Tuesday, August 23, 2016

သံသာစက်၌ အပိုင်း (၁၅)

သံသာစက်၌ အပိုင်း (၁၅)

ဂျင်ကလိ ရေးသည်။

“ကိုဝဏ္ဏရှိန် အပြင်ထွက်သွားပါတယ်ရှင့်၊ ဘာပြောပေးရမလဲ”

ကျွန်မ ဗိုက်အရမ်းနာနေကြောင်း၊ ပြန်လာလျှင် အိမ်ကို မြန်မြန်လာဖို့ ပြောပေးပါဟု ကျွန်မ အားတင်းပြီး ရှင်းပြ လိုက် ရာ

“ဟုတ်ကဲ့ ပြောလိုက်ပါ့မယ်၊ ဒါနဲ့ အခုအမိန့် ရှိတာ ဘယ်သူများလဲ ရှင်”

“သူ့မိန်းမ၊ သူ့ မိန်းမ”

စိတ်တိုတို နှင့် အော်ပြီးဖုန်းချပစ်လိုက်သည်။ ပြီးတော့ အမောဖြေအားယူပြီး အန်တီနန်း ဆီဖုန်းဆက်သည်။

“ဒေါ်နန်းက အစည်းအဝေး ခန်းထဲ ရောက်နေတယ်၊ ဘာကိစ္စရှိလို့လဲညီမ”

“ကျွန်မ အန်တီနန်း ချွေးမပါ၊ အခုဗိုက် အရမ်းနာနေတယ်၊ မွေးတော့မယ်ထင်တယ်၊ အဲဒါလေး အန်တီနန်းကို ပြောပေးပါ ဆရာမရယ်”

“ဟုတ်ပြီ ညီမ ပြောလိုက်မယ်၊ ညီမ အိပ်ယာပေါ်မှာ ဖြစ်ဖြစ် ငြိမ်ငြိမ်လေးနေလိုက်၊ ဟိုဟာဒီဟာတွေဆင်းသေး လား”

တဖက်က ဆရာမ က အတွေ့အကြုံရှိပုံရသည်။ နာကျင်မှုကြောင့် ထူပူနေရာမှ သတိရပြီး ကျွန်မလက်ဖြင့်စမ်းကြည့်လိုက်မိသည်။

“စိုနေတယ် ဆရာမ”

“များသလား”

“မသိဘူး”

“အေးအေး ညီမ အိပ်ယာပေါ်မှာသာ သက်တောင့်သက်သာနေလိုက်နော်၊ အမပြောလိုက်မယ်”

ဖုန်းချပြီး အိပ်ခန်းထဲသို့ အားတင်းကာတရွေ့ရွေ့ဝင်ခဲ့သည်။ မိန်းမသားတွေ ဒီလို အချိန်ဆိုလျှင် မိခင်ကို တမ်းတ တတ်သည်ဟု ကြားဖူးသည်။ အိပ်ယာပေါ်လှဲချလိုက်ရင်း ကျွန်မ၏ မိခင်နှင့် ဘဝခြင်းခြားခဲ့ပြီ ဖြစ်ရာတမ်းတခွင့် မ ရှိတော့ ကြောင်း ဝမ်းနည်းစွာတွေးလိုက်မိသည်။ နာကျင်မှုကလည်း တိုးသထက်တိုးလာပြီး စူးစူးဝါးဝါး ထိုး၍နာ သွားတိုင်း ဗိုက်ထဲမှ တစုံတခုက အောက်ဖက်ဆီသို့ ဖိတိုးနေသလို ခံစားရသည်။ အန်တီနန်း ဖြစ်ဖြစ် ဝဏ္ဏရှိန် ဖြစ် ဖြစ် ကူညီဖို့ စောင့်ရသည့် အချိန်တွေက ရှည်ကြာလွန်းသည်။ တခန အချိန်လား၊နာရီပိုင်းလောက် အချိန် လား ကျွန်မ သေသေချာချာ မသိပါ။ ကျွန်မ အတွက်ကတော့ အဆုံးမရှိတော့ သလိုပင်။

“မမမြတ်ရေကယ်ပါဦး”

မိခင်ကို တခွင့်မရှိချိန်တွင် ကျွန်မအတွက် အမိပမာ၊ အမ ပမာဖြစ်သည့် မမမြတ်ကို အာသာငမ်းငမ်းတမ်းတမိ သည်။

“အား …မမမြတ်ရေ၊ နာတယ်၊ ဘယ်လိုကြီးမှန်း မသိဘူး”

နာကျင်မှုဖြင့် ဘာကိုမှ ဂရုမထားနိုင်တော့ဘဲ သွေးရူးသွေးတမ်း အော်နေမိသည်။ မျက်ရည်တွေလည်း ထိန်းမနိုင် သိမ်းမရ စီးကျလာသည်။

“အရမ်း နာနေလားဆွေဇင်”

ကျွန်မဘေးနားက အသံထွက်လာ၍ နာကျင်မှုတွေ ပျောက်သွားရလောက်အောင် ကျွန်မ အံ့သြ သွားရသည်။ တကယ်ပင် မမမြတ်ဖြစ်နေပါ၏။ ဆံပင်တွေကို ဖြစ်ကတတ်ဆန်းထုံးပတ်ထားပြီး ထမိန်ရင်လျား နှင့် တဘက် လေး တထည်ခြုံထားသည်။ ခံစားနေရသည့် ဝေဒနာကြောင့် သူမ ဘယ်လိုရောက်လာသည်ကိုပင် မေးဖို့ မေ့ နေသည်။

“မမမြတ် ကယ်ပါဦး၊ ကျွန်မလင်ယူမိတာ မှားပြီထင်တယ်”

မမမြတ်က ကျွန်မလက်ကို ဆုပ်ကိုင်လိုက်သည်။

“ပြီးသွားမှာပါ၊ ဟဲ့ နင့် ထမိန်တထည်လုံးရွှဲနေပြီ မွေးတော့မယ် ထင်တယ်”

“ဘာ …ဘာ ..လုပ်ရမှာ လဲဟင်”

“ဘာမှ မကြောက်နဲ့ မွေးသာပစ်လိုက်တော့၊ နင်တို့ ငါတို့ တတွေက ကလေးမွေးလို့ သေမယ့်သူတွေ မဟုတ်ဘူး”

မမမြတ်၏ အားပေးစကားကြောင့် ကျွန်မ အားတက်သွားပါသည်။ မမမြတ်သာ အနားမှာရှိလျှင် ကျွန်မ ဘာမဆို လုပ်ရဲသည်။

“ဘယ်လို မွေးရမှာလဲ”

“ငါလဲ မသိဘူး၊ ကြားဖူးတာတော့ ညှစ်ရတယ် တဲ့ ညှစ်ညှစ်”

မမမြတ်၏ လက်ကို ဆုပ်ကိုင်ရင်း ကျွန်မညှစ်သည်။

“ဟဲ့ ပေါင်ကားထားလေ၊ စိထားရင် ဘယ်ထွက်မှာလဲ”

ဘယ်လိုလုပ်ရမှန်း မသိ၍ ယောက်ျားတွေ နှင့် လိင်ဆက်ဆံသည့်ပုံစံအတိုင်း ဒူးကိုထောင် ပေါင်ကို အစွမ်းကုန် ဖြဲပြီး ညှစ် ချလိုက် သည်။ မမမြတ်က ကျွန်မ ကိုယ်အောက်ပိုင်း တခုလုံး ပေါ်အောင် ထမိန်ကို လှန်တင်ထား လိုက်၏။ အ ဆင်ပြေချင် တော့လည်း လွယ်လွယ်လေးပင် စညှစ်လိုက် ချိန်မှာ နာသော်လည်း မမမြတ် လက် ကိုတင်း တင်း ကိုင်ပြီး အားစိုက်လိုက်သော အခါ ကျွန်မ ကိုယ်ထဲမှနေကလေးက လျှောကနဲ အပြင်ကိုထွက် ကျသွားသည်။ကလေးသာမက ကျွန်မ ဆီကနေ ဘာမှန်းမသိသည့် အရည်တွေပါ ထွက်လာ၏။

“ဟုတ်ပြီ၊ တခါထဲနဲ့ ပြီးတယ်၊ လွယ်လွယ်လေးပဲ၊ ဆွေဇင် နင်ဘယ်လိုနေသလဲ”

မမမြတ် အမေးကိုဖြေဖို့ ကျွန်မမှာ အင်အားမရှိတော့။ တကိုယ်လုံးမှာ နွမ်းလျခြင်းကြောင့် အသိအာရုံဘာမှ မ ရှိတော့ သလိုဖြစ်နေသည်။ ထိုအချိန်မှာ မမမြတ် အသံကို ကြားရပြန်သည်။

“ငါသွားတော့မယ် ဆွေဇင်”

ကျွန်မ ဆုပ်ထားသည့် မမမြတ်လက် လွတ်ထွက်သွားသည် နှင့် တပြိုင်ထဲလိုပင် အခန်းတံခါး ဝုန်းကနဲ ပွင့် သွား ပြီး အန်တီနန်း အပြေးဝင်လာသည်။

“သမီး၊ ဟော့တော် မွေးသွားပြီ”

အန်တီနန်း အခန်းပြင်ကို ဝရုန်းသုန်းကား ပြန်ပြေးထွက်သွားပြီး ဝရန်တာဖက်မှာအော် နေသံသဲ့သဲ့ ကြားရသည်။အကူအညီ တောင်းနေပုံရ၏။ ပြီးတော့ ပြန်ပြေးဝင်လာသည်။ ကျွန်မနားမှာရပ်ပြီး ပေါင်ကြားထဲက ကလေးဆီ လက်လှမ်း ၏။ ထိခါနီး မှာပြန်ရုပ်သွားပြန်သည်။ နောက်တဖန် အခန်းပြင်ကို ပြေးထွက်သွားပြန်၏။ ကျွန်မ က လည်း အားအင်ကုန်ခန်း ပြီး နွမ်းဖတ်နေသဖြင့် ဘာမှလည်း မပြောနိုင် မလှုပ်နိုင်ဘဲ သူလုပ်သမျှကိုသာ လိုက် ကြည့် နေမိပါသည်။  ပြန်ဝင်လာ တော့ တယောက်ထဲ မဟုတ်တော့ တတိုက်ကျော်က အန်တီစတယ်လာ နှင့် သူ့တူမ ခင်အေးမြင့်ပါလာတာကို တွေ့ရ၏။

အန်တီ စတယ်လာက အငြိမ်းစား သူနာပြုဆရာမကြီး ဖြစ်ပြီး ခင်အေးမြင့်ကလည်း့ ရန်ကုန်ဆေးရုံကြီးမှာ သူနာပြု ဆရာမလုပ်နေသူဖြစ်သည်။ သူတို့ကိုမြင်လိုက်တော့ ကျွန်မ လည်းအားတက်သွားပါသည်။

“အိုး မိုင်ဂေါ့ဒ်၊ တော်လိုက်တဲ့ ဆွေဇင်”

အချင်းတန်းလန်း နှင့် သားငယ်လေးက အန်တီ စတယ်လာ့ လက်ထဲရောက်မှ ဝါးကနဲထငိုသည်။ အကူအညီ ရောက်သည် အထိ အမေ့ပေါင်ကြား မှာငြိမ်သက်စွာစောင့် နေရှာသောသားလေးကို ကျွန်မ သနားသွားမိသည်။

အန်တီ စတယ်လာရော ခင်အေးမြင့်ရော အတွေ့အကြုံ ရှိသူ ကျွမ်းကျင်သူ တွေဖြစ်ရာ ကျွန်မ ကို တချက် လှမ်းကြည့်ပြီး ကျွန်မ အခြေအနေကောင်း မှန်းသိသည် နှင့် ကလေးကိုသာ အာရုံစိုက်ပြီး လုပ်စရာရှိတာတွေ လုပ် ကြ ၏။ ကျွန်မကတော့ ကုတင်ပေါ်ကနေ သူတို့ လုပ်သမျှ လိုက်ငေးနေမိသည်။ အန်တီနန်းကတော့ အခန်းထဲမှာ ယောင်လည်လည် နှင့် အန်တီစတယ်လာတို့ တောင်းသမျှပစ္စည်း တွေထုတ်ပေးသည့် အလုပ်ကိုသာ လုပ်နေ သည်။ မမမြတ်ကတော့ ဘယ်ဆီရောက်သွားပြီ မသိပါ။ ထူးဆန်းစွာ ရောက်လာပြီး ထူးဆန်းစွာ ပျောက်ဆုံး သွားသည်။

“ဘာရှာ နေတာလဲ ဆွေဇင်”

အခန်းထဲမှာ ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေသောကျွန်မကို အန်တီနန်းကမေးသည်။

“ဘာမှ မဟုတ်ပါဘူး”

ခနကြာတော့ ကျွန်မ ဘေးကို အနှီးထုပ်ကလေး ရောက်လာသည်။ မျက်လုံးလေး ကို မှိတ်ထားသော နီတာရဲလေး က ကျွန်မ၏ ရင်သွေးလေးဖြစ်ပါသည်။ သားမျက်နှာကို ကြည်ကြည်နူးနူးကြည့်နေမိစဉ် ဇလုံလေး တလုံးကိုင်ပြီး အန်တီစတယ်လာ အနားရောက်လာသည်။ ထိုအချိန်မှာ ဖုန်းမြည်သံကြားရ၍ အန်တီနန်း အပြင်ထွက်သွားသည်။ခင်အေးမြင့်ကလည်း သွေးပေါင်ချိန်တိုင်း ကရိယာပြန်ယူဖို့ အန်တီစတယ်လာ ခိုင်းလိုက်သည်။

“သန့်ရှင်း ရေးလုပ်ပေးမယ် ဆွေဇင်၊ ပြီးမှ အဝတ်လဲပေါ့။”

ထမိန်ဟောင်း တထည် တင်ပါး အောက်မှာ ခုပြီး ကျွန်မအောက်ပိုင်းကို အန်တီစတယ်လာ ကသန့်ရှင်းပေးသည်။

“မဟုတ်တာ အန်တီရယ်၊ ဆွေဇင့် ဖာသာ လုပ်ပါ့မယ်၊ အခု အားပြန်ပြည့်လာပါပြီ”

“အားမနာနဲ့ တို့က ဒါတွေရိုးနေပြီ၊ မိုင် ဂေါ့ဒ်၊ ဆွေဇင် သမီး ဒီကလေးကို မွေးလိုက်တာဟုတ်ရဲ့လား”

“ရှင် ဘာဖြစ်လို့လဲ”

“အန်တီ့ နှစ်လေးဆယ် ဆားဗစ်မှာ ဒီလိုမျိုးတခါမှ မတွေ့ဖူးဘူး”

ကျွန်မသည် လူမဟုတ် ဆိုသည့်အသိဖြင့် ဘာတွေထူးခြားနေ သနည်းဟု ကြည့်ရန်ထလိုက်ရာ အန်တီစတယ် လာက ပြန်တွန်းထားသည်။

“ရတယ် ဘာမှ မဟုတ်ဘူး၊ ဒါကလေး မွေးထားတာတဲ့ လား”

“ဘာ … ဘာ ..ဖြစ်လို့လဲ အန်တီ”

“သူများတွေ ဆို အပေါက်ပြန်စေ့ဖို့ အချိန်အကြာကြီးယူရတယ်၊ သမီး ကျတော့လည်း ကလေး မွေးထားတယ် လို့ မထင်ရဘူး။ စေ့နေလိုက် တာများ အပျိုလေးကျနေတာပဲ”

..........................................

ရောက်မလာခင်ကထဲက ကျွန်မ ကြိုတွေးကာ ရင်ခုန်ခဲ့ရသည့် မိခင်ဘဝသည် ကျွန်မ အတွက်အသစ်အဆန်းတ ခုလိုဖြစ်နေသည်မှ အပ ထူးထူးထွေထွေ အခက်အခဲ မရှိပါ။

သို့သော်မွေးသည့် နေ့က တော့ ကျွန်မစိုးထိတ်ပူပန် နေခဲ့ ရခြင်း တခုရှိပါတယ်။ အန်တီ စတယ်လာက ကျွန်မကိုကြည့်ပြီး လတ်တလောကလေး မွေးထားသည်နှင့် မ တူ အပျိုလိုဖြစ်နေသည်ဟု ပြောလိုက်ချိန်မှစပြီး ကျွန်မ တုန်လှုပ်သွားခဲ့ရသည်။ ကျွန်မ အတွက်မဟုတ်၊ကလေး အတွက်ဖြစ်ပါသည်။

ကျွန်မကိုစတွေ့ စဉ်က မွေးကင်းစ အရွယ်လေးဟု မမမြတ်ပြောခဲ့သည်။ နောက်မှ တနေ့ခင်း အတွင်းတွင် အခု လက်ရှိ အရွယ်သို့ ရောက်ခဲ့ရသည်ဟု ဆိုပါသည်။ ကျွန်မ မွေးသော ကလေး သည်လည်း ကျွန်မလိုဖြစ်ခဲ့သော် ဆို သည့် အတွေးဖြင့် အကြီးအကျယ် ထိတ်လန့်ခဲ့ရသည်။ ထို့ကြောင့် တဖြည်းဖြည်း နှင့် ကြီးထွားလာမလားဟု စိုး ရိမ် တကြီး စောင့်ကြည့်နေမိပါသည်။ တကယ်လို့ အနားမှာသာ ဘယ်သူမှမရှိဘူး ဆိုပါလျှင် ကလေးကို ခေါ်ပြီး ကျွန်မ အဝေးကြီးကို ထွက်ပြေးသွားမိမည်လား မပြောတတ်ပါ။ အခုတော့ ကျွန်မဘယ်မှမသွား နိုင်၊ အန်တီနန်းက အချိန်ပြည့် နီးပါး ကျွန်မနားမှာ (တကယ်တော့ သူမ၏ မြေးနားမှာ) ရှိနေသည့် အပြင် ဝဏ္ဏရှိန် ကလည်း သ တင်းကြားကြားချင်း အိမ်ကို အပြေးပြန်လာသည်။ ကျွန်မ မှာ ရင်တထိတ်ထိတ် နှင့် ကလေး ကိုတကြည့်ကြည့် လုပ်နေရုံ အပြင် ဘာမှမတတ်နိုင်တော့။

မမမြတ်ရှိနေလျှင် ကောင်းလေစွဟု တွေးရင်း ကျွန်မ ဗိုက်နာနေချိန် တွင်မမမြတ် အနားမှာရှိနေသည် ဟုပြန်သ တိရလိုက်မိသည်။ ပြန်တွေးကြည့်တော့ အိပ်မက်လိုလို ဇဝေဇဝါ ဖြစ်နေရသည်။ ကျွန်မ ကလေး ကိုမေးချလိုက် သည့် အချိန်အထိ မမမြတ် ကျွန်မနဘေး မှာရှိနေသည်ဟု ထင်၏။ အန်တီနန်း ရောက်မလာခင် မမမြတ်က သွား တော့မည်ဟု ပြောသည်။ ထို့နောက် အန်တီနန်း ရောက်လာ၏။ အန်တီနန်း ဝင်လာချိန်တွင် မမမြတ် မရှိတာ သေချာသည်။ အန်တီနန်း သာ မမမြတ်ကို မြင်ခဲ့ လျှင် နှုတ်ဆက်မည်မှာမလွဲပါ။

ကလေးကို တဖက်ကနေ အကဲခပ်ရင်း မမမြတ် ရောက်လာပုံနှင့် ပျောက်သွားပုံကို ထူးဆန်းအံ့သြနေမိသည်။ တ ကယ်လို့ မမမြတ်တကယ်လာလျှင် အန်တီနန်း ရောက်လာ၍ ရှောင်သွားစရာ မလိုပါ။ ညီမ တယောက်လုံး မွေး လုလု ဖြစ်နေချိန်မှာ အမ အနားမှာရှိတာ သဘာဝကျပါသည်။

“ငါ အိပ်မက် မက်နေတာပဲ နေမှာပါ၊ ”

ခံစားရသည့် ဝေဒနာကြောင့် ကျွန်မ ဂယောင်ချောက်ခြား ဖြစ်ခဲ့သည်လို့ သာ မှတ်ယူထားလိုက်ပါသည်။ တချိန် ထဲမှာပင် အရင်က ကလေး က ကျွန်မလို နေ့ချင်း ကြီးထွားလာနိုင်ခြင်း ရှိမရှိ မမမြတ်ကို မေးထားလိုက်ဖို့ သတိ မေ့ နေခဲ့သည့် ကိုယ့်ကိုယ်ကို သာ မချင့်မရဲဖြစ်နေမိသည်။ ဒါပေမယ့် ကိုလင်း သတင်းမေးဖို့ ရောက်လာချိန်မှာ တော့ ကျွန်မ တော်တော်လေး စိတ်အေးနေပြီ ဖြစ်ပါသည်။ ည နေစောင်းသည့် တိုင်အောင် ကျွန်မ လက်ထဲမှ ကလေး က မွေးလိုက်စဉ်က အရွယ် အစားအတိုင်းသာ ရှိပါ သေး၏။

“နင်ကတော့ ရှယ်ပဲ ဆွေဇင်”

“ဘာဖြစ်လို့လဲ”

“တယောက်ထဲ ကလေး မွေးလို့”

“ကိုလင်း တူက ဇွတ်တရွက်ပဲ၊ အတင်းကို ခုန်ပေါက်ထွက်လာတာလေ”

ကျွန်မ ရင်ခွင်ထဲက နီတာရဲ လေးကို နူးညံ့သည် အကြည့်ဖြင့် ငုံ့ကြည့်ရင်း

“နင် သတ္တိ ကောင်းမှန်း ငါအစထဲက ရိပ်မိပါတယ်၊ ဒါပေမယ့် ဒီလောက် ထင်မထားဘူး”

ဒီကိစ္စ နှင့်ပတ်သက်ပြီး ကိုလင်းကျွန်မ ကိုတော်တော် အထင်ကြီးသွားပုံရပါသည်။ ကြုံတိုင်း ကျွန်မသတ္တိကိုချီး မွမ်းတတ်၏။ သူဒီလိုပြောတိုင်း ကျွန်မဘယ်လောက်တောင် ကြောက်ရွံ့ထိတ်လန့်ခဲ့ရသည်ကို ပြန်တွေးမိကာ စိတ် မလုံမလဲခံစားရသည်။ ကိုလင်း ခနခန ပြောတတ်၍ ကျွန်မ ပြန်ပြောလိုက်မိသည်ကတော့

“တိုက်ဆိုင်လို့ပါ ကိုလင်းရယ်၊ နောက်ပြီးဆွေဇင်က လူမှ မဟုတ်တာ”

ကျွန်မ နောက်နေသည်ထင် ပြီး ကိုလင်းရယ်ရင်း နှင့်

“နင်က လူမဟုတ်တော့ဘာတုန်း”

“ကိုလင်း စဉ်းစားကြည့်လေ၊ တောထဲက တိရိစ ္ဆာန် တွေ မှာကလေးမွေး ဖို့ ဆေးရုံတက်ရတယ် မှမရှိတာ၊ ဝမ်း ဆွဲ လဲ မရှိဘူး၊ ကိုယ့်ဖာသာပဲ မွေးကြရတာမဟုတ်လား၊ ဆွေဇင်လဲ ဒီလိုပေါ့”

“ဟာ … ဒီကောင် မလေးကတော့ ကိုယ့်ကိုယ်ကို တိရိစ ္ဆာန် ဖြစ်အောင်ပြောရလား၊ ငါ က နင့်ကို အဲသလိုရည် ရွယ် ချက်နဲ့ ပြောတာလို့ နင်ထင်နေလား”

“မဟုတ်ပါဘူး၊ ဆွေဇင်လဲ စဉ်းစားမိတာပြောတာပါ”

“တော်ပြီ နောက်မပြောတော့ပါဘူး၊ နင့်ကို တိရိစ ္ဆာန် လို့ ပြောသလိုဖြစ်နေဦးမယ်၊ ငါပြောတာမဟုတ်ဘူးနော် ဒါ နင့်စကားနဲ့ နင်ပဲ ပြောတာ”

အားနာတတ်သည့်ကိုလင်း ကျွန်မစကား ကြောင့် ကျွန်မကို နှိမ်ချသလိုဖြစ်မှာ စိုးပြီး နောက်ကို ဒီအကြောင်း မ ပြောတော့ပါ။ကျွန်မ ကလည်း ဒီလိုရည်ရွယ်ချက် နှင့် ပြောမိသည်တော့မဟုတ်၊ ကိုလင်းနှင့် ပြောရင်း ဒီလို တွေး မိသည့် ဆီရောက်သွားခြင်းသာဖြစ်ပါသည်။ တကယ်တန်းမှာလည်း  ကျွန်မက တိရိစ ္ဆာန် မဟုတ်သော်လည်း တိရိစ ္ဆာန် နှင့် တတန်းထဲရှိသည့် အပါယ်လေးဘုံသား တယောက်ဖြစ်နေသည် မဟုတ်ပါလား။ ကံကောင်း ထောက်မစွာ ပင်ကျွန်မ၏ သားလေးက လူသားစစ်စစ် ၏ အသွင်အပြင်ရှိနေခဲ့ပါသည်။ သူ လူသားစစ်မစစ် ကို တော့ နောင်အခါ မမမြတ် နှင့် ကြုံမှ မေးကြည့်ရပါဦးမည်။ လတ်တလောမှာတော့ ကျွန်မ၏ ကျေးဇူးရှင် မမမြတ် ကို အမှတ်တရဖြစ်စေရန် သား ကို မြတ်ဘုန်းရှိန် ဟု နာမည်ပေးလိုက်သည်။

အန်တီနန်း ကတော့ နာမည်က စီးလွန်းသည်ဟု ကန့်ကွက် ချင်သလိုလို ရှိသော်လည်း ဝဏ္ဏရှိန် ကပါ သဘော ကျနေသဖြင့် မပြောတော့ပါ။

“ခုနောက် ပိုင်း ဒီလိုပဲ မှည့်နေကြတာပဲ အန်တီရယ်”

ကိုလင်း ကလည်း အန်တီနန်း ကို ဝင်ရောက်ဖြေသိမ့် ပေးပါသည်။ ကိုလင်း စာမေးပွဲတွေ ဖြေဖို့ ပြင်ဆင်နေ၍ ကျွန်မတို့ အိမ်ကို အန်တီနန်း ထံစားမေးဖို့၊ စာသင်ဖို့ တပတ်ကို သုံးရက်လေး ရက်လောက်ရောက်သည်။ လာ လျှင်လည်း ကလေးဝိုင်းထိန်းပေးတတ်သည်။ ကျွန်မ က အားနာသော်လည်း ဝဏ္ဏရှိန် က လူပျိုကြီးကို ပုံစံပေးရမယ် ဆိုပြီး လာတာနှင့် ကလေးချီခိုင်း၏။ အန်တီနန်း ကပါ ရယ်ရယ်မောမော နှင့် သားလုပ်သူ၏ လုပ်ရပ်ကို ထောက်ခံသလို ကြည့်နေသည့် အခါ ကျွန်မလည်း မတားသာတော့ပါ။

ကိုလင်းက လည်းကျွန်မ၏ သားလေး ကို သံယောဇဉ် ရှိပုံရသည်။ ကျွန်မ မပေးလျှင် တောင်မှ တောင်းယူပြီး ချီ၏။ ကျွန်မတောင်မှ ချီဖို့ မဝံ့မရဲ ဖြစ်ရသည့် ပိစိကွေး အရွယ်လေးထဲက ကိုလင်းချီရဲသည်။ တခါတလေ သူ့ ပေါ်မှာ ကလေးက ရှုး ပေါက်ချလို့ ဝဏ္ဏရှိန် အဝတ်အစားတွေ ယူဝတ်ပြီး အိမ်ပြန်ရသည့် နေ့ရက်တွေ တောင်ရှိ သည်။ သေးစို အဝတ် တွေကို ကျွန်မက လျှော်ပေးပါမည် ဟု ဆိုလျှင်တောင်လက် မခံပါ သူ့ဖာသာ ပလပ်စ တစ် အိတ် နှင့် ထည့်ပြီး ပြန် ယူသွားတတ်သည်။

ထို့ကြောင့် ကိုလင်းလာတတ်သည့် အချိန်တွေဆိုလျှင် ကလေး ကို နို့တိုက်ရမည် အကြောင်းပြပြီး အခန်းထဲ မှာ ဝင်နေမိတတ်တာများသည်။ နေ့ခင်း ဖက်ဆိုလျှင်တော့ အိမ်မှာ ကျွန်မတို့သားအမိနှစ်ယောက်သာ ကျန်ခဲ့ပါ သည်။ တယောက်ထဲမို့ ပျင်းစရာကောင်း မည်ထင်သော်လည်း ကလေးဝေယျာဝစ္စတွေ ကြောင့် ကျွန်မမှာ ပျင်း ချိန် မရှိပါ။ ဒါတောင်မှ သားသားက အနေအေးလို့ တော်သေးသည်။ အကြောင်း တစုံတရာ မရှိဘဲ မငိုတတ်ပါ။

ကိုလင်း ငယ်ငယ်တုန်းကလဲ ဒီလိုပဲနေမည်ဟု ကျွန်မ ကြံကြံဖန်ဖန် တွေးမိတတ်ပါသည်။ ဝဏ္ဏရှိန် ကတော့ငယ် ငယ်က အလွန်ဂျီကျမည်ထင်သည်။ ကျွန်မ အထင်ကို အန်တီနန်း အားမေးကြည့်ရာ ကျွန်မ ထင်တာမှန်ကြောင်း သိရပါသည်။

“ဆွေဇင် ငယ်ငယ်ကရော ဆိုးသလား”

ဝဏ္ဏရှိန် မေးလာတော့ ကျွန်မ ဘယ်လိုဖြေရမှန်း မသိတော့ပါ။ ဟိုအရင် ဆွေဇင်လတ်၏ ကလေး ဘဝက အ ကြောင်းအရာ တွေ ကျွန်မကောင်းကောင်း မသိတော့ပါ။ ရေးတေးတေးသာမှတ်မိသည်။ ခုဘဝမှာတော့ ကျွန်မ ၏ ကလေး ဘဝဆိုသည်မှာ မမမြတ် အပြောအရဆိုလျှင် တနေ့လည်ခင်းသာရှိခဲ့ပါသည်။

“မမှတ်မိဘူး မောင်ရဲ့”

“အင်း ဒါဆိုရင်တော့ တော်တော် ဆိုးလို့ ဖြစ်မယ်။”

“မောင့် လောက်တော့ မဆိုးဘူး ထင်ပါတယ်”

နေ့ခင်း နေ့လည်တွေဆိုလျှင် ကျွန်မ နှင့်သားသား လေး အတူရှိနေချိန်များတွင် လုပ်စရာရှိတာတွေလုပ်ရင်း သား သားလေး လိုတာရှိလျှင် လုပ်ပေးနိုင်ရန် အမြဲတမ်းလက်တကမ်းလောက်မှာထားပြီး အလုပ်လုပ်ရပါ သည်။ ထို့ ကြောင့် အမြဲလိုလို တူတူရှိနေတတ်သည့် ကျွန်မတို့ သားအမနှစ်ယောက်က တဖြေးဖြေး ပို၍ နီးကပ်လာသ လို လို ခံစားရသည်။ ကလေးမွေးပြီးနောက် ကျွန်မ ရောဂါပြန်မတက်ပါ။ ထို့ကြောင့် ကျွန်မဝမ်းသာမိသည်။ သားသား လေး ကိုမွေးမိ၍ ကျွန်မ ဝေဒနာသက်သာရာ ရသည့် အတွက်ကြောင့် လည်းသူ့ကို ပိုပိုပြီး ချစ်လာရသည်။ သို့ သော်လည်း မမမြတ်ပြောခဲ့သည့် ဝဋ်ကြွေး ဆိုတာလွယ်လွယ် နှင့် လွတ်မြောက်ရိုးမရှိဟု စကားမှန်ပြန်ပါသည်။

ဝေဒနာမှ လွတ်ပြီဟု ကျွန်မ ထင်နေသည့် တနေ့မှာ အရင်လို ပြန်ဖြစ်လာသည်။

ကံအားလျှော်စွာ ဝဏ္ဏရှိန် ကလည်း လဘက်ရည်ဆိုင်က စောစောပြန်ရောက်လာသည်။ သားသားလေး မွေးပြီး နောက် ဝဏ္ဏရှိန် အရင်လောက် အပြင်မှာကြာကြာမနေတော့ပါ။ တနေကုန်ခွဲနေရသည့် သားနှင့် အတူနေဖို့ အိမ် ကိုစောစော ပြန်လာတတ်သည်။ ကလေး မွေးပြီးကထဲက ကျွန်မတို့ကြားတွင် ပျောက်ဆုံးနေခဲ့သည့် အရာတခုကိုပြန်လည်ရယူဖို့ အတွက် သူ့ကို ကျွန်မခက်ခက် ခဲခဲ သွေးမဆောင်လိုက်ရပါ။

ဝဏ္ဏရှိန် အပြင်က ပြန်အလာတွင် မျက်လုံးတွေ ရီေ၀ ငိုက်မြည်းနေသော ကျွန်မကိုမြင်ပြီး

“ဆွေဇင် အိပ်ချင်ပြီလား၊ သားသား ရော”

“အိပ်သွား ပြီ၊ ဆွေဇင်က မောင့်ကို စောင့်နေတာ”

ကျွန်မ မျက်လုံးထဲက အရိပ်အယောင်ကို သူဖမ်းမိပုံရပါသည်။ ကျွန်မကိုဖက်ပြီး အခန်းထဲခေါ်သွား၏။ အိပ်ခန်း၀ မရောက်မှီပင် ကျွန်မ၏ ဝေဒနာက တရိပ်ရိပ်နှင့် အတင်းတက်လာသော ကြောင့် ဝဏ္ဏရှိန် ခါးကို တင်းကြပ်စွာပြန် ဖက်ထားမိပါသည်။ အခန်းထဲရောက်ပြီး ဘယ်ကနေဘယ်လို ကုတင်ပေါ်တက်သွားမိတာတောင် ကျွန်မ မသိ တော့အောင် ဖြစ်သွားရသည်။

ကျွန်မ နှင့် ကင်းပြတ်နေတာကြာပြီဖြစ်သည့် ဝဏ္ဏရှိန် ကလည်း စိတ်အားထက် သန်နေသည်။ အရေးထဲ ဝဏ္ဏရှိန်က ဘီရိုပြေးဖွင့် ပြီး ဂျယ်ဘူး ထုတ်လာသေး၏။ ကျွန်မပုတ်ထုတ်ပစ်လိုက်ရာ သားသားလေး အိပ်နေသည့် ပုခက်နှင့် သီသီ လေး လွဲပြီး ကြမ်းပြင်ပေါ်ကို ကျသွားသည်။ ကံကောင်းလို့ ကလေး နိုးမသွားတာ ဖြစ်သည်။

“ရှုပ်တယ် မောင်ရာ၊ အဲဒါတွေ လုပ်မနေနဲ့”

တကယ်ပင် မလိုပါ။ ကျွန်မ ကိုယ်ထဲမှာ ဘယ်လောက်အထိ အရည်တွေရွှဲနေပြီ ဆိုတာကို ကျွန်မ ကိုယ်တိုင် အသိဆုံးဖြစ်ပါသည်။ ဝဏ္ဏရှိန် တောင်အံ့သြသွား၏။

“ဒါဆိုလဲ ဆွေဇင့် သဘောပဲလေ၊ မောင်က ဆွေဇင် နာမှာစိုးလို့”

“အဲဒီဟာတွေ ဆွေဇင် သိပ်မုန်းတာ၊ မောင့်ကို အားနာလို့ မပြောတာ သိလား”

ဝေဒနာ အရှိန်ဖြင့် ကျွန်မ နှုတ်တွေသွက်နေသည်။ ကျွန်မ သဘောမတူသည့် အခါ ဝဏ္ဏရှိန် လည်းဘူးကို သွား ပြန် မကောက်တော့ဘဲ ကုတင်ပေါ်တက်လာ၏။ ကျွန်မ ကလည်း ရင်ကို ဖွင့်ပြီး ဆီးကြို လိုက်ပါ၏။ ကျွန်မ၏ အဝတ် အစားတွေကို ဝဏ္ဏရှိန် ချွတ် နေသည်ကို ပင်စိတ်ရှည်စွာ မစောင့်နိုင်တော့ပါ။

“မချွတ်နေပါနဲ့တော့ ဒီတိုင်းလဲရတာပဲ”

ရှက်ဖို့ ကြောက်ဖို့ မေ့စွာဖြင့် ထမိန်ကို လှန်ပေးလိုက်သော အခါ ဝဏ္ဏရှိန် ကျားတကောင်လို ကျွန်မကို ခုန်အုပ်လိုက်ပါသည်။ ကျွန်မ နှင့် ဝဏ္ဏရှိန် ၏ ပြင်းထန်သော အချစ်ပွဲကြောင့် ကုတင်ဘေးမှာ ပုခက်ကလေးနှင့် အိပ် ပျော်နေရှာသည့် သားသားလေး နိုးသွားမလားဟု ပင်ကျွန်မစိတ်မှာ မရှိတော့ပါ။ ကျွန်မလိုချင်တာ တခုကလွဲပြီး ဘာဆိုဘာမှ မသိ တော့။  ဝဏ္ဏရှိန်က မှ သတိထားမိသေးသည်။ တခါတရံ သူက တုံ့ဆိုင်းဆိုင်း ဖြစ်သွားလျှင် ကျွန်မအားမလိုအား မရ ဖြစ်ရသည်။

“မောင်ဘာဖြစ်နေတာလဲ၊ ကလေးအမေ ဖြစ်သွားလို့ လား”

“မဟုတ်ပါဘူး ဆွေဇင်ရယ်၊ သားနိုးသွားမှာစိုးလို့”

“မောင့်သားက ဒီလောက်နဲ့ မနိုးဘူး”

ကျွန်မ၏ အမူအရာတွေက အရှက်မဲ့သလိုဖြစ်နေမှန်း ကိုတောင်ကျွန်မ သတိမပြုမိအောင်ဖြစ်နေရသည်။ ကျွန်မ သိတာက ဝဏ္ဏရှိန် နှင့် အားရပါးရ လိင်ဆက်ဆံပြီး ကျွန်မကိုယ်ထဲမှာ ခံစားနေရသည့် ဝေဒနာတွေကို ငြိမ်းသတ် ဖို့ပဲ ဖြစ်ပါသည်။ ဝဏ္ဏရှိန် ဆောင့်သွင်းလိုက်တိုင်း အောက်နေ ကျွန်မ အငမ်းမရ ကော့ကော့တင်ပေး နေမိသည်။ ကြာတော့ ကျွန်မ၏ တက်ကြွမှုကြောင့် ဝဏ္ဏရှိန် လည်းကျွန်မ နှင့် အတူလိုက်ပြီးတက်ကြွလာ၏။ ကျွန်မ တို့ နှစ် ယောက် အရင်က မလုပ်ဖူးသည့် နည်းတွေသုံးပြီးတော့တောင် ဆက်ဆံမိကြသည်။ ဝဏ္ဏရှိန် စိတ်လိုသမျှ ကျွန်မ ကလည်း တခုမှ မငြင်းဖြစ်ပါ။

“ကောင်းလိုက်တာ ဆွေဇင်ရယ်၊ မောင် ငတ်နေတာကြာလို့လားမသိဘူး၊ ဟီး ဟီး”

“မောင် စိတ်ထင်လို့ပါ”

“မဟုတ်ဘူး၊ ဆွေဇင် အရင်ကထက်ကို ပိုကောင်းနေတာ ..အား မိုက်တယ် ..ကွာ”

“ဒါဆိုလဲ မောင် စိတ်တိုင်းကျသာချစ်၊ သိလား”

စောစောက မချွတ်ပါနှင့် ဟုပြောခဲ့သည့် အဝတ်တွေကို ကျွန်မ ကိုယ်တိုင်ပဲချွတ်ပေးလိုက်ပါသည်။ နှစ်ယောက် လုံး အဝတ်မဲ့သွားသည့် အခါပိုပြီး လွတ်လွတ်လပ်လပ် ချစ်နိုင်သွား၏။ ကျွန်မ၏ အငမ်းမရ တုန့်ပြန်မှုတွေကြောင့် ဝဏ္ဏရှိန် မာန်တွေဝင်လာပြီးနောက် ရင်သားတွေကို အားနှင့်ညှစ်ကိုင်ဆွဲရင်း လုပ်သည့်အခါ အထဲကနို့ရည် တွေ ပန်းထွက်လာ၍ ရယ်မိရသေးသည်။

“တကယ်ပြောတာ သိလားဆွေဇင်၊ တသားမွေး တသွေးလှ ဆိုတာ သိပ်မှန်တယ်”

ဝဏ္ဏရှိန် လည်းအားရအောင်ချစ်ပြီးချိန်၊ ကျွန်မ၏ ဝေဒနာတွေလည်း ကွယ်ပျောက်သွားချိန်တွင် မောပန်းစွာ အနား ယူနေကြရင်း ဝဏ္ဏရှိန် ပြောသည်။

“ဘာဖြစ်လို့လဲ”

“အရင်က ထက်တောင်မှ စီးစီး ပိုင်ပိုင်နဲ့ …အဟီး၊ ဟီး”

ကြည့်ရတာ ဝဏ္ဏရှိန် ထပ်လိုချင်သေးသည်ထင်သည်။ ကျွန်မ က လည်းဝေဒနာပျောက်သွား ပြီဖြစ်၍ နာကျင်မှုတွေ မလိုချင်တော့ပါ။ အော်ရင်း ဟစ်ရင်း ကလေး နိုးသွားမှာကိုလည်း အခုမှ စိုးရိမ်စိတ်ဝင်လာ၏။ တက်ကြွတုန်း က သူနှင့် အပြိုင်တက်ကြွနေခဲ့ ပြီး အခုမှ ထပ်ပြီးလက်မခံချင်တော့ဟု ဆိုလျှင် မကောင်းဟု တွေးမိပြီး ဝဏ္ဏရှိန် ပါးပြင်ကို လက်နှင့်သပ်ပေးရင်း

“မောင် ကောင်းပေမယ့် နောက်တခါဆိုရင် ဆွေဇင် ခံနိုင်တော့မယ် မထင်ဘူး၊ အခုတောင် နဲနဲနာနေပြီ၊ မနက် ဖြန်ကျမှပေါ့ မောင်ရယ်နော်၊ စောစော ပြန်လာခဲ့ပေါ့၊ ဆွေဇင် စောင့်နေမယ် သိလား”

မနက်ဖြန် အတွက်ပါ ကြိုတင်စရံသတ်ပြီး ချော့လိုက်သည့် အခါ ဝဏ္ဏရှိန် ကျွန်မစကား နားထောင်ပြီး အိပ်သွား ရှာပါသည်။ ကျွန်မကတော့ တော်တော် နှင့် အိပ်မပျော် နိုင်သေးပါ။ အဝတ်အစားတွေ ပြန်ထဝတ်ရင်း ကျွန်မ၏ မိန်းမ တန်ဆာကို ကလေးမွေးထားတာ နှင့် မတူ အပျို နှင့်တူနေသည်ဟု အန်တီစတယ်လာ ပြောဖူးတာ ပြန် အ မှတ်ရနေမိ၏။ ဘာပဲ ဖြစ်ဖြစ် ဝဏ္ဏရှိန်သဘောကျနေသည့် အတွက် နောက်နေ့တွေမှာ ဝဏ္ဏရှိန် ကို အထူးတ လည် ဆွဲဆောင်ယူဖို့ မလိုတော့ဟု ထင်မိပါသည်။ ပျောက်ဆုံးနေပြီဟု ထင်နေသည့် ဝေဒနာ ပြန်ပေါ်လာသည့် အတွက်ကိုသာ စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ရသည်။

မမမြတ်သာ သိသွားလျှင် ဘယ်လိုမှတ်ချက်တွေ ချဦးမည်မသိဟု တွေးရင်း ကျွန်မအိပ်ပျော်သွားပါသည်။ မနက် အိပ်ယာမှ ထသော အခါ အရင်ကလိုပင် သုတ်ရည်တွေ ကျွန်မကိုယ်ထဲက ပြန်ပြီးစီးထွက်ကြောင်း သိလိုက်ရ သည်။ အရင်အတိုင်း ဘာမှမထူးခြားဟု စိတ်မကောင်း ဖြစ်ရသေးသော်လည်း ဒီတိုင်း ဆိုရင် ကျွန်မ နောက်တခါ  ကိုယ်ဝန် ထပ်ရှိဖို့ ခဲယဉ်းလိမ့် ဦးမည်ဟု တွေးပြီးစိတ်သက်သာရာ ရရပြန်၏။ နောက်တကြိမ် ကိုယ်ဝန်ဆောင်ဖို့ ကလေး မွေးဖို့ ကျွန်မ ဘယ်လိုမှ စဉ်းစားလို့ မရနိုင်အောင်ဖြစ်ရသည်။

ကိုယ်တိုင်ဝမ်းမှ လွယ်မွေးခဲ့ရသည့် ကျွန်မ၏ သားကိုတော့ ကျွန်မ အသက်တမျှချစ်ရပါသည်။ သားတို့ ရုပ်ရည် သီတာမည်သား ဆိုသည့် စာဆို မှန်ကန်ကြောင်းလည်း ကလေးအမေ ဖြစ်လာချိန်မှာ ပိုပြီး ယုံကြည်လက်ခံ လာရသည်။ ဝဋ် ကြွေးတခုကို လူမသိသူမသိပေး ဆပ်နေရသည့် ဘဝတွင် သား သည်သာ ကျွန်မဘ၀ ၏ဖြေသိမ့် ရာ ဖြစ်သည်။ နေ့ခင်း ဖက် သားနှင့် နှစ်ယောက်ထဲ ရှိနေချိန်တွေ ဆိုလျှင် သားမျက်နှာကို တစိမ့်စိမ့် ကြည့်ရင်း ပြောချင်ရာ လျှောက်ပြောနေမိ၏။ တခါတလေ သား က အမေ၏ ကပေါက်တိကပေါက်ချာ စကားတွေကို နားလည် သလိုလို နှင့် ပြုံးတတ်သည်။ တခါတလေ လည်း တခစ်ခစ်ရယ်သည်။

“ငါ့ သားလေး ရောက်လာလို့ မေမေ့ ဘ၀ သာယာလာတာ သိလား”

ဆိုးတိုင်ပင် ကောင်းတိုင်ပင် နေလာခဲ့ပြီး ကျွန်မ အတွက်အားကိုးအားထားရာ ဖြစ်သော မမမြတ် ကျွန်မနားမှာ မ ရှိတော့သည့် နောက်တွင် ကျွန်မ ရင်ထဲမှာ ရှိနေသည်များကို သားကိုပြောပြပြီး ရင်ဖွင့် စိတ်ဖြေရသည်။ ဒါက လည်း သားက စကားနားမလည် သေး၊ စကား မတတ်သေးသည့် အရွယ်လေး မို့ပြောလို့ ရခြင်းဖြစ်သည်။ သူကြီး လာလို့ ပြောတတ်ဆိုတတ်နားလည်တတ်လာမည် ဆိုရင် ကျွန်မ ပြောလို့ရတော့မည် မဟုတ်ပါ။

ညစဉ် ညတိုင်းလိုတော့ ကျွန်မ၏ ဝဋ်ကြွေးတွေကို ခံစားရမြဲ ခံစားရပါသည်။ ဒီလို အချိန်တွေဆိုရင် ကျွန်မ သား ကို တောင်မေ့လျော့သည်။ အနားမှာ ရှိသည့် သားကိုတောင် မရှိတော့၊မသိတော့ သလိုဖြစ်ရသည်။ သားက ည ဖက်ဆိုလျှင် အစောကြီး အိပ်သွားတတ်သည့် ညဉ်ကောင်းလေး ရှိလို့သာတော်တော့သည်။ အိပ်ပျော် မနေဘူး ဆိုလျှင် သူ့ပုခက်ကလေး ဘေးက ကုတင်ပေါ်မှာ အရှက်ကင်းမဲ့ စွာ ဖြစ်ချင်တိုင်း ဖြစ်နေသည့် အမေလုပ်သူကိုသားမြင် ခဲ့လျှင် ဆိုသည့် အတွေးက ကျွန်မ ဝေဒနာစဲ၍ ပုံမှန်စိတ်ဝင်တိုင်း ရင်ထဲမှာ လာလာနှောက်၏။ ဒီလိုအချိန် မျိုးဆိုလျှင် သားကို ချစ်သော်လည်း အရင်လိုပဲ ယောက်ျားတကာ နှင့် ဖြစ်ချင်တိုင်းဖြစ်လို့ရသည့် ဘဝမှာပဲ လွတ်လွတ်လပ် အိမ်ထောင်မပြုဘဲ နေမိသော် ကောင်းလေစွဟု ရင်နာနာနှင့် တွေးမိတတ်ပါသည်။

သားက ကျွန်မရင်ကို အေးမြရစေသည်မှန်သော် လည်း ကျွန်မ ရင်ထုမနာဖြစ်ရသည့် အခါတွေလည်း ရှိပါသည်။ အိမ်ကို အမြဲလိုလို ရောက်နေတတ်သည့် ကိုလင်းက တဖြည်းဖြည်း နှင့်၀၀ကစ်ကစ် လေးဖြစ်လာပြီး ချစ်စရာ ပို၍ ပို၍ ကောင်းလာသည့် သားကို ချစ်ရှာသည်။ ကလေး တို့၏ ဗီဇ အသိဖြင့် သူ့အပေါ်စိတ်ကောင်း မေတ္တာ ထားသူကို အလိုလို သိပြီး ခင်တွယ်သည်လား မသိပါ သားကလည်း ကိုလင်းကို ခင်သည်။ ကိုလင်း ရောက်လာ သည့် အချိန်တွေမှာ ဆိုလျှင် အမေချီထားသည့် တိုင်အောင် ကိုလင်းဆီ လက်ကမ်း၏။ ကိုလင်းက လည်းမဆိုင်း မတွ ခေါ်တော့သည်။

ကိုလင်း ကလေးကို ချီပြီး တပြုံးပြုံး နှင့် ချော့မြူနေသည့် မြင်ကွင်းကို မြင်တိုင်း ကျွန်မရင်မှာတစစ်စစ် နာသည်။

သား၏ ဖခင်က ကိုလင်းသာဖြစ်ခဲ့ လျှင် လောကကြီးမှာ အကောင်းဆုံးဘ၀ ဖြစ်လိမ့်မည် ဟု ကာမပိုင် လင်သား ရှိလျှက် နှင့် တွေးမိသည့် ကျွန်မကိုယ်ကျွန်မ လည်းရွံမုန်း၏။ ထို့ကြောင့် ကိုလင်း ကလေးခေါ်သွားလျှင် ကျွန်မ အိပ်ခန်းထဲ ဝင်ချင်ဝင် မဝင်ချင်လျှင် မီးဖိုခန်း ထဲဖြစ်ဖြစ် ဝင်သွားပြီး လုပ်စရာ တခုခု ရှာကြံ လုပ်နေလိုက်မိ ပါ သည်။

ထို့ကြောင့် အိမ်ကို ကိုလင်း မလာရင်ကောင်းမည်ဟု တွေးမိသည့် အခါတွေ ရှိ၏။ ဒါပေမယ့် ကိုလင်းကို မမြင် တွေ့ရလျှင် လည်းကျွန်မ မနေနိုင်ပါ။ ကိုယ့် အပေါ်ကြင်နာသည့် လင်ယောက်ျား ရှိနေပါလျှက် နှင့် ဒီလို ဖြစ်ရ သည့် အတွက် ကျွန်မကိုယ်ကျွန်မ ရှက်လဲရှက်ပါသည်။ မမမြတ်ပြောဖူးသည့်

 “နင့်ဝဋ်ကြွေးထဲမှာ အဲဒီလူလဲ ပါ လိမ့်မယ်” 

ဆိုသည့်စကား ကို ခါးခါးသီးသီး စိတ်ထဲက ထောက်ခံမိပါသည်။

ကျွန်မ၏ စိတ်ဆန္ဒ တွေကို ကံကြမ္မာက သိလားမသိလား တော့မသိပါ။ ဒါပေမယ့် ကျွန်မ နှင့် ကိုလင်း ကြားမှာ အပြောင်း အလည်းတခုလုပ်ပေး လိုက်ပြန်၏။ ကိုလင်း ကျွန်မတို့ ရပ်ကွက်က ပြောင်းဖို့ ဖြစ်လာသည်။ ကိုလင်း က သူ၏ ဆွေမျိုး တယောက်၏ တိုက်ခန်းမှာ နေသူဖြစ်သည်။ အခု ထိုတိုက်ခန်း ကိုရောင်းလိုက်သော အခါကို လင်း လည်း တနေရာ ပြောင်းရတော့သည်။ ဒီရပ်ကွက် ကို သံယောဇဉ် ရှိသည့် ကိုလင်းက အနီးအနား မှာနေ ရာ ရှာပါသေးသည်။ အဆင်မပြေသည့် အတွက် ရသည့်နေရာ ရှာပြီး ပြောင်းလိုက်ရခြင်း ဖြစ်သည်။

ကိုလင်း ကိုခင်သော ဝဏ္ဏရှိန် လည်းစိတ်မကောင်း ဖြစ်ရသည်။ ဝဏ္ဏရှိန် ထက်ပိုပြီး စိတ်မကောင်းသူမှာ ကျွန်မ ဖြစ်သည် ဆိုသည့် အချက်ကိုတော့ ဘယ်သူမှ မသိနိုင်ပါ။

“ခန ခန လာလည်နော် အကို”

“လာမှာပါကွ၊ ငါက အန်တီနန်း လက်ကမှ မလွတ်သေးတာ၊ ငါ့သူငယ်ချင်းကြီးလဲ ရှိသေးတယ်၊ လာဦး ဒီကောင် ကြီး ကိုချီရဦးမယ်”

ဝဏ္ဏရှိန် လက်ထဲက သားကို ဆွဲယူချီပြီး နမ်းသည်။ ကျလုလု မျက်ရည်တွေကို ကျွန်မ မနည်းထိန်းချုပ်ထားရ သည်။ ပုံမှန် အတိုင်းအေးအေး ဆေးဆေး အမူအရာ ရှိသော်လည်း ကိုလင်းလည်း စိတ်မကောင်းမှန်း ကျွန်မ ရင် ထဲက သိနေသည်။

“ဆွေဇင် တို့ကို ပစ်မထားပါနဲ့ နော်၊ ကလေးလဲ လာထိန်းပေးပါဦး”

နောက်သလိုလို အတည်လိုလို ပြောမိတော့ ကိုလင်းရယ်သည်။

“လာမှာပါ ဆိုနေမှ၊ ငါ့အတွက် ဟောဒီ ဘော်ဒါကြီးနဲ့ အန်တီနန်း က နင်တို့လင်မယား ထက်အရေးကြီးတယ်”

တကယ်လည်း ကိုလင်း မကြာမကြာ လာပါသည်။ ဒါပေမယ့် များသောအားဖြင့် အန်တီနန်း ဆီမှာ စာသင်ဖို့ စာ မေး ဖို့ ကိစ္စ နှင့် လာတာ များ၍ ကျွန်မ နှင့် သား ကိုသိပ် အချိန်မပေးနိုင်ပါ။

ရုံးပိတ်ရက် အားလပ်ရက်တွေ ဆို လျှင်တော့ အချိန်ကြာကြာ နေပါသည်။ ကျွန်မ တို့ မိသားစု နှင့် ဟိုသွားဒီသွား တခုခု သွားစားကြတာ မျိုးလုပ် သည်။ ဒါကလည်း တလမှ အနည်းဆုံး တခါနှစ်ခါ လောက်သာဖြစ်သည်။ နောက်တော့လည်း ဘယ်အချိန်ကျ မှ ရောက်လာမည် မှန်းမသိသည့် ကိုလင်းကို ကျွန်မ မမျှော်မိတော့ပါ။ ကျွန်မ၏ တိုင်တည်ရာ လူကြီးလူကောင်း ကို သာ ဘယ်သူမှ မရှိချိန်တွေမှာ စိတ်ထဲရှိတာ ပြောပြဖြစ်ပါသည်။

“ဦးဦး လင်း မလာတာကြာပြီ သားရယ် နော်၊ သားသတိမရဘူးလား၊ မေမေ တော့ အရမ်းသတိရတာပဲ”

.......................................

သာမန် အိမ်ထောင်သည် မိန်းမ တယောက်ဘဝတွင် နေထိုင်ရခြင်းသည် ခက်ခဲလှသည်ဟု မဆိုနိုင်သော်လည်းကျွန်မ အတွက်ကတော့ သိပ်ပြီးသက်တောင့်သက်သာ မရှိဟုထင်မိတတ်ပါသည်။ ပုံမှန်အားဖြင့် ကျွန်မ၏ ဘ၀ သည် ရိုးစင်းပါ၏။ အိမ်မှုကိစ္စတွေ နှင့် သားသား၏ ဝေယျာဝစ္စ တွေလုပ်ရင်း တနေ့တာကို နေ့စဉ် ကျော်ဖြတ်ရ သည်။ ညဖက်ရောက်လျှင် ကျွန်မ၏ လင်ယောက်ျားဖြစ်သူ ဝဏ္ဏရှိန် နှင့် ရိုင်းရိုင်းပြောရလျှင် လိင်ဆက်ဆံ ပြီး နောက် အိပ်ယာဝင်ကာ တနေ့တာကို ကုန်ဆုံးရသည်။ ကျွန်မ ကိုယ်ကျွန်မ အစက်ဆုပ်ရဆုံး နှင့် ကျွန်မ၏ ဘ၀ အပေါ် ကျွန်မ မကျေနပ်ရဆုံး အချိန်တွေက ဝဏ္ဏရှိန် ကို ကျွန်မ အလိုအတိုင်းဖြစ်စေဖို့ မသိမသာ သွေးဆောင် ရသည့် အချိန်တွေမှာ ဖြစ်သည်။ ကျွန်မ၏ အလိုမဟုတ်ဘဲ ဝဏ္ဏရှိန် ၏ ဆန္ဒ အတိုင်းဖြစ်ရသည့် သဘောရောက် အောင်ကြိုးပမ်း ရခြင်းသည် လည်းကျွန်မ ကို အလွန်ပင်ပန်းစေပါသည်။ ညတိုင်း လိင်ဆက်ဆံရ မှ ကျေနပ်သည့် မိန်းမ တယောက်အဖြစ်သို့ လည်း မရောက်လိုပါ။

ကျန်သည့် အချိန်တွေမှာ ကျွန်မအတွက် ခက်ခဲသောအရာတခုကတော့ ကိုလင်းနှင့် ပတ်သက်ပြီး စိတ်ကို ထိန်း ချုပ်ရခြင်းဖြစ်၏။ သူ့အကြောင်း မတွေးမိအောင်တားဆီးရသလို သူနှင့်တွေ့သည့် အခါတွေတိုင်းမှာလည်း ကျွန်မ ၏ အပြုမူအပြော အဆိုတွေက ပင်ကိုယ်စိတ်ရင်းကို ထုတ်ပြမိသလို မဖြစ်ရအောင်လည်း သတိထားနေရပါသည်။သို့သော် အခုလို အနေဝေးသွားကြပြီးနောက်တွင် ရှားရှားပါးပါး ကိုလင်းရောက်လာချိန်များတွင် ကျွန်မ၏ ဝမ်းသာ ပျော်ရွှင်မှုကို ဘယ်လိုမှထိန်းချုပ် မထားနိုင်ခဲ့ပါ။ ဝဏ္ဏရှိန် သာမက ကျန်တဲ့သူအားလုံးက ပါ ကိုလင်းကို ကျွန်မ အ လွန်ခင်မင်သည်ဟု သိထားကြ၍ သူတို့အတွက်ထူးခြားပုံ မပြသော်လည်း ကျွန်မ မှာ မလုံမလဲဖြစ်ရသည်။ အထူး သဖြင့် ဝဏ္ဏရှိန် ကို ကျွန်မ အလွန်အားနာရပါသည်။

သူ၏ ရင်ခွင်တွင်းမှာနေပြီး တခြားယောက်ျားတယောက်ကို တမ်းတနေသည့် မိန်းမတယောက်ကို လက်ထပ်ထားမိကြောင်း ဝဏ္ဏရှိန် မသိရှာပါ။

ကျွန်မ၊ ဝဏ္ဏရှိန် နှင့် ကိုလင်းတို့ အကြောင်း ကို မမမြတ် အနည်းငယ်ရိပ်မိသိရှိခဲ့ပါသည်။ ထို့ကြောင့် လည်း ကို လင်း သည်ကျွန်မ၏ ဝဋ်ကြွေးတခု ဖြစ်နိုင်ကြောင်း မမမြတ်ပြောခဲ့သည်။

အဲဒီတုန်းက ကျွန်မ နှုတ်က ဘာမှပြန် မပြောမိခဲ့ သော်လည်း အခုလို အချိန်ဆိုရင်တော့ ကျွန်မရင်ထဲမှာ ဖြစ်နေတာတွေကို ထုတ်ပြောပြီး ဝန်ခံရင်ဖွင့် ဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့သော်လည်း ကလေးမွေးပြီး လျှင်လာကြည့်ဦးမည် ဟု ကတိပေးသွားသည့် မမမြတ် က လုံးဝကိုပေါ်မလာတော့ပါ။ မမမြတ် ကတိမပျက်တတ်ကြောင်း ကိုသိနေသည့် အတွက် ကျွန်မ မွေးသည့်နေ့ က မမမြတ် တကယ်ရောက်လာတာ များလားဟု တွေးစပြုလာသည်။ မမမြတ်မှာ ထူးခြားသည့် အစွမ်းအစ တွေ ရှိ ကြောင်း အတူတူ နေစဉ်ကထဲက ကျွန်မ ရိပ်မိသည့် အတွက် ဖြစ်လည်းဖြစ်နိုင်ပါသည်။

မမမြတ် ပြောဖူးတာတွေ အရဆိုလျှင် ကျွန်မလည်း တချိန်မှာ ဒီလို အစွမ်းအစတွေ ရှိချင်ရှိလာပါလိမ့်မည်။ ဒါပေ မယ့် ဒီလို အစွမ်းတွေ ရှိလေ ဝေဒနာကိုပိုပြီးခံရလေ ဆိုသည့် မမမြတ် စကားကိုလည်း ကျွန်မ မမေ့ပါ။ ထို့ကြောင့်ဖြစ်နိုင်ရင် ဒီအတိုင်းပဲ နေချင်ပါသည်။ အခုတောင်မှ ကျွန်မ အတွက် ခံစားရတာတွေက တော်တော်ဆိုးရွားနေပါ ပြီ။ ရိုးသားသည့် ယောက်ျားတယောက်ကို မချစ်ပါဘဲနှင့် မြှူဆွယ်နေရသည့်ဘဝ၊ ချစ်မိသူကိုလည်း မြင်ပါလျှက် နှင့် မကြင်သလို နေနေရသည့် ဘ၀ ထက်ဆိုးသော အရာမရှိဟု ကျွန်မထင်မိပါသည်။

“နင် တချိန်ကျရင် သူ့အလိုလို သိလာလိမ့်မယ်” 

ဟု မမမြတ် မကြာခနပြောဖူးသည့် စကားကတော့ အမြဲလိုမှန် တတ်ပါသည်။ ကျွန်မထက် ဝါရင့်သော မမမြတ် နှင့် ကျွန်မ မသိသေးသည့် အရာတခုကို ထပ် မံသိခွင့်ရလိုက် သည့် အချိန်မှာ မမမြတ်မှန်ကြောင်း ကျွန်မထပ်ပြီး အတည်ပြုမိပါ၏။ အဲဒီနေ့က ဝဏ္ဏရှိန် အလုပ်ကိစ္စ ဖြင့် ပဲခူး သို့ သွားရသည်။ ဝဏ္ဏရှိန် တာဝန်က ခရီးသွားဖို့ မဟုတ်သော်လည်း လိုက်ရမည့် သူက နေမကောင်း၍ အစား ထိုး လိုက်သွားပေးရသည်။

“မောင် ပဲခူး ခနသွားရမယ်၊ နေ့ချင်းပြန်ပါ၊ ဒါပေမယ့် နောက်ကျမယ် သိလား”

“ဘယ်လောက် နောက်ကျမှာလဲဟင်၊ မိုးချုပ်မှာလား”

ဝဏ္ဏရှိန် ဖုန်းဆက်ပြောချိန်မှာ ကျွန်မ ထိတ်လန့်စွာ ပြန်မေးမိသည်။

“မဟုတ်ပါဘူး၊ အလွန်ဆုံး ခုနစ်နာရီ ရှစ်နာရီပေါ့၊ ဒီ့ထက်စောဖို့ပဲ ရှိတယ်၊ နောက်မကျဘူး”

“အင်း …အင်း … ပြီးတာနဲ့ ချက်ချင်းပြန်ခဲ့နော်”

ဝဏ္ဏရှိန် စကားကြောင့် ကျွန်မ အနည်းငယ်စိတ်အေး သွားသလိုလို ရှိသော်လည်း ဝဏ္ဏရှိန် တို့ အပြန်လမ်းမှာ တော့ ကားပျက်သွားခဲ့သည်။ ပြန်လာမည်ပြောထားသည့် အချိန်ကျော်သည်အထိ လူလည်း ရောက်မလာ ဖုန်း လည်း မဆက်၍ ကျွန်မ နေမထိထိုင်မသာ ဖြစ်လာရသည်။ ဝဏ္ဏရှိန် အတွက် စိတ်ပူတာက နည်းနည်းသာ၊ ကျွန် မ၏ ဝေဒနာ အချိန်တွေ အတွက် ပိုပြီး စိတ်ပူနေခြင်း ဖြစ်သည်။ ကလေးချီပြီး အိမ်ထဲမှာ ယောက်ယက်ခပ်နေ သော ကျွန်မကို အန်တီနန်း ကတောင်

“အလုပ် မပြတ်လို့နဲ့ တူပါတယ် သမီးရယ်၊ ရန်ကုန်နဲ့ ပဲခူး နီးနီး လေးပါ၊ ဒီလောက်စိတ်ပူ မနေပါနဲ့”

ကိုယ့် ဝမ်းနာ ကိုယ်သာ သိသည့် အတွက် အန်တီနန်းကို မချိသွားဖြဲ ရယ်ပြလိုက်ရုံကလွဲပြီး ကျွန်မ ဘာမှပြန်မ ပြောနိုင်ပါ။ ဝဏ္ဏရှိန် အချိန်မှီ ပြန်မရောက်ခဲ့ လျှင် မင်္ဂလာဦး ညတုန်းကလို ကျွန်မ လွတ်ထွက်သွားမှာ စိုးရသည်။

ပထမ တကြိမ်မှာ ကံကောင်းထောက်မစွာ ဖြင့် ဘယ်သူမှ မသိခဲ့သော်လည်း ခုတကြိမ်မှာ ဒီလိုပဲပြီးသွားလိမ့် မည် ဟု ဘယ်လိုမှ မျှော်လင့် ယူဆလို့ မဖြစ်နိုင်ပါ။ အမေလုပ်သူက တောင် အေးအေး နေနိုင်လျှင် ကျွန်မက အရမ်းသဲ ပြနေသလို ဖြစ်နေမှာ လည်း စိုး၍ မသိမသာ အခန်းထဲ ဝင်နေလိုက်ပါသည်။

ညဆိုရင်စောစော အိပ်တတ်သည့် သားသား အိပ်ပျော်သွားသည့်အခါ ပုခက်ထဲ ထည့်ထားလိုက်ပြီး ကျွန်မငိုင် တွေရင်း တချက်ချက် ရွေ့လျားနေသည့် စားပွဲပေါ်က နာရီကို စူးစိုက် ကြည့်နေမိ၏။ အဖြစ်ဆိုးတခု ထပ်အဖြစ် မ ခံ နိုင်ပါ။ ဖြစ်လာလျှင်၊ ဝဏ္ဏရှိန် သိသွားခဲ့ လျှင် ကျွန်မ ဒီအိမ်ကို ပြန်လာဖို့ အကြောင်း မရှိတော့ပါ။ အပူအပင် ကင်းစွာ အိပ်ပျော် နေသည့် သားသားကို တချက်လှမ်း ကြည့်ပြီးနောက် အပြင်ကို ပြန်ထွက်လာခဲ့သည်။ ဝဏ္ဏရှိန် ရုံးကို ဖုန်းဆက်ကြည့်မည်ဟု တယ်လီဖုန်းနား သွားပြီးမှ ဒီအချိန်ဆိုရင် ရုံးမှာဘယ်သူမှ ရှိတော့မှာ မဟုတ်၍ နီးရာ ခုံမှာ ဝင်ထိုင်ပြီး စိတ်အိုက်နေမိသည်။ ကျွန်မ နည်းနည်း ငိုက်ချင်သလို ဖြစ်နေသည်ကို လည်းသိနေ၍ စိတ်ကို အားစိုက်ပြီးတင်းထားရသည်။

“သမီး အိပ်ချင်ပြီလား”

“ရှင် … မအိပ်ချင်သေးပါဘူး အန်တီ”

မလုံ မလဲဖြင့် အန်တီနန်း ကို လှမ်းကြည့်လိုက်ရာ သားသား အင်္ကျ ီတထည်ကို ကြယ်သီးတပ်နေတာ မြင်လိုက် ရသည်။

“ပြုတ်ကျနေတာ တွေ့လို ကြယ်သီးလေး ကောက်သိမ်းထားတာ ခုမှပဲပြန်တပ် ဖြစ်တော့တယ်”

မမမြတ် ချုပ်ပေး ခဲ့သော အင်္ကျ ီလေးဖြစ်သည်။ အန်တီနန်း လုပ်နေတာမြင်မှ ကျွန်မ လည်း ကလေး အင်္ကျ ီ တချို့ နှင့် ဝဏ္ဏရှိန် တွေပြန် ချုပ် ပေးစရာ ရှိတာကို သတိရလိုက်မိသည်။

“သမီး လုပ်ပေးမယ် အန်တီ၊ သမီးလည်း လုပ်စရာ ရှိသေးတယ်၊ ကို ဝဏ္ဏရှိန် ကိုစောင့်ရင်း လုပ်လိုက်မယ်”

ဒီတိုင်း ကြီး ကြိတ်မှိတ်ခံနေမည့် အစားတခုခု လုပ်ရင်း စိတ်ကို အပြောင်းအလဲ လုပ်ထားတာ ကောင်းမည်ဟုထင်မိပါသည်။

“အင်း … ဒါက ပြီးသွားပြီ၊ သမီး ဖာသာလုပ်စရာ ရှိတာလုပ်ပါ၊ သမီးစောင့်မယ် ဆိုလည်းအန်တီ အိပ်တော့ မယ်”

အပ်နှင့် အပ်ချည်လုံးတွေ ထည့်ထားသည့် လေးထောင့် သံဗူးလေး ကို ကျွန်မ ရှေ့မှာချ ပေးပြီး အန်တီနန်း အထဲ ဝင်သွားပါသည်။ အပြင်မှာ သော့တချောင်း ရှိ၍ ဝဏ္ဏရှိန် လာရင်သူ့ဖာသာ ဝင်လာနိုင်သည့် အတွက် အိပ်ခန်းထဲမှာပဲ လုပ်မည်ဟု စိတ်ကူးပြီး ကျွန်မ အထဲဝင်လာခဲ့ပါသည်။ မီးအလင်းရောင် သားသားပေါ် တိုက်ရိုတ် မကျစေ ရန် သူ့ခြင်ထောင်လေး ပေါ်မှာ အနှီးလေး တထည်ကာပေး လိုက်ပြီး သားရေကြိုးပြတ် နေသည့် သားသား ဘောင်း ဘီလေး တထည်ကို သားရေကြိုး အသစ်ပြန်လဲသည်။ ကျွန်မ၏ ဝေဒနာက လည်း တဖြည်းဖြည်းချင်း အစ ပျိုးနေပြီဖြစ်သည်။ စိတ်ကို တည်ငြိမ်အောင် ထိန်း၍ အသက်ကို မှန်မှန်ရှု ရင်း လုပ်စရာ ရှိတာကို လုပ်နေ နိုင် ဖို့ ကျွန်မ ကြိုးစားပါသည်။

သားသား ဘောင်းဘီ သားရေကြိုး ထည့်တာပြီးသွား၍  ဝဏ္ဏရှိန် အင်္ကျ ီက လက်ကြယ်သီး ပြုတ်နေတာကိုပြန် တပ်ပေးချိန် မှာတော့ ကျွန်မ၏ အခြေအနေ တော်တော် ဆိုးနေပြီဖြစ်သည်။ ဘယ်အရာကိုမှ ကောင်းကောင်း မမြင် ရသလို လက်တွေလည်း တုန်နေ၏။ အပ်ဖြင့် လက်ကို နှစ်ချက်သုံးချက်လောက် ချော်ထိုးမိသည်။

“အား”

ချော်လေစိတ်မရှည်လေ ဖြစ်ရာမှ ဆောင့်ဆောင့်အောင့်အောင့် လုပ်လိုက်မိသည့် နောက်ဆုံးတချက်ထိုးမိခြင်းက တော်တော် များပါသည်။ အပ်ကလက်ညိုးထဲကို စပါးလုံး တထောက်စာမက နစ်ဝင်သွားသလို သွေးတွေလည်း ပန်းထွက်လာ၏။ ဘေးက စားပွဲပေါ်က တစ်သျှူး တရွက်ယူပြီး သွေးတွေသုတ်ပစ်ရင်း ကျွန်မ ခေါင်းအနည်းငယ် ပြန်ကြည်လင်သွားသည်ကို သတိထားလိုက်မိသည်။ သို့သော်လည်း ခနသာ သွေးတွေသုတ်ပြီး အလုပ်ပြန်လုပ် ဖို့ လုပ်စဉ် လူက ရီဝေရီေ၀ နှင့် မရိုးမရွ ပြန်ဖြစ်လာရပါသည်။ စိတ်ပေါက်ပေါက် ရှိတာနှင့် ကျွန်မ ပေါင်ကို အပ်နှင့် ထိုးချလိုက်မိသည်။ စူးကနဲ အောင့်သွားတာနှင့် အတူ အပ်တဆုံးနီးပါး နစ်ဝင်သွားတာကိုလည်း သိလိုက် သည်။ သို့သော် ထိုနာကျင်မှု ကြောင့် ကျွန်မ အနည်းငယ်နေသာထိုင်သာ ရှိသလိုဖြစ်သွားသည်ကို လည်းသိလိုက်ရပါသည်။

ထူးခြားသည့် အခြေအနေ အပေါ် စူးစမ်းချင်စိတ်ကလည်း တဖက်မှာ ဖြစ်လာ၍ ကျွန်မ လက်ဖျံပေါ်သို့ခပ်ဆတ် ဆတ် တချက်စိုက်ချလိုက်သည်။ ထိုနာကျင်မှုက ကျွန်မ၏ တရိပ်ရိပ်တက်လာနေသော ဝေဒနာကို အံတုနိုင် ကြောင်း သေသေချာချာ သိလိုက်ရ ပြီးနောက် ကျွန်မကိုယ်ကျွန်မ သတိမထားလိုက်မိတော့ဘဲ လက်ဖျံပေါ်ထပ် ၍ နောက်တကြိမ်အပ်ကို စိုက်ချလိုက်ပါသည်။ အခုအချိန်မှာ ကျွန်မ၏စိတ်ထဲမှာ ဖြစ်နေသည့် ခံစားမှုကို အနီးစပ် ဆုံးတူအောင်ပြောရလျှင် အလွန်ယားယံနေသည့် နေရာကို လက်သည်းဖြင့် ကုပ်ခြစ်လိုက်ရသလိုပင်။

ကျွန်မ ကိုယ်ကျွန်မ ပင်သတိမထားလိုက်မိဘဲ အပ်တွေထည့်ထားသည့် သံဘူးကိုတုန်ရီနေသော လက်တွေဖြင့် ဖွင့်ကာ ကသောကမျောရှာနေမိသည်။ အေးစက်မာကျောသော အထိအတွေ့တခုကိုလက်ကသိလိုက်သည့် အချိန်တွင် ဗူးထဲက အကြီးဆုံး အပ်ချောင်း ကိုကျွန်မဆွဲထုတ်လိုက်မိပါသည်။ ထိုအပ် က သုံးလက်မ လောက် ရှည်ပြီး တခြားအပ်တွေထက် အလုံးပိုတုတ်သည်။ အကြီးဆုံးအပ်ကို ဘာကြောင့် ရှာဖွေရွေးချယ် မိသည် ကို တော့ ကျွန်မလည်း မသိပါ။

အပ်ကိုလက်ထဲ ကိုင်မိသည်နှင့်ပေါင်ပေါ်ကို တစွတ်စွတ် ဖြင့် ဘယ်နှစ်ချက် မှန်းမသိစိုက်ချလိုက်မိသည်။ သို့ သော် ထိုနေရာသည် နေရာမှန်မဟုတ်သေးဟု စိတ်က အလိုလိုသိနေသည့်အတွက် ယား ယံသည့်နေရာ ကို ကုပ်သည့် လက်က အလို အလျှောက်သွားသည့် ပမာ ကျွန်မလက်က တဖြည်းဖြည်း နှင့် ပေါင်ရင်းဆီသို့ ရွေ့ လျားလာ သည်။ တစထက်တစလည်း ကျွန်မခံစားနေရသည့် ဝေဒနာတို့၏ ဗဟိုချက်မ ဆီသို့ နီးကပ်လာသည်ဟု စိတ် မှာ ထင်မြင်လာပြီး နောက်တွင် ကျွန်မသတိလွတ်သလိုဖြစ်သွားသည်။

အရင်အခါ တွေတုန်းက အခုလိုအသိလွတ်သွားလျှင် ဘယ်ကဘယ်လို လမ်းမပေါ်သို့ ရောက်မှန်းမသိရောက် သွားပြီး ယောက်ျားတယောက်ကို အသည်းအသန်ရှာမိသည်အထိဖြစ်သွားသော်လည်း အခုတော့ ကျွန်မ ဒီအခန်း ထဲမှာပဲ ရှိနေသည်။ ဆီးစပ်ဆီက၊ ကျွန်မ၏ မအင်္ဂ ါ တစိုက်ဆီက တစစ်စစ် နာကျင်မှုတွေကို သိနေသော်လည်းကျွန်မ၏ လက်ကိုရပ်လို့မရပါ။

မရပ်မနား ထိုးစိုက်နေရင်း နာကျင်မှုကြောင့် ဘယ်လိုမှတောင့်မခံ နိုင်တော့ဘဲ အံ ကြိတ်ကာ ညည်းညူနေရသော်လည်း ကျွန်မ ဘယ်နှစ်ချက်တောင်ထိုးစိုက် နေမိသည်ကိုတောင် မသိတော့ပါ။ ကျွန်မသိနေသည်က အပ်နှင့် တရစပ် ထိုးစိုက်နေဖို့ပဲဖြစ်သည်။ ထိုးလိုက်တိုင်းပုရွက်ဆိတ်အုံကို ဆွလိုက် သည့် ပမာ ကျွန်မ ကိုယ်ထဲကပိုးကောင်တွေက တရွရွပြိုကွဲထွက်ကုန်ကြ၏။ ကျွန်မ၏ ဆီးစပ် တလျှောက် ပြေးလွှား နေ ကြသည့် အကောင်တွေကို တခုမကျန်ရအောင် လိုက်လံထိုးသတ်ချေမှုန်းနေမိ၏။ တရွရွ နေရာတခုပေါ်ကို ထိုး စိုက် မိတိုင်း ကျွန်မ၏ စိတ်ဝယ်ပေါ့ပါးပြီး နေသာထိုင်သာပို၍ ရှိလာသလိုခံစားရ သည်။

ကျွန်မ အသိစိတ်ပြန်ဝင်လာချိန်တွင် တာဝေးပြေးခဲ့ရသူတယောက်လို မောဟိုက်နွမ်းလျပြီး အားအင်ကုန်ခမ်းနေ သည်။ ကျွန်မ၏ ညာဖက်လက်က အပ်ချောင်းကိုလက်ညိုး နှင့် လက်မကြားတွင် တင်းတင်းညှပ်ကိုင်ထားပြီး၊ ဘယ် ဖက်လက်က ထမိန်စကို ရင်ညွှန့် အထိရောက်အောင်လှန်တင်ထားမိသည်။ ကိုယ်အောက် ပိုင်းက တစစ် စစ်နာကျင်မှုကြောင့် ငုံ့ကြည့်လိုက်ရာ သွေးတွေရဲနေသည်။ အလန့်တကြားနှင့် ထမိန်စကို ပြန်လွှတ်ချပြီး ကျွန်မ ငိုင်တွေနေမိပါသည်။ ဘာတွေ ဘယ်လိုဖြစ်သလဲ ဆိုတာ ကျွန်မရေရေရာရာ မသိပါ။ သို့သော်လည်း ကျွန်မ၏ ရှက်ရွံ့ဖွယ်ရာ ဝေဒနာဆိုးကတော့ ကျွန်မဆီက ဖယ်ခွာသွားလေပြီ။

အပ်ကို ကိုင်ထားသည့် လက်ညိုးနှင့် လက်မမှာလည်း သွေးစတွေစွန်း နေသည်ကိုမြင်လိုက်ရသည်တွင် အလန့် တကြားဖြင့် အိပ်ယာပေါ်သို့ အပ်ကို ပစ်ချလိုက်ပြီး မတ်တပ်ထရပ်လိုက်ပါသည်။ အိပ်ယာကို သွေးတွေ ပေစွန်း သွားသေးလားဟု လည်းကြည့်မိ၏။ အိပ်ယာစွန်း မှာ ကျွန်မဖိထိုင်ထား၍ ချိုင့်ဝင်နေသည်မှအပ ဘာမှမပေပါ။အပ်ကိုပြန်ကောက်ပြီး စားပွဲပေါ်တင်လိုက်ရင်း စူးစူးစစ်စစ် နာကျင်မှုကြောင့် တချက်ညည်းညူ လိုက်ပြီးမှ သား သား နိုးသွားမှာ စိုးပြီး ပါးစပ်ကို ပြန်ပိတ်လိုက်မိ၏။

ကျွန်မ စိတ်လွတ်နေသည့် အချိန်တွင် ဝဏ္ဏရှိန် ပြန်ရောက်မလာတာ အများကြီး ကံကောင်းသည်ဟု တွေးရင်း သွေး တွေကို သန့်စင်ဖို့ ရေချိုးခန်းဖက်ဆီသို့ ထွက်လာခဲ့သည်။ ရေချိုးခန်းကြမ်းပြင်ကျောက်သား ဖြူဖြူပေါ် ရပ် မိတော့မှ ကျွန်မ ကိုယ်ကသွေးအနည်းငယ် ပေါက်ကနဲပေါက်ကနဲ ကျနေသည်ကို မြင်လိုက်ရသည်။ ထမိန်ချွတ် ချလိုက် ပြီး ရေနှင့်လောင်းသည့်အခါ တဖျင်းဖျင်းနှင့် စပ်သည့်အတွက် ကျွန်မ မျက်ရည်တောင်ကျရသော်လည်း ဝဏ္ဏရှိန်ပြန်လာမှာကို စိုးရိမ်ရသည့် အတွက်ကြိတ်မှိတ်ဆေးကြောရသည်။

စိတ်ဆောင်နေသည့် အတွက်နာကျင်မှုကို မေ့ထားနိုင်ပြီး လက်စလက်န မှန်သမျှကို အကုန်လိုက်ရှင်းရသည်။ ရေ ချိုးခန်းသို့ လာရာ လမ်းတလျှောက်ကိုလည်း ရေစိုအဝတ် နှင့်လိုက်သုတ်ပစ်လိုက်သည်။ ဒါဏ်ရာတွေက အ ပေါက် သေးသေးလေးတွေ ဖြစ်သည့်တိုင် ကျွန်မ စိတ်လိုက်မာန်ပါ ထိုးဆွထားမှုကြောင့် သွေးတစိမ့်စိမ့် နှင့်ထွက်နေသေး၍ အ တွင်းခံ ဘောင်း ဘီတထည်ယူဝတ်ထားလိုက်ရသည်။ အခန်းထဲ နှင့် အိမ်ထဲမှာ မှားယွင်းမှု တစုံ တ ရာ ရှိမရှိ အထပ်ထပ်ပြန်ကာ စစ်ဆေးပြီးသည့်နောက် ဝဏ္ဏရှိန် ပြန်ရောက်လာသည့် အချိန်မှာတော့ကျွန် မ သူ့ ကို အိန္ဒြေ မပျက်ကြိုဆို နိုင်ခဲ့ပါသည်။

“ဟာ ဆွေဇင် မအိပ်သေးဘူးလား”

“မောင့်ကို စောင့်နေတာ”

“လမ်းမှာ ကားပျက်နေတာကွာ၊ ကားသမားနဲ့ မောင်နှစ်ယောက်ထဲ ဆိုတော့ ကူစောင့်ပေးနေရတယ်”

နာရီကို ကြည့်လိုက်တော့ ညသန်းခေါင်တိုင်လုနီးနေပြီဖြစ်သည်။ တကယ်လို့ များ ဝဏ္ဏရှိန် ကသာ အခုနေခါတွင် ကျွန်မ နှင့် လိင်ဆက်ဆံဖို့ကြိုးစားလာလျှင် ဘယ်လိုညင်းပယ်ရမည် နည်းဟု အပြေးအလွှားစဉ်းစားနေမိသည်။

“မောင် ထမင်းစား မလား”

“မစားတော့ဘူး ဆွေဇင် မောင်စားခဲ့ပြီ”

ဝဏ္ဏရှိန် ပင်ပန်းလာပုံရသည်။ ခြေလက်ဆေး အဝတ်အစားလဲပြီးသည် နှင့် အိပ်ယာပေါ်တန်းတက်သွား၏။ ကျွန် မ ကတော့ တော်တော် နှင့် အိပ်ယာထဲ လိုက်မဝင်သေးဘဲ အပြင်မှာ ဟိုလုပ်ဒီလုပ် နှင့် အချိန်ဖြုန်းနေမိသည်။ ဝဏ္ဏရှိန် အိပ်ပျော်လောက်ပြီ ထင်မှ အခန်းထဲဝင်ခဲ့ ရာ မအိပ်သေးတာ ကိုတွေ့ရ၍ လန့်သွားပါသည်။ ကျွန်မကိုမြင်သွားပြီဖြစ်ရာ ပြန်ထွက်ဖို့လည်း မလွယ်တော့။

“ဘာတွေ လုပ်နေတာတုန်း”

“မောင့် ကိုစောင့်ရင်း မျက်စိကြောင်သွားလို့ အိပ်ချင်စိတ်ပေါ်လာအောင် လျှောက်လုပ်နေတာ”

“လာလေ မောင်အိပ်ဆေးပေးမယ်”

ထိတ်လန့်မှုကြောင့် ရင်ထဲကကလီစာတွေ ပါးစပ်ကနေထွက်ကျသွားမလားတောင်ထင်လိုက်ရသည်။

“ဟင့်အင်း …မောင်ရယ်၊ ညသန်းခေါင်ကျော်ပြီလေ၊ မောင်လဲ မနက်အလုပ်သွားရဦးမှာ”

ဝဏ္ဏရှိန် ပြုံးလိုက်သည်ကိုမြင်ရသည်။ သူ့အပြုံးကြောင့် ရောက်သည့်နေရာမှာပင် ကျွန်မ ခြေစုံရပ်လိုက်မိပါသည်။သူ့ အပြုံးက သရော်ပြုံးလား နှစ်သိမ့်ပြုံးလား ဆိုတာကို ငြိမ်သက်စွာ သရုပ်ခွဲကြည့်နေမိ၏။

“ထူးထူး ခြားခြားပါလား၊ လာပါ ဆွေဇင်ရယ်၊ မောင်ဘာမှ မလုပ်ပါဘူး၊ မောင်ဖက်ထားမယ် ဟုတ်လား၊ ဖြေးဖြေး ချင်း အိပ်ပျော်သွားလိမ့်မယ်။ မောင်လဲ ပင်ပန်းလာတော့ အိပ်တာပဲ ကောင်းပါတယ်”

မတတ်သာသည့် အဆုံးတွင် ကျွန်မ မီးပိတ်ကာ ကုတင်ပေါ်တက်ပြီး ဆီးကြိုနေသည့် ဝဏ္ဏရှိန်၏ ရင်ခွင်ထဲသို့ ဝင်လိုက်ရ သည်။

“ဟင် .. အေးနေတာပဲ၊ ရေချိုးထားတာလား”

“မဟုတ်ပါဘူး၊ ခနက အဝတ်တွေလျှော်ထားလို့”

သွေးတွေ စွန်းပေ ကုန်သည့် ထမိန်ကို ချက်ချင်း လျှော်ပစ်ခဲ့ရပါသည်။

“ညဖက်ကြီး အအေးမိနေဦးမယ်”

“အော် …မောင့်ကိုစောင့်ရင်း ပျင်းတာနဲ့ လုပ်လိုက်တာလေ”

ဆက်ပြောနေလျှင် ဝဏ္ဏရှိန် က အိပ်တော့မှာ မဟုတ်၍ ဒီလောက်ပဲ ပြောပြီး မှိန်းနေလိုက်သည်။ ဝဏ္ဏရှိန် လည်း တဖြည်းဖြည်း နှင့် ငြိမ်သွားကာ ခနအကြာမှာတော့ အသက်ကို မှန်မှန်ရှူပြီး အိပ်မောကျသွားသည်။ ဒီတော့မှ သူ့ လက်တွေကို အသာအယာဖယ်ထုတ်ပြီး ကျွန်မလွတ်လွတ်လပ်လပ် လဲလျောင်းရင်းဒီည ဖြစ်ခဲ့တာတွေကို ပြန် တွေး ကြည့်နေမိသည်။ သရဲစီးနေသလို ကိုယ့်ကိုယ်ကို အပ်နှင့် အချက်ပေါင်းများစွာ ထိုးစိုက်နေခဲ့သည့် အဖြစ်က ပြန်စဉ်းစားတာနှင့် ကျောချမ်းစရာ ကောင်းလှသည်။

ထို အချိန်မှာ ကျွန်မ၏ စိတ်နှင့် ကိုယ်က အဆက်အစပ်မရှိသလို လွတ်နေသည်။ လက်ထဲမှာ ရှိနေတာ အပ်တ ချောင်း မဟုတ်ဘဲ ဒါးတချောင်းသာဖြစ်နေခဲ့ လျှင် မတွေးဝံ့စရာ ဖြစ်သည်။ ဒါဏ်ရာတွေ နှင့် ဒီဘဝက ထွက်ခွာ သွားရသည်ဆိုရင်လည်း ကျွန်မ ဝမ်းနည်းမိမည် မဟုတ်ပါ။ သို့သော် ဒီလောက်နှင့် ကျွန်မဝဋ်ကျွတ်မှာ မဟုတ် သည်ကို သိနေသည်။ မြင်မကောင်းရှုမကောင်း သွေးသံတရဲရဲ ဖြင့် ကျွန်မ နှင့်ပတ်သက်နေသူတွေကို ထိတ်လန့် စိုးရွံ့စေတာ တခုကလွဲပြီး ဘာမှထူးခြားလိမ့်မည် မထင်ပါ။

တဖက်မှာ လည်း ဒီလိုလုပ်လို့ရတာ စောစောက သိခဲ့လျှင်ကောင်းသားဟု တွေးမိပြန်သည်။ ကျွန်မ ထက်အတွေ့ အကြုံရင့်ကျက်သည့် မမမြတ်တောင် ဒါကိုတွေးမိခဲ့မှာ မဟုတ်တာသေချာ၏။

ဟိုအရင်က သာသိခဲ့လျှင် ကျွန်မ ယောက်ျားတကာနှင့် မတော်တရော်တွေ လုပ်နေခဲ့ရမှာ မဟုတ်။ ကိုယ်မချစ်သောသူနှင့် လက်ထပ်ဖြစ်ခဲ့ မှာမ ဟုတ်ပေ။ ဘယ်လိုမှ နှမျောတွန့်တိုစရာ အကြောင်းမရှိသည့် ကျွန်မ၏ ခန္ဓာကိုယ်ကို အပ်နှင့်သာမက ဒါးနှင့်ပါအ ချက်ပေါင်းများစွာ ထိုးဖို့ ကျွန်မဝန်မလေးပါ။

အဲဒီညမှာ ကျွန်မ တညလုံးကောင်းကောင်း အိပ်မပျော်ပါ။ သားသားကလည်း ရှူးတွေပေါက်ပြီး ထငိုလိုက်သေးလို့ အနှီးထလဲ ပေးပြီး အိပ်ယာထဲပြန်မဝင်မိတော့ဘဲ ကုတင်ဘေးက စားပွဲကို ခေါင်းတင်ပြီး ခနလေးသာမှေး လိုက်ရပါသည်။ ထို့ကြောင့် မနက်ဖက် ဝဏ္ဏရှိန် နိုးလာ၍ ကျွန်မ ကိုလာကိုင်နှိုးချိန်တွင် ခေါင်းတွေ အုံခဲပြီး ကိုက် နေ၏။

“ဘာလဲ မောင်”

“ဆွေဇင် ဘာလုပ်နေတာလဲ”

“သားသား ကို အနှီးလဲပေးပြီးတော့ ဒီနားတင် အိပ်ပျော်သွားတာဖြစ်မယ်”

ပြတင်းပေါက်က အလင်းရောင်တွေ ထင်ထင်ရှားရှား မြင်နေရပြီဖြစ်ရာ ဝဏ္ဏရှိန် နှင့် အတူအပြင်ကို လိုက်ထွက် ခဲ့ပါသည်။ အန်တီနန်းတောင် မီးဖိုထဲ ရောက်နေနှင့်ပါသည်။ ဝဏ္ဏရှိန် ရေချိုးခန်း ဝင်ခိုက် အိမ်သာထဲသွားပြီး ကျွန် မ၏ ဒါဏ်ရာတွေကို စစ်ဆေးကြည့်ရာ အနည်းငယ် နာနေသည့်အပြင် သွေးခြောက်နေသည့် အစက်အပျောက် လေးတွေက အောက်ပိုင်း တခုလုံးမှာမြင်လို့ မကောင်းအောင် ပြည့်နှက်နေ၏။ ဒါတွေ ပျောက်ဖို့ အနည်းဆုံး တ ပတ်ခန့်တော့ အချိန်ယူရ မည် ဖြစ်ရာ ကျွန်မစိတ်မောစွာ ဖြင့်သက်ပြင်းချလိုက်မိပါသည်။

အန်တီ နန်း နှင့် ဝဏ္ဏရှိန် အလုပ်သွားကြသည့် အခါ ကျွန်မ တယောက်ထဲ အိမ်မှာ ယောက်ယက်ခတ်ပြီး ကျန်ခဲ့ သည်။ ဒီနေ့လည်း ကျွန်မ၏ ဝေဒနာတွေက ထကြွလာဦးပေမည်။ ထိုဝေဒနာတွေကို ဖြေဖျောက်ဖို့ ဝဏ္ဏရှိန်  နှင့် အိပ်ရမည် ဆိုပါကလည်း ဒါတွေကို ဝဏ္ဏရှိန် မြင်သွားလျှင် ပိုရှုပ်ကုန် မည်။ ဖုံးကွယ်ထား၍ လည်းမရနိုင် ဝဏ္ဏရှိန် ၏ အကျင့်က ကျွန်မ၏ ကိုယ်အောက်ပိုင်း ကို တစိမ့်စိမ့်ကြည့်ကာ လုပ်တတ်သူဖြစ်သည်။ အိမ်ထောင်သက် တ လျှောက်လုံး ဒီအတိုင်းပဲ လုပ်လာကြပြီး အခုမှ မီးပိတ်၍ လုပ်ပါဟု ပြောရန်လည်း မဖြစ်နိုင်ပါ။ ဝဏ္ဏရှိန် သံသယ ဝင်စေဖို့ လုပ်သလိုဖြစ်ပါလိမ့်မည်။

“ညကျရင် မီးပျက်ရင်ကောင်းမယ်”

အများသူငါ နှင့် ဆန့်ကျင်ဖက်ဖြစ်သော ဆုကိုတောင်းမိသည်။ ဒါဏ်ရာတွေ ရှိနေသည့် အတွက် ကျွန်မ၏ အစွမ်း အစ ကိုသုံး၍ ခန္ဓာကိုယ်ကို ပြောင်းလဲ ပစ်၍ လည်းမရနိုင်ပါ။ ဒီအိမ်ကနေ ဘယ်သူမှ မသိအောင်ထွက်သွား ဖို့အ ထိ စဉ်းစားလိုက်သေးသော်လည်း ကျွန်မထွက်သွားလျှင် အိမ်ထဲမှာ သားသား တယောက်ထဲကျန်ခဲ့ လိမ့်မည် ဆိုသည့် အတွေးကြောင့် ထွက်လည်း မသွားနိုင်ပါ။ ယနေ့၏ နေ့တာတခုလုံးသည် ကျွန်မအတွက် ငရဲအိုးထဲ ပိတ်လှောင်ထားသလို ပူလောင်မွန်းကြပ်လွန်းပါသည်။ အစားအသောက်လည်း ကောင်းကောင်းမစားနိုင်၊ သားသားအိပ်ပျော်နေခိုက် ညက အိပ်ပျက်ရသည့်အတွက် အစားပြန်အိပ်မည် ဟု ကြိုးစားသော်လည်းမရပါ။ တနေ့လုံး ကျွန်မ လုပ်သမျှ အမှားမှား အယွင်းယွင်း နှင့် တလွဲတချော်တွေ ဖြစ်နေသည်။

အချိန်ကို ကျွန်မ ဆွဲထားနိုင်စွမ်း၊ ရပ်တန့်အောင်တားဆီး ထားနိုင်စွမ်း မရှိသည့် အတွက် ညနေခင်းက သူ့ ပုံမှန် အတိုင်းပင် ရောက်လာသည့် အခါ ဝဏ္ဏရှိန် နှင့် အန်တီနန်း တို့ပြန်ရောက်လာသည့် အတွက် အိန္ဒြေ မပျက် အောင် ကြိုးစားရပါသည်။ နောက်ဆုံးတွင် ဖြစ်လိုရာဖြစ်ဟု စိတ်ကိုပစ်ချလိုက်သည့် အခါ ဝဏ္ဏရှိန်ပင်ကျွန်မ မူ ပျက်နေသည် ကို မရိပ်စားမိပါ။ ယခင့် ယခင်နေ့တွေက အတိုင်း အခြေအနေ မပျက်ပြောဆိုရယ်မောနေရ သော် လည်း ရင်ထဲမှာတော့ ဗလောင်ဆူနေသည်။

ညဦးပိုင်း လဘက်ရည်ဆိုင် ထွက်ခါနီးတွင် ဝဏ္ဏရှိန်က မချို မချဉ်မျက်နှာ နှင့်

“မောင်စောစော ပြန်လာမယ် သိလား”

သားသား မွေးပြီးနောက်ပိုင်း ကျွန်မ သူနှင့် လဘက်ရည် ဆိုင်မလိုက်ဖြစ်တော့ပါ။ သားသား စောစော အိပ် သွား လျှင်တော့ အန်တီနန်း နှင့် ခနထားခဲ့ပြီး တခါတရံလိုက်တတ်သော်လည်း ကိုလင်း အိမ်ပြောင်းသွားပြီး နောက် ပိုင်း မလိုက်ဖြစ်တော့ပါ။ ကိုလင်း ကို မြင်နေကျ မမြင်ရသည့် အခါ ကျွန်မရင်ထဲမှာ တမျိုးကြီး ခံစားရသည်။  ထိုအတွက် ဝဏ္ဏရှိန်  ကိုလိပ်ပြာမလုံမိပါ။

ဝဏ္ဏရှိန် လည်းစောစော ပြန်လာတတ်ပါသည်။

ဝဏ္ဏရှိန် ထွက်သွားပြီးနောက် ဒီညကို ဘယ်လိုကျော်ဖြတ်ရမည် နည်းဟု ခေါင်းမီးတောက် မတတ် အကြံထုတ် နေမိပါသည်။ ကျွန်မ ဆုတောင်းခဲ့သော်လည်း မီးက လည်း ဝဏ္ဏရှိန် ပြန်ရောက်လာသည် အထိ မပျက်ပါ။ အိမ် ရှေ့ခန်းမှာ VCD သုံးလေးပုဒ် လောက်ထိုင်ကြည့်ပြီး TV ပိတ်၍ ဝဏ္ဏရှိန် အိပ်ခန်းထဲ ဝင်သွားသည့် အခါ ကျွန်မ အိမ်ရှေ့ မှာ မယောင်မလည် နှင့် နေခဲ့ပါသည်။ အရင်ကဆိုလျှင် သူအရင်ဝင်လည်း ကျွန်မ နောက်ကနေ လိုက် သွားလေ့ ရှိပြီး ကျွန်မ ဝင်သွားလျှင်လည်း သူက ချက်ချင်းလိုက်လာပါသည်။ အန်တီနန်း ကတော့ ဝဏ္ဏရှိန် ပြန်မ လာမှီလေး ကတင်ပင် အိပ်ယာဝင်သွားပေပြီ။

ဧည့်ခန်းထဲ မှာထိုင်ပြီး မျက်နှာကျက်က မီးချောင်းကိုမော့ကြည့်၍ မီးပျက်သွားပါစေဟု အသည်းအသန်ဆုတောင်းနေမိစဉ် ကျွန်မ ဝေဒနာခံစားရတော့မည့် ရှေ့ပြေးအရိပ်အယောင်တွေကလည်း တခုပြီးတခု ပေါ်ထွက်လာ၏။ ဝဏ္ဏရှိန် လည်း အခန်းထဲက ပြန်ထွက်လာသည်။

“မအိပ်သေးဘူး လားဆွေဇင်”

ကျွန်မ ခေါင်းကိုပဲယမ်းပြလိုက်မိသည်။ ဖြစ်နိုင်လျှင် ဝဏ္ဏရှိန် ကို အထဲမြန်မြန်ပြန်ဝင်သွားစေချင်သည်။ ဝေဒနာ အမြင့်ဆုံးရောက်လာသည့် အချိန်မှာ သူအနားမှာ ရှိပါက ကျွန်မဘယ်လိုမှ စိတ်ကိုထိန်းချုပ်ထားနိုင်မည် မဟုတ် ပါ။

“နေမကောင်းဘူးလား”

“အင်း … နေရတာ တမျိုးပဲ”

“နောက်တခါ ကိုယ်ဝန်များရှိနေပြီလား”

“မဟုတ်ပါဘူး မောင်ရယ်”

“ဒါဆိုလဲ အိပ်ယာထဲမှာ လာလှဲနေလိုက်လေ၊ မောင်လက်ဖျားနဲ့ တောင်မထိပါဘူး …ဟဲ ..ဟဲ”

“ငြီးစီစီကြီး ဖြစ်နေလို့ပါမောင်ရယ်၊ ခနနေ လာခဲ့မယ်နော်”

ဝဏ္ဏရှိန် ပြန်ထွက်သွားတာ ကျွန်မ အတွက်ကံကောင်းပါသည်။ သူထွက်သွား ပြီးသည်နှင့် တကိုယ်လုံးတရွရွ နှင့် နေမရ ထိုင်မရဖြစ်လာသည်။ ကြံရာမရသည့် အဆုံး အိမ်ထဲမှာ မနေ့က အပ်ထည့်သည့် ဗူးကို လိုက်ရှာ မိသည်။မတွေ့ပါ။ ကတုန်ကရင် နှင့် လက်က ဟိုတိုက်ဒီတိုက်နှင့် ဗူးတွေ ခွက်တွေလွတ်ကျပြီး အသံတွေမြည်ကုန် တာ သာ အဖတ်တင်၏။

“ဘာဖြစ်လာလဲ ဆွေဇင်”

“ဆေး … ဆေး ရှာတာ”

“မောင့် လက်ဆွဲအိတ် ဘေးအိတ်ထဲမှာ ပါရာစီတမော ကဒ်လေးရှိတယ်၊ ခေါင်းကိုက်တယ် ဆို တလုံး ယူသောက် လိုက်လေ၊ မောင်တော့ ပြန်ထွက်မလာတော့ ဘူးနော်၊ အိပ်ယာထဲ ရောက်နေပြီ”

“ရတယ်၊ ရတယ်၊ ဆွေဇင့် ဖာသာ ယူလိုက်မယ်”

ဝဏ္ဏရှိန် သတိထားမိလျှင် မူမမှန်သည့် ကျွန်မအသံကို ရိပ်မိနိုင်ပါသည်။ ခုတော့ အိပ်ချင်နေသည် နှင့် တူသည်။ သူရိပ်မိပုံမရ၊ အသံပြန်တိတ် သွားသည်။ ဒီတော့ မှ ရီဝေနေသော ဦးနှောက်ထဲတွင် မနေ့က အပ်တွေထည့် ထား သည့် သံဗူးလေး အခန်းထဲ က စားပွဲ ပေါ်မှာ ရှိကြောင်းပြန်အမှတ်ရ၏။ အထဲတော့ ပြန်ဝင်၍ မဖြစ်ပါ။ ဝဏ္ဏရှိန် ရှိနေ၏။ ကျွန်မ စိတ်မခိုင်ဘဲ အိပ် ယာပေါ် ရောက်ချင်ရောက်သွားလိမ့်မည်။ ဘာလုပ်ရင်ကောင်း မလဲ ဟု စဉ်း စားနေသည့် အတွေးတွေ နှင့် မြင်ကွင်းတွေလည်း ဝေဒနာကြောင့် တရိပ်ရိပ် နှင့် မပြတ်မသား ဖြစ်လာသည်။

ဘယ်လိုထွက်ပေါက်ရှာရမည် ကို လမ်းစဘယ်လိုမှ ရှာမရပါ။  ဝဏ္ဏရှိန် လည်း အိမ်မှာ ရှိနေသည့် အတွက်လမ်းမပေါ်လူရှာရသည့် အဖြစ်မျိုး မကြုံလိုပါ။ အကယ်၍ ထွတ်ပေါက်မရှိဘဲ ဒီလို အဖြစ်ကြုံရပြီဆိုလျှင် ကျွန်မ ဒီအိမ်ဒီမိသားစုနှင့် အပြီးတိုင်ခွဲခွာရဖို့ ဖြစ်လာမည်။ အရင်ကဆိုလျှင် အကြောင်း မဟုတ်သော်လည်း အခု ကျွန်မ မှာနောက်ဆံငင်စရာ သားတယောက် ရှိနေပေပြီ။

ကျွန်မ လုပ်မိလုပ်ရာ အိမ်နောက်ဖက်ကို ပြေးထွက်လာရင်း ထမင်းစားစားပွဲ ပေါ်မှာ ခွက်ကလေးတလုံး နှင့်ထည့် ထားသည့် ခက်ရင်းလေးတွေကို မျက်စိက မြင်လိုက်သည်။

စတီးရောင်ပြောင်ပြောင်ဖြင့် သစ်သီးထိုးစားသည့် သုံးခွချွန် ခက် ရင်းလေးတခုကို ဖျပ်ကနဲ ဆွဲယူရင်း အိမ်သာတွင်းကို အပြေးတပိုင်းဝင်လိုက်မိပါသည်။ အိမ်သာ ထဲ ရောက်ချိန်မှာ ကျွန်မမျက် လုံးတွေ ပြာချင်ချင်ဖြစ်နေပါပြီ။ တခုခု မလုပ်လျှင် ကျွန်မ အိမ်အပြင်ဖက်ကို ရောက်သွားတော့မှာ သေချာနေ၏။ ဆောက်တည်ရာမရ လှုပ်ရှားနေသော စိတ်ကိုအားတင်း ထိန်းချုပ်ပြီး တုန်ရီနေသော လက်တွေဖြင့် အိမ်သာတံခါးကို မနည်းရအောင်ထိုးရသည်။

တံခါးပိတ်ပြီး သည်နှင့် ခြေကိုကား၍ ရပ်လိုက်ပြီး ထမိန်ကို ချွတ်ချပစ်လိုက်သည်။ ထမိန်ကျွတ်သွားသည် နှင့် ခါး ကို ကော့ပြီး မနေ့က ဒါဏ်ရာဟောင်းတွေ ပေါ်မှာ ခက်ရင်းခွကိုအားနှင့် ဖိပွတ်ဆွဲလိုက်၏။ ခက်ရင်း သွား တွေ ကြား မှာ အ မွှေးတွေ လိပ်ညပ်ပါလာတာကိုတောင် ဂရုမထားနိုင်တော့ဘဲ လေးငါးချက် ဘယ်ပြန်ညာ ပြန် ဖိပွတ် လိုက်၏။ စစချင်းမှာ ခက်ရင်းနဲ့ ထိုးစိုက်ဖို့ မဝံ့ရဲသေးသည့် အတွက် အခုလိုလုပ်လိုက် မိခြင်းဖြစ်ပါသည်။

ခက် ရင်း ခွ၏ ထိုးခွဲနာကျင်မှု၊ အမွှေးတွေကို လိမ်ပတ်ပြီးဆောင့်ဆွဲ လိုက်သည့်အတွက် ကျွတ် ထွက်လာသည့် နာကျင်မှု တွေနှင့် အတူကျွန်မ ရိပ်ကနဲလွတ်ထွက်သွားပါ၏။ စိတ်ထဲမှာ လူကယိုင်သလိုလို ဖြစ်သွားသောကြောင့် လက် တဖက်က နံရံကို လှမ်းထောက်အားယူလိုက်ပြီးနောက် ကျန်လက်တဖက်က ခက်ရင်းကိုလွတ်ထွက်မ သွား စေ ရန် မြဲမြဲဆုပ်ကိုင်ကာ တဖျင်းဖျင်းတရွရွ နှင့် ခံရခက်လှသည့်နေရာများဆီသို့ တချက်ပြီးတချက် ထိုး စိုက် ချ နေမိပါသည်။ အပြင်က တယောက်ယောက် မကြားရအောင် ကြိတ်၍ညည်း နေရသည့် ကျွန်မ၏ ညည်းသံတွေ က အိမ်သာခန်းနံရံ ကျောက်ပြားကို ထိရိုတ်ပြီး ကျွန်မဆီပြန်၍ လွင့်ပျံ့လာနေသည်။

..............................................................................

အပိုင်း (ဃ)

မုန့်လုံးကို စက္ကူကပ် ဆိုသည့် စကားကို ကြားဖူးခဲ့ သော်လည်း အနက်အဓိပ္ပါယ်ကို ရယ်စရာတခုလို ကျွန်မ သ ဘောထားခဲ့ မိပါသည်။ အခုတော့ ကျွန်မ၏ အဖြစ်က တကယ်ပင်မုန့်လုံးကို စက္ကူကပ်သည့် နှယ် ချာချာ လည် လို့နေ၏။ ကျွန်မ ကိုယ်ပေါ်က ဒါဏ်ရာတွေကို ဝဏ္ဏရှိန် မမြင်တွေ့ နိုင်စေရန် သူနှင့် လိင်ဆက်ဆံဖို့ကို ရှောင်လွှဲ ရသည်။ သူနှင့် မဆက်ဆံပြန်တော့လည်း ကျွန်မ၏ ဝေဒနာချိန်တွေ မှာထွက်ရပ်လမ်းက တခြားတယောက် နှင့် ဆက်ဆံဖို့ သာရှိ၏။ ဒီလိုလုပ်ဖို့ကလည်းမဖြစ်နိုင်တော့သလို ကျွန်မကိုယ်တိုင်လည်း အိမ်ထောင်သည် ဘဝမှာဒီလိုမလုပ်ချင်သည့် အတွက် ကျွန်မ၏ ဝေဒနာ အချိန်တွေ ရောက်လျှင် ကိုယ့်ကိုယ်ကို နှိပ်စက်ရခြင်းဖြင့်သာ ဖြေ ဖျောက်နေရသည်။ ဒီလိုနှင့် ဝဏ္ဏရှိန်၏ အလိုကို လိုက်ဖို့ ကျွန်မ ဘယ်လိုမှ မဖြစ်နိုင်သည့် အခြေအနေ မှ ဘယ် လိုမှ ရုန်းထွက်၍ မရတော့ပါ။

ကျွန်မ၏ ဝေဒနာချိန်နီးတိုင်း မကျေမနပ်ဖြင့်ကြည့်နေသည့် ဝဏ္ဏရှိန်၏ မျက်လုံးတွေကို ရှောင်လွှဲကာ အိမ်သာထဲ သို့ ဖြစ်စေ ရေချိုးခန်းထဲသို့ ဖြစ်စေ အိမ်သာတက်သလိုလို အဝတ်လျှော်သလိုလိုဖြင့်  မယောင်မလည် နှင့်ဝင်ရ သည်။ ကျွန်မ၏ ဝေဒနာတွေ ပျောက်သည်အထိ ထိုး ဆွ ပြီးတော့မှ သွေးစသွေးန မကျန်ရအောင် ဆေးကြော ရှင်းလင်းပြီး ပြန်ရောက်လာ လျှင် ဝဏ္ဏရှိန် က တဖက်သို့လှည့်ပြီး အိပ်နေပြီဖြစ်သည်။ သူအိပ်ပျော်ချင်မှလည်း ပျော်ပါလိမ့်မည်။ ကျွန်မလည်း မစူးစမ်းချင်တော့ပါ။ ဖာသိဖာသာပင်ထားလိုက်မိပါသည်။

ဝဏ္ဏရှိန် ကတော့ ကျွန်မ၏ အပြောင်းအလည်းကို နားလည်မည်မထင်ပါ။ ကျွန်မ ကိုယ်တိုင်လည်း သူ့အလိုကို မ ဖြည့်ပေးနိုင်သည့် အတွက် ဝဏ္ဏရှိန်ကို အလွန်အားနာရပါသည်။ ထို့ကြောင့် အိပ်ယာပေါ်တွင် အလိုဖြည့် မပေး နိုင်သော်လည်း ကျန်သည့် မယားဝတ္တရားတွေ ကို မပျက်ကွက်ဖို့ ကျွန်မကြိုးစားပါသည်။ အရင်က သားသား နှင့် ပတ်သက်သည့် ကိစ္စတွေကို ဝဏ္ဏရှိန်က ဖခင်တယောက်အနေဖြင့် တပိုင်တနိုင်တာဝန်ယူပေးသော်လည်း အခု တော့ သူ့ကို အေးအေး နေစေပြီး ကျွန်မတယောက်ထဲ သာအပင်ပန်းခံပြီး အားလုံးလုပ်ပါသည်။ အစားအ သောက် ဆိုလျှင်လည်း ဝဏ္ဏရှိန် စားချင်သည်ဟု ဆိုသည့်အရာကို ဖြစ်အောင်ချက်ကျွေးပါသည်။ ကျွန်မဖက်က ဒီလို ဘာကြောင့် လိုက်လျောပေးနေသည် အနစ်နာခံပေး နေသည်ကို ကြာလာတော့ ဝဏ္ဏရှိန် လည်းရိပ်မိ သွား ပုံရပါသည်။ လိင်ကိစ္စ ကို ကျွန်မ ငြင်းပယ်ခါစ က နည်းအမျိုးမျိုး ဖြင့်တောင်းဆို တတ်သော်လည်း နောက်ပိုင်း ကျတော့ဘာမှ မပြောတော့ပါ။

ကျွန်မ၏ ဒါဏ်ရာတွေကို ဝဏ္ဏရှိန် မြင်တွေ့သွားမှာစိုးပြီး သူ့ရှေ့မှာ အနေ အထိုင်ဆင်ခြင်ရခြင်းကလည်း ကျွန်မ စိတ်ကို ပင်ပန်းစေပါသည်။ သို့သော် ဝဏ္ဏရှိန် သိသွား၍ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရလာမှာထက်စာလျှင် ကျွန်မ သတိကြီးစွာ ထား၍ ဖုံးဖိနေရခြင်း က ပိုကောင်းသည်ဟု ကျွန်မတွေးမိပါ၏။ ညအိပ်ယာဝင်ချိန် နီးပါက ကျွန်မ အချိန်အတော်ကြာပျောက်သွားတတ်သည့် ကိစ္စကို ဝဏ္ဏရှိန် မစပ်စုသည့် အတွက် ကျေးဇူးတင်ရမည်။

သူကတော့ ကျွန်မ သူနှင့် မအိပ်ချင်၍ တခြားမှာ သွားရှောင်နေပြီး သူအိပ်ချိန်ကျမှ ပြန်ဝင်လာသည်ဟု ထင် ကောင်း ထင်နိုင်သည်။

သာမန်လူသား တယောက်ဆိုလျှင် နေ့စဉ်ရက်ဆက် ထိုးဆွနေသည့်ဒါဏ် ကြောင့် အနာတွေကပုတ်ဆွေးပြီး သေ သည် အထိဖြစ် နိုင်သော်လည်း ကျွန်မ အတွက်ကတော့ ရောဂါမတက်သည့် အချိန်တွေမှာ အနည်းငယ် နာကျင် တတ်သည်က လွဲ၍ ထူးထူးခြားခြား ဆိုးရွား မလာပါ။ ဒါဏ်ရာ ဟောင်းတခု၏ ပေါ်သို့ နောက်ထပ်အသစ်ထပ်မံ မထိခိုက်လျှင် တရက်နှင့် ခြောက်သွားပြီး သုံးရက်လောက် ဆိုလျှင်ပျောက်လုလု ဖြစ်သွားသည်။ နောက်တော့ အ စက် အပျောက်လောက်သာကျန်တော့၏။ မကြာခန ထိခိုက်တတ်သည့် နေရာတွေဆိုရင်သာ အမာရွတ်ကြီးကြီး ကျန်၏။ နေ့စဉ်လို သွေးတွေ ယိုထွက်နေသည့် တိုင် ကျွန်မမှာ အားအင်ဆုတ်ယုတ်ခြင်း ပြောပလောက်အောင် မရှိ ပါ။

တဖြည်းဖြည်း နှင့် ကျွန်မ၏ ဝဋ်ကြွေး သို့မဟုတ် ငရဲ ကို သဘောပေါက်လာပါသည်။ ကျွန်မသည် ယောက်ျားတ ယောက်၏ ကာမဂုဏ် ကျွန်ဖြစ်လျှင် ဖြစ်၊ မဖြစ်လျှင် ကိုယ့်ကိုယ်ကို နှိပ်စက်ရမည်သာ ဖြစ်သည်။ လူမမြင်နိုင် သည့် နေရာကို နှိပ်စက်ရခြင်း ဖြစ်လို့သာတော်ပါတော့သည်။ မြင်မြင်ထင်ထင်နေရာတွေကို သာ သွေးပေါက် ပေါက်ကျအောင် လုပ်ရမည် ဆိုလျှင် ကျွန်မ လူတောတိုးလို့ ရတော့မည် မဟုတ်ပေ။ ခုတော့ ဝဏ္ဏရှိန် နှင့် ဆက် ဆံရေး အခက်အခဲ ရှိသည်မှ အပ ကျန်တာအားလုံး အဆင်ပြေနေပါသည်။

မမမြတ်ကိုတော့ နေ့စဉ်လို သတိရသည်။ ကျွန်မ၏ အဖြစ်အပျက်တွေကို မမမြတ်အားပြောပြချင်သည်။တိုင်ပင် ချင်သည်။ သို့သော်လည်း မမမြတ်ကတော့ လုံးဝပေါ်မလာတော့ပါ။ ကျွန်မ မမမြတ် ကိုမေးချင်သည့် အကြောင်း အရာတွေထဲ တွင် ထူးခြားဆန်းကျယ်စွာ ဖြင့် ကျွန်မလူတွေ၏ စိတ်ကို ဖတ်နိုင်လာခြင်း၊ သိလာရခြင်းကိစ္စ တွေကြောင့်လည်း ပါသည်။

ထိုကိစ္စက ကျွန်မ ကိုယ့်ကိုယ်ကို နှိပ်စက်ခြင်းဖြင့် ဝေဒနာဖြေဖျောက်ရာ နည်းလမ်းကို တွေ့ပြီးနောက်ပိုင်းမှ သတိထားမိခြင်းဖြစ်ပါသည်။ စစချင်း ကျွန်မ အမှတ်တမဲ့ ရှိခဲ့သည်။ ဝဏ္ဏရှိန် စကားမပြောမှီ သူပြောမည့် စကားကိုကြို သိနေသည်။ တခါတလေ သားသားအတွက် အလုပ်က အပြန်မှာ မုန့်ဝင်ဝယ်လာသည်။ အိတ်ထဲမှာ ထည့်ထား ပြီး ပြန်ရောက်ရောက်ချင်း ထုတ်မပေးသေး။ ကျွန်မကိုလည်း မပြောပါ။ ဒါပေမယ့် သူ့မျက်နှာကို ကြည့်လိုက်တာ နှင့် သူဘာမုန့်ဝယ်လာတာက အစကျွန်မသိသည်။

အန်တီ နန်းဆိုလျှင်လည်း ထို့ အတူပေ။

“မောင် ရေခဲမုန့် ပါတယ် မဟုတ်လား၊ ရေခဲသေတ္တာထဲ ပြောင်းထည့်ထားလိုက်လေ၊ အရည်ပျော်သွားဦးမယ်”

ကျွန်မ တရက် စမ်းသပ်မေးကြည့်လိုက်ရာ ဝဏ္ဏရှိန် အံ့သြသွားသည်။

“ဆွေဇင့် အတွက်ပါ၊ ဟိုတရက်က စားချင်တယ်ဆို၊ သားသား ကတော့ ချောင်းနည်းနည်း ဆိုးနေလို့ မကျွေး နဲ့တော့၊ ဒါနဲ့ ဆွေဇင်က မောင်ရေခဲ မုန့်ပါလာတာ ဘယ်လိုလုပ်သိတာလဲ”

“နေ့လည်ထဲက အာရုံရနေတာ”

ဝဏ္ဏရှိန် ကတော့ တိုက်ဆိုင်မှု ဟုသာထင်ပေမည်။ အကြိမ်ကြိမ် စမ်းသပ်ကြည့်ပြီးသော အခါ ကျွန်မတကယ် ပင် သိနေတာဖြစ်ကြောင်း လက်ခံလိုက်ရပါသည်။ နောက်တော့ စမ်းသပ်ချက်တွေ မလုပ်တော့ဘဲ ပုံမှန် အတိုင်းနေ လိုက်ပါသည်။ ဝဏ္ဏရှိန် သာမက အန်တီနန်း ကိုလည်းစမ်းကြည့်ဖူးသည်။ များသော အားဖြင့်မှန်တတ်သည်။ ဝဏ္ဏရှိန် လောက်တော့ အပ်ချမတ်ချ ကျွန်မ မပြောတတ်။ မနေနိုင် မထိုင်နိုင် ကိုလင်း၏ စိတ်ကို သိဖို့ ကြိုးစားကြည့်သည့် အခါကျမှ ကျွန်မ လက်မှိုင်ချရတော့သည်။ ကိုလင်း၏စိတ်ထဲမှာ ဘာရှိနေသလဲ ဆိုတာ ကျွန်မ လုံး၀ မှန်းလို့မရ၊ ကြည့်လို့ မရပါ။ ကိုလင်းဘာတွေးနေသနည်းဟု စူးစမ်းလိုက်တိုင်း ကျွန်မ မျက်လုံးထဲမှာ အဖြူ ရောင် သက်သက်သာမြင်ရ၏။ မရှက်တန်း ဝန်ခံရလျှင် ကိုလင်းစိတ်ကို သိအောင်လုပ်ဖို့ ကျွန်မ ကြိုးစားခဲ့ ခြင်း တွင် ကိုလင်းစိတ်ထဲ၌ ကျွန်မ နှင့် ပတ်သက်ပြီး ဘယ်လိုတွေး၍ ဘယ်လို ခံစားချက် ရှိသနည်း ဆိုတာကို သိ ချင် ခြင်း သက်သက်သာဖြစ်ပါသည်။

ကိုလင်းက ကျွန်မလိုပင် လူသားမဟုတ်သူလေလား ဟု ဇဝေဇဝါ ဖြစ်ရင်းနှင့် လူသားဖြစ်သည့်တိုင် ကိုလင်းက ပါရမီ သတ္တိထူး တခုခု ရှိနေသူလည်း ဖြစ်နိုင်သည်ဟု လည်းထင်မိပြန်သည်။ အချိန်ကြာမြင့်စွာ လေ့လာလိုက် တော့မှ ကျွန်မ အဖြေတခုရသည်။ ဒါကြောင့်လည်း ကိုယ့်ဖာသာ သိတာ ပိုကောင်းတယ်ဟု မမမြတ် အမြဲလို ပြောလေ့ရှိခြင်းဖြစ်နိုင်ပါသည်။

ကျွန်မ သတိထားလိုက်မိသော ကိုလင်း၏ ထူးခြားချက်က စိတ်တည်ငြိမ်လွန်းခြင်း ဖြစ်သည်။ အပြုအမူ အနေ အထိုင်ကလည်း အမြဲလိုငြိမ်းငြိမ်း အေးအေး ရှိသည်။ ကြည်လင်သန့်ရှင်းသော စိတ်ရှိသူကို ကျွန်မ ထွင်းဖေါက် ၍ မသိနိုင်ပါ။ ဝဏ္ဏရှိန် ကတော့ ကိုလင်းလို မဟုတ် စိတ်လှုပ်ရှားတတ်သူဖြစ်သည်။ အန်တီနန်း ကတော့ သူ့ထက် စာ လျှင်တည်ငြိမ်၏။ သို့သော်လည်း စာသင်ရသည်မှာ ပင်ပန်းသည့် အတွက် တခါတခါ စိတ်တိုတတ်သည်။အန် တီ နန်းဒေါသ ဖြစ်နေချိန်မျိုးဆိုလျှင် သူမ စိတ်ထဲဘာတွေတွေးနေသည်ကို ကျွန်မ အလုံးစုံမျှ သိနေတတ်သည်။ဝဏ္ဏရှိန် ကိုပင်လျှင် သူတည်တည်ငြိမ်ငြိမ် ရှိနေသည့် အချိန်တွေဆိုလျှင် မှန်းဆ၍ မရပါ။

ဒီလို သိနိုင်မြင်နိုင်စွမ်း ကို ဖေါ်ထုတ်နိုင်ခဲ့ ပြီးနောက် ကာလ အတော်ကြာချိန် မှာတော့ ထိုအစွမ်းအတွက် စိတ် ပျက် လက်ပျက် ဖြစ်ဖို့ အ ကြောင်းဖန်လာသည်။ရုံးက ပြန်လာသော ဝဏ္ဏရှိန်၏ မျက် နှာပေါ်တွင်မိန်းကလေး တယောက်ကို ကျွန်မ မြင် လိုက်ရသည်။ အရပ်မနိမ့် မမြင့်၊ ဆံပင်အနည်းငယ်ကောက်သည့် မိန်းကလေးမှာ ယောက်ျားတွေ သဘောကျတတ်သည် ကောက်ကြောင်းတွေ ရှိသည်။ ရုပ်ရည်က သနားကမားဖြစ်လိမ့်မည်။

ဝဏ္ဏရှိန် ထို မိန်းကလေး အကြောင်းစဉ်းစားနေမည်။ ဒါမှမဟုတ် ဒီမိန်းကလေး ကြောင့် စိတ်လှုပ်ရှားနေရသည် ဟု ကျွန်မ မှန်းဆမိပါသည်။

ထိုညနေ က ဝဏ္ဏရှိန် ကျွန်မကို အလုပ်တွေဝိုင်းကူပေးသည်။ လဘက်ရည်ဆိုင် မထွက်ခင် သားသား ကို ထိန်း ပေးသည်။ ကျွန်မ ကို မကြာမကြာခိုးပြီး ကြည့်တတ်တာကိုလည်းတွေ့ရသည်။ သူစိတ်မလုံ မလဲဖြစ်နေတာ လည်း ဖြစ်နိုင်သလို ကျွန်မ နှင့် ထိုမိန်းကလေး ကို ချိန်ထိုးစဉ်းစားနေတာ လည်းဖြစ်နိုင်သည်။ ဒါပေမယ့် ကျွန်မ သူ့ကို ကြာကြာ အကဲမခတ်နိုင်ပါ။ သားသားကို ဝဏ္ဏရှိန် ကြည့်ပေးထားတုန်း အဝတ်တွေ မီးပူပြီးအောင်တိုက် လိုက်ဖို့သာ စိတ်ပြန်ရောက်သွား၏။

“ကြည်ပြာ”

ဝဏ္ဏရှိန် ဆီက ခေါ်သံလိုလိုကြားလို့ လှည့်ကြည့်လိုက်မိသည်။ သူခေါ်လိုက်သည့် နာမည်ကလည်း ကျွန်မ နာမည် မဟုတ်ပါ။

“ဆွေဇင့် ကိုခေါ်သလားမောင်”

“ဟင့် အင်း၊ မခေါ်ပါဘူး”

“နားထဲမှာ သေသေချာချာ ကြားလိုက်တာ”

ကျွန်မ ကြားလိုက်တာကလည်း ခပ်တိုးတိုးသာဖြစ်သည်။ အနားမှာ သတင်းစာဖတ်နေသည့် အန်တီနန်းက ဝဏ္ဏရှိန် ဖက်ကဝင်ကူညီ၏။

“အန်တီလဲ မကြားပါဘူး သမီးရဲ့၊ အပြင်က အသံ ကိုနားကြားလွဲတာဖြစ်မှာပါ။”

ဒီအတိုင်း ဆို ဝဏ္ဏရှိန် ခေါ်ပုံမရ သဖြင့် ကျွန်မ လည်း မီးပူပြန်တိုက်ရင်း စဉ်းစားနေမိသည်။ ဝဏ္ဏရှိန် အသံဖြစ်တာ က လည်းသေချာသည်။ နောက်ပြီး ကြည်ပြာဆိုတာ မိန်းမနာမည်ဖြစ်သည်။ ကျွန်မ ဝဏ္ဏရှိန် ဖက်လှည့် ပြီးမေး လိုက်မိ၏။

“ဒီတိုက် မှာ ကြည်ပြာဆိုတာ ရှိလားဟင်”

“မ ..မရှိပါဘူး၊ ဆွေဇင်ရဲ့”

“ဘာဖြစ်လို့လဲ သမီး၊ ဒီနားက အခန်းတွေ အကုန်သမီးနဲ့ သိတာပဲ၊ လူသစ်လဲ မလာပါဘူး၊ ကြည်ပြာဆိုတာ အန် တီ တော့ မကြားဖူးဘူး၊ နီလာတော့ ရှိတယ်၊ သမီး မရောက်ခင် ခြောက်လလောက်က ပြောင်းသွားကြပြီ”

“အော် .. ဟိုဒင်းပါ ၊ ဟိုတနေ့က လာမေးတဲ့ သူရှိလို့”

ဝဏ္ဏရှိန် မျက်နှာမှာ စိတ်သက်သာရာရခြင်း ကိုမြင်လိုက်ရ၍ ကျွန်မ အတွက်ကတော့ သေချာသွားပါသည်။ သူ စဉ်းစားနေသည့် မိန်းကလေး ၏ အမည်မှာ ကြည်ပြာသာဖြစ်လိမ့်မည်။ အိမ်ထောင်သည် ကလေး အဖေပေမယ့် ဝဏ္ဏရှိန်က ကလေး အဖေပုံ မပေါက်ပါ။ ဒါကြောင့် တချို့တွေက သူ့ကိုလူပျိုလို့ ထင်ကြသည်။ အခုမိန်းကလေး ကလည်း လူပျိုထင်ပြီး ဝဏ္ဏရှိန် ကိုကပ်တာလည်း ဖြစ်နိုင်သည်။ ကိုယ်တော်ချောကလည်း စိတ်ထဲမှာ ကလိကလိ ဖြစ်နေပုံရ၏။ ဝဏ္ဏရှိန် ကျွန်မ ကို ချစ်တာကိုတော့ ကျွန်မယုံကြည်လက်ခံထားပါသည်။ သူ့ကိုယ်သူလည်း ထိန်း ချုပ် နိုင်လိမ့်မည် ဟု ထင်ထားခဲ့မိ၏။ အဲဒါ ကျွန်မ မှားပါသည်။

ကြည်ပြာဆိုသည့် မိန်းကလေးက ဝဏ္ဏရှိန် နှင့် နီးသထက်နီးလို့လာသည်။ ဝဏ္ဏရှိန် သူမ၏ အကြောင်း ကိုစဉ်းစား သည့် အချိန်တွေ ပိုပို များလာ၏။ အိမ်မှာ ကျွန်မ အနားမှာ ရှိနေသည့် အချိန်တွေမှာ ကျွန်မနှင့် သားသားကို ချစ် စိတ်ဖြင့် ထိန်းချုပ် နိုင်သော်လည်း အပြင်သို့ ရောက်သည်နှင့် သူထိန်းချုပ် နိုင်စွမ်းမဲ့လာသည်ကို ကျွန်မလည်း သိလာသည်။ ထို့ အပြင် သားသားကို ပေါင်ပေါ်တင်ပြီး သက်ပြင်းတွေ တချချ နှင့် ငေးနေတတ်သည့် ဝဏ္ဏရှိန် ကို ကြည့်ရင်း ကြည်ပြာက တခုလပ်မလေး ဆိုတာပါ သိလိုက်ရသည်။ ဒီတိုင်း ဆို ဝဏ္ဏရှိန် အိမ်ထောင်ရှိမှန်း ကြည် ပြာ သိမှာမလွဲပေ။ ဝဏ္ဏရှိန် စိတ်ရှုပ်နေသည်ကို ကျွန်မ သိသည်။ တပ်မက်ချင်စရာ မိန်းကလေး တယောက်၏ ဆွဲ ဆောင်မှုကို တွန်းလှန်ဖို့ သူ ခက်နေတာသေချာ၏။ ကျွန်မ က လည်း လင်မယားကိစ္စတွေခွင့်မပြုတော့၊ သူ့ အ လိုကိုလည်း မလိုက်လျောတော့ ချိန်မှာ သွေးသားက လည်းသူ့ကိုတောင်းဆိုပေမည်။

ဝဏ္ဏရှိန် နှင့် ကြည်ပြာ ချစ်သူတွေ ဖြစ်သွားကြပြီ ကိုသိလိုက်ရချိန်မှာ ကျွန်မ ခေတ္တခန တော့ တုန်လှုပ်သွားသည်။ ဒါပေမယ့် ပြန်ထိန်းချုပ်နိုင်ခဲ့ပါသည်။ ဘာမှမသိသလို ဖြင့် ဝဏ္ဏရှိန်ကို ဟန်မပျက်ဆက်ဆံ နေနိုင်ခဲ့သည်။ ကျွန်မ ဆီက မရသည့် အရာကို ကြည်ပြာ့ဆီက ရဖို့ ဝဏ္ဏရှိန် စိတ်ကူးခဲ့ပုံရသည်။ ချစ်သူဖြစ်ပြီး ဘာမှ မကြာခင်မှာပင် သူ တို့ တူတူ အိပ်လိုက်ကြသည်။ ရုံးပိတ်ရက် ဖြစ်သော အဲဒီနေ့ က အပြင်က ပြန်လာသည့် ဝဏ္ဏရှိန် ၏ အမူအရာက ထူးခြားနေသည်။ သားသားအပေါ် မှာ လိုက်လျောလွန်းနေသလို ကျွန်မ အပေါ်ဆက်ဆံမှုတွေက လည်း လှိုက်လှဲ လွန်းနေသည်။ ပြုံးချိုနေသည့် မျက်လုံးတွေ၏ နောက်မှ မလုံမလဲ မှုတို့ကို ကျွန်မ မြင်နေရသည်။

“မောင်တို့ ညစာကို အပြင်မှာတခုခု သွားစားကြမလားဆွေဇင်”

ကျွန်မ နားကိုရောက်လာသည့် ဝဏ္ဏရှိန် ထံမှ ခပ်သင်းသင်း အနံ့တခုရသည်။ မိန်းမ တယောက်၏ ကိုယ်နံ့။ကျွန် မ မပေးဘဲ ထားသည့်အရာကို ကြည်ပြာက သူ့ကို ပေးလိုက်ပေပြီ။

ဝဏ္ဏရှိန် ထိုအတွက် နှစ်သက် ရွှင်လန်းနေသ လို တဖက်မှာလည်း ကျွန်မကို မလုံမလဲ နှင့် အားနာနေပုံရသည်။

“အိမ်မှာ အန်တီ တယောက်ထဲဖြစ်နေမှာပေါ့၊ မောင့်သားက လည်း တနေကုန်ဆော့ ထားတာ အိပ်ချင်နေပြီ”

“ဟုတ်လား၊ ဒါဆို သားကို မောင်သိပ်လိုက်မယ်လေ၊ သားသား အိပ်မှပဲ မောင်ထမင်းစားတော့မယ်”

ကလေး ချီပြီးထွက်သွားသည့် ဝဏ္ဏရှိန် နောက်ကျောကို ကြည့်ရင်း ကျွန်မ သက်ပြင်းချလိုက်မိပါသည်။ သူနှင့် ကြည်ပြာ ကိစ္စ အတွက် မိန်းမသားတယောက် အနေဖြင့် သဝန်တိုရန် အကြောင်းရှိသောလည်း ကျွန်မ စိတ် ထဲ မှာ မနာလိုစိတ်လုံး၀ မရှိပါ။ ကျွန်မဆီက မရတာကို ကြည်ပြာ့ဆီက ရလို့ ဝဏ္ဏရှိန် ယူတာကိုလည်း အပြစ် မဆို ချင်ပါ။ သူတို့ နှစ်ဦး နှစ်ဖက်

 စိတ်ကျေနပ်ရင်ပြီးပါသည်။ အကြောင်းစုံကို သိနေပါရက်နှင့် ဘယ်လောက်အထိ အောင် မသိသလို ဟန်ဆောင်နေရဦးမည် နည်းဟု တွေးရင်း ရင်မောကာ သက်ပြင်းချလိုက်မိခြင်း ဖြစ်ပါသည်။ ညရောက်တော့လည်း ကျွန်မ အိမ်သာထဲမှာ ကျွန်မ၏ ဝေဒနာကိစ္စ သွားရှင်းပြီး ပြန်လာသည်အထိ ဝဏ္ဏရှိန် မအိပ်ဘဲ စောင့်နေပါသည်။ ကုတင်ပေါ်တက်လိုက်ချိန်တွင်ကျွန်မ ကိုဖက်ထား၏။

“မောင် မအိပ်သေးဘူး လား”

“အိပ် မပျော်လို့ကွာ”

သူဘာဖြစ်နေလဲ ဆိုတာ ကျွန်မသိပါသည်။ ထို့ကြောင့် မီးပိတ်ပြီး သူ့ရင်ခွင်ထဲ အသာတိုးဝင်လိုက်၏။ ဝဏ္ဏရှိန်၏ လက်တွေ အနည်းငယ်တုန်နေပါသည်။ နေ့ခင်းက မိန်းမ တယောက်နှင့် အိပ်လာပြီး မှ ကျွန်မကို လွန်ကျူးဖို့ ကြိုး စားမည် မဟုတ်မှန်းလည်း ဝဏ္ဏရှိန် အကြောင်းကို သိနေသည့် အတွက် ခုလိုသူ့နားကိုစိတ်ချလက်ချ ကပ်လိုက် ခြင်း ဖြစ်သည်။

ဝဏ္ဏရှိန် ၏ ရင်ခုန်သံကလည်း မမှန်ပါ။ ဒါပေမယ့် အစရှိ အနောင်နောင် ဆိုသည့် စကားရှိပါသည်။ ကြည်ပြာနှင့် ဇာတ်လမ်း က ဒီလောက်နှင့် ပြတ်မည်မဟုတ်။ ဒီလိုနေ့ တွေ အခါခါဖြစ်လာရင်တော့ ဝဏ္ဏရှိန် ရိုးသွားလိမ့်မည် ထင်ပါသည်။ ဝဏ္ဏရှိန် ကိုဖက်ထား ရင်း ကျွန်မ မျက်လုံးထဲမှာ မှုန်ရီရီ အခန်းကျဉ်းလေး တခုကို မြင်လာသည်။  စားပွဲ ကုလားထိုင်အဟောင်းအကျိုးတွေ နှင့် ဖုန်တက်နေသော စာအုပ်ပုံတွေ လည်းရှိသည်။ နံရံနှင့် ကပ်၍ ချ ထားသည့် ခုံတန်းရှည် တခုပေါ်တွင်တော့ ဝဏ္ဏရှိန် နှင့် မိန်းမ တယောက်ကို တွေ့ရ၏။

ထိုမိန်းမ က တန်းလျားကို ခွရပ်ပြီး လက်တွေကိုတော့ ရှေ့ကို ကုန်းပြီး ခုံကိုထောက်ထားသည်။ အင်္ကျ ီပါသော်လည်း အောက်ပိုင်းဗလာဖြစ် နေသည့် ဝဏ္ဏရှိန်က လည်း ခုံတန်းရှည်ကို ခွရပ်ပြီး မလွဲမသွေကြည်ပြာ ဖြစ်ရမည့် မိန်းကလေး၏ ခါးကို လက် ဖြင့် ကိုင်ပြီး အားပါးတရ ချစ်နေသည်။ ဝဏ္ဏရှိန် ဆောင့်လိုက်တိုင်း ကြည်ပြာ့ ဆံပင်တွေ တလှုပ်လှုပ်ခါသွား၏။

“မောင်တို့ အလုပ်ကလဲ ရုံးပိတ်ရက်တောင် မနားရဘူး”

“မနေ့ ကထဲက ဝင်ရမယ့်ကားက လမ်းမှာ တံတားပျက်လို့ ကြာသွားလို့ပါ”

“မောင် တယောက်ထဲ ဆင်းရတာလား”

“သူ …သူ များတွေလဲပါပါတယ်”

မှောင်ထဲက ကျွန်မ၏ အပြုံးကို ဝဏ္ဏရှိန် မြင်မည်မထင်ပါ။ ကျွန်မက ဘာမှထပ်မမေးသည့် အခါ ဝဏ္ဏရှိန် လည်း ပြန်ငြိမ်သွားသည်။ ဒါပေမယ့် တညလုံး သူကောင်းကောင်းအိပ်မပျော်ပါ။ သူအိပ် မပျော်မှန်း သိနေသည့် ကျွန်မ လည်း အိပ်လို့ မရဖြစ်နေသည်။ ဟိုတွေး ဒီတွေး နှင့် ဖြစ်လာနိုင်တာတွေ စဉ်းစားနေမိ၏။ အကယ်၍ ကြည်ပြာက တရားဝင်လက်တွဲကြဖို့ အထိတောင်းဆိုလာခဲ့ ရင် ဘယ်လိုလုပ်သင့် သလဲ ဆိုသည့်အဖြေကို ရှာနေမိသည်။ ဝဏ္ဏရှိန် ကသာ ကြည်ပြာနှင့် ပဲလက်တွဲတော့မည် ဆိုရင် ကျွန်မ ကလည်းရှောင်ခွာ ပေးဖို့ တွန့်ဆုတ်မည် လို့ တော့ မထင်ပါ။ ဒါပေမယ့် ကြားထဲက ဝဏ္ဏရှိန် စိတ်ညစ်ရမှာ ကိုသိနေသည်။ ကျွန်မက သူ့ အလိုကို ဖြည့်ဆည်း မပေးတော့သည့်တိုင် သူကျွန်မ ကိုချစ်နေဆဲပင်။ ကြည်ပြာ နှင့် ပတ်သက်မှုက သူ့ အတွက် သွေးသားဆန္ဒ တခု ကို ဖြေဖျောက်ခြင်းသာဖြစ်သည်။ ဒါဆိုရင်တော့ တဖက်သား မိန်းကလေး အတွက်မတရားသလိုလည်း ဖြစ်နေ နိုင်သည်။ မပတ်သက်ပါ နှင့်တော့လို့ ပြောရန်ကလည်း ကျွန်မ ဖက်မှာ ဝဏ္ဏရှိန် လိုသောအရာကို ပေးဖို့ မဖြစ်နိုင် သေးပါ။ ဒါဏ်ရာတွေ မပျောက်သရွေ့ ကျွန်မ ဘာမှမတတ် နိုင်။ ဒါဏ်ရာတွေက လည်း နေ့စဉ်လို အသစ်၊အသစ် ပြန်၍ ဖြစ်နေရာ ဝဏ္ဏရှိန် နှင့် ပြန်အိပ် ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပေ။

ကျွန်မ အတွေးတွေ ထဲမှာ လည်နေသလို ဝဏ္ဏရှိန် လည်း သက်ပြင်းတွေ ခိုးခိုးချသည်။ မနက်ရောက်တော့ အိပ် ရေးမ၀ သည့် မျက်နှာဖြင့် အလုပ်ကို ထွက်သွားရသည်။

ဟိုရောက်ရင်တော့ ကြည်ပြာက သူ့ကို ပြန်လည်လန်း ဆန်း တက်ကြွအောင် ဖန်တီးပေး နိုင်လိမ့်မည်ဟု မျှော်လင့် မိပါသည်။ အိမ်မှာ ဆိုရင် ကျွန်မ နှင့်သားသား ကို မြင်နေရခြင်း ဖြင့် သူ့အတွက် စိတ်မလုံစရာ၊ ရှက်ရွံ့ အားနာစရာ ဖြစ်နေနိုင်သော်လည်း ကျွန်မတို့ မျက်ကွယ်မှာ ဆိုရင်တော့ ကြည်ပြာ၏ နွေးထွေးမှုကို သူနှစ်နှစ်ချိုက်ချိုက် လက်ခံကောင်း လက်ခံနေနိုင်ပါသည်။

ဒီအကြောင်း တွေကို ကျွန်မယုံကြည်သည့် ကိုလင်းကို ပြောပြရင်ကောင်း မလားဟု အကြိမ်ကြိမ်စဉ်းစားဖူး သော် လည်း မပြောဖြစ်ပါ။ ပြောရအောင်ကလည်း ကျွန်မ မှာ စိတ်ခံစားမှုနှင့် သိခြင်းသာရှိသည်။ သက်သေအထောက် အထား ခိုင်ခိုင်မာမာ မရှိ။ ဝဏ္ဏရှိန် ကောင်မလေး တယောက်နှင့် တွဲနေသည်ဟု သတင်းရသည်။ ကိုလင်းစုံစမ်း ပေးပါဟု ပြောရင်တော့ ကိုလင်း လုပ်ပေးမှာသေချာသည်။ သူကိုယ်တိုင် လုပ်ခဲ့ဖူးသည့် ရုံးဆိုတော့ အခြေအနေ ကို ထောက်လှမ်းဖို့ ကိုလင်း အတွက် အခက်အခဲရှိမှာ မဟုတ်ပါ။  ဒါပေမယ့် အကြောင်းစုံကို ကိုလင်း၏ ရည်မှန်း ချက်က ဝဏ္ဏရှိန် ကြည် ပြာနှင့် လမ်းခွဲရေး၊ ကျွန်မ နှင့် ဝဏ္ဏရှိန် ပြန်လည်ပြီး ကြင်ကြင်နာနာ နေကြရေးသာဖြစ် လိမ့်မည်။ တဖန် ဝဏ္ဏရှိန်က ကြည်ပြာနှင့် ပတ်သက်ရခြင်းမှာ ကျွန်မက သို့အလိုကို မဖြည့်၍ ဟု ဆိုလာရင်လည်း ကျွန်မ၏ ဒါဏ်ရာတွေကြောင့် သူ့ကို လိုက်လျောပေး နိုင်သည့် အခြေအနေ တွင်မရှိပါ။

ထို့ကြောင့် မျက်စိ မှိတ်လို့သာနေလိုက်တော့သည်။ ကိုလင်းကိုလည်း မပြောတော့ပါ။ တကယ်လို့ ကြည်ပြာ့ဖက် က ဝဏ္ဏရှိန် ကိုတောင်းဆိုမှု တွေရှိလာရင်လည်း သားသား ကိုခေါ်ပြီး ထွက်သွားတော့မည်ဟု ဆုံးဖြတ်လိုက် သည်။ တဖြည်းဖြည်း နှင့် ဝဏ္ဏရှိန် လည်းသူ့ကို သူထိန်းနိုင်လာသည်။ ကျွန်မ ကလည်း မသိသလိုသာ နေနေ သည့် အခါ သူလိပ်ပြာလုံလာပုံရ၏။

 ပေါ့ပေါ့ ပါးပါး ပြန်ဖြစ်လာသည်။ တခါတလေ ကျွန်မ လစ်ပြီထင်ပြီး အိမ်က နေတောင် ကြည်ပြာ့ဆီ ဖုန်းဆက်တာတွေဘာတွေ ရှိလာ၏။ ကျွန်မ လည်း မသိသလို နေလိုက်ပါသည်။

ရမ္မက် ကို အခြေခံသည့် သူတို့ ဇာတ်လမ်းက လည်း မီးတဟုန်းဟုန်း ထနေပုံရသည်။

အိမ်ကို ပြန်ရောက်လာသည့် တိုင်အောင် ဝဏ္ဏရှိန် ထိုရမ္မက်မှာ ယစ်မူးရီဝေနေတာကို ကျွန်မ ရိပ်မိပါသည်။ သူ့ မျက်နှာကို ကြည့်လိုက်တာ နှင့် သူတို့ ဒီနေ့ ဘယ်နေရာမှာ ဘယ်လိုပုံစံအနေအထား နှင့် ချစ်ပွဲဝင်ခဲ့ ကြသည် ဆိုတာက အစ ကျွန်မစိတ်ထဲက သိနေ၏။ သူတို့ တွေ့ကြသည့် အကြိမ်တွေကလည်း စိပ်လာသည်။ အစပိုင်း မှာ က ရုံးပိတ်ရက်တွေ မှာသာလျှင် တွေ့တတ်ကြသော်လည်း နောက်ပိုင်းတော့ ရုံးဖွင့်ရက်တောင် မရှောင်တော့ ပေ။ ဝဏ္ဏရှိန် အလုပ်ကို အကြောင်းပြ၍ ခနခန အိမ်ပြန်နောက်ကျတတ်လာသည်။

ကြည်ပြာ့ကို ဝဏ္ဏရှိန်မှ တဆင့်သာ ကျွန်မ သိခြင်းဖြစ်ရာ သူမ ဘယ်လိုမိန်းကလေး အမျိုးအစားထဲ ကဖြစ်မည် ကို မှန်းဆလို့ မတတ်ပေ။ အိမ်ထောင်သည် မှန်းသိရက် နှင့် ဝဏ္ဏရှိန် ကို ဒီလောက်အထိ လိုက်လျောနေခြင်းက သူမ ကိုယ်တိုင်က ရမ္မက်ကြီးလို့လား၊ ဒါမှ မဟုတ် ဝဏ္ဏရှိန် ကို တကယ်ချစ်နေလို့လား ဆိုတာကို သိချင်လာ၏။

ကျွန်မ ကိုယ်ကျွန်မ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သွားတွေ့မိတ် ဆက်ကာ မေးကြည့်ချင်စိတ်ပေါက်လာ၏။ ကြည် ပြာ ဝဏ္ဏရှိန် ကို တကယ်ချစ်နေသည် ဆိုရင်တော့ သူမ ကို များစွာ စာနာမိပါသည်။ မမမြတ် ရှိရင်ကောင်းမယ်ဟု တမ်းတနေမိသော်လည်း မမမြတ် က နေနိုင်လွန်းစွာပင် ရောက်မလာခဲ့ပါ။ အပြင်လူတယောက်ကို ဖွင့်ဟ တိုင် ပင်ဖို့ ကလည်း ကျွန်မမှာ ကိုလင်းပဲ ရှိသည်။ ကိုလင်း ကို ဖွင့်ပြောတိုင်ပင်ဖို့အကြံကို တော့ ကျွန်မ နဂိုထဲက စွန့် လွှတ်ခဲ့ ပြီးသားဖြစ်ရာ တယောက်ထဲ အမျိုးမျိုးစိတ်ကူး ရင်းသာ အချိန်တွေကုန်ခဲ့ရ၏။

..............

ကိုလင်း ကလည်း အခုတလောပျောက်ချက်သား ကောင်းနေသည်။ တလနေလို့ တခါလောက်ပင် ကျွန်မတို့ ဖက် ကို မရောက်ချင်တော့။ သူဖြေစရာ စာမေးပွဲတွေကလည်း မရှိတော့သည့် အခါ အန်တီနန်း ဆီ ကိုလည်း လာစရာ မလိုတော့ လို့ ဖြစ်ပုံရသည်။ နိုင်ငံခြားမှာ ကျောင်းသွားတက် ခွင့်ရသည်လို့ လည်းကြား၏။ ကျွန်မ ဖုန်းဆက်ပြီး လှမ်းမေးတော့ မသေချာသေးပါဟု ပြောသည်။

“ကိုလင်း ဆွေဇင် တို့ကို ပစ်ထားတယ်နော်၊ မရောက်တာ ဘယ်လောက်ကြာပြီလဲ”

“ငါ့ သူငယ်ချင်း ကြီးကိုတော့ သတိရပါတယ်ဟာ၊ နေကောင်းလား၊ ထမင်းများများ စားရဲ့လား”

“ကိုလင်း တူက ဝတုတ်နေတာပဲ၊ ဆွေဇင် သူ့ကိုယ်ကြီးကို မနည်းချီနေရတာ၊ လာကြည့်ပါဦးလား”

“အေးအေး၊ လာမယ်၊ လာမယ်၊ ငါလဲ ရှုပ်နေလို့”

ကျွန်မ ဖုန်းနှစ်ကြိမ် လောက်ရမယ်ရှာပြီး ဆက်လိုက်ရင်တော့ သူအားတဲ့ အချိန် ကိုလင်းပြေးလာတတ်ပါသည်။ လာရင်လည်း ကျွန်မ တို့ နှင့် စကားပြောဖြစ်သည်က သိပ်မရှိပါ။ အန်တီနန်း နှင့် စကားပြော သားသား နှင့်ဆော့ ပြီး ပြန်သွားရတာကများ၏။ လသားလေး ကထဲက ချီပိုးထိန်းခဲ့ရလို့ ထင်သည်။ သားသား ကိုတော့ ကိုလင်း သံယောဇဉ် ကြီး၏။ တခါတလေ ကျရင် ကျွန်မ တို့လင် မယားကို တွေ့ချင်လို့ လာတာ မဟုတ်။ သားသားဆီလာ တာလို့ ခပ်တည်တည် ပြောတတ်၏။ ဝဏ္ဏရှိန် နှင့် အတူ လိုက်ရယ်နေရသော် လည်း ကျွန်မရင်ထဲ ဘယ်လောက် နာရသည်ကို ကျွန်မ ဖာသာသိနေ၏။ ဒီလို အချိန် မျိုးတွင် ကြည်ပြာ့ ကိစ္စ နှင့် ပတ်သက်ပြီး ဝဏ္ဏရှိန်ကို ကိုယ်ချင်းစာမိသလို ဖြစ်တတ်သည်။ သူက တခြားမိန်းမတယောက် နှင့် တွဲခုတ်နေချိန် တွင်ကျွန်မက လည်း တခြား ယောက်ျား တယောက်ကို ချစ်နေမိသည် မဟုတ်ပါလား။

ကိုလင်း ကို မတွေ့ရတာ ကြာရင် ကျွန်မ မနေနိုင် ဖုန်းတော့ဆက်မိသည်။ ဘာအကြောင်းမှ မဟုတ်ဘဲ သာ ကြောင်း မာကြောင်း နှင့် ကျွန်မ တို့ဆီ လာလည် ဖို့လောက်ကလေး ပြောလိုက်ရရင် ကျွန်မ စိတ်ချမ်းသာပါ သည်။ ခုလို ဝဏ္ဏရှိန်က ကြည်ပြာနှင့် ဇာတ်လမ်းတွေ ဖြစ်နေချိန် မှာ ကျွန်မ ကိုလင်း ကို ပိုပြီးတမ်းတမိသည်။ ဒါ ကို ဖောက်ပြန်တာလို့ ကျွန်မ မယူဆပါ။ ကျွန်မ ကိုလင်းကို ချစ်ခြင်းက တဏှာရာဂ နှင့် ဘယ်လိုမှ မသက်ဆိုင် သည့် အကြောင်း ကျွန်မ လိပ်ပြာသန့်ပါသည်။ ကျွန်မ အပေါ် ကိုလင်း၏ ဖြူစင်မှုကို သိနေသည့် အတွက် ဒါကို ညစ် နွမ်းအောင် ဘယ်တော့မှ လုပ်လိမ့်မည် မထင်ပါ။ ဒါပေမယ့် ကိုလင်းက ကျွန်မ ကိုစိတ်ချမ်းသာစေသည့် သူ ဖြစ်နေရာ ခုလိုမျိုး စိတ်မအီမသာ ဖြစ်နေရသည့် အချိန်တွေမှာ ကိုလင်းကိုတွေ့ချင်သည်။ စကားပြောချင်သည်။ ကျွန်မ ဒီလောက်ပဲ လိုချင်မိခြင်း ဖြစ်ပါသည်။

ကျွန်မ လက်ထပ်ထားသည့် ခင်ပွန်းက တခြား မိန်းမတယောက် နှင့် ပျော်မွေ့ နေချိန်မှာ ကျွန်မက ခန္ဓာကိုယ် ကို သွေးထွက်သံယိုဖြစ်အောင်၊ အသည်းခိုက်ခိုက်တုန်ရသည့် နာကျင် မှုတွေဖြစ်အောင် ဝဋ်ကြီးစွာ လုပ်ဆောင်နေရ ၏။ ဒီဘ၀ က လက်လွတ်ထွက်ပြေးချင်စိတ် ခနခန ပေါ်သည်။ ကိုလင်း နှင့် သားသား သံယောဇဉ်သာ မရှိရင် ကျွန်မ တခုခု ဆုံးဖြတ်မိတော့ မှာသေချာသည်။ သားသား က ငယ်သေးသည်။ ထို့ကြောင့် ဒီဘဝကို ဘယ် လောက် စိတ်ကုန်သည် ဖြစ်စေဆက်လက်၍ တွယ်ဖက်ထားရသည်။

သို့သော်လည်း ကံကြမ္မာ မှာ ကျွန်မ အတွက်အစီအစဉ် တွေ ရှိနေပါသည်။ ကျွန်မလို ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ခွင့် မရှိသည့် အပါယ်ဘုံသူ တယောက်၏ ဝဋ်ကြွေး ဆိုတာက တိုက်ခန်းတခုထဲမှာ ကိုယ့်ကိုယ်ကို အပ်နှင့်ထိုးရ ခြင်း၊ ပေါင်းစပ်ခွင့် မရှိသူကို ချစ်စိတ်ဖြင့်ကြေကွဲရခြင်း တွေလောက်နှင့် ပြီးဆုံးသွားမှာ လည်းမဟုတ်ပါ။ သူ့ အချိန် တန်သည့်အခါ ကျွန်မ မမျှော်လင့်ခဲ့တာတွေ တခုပြီးတခုဖြစ်လာပါတော့သည်။

အဲဒီနေ့ညနေက ကျွန်မ နှင့်သားသားက လမ်းလျှောက်နေကြသည်။ ဝဏ္ဏရှိန် လည်းထူးထူးခြားခြား စောစော ပြန်လာသည်။ ကြည့်ရတာ ကြည်ပြာနှင့် ဒီနေ့ အတွက် အစီအစဉ် ရှိပုံမရပေ။ ကျွန်မ ဝမ်းသာရတာကတော့ ကို လင်းပါ တူတူပါလာခြင်းဖြစ်သည်။ ကိုလင်း က သူ၏ မိတ်ဆွေတယောက်ကားကြုံ နှင့်လိုက်လာရင်း ဝဏ္ဏရှိန် ကို တွေ့လို့ ခေါ်တင်လာခြင်း ဖြစ်သည်ဟု သိရသည်။ ကိုလင်း မိတ်ဆွေ၏ ကားက ခန့်ညားပြောင်လက်သည့် ပါဂျရို ကားကြီး ဖြစ်သည်။ ကားက ခန့်ညားသော်လည်း ထိုသူ၏ မျက်လုံးအကြည့်တွေကို ကျွန်မ သဘောမကျပါ။ ကျွန် မလိုပင် ဒါကို ရိပ်မိပုံရသည့် ကိုလင်းက ချက်ချင်းလိုလိုပင် ကျွန်မ ကို ဝဏ္ဏရှိန်၏ ဇနီးသည် အဖြစ်ချက်ချင်း မိတ် ဆက်ပေးသည်။

လင်ရှိမယား တယောက်မှန်း သိသွားသည့်တိုင် ထို ကိုမိုးဇော် ဆိုသူ၏ အကြည့်တွေက ပြောင်းမသွားပါ။ အံံ့သြ သလို မျက်ခုံးပင့်ပြသည်မှ အပ သူ့မျက်လုံးထဲ မြင်နေရသည့် ရမ္မက်အရိပ်ယောင်တွေ မြင်နေရသေးသည်။ ဒီ လောက်တောင် လူကြီးလူကောင်း မဆန်သည့် လူတယောက်နှင့် ကိုလင်း ဘယ်လို မိတ်ဆွေဖြစ်ရသည် ကို ကျွန် မ နားမလည်နိုင်တော့ပါ။

သူတို့ နားမှာမနေချင်တော့လို့ သားသားကို ဝဏ္ဏရှိန် လက်မှာထားခဲ့ပြီး ကျွန်မ အိမ် ဖက်ကို ပြန်ထွက်လာခဲ့သည်။ ကျွန်မ စိတ်အနှောက်အယှက်ဖြစ်သွားတာကို ကိုလင်း သိပုံရသည်။ သူ့လူကို ပြန် လွှတ်လိုက်ပြီး အိမ်လိုက်လာသည်။

ယောက်ျားတွေ ၏ ရမ္မက်က ကျွန်မ အတွက်မထူးဆန်းပါ။ ဒါပေမယ့် ကိုလင်း ရှေ့မှာဆိုတော့ တမျိုးခံစားရသည်။ ဒါကြောင့် ထွက်လာခဲ့ခြင်း ဖြစ်သည်။ တောင်းပန်သလို ကိုလင်း၏ အကြည့်တွေကို မသိယောင်ပြုပြီး သူအားမနာ စေရန် အရင်အတိုင်း ပုံမပျက်နေပေးလိုက်ပါသည်။  ခနကြာတော့ ကျွန်မလည်း ကိုမိုးဇော် ကိုမေ့သွားပါသည်။ ကိုယ်နှင့် မသိမကျွမ်းသည့် လူတယောက် နှင့် ပတ်သက်ပြီး ကျွန်မ ခေါင်းထဲ ထားရန်မရှိပါ။ နောက် နှစ်ရက် သုံး ရက် လောက် အကြာမှာ ကိုမိုးဇော် နှင့်လမ်းမှာ ပြန်တွေ့သည် အထိ ကျွန်မ သူ့ကို လုံးဝ မစဉ်းစားမိခဲ့ပါ။

အန်တီ နန်း ခြေထောက်နာလို့ ကျောင်းမသွားနိုင်သည့် အတွက် အိမ်မှာသားသား နှင့်ထားခဲ့ပြီး ကျွန်မ ဈေးသွား ပါသည်။ ဈေးအပြန်လမ်းတွင် ကျွန်မနားသို့ သူ၏ ကားကြီးထိုးဆိုက်လိုက်သည် အထိ ကျွန်မ အာရုံထဲမှာ သူမရှိပါ။ ကားတစီး သူ့ဟာသူရပ်ခြင်း လို့ ထင်၏။

“ဟေ့ လိုက်ပို့ ရမလား”

အသံကြားလို့ လှည့်ကြည့်လိုက်ရာ ကိုမိုးဇော်ဖြစ်နေသည်။

“နေပါစေ၊ ရပါတယ် ရှင့်၊ ကျေးဇူးတင်ပါတယ်”

အဆီပြန်နေသည် မျက်နှာကြီးကို သည်းခံကြည့်ပြီး ကိုလင်း မျက်နှာဖြင့် ယဉ်ယဉ်ကျေးကျေး ငြင်းပယ်လိုက်ပါ သည်။ သူကားပေါ်က ဆင်းလာပြီး ကျွန်မ နားသို့ကပ်လာသည်။

မသိယောင်ဆောင်ပြီး ဆက်သွားမည့် ခြေလှမ်း တွေ ရပ်သွားအောင် ကျွန်မ လက်ထဲက ဈေးခြင်း ကိုဆွဲထားခံလိုက်ရသည်။

“ကိုယ့် ကို မမှတ်မိဘူးလား”

အရင်တုန်းက ပတ်သက်ခဲ့ဖူးသည့် ယောက်ျားတယောက်လားဟု ရင်ထဲမှာ ဝုန်းကနဲ ခုန်သွားသည်။ ဝေဒနာ သည်းနေသည့် အချိန်တွေဆိုရင် ကျွန်မ ကဘာဆိုဘာမှသိသည်မဟုတ်။ ပြီးရင်လည်း ရှက်စိတ်ဖြင့် ကျွန်မ နှင့် အိပ်ခဲ့သူကို ရဲရဲ ကြည့်ဝံ့တာ မဟုတ်ပေ။ သူ့စကားကြောင့် ပြန်ကြည့်ရင်း ကျွန်မစိတ်ထဲမှာလည်း မြင်ဖူးသလိုလို ဖြစ်လာသည်။

သို့သော်လည်း

“ကျွန်မ တော့ မတွေ့ဖူးဘူး ထင်တာပဲရှင့်”

“ကိုယ်ကတော့ သေသေချာချာ ကိုမှတ်မိနေပါတယ်၊ ကိုယ့်ဖုန်းနံပါတ်ကို ဆက်မလားလို့ လည်း မျှော်နေမိသေး တယ်”

“ရှင်”

“တကယ် မမှတ်မိတာလား”

“ဟုတ်ကဲ့ ရှင့်၊ ကျွန်မ သွားတော့မယ် နော်ခွင့်ပြုပါဦး”

ကျွန်မ၏ အလောတကြီး အမူအရာက သူ့ကိုပိုရဲတင်း သွားစေသည် ထင်ပါသည်။

“လွန်ခဲ့တဲ့ နှစ်နှစ် ကျော်သုံးနှစ် လောက်က ညဖက်ကြီး ကိုယ့်ကားကို တားခဲ့တယ်လေ၊ဒီကားပဲ မမှတ်မိဘူးလား၊ အဲဒီနေ့ ကို ကိုယ်တနေ့ မှမမေ့ဘူး”

ကျွန်မ စိတ်လွတ်ထွက်ပြီး အပြင်ရောက်သွားသည့် ဝဏ္ဏရှိန် နှင့် မင်္ဂလာဦးည ကို ချက်ချင်းပြန်အမှတ်ရလိုက်မိ သည်။ အဲဒီတုန်းက ဒီလိုကားကြီးပေါ်မှာ ကျွန်မ လူတယောက်နှင့် ဖြစ်ချင်တိုင်း ဖြစ်ခဲ့သည်။ ခေါင်းထဲမှာ တရိပ် ရိပ် နှင့် မူးပြီးသွေးတွေ ဆူဝေလာသည်။ တချိန်ထဲမှာ ပင်ကျွန်မ၏ ခြေလက်တွေ အေးစက်လာသလိုခံစားရ သည်။

“ဟင့် အင်း ကျွန်မ မသိဘူးရှင့်၊ လူမှားတာ ထင်တယ်၊ သွားပါဦးမယ် ရှင်”

“မညာပါ နဲ့လားကွာ၊ ဒီမျက်နှာ ဒီကိုယ်လုံးကို ကိုယ်လုံး၀ ကိုမှတ်မိပါတယ်၊ ကိုယ်အရမ်းပျော်ခဲ့ရတဲ့ ညကိုမေ့ မလား၊ ကိုယ် အရမ်းစွဲသွားတာသိလား”

အနားက လူတွေက တော့ အသိတွေစကားပြောနေကြသည်ဟုထင်ကြလိမ့်မည်။ သူဆွဲထားသည့် ခြင်းကို ကျိတ် ပြီး ပြန်ဆွဲရာ ဆွဲလို့မရ၊ အတင်းပြန်ဆွဲထား၏။

“ကျွန်မ သွားပါရစေ”

“အခု အိမ်ထောင်ကျနေပြီ ဆိုတာသိပါတယ်၊ဒါပေမယ့် အဲဒီနေ့ကလိုပဲ ပျော်ချင်သေးတယ်ကွာ၊ ကိုဝဏ္ဏ ဆိုတဲ့ သူမသိစေရပါဘူး၊ တရက်လောက် ကိုယ်တို့ပြန်တွေ့ရအောင်နော်”

ကြည့်ရသည်မှာ အေးအေးသာသာ ပြောလို့ ရှင်းလို့ ရမည့်ပုံမဟုတ်တော့ပါ။ ကျွန်မ ကို သူဒီလောက်အထိ မှတ် မိနေလိမ့်မည်ဟု တွေးပင်တွေး မထားမိပါ။ သူ့လိပ်စာကဒ်ကို ကျွန်မလမ်းမှာ ပစ်ထားခဲ့တာကိုပါ ပြန်သတိရ လာ ၏။ သူ့ အတွက်ကတော့ ကျွန်မသည် အလကားရနိုင်သည့် ရမ္မက်ကြီးသော မိန်းကလေး တယောက်ဖြစ်နေပါ လိမ့်မည်။

ဒါကြောင့် အိမ်ထောင်ရှိမှန်း သိနေသည့်တိုင်အောင် ခုလို လာလုပ်နေခြင်းဖြစ်သည်။

“ရှင် လူကြီး လူကောင်းတယောက်ဆိုရင် မဟုတ်မဟတ်တွေ ပြောတာရပ်ပြီး ကျွန်မခြင်း ကို လွှတ်ပါ။ မလွှတ် ရင်တော့ ကျွန်မ အော်ရလိမ့်မယ်”

ခြင်းကို သူကအတင်းဆွဲ၊ ကျွန်မက ပြန်ဆွဲနှင့် ဖြစ်နေသည်ကို အနားက ဖြတ်သွားသူ တယောက်စ နှစ်ယောက် စက လှည့်ကြည့်သွားကြသည်။ အဲဒီအချိန်မှာ ရှေ့ဖက်လမ်းချိုး တခုထဲမှ ရပ်ကွက်ထဲက ဝဏ္ဏရှိန်၏ သူငယ်ချင်း နှစ်ယောက် ထွက်လာသည်။ ကျွန်မက လက်ပြလိုက်သောအခါ ကျွန်မဆီသို့ လျှောက်လာကြ၏။

“ဒါကျွန်မ ရပ်ကွက်နော်၊ ရှင်သဘောပေါက်မှာပါ”

ကျွန်မ တို့ဆီဦးတည် လာနေသူ နှစ်ယောက်ကို ကြည့်ပြီး သူလွှတ်ပေးလိုက်သည်။

“အေးလေ အခုတော့ နေနှင့် ဦးပေါ့၊ မင်းရူးချင်ယောင်ဆောင်နေတာ ကိုယ်သိတယ်၊ မင်းကို နောက်တခါထပ်ပြီး ရအောင်ကို -ိပြမယ်”

နှမချင်း မစာနာ ရိုင်းစိုင်းသောစကားကိုဆိုပြီး ကားပေါ်တက်သွားသည်။ ဝဏ္ဏရှိန်၏ သူငယ်ချင်းတွေ အနား ရောက် မလာမှီ ဆောင့်ကြီး အောင့်ကြီးမောင်းထွက်သွား၏။

“ဘာဖြစ်တာလဲ ဆွေဇင်”

“ကားပေါ်ကဆင်းလာပြီး ငါ့ကိုလိုက်ပို့ပေးမယ် အတင်းလုပ်နေတာ၊ နင်တို့ ရောက်လာလို့”

“အော်လိုက်ပါတော့လား၊ လူကို မမှီလဲ ကားကို အုတ်ခဲနဲ့ ကျွေးပစ်လိုက်မှာပေါ့၊ ကားကြီးက ခဲနဲ့ ထုချင်စရာကြီး ”

ဝဏ္ဏရှိန်၏ သူငယ်ချင်း နှစ်ယောက်က ကျွန်မကို အိမ်ရှေ့ အထိပြန်လိုက်ပို့ပေးကြ၏။ ဒီအကြောင်းကို ဝဏ္ဏရှိန် အား မပြောဖို့ ပိတ်လိုက်ချင်သော်လည်း ကျွန်မ ဖက်က မရိုးသားသလို ဖြစ်နေမှာစိုးလို့ မတားတော့ပါ။ အဲဒီ မိုး ဇော် ဆိုသူ ဘယ်လို အစားလဲဆိုတာ သိချင်လို့ ကိုလင်း ဆီကို နေ့ခင်းဖက်ရောက်တော့ ဖုန်းဆက်ကြည့်သည်။ ကိုလင်း ခရီးထွက်သွားကြောင်း သူ့အလုပ်ထဲက တယောက်ကပြန်ဖြေသည်။

မိုးဇော်ကလည်း လွန်လွန်းပါသည်။ ကျွန်မ ကို ကလေးတယောက်အမေ အိမ်ထောင်သည် အဖြစ်သိသိ နှင့် သူ့ လိုအင်ဆန္ဒ ကို မရှက်မကြောက်ပြောပြတောင်းဆိုရဲ၏။ သူနှင့်ကျွန်မ ဖြစ်ခဲ့တာက အမှန်ဟုတ်သည့် တိုင်အောင် ကျွန်မ ကို ကာမပိုင်ရှိမိန်းမ အဖြစ်ပြန်တွေ့ရသည့် အချိန်မှာတော့ ဆင်ခြင်သင့် သည်ဟုထင်ပါသည်။ရှေ့ကို သ တိထားရမည့်သူ တယောက်လို့ မြင်မိ၏။ ကျွန်မ နှင့် သူပတ်သက်ခဲ့ဖူးသည်ဟု နာမည်ဖျက်ချင် ဖျက်နိုင်သည်။ သူတပါး မယားကို တောင်ပစ်မှားချင်သူသည် ဘယ်လိုမှ လူကောင်းမဟုတ်နိုင်ပါ။

ဒါပေမယ့် လည်းသူလျှောက်ပြောချင်သလောက်ပြော ကျွန်မ နှင့်ပတ်သက်သူတွေကတော့ ယုံမှာမဟုတ်တာသေ ချာသည်။ ဝဏ္ဏရှိန် လည်းယုံမှာမဟုတ်ပါ။ ကိုလင်းဆိုရင် ကျွန်မ ပိုပြီးတော့တောင်စိတ်ချပါသေးသည်။ ယုံကြမှာ မဟုတ်လည်း အနည်းနှင့် အများဆိုသလို စိတ်အနှောက်အယှက် ဖြစ်ကြမှာတော့ အမှန်ပင်။ နောင်ကို မိုးဇော် ကို သတိထားပြီး သွားလာနေထိုင်မှ ဖြစ်တော့မည်။

တိုက်တိုက် ဆိုင်ဆိုင် ဝဏ္ဏရှိန်က ထိုညနေတွင် အိမ်ကို အရင်မဝင်ဘဲ လဘက်ရည်ဆိုင် အရင်ဝင်၏။ ကြည်ပြာ နှင့် အချိန်ဖြုန်းပြီး နောက်ကျပြန်လာ လို့ သူငယ်ချင်းတွေဆီ တခါထဲ တန်းဝင်လိုက်တာ ဖြစ်မည်။ သူ့ သူငယ်ချင်း တွေက ပြောပြလိုက် လို့ မိုးဇော် လိုက်နှောက်ယှက်ကြောင်း ကို သိသွားသည်။ သူ့သူငယ်ချင်းတွေက မိုးဇော်ကို မသိလို့ နာမည်တော့ မပြောလိုက်နိုင်ကြပါ။ လူတယောက် ကျွန်မ ကို ဈေးပြန်လမ်းမှာ နှောက်ယှက်သည်လို့ပဲ သူ သိခဲ့၏။ ဝဏ္ဏရှိန် အိမ်ပြန်ရောက်ချိန်တွင် ကျွန်မက ရေချိုးခန်းထဲမှာ သွေးသံတရဲရဲ နှင့် ရှိနေသည်။ ဒါဏ်ရာ တွေ ကို သုတ်သင်ဆေးကျောပြီး အိပ်ခန်းထဲ ဝင်လာသည့် အချိန်တွင် ကုတင်ပေါ်တွင် ငုတ်တုတ်လေး ထိုင်နေ သော ဝဏ္ဏရှိန် ကို တွေ့ရသည်။

“ဟော … မောင်တောင် ပြန်ရောက်နေပြီ”

“ဆွေဇင့်ကို မနက်က လူတယောက် လိုက်နှောက်ယှက်တယ် ဆို”

ကျွန်မ ကိုပြုံးစိစိ နှင့် ကြည့်ပြီးမေးသည်။ သူလည်း သိနေပြီဖြစ် လို့ ကျွန်မ လည်း ခေါင်းညိတ်ပြလိုက်သည်။

“ပြောပါဦး ဘယ်လိုဖြစ်တာလဲ၊ ဘယ်က လူလဲ ဆွေဇင်သိလား”

“မောင်နဲ့ ကိုလင်း ကို ဟိုတနေ့က ကားနဲ့ လိုက်ပို့တဲ့ လူပေါ့၊ ဆွေဇင့် ကိုလိုက်ပို့ချင်လို့တဲ့၊ ရပါတယ် မလိုပါဘူး ဆိုတော့ ခြင်းတောင်း ကို အတင်းဆွဲထားတယ်၊ ဆွေဇင်က လွှတ်ပေးပါဆိုလဲ လွှတ်မပေးဘူး”

“ဆွေဇင်က ဘာလို့ ငြင်းတာလဲ”

“ရုပ်ကို က နှာဗူးရုပ်ပဲလို့၊ ဟိုနေ့ထဲက ကြည့်မရတာ”

“အင်းနော်၊ ရိုးရိုးသားသား ကူညီချင်တယ် ဆိုရင်လည်း အတင်းဆွဲ စရာ မလိုပါဘူး၊ ကိုလင်းကိုပြောပြရဦးမယ်”

“ဆွေဇင် နေ့ခင်းက ဖုန်းဆက်ပြီးပြီ၊ ကိုလင်း ခရီးထွက်သွားတယ် တဲ့”

“ကိုလင်း ပြန်လာရင်တော့ ပြောပြလိုက်မယ်လေ၊ သူ့လူအကြောင်း သူသိသွားတာပေါ့၊ မောင် နဲ့က အဲဒီနေ့က မှ မြင်ဖူးတာ၊ အဲဒီတုန်းထဲက ဆွေဇင့် ကို သူကြည့်တာ တမျိုးကြီးလို့ ထင်တော့ထင်သား”

“ထင်ရုံပဲ လား”

“ဆွေဇင် လှလို့ ငမ်းတာလောက်ပဲ ထင်တာပါ၊ မောင့် မိန်း မဆိုတာသိသိ နဲ့ ဒီလို နှောက်ယှက်တာကတော့ လွန် တယ်၊ ဆွေဇင်က အပျိုဆိုလဲ ထားတော့”

ဝဏ္ဏရှိန် အမူအရာက အေးဆေးပါသည်။ ခုကိစ္စမှာ ကျွန်မ ဖက်က အလွန်မရှိကြောင်း သူလက်ခံထားပုံရသည်။

“မောင်လဲ တွေ့ရင်ပြောရမယ်၊ ကျွန်တော့် မိန်းမက အာသဝေါ ကုန်နေပါပြီ၊ စိတ်မဝင်စားပါနဲ့ လို့”

“မောင် …နော်”

နှစ်နှစ် ချိုက်ချိုက်ပြုံးရင်း ဝဏ္ဏရှိန် ကျွန်မ လက်ကိုလှမ်းကိုင်လိုက်သည်။

“ဆွေဇင်”

“ဟင် …”

“ဆွေဇင် sex ကိစ္စကို ဘာလို့ ဒီလောက်စိတ်ကုန်သွားတာလဲ”

“မသိပါဘူး မောင်ရယ်”

ဝဏ္ဏရှိန် ဒီနေ့ ကြည်ပြာ နဲ့ အလုပ်မဖြစ်ခဲ့ဘူးဟု ထင်ပါသည်။ ကျွန်မ တို့ကြားမှာ မရှိတော့သည့်၊ နှစ်ယောက်လုံး မေ့ ထားကြသည့် အကြောင်းကို ပြန်အစဖေါ်သည်။

“ဟိုဒင်း လေ …အဲဒါက …..”

ဝဏ္ဏရှိန် စကားတဝက်တပျက်မှာ အိမ်ရှေ့ခန်းဖက်က ဖုန်းမြည်သံကြားလိုက်ရသည်။ စကားပြတ်ဖို့ ရမယ်ရှာနေ သည့် ကျွန်မက အခွင့် အရေးတရပ်လို့ ယူဆလိုက်ပါသည်။

“ဆွေဇင် သွားကိုင်လိုက်မယ်”

ဆက်တိုက်မြည် နေသည့်ဖုန်းကို အပြေးတပိုင်း ကိုင်လိုက်သည်။ ညနက်နေမှ လာသည့်ဖုန်းမို့ ထူးခြားနေသည်။

“ဟဲလို … အမိန့်ရှိပါရှင်”

“ဆွေဇင် လား”

“ဟုတ်ပါတယ် ရှင့်၊”

“ကိုယ် မိုးဇော်ပါ၊ လမ်းထိပ်မှာ ရောက်နေတယ်၊ ထွက်ခဲ့ပါလား၊ ကိုယ် အရမ်းဆာနေပြီ၊ ကားပေါ်မှာပဲ ဆွဲကြမယ် လေ၊ ဟိုတခါလိုပဲ ကိုယ့်ကို မှုတ်ပေးဦးနော်”

ကြောင်ပြီး ဖုန်းကို ကိုင်ထားမိပြီးမှ ကမန်းကတန်းပြန်ပစ်ချလိုက်မိသည်။ ကျေးဇူးရှင်က ထပ်ခေါ်နေမှာစိုးလို့ နံရံ ပလပ် ကိုပါဆွဲ ချွတ်လိုက်ပြီး အခန်းထဲပြန်ဝင်ခဲ့၏။ ရိုင်းစိုင်းလွန်းသည့် စကားများကြောင့် အသားတွေ တဆတ် ဆတ် တုန်အောင်ဒေါသဖြစ်မိသည်။ အခန်းဝမှာ ခန ရပ်ပြီး စိတ်ကို လျှော့ချ ထိန်းချုပ်ရ၏။ မိုးဇော် နှင့် တွေ့ခဲ့ စဉ် ညက ကျွန်မ အာသာတငမ်းငမ်း ဖြစ်နေခဲ့သည်ကို သတိရမိသော အခါ မိုးဇော် ဒီလိုစကားမျိုးတွေ ပါးစပ် က ပြောလို့ ထွက်တာ မဆန်းဟု ထင်လာသည်။ဝေဒနာ ချိန်တွေမှာ ကျွန်မ၏ ရမ္မက် ဘယ်လောက်ပြင်းသည်ကိုကျွန် မ နှင့် ပတ်သက်ဖူးသည့် ယောက်ျားတိုင်း သိကြပါသည်။ ဒါကြောင့် လည်း အခုကျွန်မက လိင်ကိစ္စ ကို စိတ် မပါ သလိုရှောင်ဖယ် နေခြင်း အတွက် ဝဏ္ဏရှိန် ဇဝေဇဝါ ဖြစ်နေရခြင်းပင်။

“ဘယ်က ဖုန်းလဲ ဆွေဇင်”

“ဖုန်းမှားတာပါ”

“တော်တော်ရှုပ်တဲ့ ဖုန်း၊ ဒီမှာ စကားတောင်ပြတ်သွားတယ်၊”

“ဟိုကိစ္စ ဆိုရင်တော့ မပြောပါနဲ့ တော့မောင်ရယ်”

ဝဏ္ဏရှိန် ကျွန်မကို ကြည့်ပြီးခေါင်းကိုခါသည်။ မိုးဇော်ကြောင့် စိတ် အနှောက်အယှက်ဖြစ်လာချိန်မှာမှ သူက သိပ် ပြီး ပြောချင်ဆိုချင်ဖြစ်နေသည်။

“မောင်တို့ က လင်မယားတွေပါဆွေဇင်၊ မောင်နှာဗူးလဲ မဟုတ်ပါဘူး၊ ကိုယ့်မယားနဲ့ ကိုယ် တခါတလေတော့လဲ လင်မယားလို နေချင်တာပေါ့၊ ဟိုအရင်က မောင်တို့ ပျော်ခဲ့တာတွေ ပြန်တွေးမိရင် ရင်ထဲ တမျိုးကြီးပဲ၊ ဆွေဇင် ကိုယ်တိုင်လဲ စိတ်ပါလက်ပါ ချစ်ခဲ့တာ မဟုတ်လား”

စကားမပြောချင်လို့ ငြိမ်နေတာကို ဝဏ္ဏရှိန်က သူ့စကားကို ကျွန်မ စိတ်ဝင်တစားနားထောင် နေသည်ဟု ထင် သွား ပုံရပါသည်။ သူပြောတာတွေ မလွန်မှန်းသိသော်လည်း စိတ်ရှုပ်နေချိန် ဖြစ်လို့ ကျွန်မ လွတ်ထွက်သွားသည်။

“ဆွေဇင် နဲ့ မှလား၊ မောင့် မှာ ကြည်ပြာရှိတာပဲ၊ ကြည်ပြာ နဲ့ သွားအိပ်ပေါ့”

“ဘာပြောတယ်”

“မောင်ကြည်ပြာ ဆိုတဲ့ ကောင်မလေး နဲ့ အိပ်နေတာ ဆွေဇင် မသိဘူး ထင်လို့လား”

ဝဏ္ဏရှိန် မျက်လုံးကြီးတွေ ပြူးထွက်လာသည်။ ခေါင်းတခါခါ လည်တခါခါ လုပ်ရင်း အတင်းငြင်းသည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဆွေဇင် မဟုတ် မဟပ်တွေပြောပြီး မောင့်ကို မစွပ်စွဲ နဲ့”

မထူးတော့သည့် တူတူ ကျွန်မ အာရုံထဲကနေ သိနေသည့် သူတို့ အကြောင်းတွေကို ခရားရေလွှတ်ပြောချလိုက် မိသည်။ ကျွန်မ စကားတွေကို နားထောင်ရင်း ဝဏ္ဏရှိန်၏ မျက်နှာဖြူရာမှနီလာသည်။ နီရာမှ ညိုမဲလို့ လာ၏။

“ဒါ …ဒါ …. ကြည်ပြာ ..က ဆွေဇင့် ကို …ပြော.တာ…ပြောတာ ..လား”

“မဟုတ်ဘူး”

“ဒါဆို ….ဘယ်..က….ဘယ်သူ ပြော…ပြောတာလဲ”

“ဆွေဇင့် ဖာသာ ဘယ်လိုသိသိလေ အရေးကြီးတာက အဖြစ်မှန်ဖို့ ပဲ မဟုတ်လား”

မျက်နှာကို လက်ဝါး နှင့်အုပ်ပြီး ဝဏ္ဏရှိန် ငိုင်ကျသွားသည်။ သူတို့ နှစ်ဦးသာ သိနိုင်သည့် အကြောင်းအရာတွေကို ကျွန်မ ဆီက ကြားလိုက်ရ၍ အံ့သြထိတ်လန့်ကာ မယုံနိုင်အောင်ဖြစ်နေသည်။ သူငြိမ်သွားသည့် အခါ ကျွန်မ လည်း ဆက်မပြောတော့ဘဲ ကိုယ့်နေရာ မှာကိုယ်လှဲချလိုက်ပြီး စောင်ပါခြုံလိုက်သည်။ ကျွန်မ အနေနှင့် ဆက် ပြောစရာ အကြောင်းမရှိတော့ကြောင်း ဝဏ္ဏရှိန် သိအောင်ပြလိုက်ခြင်း ဖြစ်သည်။ ဝဏ္ဏရှိန် အကြာကြီး ငြိမ်နေပါ သည်။

“မောင်မှားပါတယ်၊ မှားမှန်းလဲ သိနေပါတယ်၊ ဒါပေမယ့် ဒါတွေက ဆွေဇင့် ကြောင့်ပဲ”

ကျွန်မ ဖက်ကို မျှားဦး လှည့်လာသောကြောင့် အိပ်ချင်ယောင်ဆောင်နေလို့ မရတော့ဘဲ ထလိုက်ရသည်။

“ဆွေဇင် နဲ့ ဘာဆိုင်လို့လဲ”

“မောင် နဲ့ လင်မယားလိုနေဖို့ ဆွေဇင် ခွင့်မပြုတာ မောင်မနေတတ်ဘူးကွာ၊ စိတ်လည်းညစ်တယ်၊ သူနဲ့တွေ့ တော့ မောင်မရှောင် နိုင်တော့ဘူး၊ မောင်မှား မှန်းသိပါတယ်၊ဒါပေမယ့် မောင်ပြောရဲတယ် ဆွေဇင် က သာ မောင့် ကို ပစ်မထားရင် ဒါတွေ ဘယ်လိုမှ ဖြစ်လာမှာ မဟုတ်ဘူး”

“ဆွေဇင့် မောင့်ကို ပစ်ထားလို့လား၊ ဒီတခုက လွဲရင် မယားဝတ္တရားပျက်ကွက်ခဲ့ လို့လား၊ အရင်ကထက် တောင် မောင့် ကိုဆွေဇင် ဂရုစိုက်တယ်၊ ပြုစုတယ်၊ စိတ်ချမ်းသာအောင် ထားတယ်၊ မောင်ဒါတွေ သတိမထား မိဘူးလား၊ ပြန်စဉ်းစားကြည့်ပါဦး”

“ဆွေဇင် စိတ်မပါ ဘူးဆိုရင်တောင် တခါတလေတော့… အိုကွာ၊ ဒါမျိုးဆိုတာ လုပ်ရင်းစိတ်ပါသွားတာပါပဲ”

“ကြည်ပြာ နဲ့လဲ ဒီလိုပဲ စိတ်ပါသွားတယ်ပေါ့”


အပိုင်း (၁၆) ဆက်ရန် >>>


Print Friendly and PDF

No comments:

Post a Comment