Tuesday, August 23, 2016

သံသာစက်၌ အပိုင်း (၁၉)

သံသာစက်၌ အပိုင်း (၁၉)

ဂျင်ကလိ ရေးသည်။

ကျွန်မ မှာ ကျွန်မတို့တွေ တတ်အပ်သည့် သဘာဝလွန်အစွမ်းအစ အနည်းငယ်ရှိသော်လည်း အနာဂါတ်ကိုတော့ ကြို မြင်နိုင်စွမ်း မရှိပါ။ တကယ်လို့သာ အနာဂါတ်ကို ကြိုသိနိုင်စွမ်း ရှိခဲ့လျှင် မြို့ထဲမှာ လူမရှာဘဲ အဝေးပြေးလမ်း ဆီသာ သွားဖြစ်လိမ့် မည်ထင်သည်။ ဒါပေမယ့် မြို့ထဲမှာပဲ လျှောက်သွားဖို့ ဆုံးဖြတ်လိုက်သည့် အခါ ဦးကျော်ဒင် နှင့် ဆုံဆည်း ဖို့ ဖြစ်လာတော့၏။

မနက်က ပိုင်းကထဲက ထမင်းကြော်တပွဲနှင့် ပြီးခဲ့ရသည့် ဗိုက်ကစောစောဆန္ဒပြလာသည်။ ဆက်အိပ်နေလို့ လည်းပျော်မှာ မဟုတ်တော့သည့် တူတူ ကျွန်မ အပြင်ကို စောစော ထွက်ခဲ့၏။ စောသည်ဆိုသော်လည်း မှောင် ရီသန်း ချိန်လောက်ဖြစ်ပါသည်။ အောက်ကို ဆင်းလာတော့ နေ့ခင်းကနှင့် မတူဘဲ သပ်သပ်ရပ်ရပ် သားသားနားနား ဖြစ်နေသည့် ကျွန်မကို ကောင်တာက ကောင်မလေး က အပြုံးနှင့် ဆီးကြို နှုတ်ဆက်သည်။ သူမ နောက် မှာရပ်နေသည့် အကိုလား ဦးလေးလား မပြောတတ်သည့် သူကတော့ ကျွန်မ တကိုယ်လုံးကို စားမလိုဝါးမလို ကြည့်နေသည်။ အပြင်ကိုမထွက်ဘဲတောင် ဒီမှာ လူရနိုင်သည် ဆိုသည့် အတွေးကို ခေါင်းထဲက ချက်ချင်းထုတ်ပစ်လိုက်သည်။ ဒီတည်းခိုခန်း ကြည့်ရတာ အဆင့်အတန်းရှိပုံရသည်။ ရှုပ်ရှုပ်ထွေးထွေး တွေ ရှိပုံမပေါ်ပါ။

“အမ အပြင်ထွက်မလို့လား”

“အေး ကွယ်၊ ညစာသွားစားမလို့”

“သမီးတို့ မျက်စောင်းထိုး က ဆိုင်ကောင်းတယ်အမ၊ ဗမာထမင်းဟင်းစုံတယ်၊ သွားကြည့်ပါလား”

ကျေးဇူးတင်စကားပြောပြီး သူမ ညွှန်သည့်ဆိုင်ကိုပဲ သွားစားလိုက်ပါသည်။ လေလွင့်နေသည့် ဘဝတွင် ဆိုင် ထမင်းဟင်းနှင့်သာ ဝမ်းဖြည့်နေရတာကြာခဲ့ပြီ။ ဒီဆိုင်ကတော့ မဆိုးလို့ ထင်ပါသည်။ ဆိုင်ချက်လက်ရာထက် အိမ်ချက်လက်ရာ နှင့် ပိုတူသလို စိတ်မှာခံစားရ၏။ လမ်းညွှန်လိုက်သည့် ကောင်မလေးကို စိတ်ထဲက ထပ်ပြီး ကျေးဇူးတင်လိုက်သည်။ တောင့်တောင့် ဖြောင့်ဖြောင့် မိန်းမချောလေး တယောက်ထဲ ဝင်လာပြီး ထမင်းစား သည် ဆိုတော့ ထုံးစံအတိုင်း ပုရိသတို့၏ စူးစမ်းသောအကြည့်၊ သွေးဆာသည့် အကြည့်တွေ နှင့်တော့ရင်ဆိုင်ရသည်။ ကံကောင်းထောက်မ စွာပင် ဒီဆိုင်က အရက်သေစာမရသည့် အတွက် ကျွန်မ ကိုနှောက်ယှက်သူ သွေးတိုးစမ်း သူတွေ နှင့်တော့ မကြုံလိုက်ရပါ။

ထမင်းစားပြီးတော့ ခြေဦးတည့်ရာ ထွက်လာမိသည်။ မရည်ရွယ်ပါဘဲ နှင့် နေ့လည်က ဈေးကိုသွားခဲ့သည့် လမ်း ကြောင်း အတိုင်းလျှောက်ခဲ့ မိပါသည်။ ဈေးပိတ် ထားပေမယ့် အပြင်ဆိုင်တန်းတွေ ကတော့ မီးရောင်တွေလင်း ပြီးစည်ကားနေသည်။ ဈေးကို ပတ်ထားသည့် လမ်းကြီးအတိုင်း လျှောက်ရင်း လမ်းဆုံတခုကနေ တဖက်မှာ ဒီနေ ရာထက်စည်ကားတဲ့ နေရာတခုကို မြင်လိုက်ရလို့ စူးစမ်းလိုစိတ်ဖြင့် အဲဒီဖက်ကို ဦးတည်လိုက်မိသည်။ လမ်းဘေး အုတ်ခုံပေါ်က ကောင်လေး တချို့က ကျွန်မကို လှမ်းစသည်။ တချို့ကလည်း အနားက ဖြတ်သွားရင်း စက်ဘီးခေါင်းလောင်းကို ဆူညံစွာ တီးသွားကြသည်။ ဝေဒနာ ချိန်မရောက်သေး သည့်အတွက် သူတို့ကို ကျွန်မ လုံး၀ အမှု မထားမိပါ။

တဖြည်းဖြည်းနီးလာမှ လူတွေ ရှုပ်ထွေးနေသည့် နေရာသည် ပွဲဈေးတန်း တခုဖြစ်မှန်း သိလိုက်ရသည်။ သီချင်း သံတွေ လူသံတွေ ဆူညံနေသော ဈေးတန်းထဲသို့ လူအုပ်ကြီးနှင့်အတူ ကျွန်မ စီးမျောဝင်သွား မိသည်။ သွားနေ ရင်း တင်ပါးကို လက်နှင့်လာကိုင်တာ ခံလိုက်ရလို့ လှည့်ကြည့်လိုက်ရာ မချိုမချဉ် မျက်နှာ နှင့် လူငယ်လေးတ ယောက်ကို တွေ့လိုက်ရသည်။ သူက ပုခုံးဖက်ထားသည့် နောက်ထပ်လူငယ်တယောက်ကို လက်ညိုးထိုးပြပြီး

“ကျွန်တော် မဟုတ်ဘူးမမ၊ သူ ..သူ”

ဟိုတယောက်က ကြောင်တောင်တောင် ဖြင့်ပြန်ကြည့်သည်။ တရားခံက ပထမကောင်လေး ပင်ဖြစ်လိမ့်မည်။

“ငါ ဘာလုပ်လို့ တုန်းဟ”

“မင်း ပဲ အခုနပြောတယ်လေ ဒီမမ က ..ဟဲဟဲ”

စကားမရှည်ချင်တော့လို့ ကိုယ့်လမ်းကို ဆက်လာသော်လည်း ချာတိတ်တွေကနောက်က ပါလာသည်။ မသိမသာ ပြန်စောင်းငဲ့ ကြည့်လိုက်ရာ သူတို့က နှစ်ယောက်မဟုတ်တော့ သုံးယောက်ဖြစ်နေတာကို မြင်လိုက်ရသည်။ အခု န ကြောင်တောင်တောင် လုပ်နေသည့် ကောင်လေးပါ မြူးရွှင် သွက်လက်နေသည်။ သူတို့တွေ က လူအုပ်ထဲ တိုး သလိုလို နှင့်ကျွန်မကို နောက်နေ လူချင်း အတင်းလိုက်ထိနေကြသည်။ ကြီးမားသည့် ကျွန်မ တင်ပါးတွေကို ထိ တွေ့ခွင့်ရဖို့ ကြိုးစားနေကြတာ ကိုသိလိုက်သည့် အခါ အရမ်းစိတ်ပျက်မိသည်။

လူကြားထဲမှာပြဿနာလည်း မရှာ ချင်လို့ ပွဲခင်း အပြင်ကိုထွက်နိုင်မည့်လမ်းကို ရှာရင်း အပြင်ကို တစထက်တစရောက်လာသည်။

ကျွန်မ ရောက်လာသည့် နေရာက အခုန ဝင်လာသည့်ဖက်မဟုတ်။ ကျွန်မ မျက်စေ့လည်သလိုလို ဖြစ်သွားသည်။ မြို့ထဲပင်ဖြစ်သော်လည်း ဒီဖက်ကျတော့ လူနည်းနည်း ရှင်းနေသည်။

ဟိုကောင်လေး သုံးယောက်ကလည်း နောက်မှာ ထပ်ချပ်မကွာ ပါလာသည်။ ကျွန်မ၏ ဝေဒနာချိန်တွေမှာ ဆိုရင်တော့ သူတို့နှင့် ကျွန်မ ပွဲကြီးပွဲကောင်း တွေ့ တော့မှာ ဖြစ်သည်။ အခုတော့ ကျွန်မ၏ အချိန်တွေက လိုနေသေး၏။ လူရှင်းသည် နှင့် ကောင်လေးတွေက ပို ပြီးရဲတင်းလာသည်။

“မမ ဘယ်သွားမလို့လဲ၊ တယောက်ထဲ စိတ်မချဘူးဗျာ”

“အရမ်းချစ်စရာ ကောင်းတာပဲ၊ ဘာဖြစ်လို့ ဒီလောက်ထွားတာလည်း မမရယ်”

မလှမ်းမကမ်း လမ်းထောင့်မှာ ဂျစ်ကားတစီးကိုတွေ့ လိုက်ရ၏။ ဘေးမှာ လူတယောက်ရပ်နေသည်။ လမ်းမေး ရင်းနှင့် နောက်က အနှောက်အယှက်တွေ အတွက်လည်း အကူအညီတောင်းရန် သူ့နားသို့ တိုးကပ်သွားမိသည်။ ကားဘေးမှာ ရပ်နေသည့် ကိုယ်လုံးတုတ်တုတ် နှင့် လူက ဦးကျော်ဒင် ဖြစ်သည်။ ကျွန်မ က တည်းခိုခန်းနာမည် ကိုပြောပြပြီးလမ်းမေးသည့် အခါ နောက်က ချာတိတ်တွေကို တချက်လှမ်း ကြည့်လိုက်ပြီး

“ပွဲခင်း ခံနေတော့ တပတ်ကြီးသွားရမှာ၊ ငါလည်း အဲဒီဖက်ကို သွားမှာ၊ ကားနဲ့ လိုက်ခဲ့လေ”

ရုပ်ရည်က ကြမ်းတမ်းသော်လည်း ဦးကျော်ဒင်၏ အသက်အရွယ် နှင့် တည်ငြိမ်မှုကို သတိပြုပြီးနောက် ကျွန်မ ခေါင်းညိတ်ပြလိုက်သည်။ ကျွန်မ ကားပေါ်တက်နေသည်ကို ချာတိတ်တွေက မလှမ်းမကမ်းကနေ အကဲခတ် နေ ကြသည်။ဦးကျော်ဒင်ကတော့ ကျွန်မ ကားပေါ်မှာ ထိုင်မိမှ သူလည်း ဝင်ထိုင်ပြီး မောင်းထွက်လိုက်သည်။ လမ်းမှာ ကျွန်မဘာဖြစ်လာသလဲဟု သူမမေးပါ။ သူ့နာမည်ကို သာပြောပြမိတ်ဆက်သည်။

“ငါ့ နာမည်ကျော်ဒင်၊ နင့် နာမည်ကရော”

“ခင်မြရင်ပါရှင့်”

“နင့်ကို ငါမြင်ဖူးတယ်”

“ရှင်”

“အရင် နှစ်ပတ်လောက်ကပါ၊ ကားသမားတွေနဲ့ ပါလာတာ ထမင်းဆိုင်မှာ တွေ့ခဲ့တယ်”

သူ့ အပြောက ကျွန်မ ဘယ်လို မိန်းမစားဆိုတာ သိပါသည်ဆိုသည့် သဘောဖြစ်နေသည်။ ကျွန်မ ကလည်း အခု တလော အတွင်းတွင် ကားတွေ တစီးပြီးတစီး အစုန်အဆန်ပြောင်းစီး နေသည်ဆိုတော့ သူပြောတာ ဖြစ်နိုင်ပါ သည်။ မလုံမလဲဖြင့် ဦးကျော်ဒင်ကို ကြည့်လိုက်ရာ မသဲမကွဲ အလင်းရောင်ထဲတွင် သူပြုံးနေတာကို မြင်လိုက် ရ၏။

ဒီအတိုင်းဆိုရင် ဒီည သူနှင့် စခန်းသွားရတော့မည်ဟု ကျွန်မ စိတ်ထဲကသိနေသည်။

“ဒီည ချိန်းထားတာရှိလား”

“အော် ..ရှင်.. မရှိပါဘူး”

“ငါ နဲ့ လိုက်မလား”

ထင်သည့် အတိုင်းဖြစ်လာခဲ့ပါသည်။ သူနှင့် မတွေ့ရင်လည်း တခြားလူရှာရတော့မှာမို့ ကျွန်မ ခေါင်းညိတ်ပြ လိုက်သည်။

“ဘယ်လောက်ပေးရမှာလဲ”

“အဆင်ပြေသလိုပေါ့၊ မနည်းရင်ပြီးတာပဲ”

“ဟား ..ဟား …သဘောကျရင် ကျသလိုပေါ့ ဟုတ်လား၊ စိတ်ချပါ နင်ကသာ ငါ့စိတ်တိုင်းကျနေပေးရင် တခါမှ မရ ဖူးတဲ့ ပိုက်ဆံရစေရမယ်။ ဒီလိုလုပ်၊ နင့် တည်းခိုခန်းကို မသွားဘဲ၊ ငါတည်းတဲ့ ဆီလိုက်ခဲ့လေ”

“ဟုတ်ကဲ့”

“ထမင်း စားပြီးပြီလား”

“ပြီးပြီ”

“ငါတော့ မစားရသေးဘူး၊ စားသောက်ဆိုင် အရင်သွားတာပေါ့ ဟုတ်လား”

ဘာသဘောမတူစရာ ရှိမည်နည်း။ ကျွန်မ၏ အချိန်တွေကမရောက်သေးတော့ ခုချက်ချင်း မဟုတ်ရင် ကျွန်မက ပို သဘောကျပါသည်။ကျွန်မ ကို ဦးကျော်ဒင်က လူရှင်းသော စားသောက်ဆိုင်တခုသို့ ခေါ်သွားသည်။ သူက အ ရက်သောက် ပြီး ထမင်းစားသည်။ ကျွန်မကတော့ အချိုရည် ပဲသောက်ဖြစ်၏။ ထမင်းစားနေသော ဦးကျော်ဒင်ကို ကျွန်မမသိမ သာ အကဲခတ်ကြည့်နေမိသည်။ အသက်ငါးဆယ် ကျော်လောက်ဖြစ်မည်။ ဒါပေမယ့် လှုပ်ရှားပုံက ဖျတ်ဖျတ် လတ်လတ် နှင့် လူငယ်လေးအလားပင်။ အရပ်သိပ် မရှည်သော်လည်း ကိုယ်လုံးက တုတ်ခိုင်သည်။ လက် မောင်း နှင့် လက်ဖျံ ကြီးမားပြီး အလုပ်ကြမ်းတွေလုပ်ဖူးမည့် သူလို့သတ်မှတ်မိ၏။ ဝတ်စားပုံ နှင့် ဟန်ပန်က တော့ သူဌေးပုံပေါက်နေသည်။ အောက်ခြေကနေ တက်လာပြီးကြီးပွား သူတယောက်လို့ ထင်မိသည်။

ကျွန်မ ကသာ သူ့ကို စိတ်ဝင်တစား အကဲခတ်ကြည့်နေသော်လည်း ဦးကျော်ဒင်ကတော့ သူနှင့် မဆိုင်သလို ပင် လုပ်နေ၏။ သူအစားစားနေချိန် တွင်ကျွန်မကို လုံးဝမကြည့်။ စကားလည်း မပြောပါ။ ကျွန်မ ကလည်း ယောက်ျား တွေ စိတ်ဝင်စားလွန်းလို့ မဟုတ်ပါ ဒီအတိုင်းထိုင်နေရင်း ငြီးငွေ့တာ နှင့် ကိုယ့်ရှေ့ မှာရှိသူအကြောင်း တွေး ကြည့်နေမိခြင်း ဖြစ်ပါသည်။ ဆွဲဆောင်မှု ရှိသည့် မိန်းမတယောက်က သူ့အလိုကို ဖြည့်ဆည်းပေးဖို့ အဆင်သင့် စောင့်နေမှန်း သိနေတာတောင်မှ ဦးကျော်ဒင် က အေးအေးဆေးဆေး

 နိုင်လွန်းသည်။ ကျွန်မ တွေ့ဖူးသည့် ယောက်ျားတွေလို အိပ်ယာပေါ်တက်ဖို့ အလောတကြီး ဖြစ်နေခြင်း မျိုးမရှိပါ။

“နင်က ဒီလမ်းမှာပဲ သွားနေကျလား”

ထမင်း ပန်းကန်ကို ဘေးကို တွန်းဖယ်လိုက်ရင်း လှမ်းမေးသည်။ သူစား ပြီးသွားပြီ ဆိုသည့်သဘောပင်။ ကျွန်မ စိတ် အထင်ပြောရရင် ဒီဆိုင်ထဲကို ရောက်သည့် တနာရီလောက် ကာလအတွင်းတွင် ကျွန်မကို ဒုတိယ အကြိမ် စကားပြောခြင်း ဖြစ်သည်။ ဆိုင်ထဲရောက်တော့ ဘာစားမလဲ ဘာသောက် မလဲဟု မေးပြီးကထဲက ဘာမှထပ်မ ပြောတော့ဘဲ သူ့ဖာသာ အရက်သောက်နေခဲ့သည်။

“ရှင် …အင်း … တလ လောက်ပဲရှိပါသေးတယ်”

“အရင်က ဘယ်မှာလဲ”

“ရန်ကုန် မှာပါ”

“ဟား ..ဟား ဒါဆိုရင်တော့ ပညာစုံမှာပေါ့၊ ကဲ စားပြီးပြီ ဆိုတော့ သွားကြရအောင်”

ပိုက်ဆံ ခေါ်ရှင်းပြီး ဆိုင်ထဲကထွက်ခဲ့ ကြသည်။ တချို့ဝိုင်းတွေက ကျွန်မတို့ နှစ်ယောက်ကို လှမ်းကြည့်ကြ သည့် အကြည့်တွေကို မမြင်ယောင်ပြု ပြီး ကားပေါ်တက်ထိုင်လိုက်၏။ ဦးကျော်ဒင် တည်းသည့် တည်းခိုခန်းက ထမင်း ဆိုင် နှင့် သိပ်မဝေးပါ။ ကျွန်မ တည်းသောတည်းခိုခန်း ထက် ပိုပြီးအဆင့်မြင့်သပ်ရပ်၏။ ဦးကျော်ဒင် အခန်းဆိုရင် ရေချိုးခန်းအိမ်သာ တွဲလျက်ပါသည်။

“ခန ထိုင်ဦး ငါဒီနေ့ တနေ့လုံးရေ မချိုးရသေးဘူး”

ကျွန်မ ကို ထိုင်ခုံမှာ ထိုင်ခိုင်းပြီး အနားမှာရှိသည့်လက်ဆွဲအိတ်ထဲက ပုဆိုးတထည်ယူကာ ရေချိုးခန်းထဲဝင်သွား သည်။ ပြီးတော့ အထဲကနေ ရေသံတွေ တဗွမ်းဗွမ်း ထွက်လာ၏။

ကျွန်မ လည်းသူထိုင်ခိုင်းသည့် ခုံမှာ ယောင်ချာ ချာဖြင့် ထိုင်နေမိသည်။ ခနလောက်ကြာတော့ ခေါင်းတွေရီဝေပြီး အိပ်ငိုက်ချင်သလိုလို ဖြစ်လာသည်။ ကျွန်မ၏ ဝေဒနာ အချိန်ရောက်တော့မှာသိလိုက်ပြီးနောက် ဦးကျော်ဒင် ဝင်သွားသည့် ရေချိုးခန်းဖက်ကို မျှော်လင့်တကြီး နှင့် လှမ်းကြည့်ရင်း မြန်မြန်ထွက်လာဖို့ ဆုတောင်းနေမိသည်။

ကျွန်မ လောနေခါမှ ဦးကျော်ဒင်က တော်တော်နှင့် ထွက်မလာပါ။ စိတ်မရှည်တော့တာနှင့် အထဲလိုက်ဝင်သွား ရင် ကောင်းမယ်လို့ တွေးပြီး ကိုယ်ပေါ်က အဝတ်တွေကို ဆွဲချွတ်လိုက်မိသည်။ တခုချင်းချွတ်သွားရင်း နောက်ဆုံး ကျန်သည့် ပင်တီလေးကို ကုလားထိုင်ပေါ်ချလိုက် ချိန်မှာ ရေချိုးခန်း တံခါးက ကျီကနဲ အသံကြားလိုက်ရလို့ ကု တင်ပေါ်မှာ တံခါးကို ကျောပေးပြီး ခပ်မြန်မြန်လှဲချလိုက်ရသည်။

“မင်း က အဆင်သင့်လုပ်ထားတာကိုး၊ နေဦး ရေသုတ်လိုက်ဦးမယ်”

ဦးကျော်ဒင် ရေသုတ်နေသည့် အချိန်မှာ လှည့်မကြည့်မိအောင် စိတ်ကိုတင်းထားရသည်။ ကိုယ်ထဲမှာ တရိပ်ရိပ် ဆူပွက်နေသည့် သွေးတွေကြောင့် ရင်ထဲမှာလည်း ပူလောင်နေသည်။

“ကဲ ဒီဖက် လှည့်ပါဦး”

ကုတင်ဘေးမှာ ရပ်ပြီးကျွန်မ ကို ပုခုံးကနေဆွဲလှည့်လိုက်သည်။ အလိုက်သင့်လှည့်သွားရင်း မြင်လိုက်ရသည့် မြင် ကွင်းကြောင့် အာခေါင်တွေ ရုတ်တရက်ခြောက်ကပ်သွား သလိုခံစားလိုက်ရသည်။ သွေးတိုး နှုံးတွေလည်း ဝုန်းက နဲ ဆူညံပြီး မြန်သထက်မြန်သွားသည်။ ကျွန်မ ယောက်ျားတွေ မရေမတွက်နိုင်အောင် ကြုံခဲ့ ဖူးပါသည်။ ဒါပေမယ့် ကျွန်မ မြင်ဖူးသမျှယောက်ျား အင်္ဂ ါတွေထဲမှာ ဦးကျော်ဒင်ဟာက အကြီးဆုံးနှင့် အရှည်ဆုံး ဖြစ်သည်။ အစွမ်းကုန် တင်းမာသည့် အနေအထားကို ရောက်မလာသေးတာတောင်မှ အသဲယားစရာကောင်းလှသည့် သူ့ဟာကြီးက အမြင့်ဆုံး အခြေအနေ ရောက်လာရင် ဘယ်လောက်ဖြစ်သွားမှာကို တွေးရဲစရာ မရှိပါ။

“ဘယ်လိုလဲ၊ သဘောကျလား”

စိတ်မှတ်မဲ့စွာ ဖြင့်သူ့ဟာကြီးကို လက်နှင့်လှမ်းကိုင်လိုက်မိသည်။ ရေချိုးထားလို့ အပြင်မှာအေးစက်နေသော် လည်း အတွင်းမှာတော့ သွေးတဒိတ်ဒိတ် တိုးနေတာကိုစမ်းမိသည်။ ကြီးမားသည့် လိင်တံကြီးကို မြင်ပြီးကြောက် ရွံ့ ထိတ်လန့်ရမည့်အစား ကျွန်မ စိတ်တွေ အရမ်းတက်ကြွနေသည်။ သူ့ဖာသာ အလုံးစုံ တင်းမာလာမည့် အချိန် ကိုတောင်မစောင့်တော့ဘဲ ဒူးတုပ်ထိုင်လိုက်ရင်း ထိပ်ဖျားကို ပါးစပ်နှင့် ငုံလိုက်မိ၏။ အားရပါးရ စုပ်ဆွဲလိုက်သည့် အခါ ဦးကျော်ဒင် ခါးကြီးကော့တက်သွားသည်။ သူ့ဟာအကုန်လုံးကို

ကျွန်မ ပါးစပ်ထဲဝင်အောင် မထည့်နိုင်။ မှီသ လောက်ကို ငုံပြီး ကျန်တဲ့နေရာတွေကို လက်နှင့် ပွတ်ပေးလိုက်သည့် အခါ သူ့ဟာကြီး သံချောင်းတမျှမာပြီး ကြွား ကြွား ဝံ့ဝံ့ ထောင်တက်လာသည်။

ကျွန်မ ပါးစပ်က စီးကျလာသည့် တံတွေးတွေက ဦးကျော်ဒင်ဟာကြီးတလျှောက်စီးကျသွားသည်။ ကျွန်မ လက် နှင့်ဆုပ်ပြီး ပွတ်သည့် အခါ အရည်တွေစိုနေသည့် အတံကြီးကမီးရောင်မှာ ပြောင်လက်လာ၏။ ဒီဟာကြီး ကျွန်မ ကိုယ်ထဲ တိုးဝင်လာမှာကို မစောင့်နိုင်တော့အောင်ဖြစ်လာသည်။ လက်လွှတ်ပေးပြီး ပက်လက်လှဲအိပ်လိုက် သည့် အခါဦးကျော်ဒင် ကုတင်ပေါ်တက်လာသည်။ မဖြီးသင်ရသေးသည့် ဆံပင်တွေထိုးထိုးထောင်ထောင်နှင့် ဦးကျော်ဒင်၏ အသွင်က ကြောက်စရာဖြစ်ပေမယ့် သူ့အပေါ်တပ်မက်စိတ်တွေကို ကျွန်မ မထိန်းနိုင်ပါ။ ပေါင် ကြားထဲမှာ သူဝင်လိုက်သည့် အခါ ပေါင်နှစ်ဖက်ကို အစွမ်းကုန်ကားပေးလိုက်၏။

“မင်း ခံ နိုင်မယ်ထင်လား”

“ရပါတယ်”

ကျွန်မ သဘောတူလိုက်သည် နှင့် အဝမှာတေ့ ပြီးထိုးသွင်းချလိုက်၏။ တကယ်ပင် သူ့ဟာကြီးက ကြီးလွန်းပါ သည်။ ပေါင်နှစ်ဖက်ကြားကနေ ကိုယ်နှစ်ခြမ်း ကွဲထွက်သွားလုမတတ် အောင်နာကျင်ခြင်းကို ခံစားရ၏။ တဖြည်း ဖြည်းချင်းသွင်းရင်း တဝက်ကျော်လောက် အရောက်တွင် မေးပြန်သည်။

“ရသေးလား”

“မသိဘူး၊ စမ်းချင်စမ်းကြည့်ပေါ့”

“မင်း မနာဘူးလား”

“နာတယ်”

ဦးကျော်ဒင် ပြုံးလိုက်ပြီးဆက်မသွင်းတော့ပါ။ တဝက်ကျော်လောက် အထိပဲ အထုတ်အသွင်းကို ခပ်ဖြေးဖြေးလုပ် ပေးနေသည်။ မြန်လို့လည်း မရပါ။ သူ့ဟာကြီးက ကျွန်မဟာလေးကွဲထွက်သွားမလားထင်ရအောင် အထဲမှာ ပြည့်တင်းကျပ်နေသည်။ ကျွန်မ နာပါသည်။ ဒါပေမယ့် ထိုနာကျင်ခြင်း ကိုပဲ ကျွန်မ၏ ဝေဒနာက ငတ်မွတ်စွာ လို ချင်နေသည်။ မွတ်သိပ်ပြင်းပြသည့်လိုအင်ကြောင့် ကျွန်မ ဟာလေးကနေ အရည်တွေအတောမသတ်ထုတ်ပေး နေတာတောင်မှ သူ့ဟာကြီးက ခက်ခက်ခဲခဲ အဝင်အထွက်လုပ်နေရသည်။

“ကြပ်လှချည်လား၊ နင် ဖါမှ ဟုတ်ရဲ့လား”

သူ့ အမေးကို ကျွန်မ မဖြေနိုင်၊ အော်ဟစ်ညီးညူ ရင်းခေါင်းကိုသာ ခါပြမိသည်။ ဘာအတွက်ခါပြမိတာကို ကျွန်မ လည်း မသိပါ။

“နင်က တော်တော်သွေးကောင်းတာပဲ၊ ငါကလဲ ဒါမျိုးရှာနေတာကြာပြီ၊ အဆုံးအထိသွင်းလိုက်တော့မယ်”

ဒီတခါတော့ ကျွန်မ ခေါင်းညိတ်ပြလိုက်မိသည်။ ဦးကျော်ဒင် နှုတ်ဖျားက မာန်သွင်းသံတခုထွက်လာပြီး လက် မောင်းနှင့် မေးက အကြောကြီးတွေထောင်သွားသည်။ အားစိုက်ဖိသွင်းလာသည့် ဟာကြီးက ကျွန်မကိုယ်တွင်း ကို သပ်တချောင်းရိုတ်သွင်းလိုက်သလိုပင်။ နာကျင်မှုက ကျွန်မ၏ အင်္ဂ ါမှသည် ငယ်ထိပ်အထိတက်သွားသည်။ ပူလောင်ဆူပွက်နေသည့် ကျွန်မ၏ ဝေဒနာတွေထဲသို့ ရေခဲရေအေးအေး လောင်းချလိုက် သလိုမျိုးဖြစ်သွားသည်။ အဲဒီ နောက်မှာတော့ ကျွန်မ ဘာမှမသိတော့၊ စိတ်လွတ်သလိုလို သတိလွတ်သလိုလို ဖြစ်သွားသည်။

သတိပြန်ဝင်လာချိန်တွင် ဦးကျော်ဒင်က ကျွန်မ ကိုယ်ပေါ်မှာ မှောက်ပြီး မှိန်းနေသည်။ ပေါင်ကြားဆီက စူးစူး အောင့်အောင့် နာကျင်မှုကြောင့် သူ့ကိုတွန်းဖယ်မိ၏။

“ဆင်းပါဦး”

ဦးကျော်ဒင်က ပျော့ခွေနေသည့် သူ့ဟာကြီးကို ပြန်ထုတ်ယူသွားချိန်တွင် ကျွန်မကိုယ်ထဲသို့ လေတွေတိုးဝင် လာ သလိုမျိုး ခံစားလိုက်ရသည်။ မနာတော့သော်လည်း အောင့်နေသည်။ ကျွန်မ၏ မိန်းမကိုယ်ဝဆီမှာလည်း စပ်ဖျင်း ဖျင်း နှင့် ဖြစ်နေ၏။ ကျွန်မ မောနေမှန်း အခုမှသတိထားမိသည်။ ကိုယ်ပေါ်မှာလည်း ချွေးတွေစိုရွှဲနေ၏။ ဝေဒနာ တွေက ကျွန်မဆီက ဖယ်ခွာသွားခဲ့လေပြီ။ အမောပြေအောင် ငြိမ်ငြိမ်လေး မှိန်းနေရင်းမှ ဦးကျော်ဒင်၏ အသက် ရှုသံ ပြင်းပြင်းကြောင့် ကြည့်လိုက်ရာ သူက အိပ်မောတောင်ကျနေပြီ ဖြစ်သည်။

ခြေကားယားလက်ကားယားနှင့် အိပ်ပျော်နေသည့် သူ့ပေါင်ကြားက ကြီးမားရှည်လျားသည့် ပစ္စည်းကြီးကို ကြည့်ရင်း အခုနတုန်းက ကျွန်မ အဖြစ် ကို တွေးကာ အသဲယားနေမိသည်။

ကယောင်ကတမ်းဖြင့် ပေါင်ကြားထဲကို လက်နှင့် ပြန်စမ်းကြည့်မိရင်း စောစောက နာကျင်ခြင်းတွေကို ပြန်လည် ခံ စားလိုက်ရသလို ဖြစ်လာသည်။ ထို့ကြောင့် စိတ်ကို လျှော့ချပြီးအမြန်ဆုံး အိပ်ပျော်နိုင်ဖို့ ကြိုးစားရတော့သည်။ သိပ်တော့ကြာကြာ မကြိုးစားရပါ။ ဦးကျော်ဒင်နှင့် မချိမဆန့် ချစ်ခဲ့သည့် ဒါဏ်ကြောင့် ခနလေးနှင့် မျက်လုံးတွေ စင်းကျလာပြီး နွမ်း နယ်စွာ အိပ်ပျော်သွားတော့သည်။

.........................................................

ဦးကျော်ဒင်က ကျွန်မ ကိုလက်ထပ်ချင်သည်ဟု ပြောလာသော အခါ သူ့ကို အံ့သြတကြီး ကြည့်မိသည်။ အတည် ပြောနေခြင်း ဖြစ်တာကတော့သေချာပါသည်။ ဒီနှစ်ရက် အတွင်း အကဲခတ်မိသလောက် ဆိုရင် ဦးကျော်ဒင် က ဟာသဉာဏ် ရှိသူမဟုတ်။ သူလိုချင်တာကိုသာ ပြောတတ်လုပ်တတ်သူဖြစ်သည်။

“ဘာဖြစ်လို့ ကျွန်မ ကို လက်ထပ်ချင်တာလဲ”

ချက်ချင်း မဖြေဘဲ ကျွန်မကို စူးစိုက်ကြည့်နေသည်။ ပြီးတော့ သူ့ အကျင့်အတိုင်းပင် ခပ်ဘွင်းဘွင်းပြောချလိုက်သည်။

“မင်းက ငါ့ -ီကိုခံနိုင်လို့”

“ရှင်”

“ဟုတ်တယ်၊ ငါ့ -ီကို ဖာတွေတောင်ကြောက်တယ်၊ ငါ့ အရင်မိန်းမ တယောက်ပဲ ခံနိုင်တယ်၊ နင်လဲ ငါ့မိန်းမ လိုပဲ ခံနိုင်တယ်၊ ဒါကြောင့် နင့်ကို လက်ထပ်ချင်တယ်”

“အကို ကြီး မိန်းမ က”

“ဆုံးသွားပြီလေ၊ နင်ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး၊ ရောဂါရှိလဲ အရေးမကြီးဘူး၊ လူဆိုတာ တနေ့သေမှာပဲ၊ မသေ ခင် ကောင်းကောင်းနေချင်တယ်၊ ငါ နင့်ကို ကောင်းကောင်းမွန်မွန်ထားမှာပါ၊ ဒီလိုလျှောက်သွား မနေဘဲ သူဌေး ကတော် လုပ်ရမှာ နင်မနေချင် ဘူးလား”

“ကျွန်မ စဉ်းစားချင်သေးတယ်”

“သိပ် အကြာကြီးတော့ မရဘူးနော်၊ ဒီ ညနေသိချင်တယ်၊ ငါလဲခြံကို ပစ်ထားတာ တပတ်လောက်ဖြစ်နေပြီ၊ နင့် ကို တခါထဲခေါ်ပြီး ပြန်ဖို့ စိတ်ကူးထားတာပဲ”

တကယ်ပင် ကျွန်မ စဉ်းစားရန်လိုပါသည်။ ကျွန်မ ယောက်ျား နှစ်ယောက်နှင့် လက်ထပ်ခဲ့ဖူးသည်။ သူတို့ကို ကျွန်မ က မချစ်သော်လည်း သူတို့က ကျွန်မ ကိုချစ်ကြသည်။ ချစ်လို့ပင်လက်ထပ်ခွင့် တောင်းခဲ့ ကြခြင်း ဖြစ် သည်။ ဦးကျော်ဒင် ကျတော့ တမျိုး ဖြစ်သည်။ သူ့ ဟာကြီးကို ခံနိုင်ရည် ရှိလို့ လက်ထပ်ချင်သည် ဆိုတော့ နား ထဲမှာ ဆန်းနေ၏။ ဝေဒနာချိန်တွေမှာ ဆိုရင် ဘာဆိုဘာမှ မသိဘဲ ရမ္မက် တခုသာရှိသည့် အတွက် သူ့ဟာကြီး ကို ခံနိုင်ရည် ရှိသည် ကတော့ မဆန်းပြားပါ။

ပြောရရင် ကျွန်မက ဦးကျော်ဒင် နှင့် နောက်တရက်ထပ် အိပ်လိုက်မိခြင်းက နေဒါတွေ အစပြုခြင်းလို့ ဆိုနိုင်ပါ သည်။ စတွေ့ ပြီးနောက်တနေ့မနက်မှာ ကျွန်မ ပြန်မည်လုပ်တော့ ထပ်တွေ့ လိုကြောင်း သူပြော၏။ ကျွန်မက လည်း ဒီလိုပြောနေကျယောက်ျားတွေကို တုန့် ပြန်နေကျ စကားအတိုင်းပြန်ပြောလိုက်သည်။

“ကြုံ ရင်တော့လည်း တွေ့ ကြတာပေါ့ ရှင်”

“မင်း ဒီနေ့ နားမှာလား”

“မနားပါဘူး”

အမှတ်တမဲ့ ပြန်ဖြေလိုက်မိတော့ ဦးကျော်ဒင် ပြုံးသည်။ သူ၏ ပိုက်ဆံအိတ်ကြီးကို ဖွင့်လိုက်ပြီး ပိုက်ဆံတွေ အထပ်လိုက် ထုတ်ပေး၏။ ရေတောင် မရေတော့ပါ။

“သုံးလေး သောင်းတော့ ရှိမယ်ထင်တယ်၊ ဒါမနေ့ ညက အတွက်ပဲနော်၊ အဆင်ပြေတယ် မဟုတ်လား”

“ပြေပါတယ်”

များလိုက်တာလို့ ပြောမယ်လုပ်ပြီးမှ ကျွန်မ မချိမဆန့် ခံခဲ့ရသည့် သူ့ပစ္စည်းကြီးကို ပြန်မြင်ယောင်ပြီး ပိုက်ဆံကို လက်ခံလိုက်သည်။ တော်တော်ချမ်းသာမည်ဟုလည်း တွေးမိပါသည်။

ကျွန်မ အတွက်ငွေက အရေးမကြီးပါ။ ကျွန်မ ဝေဒနာတက်လာချိန်တွင် ယောက်ျားတယောက်နှင့် ဆက်ဆံနိုင်ရေးက သာအရေးကြီးပါသည်။ ဦးကျော် ဒင်ကတော့ ကျွန်မ တွေ့ ဖူးသမျှထဲတွင် အထူးခြားဆုံး ဖြစ်သည်။ သူ၏ ကြီးမားသောပစ္စည်းကြီး ဖြင့် ကျွန်မ၏ ေ၀ ဒနာများကို တကြိမ် တခါထဲနှင့် ဖြေရှင်း ပေးနိုင်ခဲ့သည်။ သူနှင့် ထပ်တွေ့ရင်ကောင်းမလားစဉ်းစားလိုက်မိ၏။ ကြီး တာ သေးတာက ဝေဒနာ အချိန်မှာ အရေးမပါပါ။ ဒါပေမယ့် သူပေးသည့် နာကျင်မှုက ဝေဒနာတွေကို အမြန်ဆုံး သက်သာစေသည်ကတော့ အမှန်ပင်။

“ငါ ဒီမှာပဲ ရှိဦးမယ်၊ အဆင်ပြေရင် ပြန်လာခဲ့လေ၊ မနက်ပိုင်း ကိစ္စလေး တွေပြီးရင် တညနေလုံး ဒီမှာပဲ ရှိမယ်”

“ဟုတ်ကဲ့”

ဦးကျော်ဒင် ဆီက ပြန်လာပြီးနောက် လမ်းမှာ မနက်စာစားသည်။ကျွန်မ၏ တည်းခိုခန်းကို ရောက်သည့် အခါ ကောင်တာက ကောင်မလေး က အပြုံး နှင့် ကြိုသည်။

“အမ အစောကြီးထွက်သွားတာလား”

ကလေးမက ညဖက်ကျွန်မ ပြန်မလာတာကို သိပုံ မပေါ်ပါ။ကြည့်ရတာ သူမက ညဖက်တာဝန်ယူရဟန်မတူပေ။ သိရင် သင်္ကာမကင်း စိတ်ဖြင့် ကျွန်မကို ဒီလို ဆက်ဆံမည် မဟုတ်ပါ။ သူမကို ကြည့်ရတာ တယောက်ထဲလာ တည်းခိုသည့် အမျိုးသမီးတယောက်ကို စိတ်ဝင်တစားရှိနေပုံလည်းရသည်။ တယောက်ယောက်က သာကျွန်မ ပြန် မအိပ်ကြောင်းပြောရင် သူမ တမျိုးမြင်သွားတော့မှာ သေချာသည်။ ဦးကျော်ဒင် နှင့် လိုက်သွားတုန်းက ပြန် လာဖို့ စိတ်ကူးပါသေးသည်။ ဒါပေမယ့် ပြန်မလာဖြစ်ခဲ့ပါ။

ဦးကျော်ဒင်က ကျွန်မ ထက်အရင်အိပ်ပျော်သွားခဲ့ တာ ကြောင့် လည်းပါပါသည်။

တနေကုန် အခန်းအောင်းပြီး ညနေပိုင်း အစီအစဉ်ကို တွေးနေမိသည်။ ဦးကျော်ဒင်၏ ဖိတ်ခေါ်မှုကို လက်ခံရင် ကောင်းမလား၊ တခြားကို သွားရင်ကောင်း မလားဝေခွဲလို့ မရဖြစ်နေသည်။ နေ့လည် နှစ်နာရီလောက်မှ ထမင်း ထွက်စားရင်း ကျွန်မ မှာ အဝတ်အစား ဝတ်စရာမရှိတော့တာကို သတိရပြီး ဈေးဝယ်ထွက်ရ၏။ ခရီးဆောင်အိတ် လေး တလုံးလည်း ဝယ်ဖြစ်သည်။ တည်းခိုခန်း ပြန်ရောက်တော့ ကောင်တာနားမှာ တွေ့နေကျမိန်းကလေး အပြင် မနေ့က ကျွန်မကို ငမ်းနေသည့် သူကိုပါတွေ့လိုက်ရသည်။ သူ့ မျက်လုံးတွေက မနေ့က ထက်အရောင်လက်နေ ပြီး ကောင်မလေး မျက်လုံးတွေထဲမှာတော့ ကျွန်မကို အထင်သေးသည့် အရိပ်အယောင်တွေ မြင်ရသည်။ ညက ကျွန်မ ပြန်မလာသည့် ကိစ္စကို ဟိုလူကပြောလိုက်ပြီထင်သည်။

မိန်းမပျက် ဘဝမှာ နေနေလို့ မိန်းမပျက်လို အကြည့်ခံရခြင်း အတွက်ကျွန်မ မတုန်လှုပ်ပါ။ ဒါပေမယ့် ကျွန်မကို ခင်ခင်မင်မင် ဖေါ်ဖေါ်ရွေရွေ ရှိခဲ့သည့် မိန်းကလေးတယောက်က အခုလိုအထင်သေးသည့် အကြည့်ဖြင့် ကြည့် လာ လို့ စိတ်ထဲမှာ တမျိုး ဖြစ်ရသည်။ တခြားတည်းခိုခန်း ပြောင်းဖို့ တောင်စိတ်ကူးမိသေး၏။ ဦးကျော်ဒင်၏ ဖိတ်ခေါ်ချက်ကို သတိရလိုက်သည့် အခါ သူ့ဆီ ပြန်သွားဖို့ ဖြစ်လာသည်။ ခုနေ့ ခင်းတော့ မသွားချင်။ နေ့လည် ခင်းမှာ ဦးကျော်ဒင်က လိင်ဆက်ဆံဖို့ ကြိုးစားလာလျှင် ကျွန်မ အတွက်လွယ်မှာ မဟုတ်ပါ။ ထို့ကြောင့် ညနေ ခင်းရောက်မှ ရေချိုး အဝတ်အစားလဲပြီး အခန်းပြန်အပ်ကာ ဦးကျော်ဒင် ဆီထွက်လာခဲ့သည်။

ကျွန်မ ကိုမြင်တော့ ဦးကျော်ဒင်မျက်နှာ ကြီး ပြုံးရွှင်သွားသည်။ လက်ထဲက ခရီးဆောင်အိတ်ကလေး ကို ကြည့်ပြီး

“တခါထဲ ပြောင်းလာတာ လား”

“ဟို အခန်း ပြန်အပ်ခဲ့လို့ပါ”

“အော် ..အေး၊အေး ….အဆင်ပြေသလိုသာနေ ဟုတ်လား၊ ငါကတော့ ထမင်းစားပွဲတခုသွား စရာရှိတယ်၊ မသွား မဖြစ်လို့သာ သွားရတာ၊ သိပ်တော့ မကြာပါဘူး၊ လိုက်မလား”

“မလိုက်တော့ပါဘူး”

“ဒါဆိုရင်လည်း ဒီမှာ စားချင်တာမှာစားလို့ ရတယ်၊ ဘာစားချင်လဲ ငါအောက်မှာ ပြောခဲ့မယ်”

“ဘာဖြစ်ဖြစ်ပါ”

အပြင် မထွက်ချင်တော့လို့ ဦးကျော်ဒင် အစီအမံကို လက်ခံလိုက်သည်။ ဦးကျော်ဒင် ထွက်သွားပြီး နာရီဝက် လောက်ကြာတော့ ခေါက်ဆွဲကြော် တပွဲ နှင့် လိမ္မော်ရည် တပုလင်းရောက်လာသည်။ စားသောက်ပြီးတော့ အိပ် ယာပေါ်မှာ လှဲရင်း ဦးကျော်ဒင် ဆီ ဘာကြောင့် ပြန်လာဖြစ်သနည်း ဟု တွေးနေမိသည်။ ညတုန်းက ရခဲ့သည့် နာ ကျင်မှုတွေကို သတိရတော့ စိုးရွံ့ စိတ်ပေါ်မိပြန်သည်။ ဒါပေမယ့် ကျွန်မ ကျော်ဖြတ်နိုင်ခဲ့တာကို တွေးပြီး အား တင်းလိုက်နိုင်သည်။ သဘာဝမဟုတ်သည့် နည်းဖြင့်ဆက်ဆံသူတွေ၊ ဆေးလိပ်မီးနှင့် ထိုးပြီး နှိပ်စက်တတ်သူ၊ အကြောင်းရှာပြီး နာကျင်အောင် ရိုတ်နှက်တတ် တွေ တောင်ကြုံခဲ့ ပြီးမှတော့ လန့် မနေချင်တော့ပါ။

ဦးကျော်ဒင် က လူတမျိုး ဖြစ်သည်။ ကျွန်မကို မိန်းမပျက်တယောက်မှန်း သိသိနှင့် အကာအကွယ်မဲ့ ဆက်ဆံ ခဲ့ သည်။ ရောဂါဘယတွေ ကြောက်ပုံမပေါ်ပါ။ နောက်ပြီးရင်းနှီးသော မိတ်ဆွေတွေ ဒီမှာရှိနေ လျက်နှင့် တည်းခို ခန်းမှာ ပိုက်ဆံကုန်ခံကာတည်း ခြင်းက သူဒီလိုမျိုးပျော်ပါး ချင်လို့ပဲဖြစ်မည် ဆိုတာ ထင်ရှားနေ၏။ ငွေရေးကြေး ရေးလည်း ဂရုစိုက်ပုံမရ၊ မနက်က ပေးပုံ မျိုးနှင့် ဆိုရင် သူနှင့် တပတ်လောက်အိပ်လိုက်ရုံ ဖြင့် ခါတိုင်းကျွန်မ တ လ အတွင်းရတတ်သည့် ငွေလောက်ကို ရနိုင်သည်။

ဟိုတွေး ဒီတွေးရင်း ကျွန်မ မှေးကနဲ အိပ်ပျော်သွားသည်။ ဒါပေမယ့် ဝေဒနာချိန်ရောက်တော့ ဖျတ်ကနဲ လန့် နိုး လာသည်။ ထိုအချိန်မှာမှ ဦးကျော်ဒင်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ပြန်ရောက်လာသည်။

“ကြာလိုက်တာ”

“ဒါတောင်မှ နင့်ဆီ စိတ်ရောက်နေလို့ အမြန်ဆုံးပြန်လာတာ”

“ရေချိုး ဦးမှာလား”

“ညနေက ချိုးပြီး ပြီလေ”

ကိုယ်ပေါ်က အဝတ်တွေကို ကျွန်မ ချွတ်ချလိုက်သော အခါ ဦးကျော်ဒင် မျက်လုံးပြူးသွားသည်။

“ဟား၊ ဟား၊ ကျော်ဒင် ကလည်းဒါမျိုးမှ ကြိုက်တာ”

ကျွန်မတို့ နှစ်ယောက် ချစ်တလင်းပေါ်သို့ အမြန်ဆုံးရောက်ရှိသွားကြသည်။ သူ့ဟာကြီးကလည်း ကျွန်မ စုပ်ပေး စရာတောင် မလိုတော့ပါ။ ကြောက်စရာကောင်းလောက်အောင်တင်းပြီးထောင်နေ၏။

“ငါသိတယ်၊ နင် ငါ့ -ီကိုခံ ပြီးရင် တခြားကောင်တွေ - တိုးတော့မှာ မဟုတ်ဘူး ဆိုတာ၊ ဟား ..ဟား”

ဦးကျော်ဒင် တော်တော်မူးနေသည်။ ဒါပေမယ့် ကျွန်မကို ဝေဒနာတွေ ကင်းစင်သွားသည့် အထိအောင်တော့ လုပ်ပေး နိုင်ပါသည်။ ကျွန်မ၏ အဖြစ်က ဘာနှင့် တူသလဲဆိုရင် နေမကောင်းသည့် အခါ ဆေးထိုးရသည်။ ဆေး ထိုးရင် နာမည်မှန်း သိပါရက် နှင့် ရောဂါပျောက်စေဖို့ ကျိတ်မှိတ်ခါ ဆေးထိုးခံရ၏။ အခုလည်း ဒီလိုဖြစ်နေသည်။ ဦးကျော်ဒင် ကြောင့် နာကျင်ရသော်လည်း ထိုနာကျင်မှုကိုပင် မက်မက်မောမောယူနေရသည်။ အရမ်း မူးနေလို့ မနေ့ကထက်ပို ပြီးကြမ်းတမ်းသည်။ ထိုကြမ်းတမ်း မှုကြောင့်ပင် ကျွန်မအသိစိတ်တွေ လွင့်ထွက်သွားရ၏။ ပြီး ဆုံး သွားသည့် အချိန်တွင် ဦးကျော်ဒင်လည်း တရှူးရှူး နှင့် အိပ်မောကျသွားသည်။

ကျွန်မ ကို သဘောကျနေမှန်း သိသော်လည်း လက်ထပ်ဖို့ အထိပြောလာမှာကို လုံးဝထင်မထားမိခဲ့ပါ။ သူ အတည်ပြောမှန်း သိလေလေ ကျွန်မ စဉ်းစားရ ကြပ်လေဖြစ်သည်။

အရင်ကျွန်မ လက်ထပ်ဖူးသည့်ယောက်ျား တွေက အပျိုစင် မိန်းကလေး တယောက်အဖြစ်လက်ထပ်ခွင့် တောင်းခဲ့ကြသည်။ အခုဦးကျော်ဒင်ကတော့ မိန်း မပျက် တယောက်မှန်း သိသိ နှင့် ပြောလာခြင်း ဖြစ်သည်။ဘာဖြစ်ဖြစ် သူဂရုမစိုက်ဟု ဆို၏။ အဲဒါတော့ ကျွန်မ ယုံပါသည်။ ဒါပေမယ့် လက်ထပ်ဖို့ကတော့ မဖြစ်နိုင်ဟုထင်၏။

“လက်မ ထပ်ချင်ပါဘူး”

“လက်မထပ်ဘဲနဲ့ ကော ငါနဲ့ လိုက်နေနိုင်မလား”

“အဲဒါ က …..”

“နင် နဲ့ ငါ တရားဝင် မဟုတ်ဘူးဆိုတာ ဘယ်သူသိတာမှတ်လို့၊ နင်ငါ့ အိမ်လိုက်နေလိုက်ရင် ပြီးတာပဲ၊ သူများ တွေ မေးရင်တော့ လင်မယားလို့ ပြောလိုက်ရုံပေါ့၊ နင် ပြန်ချင်တဲ့ အချိန်ငါ့ဆီက ပြန်သွားလို့ရတယ်”

“အကို ကြီး က မောင်းထုတ်ရင်ကော”

“ဒါတော့ စိတ်ချ၊ ငါ့-ီနဲ့တော်တဲ့ မိန်းမကို မနည်းရှာထားရတာ၊  နင်မပြန်ချင်ရင် ငါမောင်း မထုတ်ဘူး”

ဒီအပေး အယူသိပ် မဆိုးလို့ ထင်သည်။ လမ်းပေါ်မှာ စုန်ချည်ဆန်ချည် လုပ်နေရတာက အခက်အခဲတွေ ရှိသည်။ တနေရာရာ မှာ အခြေတကျသွားနေဖို့ကလည်း ကျွန်မ မှာငွေကြေး မပြည့်စုံသေးပါ။

“အိမ်ရှင်မ အလုပ်တွေတော့ နင်လုပ်ပေးရမယ်၊ ဒါမှလဲ ယုတ္တိရှိ မှာပေါ့”

ကျွန်မ ခေါင်းညိတ်လိုက်ပြီးနောက် မလျှော်ဖွပ် ရသေးသည့် အဝတ်တွေလုံးထွေးထည့်ထားသည့် အိတ်တလုံး နှင့် အတူ ဦးကျော်ဒင်၏ ကားပေါ်ပါသွားတော့သည်။ လမ်းမှာ ဦးကျော်ဒင်က သူ၏ အိမ်အခြေအနေ နှင့် လုပ်ငန်းအ ကြောင်းကို ရှင်းပြသည်။ ကျွန်မ လိုက်လာသည့် အတွက် အိပ်ဖေါ်အိပ်ဖက် အပြင် အိမ်ထောင် အထိန်းအသိမ်း ပါ သူ့ အတွက် အဆင်ပြေသွားကြောင်း တွေးမိသည့် အခါ

“ဟုတ်ပြီလေ၊ ကျွန်မ က ဘယ်လောက်ရမှာလဲ”

“တလ တသိန်းပေးမယ်၊ စားပြီးသောက်ပြီး သူဌေးကတော်လို နေပြီးပိုက်ဆံ အသားတင်ရမှာနော်”

ကျွန်မသာ ပြည့်တန်ဆာ အလုပ်ကို ငွေကြေးတခုထဲနှင့် တွက်ပြီးလုပ်ရင် ဝင်ငွေက တလ တသိန်းမက ရနိုင်ပါ သည်။ ဒါပေမယ့် စိတ်ရှုပ်စရာတွေ အများကြီးရှိသည်။ ဒါကြောင့်လည်းဦးကျော်ဒင် ဆီမှာ နေကြည့်လိုက်ဦး မည် ဟု ဆုံးဖြတ်လိုက်ပါတော့၏။

..........................................................

ဦးကျော်ဒင် ကို စင်းလုံးချောကောင်းသည့် လူတယောက်လို့ မဆိုလိုနိုင်သလို လူဆိုးလူသွမ်း တယောက်ဟု သတ်မှတ်ရန်လဲ ခက်ပါလိမ့်မည်။ အပြောအဆို အမူအရာကြမ်းတမ်းသော်လည်း လူတဖက်သားကို မကောင်းကြံ စည်တတ်သူ လည်းမဟုတ်ပါ။ ပြောချင်ရင် ပြောပစ်လိုက်ပြီး၊ လုပ်ချင်ရင်လုပ်ပစ်လိုက်တာက သူ၏ စရိုတ်ဖြစ်၏။ တနည်းဆိုရရင် ဦးကျော်ဒင်သည် လောကကြီးကို သူမြင်ချင်သည့် အမြင်ဖြင့်သာကြည့်တတ်သူဖြစ်သည်။ သူ့အ မြင်အတိုင်း အတွေး အတိုင်းကလွဲ ရင် ကျန်တာတွေ ဂရုစိုက်တတ်သူ မဟုတ်ပါ။ ကျွန်မ လို မိန်းမကို ဇနီးပါဟု ပြောပြီး အိမ်ပေါ်ခေါ်တင်လာတာက အကောင်းဆုံး သက်သေဖြစ်သည်။ ဒါကြောင့် သူ့ကို တချို့က လူဂွစာ၊ လူ ကန့်လန့် လို့ကွယ်ရာမှာ ပြောကြခြင်း ဖြစ်မည်။ ဦးကျော်ဒင်လည်း ပြောကြတာတွေကို သိကောင်းသိနေနိုင်ပါ သည်။ ဒါပေမယ့် ဂရုစိုက်နေပုံမရပါ။

ဦးကျော်ဒင် အိမ်မှာနေထိုင်ရခက်ခဲ မည်ဟုထင်ခဲ့သော်လည်း တဖြည်းဖြည်းတော့ အသားကျသွား ပါသည်။ ဦးကျော်ဒင်ကို အလွန်ကြောက်ရသည့် သူ၏ အလုပ်သမားတွေကလည်း ကျွန်မကို သူဌေးကတော် လေး အဖြစ်တရိုတသေဆက်ဆံကြ၏။ နောက်တော့ သူတို့ နှင့် လိုက်လိုက်လျောလျော နေ သည့် ကျွန်မ ကိုခင်မင် သွားကြပါသည်။

ကြိုတင်ကတိထားခဲ့သည့် အတိုင်း ကျွန်မက အိမ်ရှင်မ အဖြစ်အိမ်အလုပ်တွေကို စီမံခန့်ခွဲပေးရပါသည်။ လိုအပ် ရင်လည်း ခြံထဲဆင်းပြီး ကြည့်ပေးရသည်။ နွယ်နွယ်ဝင်း အဖြစ်နှင့် စိုက်ပျိုးရေးလုပ်လာသည့် အတွက် ဒါတွေက အစိမ်းသက်သက်တော့ မဟုတ်ပါ။ဟိုမှာက တပိုင်တနိုင် လောက်ဖြစ်ပြီး ဒီမှာက စီးပွားဖြစ် အကြီးအကျယ်လုပ်တာတော့ ကွာခြားပါ၏။ ဒီမှာ ကျွန်မ ကိုယ်တိုင်လုပ်စရာ မလိုပါ။ သူတို့တွေ ဘေးက လုပ် တာကို ရပ်ကြည့်ရုံပင်။ ဦးကျော်ဒင်၏ အအော်အငေါက်ကို အမြဲခံနေရသည့် အလုပ်သမားတွေကတော့ ကျွန်မ နှင့် အလုပ်လုပ်ရတာကို ပိုကြိုက်ကြသည်။ ဒါပေမယ့် ကျွန်မ မှာလည်း အိမ်မှုကိစ္စတွေ ကြောင့် ခြံထဲကို တနေ့ လုံးနေမှ တခါမရောက်တာတွေ ရှိသည်။

လကုန်ရင်တော့ ဦးကျော်ဒင်က ကတိအတိုင်း ပိုက်ဆံတသိန်းပေးသည်။ စရိတ်ငြိမ်း နေရသည့်နေရာတွင် ကျွန်မ အတွက် အဝတ်အစားဖိုး အနည်းငယ်လောက်သာကုန်ပါသည်။ ကျန်တာတွေ စုထားနိုင်၏။ ရောက်ခါစက ဦး ကျော်ဒင် ဆီမှာ နေ့တိုင်းဈေးဖိုး ထုတ်ရသည်။ သူကိုယ်တိုင် ဈေးလိုက်ပို့သည်။ စိုက်ခင်း က ရသည့်ငွေတွေ ဆို ရင်လည်း သူ့ကို အပ်ရသည်။ သူကိုယ်တိုင် သိမ်း၏။ နောက်ကျတော့ စိတ်ချသွားသည် ထင်ပါသည်။ ငွေသိမ်း ဖို့ ငွေထုတ်ဖို့ကို ကျွန်မ အားလွှဲအပ်သည်သာမက အပြင်ထွက်ရင်လည်း သူကိုယ်တိုင် တခါတလေမှ လိုက်သည်။ ကား မောင်းတတ်သည့် တပည့် တယောက်ယောက်နှင့် လွှတ်ချင်လွှတ်လိုက်၏။

ယေဘူယျ အားဖြင့်ပြောရရင် ဦးကျော်ဒင်၏ မိန်းမ အနေနှင့် လိုက်နေခြင်းက ကျွန်မ အတွက် အတိုင်းအတာ တခု အထိ အဆင်ပြေသည်လို့ ဆိုနိုင်ပါသည်။ သို့သော်လည်းစိတ်ညစ်ရတာတွေ ရှိ၏။ ကျွန်မ အပြင်ထွက် တိုင်း လူတွေက ကျွန်မကို ကြည့်ကြသည့် အကြည့်ကို နားမလည်ပါ။ အထူးသဖြင့် ယောက်ျားလေးတွေ ဖြစ်သည်။ သူတို့ကျွန်မ ကို တပ်မက်ကြတာကိုသိသည်။ ဒါက အကြောင်း မရှိ။ ဒါပေမယ့် ဒီအရိပ် အယောင်တွေထဲတွင် လှောင်ပြောင် သရော်လိုခြင်းတွေ ရောပါနေတာကိုတော့ စိတ်အနှောက်အယှက်ဖြစ်ရသည်။ မိန်းမပျက်တ ယောက် အဖြစ် အထင်သေးရှုံ့ချသည့် အကြည့်တွေ ရင်ဆိုင်ခဲ့ရဖူးပါသည်။ အထူးအဆန်း မဟုတ်တော့ပါ။ ဒီမြို့က လူငယ်လေးတွေ ၏ အကြည့်ကတော့ တမူထူးနေတာ အမှန်ဖြစ်သည်။ ဒါပေမယ့် ကျွန်မက နေ့စဉ်လို အပြင် ထွက်တတ်သူမဟုတ်လို့ တော်ပါသေးသည်။

နောက်ထပ် စိတ်ညစ်စရာ တခုကတော့ဆိုးပါသည်။ တခါတလေ နေ့လည်နေ့ ခင်းဖက်တွင် သူဆန္ဒ ရှိပါက ဦးကျော်ဒင်က ကျွန်မ ကိုသားမယားပြုကျင့်တတ်၏။ ဝေဒနာချိန် မဟုတ်ရင် လိင်ကိစ္စက ကျွန်မ အတွက် အလွန်ပင်ပန်း နာကျင်ပါသည်။ ဦးကျော်ဒင်၏ ကြီးမားသည့် တန်ဆာကြီးနှင့် ဆက်ဆံတာခံလိုက်ရသည့် အခါ  ငရဲပြည်မှာခံရတယ် ဆိုတာ ဒီလိုမျိုးပဲဖြစ်မယ် ဟု တွေးမိတတ်သည် အထိ ဖြစ်ရပါသည်။ ဦးကျော်ဒင် ဆီက နေ ထွက်သွားဖို့ စဉ်းစားမိသည် အထိဖြစ်ရသည်။ ဒါပေမယ့် ညဖက်ဝေဒနာ ချိန်တွေမှာတော့ ဦးကျော်ဒင်က အကောင်းဆုံး ဖြေဖျောက်ပေးနိုင်သူတယောက် ဖြစ်လို့နေပြန်သောကြောင့် ထွက်သွားဖို့ လည်းခက်နေသည်။ နေ့ခင်း ဖက်ကိစ္စက တခါတရံ သူစိတ်ကူးပေါက်မှသာ ဖြစ်တာမျိုးဆိုတော့လည်း ဝဋ်ကြွေး တခုလို့ပဲ သဘောထား ပြီး နေခဲ့သည်။

ဦးကျော်ဒင်ကို သူ၏ ပစ္စည်းကြီး နှင့်ပတ်သက်ပြီး မေးကြည့်ဖူးသည်။

“အကိုကြီး ဟာက မွေးကထဲက ကြီးတာလား”

“အေးပေါ့ ၊ ဟား၊ ဟား”

ဒါပေမယ့် အရက်တော်တော်မူးသည့် နေ့မှာတော့ ငယ်စဉ်က လိင်အင်္ဂ ါကြီးထွားစေသည် ဆိုသော သောက်ဆေး လိမ်း ဆေး မှန်သမျှ အကုန်သုံးကြည့်ခဲ့ ဖူးကြောင်းပြောပြသည်။

“ဘယ်ဆေးကြောင့် အဆင်ပြေသွား မှန်းတောင် မသိတော့ပါဘူးကွာ”

ခုအရွယ်တိုင်အောင်လည်း လိင်စွမ်းဆောင်နိုင်ရည် ကောင်းသည်လို့ ဆိုသည့် ဆေးဝါးတွေအကြောင်း စိတ်ဝင်တ စား ရှိနေတုန်း ဖြစ်ပါသည်။ လေ့လဲလေ့လာသလို ဝယ်ဖို့၊စမ်းသပ်ဖို့ လည်းလက်မနှေးပါ။ ငွေကြေးတတ်နိုင်သူပီပီ ဒီနေရာတွင် နှမျောတွန့်တိုခြင်းလုံးဝမရှိပါ။ အစားအသောက်ဆိုရင်လည်း ကာမ ကိုအားပေးသည့် အစားအစာ တွေကို အဓိကထားပြီးစားသည်။ သူ့ဝါသနာအရ လုပ်ချင်ရာလုပ်တာ၊ သူ့ပိုက်ဆံ သူဖြုန်းတာ ကျွန်မနှင့် မဆိုင် သော်လည်း ဆိုင်တာ တွေ ရှိသည်။ တခါတလေ နေ့ခင်းနေ့ လည်လည်းဆေးစွမ်းမစွမ်း စမ်းချင်စမ်းတတ်သည်။ ကျွန်မ အရှင် လတ်လတ် နှင့် ငရဲကျရသည့် နေ့တွေလို့တောင် ထိုနေ့တွေကို သတ်မှတ်လို့ ရပါသည်။

“အကိုကြီးက ဆေးကူစရာ မလိုပါဘူး၊ လူငယ်တွေ ထက်တောင် အားရှိသေးတာပဲ”

“ရှိတယ် ဆိုပေမယ့် ရှိတိုင်းသုံးလို့ ဖြစ်မလား၊ ဆေးကူတော့ ပင်ကိုယ်အားသိပ် မကုန်ဘူးပေါ့”

ဦးကျော်ဒင်၏ အယူအဆ မှန်မမှန်ကို ကျွန်မမှာ ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိပါ။ အစွန်းတော့ နည်းနည်းရောက် နေသည် လို့ပဲ သတ်မှတ်နိုင်ပါသည်။ နေ့လည်ခင်းဖက် သူစိတ်ပါရင် ကျွန်မ ဒုက္ခရောက်ရသော်လည်း ညဖက် ဝေဒနာ ချိန်တွေမှာတော့ သူ၏ ကြီးမားသည့် အင်္ဂ ါ နှင့် သန်မာသည့်ရမ္မက် က ကျွန်မ အတွက် အကောင်းဆုံး ဆေး ဖြစ်သည်။ ဝေဒနာချိန်မဟုတ်ဘဲ သူကဆက်ဆံလာလျှင် သေလုမျောပါး ခံစားရသော်လည်း ဝေဒနာချိန် မှာ သူ၏ အကောင်းဆုံး ဖြေရှင်းပေး နိုင်မှု များကြောင့် နာကျင်မှုကို ကျိတ်ခံရင်း ဦးကျော်ဒင်အိမ်မှာ ကျွန်မ မြဲ နေခဲ့သည်။

ဦးကျော်ဒင်က လူတွေ နှင့် သိပ်ရောရောနှောနှော မနေတတ်ပါ။ ခြံထဲက အလုပ်သမားတွေ အိမ်ထဲကို လုံး၀၀င် ခွင့် မပေးပါ။ မီးဖိုချောင်က ကောင်မလေးတွေကို လည်းအကြောင်းတစုံတရာ မရှိဘဲ အိမ်ထဲမဝင်ဖို့ တားမြစ်ထား သည်။ ကောင်မလေး တွေမှာ မီးဖိုထဲကို နောက်ဖေး ဖက်ကနေပတ်ဝင်ရပြီး အိမ်ထဲမှာ လုပ်စရာ အလုပ်ရှိရင် ကျွန်မက ကြီးကြပ်ပြီး လုပ်ရသည်။ ဒါကြောင့်လည်း ဦးကျော်ဒင်က သူစိတ်ပါပြီဆိုရင် နေ့ညမရွေး အချိန်အခါ မရွေး ကျွန်မကို ထင်သလိုလုပ်ဖို့ အခွင့် အရေးရနေသည်။

ဆွေမျိုးသားချင်း တွေ နှင့် ပတ်သက်လို့လည်း ဦးကျော်ဒင် သိပ်ပြောလေ့ မရှိပါ။ အလကား ဟာတွေလို့ သာ စိတ်တိုသည့် အခါမျိုးတွင် မှတ်ချက်ပြုတတ်၏။ ကျွန်မ၏ ဆွေမျိုး နှင့် ပတ်သက်ပြီး လည်း သူစိတ် မဝင်စားပါ။ အကြောင်းတိုက်ဆိုင်လို့ သူမေးလာခဲ့ရင်လည်း ကျွန်မက မပတ်သက်ချင်တော့ဟု ပြောလျှင် သိပ်သ ဘောကျ၏။

“အေး ..ဟုတ်တယ်၊ ဆွေမျိုးဆိုတာ နီးနေရင် သာအမျိုးလို့ခေါ်တာ၊ ကိုယ့်နေရာကိုယ်နေ ကိုယ့်လမ်းကိုယ်သွား နေကျတယ် ဆိုရင် တစိမ်းပါပဲ၊ ငါတော့ ဘယ်အမျိုးမှ ခေါင်းထဲ မထားဘူး”

ဒါပေမယ့် သူ၏ အမနှင့် ယောက်ဖ အကြောင်းကိုတော့ ပြောတတ်ပါ။ ဆွေမျိုးထဲမှာ ဦးကျော်ဒင် အကောင်းပြော တာ သူတို့ပဲ ရှိ၏။

“အမ ဆိုပေမယ့် အမေလိုပဲ၊ ငါ့ အမေပြီးရင် ငါ့ အပေါ်အကောင်းဆုံးက အမပဲ၊ အကိုကြီး ဆိုတာလဲ ယောက်ဖ ပေမယ့် ငါ့အပေါ် အင်မတန်ကျေးဇူးရှိတဲ့ ဆရာ”

ဦးကျော်ဒင် အလွန်ချစ်သည့် အမနှင့် ယောက်ဖ တို့ ကွယ်လွန်သွားပြီ ဖြစ်ပါသည်။ သူတို့၏ မျိုးဆက် ဖြစ်သူ တူ တယောက်က တော့ နိုင်ငံခြား ရောက်နေသည်ဟု ကျွန်မ သိရသည်။ထို တူ၏ နာမည်ကို ဦးကျော်ဒင် ကျွန်မကို မပြောခဲ့ပါ။ ပြောခဲ့လျှင် ပြောသည့် နေ့ မှာပင် ကျွန်မ အိမ်ကနေထွက်သွားတော့မှာ ဖြစ် သည်။မိသားစု ပုံလေး တပုံ ဦးကျော်ဒင် ပြဖူးသော်လည်း ထိုပုံထဲကကလေးငယ်က ဘယ်သူဘယ်ဝါ မှန်း ကျွန်မ မသိခဲ့ရပါ။ သိလာတော့လည်း ဗြုန်းစားကြီး ဖြစ်သည်။

ရက်စက်သည့် ကံကြမ္မာ၏ စီမံ ဖန်တီးချက်ကို ကျွန်မ ဘယ်လိုမှ မရှောင်နိုင်ခဲ့ပါ။

ကံကြမ္မာက ရက်စက်လွန်းပါသည်။ ကိုလင်းကို ကျွန်မနား သို့ အကြိမ်ကြီမ်ပို့ ပေးခဲ့သည်။ ကွဲပြီးသားရင် ကို အထပ်ထပ် ကွဲအောင်၊ မွန်းကြပ်လှောင်ပိတ်နေသူကို ပိုပြီးမွန်းကြပ် ပိတ်မှောင်အောင် အမြဲလိုလုပ်ခဲ့၏။ ပိုပြီး ဆိုးသည်က ကိုလင်းရောက်လာသည့် အချိန်တွင် ကျွန်မ က ဦးကျော်ဒင် နှင့် ဖြစ်ချင်တိုင်း ဖြစ်နေခဲ့သည်။ အဲ ဒီတုန်းက ခြံထဲမှာ ရှိနေကြရာကနေ ဦးကျော်ဒင် စိတ်ထလာပြီး ကျွန်မကို အိမ်ထဲ အတင်းပြန်ခေါ်ပြီး သူ့ဆန္ဒ ကို ဖြည့်ပါသည်။ အိမ်ထဲကို ဘယ်သူမှ ဝင်ခွင့် မပေးသည့် အတွက်လွတ်လွတ်လပ်လပ်ပင် သူလုပ်ချင်တာလုပ်ခဲ့ ၏။ ကိုလင်းက စိတ်တည်ငြိမ်သူဖြစ်လို့ သူ့စိတ်ကို မှန်းဖို့ မလွယ်သော်လည်း ကျွန်မ တို့ကို ကိုလင်းမြင်သွားခဲ့ သည်ဟု ကျွန်မ ထင်နေသည်။ သေတော့မသေချာပါ။ ကိုလင်း၏ စိတ်ဓါတ်ကို သိနေလို့ သူများ အိမ်ထဲကို ပိုင်စိုးပိုင်နင်း ဝင်မည့်သူမဟုတ်ဟု စိတ်ကိုဖြေသိမ့် ရ၏။

ဦးကျော်ဒင်၏ စိတ်တိုင်းကျပြုကျင့်မှုကို ခံပြီးနောက် နောက်ဖေးမှာသွားကာ ဆေးကြောသန့်စင်ပြီး ပြန်ဝင်အ လာ တွင် ဦးကျော်ဒင်၏ ခေါ်သံကြောင့် ဧည့်ခန်းထဲ ဝင်သွားသည်နှင့် ကျွန်မ တကိုယ်လုံး ချာချာလည်သွားရသည်။ ကို လင်းနှင့် ကင်းနိုင်ခဲလွန်းသည့် ကျွန်မ၏ ဝဋ်ကြွေး အတွက် ထိုင်ငိုချင်စိတ်တောင် ဖြစ်မိ၏။ ကိုလင်း ကျွန်မကို ဘယ်လိုမှ မှတ်မိမှာ မဟုတ်ဟု တွေးရင်း စိတ်ကိုတင်းရသည်။ ကိုလင်းက ပါရဂူဘွဲ့ရ ပညာတတ်ကြီးတယောက် ဖြစ်နေသည်ကို သိလိုက်ရသည့် အတွက်တော့ ကျွန်မဝမ်းသာပါသည်။ ကျွန်မ ချစ်ရသူ၏ ဂုဏ်ရှိခြင်းကြောင့် ကျွန်မ ပျော်ပါသည်။

ကျွန်မ ပျော်သလို ဦးကျော်ဒင်လည်း ပျော်နေတာကို တွေ့ရသည်။ ဦးကျော်ဒင်က လူကြမ်းလူရမ်း တယောက်လို့ ဆို နိုင်ပါသည်။ ဘယ်လောက်ကြမ်းတမ်း ခက်ထန်သူဖြစ်ပါစေ သူ့မှာ နူးညံ့သည့် အစိတ်အပိုင်းတခု ရှိမည်ဆိုပါ က ကိုလင်းသည် ဦးကျော်ဒင်၏ နူးညံ့ သော အစိတ်အပိုင်းဖြစ်သည်။ အသက်သုံးဆယ်ကျော် ယောက်ျားသား ကြီး တယောက်ကို ကြည့်သည့် အကြည့်က ကလေးငယ်လေးတယောက်ကို ချစ်ခင်စွာ ကြည့်နေသည့် အကြည့် မျိုး ဖြစ်နေသည်။ ကိုလင်း အတွက်ဆိုရင် သူဘာမဆိုလုပ်မည် မှန်း မျက်လုံးတွေထဲမှာ မြင်နေရ၏။

အရင်ကထက် ရုပ်နည်းနည်းပိုရင့် သွားတာကလွဲရင် ကိုလင်းဘာမှ မပြောင်းလဲပါ။ အမူအရာ နှင့် အကျင့်စရိုတ် တွေက အရင်ကိုလင်း အတိုင်းပင်ဖြစ်သည်။ သူလာလို့ ကျွန်မအလုပ်ရှုပ်ရသည် ဆိုပြီး ကျွန်မကို ကိုလင်း အား နာနေဦးမည် ဆိုတာ စိတ်ထဲကသိ၏။ ဦးလေး ၏ ဇနီး တော်သူ အဒေါ်အဖြစ် ကိုလင်းက လေးလေး စားစားဆက် ဆံတာကိုခံရရင် ကျွန်မ စိတ်ထဲမှာရယ်ချင်သလို ငိုချင်သလိုပင်။ မနေတတ် မထိုင်တတ် ဖြစ်ရလို့ သူတို့ တူဝရီး နှစ်ယောက် နှင့် ဝေးဝေးနေမိသည်။

ရောက်စက ကိုကောင်းထက်လင်း လို့ နာမည် အပြည့်အစုံခေါ်မိပေမယ့် စိတ်ထဲက အားမရပါ။ တမျိုးကြီး ဖြစ်နေ သည်။ နောက်တော့ အမှတ်တမဲ့ဖြင့် အရင်လို ကိုလင်း လို့သာပြန်ခေါ်မိသည်။ စခေါ်မိတုန်းက ကိုလင်း ဘယ်လို သဘောထား မလဲဆိုတာစိုးရိမ်မိရသေးသော်လည်း ကိုလင်းကတော့ ဘာမှ မဖြစ်သလိုရှိသည်။ ဦးကျော်ဒင် က တော့ သူ့တူကို လင်းလင်းလို့ ခေါ်သည်။

တနေကုန်နီးပါး သူတို့ နှစ်ယောက်စကားတွေပြောကြ၏။ မတွေ့ကြတာလည်း ကြာပြီဆိုတော့ ပြောစရာတွေက အများကြီးရှိမည်ပင်။ ညစာ ထမင်းစားဖို့ကိုတောင် ကျွန်မ ဝင်သတိပေးရသည်။ ထမင်းစားပြီးတော့ လည်း စ ကား ဝိုင်း ဆက်ပြန်သည်။ ညဉ့် နက်လာလို့ ကျွန်မ ဝေဒနာထသည့် အချိန်ရောက်တော့ မနေနိုင်တော့ဘဲ သူ တို့ ဝိုင်းမှာ သွား ဝင်ထိုင်မိသည်။ ဦးကျော်ဒင်က အလိုက်မသိသော်လည်း ကိုလင်းက အလိုက်သိသည်။

“မခင်မြရင် အိပ်ချင်နေပြီထင်တယ် ဦးလေး”

“အာ … သူကတော့ ဒီလိုပဲ၊ သူ့ဟာသူ အိပ်နှင့်လည်းရတာကို”

 “ဆယ်နာရီတောင်ကျော်နေပြီ ဦးလေးရယ်၊ အိပ်ချင်မှာပေါ့၊ အိမ်အလုပ်တွေ လုပ်ထားရတော့ ပင်ပန်းလို့ ဖြစ် မှာပါ”

“သူ့အလုပ်သူလုပ်တာ ပင်ပန်းစရာလား၊ အင်းလေ ငါ့တူလဲ ခရီးပန်းလာမှာ ပဲ အိပ်ကြ တာ ပေါ့”

ကိုလင်း ပြောမှ ဦးကျော်ဒင် ထိုင်ရာက ထသည်။ အရင်တုန်းက လည်း ဝဏ္ဏရှိန် လဘက်ရည်ဆိုင်က မထရင် ဒီလိုပဲ ကိုလင်း ပြောပေးနေကျဖြစ်သည်။ တရိပ်ရိပ် တက်နေသည့် ဝေဒနာကို အားတင်းတောင့်ခံထားရင်းမှ ကျွန်မ ရင်နာနေရ၏။ ဝေဒနာ အချိန်သာ မဟုတ်ရင် ကျွန်မ ချုံးပွဲချ ငိုပစ်လိုက်မိမည်လား မသိပါ။ အခုတော့ ကိုလင်း ကို ဦးကျော်ဒင်က အခန်း၀ အထိလိုက်ပို့နေတာကို စောင့်ရင်း ဝမ်းနည်းမှုတွေ လွတ်ထွက်ကုန်သည်။ ကျွန်မ၏ အသိစိတ်နှင့် မသိစိတ် နှစ်ခုလုံးကို ဝေဒနာက ကြီးစိုးသွား၏။

ကျွန်မ တို့ အခန်းထဲ ပြန်ရောက်တော့ ဦးကျော်ဒင် က ခပ်ပြုံးပြုံး ကြည့်ရင်း

“ကဲ……ငါက မအိပ်ချင်သေးဘူးဆိုတော့ စားနေကျညစာလေး တော့စားဦးမှ၊ ဖြစ်မယ် မဟုတ်လား”

ကျွန်မ ဦးကျော်ဒင်ကို တင်းကြပ်စွာ ဖက်ထားလိုက်မိပါသည်။

...........................

မီးဖိုထဲမှာ အားလုံးသိမ်းဆည်း ဆေးကျောပြီးသွားပြီးနောက် ကောင်မလေးတွေ နောက်ပေါက်မှ ထွက်သွားကြ သည်။ တံခါးပိတ်၊ မီးပိတ် ပြီးနောက် ကျွန်မ ထမင်းစားခန်းထဲ ဝင်လာခဲ့၏။ ဒီမှာ လည်းလုပ်စရာတွေ လုပ်ပြီးသွား ပြီ။ ရေတခွက်ခပ်သောက်ရင်း ထမင်းစားခန်းထဲမှာပဲ ထိုင်နေမိ၏။ အပေါ်ကိုလည်း မတက်ချင်၊ အိမ်ရှေ့ကိုလည်း မထွက်ချင်သေးပါ။ကိုလင်းကတော့ အခုလောက်ဆိုရင် အိမ်ရှေ့ကခုံတန်းလျားမှာ စီးကရက်ထိုင်သောက် နေ လိမ့် မည်။ ဦးကျော်ဒင် ကတော့ ထမင်းစားပြီးကထဲက မတွေ့တော့ပါ။

အနားမှာ နေရင် အမျိုးတွေဆီ ခနသွား လည်ချင်တယ်ဟု ကျွန်မ က ထပ်ပြောနေဦးမှာ စိုးလို့ တခြားမှာသွားနေသည်ထင်ပါသည်။ အိမ်မှာ မနေချင်လို့ အကြောင်းပြပြောသည့် ကိစ္စကို ဦးကျော်ဒင်က လုံးဝလက်မခံပါ။ ကိုလင်းပြန်မှ သွားရမည် ဟု ဆိုပါသည်။ ဒါမှ မဟုတ်ရင်လည်း ကိုလင်း ရန်ကုန် အပြန်မှာ တူတူလိုက်သွားဟု ဆို၏။ အဲဒါကမှ ပိုဆိုးပါ သည်။ ကျွန်မ ရှောင်ချင်သူနှင့် တူတူသွားဖို့ ဘယ်လိုမှမဖြစ်နိုင်ပါ။

ဘယ်လိုမှ ကြုံစရာ အကြောင်းမရှိဟု ယူဆထားခဲ့သူနှင့် ပြန်ဆုံရသည့်ဒါဏ်ကို ကျွန်မ မခံနိုင်ပါ။ ကိုလင်းကိုမြင် တွေ့နေရ၊ ပြောဆိုဆက်ဆံနေရချိန်တွေမှာ ကျွန်မ အတွက်ပင် ပန်းလွန်းသည်။ ချစ်ရသည့် သူကို မမြင်ဝံ့ မပြော မဆိုဝံ့ ဖြစ်နေရသည့် ဘဝအတွက်ရင်နာသည်။ ခနလောက် ဖြစ်ဖြစ် ဒီအသိုင်းအဝိုင်းက ရှောင်ထွက်သွားချင် သည်။ ထာဝရလည်း ဖြစ်ကောင်း ဖြစ်ပါမည်။ ဦးကျော်ဒင် နှင့် ကျွန်မ မှာ ဘယ်လို အနှောင်အတည်းမှ မရှိ။ ကျွန် မ ထွက်သွားလျှင် သူနှင့် အဆင်ပြေမည့် မိန်းမ တယောက်သူထပ်ရှာ ရုံပဲ ရှိသည်။ တကယ်လို့ ကျွန်မ ဇွတ်ထွက် သွားရင်လည်း ကြားထဲက ကိုလင်း အနေခက်မှာကိုစိုးသည်။ သူရောက်လာလို့ ကျွန်မ ထွက်သွားသည်လို့တော့ ကိုလင်း မထင်စေလိုပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာကနေ မကြာခင်ထွက်သွားမှဖြစ်တော့မည် ဆိုတာတော့ စိတ်ထဲက သိနေသည်။ ဦး ကျော်ဒင် က ကိုလင်းကို အလွန်ချစ်သည်။ ဒီမှာ လာနေဖို့ကိုတောင် အတင်းခေါ်နေတာကြားရ၏။ ဆက် နေရင် ကိုလင်းနှင့် တကြိမ်မဟုတ် တကြိမ်တော့ပြန်ပြီးရင်ဆိုင်ရ ဦးမှာသေချာသည်။ ကိုလင်းသာအားလပ် ချိန် ရမည် ဆိုပါက မကြာမကြာတွေ့ ကြဖို့တောင်ရှိ၏။ သံယောဇဉ် ကြီးသည့် ဦးလေး အတွက် ကိုလင်းစိတ်မကောင်း ဖြစ်နေတာ ကျွန်မ ရိပ်မိသည်။ ထို့ကြောင့် ကိုလင်း ဒီကို ရောက်လာဦးမည်မလွဲပါ။ ဦးကျော်ဒင် ကလည်း အရမ်း လာစေချင်နေသူဖြစ်၏။ ဒါဆိုရင် ကျွန်မ အတွက် ဒီနေရာက မနေအပ်သည့် နေရာတခုဖြစ်လာပါပြီ။

ဒီကထွက် သွားရင်တော့ အရင်လိုပြန်လေလွင့်ဖို့ပဲ ရှိသည်။ အတည်တကျကိစ္စတွေက ကျွန်မ နှင့် အဆင်မပြေပါ။ အိပ်ထောင် မပြုဘဲ တယောက်ထဲနေရာတခုမှာ မမမြတ်လိုမျိုး ကာလတခုလောက် အတည် တကျ နေကြည့် ရင်တော့ ဘယ်လိုနေမည် မသိပါ။ အကြောင်းသင့်ရင်တော့ နောက်ထပ်အသူရကယ်အသစ်လေး တယောက်ကို ကူညီခွင့်ရချင်ရနိုင်သည်ဟု တွေးရင်း ပြုံးချင်သလိုလိုဖြစ်မိသည်။ မမမြတ် ကတော့ ကျွန်မကို သံယောဇဉ် ဖြတ် သွားပြီထင်ပါသည်။ ဒါမှ မဟုတ်ရင်လည်း ကျွန်မ လမ်းကို ကျွန်မ လျှောက်နိုင်ပြီလို့ ယူဆသွားတာလား မသိပါ။

အတွေးတွေ ထဲမှာမျောနေသော ကျွန်မကို ခြံနောက်ဖက်က ဆူဆူညံညံအော်ဟစ်လိုက်သံတွေကလှုပ်နှိုးလုက် ၏။ အကျိုးအကြောင်း ပြောပြဖို့ အိမ်ရှေ့ကိုထွက်လာတော့ ဦးကျော်ဒင်ကို မတွေ့ပါ။ အိမ်ပြင်ကို ထွက်လိုက် တော့မှ ကိုလင်းနှင့် ဦးကျော်ဒင် ထိုင်နေကြတာတွေ့ရသည်။ သူတို့လည်း အသံတွေကို ကြားကြလို့ နားစွင့်နေ ကြသည်။

“ရန်ဖြစ်ကြတာ ထင်တယ်”

အိမ်နောက်အလုပ်သမားတွေ ဖက်က အသံတွေဆိုတော့ ရန်ဖြစ်ကြတာပဲလို့ထင်မိသည်။ အရင်ကလည်း ညနေ ဖက် ဆိုရင် အလုပ်သမားတွေက သောက်တတ်ကြလို့ ဆူဆူပူပူ အသံတွေကြားဖူးသည်။ ဒါပေမယ့် ဦးကျော်ဒင် ဆဲမှာ ကြောက်ကြလို့ထင်ပါသည် သိပ်ပြီးတော့ကြီးကြီးကျယ်ကျယ် မရှိပါ။ ဒီတခါတော့ တော်တော်ဆိုးပုံရ၏။ မိန်းမတယောက်ဖရိုဖရဲနှင့် အပြေးရောက်လာသည်။ လက်ထဲမှာလည်း ကလေးလေး တယောက်ကိုချီထား၏။

 “ဆရာကြီးရေ လုပ်ပါဦး၊ ဟိုမှာ ပြောမနိုင်ဆိုမနိုင်ဖြစ်နေကြပြီ”

“မူးနေကြတာလား”

“ဟုတ်တယ် ဆရာကြီး”

“သူတောင်းစား …မအေပေးတွေ၊ ကောင်းကောင်း ကိုမနေချင်ကြဘူး”

ထုံးစံ အတိုင်း လူမရောက်ခင် ဦးကျော်ဒင်၏ ဆဲဆိုသံက အရင်ထွက်သွား၏။ ယောင်ချာချာ နှင့် ဦးကျော်ဒင် နောက်ကို လိုက်သွားတော့ မယောင်ယောင်လုပ်နေသည့် ကိုလင်းကို လှမ်းဆွဲလိုက်ရသည်။ ဦးကျော်ဒင်၏ စကား လုံးကြီးတွေကြောင့် ကြားထဲက ကိုလင်း မျက်နှာပူရ အနေခက်ရမှာ ကျွန်မ မလိုလားပါ။

“ကိုလင်း လိုက်မသွားပါနဲ့၊ အကိုကြီးက သူ့လူတွေကိုသိပ်နိုင်တာ၊ ပက်ပက်စက်စက်ပြောရင် ဆဲရင် ကိုလင်း ကြားထဲက မျက်နှာပူပြီးအားနာနေရလိမ့်မယ်”

ကျွန်မ စကားကြောင့် ကိုလင်းပြန်ထိုင်နေလိုက်ပါသည်။ အိမ်ထဲ ပြန်ဝင်မလို့လုပ်ပြီးမှ အခြေအနေကို သိချင်လို့ ကျွန်မ ဆက်ရပ်နေမိသည်။ ကိုလင်း ထိုင်နေသည့် ခုံတန်းလျားမှာ ဝင်ထိုင်ရင်ရသော်လည်း မထိုင်ဖြစ်ပါ။ ကိုယ် ချစ်သူနှင့် တူတူထိုင်ဖို့ ကိုတောင်ဝန်လေး နေမိရသည့် ဘဝကို ကျွန်မစိတ်နာ ရုံကလွဲပြီးမတတ်နိုင်ပါ။ ကိုလင်း နဲ့ အတူထိုင်ပြီး စကားတွေပြောချင်ပါသည်။ ဒါပေမယ့် ပြောရင်း ဝမ်းနည်းနေရမည့် အဖြစ်ကိုတော့ ကျွန်မ မလိုချင် ပါ။ ကိုယ့်အတွေးနှင့် ကိုယ်ငိုင်ငေး နေမိသော ကျွန်မကို ကိုလင်း လှမ်းကြည့်နေသည်ကို မြင်ရတော့ နေရပိုလို့ ခက်သည်။ ထွက်သွားချင်ပေမယ့် ခြေထောက်တွေကို ရွှေ့လို့မရပါ။

“အမ …အမ”

နောက်က ကျားလိုက်သလိုပြေးလာသည့် ကောင်လေးတယောက်က ကျွန်မကို လှုပ်နှိုးလိုက်သည်။

“အမရေ အမ လုပ်ပါဦး”

 “အလန့်တကြားနဲ့ ဘာဖြစ်တာလဲ”

အလွန်ထိတ်လန့်နေပုံရသည့် ကောင်လေးဆီက တော်တော်နှင့် အသံထွက်မလာ။

“ဘာလဲဟဲ့ ပြောလေ”

“ဟိုမှာ ဆရာကြီး၊ ဆရာကြီး၊ ခေါ်လို့ မရတော့ဘူး”

ဘာမှန်း ရေရေရာရာ မသိသော်လည်း ကိုလင်း အနောက်ဖက်ကို ပြေးထွက်သွားသည်။ ကျွန်မ လည်းပြေး လိုက် ပေမယ့် ယောက်ျားသား ဖြစ်သည့် ကိုလင်းက အရင်ရောက်သွားသည်။ တဲစုလေးရှေ့မှာ အုံနေကြသည့် လူတွေ ထဲကို ကိုလင်း တိုးဝင်သွား၏။ ကျွန်မ အနားရောက်သည့် အခါမှာတော့ လူအုပ်ကရှဲပေး ကြပါသည်။ ကြည့်လိုက် တော့ မြေပြင်မှာလဲနေသည့် ဦးကျော်ဒင်ကို ကိုလင်း က ဒူးထောက်ပြီးပွေ့ ထူနေသည်။ ဦးကျော်ဒင် ခေါင်းကနေ သွေး တွေ တစက်စက်စီးကျနေတာကို လည်းမြင်၏။

ဦးကျော်ဒင်ကို ကိုလင်း နှင့် အလုပ်သမားတယောက် မပြီး အိမ်ရှေ့ကို ယူလာသည့် အခါ ရှေ့ကနေကြိုပြီး ခပ် သွက်သွက် ပြေးကာ ဧည့်ခန်းစားပွဲပေါ်က ကားသော့သွားယူထားလိုက်၏။ ထင်သည့် အတိုင်းကားပေါ်ရောက် ပြီးမှ ကိုလင်း ပြန်ဆင်းလာသောကြောင့် လက်ထဲကိုပြေးထည့် ပေးလိုက်သည်။

“နေခဲ့ … နေခဲ့”

ကျွန်မ ကိုထားခဲ့ပြီး ကိုလင်း ကားကိုတရှိန်ထိုး မောင်းထွက်သွားသည်။ သူတို့ ထွက်သွားမှ အနားက လူတွေကို အကျိုးအကြောင်းမေးရသည်။ တယောက်တပေါက်ပြောကြသံတွေကြားမှ ကျွန်မ သိလိုက်သည်ကတော့ စိတ် နောက်ကိုယ်ပါ အလောတကြီး လုပ်တတ်ပြောတတ်သည့် ဦးကျော်ဒင် တယောက် သူ၏ စရိုတ်ကြောင့် အခုလို မဖြစ်သင့်တာတွေ ဖြစ်ကုန်ခြင်းပင်။

“ဒါဆို မောင်မြင့်အေး အခုဘယ်မှာလဲ”

“ထွက်ပြေးသွားပြီ အမ”

ရဲစခန်း ကို အကြောင်းကြားသင့်သည်ဟု တွေးပြီး အိမ်ထဲကို ပြန်ဝင်ပြီး ဖုန်းဆက်တိုင်ကြားလိုက်သည်။ ရိုတ် သည့် ကောင်လေးက ထွက်ပြေးသွားပြီး ဦးကျော်ဒင် ကိုတော့ ဆေးရုံ ကိုသွားပို့ နေကြောင်းပါ ပြောပြလိုက် ၏။ ဦးကျော်ဒင်က ဒီမြို့မှာ လူသိများသူဆိုတော့ ရဲစခန်းကလည်း ချက်ချင်းဆောင်ရွက်ပေးမည်ဟု ပြောပါသည်။ ဖုန်း ချလိုက်ပြီးနောက် ဧည့်ခန်းထဲက ကုလားထိုင်မှာ ထိုင်ချလိုက်မိသည်။ သူ့မှာ ဘယ်လို အကျင့်စရိုတ် နှင့် အတွေး အခေါ်တွေရှိပါစေ ကျွန်မကိုတော့ သူပေးခဲ့သည့် ကတိအတိုင်း ကောင်းကောင်းမွန်မွန် ပြည့်စုံစွာ ထားခဲ့သည့် ဦးကျော်ဒင် နေကောင်းပါစေဟု စိတ်ထဲက ဆုတောင်းနေမိသည်။ ကျွန်မ က အခပေး မယားဖြစ်သော်လည်း ဒီ အိမ်ကို ရောက်ကထဲက ဦးကျော်ဒင် ကျွန်မကို တကယ့် ဇနီး မယားတယောက်ပမာ နေရာပေးခဲ့၏။ ပတ်ဝန်းကျင် မှာ လူလူသူသူ ဖြစ်စေခဲ့၏။

အိမ်ထဲ မဝင်ရဲသည့် အလုပ်သမားတွေက အိမ်ရှေ့က ဆင်ဝင်အောက်မှာ စုရုံးထိုင်နေကြချိန်တွင် ကျွန်မကတော့ အိမ်ထဲမှာ တယောက်ထဲရှိနေသည်။ လတ်တလောမှာ သူတို့ နှင့် လည်း စကားမပြောချင်သေးလို့ ဆက်ထိုင်နေ မိသည်။ ဘာပဲပြောပြော ကိုလင်းရှိနေတာ အခုလိုအချိန်မှာ အရမ်းအထောက်အပံ့ဖြစ်ပါသည်။ ကျွန်မ တယောက်ထဲဆိုရင် အခုလို အိမ်မှာ အေးအေးဆေးဆေး ထိုင်နေလို့ ရမည် မဟုတ်ပါ။ ဦးကျော်ဒင်ကို ဆေးရုံ ပို့ဖို့က ကျွန်မ အလုပ် ဖြစ်တော့မည်။ ဆေးရုံလိုက်ပို့တာက အရေး မကြီးသော်လည်း ကျွန်မမှာ ဝဋ်ကြွေးက ရှိသေးသည်။

ဝဋ်ကြွေး ကို သတိရလိုက်ခြင်း နှင့် အတူကျွန်မ တကိုယ်လုံးတုန်သွား၏။ ချက်ချင်းလိုလို ငိုက်မြည်းသွားပြီး ေ၀ ဒနာက အစပြုလာသည်။ ဝေဒနာလှိုင်းလုံးတွေက တရိပ်ရိပ် တရစ်ရစ် တက်လာသည့် အခါ အခြေတောင်မခိုင် တော့ဘဲ ထိုင်ရာမှ ဒရီးဒယိုင်ထလိုက်ရသည်။ ကျွန်မ တခုခု လုပ်ရတော့မည်။ ခုလိုအချိန်မှာ ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ အပြင်ကို ရောက်သွားလို့ မဖြစ်ပါ။ နောက်ဖက်ကို အားတင်းကာထွက်သွားရင်း ဖြေဖျောက်စရာ တခု ခု ကို အငမ်းမရ ရှာမိ၏။

မီးဖိုချောင် အပြင်ဖက်က ကြွက်လျှောက်တန်းပေါ်မှာ ဂုံနီအိတ်ချုပ်သည့် အပ်တချောင်းကို မြင်လိုက်သည့် အခါ ဝမ်းသာ အားရ ဆွဲယူလိုက်ပြီး အိပ်ပေါ်ထပ် အိပ်ခန်းဆီသို့ အားတင်းပြီးရောက်အောင် သွားရသည်။ ကျွန်မ ခြေ ထောက်တွေက ယိမ်းယိုင်နေသလို အမြင်အာရုံမှာလည်း ဝေေ၀ဝါးဝါး ဖြစ်နေ၏။ ဒီထက် ပိုဆိုးမလာခင် ဝေဒနာကို နှိပ်ကွပ် ရမည်ဖြစ်သည်။ စိတ်လွတ်သွားရင် ကျွန်မ ဘာမှတတ်နိုင်မှာ မဟုတ်တော့။ ဒါကြောင့် အမြင့်ဆုံး အ ခြေအနေထိမရောက်ခင် စိတ်ကို ထိန်းချုပ်ပြီး အိပ်ခန်းထဲကို အရောက်သွားရသည်။

အိပ်ခန်းထဲ ရောက်သည်နှင့် တံခါး ကိုမြန်မြန်ပိတ်လိုက်ပြီး တံခါးဝမှာပင် ထမိန်ကို ကွင်းလုံးချွတ်ချလိုက်ကာ အပ် နှင့် ခပ်မြန်မြန်ထိုးချလိုက်ရသည်။

“အား”

အပ်ကို ပြန်ဆွဲထုတ်လိုက်သည့် အခါနက်ရှိုင်းသည့် ဒါဏ်ရာက သွေးတွေ ကျလာသည်။ အခုန တုန်းက ဦး ကျော်ဒင် ဆီမှာ မြင်ခဲ့ရသည့် သွေးတွေကို မျက်လုံးထဲမှာပြန်မြင်ယောင်ရင်း နောက်တချက်ထပ်ပြီး ထိုးလိုက် ၏။ စူးအောင့်အောင့် နာကျင်မှုက ကျွန်မ၏ ဝေဒနာတွေကြားကို ဖြတ်သန်းတိုးဝင်သွားသည်။ ဒီဝေဒနာတွေ မြန်မြန် ချုပ်ငြိမ်းသွားမှဖြစ်မည်။ ဦးကျော်ဒင် အခြေအနေက ဘယ်လိုရှိမည်မသိ။ ကျွန်မ အချိန်ကြာရှည်စွာ ပျောက်နေဖို့ မကောင်းပါ။ တွေးနေရင်း ကျွန်မ မျက်လုံးတွေရီဝေလို့ လာ ပြန်၏။ ရင်ထဲမှာ တပွက်ပွက်ဆူလာသော ဝေဒနာကို ချိုးနှိမ်ဖို့ နောက်ထပ် ခပ်သွက်သွက် ထိုးလိုက်ရသည်။ ဝေဒနာတိုးကာတက်လာသည်နှင့် အမျှ ကျွန်မ၏ ထိုးစိုက်မှုတွေက မြန်သထက်မြန်လာသည်။ ကိုယ့်ကိုယ်ကို ဘာလုပ်လို့ လုပ်နေမှန်းပင် မသိတော့ပါ။

ကျွန်မ ကိုယ်ထဲမှာ ရမ္မက်မီးက ထိန်းလို့ မရလောက်အောင်တမြိုက်မြိုက်လောင်နေသည်။ နာကျင်အောင် အ ဆက်မပြတ်လုပ်မနေဘူးဆိုရင် ရမ္မက်က ချက်ချင်းခေါင်းထောင်ထလာ၏။ ဒီဝေဒနာက ရေငတ်တာထက်ဆိုး ပါ သည်။ ပင်လယ်ရေကိုပဲ ငမ်းငမ်းတက်တောင့်တသည်။ ယောက်ျားတယောက်နှင့် လိင်ဆက်ဆံခွင့်ရဖို့ ဘာမဆို လုပ်တော့မည့် အခြေအနေကို ထိန်းချုပ်နိုင်ဖို့ နာကျင်မှုကို မကြောက်မရွံ လက်ခံယူဖို့ တလမ်းထဲသာရှိပါတော့ သည်။ ဘာကြောင့် ဒီလိုဝဋ်ကြီးရသည်ကို ခုချိန်ထိကျွန်မ နားမလည်နိုင်သေးပါ။ ဒီဘဝက မလွတ်ခင် တချိန်ချိန် မှာတော့ နားလည်ခွင့်ရရင် သိချင်ပါသေး၏။

အစပိုင်းမှာ ဝေဒနာကကြီးစိုး၏။ အဲဒီအချိန်မျိုးမှာ အသားကို အတင်းထိုးစိုက်လိုက်လို့ နာသော်လည်း နာသည် ဟု မထင်မိပါ။ နောက်ပိုင်းကျမှ ဝေဒနာကို နာကျင်မှုက ဖုံးလွှမ်းနိုင်သွားသည်။ တဖြည်းဖြည်းနှင့် ဝေဒနာတွေ လွင့်သွားသည့် အခါကျွန်မဆီတွင် ဆီးစပ်တဝိုက်မှ တစစ်စစ်နာကျင်မှုတွေသာ ရှိ တော့သည်။ နွမ်းနယ်စွာဖြင့် တံခါးကို မှီရင်း ကြည့်လိုက်ရာ ကျွန်မ အောက်ပိုင်းတခုလုံးသွေးတွေရဲနေသည်။ ကြမ်းပြင်ပေါ်သို့ လည်းသွေး စက်တွေစီးကျနေ၏။ ဝဏ္ဏရှိန် ဆီက ထွက်လာကထဲက ကျွန်မ ဒီလိုနည်းကို မလုပ် ဖြစ်တာကြာပြီ။ ခုချိန်မှာတော့ ကျွန်မမှာ ရွေးချယ်စရာမရှိတော့ ဒီနည်းပဲ သုံးဖို့ ရှိတော့သည်။

အမောဖြေနေစဉ် အောက်ထပ်ဖက်က လူသံလိုလို ခေါ်သံလိုလိုကြားရသည်။ ကျွန်မ ပြန်မထူးနိုင်သေးပါ။ ကြမ်း ပြင်မှာ အကွင်းလိုက်ပုံကျနေသည့် ထမိန်ကို ပြန်ကောက်ပြီး ကိုယ်ပေါ်က သွေးတွေကိုသုတ်ပစ်ရသည်။ တချို့ ဒါဏ်ရာတွေက သွေးတစိမ့်စိမ့် ထွက်နေဆဲဆိုတော့ အပေါ်ကနေ အဝတ်နှင့် ခပ်တင်းတင်းလေး ဖိထားရ၏။ ခေါ် သံတွေ ပို များလာတော့မှ ကြမ်းပြင်ပေါ်က သွေးစက်တွေကိုပါ ပေနေသည့် ထမိန်နှင့် သုတ်ဖျက်လိုက်ပြီး ထမိန် အသစ်တထည်ဆွဲ ဝတ်ပြီး အခန်းထဲက ကမန်းကတန်း ထွက်ခဲ့ရ၏။

သွေးစိုနေသည့် ထမိန်ကိုတော့ ကုတင် အောက်ကို ပစ်ထည့်ခဲ့သည်။

ဧည့်ခန်း အဝတွင် သက်ကြီးပိုင်း ခြံအလုပ်သမားနှစ်ယောက် နှင့် အတူ ရဲအရာရှိတယောက် ရပ်နေသည်ကို တွေ့ လိုက်ရ၏။ ရပ်ကွက်လူကြီးတွေလဲ နောက်မှာပါသည်။

“လာကြပါ၊ ထိုင်ကြပါရှင်၊ ကျွန်မ လည်းစိတ်ရှုပ်နေတာနဲ့ အခန်းပိတ်ထားလို့ အပြင်က အသံတွေ မကြား ရလို့ပါ၊ အား နာလိုက်တာ”

“ရပါတယ်၊ ကျွန်တော်တို့ လဲ အခုမှရောက်တာပါ၊ ကျွန်တော် နောက်က အခင်းဖြစ်တဲ့ နေရာ သွားကြည့်နေတုန်း အမ ကို အော်ခေါ်နေကြတာပါ”

အားလုံးကိုယ်စား ရဲအရာရှိက ပြောလိုက်ပြီး ဝင်လာထိုင်လိုက်ကြသည်။ ဆံပင်ဖရိုဖရဲနှင့် မသပ်မရပ်ဖြစ်နေသည့် ကျွန်မ အသွင်အပြင် အတွက် အားနာရသော်လည်း သူတို့ကတော့ လင်သားအတွက် ပူပန်နေရသည်လို့ တွေး ကြပုံရသည်။ စာနာသည့် အကြည့် နားလည်သည့် အမူအရာတွေတွေ့ ရ၏။

“ဆေးရုံမှာ အော်ပရေး ရှင်းလုပ်တော့မယ်လို့ ပြောပါတယ်၊ ကျွန်တော်လည်း ဆရာဝန် စစ်ဆေးချက် ယူပြီး ဒီကို တန်းလာခဲ့တာ၊ အဖြစ်အပျက်လေး စုံစမ်းရအောင်လို့”

“ဟုတ်ကဲ့ ရှင့်၊ ကျွန်မ အလုပ်သမားတွေကို ခေါ်ပေးပါမယ်၊ ကျွန်မ ကတော့ ဘာမှတောင် မသိလိုက်ရပါဘူး၊ ဟို ရောက်တော့ သွေးတွေနဲ့ လဲနေပြီ”

“ဟုတ်ကဲ့ ဖြစ်နိုင်ရင်တော့၊ မျက်မြင်တွေ့တဲ့ သူတွေကို မေးချင်ပါတယ်”

အနောက်အိမ်စုက လူတွေကိုခေါ်ခိုင်းပေးလိုက်သည်။ သူတို့ ကိုစစ်မေးချက်တွေကို နားထောင်တော့ အားလုံး ထပ်တူပင်။ ရန်ဖြစ်ကြသည်။ ဦးကျော်ဒင်က ဝင်ဖျင်ရင်း ရန်ပွဲမှာ မပါသူကို ဆွဲထိုးမိသည့် အတွက် အထိုးခံရ သည့် ကောင်လေးက နောက်ကနေ ငန်းပြားနှင့် ရိုတ်လိုက်ခြင်း ဖြစ်သည်။ အနားမှာ ရှိသူတွေကို တယောက် ချင်း မေးနေစဉ် ကျွန်မ ငြီးငွေ့စွာထိုင်နေမိ၏။ ဦးကျော်ဒင် အခြေအနေကိုလည်း သိချင်သည်။ လိုက်သွားဖို့က လည်း အဆင်မပြေ၊ ကားလည်းမရှိသလို ဒီမှာကလည်း ကိစ္စတွေ ရှိနေသည်။

ရဲအရာရှိက သူစိတ်တိုင်းကျမေးပြီးမှ တရားခံကို အမြန်ဆုံး ဖမ်းနိုင်အောင်ကြိုးစားမည့် အကြောင်းပြောပြီး ပြန် သွားသည်။

“ဖြစ်စဉ်က ရှင်းပါတယ်၊ ဘယ်သူလုပ်တယ်ဆိုတာသိနေမှတော့ ဖမ်းရုံပဲ ရှိတော့တာပေါ့၊ ဥက္ကဌ တို့ အဖွဲ့လဲ ခန လောက်လိုက်ခဲ့ပါဦး၊ ဟိုကောင်လေး မိန်းမကို ပြန်သွားမေးရအောင်၊ သူ့ယောက်ျား ဘယ်ကိုပြေးနိုင်မလဲ ဆိုတာ ကောင်မလေးဆီက သဲလွန်စရချင်ရမှာ၊ ဒေါ်ခင်မြရင်တော့ နေခဲ့ပါရပါတယ်၊ အရမ်းလဲ မစိုးရိမ်ပါနဲ့ ဦးကျော် ဒင်က အရမ်းကျန်းမာတဲ့ သူဆိုတော့ ခံနိုင်ရည် ရှိမှာပါ”

“ဟုတ်ကဲ့ ရှင့်၊ သူတို့ လိုက်ပို့ ပါလိမ့်မယ်”

သူတို့ တွေထွက်သွား ကြသောအခါ အိမ်ထဲမှာ ကျွန်မ တယောက်ထဲကျန်ခဲ့ ပြန်သည်။ ဒါဏ်ရာက သွေးတွေ စိမ့် နေဆဲလို့ ခံစားရတာကြောင့် ရေချိုးခန်းမှာ သွားပြီး ရေဆေးလိုက်ရသည်။ ထမိန် နောက်တထည်လဲပြီး ပြန်ဆင်း လာတော့ ရပ်ကွက်လူကြီး ကိုမျိုးသိန်း နှင့် အိမ်နီးချင်း မိန်းမ တချို့ရောက်နေ၏။

“ဆေးရုံက ဘာကြားသေးလဲ မခင်မြရင်”

“မကြားသေးဘူးရှင့်”

“ချာတိတ် တကောင်လောက် စက်ဘီးနဲ့ လွှတ်လိုက်ရင် ကောင်းမလား”

“ကားပါသွားတာပဲ၊ အကြောင်းထူးခြားရင် ကိုလင်း ပြန်လာပြောမှာပါ”

“ကိုလင်း ဆိုတာ”

“အကိုကြီး တူပါ၊”

“အရင်းလား”

“ဟုတ်ကဲ့”

နောက်တော့ ကျွန်မတို့ စကားဆက်မပြောဖြစ်ဘဲ တိတ်ဆိတ်စွာ ထိုင်နေမိကြသည်။ သိပ်အကြာကြီးတော့ မ စောင့် လိုက်ရပါ၊ မှန်ပြတင်းမှာ ကားမီးရောင်တန်းတခုထိုးလာ၏။

“ပြန်လာပြီ ထင်တယ်”

အိမ်ရှေ့မှာ ထိုင်နေကြသည့် အလုပ်သမားအုပ်စုလည်း လှုပ်လှုပ်ရှားရှား အသံတွေထွက်လာ၏။ ဆင်ဝင် အောက် မှာ ကားထိုးရပ်လိုက်သည့် အခါ အသံတွေပိုဆူသွားသည်။ ကျွန်မကတော့ နေရာမှာပဲ ဆက်ထိုင်နေမိ၏။ ကျွန်မ မထ တော့ ဘယ်သူမှလည်း မထကြပါ။ ကားရပ်သံကြားရပြီး ခနအတွင်းမှာပင် ဧည့်ခန်းဝမှာ ကိုလင်းပေါ်လာ သည်။ နွမ်းနယ်ပြီး စိတ်ထိခိုက်နေဟန် ပေါ်သည့် ကိုလင်း မျက်နှာကို မြင်လိုက်တာနှင့် ကျွန်မ သိလိုက်ပါသည်။

ကိုလင်း ခေါင်းခါပြလိုက်သည့် အခါ ပိုသေချာသွား၏။

ကိုမျိုးသိန်း ကတော့ ကိုလင်းနားတိုးကပ်သွား ပြီး အခြေအနေကိုမေးသည်။ ကိုလင်း ဘာပြန်ပြောလိုက်သည် ဆိုတာကို ကျွန်မ မသိပါ။ ကျွန်မကို အားပေးနှစ်သိမ့်ဖို့ အနားကို တိုးကပ်လာသူတွေကိုလည်း မကြည့်မိဘဲ အတွေး တွေထဲမှာ ချာချာလည်ဝင်သွားမိ၏။ ကျွန်မ ဘ၀ တဆစ်ချိုးပြန်လေပြီ။ တဆစ်ချိုးတယ်လို့ လည်းပြော လို့ မရပါ။ မူလ လမ်းကြောင်းပေါ် ကို ပြန်ရောက်သွား ပြန်ပြီလို့သာပြောရပါလိမ့်မည်။ ရှေ့ ဆက်ဘာဖြစ်ဦးမည် ဆိုတာ မပြောနိုင်သေး။ မဆုံးနိုင်သေးသည့် ခရီးရှည်ကြီး တခုကို တယောက်ထဲ ဆက်သွားရပေဦးတော့မည်။ ကိုယ့် အတွေးနှင့် ကိုယ်ဆိုတော့ ကိုမျိုးသိန်း ရှေ့မှာ လာရပ်ပြီး နှုတ်ဆက်တော့မှ

“…………..၊ မခင်မြရင် ပြန်ဦးမယ်နော်”

“ဟုတ်ကဲ့ ရှင့်၊ အခုလိုလာပေးတာ အရမ်းကျေးဇူးတင်ပါတယ်”

“ရပါတယ် အိမ်နီးချင်းတွေပဲ၊ ဒါနဲ့ ဒီအကိုလေးလဲ အင်္ကျ ီလဲ လိုက်ပါဦးလား၊”

ကိုလင်း အဝတ်အစားတွေမှာ သွေးတွေပေကျံနေ၏။ နည်းနည်းတောင် ခြောက်နေပြီ ဖြစ်သည်။

“ဟုတ်သားပဲ၊ ကိုလင်း အင်္ကျ ီလဲ မြင်လို့တောင်မကောင်းဘူး၊ သွားလဲလိုက်ပါ၊ ပြီးရင် အင်္ကျ ီ ကောလုံချည်ပါ ပြန်ယူလာခဲ့၊ ချက်ချင်း လျှော်ပစ်မှရမယ်”

ကျွန်မ စကားကို လက်ခံချင်ပုံမရပါ။ ထုံးစံ အတိုင်း အားနာနေတာဖြစ်သည်။

“မဟုတ်တာ၊ အားနာစရာကြီး”

“အားနာစရာ မလိုပါဘူး၊ကိုလင်းအဝတ်အစားလဲများများစားစား ပါလာတာမဟုတ်ဘဲနဲ့၊ကဲပါ မြန်မြန်သွားလဲ ခဲ့၊”

ကိုလင်း အဝတ်လဲပြီး ပြန်ဆင်းအလာကိုစောင့် နေစဉ် အိမ်နားကမိန်းမတွေ လည်းပြန်ကြသည်။ ညကလည်း တော်တော် နက်နေပြီ ဖြစ်လို့ မနက်ဖြန်ကျမှ လာရောက်ကူညီ ကြမည်ဖြစ်ကြောင်း ပြောကြပါ၏။ ကိုလင်း ပြန် လာတော့ အဝတ်တွေကိုချက်ချင်း လျှော်ဖို့ လုပ်ရသည်။

“အားနာလိုက်တာဗျာ”

“သွေး စွန်းရင် ချက်ချင်းလျှော်ရတယ် ကိုလင်းရဲ့၊ ကြာသွားရင် ချွတ်ရခက်တယ်”

အဝတ်လျှော်နေရင်း ကျွန်မ တို့ အဖြစ်က ဆန်းသည်ဟု တွေးမိသည်။  ကျွန်မ ယောက်ျားလို့ ပြောနိုင်သူ ဦး ကျော်ဒင် က လောလောလတ်လတ် ကွယ်လွန်ပြီးစ အချိန်တွင် ကျွန်မက အေးအေးဆေးဆေး အဝတ်လျှော် နေ၏။ တခြားမိန်းမတွေ ဆိုရင်တော့ ဘယ်လိုလုပ်မည် မသိပါ။ ဒါပေမယ့် ကျွန်မကတော့ ပြီးသွားတာတခုကို ပြန် မတွေးချင်တော့ ... ကိုယ်လုပ်စရာရှိတာ ကိုလုပ်နေဖို့သာ ရှိသည်ဟုပဲ သဘောထားလိုက်ပါသည်။ ဦးကျော်ဒင် အ တွက် ကျွန်မ စိတ်မကောင်းတာကတော့ အမှန်ဖြစ်သည်။ သူလည်း သူ့ အတိုင်းအတာနှင့် သူတော့ ကျွန်မ အပေါ် ကောင်းခဲ့တာတွေ ရှိသည်။ သူ၏ ဇနီး အဖြစ် ဂုဏ်သိက္ခာရှိရှိ နေနိုင်ခွင့်ကိုလည်း ပေးခဲ့သည်။ ဒါပေမယ့် မျက်ရည် ကျလောက်အောင် အထိဝမ်းမနည်းမိတာ သူ့ကို ကျွန်မ မချစ်လို့ပဲဖြစ်ပါလိမ့်မည်။ ထို့ကြောင့် သူ့ အတွက် ကြေကွဲခြင်းကြီးစွာ မဖြစ်ရသည့် အတွက် ကျွန်မလိပ်ပြာလုံပါသည်။ တကယ်လို့ ကျွန်မ သေလျှင်လည်း ဦးကျော်ဒင် ဒီလိုပဲနေလိမ့် မည်ဟုယုံကြည်ပါသည်။ ထို့ကြောင့် ကိုလင်း အဝတ်တွေ လျှော်ပေး ပြီးသည်နှင့် စောစော က ကျွန်မ၏ သွေးပေ ထမိန်တွေကိုပါ သွားယူလျှော်လိုက်သည်။

ဘာဖြစ်လာမည်မှန်း မသိသည့် အခြေအနေတွင် လုပ်စရာရှိတာလုပ်နေတာက အကောင်းဆုံး ဖြစ်သည် မဟုတ် ပါလား။

............................

ဦးကျော်ဒင် ကွယ်လွန်သည့် အတွက် ကိုလင်းလည်း စိတ်မကောင်းဖြစ်ရမည် ထင်ပါသည်။ သူ့ အပေါ်ထားသည့် ဦးကျော်ဒင်၏ သံယောဇဉ်ကို ကိုလင်းလည်း ခံစားမိမည်ပင်။

ဒါပေမယ့် ကိုလင်းပုံစံ က ထုံးစံ အတိုင်းအေးအေး ဆေးဆေး ပင်ရှိနေသည်။ ကျွန်မ ကို တတ်စွမ်းသမျှ အားပေးသလို သူမပြန်သေးပဲ နေပေးဦးမည်လို့ လည်း အလိုက် တသိပြောရှာပါသည်။

ကိုလင်း၏ မူလ အစီအစဉ် က သုံးလေး ရက်လောက်ပဲ နေဖို့ မှန်း သိနေလို့ ကျွန်မ အားနာရသည်။

“ကိုလင်း အလုပ်ပြန်ဝင်ရမယ် ဆို”

 “မှီပါတယ်၊ မခင်မြရင်၊ ကျွန်တော်က ဦးလေး တူ အရင်းပါ၊ ဘာမှအားနာမနေနဲ့”

အားမနာ ပါနှင့်ဟုပြောလာတော့ ကျွန်မ ကလည်းသိပ်ပြီးအားနာပြနေလို့ မရပါ။ ကိုလင်းအကြောင်းကို ကျွန်မ ကောင်းကောင်း သိသည်။ ကျွန်မက သူ့ကို အားနာနေမှန်း သိရင် ထိုအတွက် သူက ကျွန်မ ကိုပြန်ပြီးအားနာ နေ မည့်သူဖြစ်သည်။

 “ရက်လည် ပြီးရင်တော့ သွားမှဖြစ်မယ် မခင်မြရင်”

ကျွန်မ လည်းသွားရမှာပါ ဟု စိတ်ထဲကနေ ကျိတ်ပြီးပြောဖြစ်သည်။ ရက်လည်သည် အထိနေပေးတာကိုပဲ ကျေး ဇူးတင်ပါသည်။ ကိုလင်း က ဦးကျော်ဒင်၏ အနီးဆုံးဆွေမျိုး ဖြစ်တဲ့ အပြင် သူမရှိရင် အိမ်ရှင် အနေနှင့် ကျွန်မ တ ယောက်ထဲ ဖြစ်နေမှာကလည်း ရှိသေးသည်။ ဒါကြောင့် ကိုလင်း ရှိနေတာကျွန်မ အတွက် လူမှုရေးအရ ကောင်း ပါ၏။ ခံစားချက် အရတော့ မကောင်းပါ။ အချစ်ဆုံးသူနှင့် တမိုးထဲ တအိမ်ထဲမှာ တူတူနေရပြီး သူတစိမ်းတွေလို နေရသည့် အဖြစ်က ဆိုးသည်။ အမြဲလို လွမ်းဆွတ်တသ နေရသူနှင့် ဆယ်ရက်လောက် တူတူနေပြီးရင် ကိုယ့် လမ်း ကိုယ်သွားခွဲခွာကြရတော့မည့် အဖြစ်ကိုလည်း တွေးတိုင်းငိုချင်၏။ မဆုံနိုင်ရမည့် တူတူ ပြန်မတွေ့ချင်ပါ။ မတွေ့တွေ့ အောင်လုပ်ပေးသည့် ကံကြမ္မာကိုသာ စိတ်က အငြိုးတွေဖွဲ့ချင်မိ၏။

ဘာမှ မသိရှာသည့် ကိုလင်းကတော့ သူတတ်သမျှမှတ်သမျှ ဖြင့် ကျွန်မကို ကူညီဖို့ ကြိုးစားပါသည်။ ဒါပေမယ့် သူလည်း နာရေးကိစ္စမှာ ဘာမှ မသိ၊ မလုပ်တတ်။ တယောက်ထဲကာလကြာမြင့်စွာနေလာခဲ့ သူပီပီ ကိုလင်း မှာ သာရေး နာရေးနှင့် ပတ်သက်ပြီးအတွေ့ အကြုံ မရှိပါ။ ဒါကို ပွင့်ပွင့်လင်းလင်းပြောပြသည်။

“မခင်မြရင် ကျွန်တော်တော့ ဘာမှ မသိဘူးနော်”

“ကျွန်မ လည်း တူတူပါပဲ ကိုလင်းရယ်”

ကျွန်မ တို့ နှစ်ယောက်က ဘာမှမသိကြသည့် အပြင် ဒီအရပ်မှာ နှစ်ယောက်လုံးတစိမ်းတရံ တွေဆိုတော့ ကျွန်မ တို့ ချည်းသာဆိုရင် ဦးကျော်ဒင် ၏ဈာပန ချောချောမွေ့မွေ့ ရှိချင်မှရှိပါမည်။ ရပ်ကွက်က လူတွေနှင့် အလုပ်သမား တွေက ကိုယ်ဖိရင်ဖိစီစဉ် ပေးကြလို့သာတော်တော့၏။ အရပ်ကောင်းမှ အလောင်းလှ ဆိုသည့် ရှေးစကားကို အခုမှ သေသေချာချာနားလည်ရတော့သည်။

ယောင်ချာချာဖြစ်နေသည့် ကိုလင်း တယောက် သဂြိ ၤုလ် သည့်နေ့မှာ သူတို့ အမျိုးတွေရောက်လာမှ နည်းနည်း အလုပ်ရသွားကြသည်။ အမျိုးတွေကလည်း သဂြိ ၤုလ် ပြီးတာနှင့် နေ့ကူးအောင်ပင် မနေဘဲပြန်သွားကြသည်။ ဒါ တွေကြောင့်လည်း ဦးကျော်ဒင်က အမျိုးတွေ အကောင်းမပြောတာဖြစ်မည်။ ကိုလင်းကတော့ ဆွေမျိုးတွေ အ တွက်ဖာထေးပြောရှာပါသည်။

“သူတို့လဲ အလုပ်များကြလို့ပါ”

ကျွန်မ ပြုံးလို့ပဲနေလိုက်ပါသည်။ သူတို့တွေ လာတာကို ဦးကျော်ဒင် သိရင်ကြိုက်ချင်မှတောင် ကြိုက်လိမ့်မည် ဟု ပြောလိုက်ချင်သော်လည်း မပြောဖြစ်ပါ။ သဂြိ ၤုလ်သည့်ကိစ္စပြီးသွား ပြန်တော့ ရက်မလည်ခင်ရက်တွေမှာ လုပ်စ ရာက ပါးသွားပြန်သည်။ ကျွန်မက ဧည့်သည်တွေကို လက်ခံရ၊ စားရေးသောက်ရေး စီမံရ၊ ငွေထုတ်ပေးရ၊ စာရင်းမှတ်ရနှင့် သိပ်မသိသာသော်လည်း ကိုလင်းတယောက်ကတော့ ယောင်ချာချာ ဖြစ်နေရှာ၏။ ဟိုသွားလိုက် ဒီသွား လိုက်၊ အိပ်လိုက် နှင့် လုပ်နေရရှာသည်။ တခါတလေ ကျွန်မ နှင့်တောင် သိပ်မတွေ့ပါ။ တအိမ်ထဲမှာပင် ဟို ရောက် ဒီရောက် နှင့် လူချင်းလွဲနေတတ်သည်။

ညဆိုရင်လည်း ဝေဒနာချိန်တွေမှာ ကျွန်မက အခန်းအောင်းရသည်။ ဝေဒနာ တက်ခါနီးပြီဆိုရင် လုပ်စရာရှိတာ တွေ မြန်မြန်ဖြတ်ပြီး အခန်းထဲကိုပြေးကာ ဝေဒနာကို စောင့်ရသည်။ စလာပြီဆိုတာ နှင့် အပ်နှင့် ထိုးရတော့ သည်။ ဝေဒနာကိစ္စ ပြတ်ပြီဆိုမှ သန့်ရှင်းရေးလုပ်၊ အဝတ်အစားပြန်လဲပြီး အပြင်ကို ထွက်ရသည်။ ကံကောင်း ထောက်မစွာပင် ကျွန်မ ပျောက်သွားတတ်တာကို ဘယ်သူမှ သတိမထားမိကြပါ။ ဒါပေမယ့် ထူးထူးခြားခြား ကို လင်း ကတော့ သတိထားမိနေသည်။

“ခန သွားမှေးတာ ထင်တယ်၊ ဘာလို့ ပြန်ထလာရတာလဲ၊ လုပ်စရာအလုပ်မှ မရှိတာ အိပ်နေလိုက်ပေါ့”

“ရပါတယ်”

ဒီရက်ပိုင်းမှာ ချုံးကျသွားသည့် ကျွန်မကို စေတနာနှင့် ကိုလင်းပြောတာ ဖြစ်ပါသည်။ မှန်ရာကို ဝန်ခံရလျှင် ဦး ကျော်ဒင် ကွယ်လွန်ပြီးနောက်ပိုင်း ကျွန်မကိုယ်ကျွန်မ ပိုနှိပ်စက်မိသည်။ ဝေဒနာချိန်မှာ သွေးထွက်သံယိုဖြစ် အောင် လုပ်ရတာမျိုး အပြင် အစားအသောက်လည်း ဟုတ္တိပတ္တိ မစားဖြစ်။ ညဖက်ဆိုလည်း မအိပ်ဖြစ်ပါ။ အိပ် ဖြစ်တာကလည်း တနေ့မှ တနာရီလောက်သာရှိသည်။ ဒါကြောင့် လူကတော်တော်ကြည့်ရဆိုးနေမှန်း ကျွန်မ သိ သည်။ သိပေမယ့် စားချင်စိတ် အိပ်ချင်စိတ်က ဘယ်လိုမှ ပေါ်မလာသည့် အတွက် ကျွန်မ လည်းမတတ်နိုင်ပါ။

အကြောင်း မသိသူတွေကတော့ ဦးကျော်ဒင် အတွက် ပူဆွေးသောကရောက်နေခြင်းလို့ ထင်ကြလိမ့်မည်။ အဲဒီ အတွက် မဟုတ်မှန်း ကျွန်မ ဖါသာပဲသိပါ၏။ကျွန်မ က လူမ ဟုတ်သော်လည်း ကျွန်မ၏ ကိုယ်ခန္ဓာက လူလို အသွေးအသားတွေနှင့် ဖွဲ့စည်းထားတာဖြစ် သည်။ မသေနိုင်မှန်း သိလို့တေပေ နေခြင်းကို ကိုယ်ခန္ဓာက မလိုက်နိုင်တော့သည့် အချိန်မှာ ကျွန်မ မူးလဲတော့ ၏။ လှေခါးတက်ရင်း ခေါင်းထဲမှာ မိုက်ကနဲဖြစ်သွားပြီး အောက်ကို ဝရုန်းသုန်းကား ကျသွားသည်။ မလဲခင် ကို လင်းနှင့် စကားပြောနေသလိုလို အသိလေးပဲ သိလိုက်သည်။ သတိပြန်ရလာတော့ ကျွန်မကို လူတွေဝိုင်းအုံနေ ပြီး စိုးရိမ်တကြီးကြည့်နေသည့် ကိုလင်းကိုလည်းတွေ့ရသည်။ ခြေထောက် နည်းနည်းနာတာအပြင် ဘာမှ မဖြစ် ကျရင်လည်း အပေါ်ဆုံးက ကျပါတော့လားဟု လှေခါးကို မကျေမနပ် မော့ကြည့်မိသည်။ ဒါက သေစေလိုလို့ ကျွန်မ တမင်လုပ်တာမဟုတ် သူ့ဖာသာ အလိုအလျောက်မူးလဲ ခြင်းဖြစ်သည်။ အပေါ်ဆုံးကနေသာ ပြုတ်ကျရင် သေလောက်သည်ဟု ကျွန်မ မချင့်မရဲတွေးနေမိပါသည်။

ဒီရက်တွေ ထဲမှာ ကျွန်မ နှင့် ကိုလင်း စကားတွေ ပြောဖြစ်တာတွေလည်း ရှိသည်။ အများအား ဖြင့်တော့ ဦးကျော် ဒင် အကြောင်း ဖြစ်သည်။ ကျွန်မ နှင့် ဦးကျော်ဒင် ဘယ်လို ဆုံတွေ့ကြသည်ကို ကိုလင်း မမေးပါ။ မေးရင် ကျွန်မ အဖြေရခက်မှာ သေချာ၏။ လုပ်ဇာတ်တခုကို လွယ်လွယ်ပြောလို့ ရပေမယ့် ကိုလင်း ကို မုသားတွေ မပြောရက်၊ မ ပြောချင်ပါ။ ကိုလင်းက တော့ သူသိသမျှ ဦးကျော်ဒင် အကြောင်းပြောပြသည်။ အမှန်ကိုဆိုရလျှင် ပြောပြသူက ကိုလင်း ဖြစ်နေလို့သာ နားထောင်ပေးခြင်း ဖြစ်ပါသည်။ ဦးကျော်ဒင်၏ ဟိုတုန်းက အတိတ်အကြောင်းတွေကို ကျွန်မ လုံး၀ စိတ်မဝင်စားပါ။ ဒါပေမယ့် ကိုလင်းက စိတ်ရှည်လက်ရှည် နှင့် ပြောပြတော့လည်း နားထောင်ရပါ သည်။ ကျွန်မ အရင်က မသိခဲ့သည့် ကိုလင်း၏ မိဘတွေ အကြောင်းနှင့် ကိုလင်း ငယ်စဉ်က အကြောင်းကို သိရ တာ တခုတော့ ကျွန်မ ကျေနပ်မိပါ၏။

ရက်လည်ဆွမ်းကပ်ပြီးတော့ တရားနာ အလှုကို ရေစက်ချသည့် အခါ ကိုလင်းကို အကူအညီတောင်းရ၏။ ကျွန်မ က ကိုယ်တိုင်ရေစက်ချ အမျှဝေနိုင်သူ မဟုတ်မှန်း မသိသည့် ကိုလင်းကတော့ ငြင်းပါသည်။ ကျွန်မ အတင်းတိုက် တွန်းတော့မှ ရေစက်ချအမျှဝေပေး၏။ ဆရာတော် ဟောသည့်တရားတွေကို ကျွန်မ ကြားသော်လည်း ဘာတွေ ဟောနေမှန်း ကျွန်မအာရုံက လုံး၀ မသိပါ။ လုံးဝနားမလည်။ အမျှဝေကြ၊ သာဓုခေါ်ကြသည့် အခါ ကျွန်မ တ ကိုယ်လုံး စိမ့်နေအောင်တုန်၏။ ရင်ထဲ က ဘယ်လောက်စိမ့်စိမ့်၊ ဘယ်လောက်တုန်တုန် အပြင်မှာ ဟန်မပျက်ရ အောင် မနည်းကြိုးစားပြီးထိန်းရသည်။ ဒီတကြိမ်မှာ အားပေးမည့် မမမြတ်ကလည်း အနားမှာ ရှိမနေပေ။ ကိုယ့် ဖာသာပဲ ကြိုးစားပြီး စိတ်ကို တည်ငြိမ်အောင်လုပ်ရသည်။

“ကျေးဇူးတင်ပါတယ် ကိုလင်းရယ်”

 “ဟာ ၊ မခင်မြရင်ကလဲ၊ ဒီလောက်လေးများ၊ ပြောသာပြောရတယ် ရှေ့ဆုံးမှာထိုင်ပြီး ဒီလို အကျပန တရားနာ တာ ရေစက်ချတာ ဒါပထမဆုံး လုပ်ဖူးတာပဲ”

တုန်လှုပ်နေပုံရသည့် ကျွန်မကို နှစ်သိမ့်ပြုံး နှင့် ကြည့်ရင်း ကိုလင်းပြော၏။ ကျွန်မ ကတော့ မနက်ဖြန်ဆို သူပြန် တော့မည်ဟု တွေးပြီး ကြေကွဲနေမိပါသည်။ ကျွန်မ တို့ခွဲရဦးမည်။

ပြန်ဆုံတွေ့ ဖို့ ဆိုတာဘယ်လိုမှ မမှန်းဆနိုင် သည့် အရာဖြစ်သည်။ တွေ့နေတုန်းကလည်း မြင်နေရလို့ ခံစားရသည်။ ခွဲရရင်လည်း လွမ်းဆွတ်တသနေရ ဦး မည်။ ပေါင်းစပ်ခွင့်မရှိသည့် အချစ်တွင် ပျော်စရာ ဆိုတာ ဘယ်လိုမှမရှိဟု ကျွန်မ ရင်နာနာ နှင့် တွေးနေမိပါ သည်။

ပြန်တော့မည် ဆိုပေမယ့် ကိုလင်းလည်း စိတ်ဖြောင့်သည့်ပုံမပေါ်ပါ။ မှီရာကားနှင့် ညနေပြန်မည်ဟု ပြောထား ပြီးမှ နောက်နေ့ မနက်မှ ပြန်ဖို့ ကျွန်မ အမှတ်တမဲ့ ပြောလိုက်တာကို ချက်ချင်း လက်ခံ သဘောတူသည်။ကျွန်မ တယောက်ထဲ ဒီအိမ် ဒီခြံကြီးထဲမှာ ကျန်နေခဲ့တော့မည့် အဖြစ်အတွက် သူခေါင်းခြောက်နေပုံရသည်။ သူလည်း ဘယ်လိုမှ မကူညီနိုင်သည့် အခြေ အနေ ဆိုတော့ ကျွန်မ အတွက်သူ စိုးရိမ်နေတာ ရိပ်မိသည်။ ဒါကြောင့် တနေ့ လုံး သူ့ရှေ့မှာ ပေါ့ပေါ့ပါးပါးနေ ပြ ရသည်။ ဟန်လုပ်နေရသော်လည်း တကယ်တော့ ကျွန်မ ပင်ပန်းပါသည်။ ကို လင်းကတော့ ကျွန်မ၏ အမူအရာ တွေကိုကြည့်ပြီး နည်းနည်းတော့ စိတ်အေးသွားပုံရသည်။

ညနေခင်း လူရှင်းသွားချိန်တွင် ကိုလင်း အမူအရာတမျိုးကြီး ဖြစ်နေသည်။ ကျွန်မ နှင့် သူ နှစ်ယောက်ထဲ ဒီအိမ် ကြီးထဲမှာ ရှိနေသည့် အတွက် အားနားပြီး အနေခက်နေကြောင်းကျွန်မ ရိပ်မိပါသည်။ ခြံထဲက မိန်းကလေးတွေ ကို အဖေါ်ခေါ်ဖို့ လည်း ကျွန်မ မေ့နေခဲ့ပါ၏။ ကိုလင်း ကိုမြင်တော့မှ သတိရသည်။ အခုမှတော့ ခေါ်လိုမဖြစ်တော့ ပါ။ အခုမှ သွားခေါ်ရင် ကိုလင်း၏ သိက္ခာကို မယုံကြည်သလိုဖြစ်သွားမှာ လည်းစိုးသည်။ ကိုလင်း စိတ်မှာ စနိုးစ နှောင့် ဖြစ်တာနှင့်စာရင် သူ့ထုံးစံ အတိုင်းအားနာနေတာကမှ ကောင်းသေးသည်ဟု ကျွန်မ တွေးမိပြီး ဘယ်သူမှ မခေါ်တော့ဘဲ ဒီအတိုင်းနေလိုက်ပါသည်။

ထမင်းစားချိန်တန်တော့လည်း ရောက်မလာပါ။ ပြတင်းပေါက်က ချောင်းကြည့်လိုက်တော့ အိမ်ရှေ့ ခုံတန်းလျား မှာ ထိုင်နေတာကိုတွေ့ရသည်။ သူ့ပတ်ဝန်းကျင်မှာလည်း မီးခိုးငွေ့တွေ ရစ်ဝဲနေသည်။ ကျွန်မ နှင့် နှစ်ယောက် ထဲ မစားချင်လို့ မလာတာဖြစ်မည်ကို တွေးမိပြီး ကျွန်မ ဖာသာပဲ ထမင်းစားလိုက်ရသည်။ ပြီးမှ သူ့ကိုခေါ်ကျွေး တော့မည်။

ကျွန်မ စားပြီးသည် အထိကိုလင်းပေါ်မလာပါ။ လာမလားလို့ စောင့်နေရင်း ညရှစ်နာရီလောက် ရောက်သွား တာ နှင့် မနေနိုင်ပဲ ထွက်ခေါ်ရပါတော့သည်။ ဒီတော့မှ ဝင်လာပြီး စားသည်။ ကျွန်မ ဘေးမှာ ထိုင်ကြည့်နေတာကို မြင် တော့

“မခင်မြရင် မစားဘူးလား”

“စားပြီးပြီ၊ ခါတိုင်းစားနေကျ အချိန်ဘဲစားလိုက်တယ်”

“ကျွန်တော့်ကို စောင့်ကျွေးရတာ ပေါ့၊ ဆောရီးဗျာ၊ ကျွန်တော်လဲ ထိုင်ကောင်းကောင်း နဲ့ ထိုင် နေတာ”

“ရပါတယ်၊ အပန်းကြီးတာမှ မဟုတ်တာ၊ ဘာမှ အားနာ စရာမရှိပါဘူး၊ ကိုလင်းကလဲ”

“အားနာတာ တော့ မဟုတ်ဘူးပေါ့ဗျာ၊ ဒါပေမယ့် ဘာခေါ် မလဲ ….”

သူဘာကိုပြောချင်တာကို သိလို့ ရယ်ချင်မိသည်။ အိုးကမပူ စလောင်းက ပူနေရသလားလို့ ကိုလင်းကို ကျွန်မ မပြောရက်၊ မထင်ရက်ပါ။

“ပြောမနေပါနဲ့၊ ကျွန်မ ကိုလင်း အကြောင်း သိပါတယ်”

 “ဘာတွေသိတာလဲ”

“ကိုလင်း အခု ကျွန်မ ကိုအားနာနေတယ် မဟုတ်လား”

“ဗျာ… အဲဒါကတော့”

“ထမင်း စောင့်ကျွေးရတာ ကိုပြောတာ မဟုတ်ဘူး၊ ဒီည အိမ်မှာ ကျွန်မတို့ နှစ်ယောက်ပဲ ရှိ လို့ မနေတတ် မထိုင်တတ် အားနာနေတာကို ပြောတာ”

ကိုလင်းငြိမ်သက်သွားသည်။

“ကျွန်မ စဉ်းစားပါသေးတယ်၊ ခြံထဲက မိန်းမဖေါ် တယောက်ခေါ်ဖို့၊ ဒါပေမယ့် ကျွန်မ မခေါ် တော ့ဘူး၊ မ ခေါ်ချင်ဘူး၊ ဒါကလဲ ကျွန်မအကြောင်းနဲ့ ကျွန်မပါ၊ နောက်ပြီး ကိုလင်းကလည်း မယုံကြည်ရ တဲ့ သူမှ မ ဟုတ်တာ၊ ကိုလင်း လူကောင်းဆိုတာ ကျွန်မသိနေတာပဲ”

“ခုလို ယုံကြည်လို့ ကျေးဇူးတင်ပါတယ်”

“ကိုလင်း အခုလို အနေခက်နေတာ ကိုလင်းအတွက် မဟုတ်ဘူး၊ ကျွန်မအတွက် ဆိုတာလဲ သိပါတယ်၊ ကျွန်မအတွက် နဲ့တော့ ခေါင်းရှုပ် မခံပါနဲ့ ကိုလင်းရယ်”

“ကိုယ့်ကိုယ်ကို သူတော်ကောင်းရုပ်ဒီလောက်အထိပေါက်မှန်း မသိပါဘူးဗျာ၊ တွေ့တာ ရက် ပိုင်းလောက်ပဲ ရှိသေးတဲ့ သူက ဒီလိုပြောတယ် ဆိုတော့”

 “ကိုလင်း ကို ယုံပါတယ်၊ ကျွန်မ ကိုယ်ကျွန်မ သာ မယုံတာ”

“ဗျာ”

ဘာကြောင့် ဒီလိုပြောလိုက်မိမှန်း ကျွန်မ မသိပါ။ ကိုလင်းလဲ ပါးစပ် အဟောင်းသားဖြစ်သွား၏။ ကျွန်မ၏ ဝေဒနာ ချိန်တွေ ကိုရည်ရွယ်ကာ ပြောမိလိုက်သလားလို့တော့ မပြောတတ်။ကိုယ့်အပြစ်နှင့် ကိုယ်ဆိုတော့ စကားမြန်မြန် လွှဲလိုက်ရသည်။

“နောက်တာပါရှင်၊ ကဲ ကဲ၊ ပန်းကန်လဲ ပြောင်နေပြီ၊ ထမင်းထပ်ယူဦးမလား”

“တော်ပါပြီ”

ကျွန်မ စကားကြောင့် ကိုလင်းရင် ပြည့်သွားသည်ထင်ပါသည်။ ထမင်းစားတာကို မြန်မြန်လက်စသပ်လိုက်၏။ထမင်းစားပြီးတော့ ကိုလင်း အိမ်ပြင်ထွက်သွားပြန်သည်။ စီးကရက်သောက်ရန်ဟု အကြောင်းပြသည့် အတွက် ကျွန်မ ဘာမှပြောမနေတော့ပါ။ ဒီတကြိမ်မှာလည်းတော်တော်နှင့် ပြန်ဝင်မလာပါ။ ဆေးလိပ်သောက်ရင်း ငေးနေ သည်ကို အိမ်အခန်း တခု၏ ပြတင်းပေါက်ကနေ ကျွန်မ မြင်နေရသည်။ ကိုလင်း မထသည့် အတွက်ကျွန်မ လည်း မထဘဲ သူ့ကို ခန်းဆီး အကွယ်ကနေ ကြည့်နေမိ၏။ မနက်ဖြန်ကျရင် ခွဲသွားတော့မည့် ချစ်သူကို ကျွန်မ ကြည့်နေချင်ပါသေးသည်။

တကယ်တော့ ကျွန်မ အပေါ်ကိုတက်သင့်နေပြီ ဖြစ်သည်။ ကျွန်မ၏ ဝေဒနာချိန်က နီး ကပ်လာနေပြီ ဖြစ်သည်။ ကိုယ့်ဖက်က နှိမ်နင်းဖို့ လက်ဦးမှု မရယူနိုင်လျှင် အနီးဆုံးယောက်ျားဖြစ်သည့် ကိုလင်း ကို အရှက်ကင်းမဲ့စွာ မြုဆွယ်မိမှာ မျိုးကို မလိုလားပါ။ ဒါပေမယ့် ဝိုးတဝါး မြင်နေရသည့် ကိုလင်း၏ မျက် နှာက နေရာက မထဖြစ်အောင် ဆွဲဆောင်ထားသည်။

ကိုလင်းက ကျွန်မ အတွက် အမြဲတမ်းထွက်ပေါက်ပေးခဲ့သူဖြစ်သည်။ အခုလည်း ထိုင်နိုးနိုး၊ အပေါ်တက်ရနိုးနိုး နှင့် ဖြစ်နေချိန် တွင် သူက ထိုင်ရာက ငေါက်ကနဲ ထလာပြီး အိမ်ပေါ်တက်သွားသည်။ ဒါပေမယ့် ပြန်ဆင်းချင် ဆင်းလာနိုင်လို့ နေရာက မထနိုင်သေးဘဲ အခြေအနေကို စောင့်ကြည့်နေရသည်။ ကျွန်မ ဝေဒနာချိန် မလွန် မြောက်သေးသရွေ့ ကိုလင်း နှင့် မျက်နှာချင်း မဆိုင်လိုပါ။ သူပြန်ဆင်း လာမလားဟု ရင်တထိတ်ထိတ် နှင့် စောင့် ကြည့်နေရင်း ဝေဒနာ၏ ရှေ့ပြေးဖြစ်သော ငိုက်မြည်းခြင်းက စလာသည့် အတွက် ကိုလင်းနှင့် လမ်းမှာ မဆုံရ အောင် ကျွန်မ အိပ်သည့် အခန်းလေးဆီကို ကသောကမျောပြေးရတော့သည်။ ကံကောင်း ထောက်မစွာဖြင့် ကို လင်းနှင့် မတိုးဘဲ အခန်းထဲရောက်သွားသည်။

အခန်းထဲရောက်တာနှင့် စိတ်အချရဆုံး ဖြစ်အောင် တံခါးက ချက်နှစ်ခုလုံးကို ထိုးထားလိုက်ပြီး အိပ်ရာအောက်က အပ်ကို အလျှင်အမြန်ဆွဲထုတ်ကာ ထမိန်ကိုတောင် မချွတ်နိုင်တော့ဘဲ ပေါင်ကိုထိုး စိုက်ချလိုက်သည်။ ဝေဒနာ ပျိုး ခါစဆိုတော့ အသဲခိုက်လုအောင်နာသည်။ မျက်လုံးထဲမှာ မျက်ရည်တွေဝိုင်းလာတာကိုတောင် ဂရုမထား တော့ဘဲ နောက်ထပ်ပေါင် တဖက်ကို ထိုးစိုက်လိုက်၏။ ကျွန်မ လက်ဦးချင်သည်။ ကိုလင်းရှိနေချိန်မှာ ဘယ်လို ရုပ်ပျက်ဆင်းပျက် အဖြစ်မျိုးကိုမှ လက်မခံနိုင်ပါ။

“အား”

အံကြိတ်ကာ ညည်းရင်း ထမိန်ကို ချွတ်ပစ်လိုက်သည်။ ပြီးတော့မှ ခုနလောက်အား မသုံးတော့ဘဲ ဆီးခုံ အောက် ဖက် နားကို ခပ်မှန်မှန်လေး ထိုးနေလိုက်သည်။ စစ်ကနဲ စူးကနဲ နာကျင်မှုတွေ နှင့် အတူ မျက်ရည်တွေ တပေါက် ပေါက် ကျလာသည်။ နာလို့ ကျသည့် မျက်ရည်တွေ မဟုတ်မှန်း ကျွန်မ ကြေကွဲစွာသိနေရပါသည်။ကျွန်မ၏ ဝဋ် ကြွေး နှင့် အဖြစ်ဆိုးတွေ အတွက် ဝမ်းနည်းစရာ မကျန်တော့ပါ။ ဒီဘ၀ ကို ရောက်ကထဲက ငိုခဲ့ရသည့် မျက်ရည် တွေများလွန်းလို့ ကုန်ခမ်းသွားခဲ့ပါပြီ။ အခုငိုမိတာက ကံဆိုးသည့် ကျွန်မ၏ အချစ်အတွက်၊ နောက်ပြီး မနက်ဖြန် ဆိုရင် ကိုလင်းနှင့် ခွဲခွာ ရတော့မည့် အတွက်ကျသည့် မျက်ရည်တွေသာဖြစ်ပါ၏။

..............................................................................

အခန်း (ဆ)

အိပ်ပျော်သလို နိုးနေသလို ဖြစ်နေရာမှ နားထဲမှာတီးတိုးတီးတိုး နှင့် စကားပြောသံတခုကို ကြားလိုက်ရလို့ အား တင်းပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ကျွန်မ ခြေရင်းမှာထိုင်ပြီး စိုက်ကြည့်နေသော ကိုငြိမ်းချမ်း ကိုမြင်လိုက် ရသည်။ ပါးစပ်ကလည်း ဆီမန်းမန်း သလိုတတွတ်တွတ် နှင့် တစုံတရာကို ရေရွတ်နေသည်။ နဖူးပြောင်ပြောင် အသားမည်းမည်း နှင့်ကိုငြိမ်းချမ်းက ရုပ်ဆိုးပေမယ့် စိတ်ကောင်းရှိသူတယောက်လည်း ဖြစ်ပါသည်။ ဗိုက်ပူပူ၊ ၀၀ ဖိုင့်ဖိုင့် ကိုယ်လုံးကြီးနှင့် မလိုက်အောင် စိတ်ထားနူးညံ့သူတယောက်လည်းဖြစ်၏။

ဒါကြောင့် သူ့ တိုက်ခန်းမှာ တပတ်လုံးလုံး ညစဉ်လာနေဖို့ ဖိတ်ခေါ်ချက်ကို ကျွန်မ လက်ခံခဲ့ပါသည်။

“ဘာတွေ ဆိုနေတာလဲ၊ ဂါထာရွတ် နေတာလား”

“အာ…. ပေါက်တီး ပေါက်ရှာ၊ ကဗျာရွတ်ကြည့်နေတာပါ”

“ဘာကဗျာလဲ”

“ခုလေးတင်မှ နင့် ကိုကြည့်ပြီးရေးလိုက်တဲ့ ကဗျာ”

“ကျွန်မ ကို”

မေးရင်း နှင့် ထထိုင်လိုက်ရာ ကိုငြိမ်းချမ်းက ရင်ဘတ်ကနေတွန်း ပြီး ပြန်လှဲခိုင်းသည်။

“ဒီတိုင်းပဲ အိပ်နေစမ်းပါ၊ အဲလိုနေမှ ကဗျာက ရေးလို့ကောင်းတာ၊ နင့်ကို စကားပြောနေတာနဲ့ နောက်က အပိုဒ် တွေတောင် ခေါင်းထဲက ပျောက်ကုန်ပြီ”

ကျွန်မ အိပ်တာနှင့် သူ့ ကဗျာ ဘာဆိုင်လဲတော့ မသိပါ။ တခုတော့ ရှိသည် ကျွန်မ က ကိုယ်လုံးတီး နှင့် အိပ် နေ မိခြင်း ဖြစ်သည်။ ခုနလေးတင်မှ ကိုငြိမ်းချမ်း နှင့် ချစ်ပွဲဝင်ပြီး နွမ်းနယ်စွာ ဖြင့် အိပ်ပျော်သလိုလို ဖြစ်သွားခဲ့သည်။

“အင်္ကျ ီပြန်ဝတ်မလို့”

“မဝတ်ပါ နဲ့ ဦးဟာ”

“ဟာ …ကျွန်မ မရတော့ဘူး၊ ညသန်းခေါင်ကျော် နေပြီ၊ အကိုလဲ မနက်ကျရင် လေဆိပ်ဆင်းရဦးမယ်ဆို”

“မလုပ်တော့ပါဘူး ကျေးဇူးရှင်မရယ်၊ လုပ်မိရင် နောက်တနေ့ကျတော့ စင်္ကာပူကို ဒူးထောက်ဝင်သွားရ ဦး မယ်”

သူ့စကား သူသဘောကျပြီး ရယ်နေသည့် ကိုငြိမ်းချမ်း အသွင်ကခင်မင်စရာကောင်းသည်။ ကျွန်မ ပတ်သက်ခဲ့ ဖူး သည့် ယောက်ျားပေါင်းများစွာထဲမှာ မိန်းမပျက်မှန်း သိသိနှင့် ကျွန်မကို လူလူသူသူ ဆက်ဆံသူမှာ သူတယောက် သာတွေ့ ခဲ့ ဖူးသည်ဟုထင်မိပါသည်။ ကဗျာ ဆရာ အနုပညာသမားဆိုတော့ စာနာတတ်သည့် နှလုံးသားရှိပုံရ၏။

“အကိုက ကဗျာ ဆရာလား”

“တောက်တီးတောက်တဲ့၊ ဝါသနာတော့ ပါတာပေါ့ဟာ၊ စိတ်ကူးပေါက်ရင်ရေးကြည့်တာမျိုးပါပဲ”

ကျွန်မ ကိုကြည့်ပြီး သူဘာတွေရေးသည်ကို သိချင်လာသည်။

“အကို့ ကဗျာ ပြောပြပါလား”

“အစ တပိုဒ်ပဲ ရှိသေးတယ်ဟ၊ နောက်ပိုင်း စဉ်းစားနေတာတွေ နင်နဲ့ လေဖောလိုက်တာနဲ့ ပျောက်ကုန်ပြီ”

“ဒါဆိုလဲ ရတဲ့ ဟာပဲပြောလေ”

ကျွန်မ ကို ပြုံးစိစိ နှင့် တချက်ကြည့်ပြီးနောက် မျက်နှာကျက်ကိုမော့နေသည်။ ခနနေတော့မှ အသံ ခပ်လေး လေး နှင့် ရွတ်ပြသည်။

“နား ထောင် …..စိမ်းမှောင်တဲ့ တောတန်းက

                     ကမ်းပါးရဲ့ အပျိုစင်ဆန်မှုကိုဖုံးကွယ်ထားတယ်။

                     လျှိုမြောင်ရဲ့ကြားမှာ

                      နှင်းရည်သောက် ပတ္တမြားတွေ ရှိတယ်ဆိုတာ ဘယ်သူသိနိုင်မလဲ၊ …အဲဒီ အထိပဲရသေးတယ်”

“အကို့ ကဗျာက ဘယ်လိုကြီးလဲ၊ ကျွန်မကို ကြည့်ပြီး စပ်တာဆို၊ ဘယ်လိုဖြစ်ပြီး တောထဲရောက်သွားတာလဲ”

မချိုမချဉ် မျက်နှာနှင့် ကျွန်မကို ကြည့်သည်။ ပြီးတော့ လက်က ကျွန်မ ပေါင်ကြားဆီကို ဝဲလာလို့ တွန့်ရှောင်ရင်း

“အကိုနော်၊ တော်ပြီ၊ မရတော့ဘူး”

“အေးပါ၊ ဒီမှာ ပြမလို့၊ ငြိမ်ငြိမ်နေ”

ကိုငြိမ်းချမ်းက ကျွန်မ အောက်ပိုင်းက အမွှေးအုပ် ကလေးကိုလက်နှင့် သပ်လိုက်သည်။

“ဒီမှာ တောတန်းလေးလေ၊ ဟောဒါက ကမ်းပါးနဲ့ လျှိုမြောင်၊ အထဲမှာ ရဲပြီးစိုနေတာပဲ”

အကွဲကြောင်းနှစ်ခုကို လက်နှင့် ဖြဲပြနေသောကြောင့် အတင်းတွန်းထုတ်လိုက်ရသည်။

“အကို့ ကဗျာကလဲ ညစ်ပတ်လိုက်တာ၊ အဟုတ်အောက်မေ့လို့ နားထောင်နေတာကို”

တဟားဟားရယ်ရင်း ကိုငြိမ်းချမ်း ကုတင်ပေါ်က ဆင်းသွားသည်။

“ကဲကဲ အင်္ကျ ီဝတ်ပြီး အိပ်ချင်လဲ အိပ်တော့၊ ငါက အလုပ်တွေရှိသေးတယ်၊ မနက်ဖြန်သွားဖို့ ပြင်နေတာတွေ မပြီး သေးဘူး”

သူကိုယ်တိုင်လည်း အဝတ်ပြန်ဝတ်ပြီး အခန်းထဲကထွက်သွားတော့ ကျွန်မလည်း ကုတင်ပေါ်က ဆင်းပြီး အဝတ် တွေပြန်ဝတ် ပြီး အိပ်ယာပေါ်ပြန်လှဲချလိုက်၏။ ခုနက အိပ်ချင်နေပေမယ့် အခုကျတော့ အိပ်မပျော်ပြန်ပါ။ ဒီတ ပတ် အတောအတွင်းတော့ သဘောကောင်းသည့် ကိုငြိမ်းချမ်းနှင့် နေခဲ့ရသော်လည်း မနက်ဖြန်ဆိုရင် ကိုငြိမ်း ချမ်းက နိုင် ငံခြားပြန်သွားတော့မည်။ နောက်နှစ်လောက်မှ ပြန်ရောက်လာမည်ဟု ဆို၏။ မနက်ဖြန်က စပြီး ကြုံ ရာယောက်ျားတွေ နှင့် စခန်းသွားရဦးမည်။ စိတ်က အရေထူနေပြီ ဆိုတော့လည်း ထူးထူးခြားခြားတော့ စိတ် ပျက် မနေတော့ပါ။ ကံစီမံသလိုနေလိုက်ရုံသာ ရှိပါသည်။

ဦးကျော်ဒင် ထားရစ်ခဲ့သည့် ခြံကြီးကို ရောင်းချပြီး ကျွန်မ ရန်ကုန်ကို ဆင်းလာခဲ့သည်။ အရင်ကတော့ ရန်ကုန် ဆိုရင် ကိုလင်း နှင့် ဆုံမှာစိုးလို့ ဖြတ်သွားဖြတ်လာအပြင်ကြာကြာမနေခဲ့ပါ။ အခုတော့ ကိုလင်းက နိုင်ငံရပ်ခြား မှာ အနေများသည် ဆိုတာသိလိုက်ရလို့ လာခဲ့ ခြင်းလည်း ဖြစ်ပါသည်။ တကယ်လို့ ကိုလင်း ဒီမှာ ရှိနေခဲ့ရင်လည်း သန်းပေါင်းများစွာသော လူတွေထဲမှာ ကျွန်မတို့ ဆုံကြဖို့ ခဲယဉ်းပါသည်။ ဆုံရင်လည်း ကိုလင်းက ကျွန်မ ကို မှတ်မိဖို့ အကြောင်းလည်း မရှိပါ။

ခြံရောင်းမယ်လို့ စိတ်ကူးတော့ ကိုလင်းကို အဓိက ထားစဉ်းစားဖြစ်သည်။ ဦးကျော်ဒင်၏ ပိုင်ဆိုင်မှုတွေ နှင့် ပတ် သက်လို့ ကိုလင်းက အဓိက သက်ဆိုင်သူဖြစ်သည်။ ဒါပေမယ့် ကိုလင်းအကြောင်းကို ကောင်းကောင်းသိနေလို့ လည်း ခြံကို စိတ်ချလက်ချ ကျွန်မ သဘောအတိုင်းရောင်း ခဲ့ခြင်းဖြစ်ပါသည်။ ဦးကျော်ဒင်၏ ပိုင်ဆိုင်မှုတွေ နှင့် ပတ်သက်ပြီး လိုချင်တပ်မက်စိတ်မြူတမှုန်မျှပင် ကိုလင်းမှာမရှိဟု ကျွန်မ ယုံကြည်သည်။ အမွေ အကြောင်းတ ခွန်းမှ မဟပဲ ပြန်သွားသည့် ကိုလင်းသဘောကို ကျွန်မ ကောင်းကောင်းနားလည်သည်။ ဒါတွေအားလုံးက ကျွန်မ နှင့်သာ သက်ဆိုင်သည်လို့ ကိုလင်းသဘောထားတာကို ရိပ်မိ၏။ ကျွန်မ က အတင်းပေးရင်တောင်မှ သူက ဝန် ထုပ် ဝန်ပိုး တခုလိုသဘောထားမည့် သူဖြစ်သည်။ ဒါကြောင့် သူ လည်းမလိုချင် ကျွန်မ အတွက်လည်း အပို ဖြစ် နေသည့် ခြံကို ရောင်းချခဲ့ ခြင်းဖြစ်ပါသည်။

ဦးကျော်ဒင် ဆုံးပြီး လအတော်ကြာသည်အထိ ခြံရောင်းဖို့ ကျွန်မ မှာစိတ်ကူးမရှိပါ။ ဖြစ်နိုင်ရင် အားလုံးကို ထားပြီး ထွက်သွားချင်စိတ်ပဲ ရှိသည်။ ဒါပေမယ့် ဒီလုပ်ငန်းကို မှီခိုနေတဲ့ အလုပ်သမားတွေနှင့် မိသားစု တွေကိုငဲ့ ပြီးဆက် လုပ်နေခဲ့ ရသည်။ ဦးကျော်ဒင် ကိုသတ်မှု ဖြင့်ထောင်ကျသွားသည့် မောင်မြင့်အေး၏ မိန်းမ ခိုင်ခိုင့်ကိုတောင်မှ ခြံထဲမှာ သူမ လုပ်နိုင်သည့် အလုပ်ကလေးတွေ လုပ်စေပြီး ဆက်နေခွင့်ပေးထားပါသည်။ ယောက်ျားက ထောင် ထဲမှာ ကလေးကလည်း အခါလည် သာသာလေးရှိသေးတော့ သူတို့နှစ်ယောက် အဆင်မပြေဖြစ်ကြမှာစိုးသည်။ ဒီလို စီစဉ်ပေးသည့် အတွက် အလုပ်သမားတွေကလည်း ကျေးဇူးတင်ကြပါသည်။

ကြီးမားသည့် စိုက်ပျိုးမွေးမြူရေးခြံကြီးကို မိန်းမသားတယောက်က ဦးစီးရတာ လွယ်တော့မလွယ်ကူပါ။ အလုပ် သမားတွေက ကျွန်မကို စာနာနားလည်ပေးကြလို့သာ အဆင်ပြေခြင်း ဖြစ်သည်။ ဒါပေမယ့် ဦးကျော်ဒင် လက် ထက်တုန်းကလောက်တော့ အောင်မြင်အောင် ကျွန်မ မလုပ်နိုင်။ ကျွန်မကလည်း ကျွန်မ၏ စားဝတ်နေရေး ပြေလည်ရုံလောက် နှင့် အလုပ်သမားတွေ လုပ်ခပေးနိုင်ရင်တော်ပြီလို့ စိတ်ဖြတ်ထားပါသည်။

ညဖက်ဆိုရင်တော့ ခြံထဲက အလုပ်သမားတယောက်၏ မိခင်နှင့် ညီမ တို့လာအိပ်ပေးသည်။ သူတို့ကို အောက် ထပ်က အခန်း တခုမှာထားပြီး ကျွန်မက အပေါ်မှာ တယောက်ထဲအိပ်သည်။ ဒါမှလည်း ကျွန်မ၏ ဝေဒနာချိန်တွေ မှာ လွတ်လွတ်လပ်လပ် ဖြေရှင်းနိုင်မှာ ဖြစ်၏။ ဦးကျော်ဒင် ဆုံးသည့် ညက စလို့ ယောက်ျားတယောက်နှင့်အိပ် ပြီး ဝေဒနာ ကိုဖြေဖျောက်ခြင်းကို ကျွန်မ စွန့်ခဲ့၏။ အဲဒီညက ယူခဲ့သည့် ဂုံနီအိတ်ချုပ်အပ်ကြီး နှင့်ပဲ ဖြေရှင်းဖြစ် တော့သည်။ ကြာတော့ ကျွန်မ၏ အောက်ပိုင်းမှာ ဒါဏ်ရာတွေ နေရာမလပ်အောင် ဖြစ်လာသည်။ သွေးစိုအဝတ် တွေကို လူမမြင်အောင်လျှော်ဖွပ်ရခြင်းက လည်း အခက်အခဲတခုဖြစ်သည်။

တယောက်ထဲနေနေသည့် ပစ္စည်းဥစ္စာပြည့်စုံသော မုဆိုးမလေးကို စိတ်ဝင်စားသည့် ယောက်ျားတွေလည်း တ ယောက် ပြီးတယောက်ပေါ်လာပေမယ့် ကျွန်မ သူတို့ကို ဘယ်လိုမှ ခေါင်းထဲထည့်လို့ မရပါ။ ဂေါ်မစွံလူ ပျို ကြီး တွေ၊ တခုလပ် နှင့် မုဆိုးဖိုတွေသာမက အိမ်ထောင်ရှင် တချို့ကတောင် သွေးတိုးစမ်း လာတာတွေ ရှိ၏။ အများ စုကစီးပွားရေး သမားတွေဖြစ်ပြီး လုပ်ငန်းကိစ္စ အကြောင်းပြပြီး ကျွန်မဆီ ချောင်းပေါက်အောင်လာကြသည်။ ကြာတော့လည်း အလုပ်ပျက်လို့ ကျွန်မ စိတ်ညစ်ရသည်။ အစပိုင်းကတော့ အဲဒီလို အကြံသမားတွေချင်း ကျွန်မ အိမ်မှာ ဆုံမိကြတာမျိုး ဆိုရင် ကျွန်မ အတွက်ရယ်စရာ တခုလို ဖြစ်ခဲ့ပါ၏။ အနှောက်အယှက် တခုလိုဖြစ်လာချိန်မှာတော့ ကျွန်မ မရယ်နိုင်တော့ပါ။

ဒီလိုယောက်ျားတွေ တရုန်းရုန်း လာနေကြခြင်းကို ပတ်ဝန်းကျင်က၊မြို့ထဲက အထင်အမြင်လွဲကြတာ၊ အထင်အ မြင်သေးကြတာ တွေကို အလုပ်သမား တချို့ထံကပြန်ကြားရသည့် အခါ စိတ်ပျက်မိသည်က အမှန်ပင် ဖြစ်သည်။ ဒါပေမယ့်လာနေသည့် သူတချို့ က ဦးကျော်ဒင်နှင့် ပတ်သက်ဖူးသူ အလုပ်လုပ်ဖူးသူတွေ၊ ဦးကျော်ဒင် နှင့် ရင်းနှီးသူတွေ လို့ ဆိုနိုင်တော့ မလာပါနှင့်လို့ လည်း ပြောရခက်နေသည်။ အချို့ကိစ္စတွေမှာ လည်း သူတို့၏ အကူအညီ ကို ယူရတာတွေကလည်း ရှိသည်။

ယောက်ျားတွေကလည်း ကိုယ့်ကိုယ်ကို အထင်ကြီးတတ်ကြသည်။ လူမှု့ရေးအရ ကျွန်မ ကလိုက်လျောညီထွေ ပြောဆိုဆက်ဆံခြင်း၊ အကူအညီ လိုအပ်ရင်လည်း ပွင့်ပွင့်လင်းလင်းပြောဆို အကူအညီတောင်းတတ်ခြင်းကို အ ကြောင်းပြု ပြီး အခြေအနေ ကောင်းသည်ဟု ကိုယ့်ဖာသာထင်မှတ် နေသူတွေရှိသည်။ ထင်ရင်လည်း စိတ်ထဲမှာ မထားဘဲ အရက်ဝိုင်းလို နေရာမျိုးမှာ သွားပြီး ကိုယ်ရည်သွေးပြတတ်သည့် အခါကြားထဲက ကျွန်မ နာမည် ပျက် ရသည်။ ကျန်တဲ့ သူတွေကလည်း ကျွန်မကို အလွယ်တကူရနိုင်မည့် မိန်းမ တယောက်ပမာ အခွင့်ရရင် ရသလို ဝရုန်းသုန်းကား ချဉ်းကပ်တာမျိုးတွေ ဖြစ်လာတော့ ကျွန်မ စဉ်းစားရတော့သည်။ မစဉ်းစားလို့ လည်း မရတော့ ပါ၊ မိုးချုပ် ညဉ့်နက်အထိ အိမ်မှာပဲ အိပ်တော့မည့်ပမာ အလိုက်ကမ်းဆိုးမသိ လာကြတာမျိုးတောင်ရှိလာသည်။ ထို အချိန်မှာ ပင် အိမ်နှင့် ခြံကြီးကို ဝယ်ယူလိုကြောင်း ကမ်းလှမ်းသူပေါ်လာသည်။

ပေးလာသည့်ဈေးကလည်း ကာလပေါက်ဈေးထက် ပိုများနေသည်။ ကျွန်မ အရင်ဆုံးစဉ်းစားတာ အလုပ်သမား တွေ အတွက်ဖြစ်သည်။ ဒါကြောင့် အလုပ်သမားတွေကို ဆက်လက်ခန့်ထားဖို့ ဝယ်ချင်သူတွေနှင့် ညှိနှိုင်းကြည့် သည်။ သိပ်ပြီးအဆင်မပြေပါ။ သူတို့တွေက စိုက်ပျိုးရေးလုပ်မည့် သူတွေမဟုတ်ကြ။ ကုန်တင်ကားနှင့် အဝေးပြေး ကားလုပ်ငန်း လုပ်သူတွေဖြစ်နေသည်။ စိုက်ပျိုးရေးကို စိတ်မပါကြပါ။ ဒီခြံကြီးကို ဝယ်ချင်တာကလည်း ကားတွေ ကို ကျယ်ကျယ်ဝန်းဝန်းထားနိုင်ဖို့ နှင့်ပြုပြင်နိုင်ဖို့ ဖြစ်သည်။

ကားဆရာတွေ ဝပ်ရှော့ဆရာတွေ အတွက်လည်း နေ စရာပေး နိုင်၏။ ကျွန်မ နည်းနည်းတော့ စိတ်ညစ်သွားသည်။ အစပိုင်း ဝယ်ချင်သည် ဆိုသည့် စကားကြားစဉ်က ဝမ်းသာမှုတွေ ပျောက်ကုန်၏။

ဒီအကြောင်းကို ရပ်ကွက်ထဲက ကျွန်မ အပေါ်စေတနာထားသည့် အိမ်နီးချင်း တယောက်ကို တိုင်ပင်ကြည့်လိုက် တော့ သူက ပိုက်ဆံထပ်တိုးတောင်းဖို့ အကြံပေးသည်။

“ပိုပေး နိုင်မလားမေးကြည့်ပါလား၊ ပိုရရင် အလုပ်သမားတွေကိုလဲ အဆင်ပြေအောင် နစ်နာကြေးလေး ဘာလေး ပေးလို့ ရတာပေါ့၊ ခင်မြရင် တယောက်ထဲ အလုပ်များနေတာ အမတို့လဲ မကြည့်ရက်ဘူး”

စေတနာ စကားလို့ ယုံကြည်သည့် အတွက် သူမ ပြောသလိုတောင်းကြည့်သည်။ စိုက်ပျိုးရေးလုပ်ငန်း ဆက်မ လုပ်တော့ဘူး ဆိုရင် ကျွန်မ၏ အလုပ်သမားတွေ အတွက် စီစဉ်ပေးဖို့ တာဝန်ရှိနေကြာင်းပြောတော့ သူတို့က လည်း အရမ်းလိုချင်နေပုံရသည်။ ကျွန်မ တောင်းသလောက်တိုးပေး၏။ အဲဒါနဲ့ ပဲ အရောင်းအဝယ် တည့်သွား ပါသည်။

ကျွန်မ အလုပ်သမားတွေဖက်ကလည်း အဆင်ပြေအောင်နစ်နာကြေးပေးမည် ဆိုတော့ ကြေနပ်ကြ သည်။ ဦးကျော်ဒင် ရှိစဉ်ကပင် သူတို့လာဝယ်ဖူးကြောင်း နောက်မှ ပြန်သိရသည်။ ဦးကျော်ဒင်ကတော့ မ ရောင်းချင်လို့ တမင်ကို ဈေးမတန်တဆ ခေါ်ခဲ့သည်လို့ ပြောကြ၏။ ကျွန်မ လက်ထဲရောက်မှ ဝယ်ခွင့် ရသွားကြ ခြင်းဖြစ်ပါသည်။

ဦးကျော်ဒင် မရှိလို့ ကျွန်မ ထင်တိုင်းလုပ်သွားသည် မဖြစ်ရအောင် ရပ်ကွက်က လူကြီးတွေကို အသိသက်သေ ထားပြီး လုပ်ခဲ့ပါသည်။ ကျွန်မ မှာဦးကျော်ဒင် ပေးထားသည့် လခတွေရှိသည်။ ဒါကြောင့် ခြံရောင်းရငွေ ထဲမှ အလုပ် သမားတွေကို နစ်နာကြေး ပေးပြီး ကျန်ငွေ နှင့် ဦး ကျော်ဒင် ကျန်ခဲ့သော ပိုက်ဆံများ၊ ဦးကျော်ဒင် အ ရင်ဇနီး၏ လက်ဝတ်လက်စားများကို အားလုံး လှူဒါန်း ပစ်ခဲ့သည်။ ကားကိုလည်း ခြံဝယ်သည့် လူတွေကိုပဲ ပြန်ရောင်းခဲ့၏။ ကျွန်မ လုပ်ရပ်ကို အံ့သြသူတွေကအံ့ သြကြသော်လည်း ကျွန်မလိပ်ပြာသန့်အောင်လုပ်ခဲ့ ခြင်း ဖြစ်သည်။ ဦးကျော်ဒင် ထံမှ ကျွန်မ၏ ကိုယ်နှင့် ရင်း ပြီးရခဲ့သော ငွေမှအပ တပြားတချပ်မှ မယူခဲ့ပါ။ အတိတ်ကံ မကောင်းလို့ ဒီလိုဘ၀ ရောက်ရချိန်တွင် မမမြတ် ပြောဖူးသလိုပင် အကြွေးသစ် ထပ်မတင်ချင်တော့ပါ။အခု ခံ နေ ရသလောက်နှင့်ပင် ကျွန်မဒုက္ခက လုံလောက်နေပါပြီ။

ပိုင်ရှင် အသစ်ကို နေရာဖယ်ပေးခဲ့ပြီးနောက် ရှင်းစရာကိစ္စတွေ ၊ အလှူအတန်းကိစ္စ တွေမပြတ်သေးလို့ တ ယောက် ထဲ အိမ်ငှားပြီး တလ လောက်နေခဲ့ ရသေးသည်။ ရှင်းစရာကိစ္စတွေ အားလုံးပြီးပြတ်တော့မှ ဘယ်သူ့မှ  မသိအောင်ကျွန်မ တိတ်တိတ် လေး ထွက်လာခဲ့သည်။ အဲဒီက ထွက်လာပြီး နောက်တလ ကျော်လောက်အ ကြာမှာ ခင်မြရင် မဟုတ်သည့် မိန်း ကလေး တယောက်အနေနှင့် ရန်ကုန်ကို ရောက်လာသည်။ လက်ထဲမှာ ရှိသည့် ပိုက်ဆံကလေး နှင့် အခန်းတ ခန်း ငှားနေပြီး ညဉ့်ငှက် မလေးဘဝကို ပြန်ရောက်နေချိန်တွင် ကိုငြိမ်းချမ်း နှင့် တွေ့ရခြင်းဖြစ်သည်။

ဝင်ငွေကောင်းသည့် အင်ဂျင်နီယာတယောက်ဖြစ်သော်လည်း ကိုငြိမ်းချမ်းက လူပျိုကြီး ဖြစ်သည်။ အသက်အ ရွယ်က ကိုလင်းနှင့် မတိမ်းမယိမ်းလောက် ဖြစ်မည်။ ကိုငြိမ်းချမ်း က နည်းနည်းတော့ ပိုကြီးနိုင်သည်။ သူနှင့် ပထမ ဆုံး အကြိမ် စတွေ့ကထဲက သဘောကောင်း မည့် သူဆိုတာရိပ်မိသည်။ လူပျိုကြီးဆိုတာကိုလည်း သူမပြောပေ မယ့် သိနေတာကြောင့် မေးမိသည်။

“အကို ဘာလို့ မိန်းမ မယူတာလဲ”

“ငါက တယောက်ထဲပဲ နေချင်တယ်၊ ဟိုစိတ်ဖြစ်ရင်လည်း နင်တို့လိုမိန်းမတွေရှိသားပဲ၊ ဟား …ဟား”

တခြားယောက်ျားတွေလိုပင် ကိုငြိမ်းချမ်းက ကျွန်မ၏ ပြင်းထန်သည့်ရမ္မက် နှင့် တုန့်ပြန်မှုကို သဘောကျသည်။

“ငါပြန်ရောက်ကထဲက နင်နဲ့ တွေ့ရမှာ၊ နောက်တပတ်ဆို ငါပြန်ရတော့မှာ၊ မပြန်ခင် ငါ့အခန်းကို ညတိုင်းလာပါ လားဟာ၊ နင်က တခြားဟာမ တွေနဲ့ မတူဘူး၊ ငါသဘောကျတယ်”

ကိုငြိမ်းချမ်းက အိမ် မှာ တယောက်ထဲနေသူဖြစ်သည်။ မိဘတွေက မရှိတော့လို့ သူတယောက်ထဲ ထင်သလို လုပ်နေသူလည်း ဖြစ်သည်။ သဘောကောင်းတဲ့ ကိုငြိမ်းချမ်း ကိုခင်မင်မိတာကြောင့် ဖိတ်ခေါ်ချက်ကို လက်ခံပြီး မပြန်ခင် ညတိုင်းသူနှင့် သွားအိပ်ပေးသည်။ တနေ့တော့ သူက ထူးထူးဆန်းဆန်း မေးလာသည်။

“မိုးမိုး … နင်ဘာလို့ ဒီအလုပ်လုပ်တာလဲ”

“ပိုက်ဆံ မရှိလို့ပေါ့”

“တယောက်စာကတော့ ရိုးရိုးသားသား ဘယ်လိုဖြစ်ဖြစ်ရှာစားလို့ ရပါတယ်ဟာ၊ မိသားစုက အဆင်မပြေလို့လား”

စိတ်ကောင်း ရှိသည့် ကိုငြိမ်းချမ်းကို ကျွန်မ မညာချင်ပါ။ ဒါပေမယ့် အဖြစ်မှန်ကို လည်းပြောမဖြစ်လို့ သူစိတ်ကျေ နပ်ဖို့ ပါးစပ်ထဲရှိတာ လျှောက်ပြောမိသည်။

“ကျွန်မ အမေ က ဟိုတလောကမှ ဆုံးသွားတာ၊ ညီမလေး တယောက်ကျန်ခဲ့တယ်လေ၊ သူ့ကို ဘွဲ့ရအောင်ပညာ သင်ပေးချင်လို့”

“အော်”

ကိုငြိမ်းချမ်း ကျွန်မ ကို တော်တော်သနားသွားသည်။

“နင် ဒါလုပ်နေတာ ညီမလေး သိလား”

“မသိဘူးလေ၊ သိလို့ ဘယ်ဖြစ်မလဲ”

“ဟုတ်သားပဲ၊ သူက အခုဘယ်မှာလဲ”

“အဆောင်ကနေ ကျောင်းတက်တယ်လေ၊ ကျွန်မ နဲ့ တူတူ မထားဘူး”

“ကျောင်းပြီးခါ နီးပြီလား”

“အခု နောက်ဆုံးနှစ် ဖြေထားတယ်”

“ဒါဆိုရင်တော့ နင် နောက်ပိုင်း သိပ်ရှာစရာ မလိုတော့ပါဘူး၊ သူလဲ အလုပ်အကိုင်လေး နဲ့ ဖြစ်သွားရင် နင်လည်း တခြားအလုပ်ပြောင်းလုပ်ပေါ့ဟာ၊ ပြောသာပြောရတယ် နင် ဒီ အလုပ် မလုပ်ရင် ငါနဲ့ပြန်တွေ့ ဖို့တော့ မရှိတော့ဘူး ပေါ့၊ ဟီး …ဟီး”

ကြေးစားမတွေ ဆိုတာဒီလိုပဲ ပြောချင်ရာပြောတတ်တာကို သူမသိတာတော့ မဖြစ်နိုင်ပါ။ ကိုငြိမ်းချမ်း ကျွန်မကို တကယ် ယုံနေခြင်း ဖြစ်သည်။

“အကို့ကို ကျွန်မက ပေါက်ကရတွေ လျှောက်ပြောတာ ဆိုရင်ဘယ်လိုလုပ်မလဲ”

“မဖြစ်နိုင်ပါဘူး၊ နင်ဒီအလုပ်ကို အကြောင်းတခုခုကြောင့် မလုပ်ချင်ပဲ လုပ်နေရတာ ငါရိပ်မိတယ်၊ ဒါပေမယ့် နင် က အလုပ်ကို သစ္စာရှိတယ်၊ ဝတ်ကျေတန်းကျေ မဟုတ်ဘူး၊ စေတနာပါပါ နဲ့ ကိုယ့်လင်သားလိုမျိုးနေပေးတယ်၊ ဒီလို လူမျိုးက မလိမ်ဘူး”

သူ့ဆင်ခြေနှင့် သူဟုတ်နေသည့် ကိုငြိမ်းချမ်းကို ကျွန်မ ပြန်ငြင်းမနေတော့ပါ။ တကယ်တော့လည်း ကျွန်မက စေ တနာကောင်းလို့ မဟုတ်၊ ဝေဒနာ အရဖြစ်သည့် ရမ္မက်၏ ပြင်းထန်မှုနောက်ကို အရှက်မဲ့စွာ လိုက်ပါနေရသူ ဖြစ် ပါသည်။

“ငါ တတ်နိုင်သလောက် ကူညီပါမယ်ဟာ”

ကူညီမယ် ဆိုခြင်းကိုလူမှုရေးအရ ပြောတာလို့ ကျွန်မ ထင်ခဲ့သော်လည်း ကိုငြိမ်းချမ်း တကယ်ပြော ခြင်း ဖြစ် သည်။ သူ မသွားခင်ညက ပစ္စည်းတွေ သိမ်းပြီး ပြန်ဝင်လာတော့ အိပ်ပျော်လုလု ဖြစ်နေသည့် ကျွန်မ ကို ပြန် နှိုးပြီး စာအိတ် နှစ်အိတ်ပေးသည်။

“ဒါက နင့် အတွက်”

တထောင်တန်တွေ ပါသည်လို့ခန့်မှန်းရသည့် စာအိပ်ထူထူ တလုံးကို အရင်ကမ်းပေးသည်။

“အများကြီးပဲ ထင်တယ်၊ ကျွန်မ အကို့ ဆီက ဒီလောက်အများကြီး မလိုချင်ပါဘူး”

“ယူလိုက်ပါ၊ ငါ့ အတွက်လည်း မနက်ဖြန်ဆို မြန်မာငွေ သုံးစရာ မလိုတော့ပါဘူး၊ ကားခချန်ပြီး ကျန်တာအကုန် နင့်ကိုပေးတာ၊ ဒီစာအိတ်ကတော့ နင့်ညီမ အတွက်၊ အပေါ်မှာသွားရမယ့် လိပ်စာပါတယ်”

ကျွန်မ ကြည့်လိုက်ရာ“ဒေါ်တင်တင်လှိုင် ………………….Job Training & Management School” ဟု အစပြု ပြီး  ကျောင်းလိပ်စာနှင့် ဖုံးနံပါတ်ကိုပါရေးထားသည်။

လက်ကိုင်ဖုန်း နံပါတ်လဲပါ၏။

“နင့် ညီမလေး ဘွဲ့ရရင် အန်တီလှိုင်ဆီကို သွားပြီး ဒီစာကိုပေးလိုက်၊ အလုပ်ကောင်းကောင်းရဖို့ ကူညီလိမ့်မယ်”

“သူက…”

“ငါ့ အဒေါ်ဝမ်းကွဲ၊ ငါ့ကို ချစ်တယ်၊ ဒါပေမယ့် စည်းကမ်းကြီးလို့ ငါက ရှောင်နေတာ ဟီး၊ ဟီး၊ ဆွေထဲ မျိုးထဲမှာ ငါက ဗရုတ် ဆိုတော့သူလဲ လက်မြှောက်ထားတယ်၊ နေ့ ခင်းကသွား ကန်တော့ခဲ့ ပြီ၊ မနက်ဖြန် မသွားခင်  ငါ စာရေးပေးလိုက်တဲ့ ကောင်မလေးကို ကူညီဖို့ ဖုန်းဆက်ထားလိုက်မယ်၊ သူပြောပေးရင် အလုပ်ရကိုရစေရမယ်၊ အာမခံတယ်၊သူ့မှာ အဆက်အသွယ်တွေ အများကြီးရှိတယ်၊ ကုမ္ပဏီ ပိုင် ရှင်တွေ တော်တော်များများနဲ့ လဲ ရင်းနှီးတယ်၊ သွားဖြစ်အောင်သွားခိုင်းလိုက်”

ကျွန်မ၏ လုပ်ဇာတ်ကို သူက အဟုတ်ထင်နေလို့ ဘာပြောရမှန်း မသိတော့ဘဲ စာအိတ်လေး ကို လက်နှင့်သပ် ရင်း ကျွန်မ ငြိမ်နေမိသည်။ ထိုသို့ ပွတ်နေရင်း အထဲက စာရွက်ပေါ်မှာ ကိုငြိမ်းချမ်းရေးထားသည့် စာသားတွေကို မျက်လုံး ထဲမှာ မြင်ယောင်လာသလိုလိုရှိ၏။ အခုစာယူလာတဲ့ မိန်းကလေး ကို အမလုပ်သူက ကိုယ်နှင့်ရင်းပြီး ပညာသင်ပေးခဲ့ ကြောင်း၊ ထို့ကြောင့် ညီမငယ်၏ ဘဝပါ ထပ်ပြီးမနစ်မွန်းစေရန် နှင့် အမဖြစ်သူလည်း ဘဝဆိုးက လွတ် မြောက်ခွင့်ထွက်ပေါက်ရဖို့ ကလေးမ ကိုအလုပ်ကောင်းကောင်း တခု မဖြစ်မနေရှာဖွေ ပေးဖို့ ရေးထား သည်။ စာအိတ်ကိုလည်း လုံလုံခြုံခြုံ ကော်ကပ်ပြီးပိတ်ထား၏။

“ငါတို့ ဆွေမျိုးအတွင်းရေးတွေလဲ ပါတယ်၊ နင်ဖေါက်မကြည့်နဲ့ နော်၊ နင့်ညီမ ကိုလဲ မကြည့်စေနဲ့၊ အန်တီလှိုင့် လက်ထဲကို ဒီတိုင်းသာပေးလိုက်နော်၊ အော် …မသွားခင်တော့ ဖုန်းအရင်ဆက်ပြီး ဘယ်အချိန်လာရမလဲ လို့ မေးပြီးမှသွား၊ ငါပြောထားပြီးသားဆိုတော့ သူက လုပ်ပေးမှာပါ။”

သူက ရေးထားတာတွေ ကျွန်မ မြင်သွားမှာ စိုးရိမ်ပုံရသည်။

“ကိုငြိမ်းချမ်းရယ်”

စိတ်ထားကောင်းသူတယောက်ကို လိမ်ညာပြောမိသည့် အတွက် ကျွန်မကိုယ်ကျွန်မ မလုံမလဲ ခံစားရသည်။ ကို ငြိမ်းချမ်း ဘယ်လောက်ပင် ကယ်တင်ချင်ပါစေဦးတော့ ကျွန်မက လွတ်မြောက်ခွင့်ရှိသူမဟုတ်ဆိုတာတွေးရင်း မျက်ရည်ဝဲရသည်။ ကျွန်မ ဘ၀ အတွက် မငိုဖြစ်ခဲ့တာကြာပါပြီ။ ဒါပေမယ့် အခုတကြိမ်မှာတော့ ငိုချင်သလို ဖြစ် လာသည်။ ငိုချင်သည်ဟု သိလိုက်ပြီးနောက်တွင် မျက်ရည်တွေက သူ့အလိုလိုကျလာသည်။

“ဒါနဲ့ နင့်ညီမ နာမည်ဘယ်လိုခေါ်လဲ၊ အန်တီလှိုင့် ကို တခါထဲနာမည်ပြောထားမယ်၊ စာထဲမှာတော့ နင့် ကိုမမေး ရသေးလို့ နာမည် ထည့်မပေးထားဘူး”

“ပုလဲရည် တဲ့”

မျက်ရည်စက်တွေကို သုတ်ရင်းစိတ်ကူးထဲပေါ်လာသည့် နာမည်ကိုပြောလိုက်မိသည်။ ပုလဲ ဆိုတာကမာကောင်တို့၏ မျက်ရည် မဟုတ်ပါလား။


အပိုင်း (၂၀) ဆက်ရန် >>>>


Print Friendly and PDF

No comments:

Post a Comment