကျနော် အဖုတ်လျက်တာကို ရှက်ရှက်နဲ့ ခံလာတဲ့မိန်းမက ပြုံးစိစိနဲ့ ကျနော့်ပေါင်ကြားထဲဝင်ပြီး ဒုံးပျံကို လျှာနဲ့ဆော့နေတာဗျား။ သန်တုန်းမြန်တုန်း အရွယ်ဆိုတော့ ချက်ချင်း ပြန်တောင်လာတော့တာပေါ့။ ပထမဆုံးအကြိမ်ဆိုတော့ သေချာတော့ ဘယ်လုပ်တတ်ပါ့မလဲ။ တခါတခါသွားနဲ့ ခြစ်ခြစ်မိတိုင်း လူကို တွန့်တွန့်တက်သွားတယ်။ ဒါနဲ့ အသာလေး သူ့လက်ညှိုးတစ်ချောင်းကို ဆွဲယူပြီး ကျနော့်ပါးစပ်နဲ့ စုပ်ပြလိုက်တယ် အဟီး။ သွားနဲ့ခြစ်တာ မဟုတ်ဘူး နာတယ်။ နှုတ်ခမ်းနဲ့ သွားတွေကို ဖိပြီး ကာထားပြီး စုပ်ရတယ်ဆိုတာမျိုး လုပ်ပြလိုက်တယ်။ (ချမ်းကို နင်လုပ်ဖူးလို့လားတော့ လာမမေးကြေး။ ကြိုပြောထားတယ်နော် ဟိုမသာကြီးတွေကို ကြောက်လို့ ဟီးဟီး)

အဲ့ဒီတော့မှ အဆင်ပြေသွားတာ သွားနဲ့မခြစ်မိတော့ဘူး။ တော်တော်ကြီး မခံနိုင်တော့ပဲ မာတင်းလာတော့မှ ကုတင်စောင်းမှာတင်ပြီး ထပ်လိုးတယ်။ ကျနော်က ကြမ်းပြင်မှာ မတ်တပ်ရပ် သူ့ကို ကုတင်စောင်းမှာ ပေါင်ကြားပက်လက် အိပ်ခိုင်းပြီးတော့ပေါ့။ နို့နှစ်လုံးကို စုံကိုင်ပြီး ဆောင့်ဆောင့်လိုးတော့တာပဲ။ လူကို အီစိမ့်နေတာပဲ ကောင်းချက်။ အရှက်သည်းလွန်းတဲ့ အပျိုကြီးပေါက်စလေးကို မီးချောင်းအလင်းရောင်အောက်မှာ ဖင်တုံးလုံးချွတ်ပြီး အားရပါးရ လိုးပစ်တာကိုး ဟီး။ နို့တွေမှာ လက်ချောင်းရာတွေတောင် ထင်သွားမလား မှတ်ရတယ်။ အားရပါးရ ညှစ်ချေပြီး အောက်ကလည်း ကော်ကော်ပြီးကို လိုးပစ်တာ။ သူကလည်း ကြမ်းလိုက်တာဟာ.. ကြမ်းလိုက်တာဟာနဲ့ကို ဖြစ်နေရော။

အဲ့ဒီမှာတင် နောက်ထပ်တစ်ချီ ထပ်ပြီးသွားပြန်တယ်။ ပြီးသွားလို့ ခပ်တင်းတင်းဖက်ပြီး မှိန်းနေကြရင်း

“ ကိုဖိုးသက်လေး ချို့ကိုချစ်လား ချို့ကိုချစ်လား”

လို့ ခဏခဏ မေးတယ်။ ကျနော်ကလည်း တရွှတ်ရွှတ်နမ်းရင်း

“ ချစ်တာပေါ့ဗျာ၊ ချစ်လို့ စစချင်းမှာတင် ဖုတ်ဖုတ်လျက်ပစ်တာ မှတ်မိတယ်မလား”

လို့ ရယ်ချင်လျှက် ပက်ကျိအသံနဲ့ ပြောလိုက်တော့..

“ အကျင့်ပုတ်လေး ပါးစပ်ကြမ်းလိုက်တာ”

ဆိုပြီး အတင်းပါးစပ်ကို လက်ဖဝါးနဲ့ လာလာပိတ်တယ် ဟီး။ ဒီလိုနဲ့ပဲ အိပ်လိုက်၊ နှိုးလာလိုက်၊ ထပြီးလိုးလိုက် လုပ်နေကြတာ မိုးလင်းတဲ့အထိပဲ ဆိုပါတော့။ ယောကျာ်းနဲ့မတွေ့ဖူးတဲ့ အပျိုကြီးပေါက်စ တောင့်တောင့်လေးနဲ့ လူပျိုပေါက်ကလေးကိုးဗျာ။ အသေအကြေ လုပ်နိုင်တာပေါ့။ သွားပါပြီတော်.. လူကို ဖွတ်ဖွတ်ကို ကြေပါကောလားရှင်တဲ့ ပြုံးစိစိလေးနဲ့ ပြောပုံလေးကို မှတ်မိနေပါသေးတယ်လေ။

မနက်ဝေလီဝေလင်းအထိ စုစုပေါင်း ၆ ခါလောက်ရှိမယ် ထင်တာပဲ။ နားလိုက် လိုးလိုက် လုပ်နေကြရင်း မိုးကိုလင်းသွားတာ အဟိ။ ဖင်ကိုကြိမ်းပြီး လူကိုမျှော့နေတာပဲတဲ့ ဟီးဟီး။ (အဖုတ်လို့မပြောရဲဘူး ရှက်နေတာ)

“ ဆရာမလေး ကျနော့်ကို ကြောက်သွားရောလား”

လို့ မေးတော့

“ အို! ကြောက်နေပါဦးမယ်။ ဒါအကုန်ပဲလား အားမရလိုက်တာတော်”

ဆိုပြီး မျက်နှာပြောင်ချော်ချော်လေး လုပ်ပြပြီး နောက်နေသေးတာဗျ ဟားဟား။ မိုးလင်းခါနီးလေးမှ အသာလေး အိမ်ထပြန်လာခဲ့လိုက်တယ်။ စစချင်းဆိုတော့ ပိုဇေရှင်စုံအောင် မစမ်းရသေးဘူးဗျာ။ တကယ်တမ်း ဆရာမလေးရဲ့ ကိုယ်လုံးကိုယ်ပေါက်က ခါးကျင်ကျင်လေးနဲ့ တင်ပါးအိအိကားကားလေး ဆံပင်အရှည်ကြီးက တင်ပါးဖုံးတဲ့အထိရှည်လို့ ဆိုတော့ကာ လေးဖက်ထောက်ပြီးသာ ဆော်လိုက်ရလို့ကတော့ ဆိုတာမျိုး တွေးခဲ့တာတွေ လက်တွေ့ အကောင်အထည် မဖော်ရသေးဘူး။ နောက်နေ့တော့ တွေ့ပြီပေါ့လေ အဟိ။

အဲ့လိုချစ်ရေးချစ်ရာတွေ အလွန်အဆင်ပြေခဲ့ကြပြီးတဲ့ နောက်ပိုင်းမှာတော့ မမထားနဲ့အပါတို့ (ဆူပါအိုက်စ်ကို ပြောတာ မဟုတ်ပါ) မိုးမမြင်လေမြင်ပေါ့။ အီဖေကိုယ်ကလည်း ထစ်ကနဲဆို ဖြောင်းကနဲ ထထောင်တတ်တဲ့ အရွယ်မို့လားဗျာ။ သူကလည်း မောင်ဆိုးဆိုးလေး တစ်ယောက်လို ချစ်တာပါ သိလား ဘာညာနဲ့သာ ပြောနေတာ လူလစ်လို့ ကျနော်အနားကပ်ပြီး လက်ဆော့လိုက်တာနဲ့ အောက်ကရွှဲနစ်နေပြီ အဟိ။ (သိပ်မခံချင်ရှာဘူး)

စအဆင်ပြေပြေချင်း တစ်ရက်နှစ်ရက်မှာဆို မီးပွင့်မတတ် အုပ်မိခဲ့ပေမယ့် (၂ ယောက်လုံး အပျော်ကြီး ပျော်နေကြတာ) နောက်ပိုင်းရက်တွေကြတော့ နည်းနည်းလျှော့လိုက်ရတယ်။ ဆရာမလေးက မနိုင်ရင်ငံတွေ လျှောက်လုပ်တာ အရေးမကြီးဘူး ကြာရင် ရိုးကုန်အီကုန်မယ် ကိုဖိုးသက်လေး.. တဲ့ အဟီး။ ရှင်လေးက ကလေးပဲရှိသေးတာ ကျမကိုရိုးသွားလို့ ပစ်ပြေးသွားရင် ချိုသေလိမ့်မယ် ဆိုလားဗျာ။ အဲ့လိုပြောလာရင် စိတ်ပေါက်ပေါက်နဲ့ ဘာမပြောညာပြော အတင်းဖက်ဖက်နမ်းပေးလိုက်တယ်။ ငြိမ်ခံနေပြီး လွှတ်ပေးလိုက်တော့မှ ဪ! မိချိုမေ ညည်းလည်း တသက်လုံး အရှက်ကြီးသမျှ အခုတော့ ရှုံးပါပေါ့လားတဲ့ သူ့ဖာသာသူ ရေရွတ်ရင်း ကျနော့်ကို ချစ်မဝတဲ့ မျက်ဝန်းနက်နက်ကလေးတွေနဲ့ ငေးကြည့်နေတတ်ပြန်တယ်။

ကျနော်ကလည်း မပေးရင် အတင်းမယူပါဘူး။ တကယ်ချစ်တာကိုး။ တခါတလေ သူ့အိမ်ရောက်သွားပေမယ့် လက်ဖျားနဲ့တောင်မတို့ပဲ စကားလေးဘာလေး ထိုင်ပြော၊ သူအိမ်မှုကိစ္စလေးတွေ လုပ်နေတာကို ကြည့်ကောင်းကောင်းနဲ့ ထိုင်ငေးကြည့်ရင်း ကြည်နူးနေတာပါပဲ။ ပြန်ခါနီးမှ နဖူးလေးကို ရွှတ်ကနဲ မွှေးမွှေးပေး၊ ကိုဖိုးသက်ရဲ့ ဇနီးလောင်းဆရာမလေး တာ့တာဆိုပြီး နောက်တောက်တောက်လုပ် နှုတ်ဆက်ပြီး ပြန်ခဲ့တာမျိုးပေါ့။ အဲ့ဒါက လျှို့လျှို့ဝှက်ဝှက်လေးနေရတဲ့ သမီးရည်းစားဘဝမှာပေါ့ဗျာ။ ယူဂျီအချစ်ပေါ့ ဟီး။

နောက်သိပ်မကြာလိုက်ဘူး မြေပေါ်ရောက်သွားရော။ ကျနော်တို့ အချစ်ဇာတ်လမ်းကို ပြောပါတယ်။ နားတွေရှုပ်ကုန်ပြီလား မသိဘူး။

ကျနော့်မူလပင်ကိုယ်စိတ်က တစ်ခုခုဆို ဇွတ်လျှောက်လုပ်တတ်တဲ့ သောက်ကျင့်ရှိတယ်ဗျ။ တိတ်တိတ်လေး လူမသိသူမသိ ကြိုက်နေတာ ၃ လလောက်ကြာမယ် ထင်တယ်။ တစ်ရက် ကျနော်တို့ အိမ်က ကထိန်ခင်းရော ဆိုပါတော့။ မနက်ဖြန် ကထိန်ဆိုရင် ဒီနေ့လိုက အချက်အပြုတ် ဘာညာကိုး။ ခြံကကျယ်တော့ ခြံထဲမှာပဲ ဆွေမျိုးမိတ်သဟာတွေနဲ့ တရုန်းရုန်း ချက်ကြပြုတ်ကြ ဖြစ်နေတယ်။ ကြုံလို့ပြောရရင် ကျနော့်အဘွားမှာ မောင်နှမ ၁၄ ယောက်ရှိတယ်။ အဲ့ဒီ ၁၄ ယောက်က ပေါက်ဖွားလာတာတွေ အကုန်ပေါင်းလိုက် ဘယ်လောက်အမျိုးတွေများလိုက်မလဲ စဉ်းစားသာကြည့်ကြပေတော့ အဟီး။ ဒါတောင် ဟိုဖက်ဒီဖက်တွေ မပေါင်းထည့်ရသေးဘူး။ ထားလိုက်ပါတော့။

အဲ့ဒီမှာ မိသားစုကထိန်ဆိုတော့ ခင်ရာမင်ရာတွေပါ ချက်ရေးပြုတ်ရာမှာ လာကူကြတဲ့အခါ ကျနော့်ရူပဗေဒဆရာမလေး ဒေါ်ခင်ချိုမေကလည်း ကျနော့်ဒေါ်လေးဘော်ဘော်ဆိုတော့ ဟင်းရွက်လှီးတဲ့ ဓားလေးကိုင်ပြီး မနက်ခင်းကတည်းက စက်ဘီးလေးနဲ့ ရောက်လာပြီး လာဝင်ကူနေတယ် ဆိုပါတော့။ ပထမတော့ ကျနော်လည်း ကိုရွှေဘတို့နဲ့ အသားငါး ခုတ်ထစ်၊ ဒယ်ကြီးမွှေ၊ ဟိုလုပ်ဒီလုပ် ကာလသားတွေစုစုနေရာမှာ ခပ်တည်တည် လုပ်နေသေးတယ်။ ဆရာမလေးက ကြက်သွန်နွှာ၊ ဟင်းရွက်လှီးတဲ့နေရာမှာ ကျနော့်အမျိုးထဲက ကြီးဒေါ်တွေ၊ အစ်မဝမ်းကွဲတွေနဲ့ အဖွဲ့ကျနေတာပေါ့။ ကျနော့်ကို တစ်စက်ကလေးမှ လှည့်မကြည့်ဘူးရယ်။ ဒီကောင်က သူများ ကိုယ့်ကို အခါတိုင်းလို ချစ်ရည်ရွှန်းလဲ့နေတဲ့အကြည့်မျိုးနဲ့ တစ်ချက်တစ်လေ ရှိုးလာမလား မျှော်နေတာ သောက်ဖက်တောင် မလုပ်ဘူး။ လူက နည်းနည်း ကျွဲမြီးတိုလာရော ဆိုပါတော့။

ဒါနဲ့ နေ့လည်ထမင်းစားချိန် ရောက်သွားတော့ ချက်ပြုတ်တဲ့လူတွေ ထမင်းဟင်းစားသောက်ပြီး ထုံးစံအတိုင်း ခဏနား ကွမ်းဆေးလက်ဖက်လေး၊ရေနွေးကြမ်းလေးမော့၊ တဝါးဝါး တဟားဟား လုပ်နေကြတဲ့အချိန်၊ ပက်လက်ကုလားထိုင်လေးနဲ့ ခြံထဲဆင်းထိုင်ရင်း လက်ဖက်ရည်အချိုလေးမော့၊ စီးကရက်လေး တစ်ဖွာဖွာနဲ့ တပြုံးပြုံးလုပ်နေတဲ့ အာဏရှင် မယ်မယ်ခင့်ကို လှမ်းမြင်လိုက်ရတယ်။ (ကျနော့်အဘွားကို ပြောတာပါ အဟီး၊ အားလုံးက ကြောက်ရတာကိုး အဲ့ဒီအဘွားကြီးကို)

အဲ့ဒီမှာ ကျနော့်ခေါင်းထဲက ဘတ်သီး ဖျတ်ကနဲ လင်းသွားတယ်။ လူတွေကလည်း စုံနေတယ်လေ။ မထူးပါဘူးပေါ့။ ကျစ်ဆံမြီး တုတ်တုတ်ရှည်ရှည်၊ သနပ်ခါးပါးကွက်ကျား တစ်ပတ်နွမ်းခါးတိုအင်္ကျီ ကျောက်စိမ်းရောင်၊ ထမီအဝါဖျော့ဖျော့လေးနဲ့ လူတွေကြားထဲ အပြုံးချိုချိုလေးနဲ့ထိုင်နေတဲ့ ရူပဗေဒဆရာမလေးအရှေ့ သွားရပ်ပြီး လက်ဆွဲပစ်လိုက်ကော အဟီး။ လန့်သွားတဲ့ မျက်နှာလေးကို အခုထိတောင် မြင်ယောင်မိသေး။ မသိမသာလေး ရုန်းသေးတယ်။ ဘယ်ရမတုန်း အတင်းကိုဆွဲထူမပြီး အဘွားရှေ့ကို ခေါ်သွားလိုက်တယ် ဟဲဟဲ။ လူတွေကလည်း ဟာကနဲဖြစ်ပြီး ဝိုင်းကြည့်နေကြတာပေါ့။ စီးကရက်လေး လက်ကြားညှပ်ပြီး ပါးစပ်အဟောင်းသားနဲ့ ကြည့်နေတဲ့ အဘွားကို

“ အဘွား! ဒါသားရဲ့ချစ်ချစ်လေ၊ သိတယ်မလား ဆရာမလေးကို အဟဲ ..”

ဆိုပြီး မျက်နှာပြောင်တိုက်ပစ်တာ။ အဘွားက

“ ဟေ! အဟုတ်လား”

ဆိုပြီး အံ့ဩနေတဲ့ပုံစံနဲ့ ဖြစ်နေရော။ ဒေါ်ခင်ချိုမေလေးခင်မျာ ခေါင်းလေးငုံ့ မျက်နီာလေးက ဇီးရွက်လောက်ပဲ ရှိတော့တယ် ဟားဟား။ ကျနော်သာ လက်အတင်းမကိုင်ထားရင် ထွက်တောင်ပြေးမလားပဲ။ အသားကဖြူဆွတ်ဆွတ်ဆိုတော့ မျက်နှာတစ်ခုလုံး နီမြန်းတဲ့အထိ ရှက်နေတာ။

“ ဆရာမလေး ကျမမြေးလေးပြောတာ ဟုတ်ရဲ့လား..”

ဆိုပြီး အဘွားလှမ်းမေးတာကို ပြန်မဖြေရဲရှာဘူး။ ခြေတုန်လက်တုန်နဲ့ ခေါင်းငြိမ့်ပြတယ်။

“ အလိုတော်.. ထူးဆန်းချက် အဟေးဟေး”

လို့ ပြောပြီး အဘွားက မျက်လုံးတွေ ပိတ်သွားမတတ် ရယ်နေပါလေရော။ သူ့မြေး ပေါက်လွှတ်ပဲစားလေးကို ဘယ်လိုလုပ် ကြိုက်သွားပါလိမ့်ဆိုတဲ့ ပုံစံမျိုးပေါ့လေ။ ကျနော့်လုပ်ပေါက်ကြောင့် ခြံထဲကလူတွေကလည်း တခွိခွိ တခစ်ခစ်နဲ့ တီးတိုးသဖန်းပိုး ဖြစ်ကုန်ကြပြီ။

“ အဘွား.. ဆရာမလေးကို သဘောကျတယ်မလား”

ဆိုပြီး မေးလိုက်တော့ ဒေါ်ခင်ခင်က

“ ကျပါ့တော် ကျပါ့၊ ကျက်သရေရှိပြီး ချောချောလှလှကလေးပဲဟာ၊ ငါ့မြေးလို လူဆိုးကို ဘယ်လိုထိန်းမလဲ ကြည့်ချင်စမ်းပါဘိ” တဲ့။

“ ဒါဆို သဘောတူတယ်ပေါ့”

လို့ ထပ်မေးလိုက်တော့ အဘွားက

“ ငါ့မြေးသဘောပါအေ၊ ကလေးမလေးအတွက်တော့ စိတ်မကောင်းဘူးဟဲ့ ဟေးဟေး”

ဆိုပြီးး နောက်နေပြန်သေးတာ။ အဲ့ဒီတစ်နေ့ခင်းလုံး ရှိသမျှလူအကုန် ကျနော်နဲ့ ရူပဗေဒဆရာမလေးကိုပဲ ဝိုင်းစနေကြတာ ဒေါ်ခင်ချိုမေလေးခင်မျာ ခေါင်းတောင် မဖော်နိုင်ရှာတော့ပါဘူး။ ကျနော့်ကိုလည်း ဇွတ်လျှောက်လုပ်ရမလားဆိုပြီး အတော်ဒေါဖောင်းသွားပုံရတယ်။ အံတကြိတ်ကြိတ်နဲ့ ဂျိုကြည့်ကို လှမ်းလှမ်းကြည့်နေတာ ဟီးဟီး။ ကျနော့်အဒေါ်တွေကအစ ဟဲ့ တူမလေး ဘာညာနဲ့ ဝိုင်းကြပ်တာခံနေရတော့ ရှက်ရှာမှာပေါ့။ နဂိုက မျက်နှာကျောမာမာနဲ့ အပျိုကြီးဟန်ရှုတင်းတင်းလေး အထာနဲ့ နေလာတာကိုး။

အချက်အပြုတ်ကိစ္စတွေ ပြီးခါနီးတော့ ဆရာမလေး ပြန်ဖို့ပြင်တယ်။ စက်ဘီးလေးထုတ် အဘွားကို နှုတ်ဆက်နေတုန်း ကျနော်ကလည်း ခပ်တည်တည်နဲ့ အမျိုးတွေရှေ့မှာ သုတ်ကနဲထပြီး လိုက်သွားတော့တာ။ အချစ်ကို အိမ်လိုက်ပို့လိုက်ဦးမယ်နော် ဘာညာနဲ့ သောက်ခွက်က ပြောင်လိုက်သေး ဟီး။ အမျိုးတွေ တဝါးဝါး တဟားဟား လုပ်နေတဲ့ကြားထဲကနေ ဆရာမလေးရဲ့ စက်ဘီးကို ဆွဲလုပြီး

“ လာ ချို! မောင်လိုက်ပို့မယ်”

လို့ အဟိ အဘွားရှေ့မှာ အဲ့လို ပိတ်ပက်ပြောပစ်တာ ဒေါ်ခင်ခင်ကတော့ တဟေးဟေးနဲ့ သဘောတွေကျနေတာပေါ့။

မှတ်မှတ်ရရ အဲ့ဒီညနေက ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ကိုယ့်ချစ်သူဆရာမလေးကို စက်ဘီးနဲ့တင်နင်းပြီး လူရှေ့သူရှေ့ ပေါ်တင်တွဲပစ်လိုက်တာပေါ့။ အိမ်ကို တန်းမပြန်ဘူးရယ်။ မြို့ကိုပတ်ပြီး စက်ဘီးလျှောက်နင်းပစ်သေးတယ်။ တလောကလုံး သိစေသတည်းပေါ့။ တစ်မြို့လုံးက မြင်ကုန်ရော။ ကျနော်ကလည်း ပြုံးပြုံးကြီးရယ် ဟီဟိ။ ဗိုက်ကျောကတော့ ပြတ်ထွက်မတတ်ပဲ ဆရာတို့ရေ။ စက်ဘီးကယ်ရီယာ အနောက်ကနေ ထိုင်လိုက်လာတဲ့ ဆရာမလေးက အသားကုန် ဆွဲဆွဲလိမ်တာလေ။ အလိုလေး အမလေး တ တ ရင်း နင်းတာပဲ။ မြို့လယ်ခေါင်မှာ ညနေစောင်းမှဖွင့်တဲ့ ဘဲသားဆန်ပြုတ်တွေဘာတွေ ဝင်သောက်ပစ်သေးတာ။ (ဆန်ပြုတ်သောက်ချင်တာ မဟုတ်ဘူး၊ ကြွားတာ ကြွားတာ အဟီး) မျက်စောင်းလေးတစ်ထိုးထိုးနဲ့ ကျနော်ဘာပြောပြော စကားကို ပြန်မပြောတော့ဘူး။ အပျိုကြီးဆရာမလေး ရှက်ရမ်းရမ်းနေတာ ဟဲဟဲ။

အိမ်ပြန်ရောက်သွားတော့ အိမ်အောက်ထပ်မှာ စက်ဘီးထောင်နေတုန်း သူ့ဖာသူ ကျနော့်ကို မစောင့်တော့ပဲ အိမ်အပေါ်ထပ်အခန်းထဲ ပြေးတက်သွားတယ်။ တန်ဆောင်တိုင်ပွဲတော် ကာလဆိုတော့ သူ့ကျောင်းသူတွေလည်း အိမ်ခဏပြန်နေကြတော့ လူရှင်းနေတယ်။ ကျနော်လည်း ချော့မှရတော့မယ်ဆိုပြီး အသာလေး လိုက်သွားတယ်ဆိုပါတော့။ အခန်းထဲရောက်သွားမှ ကောင်းကောင်း အဆူအဆောင့် ခံရတော့တာဗျို့။ ကိုဖိုးသက်လေး ရှင်ကျမကို ဘာလို့ အရှက်ခွဲတာတုန်း ဘာပြုတယ် ညာပြုတယ်ပေါ့။

ကျနော့်ခြံထဲ ချက်ပြုတ်တဲ့နေရာ ကူလာတာဆိုတော့ တစ်ကိုယ်လုံး ညစ်နေတာတွေကြောင့် ရေချိုးတော့မယ့်ဟန်နဲ့ အဝတ်လေးတွေချွတ် ထမီရင်ခေါင်းလျားလေးနဲ့ ကျစ်ဆံမြီးဆံပင်လေးကို ခွေပြီး ခေါင်းပေါ်တင် ဗျစ်တောက်ဗျစ်တောက်နဲ့ ညောင်နေတာ။ ကျနော်ကလည်း ဘယ်လိုစိတ္တဇမှန်းကို မသိဘူး။ အဲ့လို ဆူဆူဆောင့်ဆောင့်လေး လုပ်နေတဲ့ မိန်းမဆို သိပ်သဘောကျပြီး အုပ်ချင်တာ ဟီဟိ။ ကြာပါတယ်ကွာဆိုပြီး ဘာမှပြန်မပြောတော့ပဲ ရေချိုးဖလား၊ ဆပ်ပြာခွက်၊ ကြေးတွန်းတဲ့ သပွတ်အူလေးတွေ စင်ပေါ်က လှမ်းယူနေတဲ့ ဆရာမလေးကို အတင်းနောက်ကနေ ဝင်ဖက်ပစ်လိုက်တယ်။

“ လွတ်စမ်းကွာ.. သူများတစ်ကိုယ်လုံး နံနံစော်စော်နဲ့ ရွှံစရာကြီး အခုလွှတ်”

ဆိုပြီး ရုန်းတယ်။

“ ဟင့်အင်း မလွှတ်ပူးဗျာ”

ဆိုပြီး အတင်းဂုတ်ပိုးဝင်းဝင်းလေးကို တရွှတ်ရွှတ်နဲ့ နမ်းပစ်တယ်။ ထမီရင်ခေါင်းလျားကို ဆွဲဖြေချပစ်တယ်။ ဟာကွာ ဟာကွာနဲ့ ဆူဆောင့်ဆောင့်နဲ့ အော်တယ်။ ကိုယ်ကိုတွန့်လိမ်ပြီး ရုန်းတယ်။ ဘယ်ရမလဲ အနောက်ကနေ သိုင်းဖက်ထားရင်း ချိုဗူးတွေကို နှိုက်ပစ်၊ တင်ပါးလုံးအိအိလေးကို ကပ်ညှောင့်ပစ်လိုက်တယ်။ ဟင့်!ကနဲ တစ်ချက်ဖြစ်သွားပြီး လက်ထဲကိုင်ထားတဲ့ဟာတွေကို စင်ပေါ်ပြန်တင်၊ ကျနော်ဖက်ထားတာကို ရုန်းထွက်သွားပြီး ကုတင်ပေါ်တက် ဝုန်းကနဲ လှဲအိပ်ချလိုက်တယ်။ ကျောပေးလျှက်ကလေး ခွေခွေလေး ဟီး။

ဆူအောင့်အောင့်လေးဆို အသေအုပ်ပေးချင်တဲ့ ကျနော် လှစ်ကနဲ ကုတင်ပေါ် တက်ပစ်လိုက်ရော။ စိတ်ကောက်နေတဲ့ ဆရာမလေး ဟိုဖက်ကိုလှည့် ထမီပြေလျော့လျော့လေးနဲ့ ခွေခွေလေး လုပ်နေတာကို အသာလေး ဘေးတိုက်လှဲအိပ်ပြီး အနောက်ကနေ ချိုဗူးကို လှမ်းနှိုက်တော့ ပုတ်ချတယ်။ ရတယ်လေ ဆက်မနှိုက်တော့ဘူး။ အောက်ကထမီကို ဆွဲလှန်ပစ်လိုက်တယ်။ ဖင်ဖွေးဖွေးကြီး ဘွားကနဲ ပေါ်လာကော။

ကျနော့်ရှော့ပန်ကို အတွင်းခံနဲ့ရောပြီး ချွတ်ပစ်လိုက်တယ်။ လူက သောက်ရမ်းတင်းနေပြီဆိုတော့ ဒုံးပျံက ငေါက်ကနဲပဲ။ လူကို အောက်နည်းနည်းလျှော ဒုံးပျံကို အရင်းကနေကိုင်ပြီး တင်ပါးဖွေးဖွေးအိအိကြီးနဲ့ ပွတ်လိုက်၊ ဖင်နှစ်ခြမ်းကြားထဲ အမြောင်းလိုက် လျှောတိုက်လိုက် လုပ်ပေးရင်း ဆော့နေလိုက်တော့ စိတ်ကောက်နေတဲ့ ဆရာမလေးဆီက အသက်ရှူသံ ခပ်ပြင်းပြင်းတွေ ထွက်လာပြီ။ ဒုံးပျံကို ကိုင်၊ ဖင်နှစ်ခြမ်းကြားထဲက အဖုတ်ကို ထိပ်ဖူးနဲ့ ပွတ်သလိုလို ထိသလိုလို ၃-၄ ချက်လောက် သွားသွားဆွပေးလိုက်တော့ တင်ပါးက ကော့ကော့စပြုလာတယ်။ အဲ့လိုဖြစ်လာတိုင်း အသာလေးပြန်ဆွဲထုတ် တင်ပါးပေါ်ကို ဒုံးပျံအချောင်းနဲ့ တဖတ်ဖတ်ရိုက်ပြီး ဆော့နေလိုက်၊ နှစ်ခါလောက် လုပ်လိုက်တော့ ကျွတ်! ဆိုတဲ့ စိတ်မရှည်သံလေး ထွက်လာရော အဟိ။

“ ဆရာမလေး”

“ ဘာလဲ”

“ ချစ်ရတော့မလားဟင်”

“ အပိုတွေ.. ဟွန်း! အင့်”

ခပ်ဆောင့်ဆောင့် အဲ့လိုအပြောမှာ စူဖောင်းဖောင်း အရည်စို့နေတဲ့ အဖုတ်ထဲ ဒုံးပျံကိုဖိ .. ခါးကိုကော့ပြီး သွင်းပစ်လိုက်တာ အီစိမ့်သွားတာပဲဗျာ။ ကောင်းလိုက်တာ။ ဘေးတိုက်တစ်စောင်းလေး ကပ်ညှောင့်ညှောင့်ရင်း လုပ်နေရတာ လူကိုဇိမ်ကျနေရော။ သူလည်း ခံလို့ကောင်းလာမှန်း သိသာလာတယ်။ ကျနော့်လက်ကို လှမ်းဆွဲပြီး သူ့ချိုဗူးတွေပေါ် တင်ပေးတယ်။ အဲ့ဒါနဲ့ပဲ ချိုဗူးတွေကို လှမ်းဆွဲရင်း ကော့ကော့ လိုးနေလိုက်တယ်။

၁ဝ မိနစ်လောက် အဲ့လိုလေးလုပ်နေရင်း ခါးနည်းနည်းညောင်းလာတော့ ဆွဲထုတ်ပစ်လိုက်တယ်။ ခံလို့ကောင်းတုန်း ဘာလုပ်တာလဲဆိုတဲ့ အလိုမကျတဲ့ အကြည့်လေးနဲ့ ဆတ်ကနဲ လှည့်ကြည့်လာတယ်။ ကျနော်လည်း ဘာမှကိုပြောမနေတော့ဘူး ခါးအထိလှန်တက်နေတဲ့ သူ့ထမီလေးကို အတင်းဆွဲချွတ်ပစ်လိုက်တော့ တင်ပါးကြွပေးလာတယ်။ သူ့စိတ်ထင် လှေကြီးထိုးလုပ်တော့မယ် ထင်နေလား မသိဘူး။ ပက်လက်လှန်ပေးတဲ့အပြင် ခေါင်းကပြေကျလာတဲ့ ကျစ်ဆံမြီးအခွေလေးကို ခေါင်းရင်းဖက် ဖျတ်ကနဲ လွှဲတင်လိုက်သေးတယ်။ ကာမဂုဏ် မီးတောက်လာလို့လား မသိဘူး နှစ်ယောက်လုံး ချွေးစက်ကလေးတွေ စိုစပြုလာတယ်။ ဒါပေမယ့် သနပ်ခါးနဲ့ချွေး ရောထားတဲ့ သူ့ကိုယ်သင်းနံ့လေးက ချိုအီအီလေးရယ်။ ပက်လက်လှန်ပေးနေတာကို တန်းမထည့်သေးပဲ ဒုံးပျံတရမ်းရမ်းနဲ့ ဒူးထောက်နေတဲ့ ကျနော့်ကို ဘာလုပ်နေတာလဲဆိုတဲ့ အကြည့်နဲ့ လှမ်းကြည့်လာမှ..

“ လေးဖက်ထောက်ပေး”

“ ဟာကွာ.. ပေါက်ပေါက်ရှာရှာ”

ဆိုပြီး မျက်နှာလေး ရှုံ့ပြတယ်။

“ ဟေ့အေး.. လေးဖက်ထောက်ပြီး လိုးချင်တာ ကြာလှပြီး။ ကျစ်ဆံမြီးတွေကိုဆွဲ တင်ပါးဝိုင်းဝိုင်းကြီးတွေကို ဖြဲပြီးလုပ်မယ်”

“ အဲ့ဒါ လူလုပ်တာနဲ့ မတူဘူးကွာ တော်ပြီ”

ဆိုပြီး စိတ်အိုက်သွားသလိုလိုနဲ့ စူပုပ်ပုပ်လေး လုပ်ပြတယ်။

“ ဆရာမလေး ကျနော့်ကို ချစ်တယ်ဆို အလိုလိုက်တယ်ဆို..”

“ ကျွတ်! အတတ်ဆန်းလွန်းတယ်”

ပြောပြောဆိုဆိုနဲ့ လေးဖက်ထောက်ပေးလာတယ် အဟီး။ ခါးက ကိုင်းကိုင်းလေးလုပ်နေတော့ အဆင်မပြေဘူး။ ဒါနဲ့ လက်နဲ့ဖိချပစ်လိုက်တော့မှ ဟားးး တင်ပါးထွားထွား ဖြူဖြူကြီးက ဝုန်းကနဲပဲ အနောက်ကို ထွက်လာတာဗျာ။ ခါးလေးက သေးကျင်ကျင်လေးဆိုတော့ စဉ်းစားသာကြည့်ကြပေတော့။

ဘာမှ မစဉ်းစားတော့ဘူး ဖင်နှစ်ခြမ်းကိုဖြဲပြီး အဖုတ်ဝကိုတေ့ ဖိသွင်းတော့တာပဲ။

“ အမလေး ကျွတ်ကျွတ်!”

လို့ အော်သံထွက်လာသလို ကျနော့်နားထဲကလည်း လေတွေတောင် ထွက်လာတယ်။ ကြပ်လိုက်တာဗျာ။ ဖြေးဖြေးချင်းပဲ အထုတ်အသွင်း လုပ်နေရတယ်။ အဲ့ဒါတောင်

“ ကိုဖိုးသက်လေး ကိုဖိုးသက်လေး ကြပ်လိုက်တာ ကြပ်လိုက်တာ ဖြေးဖြေး ဖြေးဖြေး”

ဆိုပြီး အော်ရင်း နည်းနည်းရုန်းနေသေးလို့ တင်ပါးလေးပွတ်၊ ကိုယ်ကိုနည်းနည်းကိုင်းပြီး ချိုဗူးတွေလှမ်းကိုင် အဲ့လိုလေးတွေလုပ်ပြီး ချော့နေရသေးတယ်။ အချက်၂၀-၃ဝ လောက် အသွင်းအထုတ်လုပ်လိုက်မှ တော်တော်လေး အဆင်ပြေလာတယ်။ အဲ့ဒီမှာတင် သူ့အဖုတ်က ရှုံ့ပွပွတွေ ဖြစ်လာပြီ။ သူပြီးတော့မယ်ဆိုတာ ရိပ်မိလိုက်တော့ ဖင်တုံးအိအိတွေကို ကိုင်ပြီး ခပ်သွက်သွက် ဆောင့်ပေးနေမိပြီ။

နောက်ပိုင်း မြန်လာတဲ့အပြင် ဆောင့်ချက်တွေပါ ကြမ်းလာတယ်။ နို့တွေကိုပါလှမ်းဆွဲ ခပ်ကြမ်းကြမ်းချေပြီး တဖန်းဖန်းဆောင့်လိုး ၊ နည်းနည်းညောင်းလာရင် ကျစ်ဆံမြီးအရှည်ကြီးတွေကိုပါ လက်နဲ့ရစ်ပြီးဆွဲ (တအားတော့ မဆွဲပေးရက်ဘူး) စိတ်ကူးထဲကအတိုင်း အရိုင်းဆန်ဆန် လုပ်လိုက်ရတော့ ကြာကြာကို မအောင့်နိုင်တော့ပါဘူး။ မီးကုန်ယမ်းကုန် ပိတ်ပိတ်ဆောင့်ရင်း ကျနော့်အချစ်ရည်တွေကို ပန်းထုတ်ပစ်လိုက်မိတယ်။ လူတစ်ကိုယ်လုံးကို ဓာတ်လိုက်သလိုပဲ ကျင်တက်သွားပြီး သုတ်ရည်တွေ တထုတ်ထုတ်နဲ့ ပန်းထည့်ပစ်လိုက်မိတာဗျာ။

ပြီးသွားပြီဆိုတာနဲ့ ကျနော်လည်း လက်ကလွှတ်လိုက်ရော ဆရာမလေးနဲ့ မှောက်လျှက်ကလေး ကုတင်ပေါ် ဝုန်းကနဲပဲ။ အဖုတ်နဲ့ဒုံးပျံ တပ်ထားလျှက် ဖိကျသွားရင်း သူ့နားရွက်ကလေးတွေကို ဖွဖွကိုက်

“ ချစ်တယ်နော် ဆရာမလေး”

လို့ မောနေတဲ့ကြားထဲက ပြောလိုက်မိသေးတာဗျ။ ဆရာမလေးခင်မျာ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီး ပြီးသွားတဲ့ အရသာ၊ အရှက်အကြောက်ကုန်တဲ့အထိ ဖင်ကုန်း ဆံပင်ဆွဲပြီး အလိုးခံလိုက်ရပြီဆိုတဲ့ အသိစိတ်ရယ်ပေါင်းပီး တိတ်တိတ်လေး မှိန်းနေလိုက်တာ အသံကိုတိတ်လို့ပေါ့လေ။

..........................................................

အဲ့ဒီလို လူသိရှင်ကြား ဖြစ်ပြီးတဲ့ နောက်မှာတော့ ကျနော်နဲ့ ကျနော့်ရူပဗေဒဆရာမလေးဟာ ခင်ဗျားတို့ အသေအချာ မသိလောက်တဲ့ တောင်တန်းတွေဝန်းရံထားတဲ့ မထင်မရှားမြို့ကလေးမှာ လူတကာ ငေးမောအားကျရတဲ့ စုံတွဲလေး ဖြစ်လာတယ်ပေါ့ဗျာ။ ငချိုကန်းရယ် ကြွားပြန်ပြီလို့ ဆိုချင်လည်း ဆိုကြပါတော့။ ကြွားလက်စနဲ့ ဆက်ကြွားပါရစေတော့။ 

ပေတိပေစုတ် ဖြစ်ကတတ်ဆန်းနေတတ်တဲ့ ကျနော့်ပုံစံတွေ ပြောင်းလာတာကိုးဗျ။ ရှည်လျားလွန်းတဲ့ ဆံပင်ကို မဖီးမသင်၊ အဝတ်အစား ဖြစ်သလိုဝတ်တတ်တဲ့ ကျနော့်ပုံစံက အမြဲတမ်း လမ်းသရဲရုပ်ပေါက်နေတတ်တာကနေ ဆရာမလေးလက်ချက်နဲ့ ဆံပင်ဂုတ်ထောက်၊ ဘေးခွဲ သပ်သပ်ရပ်ရပ်ညှပ်( ကိုဖိုးသက်လေးက အခုမှ ရေလည်သန့်သွားတယ်၊ ကျမကောင်ချောလေးဆိုပြီး ချော့မော့တော့ ပျော်တာပေါ့ဗျာ ။( သည်းခံပြီး ဖတ်ပါ) 

ကျနော့်ကိုယ်ပေါ်က အဝတ်တွေကအစ မာတင်ရှပ်အဖြူ မီးအိုးထိုးပြီးသား၊ လက်အဖျားကို သပ်သပ်ရပ်ရပ်ခေါက်၊ အောက်က သော့တံဆိပ်ကုလားပုဆိုး အပြာနုနုလေးနဲ့၊ တခါတလေ အဲရိုးစပို့ရှပ်နဲ့ ဂျင်းပင်န်..၊ ပွဲရုံမှာ အလုပ်လုပ်တဲ့အခါ ခေါင်းလောင်းဘောင်းဘီနဲ့ ဂျင်းရှပ်ကြပ်ကြပ်ကလေးကို တံထောင်ဆစ်အထိခေါက် အဲ့လိုလေးတွေပေါ့ဗျာ။ သူဆင်ပေးတာဗျ။ သူက ဒါဝတ်ဆို ဝတ်ရတာမျိုးပေါ့။ 

ကျနော့်ချစ်သူ ဒီဇိုင်နာဆရာမလေး။ သူကိုယ်တိုင်ကလည်း သန့်သန့်ပြန့်ပြန့်နဲ့ လူတကာ ငေးလောက်အောင် ဝတ်စားဆင်ယင်တတ်တာကိုး။ ဆံပင်အရှည်တစ်ထွေးကြီးကို ကျစ်ဆံမြီးအရှည်ကြီး တန်းလန်းချ၊ ခါးတိုအင်္ကျီ၊ ထမီအဆင်လှလှလေး ပိပြားအောင်ဝတ်၊ ပါးကွက်လှလှလေးနဲ့ ခေါင်းမှာ စံပယ်ပန်းတွေဝေနေအောင် ပန်ချင်ပန်ထားတတ်တာမျိုးဆိုတော့ အလုပ်အားလို့ ကျနော်တို့နှစ်ယောက် ညနေဖက် စက်ဘီးလေးနဲ့ မြို့ပတ်ကြပြီဆို တစ်မြို့လုံး ဝိုင်းငေးနေကြတာရယ်ဗျ။ စုံတွဲမိုက်မိုက်လေးပေါ့။ ပြောရရင် ဒဏ္ဍာရီဆန်ကုန်မယ်ထင်တယ် အဟီး။ 

နောင်နှစ်ပေါင်းများစွာ ကြာသွားပြီးတဲ့နောက် မွေးရပ်မြေကို ကျနော်ပြန်သွားတဲ့အထိ အဲ့ဒီခေတ်ကိုမှီတဲ့ လူတွေက ကျနော့်ကိုမြင်ရင် တဖွဖွနဲ့ စမြုံ့ပြန်ကြတုန်းပဲ။ (အမလေးနော်! အဲ့ဒီတုန်းက ကိုဖိုးသက်နဲ့ ဆရာမလေး မြို့ထဲစက်ဘီးနင်းပြီး ဘဲသားဆန်ပြုတ်လာသောက်မယ့် ညနေစောင်းအချိန်ကို မျှော်နေရတာ ကျမတို့ ကလေးတွေကော၊ အစ်မတွေ အဒေါ်တွေကအစ..။ 

ဟဲ့ဟဲ့ ဟိုမယ် လာပြီ လာပြီ ဆိုတာနဲ့ အိမ်ရှေ့ဝရံတာကနေ ထွက်ထွက်ငေးကြတာ၊ ဖြူဖြူချောချော အင်မတန်လိုက်ဖက်တဲ့ စုံတွဲကလေးကိုး အားကျစရာပေါ့ ဘာညာပေါ့ဗျာ အဟီး) ကျနော့်အိမ်က လူကြီးတွေကလည်း ဆရာမလေးလက်ချက်နဲ့ လူရုပ်ပေါက်လာတဲ့ ကျနော့်ကိုကြည့်ပြီး သဘောတွေကျနေကြတာပေါ့လေ။ 

အဖွားကဆို ဆရာမလေး ဆရာမလေး ကျမမြေး ချွေးမလောင်းလေးဆိုတာ ပါးစပ်ဖျားက မချတော့ဘူး။ အိမ်ကိုတံခါးမရှိ ဓားမရှိ အတင်းဝင်ခိုင်း ထွက်ခိုင်းနေတော့တာပဲ။ နောက်တစ်ခုက ကျနော့်ဇာတ်လမ်းတွေ ဖတ်ခဲ့ဖူးတဲ့ ညီအစ်ကိုတို့ သတိထားမိမယ်ထင်တယ်။ ကျနော်ဟာ ငယ်စဉ်က အင်မတန် violence ဖြစ်တဲ့ ချာတိတ်ဗျ။ နှုတ်ကြမ်းသလို လက်ကလည်း ပါတတ်တယ်။ "သစ်သားရုပ်ထု" ဇာတ်လမ်းထဲက ရေးခဲ့ဖူးတဲ့ ရူပဗေဒဆရာမလေးရဲ့ ငယ်ငယ်က ယောကျာ်းလေးသူငယ်ချင်း ဆိုတာလေ။ အဲ့ကောင်ကို ကျနော့်ချစ်သူနား ပွတ်သီးပွတ်သပ် လုပ်ရပါ့မလားဆိုပြီး (ခေါင်ရည်မူးမူးနဲ့) လက်လိမ်ချိုးလိုက်မိတယ်။ 

အူတိုတာပေါ့ဗျာ။ မူးမူးနဲ့ သွားသောင်းကျန်းတုန်းက သောင်းကျန်းပြီး ဆရာမလေး ဒေါပွတော့ လစ်ပြေး၊ ၃-၄ ရက်လောက် ရှောင်နေလိုက်တယ်။ နောက်တော့ မနေနိုင်ပါဘူး။ တစ်ညနေ ကြောက်ကြောက်နဲ့ သွားတွေ့တော့ စကားကိုပြန်မပြောတော့ဘူး။ ဒေါဖောင်းနေတာ။ တစ်နေကုန် ပေကပ်ပြီး အိမ်မပြန်ပဲ ကပ်နေနေတော့မှ နောက်ဆုံး စိတ်ဆိုးပြေသွားတယ်။ အဆစ်အနေနဲ့ ပါးတစ်ချက်တော့ အချခံလိုက်ရတယ် အဟီး။ 

စိတ်ဆိုးမပြေသေးတာကို ချော့တယ်ဆိုပြီး မီးဖိုခန်းထဲကျောပေးရင်း ဟင်းချက်နေတဲ့ ဆရာမလေးကို ဂျိုင်းအောက်က လက်လျှိုပြီး ချိုဗူးသွားနှိုက်လိုက်တာ။ (မသိဘူးလေဗျာ အဲ့ဒါမျိုးလုပ်ရင် မိန်းမတွေက စိတ်ကောက်ပြေတယ်ဆိုလား ကိုရွှေဘမြှောက်ပေးတာ ဟီး) တစ်ခါထဲ ဆတ်ကနဲလှည့်လာပြီး ဟင်းမွှေနေတဲ့ ယောင်းမကို ညာလက်ကနေ ဘယ်လက်ပြောင်းကိုင်.. ငါ့ကိုဘာမှတ်နေသလဲဟင် ဆိုပြီး ညာလက်နဲ့ အားရပါးရလွှပြီး ပါးပိတ်ချပစ်တာ မျက်လုံးထဲ မီးကိုပွင့်ကရောပဲ။ အီဖေကိုယ်တို့က အဲ့ဒီချာတိတ်အရွယ်ကတည်းက မူယာမာယာက ခပ်များများရယ်ဗျ။ 

အံကိုတင်းတင်းကြိတ်ပြီး ကျန်တဲ့ပါးတစ်ဖက်ကို ထပ်ထိုးပေးရင်း 

" မကျေနပ်သေးရင် ထပ်ချလိုက်ဦး တစ်ဖက်ကျန်သေးတယ်" 

ဒေါသထွက်နေရာက ကြောင်ကြည့်နေရော။ 

" ဟိုနေ့က ရန်ရှာမိတာ ချစ်လွန်းလို့ပါဗျာ"

အသံက တုန်ခါအက်ကွဲ ငိုသံတွေဘာတွေပါလို့ ဟိ။ အော်စကာစာရင်း ဝင်သွားမယ်။ မျက်နှာပျက်သွားပြီ ငါတော့ကလေးကို ပါးရိုက်မိပြီဆိုတဲ့ နောင်တမျက်လုံးတွေနဲ့ငေးကြည့်နေတယ်။ 

" ဆရာမလေး ပြောဖူးပါတယ်။ ကျနော်က ဘာမှမသိ နားမလည်သေးတဲ့ ချာတိတ်လေးပါဆို ကျနော်မှားပါတယ်။ ဒါပေမယ့် တစ်ခုတော့ ဂတိပေးတယ်။ ကျနော့်ဖက်ကတော့ ကျနော်ချစ်တဲ့ ဆရာမလေးကို ဘယ်တော့မှ လက်နဲ့တောင်မရွယ်ဘူး သိလား" 

မျက်ရည်တွေရစ်ဝဲပြီး ခြေတုန်လက်တုန်နဲ့ ကျနော့်ရှေ့မှာ ဆောက်တည်ရာမရ ဖြစ်နေပြီ။ 

" ကျနော်က ချစ်ရတဲ့ကောင်ကိုးဗျာ။ တုန်နေအောင်ကိုချစ်တာ သိလား" 

ပြောရင်း ဆတ်ကနဲ လှည့်ထွက်ပစ်လိုက်တယ်။ စိတ်ထဲမှာတော့ အမလေး .. ကိုဖိုးသက်လေး မသွားရဘူးဆိုပြီး အော်ခေါ်ပါစေပေါ့ အဟိ။ အော်တော့မခေါ်ဘူး မီးဖိုခန်းအပေါ်ဝအရောက် လူက အပြင်မရောက်လိုက်ဘူး။ အနောက်ကနေ အတင်းဖက်ပြီး ဆွဲထားတာ။ ကျောပေးထားတော့ ကျနော့်မျက်နှာ သူဘယ်မြင်မလဲ။ ကြိတ်ပြုံးလေး ပြုံးနေတာပေါ့။ ငါကွပေါ့ ဟဲဟဲ။ 

အမလေး ပြန်လှည့်ပြီး ရင်ချင်းအပ် ဖက်ထားလိုက်တော့ ငိုလိုက်တာ တသိမ့်သိမ့်ကို တုန်နေရော။ ချို့ကို စိတ်နာသွားပြီလား၊ ချို မကောင်းဘူးနော်၊ ချို မကောင်းဘူး၊ ကိုဖိုးသက်လေး အရမ်းနာသွားပြီလား ဘာညာနဲ့ မျက်ရည်တွေကြားထဲကနေ ကျနော့်ပါးကိုမော့ပြီး လက်ဖဝါးနဲ့ ဖွဖွပွတ်ရင်း ချော့ချက်။ ကိုယ်ကလည်း ဒိုင်ကြောင်တွေ ပြန်ပစ်တာပေါ့။ အသာစီးပြန်ရထားပြီ မဟုတ်လား ဟဲဟဲ။ 

မနာပါဘူး ဒါလေးများ၊ ဆရာမလေး ဓားနဲ့ထိုးတောင်ခံရဲတယ်၊ ချစ်တာကိုး ဒါပေမယ့် ရင်ထဲတော့ ဘယ်ကောင်းမလဲ ငါ့ကိုရိုက်ရက်တယ်လို့ ကျဉ်ကနဲ ဖြစ်သွားတယ်။ စိတ်မဆိုးပါဘူး။ အခု ကျနော် အိမ်ပြန်တော့မယ်ဗျာ လွှတ်တော့.. ဘာညာပေါ့။ အို! မပြန်ရပါဘူး ချို့ကို စိတ်နာသွားပြီ ကိုဖိုးသက်လေး ပစ်သွားတော့မှာ ချိုသိတယ်။ 

ဒီမယ်ကြည့်စမ်း ချို့မျက်နှာကိုကြည့် (အံကြိတ်ပြီး မျက်နှာမော့ထားလိုက်တယ်။ သူက အတင်း ကျနော့်မျက်နှာကို လက်ဖဝါးနှစ်ဖက်နဲ့ ညှပ်ပြီး ငုံ့ခိုင်း) ချို့ကိုချစ်တယ်ဆို၊ ချစ်တယ်ဆို၊ ခွင့်လွှတ်နော် မသွားရဘူး ချိုသေမှာသိလား။ ပြွတ်ပြွတ် (အတင်း ခြေဖျားထောက်ပြီး နမ်း) မီးဖိုခန်းထဲ အဲ့လိုတွေ ဖြစ်ပျက်ပြီးသကာလ။ တအင့်အင့် ရှိုက်သံတွေ တဖြေးဖြေး တိုးတိတ်လာ၊ တောင့်တောင့်ကြီးဖြစ်နေတဲ့ ကျနော်ကလည်း မူလကီသွန်နီ လုပ်နေရာကနေ လျော့သွား။ 

အဲ့ဒီနောက်မှာတော့ တူးနေတဲ့ ကြက်သားအာလူးဟင်း မွှေးမွှေးလေးနဲ့ နယ်ဖတ်ထားတဲ့ ထမင်းလေးကို ခွံ့နေတဲ့ မျက်ရည်စီးကြောင်းနဲ့ မျက်နှာငယ်ငယ် ရူပဗေဒဆရာမလေးရယ်။ သူခွံ့ကျွေးတာကို ခန့်ခန့်ကြီးစားနေတဲ့ ဇာတ်လိုက်ကျော် မောင်ဖိုးသက်ရယ်ပေါ့။ 

ကလေးဆိုးကြီးလို မူနွဲ့နွဲ့ရယ် ဟီး။ ဆရာမလေးခင်မျာလည်း ကလေးထိန်းနေရသလိုဖြစ်မယ် ထင်ပါရဲ့ဗျာ။ ထမင်း ပလုတ်ပလောင်းစားရင်း ပြန်ဆူလိုက်သေးတာ။ 

" ခင်ညားကို ချစ်ရတာလည်း မတန်ပါဘူးဗျာ။ ဇာတ်လမ်းအစမှာကတည်းက သနပ်ခါးတုံးနဲ့ အထုခံ၊ အခုလည်း ပါးအချခံရနဲ့ လူကို ခံဖက်ချည်းပဲ ဖြစ်နေတယ်" လို့။ 

အဲ့ဒီတော့မှ ငိုမဲ့မဲ့ဆရာမလေးက ပြုံးရယ်လာတော့တယ်။ 

" ဒါပေမယ့် ငါနင့်ကို ချစ်ပါတယ် ကိုဖိုးသက်လေးရာ။ ငါ့လမ်းသရဲ အချစ်တုံးလေး" 

လို့ ပြောရင်း ထမင်းဆက်ခွံ့နေတယ်။ ညစာစားသောက် ဆေးကြောပြီးတော့မှ အချစ်နလံထကြတယ်။ အိမ်အပေါ်ထပ် သူ့အခန်းထဲဝင် ကုတင်ပေါ်မှာ လဲလျောင်းရင်း ပွတ်သီးပွတ်သပ်ကလေး နေကြတာပေါ့ဗျာ။ ရန်ဖြစ်ပြီးတော့ ပြန်ချစ်ကြရတာလည်း ဖီးလ်တစ်မျိုးပဲ မဟုတ်လား။ ကျနော်ပြောခဲ့ဖူးသလိုပဲ သူက ကျနော့်ထက် ၆-၇ နှစ်နီးပါး ကြီးတယ်။ အရှက်အကြောက် ကြီးတယ်။ 

အဲ့လိုတွေထဲကမှ စွန့်စားပြီး ချစ်ခဲ့ရတာဆိုတော့ အခုလို အကြောင်းတရားတွေကြောင့် ကျနော်ထားသွားမှာ ဘာညာ စိုးပုံရတယ်။ (အပျိုကြီးလေးရဲ့ သောကပေါ့ဗျာ) အတင်းကို ချော့နေတော့တာ။ သူ့ဖာသူ တတွတ်တွတ်နဲ့ချော့၊ ကျနော့်သောက်ကျင့်ကလည်း သိတဲ့အတိုင်းပဲ သူချော့နေတာ ပြုံးပြုံးကြီးခံ၊ ချော့တဲ့အနေနဲ့ တရွှတ်ရွှတ်မွှေးတာခံရင်း မသိမသာ ထမီကို ဖြေလျော့ရင်း အဖုတ်နှိုက်တော့တာပဲ ဟီး။ နည်းနည်းလက်ဆော့ပြီးတာနဲ့ လေသံမာမာနဲ့ ပိတ်ဟောက်လိုက်သေးတာ။

" ပါးချခံရတာ မကြေဘူး သိလား" 

(ဘလောက်စ်နိပ်စိတွေကို ဖြုတ်၊ ဘရာစီယာအောက်က ချိုဗူးကို လှမ်းနှိုက်ရင်း ပြော။ မျက်နှာငယ်လေးနဲ့ ဘေးတိုက်လှဲအိပ်ရင်းက ပါးကိုလာကိုင်ရင်း ပွတ်ပေးနေတယ်)

" လျော်ကြေးပေး" 

" ဟုတ်"

ဘာဆက်ဖြစ်လဲဆိုတာတော့ ကိုယ့်ဖာကိုယ် ဆက်တွေးကြပေတော့ဗျာ။ 

 ---------------------------------------- 

အကယ်၍ ဒီဇာတ်လမ်းကိုဖတ်နေတဲ့ ခင်ဗျားဟာ ချမ်းကိုရေးခဲ့သမျှ စာတွေသာ ဖတ်ဖူးခဲ့မယ်ဆိုရင် ရူပဗေဒဆရာမလေးနဲ့ သူချစ်တဲ့ လူဆိုးလေးဖိုးသက်တို့ရဲ့ ဇာတ်သိမ်းကို ကြိုသိနေကြမှာပါ။ ကျနော်ရေးခဲ့ဖူးတဲ့ " ကျနော်နှင့် ထူးဆန်းသော သစ်သားရုပ်ထုလေး" ရဲ့ ဇာတ်သိမ်းခန်းကို မှတ်မိကြသေးမယ် ထင်ပါတယ်။ အဲ့ဒီဇာတ်လမ်းမှာ ရူပဗေဒသင်တဲ့ ဒေါ်ခင်ချိုမေဟာ သူချစ်တဲ့ ကိုဖိုးသက်လေးနဲ့ ချစ်စခန်းအဖွင့်လွန်ရာက အမေဖြစ်တဲ့သူက မိသွားခဲ့ပြီး ညားကြလေသတည်းပေါ့။ 

ဟိုးအရင် ကျနော်ရေးသမျှ ဇာတ်လမ်းတွေ ၃-၄ ပုဒ်ရဲ့ ဇာတ်သိမ်းတွေဟာ ပျော်စရာတစ်ကွက်မှ မရှိခဲ့ကြတော့ တချို့ ကျနော့်ညီအစ်ကိုတွေက အင်မတန်ရက်စက်တဲ့လူဗျာ ဘာညာဆိုပြီး စကားတင်းဆိုခဲ့ကြတာမို့ ထူးဆန်းသော သစ်သားရုပ်ထုလေးရဲ့ ဇာတ်သိမ်းကို ပျော်ပျော်ရွှင်ရွှင် သိမ်းခဲ့ပါတယ်။ 

ဇာတ်ရံဖြစ်သူ ချောချောတောင့်တောင့် မမဝါဟာ ကျနော်ချစ်တဲ့ ကိုတပ်ကြပ်ကြီးကို ညွှန်းဆိုထားတဲ့ ဇာတ်ကောင် "ဘကြီးထောင်" နဲ့ ညားလေသတည်း လုပ်လိုက်သလို တစ်ဖက်ကလည်း ဗိုက်ကလေးပူလာတဲ့ ကျနော့်ရူပဗေဒဆရာမလေးဟာ အိမ်ထောင်ဦးစီး ကိုဖိုးသက်လေးကို နိုင့်ထက်စီးနင်း လုပ်နေဟန် ချစ်စဖွယ်လေးဖြစ်အောင် ရေးပြမိခဲ့ပါတယ်။

ချဉ်ခြင်းတက်ပြီး ဖဲရိုက်ချင်တယ် ပူဆာတဲ့ ကိုယ်ဝန်ဆောင် ဆရာမလေးနဲ့ ညအိပ်ခါနီးတိုင်း "ဟောလီးဝုဒ်" ဆွဲပေးရတယ် ဘာညာကနေ.. မွေးလာတဲ့ကလေးဟာ ဒေါ်ခင်ချိုမေ့လို ဆံပင်လှလှ အိအိလေးနဲ့ ချစ်စဖွယ် တီတီတာတာ ပြောတတ်ပြီး ဖိုးသက်လို ဇွတ်တရွတ်ဆန်တဲ့ သမီးချောလေး ဖြစ်လာပါစေဆိုပြီး စိတ်ကူးယဉ်နေဟန်နဲ့ ဇာတ်လမ်းကို ပိတ်သိမ်းခဲ့တာ ခင်ဗျားတို့ မှတ်မိကြမှာပါ။ ဒါပေမယ့် လက်တွေ့ဘဝက အဲ့လိုမှ မဟုတ်ခဲ့တာပဲလေ။ 

အခု ကျနော် ခင်ဗျားတို့ကို ပြောပြနေတဲ့ ကျနော့်ရူပဗေဒဆရာမလေးဆိုတာ စိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ဘူးဗျ။ ဘဝထိုထိုမှာ မကြုံချင်သော်လည်း ကြုံဖူးခဲ့ရသော မဆုံချင်သော်လည်း ဆုံခဲ့ရသော ဖြစ်ချင်တာတွေ မဖြစ်ခဲ့ရပဲ ဖြစ်ချင်သလိုတွေ လျှောက်ဖြစ်ခဲ့တဲ့ အတွေ့အကြုံ တစ်ခုရယ်လေ။ 

 ဒီကိုယ်တွေ့ကို စရေးခါစက အင်မတန်အူရွှင်နေတဲ့ ကျနော့်ကို ခင်ဗျားတို့ သတိထားမိခဲ့ကြမလားပဲ။ ကိုယ့်ကိုယ်ကို ငယ်ဘဝ ပြန်ရောက်သွားသလို ခံစားနေရတာကိုး။ ဟာသလေးတွေဖောက် တဟီးဟီးတွေနဲ့ လျှောက်ရေးပြခဲ့သမျှ နောက်ပိုင်းရောက်လာတဲ့အခါ ဆက်မရေးရဲတော့ဘူးရယ်။ 

ကွန်ပြူတာရှေ့ ထိုင်ဖြစ်ခဲ့သမျှတွေ ပြန်တွေးကြည့်မိတဲ့အခါ ကျနော့်မျက်လုံးတွေဟာ ညအမှောင်ထုထဲကို အဓိပ္ပါယ်မဲ့ ငေးနေမိရင်း နောက်ဆုံး သက်ပြင်းချ ကွန်ပြူတာကို ပြန်ပိတ်လိုက်ရတာတွေ များခဲ့တယ်။ အခု နောက်ဆုံးအနေနဲ့ ကျနော် မပြီးပြီးအောင် အားတင်းပြီး ရေးလိုက်ပါတယ်။ ခင်ဗျားတို့ဖတ်ချင်တဲ့ အိပ်ယာပေါ်က အချစ်စခန်းတွေ မပါတော့ပါဘူး။ စိတ်မရှုပ်ချင်ရင် ဆက်မဖတ်ပဲ ဒီနေရာတင်ပဲ ရပ်လိုက်ပါတော့။ ဇာတ်သိမ်းလိုက်ပါတော့မယ်။

 ------------------------------------------ 

အပေါ်မှာ ရေးခဲ့သလိုပါပဲ။ ကျနော်နဲ့ ဆရာမလေးဟာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ကျနော်တို့မြို့ကလေးရဲ့ လူတွေငေးမော အားကျရတဲ့ စုံတွဲလေးအဖြစ်၊ မိဘအသိုင်းအဝိုင်းကအစ ဘာမှပြောစရာ မလိုတော့အောင် အဆင်ပြေနေခဲ့ကြတဲ့ နောင်အခါမှာ ပျော်ရွှင်စရာ ညားကြလေသတည်းဆိုတဲ့ နတ်သမီးပုံပြင်ထဲက ဇာတ်သိမ်းမျိုးကို မျှော်လင့်ကြတဲ့ အခြေနေမျိုးပေါ့ဗျာ။ အဲ့ဒီအချိန်မှာပဲ ခင်ဗျားတို့သိတဲ့အတိုင်း ပိတ်ထားတဲ့ တက္ကသိုလ်တွေ ပြန်ဖွင့်တယ်ဗျ။ ကျနော်ဟာ အိမ်အလုပ်မှာ လုံးဝနှစ်မြုပ်နေခဲ့ပြီးသား ဖြစ်နေပြီ။ 

ဆိုလိုတာက အရာရာ ကိုယ့်ခြေကိုယ့်လက်နဲ့ လူကြီးတစ်ယောက်လိုကို ဖြစ်နေတာ။ မိရိုးဖလာ ကုန်သည်ပွဲရုံဘာညာမှာ လက်လွှတ်လို့ရတဲ့ အနေအထား ဖြစ်နေခဲ့ပြီ။ မကြာခင် မိန်းမယူတော့မယ်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း ရှိနေပြီ။ ပြဿနာက ဘာလဲဆိုတော့ကာ ကျောင်းပြန်တက်ဆိုတဲ့ အမိန့်ဗျ။ 

အမိန့်ဆိုတာ ကျနော့်အဖွားတို့ ကြီးဒေါ်တို့ဆီက လာတာမဟုတ်ဘူး။ ဆရာမလေး ဒေါ်ခင်ချိုမေဆီက လာတာ။ ဂွကျကုန်ရော ဆိုပါတော့။ မတက်ချင်တော့ပါဘူးဆိုတာ လက်မခံဘူးရယ်။ ကိုဖိုးသက်လေးက ကလေးပဲရှိသေးတာ မတက်လို့ရမလားဆိုပြီး ကွိုင်ရှာကော။ 

ဘွဲ့ရတော့လည်း အချိန်တန် အိမ်ပြန်ပြီး အိမ်အလုပ်ကို ဦးစီးရမှာပဲ မဟုတ်လား ဆိုပြီး ကျနော် သွားမတက်ဘူးဗျ။ ပေကပ်ပြီး နေနေတာ။ နောက်ဆုံး ဘွဲ့မရရင် ရှင်လေးကို မယူဘူးတဲ့ ခွီးတယ်လိုမှပဲဗျာ။ ကျနော်က ဒီလိုပြောတယ်။ ဒီမယ်ဆရာမလေး ခင်များအသက် ၂၆..၊ ကျနော်က အေးဆေး၊ တော်ကြာ ကျောင်းလည်းပြီးကော ခင်များလည်း ၃ဝ ကျော်ရောနော်၊ စဉ်းစဉ်းစားစားလုပ်၊ ဒီကြားထဲ ကျုပ်စိတ်ပြောင်းသွားပြီး အသစ်တွေ့လို့ကတော့ ကျန်ရစ်ဖြစ်ကုန်မယ်ပေါ့။ 

အဲ့ဒါကို ဘာပြန်ပြောလဲဆိုတော့ လျှာမရှည်နဲ့ သွားတက်ဆို သွားတက်ချေ..၊ အသစ်တွေ့တယ် ကြားလို့ကတော့ ဓားနဲ့လိုက်ထိုးမယ်..၊ ရှင့်ကို ပညာရေးတစ်ပိုင်းတစ်စနဲ့ ကျမကို လက်ထပ်တာမျိုး အဖြစ်မခံနိုင်ဘူးတဲ့။ 

ကျနော် ဘာတတ်နိုင်မှာလဲဗျာ ကိုယ်ကသူ့ကို ချစ်တဲ့အပြင် ကြောက်လည်း ကြောက်ရတာကိုးဗျ။ ဒါပေမယ့် ကျောင်းမပြီးခင် ယူမယ် ဘာညာတော့ ကတိထားရတာပေါ့။ ဒါနဲ့ပဲ အထုပ်အပိုးတွေ ပြင်ရတော့တာပဲ။ သူကိုယ်တိုင် အိမ်တိုင်ယာရောက် လာစီစဉ်ပေးတာ။ အဝတ်အစားတွေ၊ အသုံးအဆောင်တွေကအစ သူ့စိတ်ကြိုက်ထုပ်ပိုး၊ မှာစရာရှိတာတွေ မှာပေါ့။ 

စာကြိုးစား.. အဆောင်တကာလည်ပြီး ဖဲရိုက်တယ်ကြားလို့ကတော့ ပါးကွဲမယ်သာမှတ် ဘာညာဆိုတာကို ဟုတ်ကဲ့ပါဆရာမ မှတ်မိပါတယ် ဆရာမပေါ့။ သူ့ဓာတ်ပုံလေးကို စာကြည့်စားပွဲပေါ် တင်ထားရမယ်။ ညအိပ်ခါနီးတိုင်း နမ်းပါ ဆိုတာမျိုးတွေလည်း ပါသေးတယ်။ 

" ကျနော် ချိုဗူးတွေဘာတွေ ဆာရင် ဘယ်လိုလုပ်ရမလဲ" 

လို့ စူပုပ်ပုပ်မျက်နှာနဲ့ ညောင်တော့ 

" လျှာမရှည်နဲ့ ချို ရှင့်ကို တိတ်တိတ်လေး လာလာကျွေးရင် ပြီးတာပဲမလား၊ သစ္စာတော့ဖောက်မယ် မကြံနဲ့ နှစ်လောင်းပြိုင်သွားမယ်" 

တဲ့ ဟီးဟီး။ ကျောင်းတက်ရမယ့်မြို့ကို မသွားခင် တစ်ပတ်လောက်ကတည်းက အိမ်မှာ ညမအိပ်တော့ပဲ ဆရာမလေးဆီ သွားသွားအိပ်၊ ညစဉ်ညတိုင်း အရူးအမူး အချစ်ကြမ်းခဲ့သေးတာပေါ့ဗျာ။ အားရပါးရ ချစ်ကြပြီး အမောဖြေနေကြတုန်း ခပ်တည်တည် ကြေကွဲနေတဲ့အသံနဲ့ 

" ဆရာမလေးရဲ့ ဆံပင်တွေဆီက ချိုအီအီအနံ့လေးတွေ မနမ်းရှိုက်ရတော့ရင် ကျနော် ရူးကုန်မယ် ထင်ပါရဲ့ မသွားလို့မရဘူးလား" 

ဆိုပြီး ချွဲလိုက်ရင် 

" ရော့ တစ်ခါထဲ အဝနမ်းသွား ကျမကို ဘာမှအကြောင်းပြချက် လာမပေးနဲ့" 

ဆိုပြီး ဟောက်တယ်ဗျ။ အဲ့ဒီနောက်ဆုံးညတွေက ကျနော် မှတ်မိနေတာလေးတွေ ရှိသေးတယ်။ ကျနော့်ကို အပေါ်ကနေတက်ပြီး ရင်ဘတ်ပေါ် လက်ထောက်ထားရင်း အတင်းချစ်တယ်။ ဖရိုဖရဲ ဆံနွယ်ရှည်တွေကြားထဲကနေ တဟင်းဟင်းနဲ့ ပါးစပ်ကလည်း တတွတ်တွတ်တွေ ပြောရင်းပေါ့။

" ချို ဖိုးသက်လေးကို ချစ်တယ်၊ အရမ်းချစ်တယ်၊ ကျမကို ချစ်တယ်မလား၊ ချစ်တယ်မလား၊ အမြဲသတိရကြေးနော် ဟင်းဟင်း၊ ချစ်လိုက်တာကွာ ကျွတ် ဟင်း.." 

အောက်နှုတ်ခမ်းကို တင်းတင်းကိုက် ကျနော့်ကို ငုံ့ကြည့်ရင်း တဖန်းဖန်းဆောင့်ချရင်း အဲ့လိုတွေ အော်နေခဲ့တာဗျ။ အခုချိန်ထိ မျက်စိထဲက ပျောက်မသွားသေးတဲ့ မြင်ကွင်းတွေ ဆိုပါတော့ဗျာ။ ဒီလိုနဲ့ပဲ ထွက်တော်မူနန်းက ခွာခဲ့ရပါတယ်။ ဇာတိမြို့ကလေးရယ် မိုက်ဖော်မိုက်ဖက် အပေါင်းအသင်းတွေရယ် (ကိုရွှေဘ အပါအဝင်ပေါ့) ကျနော်ချစ်တဲ့ ရူပဗေဒဆရာမလေး ဒေါ်ခင်ချိုမေရယ်ဟာ အဝေးမှာ ကျန်ရစ်ခဲ့တာပေါ့။ ကျောင်းတက်ရတော့လည်း ကျနော့်အတွက် သိပ်မထူးသလိုပါပဲ။ 

အတန်းဖော်တွေကြည့်ရတာ အရွယ်မရောက်သေးတဲ့ ကလေးပေါက်စတွေနဲ့ တူနေတာကိုး။ ထားလိုက်ပါတော့ အများသူငှါတွေလို ကျောင်းတက်တယ်၊ စာလုပ်တယ်၊ အားရင် အခန်းအောင်းပြီးး စာဖတ်တယ်၊ ဂစ်တာတီးတယ်ပေါ့။ ဆရာမလေးဆီ တစ်ပတ်ကို စာတစ်စောင် မှန်မှန်ပို့တယ်။ (အဲ့ဒီခေတ်က နယ်ကို ဖုန်းခေါ်ဖို့ဆိုတာ သိတယ်မလား မဖြစ်နိုင်တဲ့ခေတ်) စာထဲမှာ စကားဝှက်တွေ ဘာတွေတော့ ပါတာပေါ့။ 

" ဆရာမလေးချို ကျနော် သာကူသောက်ချင်စိတ်တွေ အရမ်းဖြစ်နေတယ်ဗျာ" (ကျနော်တို့ချင်း စကားဝှက်နဲ့ အဖုတ်လျက်တာကို ပြောတာ။ ကိုယ်က အဲ့ဒါတွေနှမြောလို့ မျိုမျိုချတာ ဟီဟိ) 

အဲ့လိုလေးတွေတော့ ထည့်ထည့်ရေးမိတာပေါ့။ ဆရာမလေးခင်ဗျား ကတိမတည်ဘူး ဟုတ်လား။ ရိက္ခာတွေ လာပို့မယ်ဆို ဘယ်မှာတုန်း ဘာညာ အဲ့လိုလေးတွေ။ ဒါနဲ့ စာသင်နှစ်တစ်ခု ပြီးရော။ ကျနော့်စိတ်တွေ မောင်းတင်ပြီး တောမြို့လေးဆီ ပြန်ပြေးခဲ့တယ်။ 

အဲ့ဒီမှာ ကျနော့်ရူပဗေဒဆရာမလေးကို ဘယ်တော့မှ ပြန်မတွေ့ရတော့ပါဘူးဗျာ။ ပြန်မတွေ့တော့ဘူးဆိုတာက ချာတိတ်ကလေး ကျနော့်ကို ညာပြီး လင်ယူသွားတယ်လို့ မထင်ကြပါနဲ့။ (အဲ့လိုဖြစ်ခဲ့ရင်တောင် ဖြေသာပါဦးမယ်လေ) ကျနော့်ကို ကတိထားခဲ့တဲ့အတိုင်း စာမေးပွဲတွေအပြီးကို ချိန်ဆ၊ နွေကျောင်းပိတ်ရက်မှာ အတူတူပျော်ရအောင်ဆိုပြီး လိုက်လာခဲ့တဲ့ ဆရာမလေးဟာ မတော်တဆမှုတစ်ခုနဲ့ လမ်းမှာ ကွယ်လွန်သွားခဲ့ပါပြီ။ 

ကျနော် မြင်တောင် မမြင်လိုက်ရပါဘူး။ ဘယ်ပုံဘယ်နည်း အဖြစ်ဆိုးခဲ့ရတယ်ဆိုတာ ကျနော် ပြန်မပြောချင်တော့ပါဘူး။ "နတ်သမီးပုံပြင်" ဆိုတဲ့ ဇာတ်လမ်းထဲ မူးယစ်ဆေးစွဲနေတဲ့ ဇာတ်ကောင်ရဲ့ စိတ်ကူးယဉ်တဲ့ ဇာတ်ကွက်တွေမှာ ကျနော်ရေးပြခဲ့ဖူးတယ် ထင်တာပဲ။ ဇာတ်သိမ်းကတော့ အဲ့ဒါပါပဲဗျာ။ 

အရွယ်နဲ့မမျှအောင် ကျနော် ရင်ကွဲခဲ့ရပါတယ်။ တစ်မြို့လုံးကလူတွေ ကျနော့်ကို မြင်ရင် သနားတဲ့အကြည့်နဲ့ ငေးနေကြတာကိုလည်း ပြုံးပြပြီး တုန့်ပြန်ခဲ့ဖူးပါတယ်။ အပြင်ပန်းကြည့်ရင် အင်မတန်မာကျောတဲ့ ချာတိတ်လေးပေါ့ဗျာ။ 

ဒါပေမယ့် ဟန်ဆောင်နေခဲ့ရတာဗျ။ နောက်တော့လည်း မူးယစ်ဆေးရဲ့သားကောင် ဖြစ်သွားတော့တာပါပဲလေ။ မူးယစ်ဆေးသုံး ကိုယ့်စိတ်ကူးယဉ် ကမ္ဘာလေးထဲ ကျနော့်ဆရာမလေးချိုနဲ့တွေ့။ အဲ့လိုနဲ့ ဆိုးသွမ်းလာလိုက်တာ.. ဆေးဖိုးမရှိတော့ အိမ်ကအဖွားရဲ့ အတွင်းပစ္စည်းတွေ ခိုးပြီးပြေး၊ သင်းချိုင်းကုန်းဇရပ်ကို အိမ်လုပ်ပြီးနေ၊ ကိုရွှေဘတို့ ဝိုင်းဖမ်းပြီး အိမ်ပြန်ခေါ်လာ၊ ငယ်ငယ်က ကျောင်းမှာ ဆုရတိုင်း အဖိုးဖြစ်သူ ဆုချထားတဲ့ ဒေါ်လာပြားတွေ ဗီရိုထဲကခိုးပြီး ပြန်ထွက်ပြေး၊ လုံးချာလည်လိုက် နေခဲ့တော့တာပဲ။ ဘာလို့များ အဲ့ဒီတုန်းက မသေသွားခဲ့ပဲ အခုထိ သက်ဆိုးရှည်နေခဲ့တာလဲ မသိပါဘူးလေ။ 

အကယ်၍ ကျနော်ဟာ ဆရာမလေးဒေါ်ခင်ချိုမေနဲ့ ညားခဲ့မယ်ဆိုရင် အခုခါမှာ သာယာအောင်မြင်တဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်နေမှာ သေချာတယ်လို့ ရိုးရိုးကလေး ယုံတယ်ဗျ။ အခုလို လူလေလွှင့်တစ်ယောက်အဖြစ်နဲ့ လမ်းပေါ်ရောက်နေမယ် မထင်ဘူး။ ပြန်စရာ အိမ်မရှိ၊ တွယ်တာစရာ မိသားစုမရှိ၊ ကိုယ့်ကိုယ်ကို ဘဝကို နေပျော်မပျော် မသေချာ မရေရာတော့တဲ့ လူတစ်ယောက်ဖြစ်နေမှာ မဟုတ်ဘူးလို့ ယုံကြည်နေတယ်။ 

အခု ကိုယ်တွေ့လေးကို ရေးတဲ့အခါ ခပ်သောသောလေး ရေးလာရာကနေ တုံးတိတိ ဖြတ်ချလိုက်သလို ဖြစ်သွားခဲ့ရင် ဖတ်မကောင်းပေမယ့် ခင်ဗျားတို့ချစ်တဲ့ ညီလေးချမ်းကို အဖြစ်နဲ့ ခွင့်လွှတ်ကြပါဗျာ။ 

ဒါကို မနည်းအားတင်းပြီး အဆုံးသတ်လိုက်တာပါ။ မဟုတ်ရင် တန်းလန်းနဲ့ ရပ်သွားတော့မယ့် အနေအထား ဖြစ်နေလို့ပါ။ ကိုယ်တွေ့တွေဖတ်ပြီး တိုင်းလည်း ဆဲနေကြမယ် ထင်ပါရဲ့။ ဇာတ်လမ်းရေးတော့လည်း ကွဲ၊ ကိုယ်တွေ့ရေးတော့လည်း မပေါင်းရနဲ့ မင်းတော်တော် မကောင်းတဲ့ကောင်လို့ အပြစ်တင်ရင်လည်း ခံရမှာပါပဲ။ သေချာတာကတော့ ကျနော် ခင်ဗျားတို့ကို မညာခဲ့ပါဘူး။ ခင်ဗျားတို့ကိုချစ်တဲ့ ချမ်းကို......။ 

 ---------------------------------------------- 

တစ်ခါက ရေးခဲ့ဖူးတဲ့ စာပိုဒ်လေး ထပ်ဖြည့်လိုက်ပါတယ်။ လူသေရင် ဘာဖြစ်လဲ ဆိုတာကို ဖိုးသက်ဆိုတဲ့ကောင်က အမှုန်တွေ ဖြစ်သွားတယ်လို့ ယုံကြည်သတဲ့။ ဘဒ္ဒကမ္ဘာကြီးဟာလည်း အမှုန်တွေနဲ့ပဲ ဖွဲ့စည်းထားတာလို့ အမြဲပြောတတ်သတဲ့။ တစ်စုံတစ်ရာဟာ ပျောက်ကွယ်သွားတိုင်း အမှုန်တွေအဖြစ် ပြန်လည်ဖွဲ့စည်းသွားတာမျိုးပါပဲလေ။ အကယ်လို့များ ခင်ဗျားတို့ ယခုအချိန်မှာ သက်လတ်ပိုင်းအရွယ် ရောက်နေပြီဖြစ်တဲ့ ဖိုးသက်ဆိုတဲ့ လူတစ်ယောက်ကို တွေ့ခဲ့ရင် ကိုဖိုးသက်လေးချစ်တဲ့ ရူပဗေဒဆရာမလေး ဘယ်မှာလဲလို့ မေးကြည့်လိုက်ကြပါ။ 

" လောလောဆယ် သူ အခု ဒီမှာမရှိဘူး။ အမှုန်တွေအဖြစ် ဖွဲ့စည်းနေတယ်။" 

လို့ ပြန်ဖြေခဲ့မှာ သေချာတယ်ဗျ။ 


 


........................................⭐⭐⭐⭐⭐........................................

ပြီးပါပြီ။