Sunday, September 1, 2013

မမဇင် အပိုင်း ( ၂ )

မမဇင် အပိုင်း ( ၂ )

ရေးသားသူ - အမည်မသိ

လောကမှာ ယောင်္ကျားတွေ အမျိုးမျိုးရှိကြမည်။ တချို့က ကိုယ့်ချစ်သူကို တန်ဘိုးထားကြသည်၊ တချို့ကျတော့ စားပြီးနားမလည့် ဝါးပြီးထွေးထုတ် သမားတွေ။ အဲလို ဖြစ်ရတာကိုပဲ ဂုဏ်ယူစွာလှောက်ကြွားချင်ကြွားနေတတ်ကြသူမျိုးတွေ။

မျိုးသူကတော့ ရှင်းသည်။့ အဲလို ဒုတိယအမျိုးအစား ဘယ်တော့မှ အဖြစ်မခံ။ ဒါ ငယ်ငယ်လေးထဲကသူ့ရင်ထဲက ဆန္ဒခုလို မမဇင်နှင့် အရင်းနှီးဆုံးချစ်သူတွေဖြစ်ခဲ့ရပြီဆိုတော့ ဒီဆုံးဖြတ်ချက်က ပိုလို့ပင် ခိုင်မာလာရသည်။

ငယ်ငယ်ကတည်းက အမတယောက်လို လေးလေးစားစား ချစ်ခဲ့ရသည့် မမဇင်ကို ဘယ်လိုနည်းနဲ့မှသိက္ခာစွန်းထင်းအောင် သူ မလုပ်ရက်ပါ။ စိတ်ကူးနဲ့တောင် တွေးကြည့်လို့ မရ။ ဒီတော့ ဖြစ်ခဲ့သမှ အဖြစ်တွေကို ကာယကံရှင်နှစ်ယောက်ဖြစ်သည့် သူနှင့် မမဇင်မှလွဲí ဘယ်သူမှ မသိရ အောင် သူ ဂရုတစိုက် ထိန်းသိမ်းခဲ့သည်။့ နှစ်ဖက် မိသားစုဝင်များပင် မရိပ်မိခဲ့။ မျိုးသူကတော့ မမဇင် ပိုလှလာတာ့ အသားအရည်တွေ ပိုပြီး စိုပြေဖွံ့ဖြိုးလာတာ သတိထားမိသည်။့ မမဇင်ကိုယ်တိုင်လဲ သူမဖာသာ သတိထားမိပါလိမ့်မည်။ အစကတည်းက ကျော့ကျော့လေးနှင့် ကြည့်ကောင်းလှသော မမဇင် ကိုယ်ဟန်လေးက အသားအရေတွေ ပိုဖွံ့ဖြိုးလာတော့ ကောက်ကြောင်းလေးတွေ ပိုထင်ရှားလာပြီး ပိုလို့ပင် ကြည့်ကောင်းလာသည်။ မျိုးသူ ရင်ထဲက အချစ်တွေကလဲ တနေ့ထက်တနေ့ ပိုလို့သာ တိုးလာခဲ့ရသည်။ မမဇင်လဲ သူ့လိုပဲ ဖြစ်မည်ဆိုတာ သူ အကြွင်းမဲ့ ယုံကြည်ပါသည်။

__________________________________________

အချိန်တို့က တရွေ့ရွေ့ကုန်လွန်သွားသည်။ မျိုးသူ ဆယ်တန်းတက်နေရပြီ။ စာတွေနှင့် ကျူရှင်တွေနှင့် နပမ်းလုံးနေရသည်မို့ ကိုယ်ပိုင်အချိန်တွေက နည်းသည်ထက် နည်းလာရသည်။ တနည်းအားဖြင့် မမဇင်နှင့် ကြည်ကြည်နူးနူးတွေ့ဆုံရချိန်လေးတွေ နည်းလာရသည်လို့ပဲ ပြောကြပါစို့။

သူဆယ်တန်းတက်ပြီး ခနအကြာမှာ မမဇင်တို့နှစ်ရဲ့ ဆယ်တန်းအောင်စာရင်း ထွက်သည်။ မမဇင်ကစာဂျပိုးလို့ပြောရလောက်အောင် စာနှင့်မျက်နှာမခွာတမ်း စာကြိုးစားနေသူ မဟုတ်ပေမယ့် ဉာဏ်က ကောင်းသည်။ ဂုဏ်ထူး ၄ဘာသာနှင့် အောင်သည်။

အောင်စာရင်း ထွက်သည့်နေ့က မမဇင်တို့မိသားစုရော သူတို့ တအိမ်လုံးပါ အပျော်ကြီးပျော်ကြသည်။ မမဇင်လဲပျော်နေသည်။ အားလုံးထဲမှာ မျိုးသူကတော့ အပျော်ဆုံးဖြစ်မည်ထင်သည်။့ သူချစ်ရသော လေးစားမြတ်နိုးရသော မမဇင်အတွက် ဂုဏ်ယူလို့ မဆုံးနိုင်ခဲ့။ မျိုးသူ အမအရင်း မမကြီးက ရိုးရိုးမေဂျာနှင့်သာ ကျောင်းပြီးသွားခဲ့ရသူမို့ မမဇင်ကိုတော့ အမှတ်သာမှီမည်ဆိုလျှင် ဆရာဝန်လိုင်း လိုက်ခိုင်းဘို့ သူတို့အားလုံးက တော်တော်မျှော်လင့်ထားသည်။့ သို့ပေမယ့် မမဇင်ရဲ့ ဆုံးဖြတ်ချက်က ဆရာဝန် လုံးဝ မလုပ်ချင်ပါတဲ့။

အဲသည်နေ့က မမဇင်တို့အိမ်က ဧည့်ခန်းထဲမှာ သူနှင့်မမဇင် အခြေအတင် ဆွေးနွေးဖြစ်ကြသည်။ ဦးလေးတို့က အပြင်သွားနေချိန်မို့ သူတို့နှစ်ယောက် လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ရခဲ့၏။ သွေးသံရဲရဲတွေ မကြည့်ရဲ မကိုင်ရဲလို့လားလို့ ဂရုဏာ ဒေါသောနှင့် သူကမေးတော့ မမဇင်က ခပ်ပြုံးပြုံးလေးပဲ ပြန်ဖြေသည်။

' မျိုးသူလဲ မ စိတ်ဓာတ်ကို သိပါတယ်လေ့ ။ လုပ်ချင်တဲ့စိတ်ရှိရင် ဘာကိုမှ မကြောက်ဖူးဆိုတာ '

တဲ့ ။

သူ ဘာမှ ပြန်မပြောနိုင်ပဲ ဆွံ့အ သွားခဲ့ရသည်။ ဒီစကားက သူ့အရှိုက်ကို တည့်တည့်ထိုးနှက်လိုက်သလိုမျိုး။ ခပ်ငူငူကြီးနှင့် မကျေမနပ်ဖြစ်နေသော သူ့ကို ကြည့်ပြီး မမဇင်က သူ့ဆံပင်လေးတွေကို သူမလက်ချောင်း လေးတွေနှင့် ထိုးဖွရင်း ခပ်ဖွဖွရယ်သည်။

' ကဲ့ ပြောပါဦး။ မျိုးသူက ဘာလို့ မ ကို ဆရာဝန်လုပ်ခိုင်းချင်ရတာလဲ့ '

ရုတ်တရက်ကြီး ဒီလို အမေးခံရတော့လဲ သူဘာပြန်ဖြေရမှန်းမသိ။့ သူ့စိတ်ထဲမှာ မမဇင်ကို အတော်ဆုံးတန်ဘိုးအရှိဆုံးလို့ ဝင့်ကြွားချင်နေတာပဲ သူသိသည်။ မမဇင် အောင်မြင်လျှင် သူက ပိုပြီး ဝမ်းသာမိသည်၊ ဒါတွေကို မမဇင် မသိမဟုတ် သိလျက်နှင့် ဒီလိုမေးရက်သည်။

ဘာမှ ပြန်မဖြေပဲ စူပုတ်နေသော သူ့မျက်နှာကိုကြည့်ပြီး မမဇင်က လေပြည်လေးနှင့် ပြန်ချော့လာသည်။

' မျိုးသူရယ့် မ အပေါ် မျိုးသူ ဘယ်လောက် စေတနာထားတယ်၊ တန်ဘိုးထားတယ့် ချစ်တယ် ဆိုတာ မ သိပါတယ်၊့ ဒါပေမယ့် '

' ဒါပေမယ့် ဘာဖြစ်လဲဗျ့ မမဇင်ရဲ့ '

သူ့ အငေါ်တူးသံကြောင့် မမဇင် ဟက်ကနဲ တချက်ရယ်ပြန်သည်။

' မျိုးသူဟာလေ့ ဆယ်တန်းကျောင်းသားကြီး ဖြစ်နေပြီ၊ နက်ဖြန်သဘက်ခါဆို လူကြီးလုပ်ရတော့မယ်။ ခုထိ ခလေးလေးလို ဆိုးကောင်းတုန်း ။ မမဇင်မှ လုံးဝ ဝါသနာမပါတာကွယ်။ ပြီးတော့လဲ စဉ်းစား ကြည့်ပါဦး့ ။ မမဇင်တို့ ဘဝက ရှေ့လျှောက်ကြိုတွေးကြည့်ရင် နှစ်ယောက်ထဲနဲ့ တဘဝ တည်ဆောက် ရဘို့ သေချာသလောက်ပဲ။ မမဇင် ဆရာဝန်လိုင်းလိုက်ပါပြီတဲ့၊ နှစ်ယောက်နီးစပ်ဖို့ အချိန်ကာလတွေ ပိုပြီး ဝေးမသွားပေဘူးလား '

မမဇင် စကားက မှန်နေပြန်သည်။ ဆရာဝန်လိုင်းလိုက်လှင် ကျောင်းတက်ရမှာကပဲ သူများတွေထက် နှစ်တွေ အများကြီးပိုမည်။ ကျောင်းပြီးသွားပြန်တော့လဲ အလုပ်သင်ဆင်းရဦးမှာနှင့် လုပ်ငန်းခွင် မဝင်မနေဝင်ရဦးမှာတွေနှင့်ဆို နှစ်တွေက ဘယ်လောက်တောင် ကြာရလေဦးမည်မသိ။

မောင်နှစ်မ ဝမ်းကွဲတွေမို့ သူနှင့်မမဇင်ကို နှစ်ဖက် အသိုင်းအဝိုင်းက ဘယ်လိုမှ သဘောတူနိုင်မည်မထင်ပါသူတို့ ဘဝရှေ့ရေးအတွက် သူတို့ဖာသာပဲ ကြိုးစားတည်ဆောက်ရမည်က သေချာသလောက်ပင်။ မျိုးသူ ဘာမှ ဆက်မပြောနိုင်တော့ သက်ပြင်းတချက်ကိုပဲ ခပ်လေးလေး မှုတ်ထုတ်လိုက်မိတော့သည်။ မမဇင်၏ အကြောင်းပြချက်က ခိုင်လုံ နေပြီး သူ့ကို မလှုပ်သာအောင် တုပ်နှောင်လိုက်လေပြီပဲ။

စူပုပ်ထားသော မျက်နှာထားကို နဲနဲပြန်လျှော့လိုက်ပြီး အောက်ငုံ့ထားမိသော ခေါင်းကိုမော့လိုက်တော့ မမဇင်၏ မျက်နက်ဝန်းလေးတွေက သူ့ကို ရွှန်းရွှန်းလဲ့လဲ့စိုက်ကြည့်နေသည်။

' ဒါဆို မမဇင်က ဘာလိုင်းလိုက်မယ် စိတ်ကူးထားလို့လဲ့ '

မမဇင်က သူ့နဖူးကို ညင်ညင်သာသာလေး တချက်နမ်းရှိုက်ရင်း ခပ်တိုးတိုးပြန်ဖြေသည်။

' စာရင်းကိုင့် '

' စာရင်းကိုင့် ¿ ¿ '

မျိုးသူ သံယောင်လိုက်ပြီး ခပ်တိုးတိုးရေရွတ်မိသည်။ မမဇင်ကတော့ ပြုံးနေပါ၏။ အိမ်အပြင်တွင်တော့ မိုးတွေက သည်းသည်းမည်းမည်းရွာလျှက်။

__________________________________________

ဒီလိုနဲ့ပဲ ရာသီတွေပြောင်းသွားခဲ့သည်။ မိုးတွေရွာ နေရာက နှင်းတွေ အေးလာသည်။ နှင်းတွေနေရာမှာ မြူတွေ အစားထိုးဝင်ရောက်လာချိန်လောက်မှာတော့ မျိုးသူလဲ ဆယ်တန်းစာမေးပွဲကြီးအတွက် ခေါင်းမဖော်နိုင်အောင် စာတွေကြည့်နေခဲ့ရတော့သည်။

ချစ်ရသော မမဇင်ကတော့ သူမ ရည်မှန်းထားသည့်အတိုင်း ကမ္ဘာ့အဆင့်မှီ စာရင်းကိုင်တဦးဖြစ်ရမည်ဆိုတဲ့ ရည်မှန်းချက်နဲ့ ကြိုးစားနေပြီ။့ ဦးလေးတို့က အစက သဘောမတူ၊့ သို့ပေမယ့် မမဇင်က ဘယ်လို စည်းရုံးပြီး နားဝင်အောင်ရှင်းပြလိုက်သည်မသိ၊ နောက်ဆုံးတော့ သဘောတူသွားကြသည်။

မျိုးသူကတော့ မမဇင်ရဲ့ အစွမ်းကိုပဲ ပိုလို့ လေးစားသွားခဲ့မိရသည်လေ။ ဘယ်လောက်ပဲ အလုပ်တွေရှုပ်နေနေ အချိန်ရလျှင်ရသလို သူ မမဇင်တို့အိမ်ဘက်ရောက်သွားတတ်စမြဲ။ မမဇင်ကလဲ မကြာခနဆိုသလို သူတို့အိမ်ဘက်လာစမြဲ။့ အစကတည်းက သိပ်ချစ်သောမောင်နှစ်မအဖြစ် အားလုံးက သိထားကြပြီးသားမို့ သိပ်တော့ အမြင်မဆန်းပါ။ သူတို့ကလည်း ပိပိပြားပြားပဲ ဣန္ဒြေရရ နေထိုင်ခဲ့ကြသည်မို့ ဘယ်သူမှ မရိပ်မိကြပါ။ တခါတလေ ဦးလေးတို့အိမ်မှာမရှိခိုက် သူသွားလည်သည့် အခါမျိုး၊ ဒါမှမဟုတ် မမဇင် သူ့အခန်းကို လာသည့်အခါမျိုးမှာမှ ချစ်သူတွေလို ထွေးထွေးပွေ့ပွေ့ နေဖြစ် ကြသည်။ အနမ်းပန်းလေးတွေ ခြွေဖြစ်ကြသည်။့ စတိတ်ရှိုးသွားသည့်ညက ဖြစ်ခဲ့သလိုမျိုးတော့ နောက်ထပ် မဖြစ်ကြတော့ပါ။့ မျိုးသူကလဲ စောင့်ထိန်းပါသည်၊ မမဇင်ကတော့ ပြောစရာပင်မလိုတော့။

တခါတလေ သူက ထွေးပွေ့နမ်းရှုပ်ယင်း စိတ်မထိန်းနိုင်ဖြစ်လာသည့်အခါမျိုးတွင် မမဇင် ပြောနေကျစကားလေးတခွန်းရှိသည်။ 

' မျိုးသူရယ့် မ မောင်လေးက လိမ္မာပါတယ်နော့် ' တဲ့။့

ဘာဖြစ်လို့မှန်းတော့မသိ။ အဲဒီစကားလေး ကြားလိုက်ရတိုင်း သူ့စိတ်ရိုင်းတွေက ချွန်းနဲ့အုပ်ခံလိုက် ရသည့် ဆင်ပမာဖြစ်ဖြစ်သွားခဲ့ရတော့သည်။ မမဇင်ရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေကို ပဲ ခပ်သာသာနမ်းရင်း သက်ပြင်းတရှိုက်နဲ့ သူ့စိတ်ကို သူပြန်ထိန်းခဲ့ရပေါင်း များလှပြီ။ အဲဒီလိုအခါမျိုးတွေမှာ မမဇင်မျက်လုံးလေးတွေထဲမှာ အချစ်ရည်တွေနဲ့အတူ သူ့ကို ကျေးဇူးတင်သည့်အကြည့်လေးတွေ မြင်လိုက်ရလှင် မျိုးသူကျေနပ်သွားရစမြဲ။

တခုပဲရှိသည့် မမဇင်ကို မျက်နှာပြောင်တိုက်ကာ လိုက်ကြောင်နေသော ဟို ဇော်လတ်ဆိုသည့်လူကိုတော့ မျိုးသူ အခုထိ ဘယ်လိုမှ ကြည့်လို့ကိုမရ။

ခက်တာက မမဇင်ကလဲ သူမမှာ ချစ်ရသူရှိနေပါပြီလို့ လူသိရှင်ကြားမကြေငြာနိုင်သည့်ဘဝ ဖြစ်နေတော့ဒါကိုပဲ သူကောင့်သားက သူ့အတွက် အခွင့်အရေးရှိနေသည်လို့ တဖက်သတ်ယူဆနေပုံရသည်။့ မမဇင်တက်သလို အီကို လိုက်တက်သည်။့ မမဇင် တက်သမျှ အပြင်ကသင်တန်းတွေလဲ အကုန်လိုက်ပြီးတက်သည်။ မျိုးသူ မကြိုက်မှန်းသိသဖြင့် မမဇင်က သူ့ကားကိုတော့ ဘယ်တော့မှ လိုက်စီးလေ့မရှိပါ။ ဒါပေမယ့် ဒီလူကတော့ တောက်တဲ့ကပ် ကပ်နိုင်လွန်းသည်။

ဒီကြားထဲမှာ ဟိုတလောက သူငယ်ချင်းတချို့က အပြင်က အင်္ဂလိပ်စကားပြောနှင့် ကွန်ပျူတာသင်တန်းတချို့မှာ ကောင်လေးနှင့်ကောင်မလေးတွေ ဖြစ်ကြသည့်ဇာတ်လမ်းတွေ လာပြောပြတုန်းကဆို မျိုးသူတို့အံတကြိတ်ကြိတ်နှင့် ဖြစ်နေခဲ့ရသည်။ မမဇင်ကိုတော့ သူ အကြွင်းမဲ့ယုံကြည်ပါသည်။ သို့ပေမယ့် တခြားသူတွေကိုတော့ အထူးသဖြင့် ဒီ ဇော်လတ်ဆိုသည့်လူကိုတော့ မယုံရေးချ မယုံနိုင်။ သူနှင့် မမဇင် ကြားထဲမှာ တချိန်ချိန်ကျ ခလောက်ဆံလာဦးမည့်သူဆိုတာ မျိုးသူ မသိစိတ်က ကြိုသိနေလေသည်။

__________________________________________

ဒီနေ့ မျိုးသူတို့ ဆယ်တန်းစာမေးပွဲ အောင်စာရင်းထွက်သည့်နေ့မနက်ကတည်းက မျိုးသူ စိတ်တွေအရမ်းလှုပ်ရှားနေသည်။ဖြေတာတော့ ကောင်းစွာဖြေနိုင်ခဲ့သည်အမှန်၊့ သို့ပေမယ့် စာမေးပွဲဆိုတာက နတ်ကြီးသည်လေ။ ပြီးတော့ ချစ်ရသူချင်း လိုက်ပြီးပြိုင်တာတော့မဟုတ်ပေမယ့် မျိုးသူစိတ်ထဲမှာ ချစ်ရသောမမဇင်ထက် မပိုရင်တောင် အနည်းဆုံးတန်းတူ အောင်မြင်မှုလေးတော့ ရချင်နေမိသည်။့ သူက အစကတည်းက မောင်ငယ်လေး မဟုတ်လား။ နောင်တချိန်ကျ အိမ်ဦးနတ်နေရာ ယူရမည်ဆိုတော့ ဘာပဲပြောပြော မမဇင်ထက်တော့ အောက်မကျချင်။့ ယောင်္ကျားလေး မာနလို့ပဲ ပြောရမည်လား။

အောင်စာရင်း တကယ်သွားကြည့်ချိန်ကျတော့ မျိုးသူ စိတ်တွေအရမ်းလှုပ်ရှားနေပြီမို့ ဘယ်လိုမှ မဟန်နိုင်တော့။ မမဇင်နှင့် ဦးလေးကပဲ သူ့အစားသွားကြည့်ပေးရတော့သည်။ အစကတည်းက သိပ်ပြီးအစေးမကပ်လှသော မမကြီးနှင့် ညီငယ်ကတော့ သူ့ကိုအဖြစ်သဲရန်ကောဆိုသည့် အကြည့်မျိုးနှင့်သာ မေးငေ့ါနေကြ၏။ ဒီနေ့မှ အိမ်မှာလဲ လူကြီးတွေမရှိ၊ ခရီးသွားနေကြသည်။့ ဒီအတွက်ကြောင့် မမဇင်နှင့်ဦးလေးပဲ သူ့အစား သွားကြည့်ပေးရခြင်းဖြစ်သည်။

' မျိုးသူရေ့ မောင်လေး '

အတွေးတွေ ယောက်ယက်ခပ်နေဆဲမှာပင် အိမ်ရှေ့မှာ ကားထိုးရပ်လိုက်သံကြားရသည်။့ ကားတံခါးမှဖွင့်ပြီး မဆင်းရသေးခင် မမဇင်အသံလေးက အိမ်ထဲလွင့်ပျံလာ၏။ မျိုးသူ ဆတ်ကနဲခေါင်းထောင်သွားမိသည်။

ဦးလေးက ကားခရှင်းပေးနေရသဖြင့် အိမ်ထဲ တန်းမဝင်လာနိုင်သေးခင်မှာပင် မမဇင်က သူ့အနား ရောက်လာပြီ။ မျိုးသူ တုန်ရီလှုပ်ရှားစွာ မေးမိ၏။

' ကျ့ ကျနော် အောင်ရဲ့လားဟင့် မမဇင် '

မမဇင်က ရုတ်တရက်ပြန်မဖြေ၊့ ညစ်ကျယ်ကျယ်လေး ပြုံးနေသည်။

' ပြော့ ပြောပါဦးဗျ။့ အောင်မှအောင်ရဲ့လား '

' အင်း့ အောင်တော့ အောင်ပါတယ်၊့ ဒါပေမယ့် '

မမဇင်စကားက တဝက်တပျက်နှင့်ရပ်သွားတော့ မျိုးသူ အသက်ရှုပင်မှားသွားရသည်။

' ဒါ့ ဒါဆို '

မမဇင်က ဟက် ကနဲ တချက်ရယ်လိုက်ပြီးမှ

' ဒါပေမယ့် ဂုဏ်ထူးက ၅ ခုထဲပါတယ်လို့ ပြောမလို့ဟာကို '

' ဟာဗျာ့ မမဇင် '

မျိုးသူစိတ်တွေလွတ်ထွက်သွားရသည်။ လှိုက်ကနဲဝမ်းသာသွားသည့်စိတ်၊ အရှေ့မှာမခို့တယို့လေးနှင့် သူ့ကို ညစ်ကျယ်ကျယ်လေးပြုံးရင်း ကြည့်နေသော မမဇင် ။ ဒါတွေ ပေါင်းစပ်သွားတော့ မျိုးသူစိတ်တွေ အသိတရားတွေ ဆင်ခြင်မှုတွေ လွတ်ထွက်သွားတော့သည်။

' ဟဲ့ အို့ မျိုးသူ '

မမဇင် တားချိန်မရလိုက်။့ မျိုးသူက မမဇင်ကိုယ်လုံးလေးကို ဆတ်ကနဲ ရင်ခွင်ထဲဆွဲသွင်းကာ တင်းတင်းကျပ်ကျပ်ဖက်လိုက်ပြီး လေထဲမြှောက်ချီ ဆွဲမွှေ့ပြစ်လိုက်မိသည်။ မမဇင် အငိုက်မိသွားသည်မို့ ရုန်းဘို့ပင်သတိမရလိုက်။့ နောက်တော့မှ အနောက်မှာ ဦးလေး (မမဇင် ဖေဖေ ) ပါလာတာ သတိရသွားပြီး အတင်းရုန်းတော့သည်။ မျိုးသူနားနားကပ်ပြီး 

' ဘယ်လိုဖြစ်နေတာလဲ့ ဟိုမှာ ဖေဖေပါတယ် ' 

ဟု တိုးတိုးလေး ပြောလိုက်သည်။

မျိုးသူလဲ ဒီတော့မှပင် သတိပြန်ဝင်လာပြီး မမဇင်ကို အမြန် အသာအယာပြန်ချပေးလိုက်ရသည်။မမဇင်မျက်နှာလေးကတော့ ရဲရဲနီစွေးလျှက်၊ နောက်မှ လိုက်လာသော ဦးလေးမျက်နှာပေါ်တွင်တော့ တခါမှ မမြင်ဘူးသည့် အရိပ်အယောင်တချို့ရုတ်တရက် ဖြတ်ပြေးသွားတာ မျိုးသူသတိထားလိုက်မိသည်။့ စိတ်ထင်လိုက်မိလို့လားတော့မသိ။ အဲသည်လိုပဲဖြစ်ပါစေလို့သာ ဆုတောင်းရတော့သည်။

__________________________________________

အောင်စာရင်းထွက်သည့်နေ့က ဦးလေးရှေ့မှာ မဖွယ်မရာလိုဖြစ်ခဲ့ရပြီးကတည်းက မမဇင် သူ့ကို ရှောင်နေတာ သတိထားမိသည်။့ မျိုးသူလဲ ကိုယ့်အပြစ်နှင့်ကိုယ်မို့ ဘာမှ မပြောသာ။

ဂုဏ်ထူး ၅ ဘာသာနှင့်အောင်သည်မို့ အိမ်သူအိမ်သားတွေနှင့် သူငယ်ချင်းတွေ ဝိုင်းပြီး ချီးကျူးကြ ဂုဏ်ပြုကြတာတွေကိုတောင်မှ ကောင်းကောင်းမခံစားနိုင်ပဲ စိတ်မပါ့တပါနှင့်ပဲ ခေါင်းညိတ်သွားဖြီးလုပ်ပြ နေရ၏။

နောက် သုံးရက်လောက်ကြာတော့ မျိုးသူအောင်မြင်မှုအတွက် သူငယ်ချင်းတွေအားလုံး စုပေါင်းပြီး တနေရာသွားစားကြဘို့ ဖြစ်လာသည်။ နဲနဲတော့ သိသာနေမည်ဖြစ်ပေမယ့် မမဇင်နှင့်မဆုံရတာ ကြာလာတာကို သည်းမခံနိုင်တော့သည်မို့ ဒီပွဲမှာ မမဇင်ကိုပါ မရမက အပါခေါ်ဘို့ မျိုးသူတထစ်ချဆုံးဖြတ်လိုက်၏။

မမဇင်အိမ်ကိုသွားခေါ်ရမှာ စိတ်ထဲ ဝန်လေးနေမိသည်မို့ ဟိုဘက်သည်ဘက်အိမ်ချင်းကပ်နေပါလျက်နှင့်ဖုန်းပဲလှမ်းဆက်မိသည်။့ မမဇင်က ပထမတော့ ငြင်းနေသေးသည်။ မမကြီးနဲ့ ညီလေးပါ အတူပါ/မပါ မေးတော့ မပါဘူးဟု သူ အမှန်အတိုင်းဖြေလိုက်မိသဖြင့် ဖြစ်မည်။ မမဇင် မလိုက်ရင် နောက်ကျတော့မှ ကျနော့်ကို အဆိုးမဆိုနဲ့လို့ သူ့ထုံးစံအတိုင်း ဂျစ်ကန်ကန်လေး ပြောလိုက်မိတော့ မမဇင်ရဲ့ သက်ပြင်း ရှိုက်သံလေးသဲ့သဲ့ ဖုန်းခွက်ထဲမှ ကြားလိုက်ရသည်။

' အေးလေ့ မျိုးသူ သိပ်လိုက်စေချင်နေရင်လဲ မ လိုက်ခဲ့ပါ့မယ်။ ဘယ်နေ့ သွားကြ စားကြမှာလဲ့ '

မျိုးသူ ပြုံးမိသွားရသည်။ သူ စိတ်တိုပြီဆို မမဇင် တကယ်မနေနိုင်တာ သူသိနေသားပဲ။

' လာမယ့် စနေနေ့ သွားရင်ကောင်းမလားလို့ '

' အာ့ ပိတ်ရက်ကြီးတော့ မလုပ်နဲ့၊့ အိမ်ကလူကြီးတွေ ပြောရမှာ မပြောချင်ဘူး '

ခါတိုင်း သူတို့မောင်နှစ်မတတွေ အပြင်ထွက်လျှင် တအုပ်စုလုံးပဲထွက်ထွက်၊ သူငယ်ချင်းတွေနဲ့ပဲ ထွက်ထွက်၊ နှစ်ယောက်ထဲပဲထွက်ထွက် ဘာမှ ပြဿနာ မရှိခဲ့သည်မို့ မမဇင်စကားက သူ့အတွက် နဲနဲဆန်းနေသည်။ ဘာပဲပြောပြော မမဇင်ကို လိုက်စေလိုခြင်းက လိုရင်းမို့ အဆင်ပြေအောင် စီစဉ်ပေးရပေမည်ပေါ့။

' ဒါဆို မနက်ဖြန် သောကြာနေ့ရော၊ မမဇင် အတန်းကျတော့ ဘယ်လိုလုပ်မလဲ့ '

မမဇင် ခနနှုတ်ဆိတ်သွားသည်။့ ပြီးတော့မှ့

' ရတယ့် အတန်းဖျက်လိုက်မယ်။ မျိုးသူတို့ ဘယ်မှာစားကြမှာလဲ '

' ဖိုးစိန်လမ်းထဲက ဟောလီးဒေးမှာပါ၊ နေ့လည်စာပဲလေ့ မမဇင်ကို ကျနော်လာခေါ်မယ်လေ '

' ရတယ် မျိုးသူ့ ကျောင်းအထိလာခေါ်ရမှာ အဝေးကြီး၊့ မ အဲဒီကို နေ့လည် ၁၂နာရီ အရောက် လာခဲ့မယ့် ဟုတ်ပြီလား '

ပြောပြီးသည်နှင့် မမဇင်က ရုတ်တရက် ဖုန်းချသွားသည်။့ မျိုးသူရင်ထဲမှာတော့ မနက်ဖြန်ကိုကြိုတွေးပြီးရင်တွေ တဒိန်းဒိန်းခုန်နေမိတော့သည်။

__________________________________________

နေ့လည်စာစားပွဲက ပျော်ပွဲရွှင်ပွဲ ဂုဏ်ပြုပွဲနှင့် သိပ်မတူပဲ အေးတိအေးစက်နှင့်ပြီးသွားခဲ့သည်။အေးတိအေးစက်ဖြစ်မည်ပေါ့၊ ကာယကံရှင် မျိုးသူကလည်း ငိုင်တိငိုင်တိုင်၊့ ပြီးတော့ မမဇင်ကလည်းသိသိသာသာကြီးကို မျက်နှာပျက်နေတာ ဘေးလူတွေပင် သတိထားမိသည်မဟုတ်လား။ နှုတ်နည်းနည်းနှင့်ပဲ စားသောက်ပွဲကိုအပြီးသတ်လိုက်ကြပြီးတော့ သူငယ်ချင်းတွေက အရှိုအရှိုပြန်ကုန် ကြသည်။ ဆိုင်ဝင်းထဲမှာ မျိုးသူနှင့် မမဇင်ပဲ ကျန်ခဲ့တော့၏။ ဒီနေ့သွားရေးလာရေးလွယ်ကူစေဘို့ မနက်ကတည်းက ခါတိုင်းဆို မမကြီးယူသွားလေ့ရှိသော အိမ်ကဗင်ကားလေးကို မျိုးသူ မရမကပူဆာပြီး ချောဆွဲထားခဲ့သည်။့ အသက်က ၁၈နှစ်မပြည့်သေးသည်မို့ လိုင်စင်က မရှိသေးသဖြင့် အိမ်ကသူ့ကို ကားပေးမမောင်းသေးပါ။ လူကြီးတွေမသိအောင် မမကြီးကိုကပ်ချွဲပြီးယူလာရတာဖြစ်သည်။

' မျိုးသူ ဘယ်သွားစရာရှိသေးလဲ '

ကားဘေးနားမှာရပ်မိချိန် မမဇင်က တွေတွေလေး မေးလာခြင်းဖြစ်ပါသည်။ မျိုးသူမျက်စိထဲမှာ ဒီနေ့ မမဇင် အရမ်းကိုလှနေသည်။ ပန်းနုရောင်မိန်းကလေးဝတ်ရှပ်အင်္ကျီလေးက ကောက်ကြောင်းလေးတွေတိုင်း ချပ်ချပ်ရပ်ရပ်လေး။ အောက်က စကပ်ထမီအနီရင့်ရောင်လေးနှင့်လိုက်ဖက်တင့်တယ်လွန်းသည်။ ဆံပင်လေးတွေကို ကျောပေါ်ချပြီး ပန်းဆီရောင်ဖဲကြိုးလေးနှင့်စည်းထားသည်။ မမဇင်က မျက်နှာညှိုးနေလဲ လှနေတာပါပဲ။

တကယ်ကတော့ ဒီနေ့ မမဇင်ကို သူမရမကခေါ်ထုတ်လာခြင်း၏ ရည်ရွယ်ချက်ကိုက မမဇင်နှင့်အေးအေးဆေးဆေးဆုံတွေ့ကြဘို့စကားတွေတဝပြောကြဘို့ ဖြစ်ပေမယ့် ဘာကြောင့်မှန်းမသိ မမဇင်မျက်နှာညှိုးလွန်းနေတော့ မျိုးသူလည်းမပျော်တော့ပါ။ ဒါကြောင့်မို့ အိမ်ပဲပြန်တော့မည် လို့ စိတ်ကူးလိုက်မိသည်။

' အိမ်ပဲ ပြန်မယ်လေ့ မမဇင် ဘယ်သွားစရာရှိသေးလို့လဲ၊ ကျနော်ဘယ်လိုက်ပို့ပေးရမလဲ '

' မ မှာ သွားစရာမရှိပါဘူး မျိုးသူရယ့် ဒါပေမယ် '

' ဒါပေမယ့် ဘာဖြစ်လဲ မမဇင် '

' ဒါပေမယ့် ပြောစရာတွေ အများကြီးပဲကွယ်။ တနေရာရာ ခနသွားကြရအောင် '

မမဇင်အသံလေးက တုန်နေသည်။ မျိုးသူရင်ထဲ ဒိန်းကနဲဖြစ်၏။ တခုခုတော့ တခုခုပဲ ။

' ဒါဆိုလဲ နီးနီးနားနား ကန်တော်ကြီးပဲ သွားကြတာပေါ့နော် '

မမဇင်က ခေါင်းကိုသာညိတ်ပြပြီး ကားထဲဝင်ထိုင်လိုက်သည်မို့ မျိုးသူ လဲ ကားမောင်းသူဘက် ဝင်ထိုင်ပြီးကားကို ဖြည်းဖြည်းပဲ မောင်းထွက်လာခဲ့လိုက်သည်။ ကိုယ်က လိုင်စင်လဲမရှိသေး၊ စိတ်ကလဲ လှုပ်ရှားလို့နေချိန်မို့ ကားကို အတော်ဂရုစိုက်မောင်းနေရသည်။

ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံအဝရောက်တော့ ဝင်ကြေးပေးပြီး မောင်းဝင်လာခဲ့လိုက်သည်။့ လူမနေသေးသည့် မျှော်စင်တိုက်ကြီးနှစ်ခုကို တည့်တည့်မြင်နေရသည့် ကျွန်းဆွယ်လေးထိပ်နားရောက်မှ ကားကို ရေစပ်ဖက် ခေါင်းထိုးရပ်လိုက်၏။ စနေ၊တနင်္ဂနွေမဟုတ်သဖြင့် ကန်တော်ကြီးထဲတွင် လူရှင်း၍နေသည်။ စောစောပိုင်းက နေသာနေပေမယ့် အခုတော့ မိုးတွေအုံ့ဆိုင်းနေသည်မို့လဲ လူပိုရှင်းနေခြင်း ဖြစ်မည်။ တော်တော်နှင့် နှစ်ဦးသား စကားမစဖြစ်ကြ။

မျိုးသူက ကားစတီရာရင်ဘီးခွေကို အကြောင်းမဲ့ငေးစိုက်ကြည့်နေမိသလို မမဇင်မျက်နက်ဝန်းလေးတွေကရှေ့က ရေပြင်ကြီးကိုသာ တမေ့တမော။့ ခနနေတော့မှ မမဇင်က လည်ချောင်းရှင်းသလို ချောင်းလေးတချက်ဟန့်လိုက်ပြီး စကားစသည်။

' အောင်စာရင်းထွက်တဲ့နေ့က မ အိမ်ပြန်ရောက်ပြီးတော့ ဖေဖေနဲ့မေမေ တိုးတိုး တိုးတိုးနဲ့ အကြာကြီးစကားတွေပြောနေကြတာ သတိထားလိုက်မိတယ်၊ သိလား မျိုးသူ'

မျိုးသူ ခေါင်းပဲညိတ်ပြလိုက်မိသည်။

' ညရောက်တော့ မေမေက မ ကို မပြောစဖူး စကားတွေ ခေါ်ပြောလိုက်တာမှ အများကြီးပဲ၊ မိန်းကလေးဆိုတာ ဘယ်လိုဘယ်ပုံကိုယ့်ကိုယ်ကို ထိန်းသိမ်းရတယ်တို့ ယောကျာ်းလေးတွေဆိုရင် နီးနီးစပ်စပ်သူငယ်ချင်းမပြောနဲ့ ဆွေမျိုးနီးစပ်တောင် အမှတ်တမဲ့ မနေရဘူးတို့ စုံနေတာပဲ မျိုးသူရယ် '

ပြောနေရင်းကကို မမဇင် သက်ပြင်းလေးတချက်ရှိုက်လိုက်တာ သတိထားမိရသည်။ ရင်မောရပါတယ် မမဇင်ရယ်။

' မေမေက မပြောစဖူး ပြောလာတော့ မ လဲ လန့်သွားတာပေါ့။့ ဒါနဲ့ပဲ မျိုးသူဆီလဲ မလာရဲ့ ဆက်လဲ မဆက်သွယ်ရဲနဲ့ နေနေလိုက်ရတယ်။့ မ မျက်နှာကတော့ အရမ်းကို ပျက်နေမှာပေါ့ မျိုးသူရယ့် ဒီအချိန်မှာ မျိုးသူဘေးမှာ မကိုယ်တိုင် ဂုဏ်ယူချင်နေချိန်ကျမှ ရှောင်နေရတာမဟုတ်လား '

ကိုယ်ချင်းစာပြီး သိပါတယ် မမဇင်ရယ့် လို့ပဲ သူ့စိတ်ထဲက တိုးတိုးရေရွတ်မိသည်။

' မနေ့က မျိုးသူ ဖုန်းဆက်တော့ အိမ်အပေါ်ထပ်ကနေ ဖေဖေနဲ့မေမေ ဖြတ်နားထောင်နေကြတာ မ မသိလိုက်ဖူး '

' ဗျာ့ ဖုန်းကို ဖြတ်နားထောင်တယ့် ' သူ့မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်သွားသည်။

မရည်ရွယ်ပါပဲ အံကို တင်းတင်းကြိတ်မိသွားရ၏။

' မျိုးသူ မေမေတို့ကို စိတ်မဆိုးနဲ့နော် ငရဲကြီးလိမ့်မယ်၊့ အဲဒါမျိုးသူရဲ့ ဦးလေးနဲ့အဒေါ်ပဲ မဟုတ်လား၊တကယ်တော့ သူတို့လဲ မ ကို ချစ်လွန်းတဲ့စိတ်ကြောင့်ပဲ လူမှုကျင့်ဝတ်တခုကို ချိုးဖောက်မိသလို ဖြစ်သွားရတာပါ့ စိတ်ကိုထိန်းနော့် မ မောင်လေးက လိမ္မာပြီးသားပါ '

မျိုးသူ ဘာပြန်ပြောရမည်မှန်း မသိတော့။့ ခေါင်းတွေနောက်ကျိလာသည်။မမဇင်လဲ စကားကို ရုတ်တရက် မဆက်နိုင်။့ ကားထဲတွင် တိတ်ဆိတ်ငြိမ်သက်သွား၏။အပြင်တွင်တော့ ကားထဲနှင့်ဆန့်ကျင်စွာပင် သစ်ရွက်တွေကို လေတိုးဝှေ့သဖြင့် တရှဲရှဲမြည်သံတွေ ဆူညံလို့ လာသည်။ လေ၏နောက်မှာ မိုးစက်တွေပါ ပါလာ၏။ မိုးစက်ကျသံတဗြောင်းဗြောင်းက ဟိုးအဝေးကနေ သူတို့နား တဖြည်းဖြည်း ရောက်လာသည်။့

' မိုးတွေ ရွာလာပြီ မမဇင်၊ ကားမှန်တွေပိတ်ရအောင် '

သူပြောရင်း သူ့ဘက်က ကားပြတင်းမှန်ကို ပိတ်လိုက်သည်။ မမဇင်ကတော့ မိုးတွေရွာလာသည်ကိုပင်သတိမထားမိသည့်အလား ငြိမ်သက်နေသည်မို့ သူကပဲ ကိုယ်ကိုကိုင်းပြီး မမဇင်ဘက်က မှန်ကို လှမ်းပိတ်ပေးလိုက်ရ၏။ မမဇင် ရင်ခွင်နားမှာ သူ့မျက်နှာဖြတ်သွားတော့ ခိုလှုံခဲ့ဘူးသည့် ရင်ငွေ့နွေးနွေးက သူ့ကိုလှမ်းပြီး ကလူကျီစယ်နေသလိုလု့ ။

တဖြည်းဖြည်းနှင့် မိုးတွေကသည်းသည်ထက် သည်းလာသည်။ ကားမှန်တွေက ရေငွေ့တွေရိုက်ပြီး မှုန်မှိုင်းလာ၏။ မျိုးသူရင်ထဲမှာလဲ မှန်တွေနှင့်အပြိုင် မှုန်မှိုင်းနောက်ကျိနေသည်၊ မမဇင်တော့ ဘယ်သို့ရှိမည်မသိ။

ငေးငိုင်နေမိဆဲမှာပင် မိုးသံတွေကြားထဲမှ မမဇင်ရဲ့ ရှိုက်သံလေးကို မသဲမကွဲကြားလိုက်ရသည်။ မမဇင်ဘက် ချာကနဲလှည့်ကြည့်လိုက်တော့ ဟုတ်သည်၊ မမဇင် ငိုနေပြီ။ သူအရမ်းစွဲလန်းရသော မမဇင် မျက်ဝန်းနက်လေးတွေမှ မျက်ရည်ဥလေးတွေ စီးကျနေကြပြီ။ နှုတ်ခမ်းဖူးဖူးလေးတွေက တဆတ်ဆတ်တုန်နေကြသည်။ ပန်းနုရောင် ရှပ်အင်္ကျီလက်တိုလေးအောက်မှ မမဇင် ပုခုံးလုံးလုံးလေးတွေကရှိုက်သံနှင့်အပြိုင် လှုပ်ခါနေကြသည်။့ မျိုးသူ ရင်မချိတော့။ သူ ဒီဇာတ်လမ်းကိုစခဲ့မိတာ မမဇင်ကို သောကတွေပေးဘို့ ဖြစ်နေခဲ့ရသလိုပါပဲလား။

ဆို့နင့်တက်လာသော ခံစားမှုနှင့်အတူ မမဇင်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ အသာထွေးပွေ့ထားလိုက် မိတော့သည်။့

' တိတ်ပါ မမဇင်ရယ့် မမဇင်ခုလိုငိုနေရင် ကျနော်တကယ်ရင်မချိလို့ပါ့ '

မမဇင်က သူ့ပုခုံးပေါ်မှာ မေးလေးတင်ထားရင်း ဆက်ရှိုက်နေသည်။ခနနေတော့ ရှိုက်သံတွေကြားမှ အသံတုန်တုန်လေးနှင့် ပြတ်တောင်းပြတ်တောင်း စကားဆက်ရှာ၏။

' အမှန်က ဒီနေ့ မကို မျိုးသူခေါ်တဲ့ဆီ မလွှတ်ကြတော့ဘို့ပဲ၊့ ညက တညလုံးနီးပါး မတို့ မအိပ်ဖြစ်ကြပါဘူး မျိုးသူရယ့် ။ နောက်ဆုံးတော့ မေမေက မ ကို မေးတယ်လေ။့ မျိုးသူနဲ့ဘယ်အခြေအနေရှိနေကြပြီလဲတဲ့ '

ဒုတိယအကြိမ်မြောက် သူ မျက်လုံးပြူးသွားရပြန်သည်။

' အဲဒီတော့ မမဇင်က့ '

' မ့ မညာချင်ဘူး မျိုးသူရယ်၊ ညာနိုင်တဲ့အင်အားလဲ မရှိတော့ဘူး။ နောက်ဆုံးတော့ မေမေ့ကို အမှန်အတိုင်းပဲ ဖွင့်ပြောလိုက်တော့တယ် '

' ဗျာ့ '

ကမ္ဘာကြီး အိုးထိန်းစက်သို့ ချာချာလည်သည်ဆိုသော စကားကို ခုမှ မျိုးသူသဘောပေါက်တော့သည်။စိုးရိမ်စိတ်တွေကော့ မမဇင်မိဘတွေကို ဘယ်လိုများ မျက်နှာပြရပါတော့မည်လဲဟု ရှက်ရွံ့စိတ်တွေကောအကုန်ပေါင်းမိမှတော့ ဒီလောက်တော့ရှိပေတော့မည်ပေါ့။

' ဘာ့ ဘာတွေဆက်ဖြစ်ကုန်ကြလဲ မမဇင်ရယ့် '

' မျိုးသူသိပါတယ့် မ ကို အိမ်မှာ စကားတောင် မာမာပြောခဲ့ဖူးတာမဟုတ်ဖူး။ မေမေရယ်လေ့ အဲဒီလို

ကြားကြားခြင်း မ ကို ပါးရိုက်တော့မယ်ရယ်လို့ လက်ရွယ်ထည့်လိုက်တာ မ ဖြင့် တကယ်ကိုရိုက်လိုက်ပြီမှတ်လိုက်မိတယ် '

မျိုးသူ သူ့ပါးကိုပင် သူပြန်ပြီး ယောင်ယမ်းကာ စမ်းမိသွားရ၏။

' နောက်တော့မှ ရွယ်ထားတဲ့လက်ကိုပြန်ချပြီး မ ကို ဖက်ပြီး မေမေငိုလိုက်တာမှ့ ။ မိုက်လှချည်လားသမီးရယ်တဲ့ ။ ဖေဖေကတော့ ဘေးကနေ အံကြီးကြိတ်လို့ '

သူ့ပုခုံးပေါ် ခေါင်းမှီထားရာမှ မမဇင်အသာပြန်ရုန်းထသည်။ ထိုင်ခုံမှာ လျော့တိလျော့ရဲလေး ပြန်ထိုင်၏။မမဇင်၏ နုထွေးသောပါးပြင်မို့မို့တို့ထက်တွင် မျက်ရည်စီးကြောင်းလေးတွေက မြစ်ငယ်လေးများအလား။မိတ်ကပ်ပါးပါးခံပြီးမှ လူးလာသော မမဇင်ပါးပေါ်က သနပ်ခါးတို့ ပျက်ခြေပြီ။ ဘယ်သို့ဆိုစေ မမဇင်ကလှဆဲ့ ချစ်စရာကောင်းဆဲ့ မြတ်နိုးစရာကောင်းဆဲ။့ သူအရမ်းချစ်ရသော ဒီမမဇင်ကို စွန့်လွှတ်ရဘို့ဆိုသည်က တွေးပင်မတွေးရဲစရာပါ။

' နောက်ကော ဘာတွေဆက်ဖြစ်ကြသေးလဲ မမဇင့် '

မမဇင် ခပ်မဲ့မဲ့လေး ပြုံးသည်။ အပြုံးက မချိပြုံး့

' မ ထင်ထားတဲ့အတိုင်းပေ့ါ မျိုးသူရယ့် သူတို့ကို လူကြီးချင်း စကားကမ်းလှမ်းထားတဲ့တယောက်ကို မ က လက်ခံရမယ်တဲ့ အဲဒီသူက့ '

' အဲဒီလူက ကိုဇော်လတ်မှ ဟုတ်ရဲ့လား မမဇင်ရယ့် '

မမဇင် အသာခေါင်းညိတ်သည်။့ ရင်သည် ဟင်းလင်းပွင့်ထွက်သည် ထင်၏။့

' မမဇင်က လက်ခံလိုက်ရောလား့ '

မျက်ရည်တွေကြားမှ မမဇင် မျက်မှောင်တချက်ကြုံ့ပြီး သူ့ကိုစိုက်ကြည့်သည်။

' မျိုးသူနော့် မ ကို ဘယ်လိုမိန်းကလေး ထင်လို့လဲ့ ဒီလိုနဲ့ ပြီးပြီးရော လုပ်မယ့်သူများမှတ်နေလား '

သူ ပြာပြာသလဲ ဖြေရှင်းရသည်။

' မဟုတ်ပါဘူး မမဇင်ရယ့် ကျနော်က မမဇင်နဲ့ ဝေးရမှာ စိုးရိမ်လွန်းလို့ပါ့ '

' မ နဲ့ ဝေးရမှာ့ မ နဲ့ ဝေးရမှာ့ '

မမဇင်က သူပြောလိုက်သည့်စကားကို တိုးတိုးလေးရေရွတ်ငြီးတွားရင်း အဝေးကိုငေးနေသည်။

' မနဲ့ မျိုးသူ ဝေးတော့ ဝေးကြရဦးမယ်ကွယ့် '

တိုးတိုးလေးပေမယ့် မမဇင်စကားက မျိုးသူနားထဲမှာ အနုမြူဗုံးပေါက်ကွဲသည်ထက် ကျယ်လောင်သွား၏။

' ဘာ့ ဘယ်လို့ မမဇင့် ဝေးကြရမယ်ဟုတ်လား့ '

မမဇင် ပြန်မဖြေတော့။့ ခေါင်းလေးကိုသာ လေးလေးတွဲ့တွဲ့ ညိတ်ပြသည်။မျိုးသူ မျက်လုံးတွေ ပြာဝေလာသည်၊ ရင်ထဲတွင် လှိုက်ဆို့တက်လာသည်၊့ ခြေဖျားလက်ဖျားတွေ ကျင်တက်လာသည်၊့ သူ့ကိုယ်သူ ဘာလုပ်မိမှန်းသတိမထားမိခင်မှာပင် သူ့မျက်နှာက မမဇင်ရင်ခွင်ထဲသို့ ထိုးမှောက်ချလိုက်မိပြီးသားဖြစ်နေတော့သည်။့ သူ ငိုနေမိပြီ၊ ဟုတ်သည့် ယောကျာ်းလေးတန်မဲ့နှင့်သူ ရှိုက်ကြီးတငင် ငိုနေမိပြီ။

' ဘာလို့ ကျနော်တို့ ဝေးရမှာလဲ့ မဝေးရဘူး့ မဝေးရဘူး့ '

ခလေးလေးတယောက်လို သူ ဆောက်တည်ရာမရ ဟစ်ကြွေးနေမိသည်။ မမဇင်က သူ့ခေါင်းကို တင်းတင်းကျပ်ကျပ် ထွေးပွေ့ထား၏။ မမဇင် ရင်ငွေ့နွေးနွေးတို့က သူ့ကို လုံခြုံမှုမပေးနိုင်တော့သယောင်ရှိသည်။

' တိတ်ပါ မျိုးသူရယ့် ခလေးလေးကျနေတာပဲ။ ဒီနေ့ မ ကို မေမေတို့ လွှတ်လိုက်တာ မျိုးသူကို အဲဒီအကြောင်းတွေ ပြောပြဘို့ပဲ့ ဘာလို့ဝေးရမယ်ဆိုတာတော့ အို့ မ၊ ပြောလို့မထွက်တော့ဘူးကွယ်။ မျိုးသူ ဒီနေ့ အိမ်ပြန်ရောက်ရင် သိတော့မှာပါ။့ မျိုးသူကို ပြောပြကြပါလိမ့်မယ့် '

သြော့် သူ နားလည်လိုက်ပါပြီ။ ဒီအကြောင်းကို နှစ်ဖက် မိဘများ ဒီရက်ပိုင်းမှာ ခေါင်းချင်းရိုက်နေခဲ့ကြမည်ကိုး။

သူ့ကိုသာ တိတ်ပါလို့ပြောနေပေမယ့် မမဇင်ကိုယ်တိုင်က ရှိုက်သံတွေ ပိုဆူလာသည်။ အပြင်မှာ သဲနေသောမိုးနှင့်အပြိုင် မမဇင်မျက်ရည်တို့က မျိုးသူခေါင်းပေါ် မိုးရေစက်တွေအလား စီးကျလာနေကြ၏မမဇင် ရင်ခွင်ထဲမှ မျိုးသူခေါင်းမော့်ကြည့်လိုက်မိသည်။ မမဇင်က မျက်ရည်များကြားမှ ကြိုးစားပြီး သူ့ကိုပြန်ပြုံးပြနေရှာသည်။ အို မမဇင်ရယ့်

' အ့ မျိုး့ မျိုးသူ့ အို့ '

ဆောက်တည်ရာမရသောစိတ်သည် ဆင်ခြင်တုံတရားကို ကင်းစေနိုင်၏။ သူ မမဇင်ကို တင်းတင်းကျပ်ကျပ်ဆွဲယူပွေ့ဖက်ပြစ်လိုက်မိသည်။့ မမဇင် မရုန်းနိုင်ခင်မှာပင် ပါးလေးနှစ်ဖက်ကို ဘယ်ပြန်ညာပြန်ခပ်ကြမ်းကြမ်းနမ်းမိ၏။ သူ့တကိုယ်လုံးမှ သွေးတွေ ပိုပြီးဆူပွက်လို့လာသည်။ မျက်ရည်ကြည်တို့စိုရွှဲနေသော ပါးပြင်လေးများမှသည် သူ့အနမ်းတို့က မမဇင်၏ နှုတ်ခမ်းဖူးဖူးလေးတွေပေါ်ရောက်သွားသည်။ နွေးထွေးစိုစွတ်နေသော နှုတ်ခမ်းသား နူးနူးညံ့ညံ့လေးတွေကို စုပ်ယူနမ်းရှိုက်လိုက်မိချိန်တွင် သောကတို့ကို ခနမေ့သွား၏။ မရည်ရွယ်ခဲ့ပါ။ ဒီနေရာကို လာစဉ်တုန်းက ဒီလိုမမဇင်အပေါ် အမြတ်ထုတ် အသားယူမည်ရယ်လို့ လုံးဝကို မရည်ရွယ်ခဲ့ပါ။့ လောကတွင် တခါတလေ အဖြစ်အပျက်တို့သည် မရည်ရွယ်ပဲနှင့်လည်း ဖြစ်တတ်ချေသည်တကား။

သူ့လက်တဖက်က မမဇင် င်္အကျီကြယ်သီးလေးတွေကို စမ်းပြီးတလုံးချင်းဖြုတ်ပြစ်နေမိသည်။ နောက်တဖက်က မမဇင်၏ သွယ်လျသောခါးလေးမှသည် တင်ပါးလုံးလုံးကျစ်ကျစ်လေးတွေဆီ အလိုလိုရောက်မှန်းမသိ ရောက်သွားကြသည်။

' မျိုး မျိုးသူ တော်တော့နော့် မ မောင်လေးက့ မ မောင်လေးက့ '

ခါတိုင်းလို မမဇင်နှုတ်မှ ( မ မောင်လေးက လိမ္မာတယ် ) ဆိုသည့် စကားလေးတွေ ထွက်မလာတော့ပဲလမ်းတဝက်မှာတင် ရပ်တန့်သွားတော့သည်။ သည့်နောက်မှာ သူသတိထားလိုက်မိသည်က မမဇင်၏တရှိုက်မက်မက်တုန့်ပြန်လာသော အနမ်းများ့ ။

ဆိတ်ကွယ်ရာ ဝန်းကျင်နှင့် ဖန်တီးလာသောအခြေအနေသည် နှစ်ဦးလုံး၏ ထိန်းချုပ်မှုကို ကင်းစေခဲ့လေပြီ။ဘာတွေဆက်ဖြစ်သည်ကို သူ သေသေချာချာမမှတ်မိတော့။ မမဇင်၏ ရင်သားလေးတွေ က အိထွေးနေတာ တင်သားအိအိတွေက နူးညံ့နေတာ၊့ အတွင်းခံဘရာစီယာနှင့် ပင်တီအရောင်လေးတွေကပါ ပန်းရောင်လေးတွေဖြစ်နေပြီး မမဇင် အသားလေးတွေနှင့် အရမ်းကိုလိုက်ဖက်နေတာ၊့ အို့ နောက်ဆုံးတော့ အထိအတွေ့တို့သည် လွန်ခဲ့သည့်နှစ်ကနှင့်ပင် မတူပဲ ပိုပြီးလတ်ဆတ် တပ်မက်ဖွယ်ကောင်းနေတာ့ ကားဆိုဖာခုံကို နောက်ပြန်လှန်ချလိုက်ပြီး သူနှင့်မမဇင် စိတ်ရှိတိုင်းချစ်ပြစ်လိုက်မိကြတော့သည်။ 

သဲသဲမဲမဲ ရွာနေသောမိုးက အတိုင်းမဲ့ချစ်သူနှစ်ဦးကို အကာအကွယ်ပေးထားသည့်အလား။့ တချက်တချက် မမဇင်ထံမှ ခပ်သဲ့သဲ့ညဉ်းသံလေးတွေ ထွက်လာသည်။ အပျိုရိုင်းလေးမဟုတ်တော့သည့်တိုင် ဒီလိုမကြုံဖြစ်တာ တနှစ်တောင်ကျော်ခဲ့ပြီမို့ မျိုးသူက ချွန်းဖွင့်လွှတ်လိုက်သည့်ဆင်ရိုင်းကြီးပမာ မုန်ယိုလာတော့ မမဇင် အံလေးကြိတ်ကာ တောင့်ခံနေရသည်။ ဒီအခိုက်အတန့်မှာတော့ တလောကလုံးကို သူတို့နှစ်ဦး မေ့သွားကြ တော့သည်။ အချိန်တွေမည်မှ ကြာသွားပြီကိုပင် မသိတော့။

' အ့ အ့ အား့ '

အသံရှည်ဆွဲကာ ညဉ်းသံလေးနှင့်အတူ မမဇင် မေးဖျားလေးက ကော့တက်သွားသည်။ မျက်လုံးလေးတွေ တင်းတင်းမှိတ်ရင်း ကိုယ်လုံးလေးက ဆတ်ဆတ်ခါလှုပ်ရှား သွားလေသည်။ မျိုးသူလဲ မမဇင်ကို တင်းတင်းကျပ်ကျပ်ဖက်ထားရင်း အံကိုတင်းတင်းကြိတ်ကာ သူ့အချစ်၊ သူ့နွေးထွေးမှုတွေကို မမဇင်ဆီ ပို့လွှတ်ပေးလိုက်မိတော့၏။ ချစ်သူနှစ်ဦး၏ ရင်းနှီးမှုက ပိုíပိုí ခိုင်မြဲခဲ့ပေပြီ။

________________________________________

' သြော့် ကိုယ်တော်လေး့ ပြန်လာသေးတယ်ကိုး။ ဒီကိုတဆိတ်လောက်ကြွတော်မူပါ့ '

အိမ်ရှေ့မှာကားထိုးလိုက်သည်နှင့် မမကြီးက ခါးထောက်ကာ စောင့်နေပြီး အငေါ်တူးစွာဆီးကြိုသည်။မမကြီးပြောလဲ ပြောစရာပါ။့ ကားမောင်းနိုင်လောက်အောင် သူပြန်တည်ငြိမ်လာသည်အထိ စောင့်နေခဲ့ရသည်မို့ အိမ်ပြန်ရောက်တော့ မိုးက စုပ်စုပ်ချုပ်နေပါပြီ။့ မမဇင်ကို ဟိုဘက်အိမ်ရှေ့မှာချပေးတော့ အိမ်ထဲက ဧည့်ခန်းထဲကနေလှမ်းကြည့်နေသော ဦးလေးနှင့်ဒေါ်လေးတို့၏ မျက်လုံးတွေကို ရင်မဆိုင်ရဲခဲ့။

ကိုယ့်အိမ်ကိုယ်ပြန်ရောက်တော့လဲ မမကြီးက ဆီးကြိုနှင့်နေပြီ။ ဒါကိုတော့ ရှောင်လို့မရတော့။

' မမကြီးကလဲဗျာ့ စိတ်ပူစရာမရှိ၊ ကြံဖန်စိတ်ပူလို့။ မမကြီးရဲ့ကား ဘာမှမဖြစ်ပါဘူးဗျ့ '

ပြောနေကျ ကြွပ်ဆတ်ဆတ်လေသံနှင့်ပြန်ပြောမိတော့ မမကြီးရဲ့လက်ကလည်း ထုံးစံအတိုင်း မျိုးသူခေါင်းပေါ် ဒေါင်ကနဲ ကျရောက်သွားသည်။ ရှောင်ချိန်ပင်မရလိုက်။

' ဟဲ့ ရွဲ့ပြောမနေနဲ့။ ကားကိုစိတ်ပူလို့မဟုတ်ဖူး့ နင့်ကိုစိတ်ပူတာ့ နင့်ကိုစိတ်ပူတာ။စကားများမနေနဲ့ အခုသွားရေမိုးချိုး၊ ထမင်းစား။့ ပြီးတာနဲ့ ဧည့်ခန်းထဲပြန်လာခဲ့။ ဖေဖေရောမေမေရော ငါရော စောင့်နေမယ် '

အင်း့ အရေးတော်ပုံတော့ စပြီပေါ့။့မျိုးသူစိတ်ထဲ ခပ်ငေ့ါငေါ့တွေးမိသည်။ရေအမြန်ချိုးပြီးသည်နှင့် ထမင်းကိုတလုပ်နှစ်လုပ်ပဲစားပြီး ဧည့်ခန်းဆီ ပြန်ထွက်လာမိ၏။ စားချင်စိတ်လဲ မရှိတော့ပါဘူးလေ။

ဧည့်ခန်းထဲတွင် ဖေဖေနှင့်မေမေက ၂ယောက်ထိုင်ဆိုဖာပေါ်ယှဉ်ပြီးထိုင်နေကြသည်။ မမကြီးက ဘေးက ခုံဝိုင်းအပုလေးတခုပေါ်ထိုင်နေ၏။ မျိုးသူ မှုန်ကုပ်ကုန်နှင့် ဖေဖေတို့ရှေ့က ဆိုဖာပေါ်ဝင်ထိုင်လိုက်သည်။တော်တော်ကြာသည်အထိ ဘယ်သူမှ စကားမစဖြစ်ကြသေး။

တော်တော်ကြာတော့မှ ဖေဖေက လည်ချောင်းရှင်းသလို ချောင်းတချက်ဟန့်ပြီး စကားစလိုက်သည်။

' သားအသက် ဘယ်လောက်ရှိပြီလဲကွယ့် '

ကိုယ့်သားကိုယ်တောင် မမှတ်မိတော့ဘူးလား့ လို့သာ သူပြန်အငေါ်တူးလို့ကတော့ ဖေဖေထပြီးများ ဆွဲထိုးလေမလားမသိ။့

' ၁၇ နှစ်ပြည့်ပြီးပါပြီဖေဖေ့ '

' သြော့် အေးအေး၊ သိပ်မကြာခင် လူကြီးတောင်ဖြစ်တော့မှာကိုးကွ့ '

ဖေဖေစကားပြောပြီဆို အဲသည်လိုပင်။ လိုရင်းကိုတော်တော်နှင့်မရောက်။ မေမေကတော့ စကားပြောပြတ်သလို တော်ရုံနှင့်လဲ ပြောခဲသည်။ ရှင်းရှင်းပြောရလှင် မျိုးသူ မေမေ့ကို ပိုကြောက်သည်။ ခုထိတော့ မေမေက ဘာမှ ပြောမလာသေး။့ သူ့ကိုသာ ခပ်စူးစူး စိုက်ကြည့်နေတုန်း။

' လူကြီးဖြစ်တော့မယ်ဆိုတော့ကွာ့ ခလေးမဟုတ်တော့ဘူးပေါ့။့ အဲဒီတော့ လူ့ကျင့်ဝတ်တွေဆိုတာကိုသား နားလည်လောက်ပြီထင်ပါတယ့် '

' ကဲပါဖေဖေရယ့် သားကိုတည့်တည့်သာ ပြောပါတော့။ မမဇင် နဲ့ကိစ္စပဲမဟုတ်လား့ '

စိတ်က အလိုလိုမှ တင်းကျပ်နေရသည့်အထဲ ဖေဖေ့စကားတွေကြောင့် မျိုးသူ စိတ်မရှည်တော့။့ ဒါပေမယ့် မမကြီးက သူ့ထက် စိတ်မြန်ပါသည်။ဒေါင်ကနဲ သူ့ခေါင်းပေါ်နောက်ထပ်ကျရောက်လာသော လက်ခေါက်နှင့်အတူ မမကြီးထံမှ ဒေါသနှင့် တုန်ရီနေသော စကားတို့ လွှတ်ကနဲထွက်လာတော့သည်။

' အေး့ နင်ကတည့်တည့်ပြောမှတော့ ငါတို့ကလဲ တည့်တည့်ပဲပြောရတော့မှာပေါ့။့ ဟုတ်တယ့် နင်ခွေးဇာတ်ခင်းတဲ့အကြောင်း ပြောမလို့ဟေ့ တောက်၊ ရှက်ဖို့ကောင်းလိုက်တာနော့် '

မမကြီးက ပြောရင်းနှင့် လှံကျလာသော မျက်ရည်တို့ကို သူမလက်ခုံနှင့် သုတ်ရင်း ဧည့်ခန်းထဲမှ သုတ်ကနဲ ထွက်သွားတော့သည်။့ ဘာပြောပြော နောက်ထပ် ခေါင်းခေါက်ခံရမည့်ဘေးမှတော့ ကင်းဝေး သွားပြီပေါ့။

အချိန်တိုအတွင်း ၂ခါဆက်တိုက် အားရှိပါးရှိအခေါက်ခံရသောကြောင့် တော်တော်လေးအီဆိမ့်သွားသောခေါင်းကိုပွတ်ရင်း မျိုးသူ မရဲတရဲမော့ကြည့်တော့ ဖေဖေက သူ့ကို အကြည့်လွှဲထားသည်။ သြော့် ခွေးဇာတ့် ခွေးဇာတ်တဲ့လား မမကြီးရယ့် ။ သူ ဒီလောက်တောင် မိုက်လုံးကြီးတဲ့သူ ဖြစ်နေပြီလား။

တအိမ်လုံး ခနမှတိတ်ဆိတ်သွားပြန်သည်။့ ညီတော်မောင်တော့ ဘယ်ချောင်သွားကပ်နေပြီလဲ မသိ။ ခနနေတော့မှ စကားဝိုင်းက ပြန်အသက်ဝင်လာသည်။ ဒီတခါတော့ မေမေ ရယ်ပါ။

' ကဲ့ သား၊ မေမေကတော့ ရှည်ရှည်ဝေးဝေး ကွေ့ပါတ်ပြီးလဲ မပြောတတ်ဖူး။့ သားတို့ဇာတ်လမ်းကို

မေမေတို့ဘယ်လိုမှ သဘောမတူနိုင်တာ သားလဲ သဘောပေါက်မှာပါ့ '

' ဒါပေမယ့် မေမေရယ့် '

' ဒါပေမယ့် ဘာဖြစ်လဲကွယ့် '

' သားနဲ့ မမဇင်က မောင်နှစ်မဝမ်းကွဲဖြစ်နေရတာကလွဲရင် သားတို့မှာ ဘာအပြစ်များရှိလို့လဲဗျာ့ '

သူ့အသံက ငိုသံများ ပါနေလေသည်လားမသိ။ မေမေက မျက်ခုံးတဖက်ဝင့်ကြည့်သည်။ မေမေ ဒီလိုကြည့်ပြီဆိုရင် စိတ်တိုလာပြီဆိုသည့် သဘော။

' ဟဲ့ ဒီ့ထက်ဆိုးတဲ့အပြစ်ရှိရဦးမလား။ ငါနဲ့ ထွန်းဇင်တို့ အမျိုးတွေကြားထဲ ဘယ်လိုမျက်နှာပြရမလဲ၊ နင် လုပ်ပုံက့ '

ထွန်းဇင်ဆိုတာ မေမေ့မောင် မမဇင်ဖေဖေ့နံမည်ဖြစ်သည်။ အင်းလေ့ ဒီပြသနာက မေမေနှင့်ပိုပြီး ပါတ်သက်နေသည်ပဲ။ မမဇင်ဘက်မှဆိုလှင်တော့ သူမဖေဖေနှင့်ပေါ့။

' ဟာဗျာ့ ဒါပေမယ့် ရာဇဝင်ထဲမှာတောင် မင်းမျိုးမင်းနွယ်တွေ ဒီလိုပဲ မောင်နှစ်မဝမ်းကွဲချင်း ပြန်ပြီးလက်ထပ်ထိမ်းမြားကြတာတွေ အထင်အရှားပါ မေမေရာ့ '

မေမေ့စကား မိုးကြိုးသွားကို သူ့စကား ထန်းလက်နှင့်ကာဘို့ကြိုးစားပေမယ့် အရာမထင်ပါ။

' စကားမရှည်နဲ့သား့ ။ အဲဒါက ရာဇဝင်ထဲမှာပဲရှိတယ်၊ ဒီခေတ်ကြီးမှာ မရှိတော့ဘူး။ မင်းရဲ့တဇွတ်ထိုးစိတ်ကို ဒီနေရာမှာတော့ အသုံးချဘို့ မကြံနဲ့တော့ '

စကားဝိုင်းသည် တင်းမာမှုဖြင့် တိတ်ဆိတ်သွားပြန်သည်။ ခနနေတော့ ဖေဖေက စကားလွှဲလိုက်၏။

' ကဲ့ ထားပါဦးလေ။ နောက်တခု ပြောရအောင်။့ သား အခု ဆယ်တန်းအောင်ပြီးပြီ၊့ ဘာကျောင်းဆက်တက်မယ် စိတ်ကူးသလဲ့ '

ဖေဖေပြောမှပင် ဒီရက်ပိုင်း မမဇင်ကိစ္စနှင့် အာရုံတွေများပြီး သူမေ့နေသော အကြောင်းအရာက ခေါင်းထဲပြန်ရောက်လာသည်။ သူလဲ ဆရာဝန်လိုင်းကို စိတ်မပါပါ၊့ အင်ဂျင်နီယာလိုင်း လိုက်ရအောင် ကျပြန်တော့လဲ ကျောင်းတွေ အနေအထားက သိတဲ့အတိုင်း။့ မြွေပူရာ ကင်းမှောင့်ဆိုတာ ဒါမျိုးထင်ပါ့။

' သား မသိဘူးဖေဖေ။့ ဖေဖေတို့က သားကို ဆရာဝန်လိုင်း လိုက်စေချင်လို့လား့ '

ဖေဖေက ပြုံးသည်။ ဖေဖေ့အပြုံးက အောင်နိုင်သူတို့ အပြုံးမျိုး။့

' သား စိတ်မဝင်စားတဲ့ လိုင်းကို ဖေဖေတို့က ဇွတ်မယူခိုင်းပါဘူးကွာ။့ သား ငယ်ငယ်ကတည်းက ဆရာဝန်တော့မလုပ်ချင်ဘူးလို့ ခနခနပြောခဲ့တာ ဖေဖေတို့ မေ့မထားပါဘူး့ '

ဖေဖေ့စကားသံက မသင်္ကာစရာကောင်းလောက်အောင် ချိုမြလွန်းနေသည်ဟု ထင်မိသည်။

' ငါ့သား စိတ်ဝင်စားတာ အင်ဂျင်နီယာလိုင်းမဟုတ်လား့ ခက်တာက ဒီမှာကလဲ လောလောဆယ်အင်ဂျင်နီယာကျောင်းက အဆင်မပြေဆိုတော့ '

ဖေဖေက စကားကို ခနရပ်ထားသည်။ မျိုးသူ ဖေဖေ့မျက်နှာကို အကဲခတ်နေမိ၏။

' ဆိုတော့ကာ့ ဖေဖေတို့ စီစဉ်ထားပြီးပြီကွယ်။့ ငါ့သားကို စင်္ကာပူပို့ပြီး ကျောင်းထားပေးမယ်။ဟိုမှာ ဖေဖေ့မိတ်ဆွေရင်းတွေရှိတယ်၊့ သားဟိုမှာ သွားနေပြီး ကျောင်းတက်ခွင့်ရတဲ့အထိ အကုန်လုံး သူတို့ကူညီလိမ့်မယ့် ။ ဖေဖေတို့ဘက်က ပတ်စ်ပို့တ်ကိစ္စတွေဘာတွေ အကုန်စီစဉ်ပေးမယ့် သား သွားဘို့သာ အသင့်ပြင်ထားပေတော့ '

ဖေဖေ့စကားသံချိုမြမြက မျိုးသူနားထဲမှာ ဗုံးတလုံးပေါက်ကွဲသည့်အလား။ သိပြီ့ သိလိုက်ပါပြီ။ မမဇင် ကားပေါ်မှာတုန်းက ပြောခဲ့သည့် သူတို့နှစ်ယောက်ဝေးကြရမည့် အစီအမံ ဆိုတာ ဘာလဲ သိလိုက်ပါပြီ။ ရက်စက်ကြပါပေ့ ဖေဖေ၊မေမေတို့ရယ့် ။ မျက်ရည်ဝဲလာသော မျက်လုံးတွေနှင့် မေမေ့ဆီ စစ်ကူတောင်းသလိုကြည့်လိုက်တော့မှ ပိုဆိုးသွားသည်။

' ဘာလဲ သား့ ။ မသွားချင်ဘူးငြင်းဦးမလို့လား့ ။ သားဘဝအတွက်ရော မေမေတို့အားလုံးရဲ့ အရှက်နဲ့ သိက္ခာအတွက်ရော အကောင်းဆုံးက ဒီတလမ်းပဲရှိတော့တယ့် ။ သားဆုံးဖြတ်စရာမလိုဘူး၊့ မေမေတို့ အားလုံး ဆွေးနွေးဆုံးဖြတ်ပြီးသား့ ။ ဇင်ဇင့်ကိုလဲ သူ့အဖေနဲ့အမေ နားဝင်အောင် ပြောကြလိမ့်မယ့် ။ ကြာတော့လဲ မေ့သွားမှာပါ သားရယ့် မင်းက မမြင်ဘူးသေးလို့ မူးမြစ်ထင်နေတာပါ '

ပြောရက်ပါပေ့ မေမေရယ့် လို့သာ မျိုးသူ စိတ်ထဲက ငြီးတွားမိတော့သည်။မမဇင်ကိုချစ်မိတာကိုများ မမြင်ဘူးလို့ မူးမြစ်ထင်နေရသည်တဲ့လေ့ ။ ခက်တာက သူကိုယ်တိုင်ကလည်း လူလားမမြောက်သေး၊ မမဇင်ကလည်း သူ့ထက်တနှစ်သာကြီးသည်။

သူတို့ ဘဝကို သူတို့လှောက်လှမ်းဖို့ အခွင့်က မသာသေး။့ ဘာများကော တတ်နိုင်ပါဦးမည်တဲ့လဲ။ ဝေးကြပြီပေါ့ မမဇင်ရယ့်

__________________________________________

စင်္ကာပူမသွားဖြစ်သေးခင်ရက်များသည် မျိုးသူအတွက်တော့ အရှင်လတ်လတ်ငရဲခံရသည့်ရက်များပင်ဖြစ်တော့သည်။ နှစ်ဖက်မိဘများက သူနှင့်မမဇင်ကို လုံးဝတွေ့ဆုံခွင့်လေးပင် မပေးတော့။့ အပြင်မှာဆုံကြဘို့ဆိုတာလဲ အခွင့်မသာတော့ပါ။ မမဇင်ကို ကျောင်းကိုတောင် မလွှတ်ပဲ အိမ်တွင်း အောင်းခိုင်းထားကြသည်တဲ့။့ ဖုန်းဆက်ဖို့စဉ်းစားပြန်တော့လဲ ဆက်လိုက်တိုင်း မမဇင်မဟုတ်သော တယောက်ယောက်ကသာ ဖုန်းလာကိုင်စမြဲ။့ တခါတလေ အိမ်ဖော်လေးတွေနှင့်တွေ့လို့ မမဇင်ကို ခေါ်ပေးပါလို့ပြောလှင်တောင် မခေါ်ပေးရဲဘူးဆိုပြီး ဖုန်းချပြစ်တာချည်းပဲကြုံရသည်။့ သံကွန်ခြာ ခုနစ်ထပ်နှင့် အုပ်ထားသည်ဆိုတာ ဒါမျိုးကိုခေါ်သည်ပဲဖြစ်မည်။

မျိုးသူကိုတော့ အပြင်ထွက်တာ သွားတာလာတာ ချုပ်ခြယ်မထားပါ။့ သို့ပေမယ့် မျိုးသူ အပြင်လဲ မထွက်ဖြစ်တော့ပါ။ အိမ်ထဲမှာ နေနေရတာက ဘာပဲပြောပြော မမဇင်နှင့်နီးနေသေးသလို ခံစားရသည်။ အပြင်များရောက်သွားလှင် လူက ပိုပြီး နေမထိထိုင်မထိ ဖြစ်ရသည်။

သူတောင် ဒီလောက်ခံစားနေရလှင် မမဇင်ကတော့ မိန်းကလေးမို့ ပိုပြီးခံစားရမည်ထင်သည်။့ မျိုးသူ သူ့ကိုယ်သူထက် မမဇင်ကိုသာ ပိုပြီး သနားနေမိတော့သည်။ တရက်တော့ ညီငယ်က လူကြီးတွေအလစ်မှာ မမဇင်ဆီက စာတစောင်ကို ခိုးယူလာပေးသည်။

ရုပ်ရှင်တွေထဲကလိုများ မမဇင်ကို လာခိုးလှည့်ပါတွေဘာတွေများလားဟု အလောတကြီးဖတ်မိတော့မဟုတ်ပါ။့ မျိုးသူကို ကျန်းမာအောင်ဂရုစိုက်နေဘို့ စားချိန်တန်လှင် ဝင်အောင်စား၊ အိပ်ချိန်တန်လှင် ပျော်အောင်အိပ်ဖို့ သတိပေးထားတာ ဖြစ်နေသည်။ မမဇင်ကိုယ်တိုင်လဲ စိတ်အရမ်းထိခိုက်နေရပေမယ့်ကျန်းမာရေးကိုမထိခိုက်အောင်တော့ အထူးသတိထားနေနေပါသည်တဲ့။

အဲ့ ထူးခြားတာလေးတခုတော့ ပါသေးသည်။ လွန်ကျူးမိခဲ့သည့်အဖြစ်အတွက် နောက်ဆက်တွဲပြသနာဖြစ်လာမှာ စိတ်မပူဘို့ မမဇင်က သေသေချာချာ ရှင်းပြထားသည်။ အဲသည်နေ့ညကပဲ ပဋိသနေ¨မကပ်ငြိစေမည့် ဆေးကို အချိန်မှီသောက်ခဲ့ပြီးပါပြီ့တဲ့။

မမဇင်ကို သူချစ်ရ မြတ်နိုးရတာ အဲဒါတွေပါသည်။ သူတောင် ယောကျာ်းလေးဖြစ်လှက်နှင့်ခေါင်းပူပြီး မေ့နေခဲ့ပေမယ့် မမဇင်က မမေ့မလျော့ ရှိခဲ့သည်ပဲ။့ မမဇင်က လူကြီးဆန်ပါသည်။ သူသာ အခုထိ ခလေးဆန်ချင်နေသေးတာ့ ။

မြန်မာပြည်တွင် ပတ်စ်ပို့တ်ရဘို့ အရမ်းကြာသည်ဆိုတာ ဘယ်မှာဟုတ်လို့လဲ။့ ဆယ်ရက်ပင်မပြည့်သေးခင်မှာတင် သူ့အတွက် ပတ်စ်ပို့တ် ကျလာသည်။ ဖေဖေတို့ ဘယ်လောက်တောင် အကုန်အကျခံလုံးပမ်းလိုက်ကြသည်မသိ။့ ဗီဇာတွေဘာတွေ စီစဉ်တာရော ဘာရောနှင့်မှ အားလုံးပေါင်း ၂ ပါတ်သာသာမှာပင် သူ စင်္ကာပူသွားရဘို့ရက်က ရောက်လာတော့သည်။ အချိန်တို့သည် နှေးစေလိုလှင် မြန်လှချေ၏။

__________________________________________

ဒီနေ့ မျိုးသူ စင်္ကာပူသွားရတော့မည်။ ညကတည်းက မသွားခင် မမဇင်နဲ့ တခါလောက်တော့ ပေးတွေ့ပါဦးလို့ မေမေတို့ကိုကော ဦးလေးတို့ကိုပါ သူ အတန်တန်တောင်းပန်ခဲ့ပေမယ့် အချည်းနှီးသာ့ ။

အထီးကျန်လမ်းခွဲသွားရတော့မည့် ခရီးအတွက် မျိုးသူ ဘာကိုမှစိတ်လဲမဝင်စားတော့၊့ လိုအပ်တာတွေပြင်ဆင်ပေးသည်ကိုပင် မမကြီးနဲ့ညီလေးက အကုန်လုပ်ပေးထားရသည်။ မျိုးသူကတော့ သက်မဲ့ရုပ်တု တခုပမာသာဖြစ်နေတော့သည်။

လေဆိပ်ကို မနက် ၁၁နာရီအရောက်သွားရမှာပေမယ့် ၉နာရီထိုးနေတာတောင် မျိုးသူ အိပ်ယာပေါ်ခွေနေမိ ဆဲပဲ ရှိသေးသည်။့ သူများတွေများ နိုင်ငံခြားသွားရရင်ပျော်သတဲ့။ မျိုးသူတော့ဖြင့်ခုနေများ လူစားလဲပြီး တခြားလူကို သွားခိုင်းလိုက်လို့ရရင် အရမ်းပျော်မိမည်။

' နေမကောင်းများဖြစ်နေတာလား့ သား '

မေမေက ခုထိအိပ်ယာပေါ်လှဲနေသေးသော မျိုးသူ နဖူးကို ညင်ညင်သာသာ လာစမ်းသည်။့ အေးမြသော မေတ္တာအငွေ့သည် မျိုးသူရင်ထဲမှ အပူကိုမငြိမ်းနိုင်။

' မေမေ '

မျိုးသူ မရဲတရဲ ခေါ်မိသည်။

' ပြောလေ သား '

' သား့ သားတို့ကို ခနဖြစ်ဖြစ်တော့ ပေးတွေ့ပါ မေမေရယ့် မမဇင်ကို သား နှုတ်ဆက်သွားပါရစေ '

မေမေ သက်ပြင်းချသံကို ကြားရသည်။ မေမေ့မျက်လုံးထဲမှာလဲ မျက်ရည်တို့ဝေ့ဝဲလာသည်ထင်၏။ မိဘရင်ခွင်ကိုတော့ လွမ်းရကောင်းမှန်းမသိပဲဖြစ်နေသော သားတော်မောင်ကို စိတ်ထဲက မျက်လဲမျက်ချင်သည်။ မျက်လဲမမျက်ရက့် ။

နောက်ဆုံးတော့ မေမေ စိတ်လှော့လိုက်ဟန်တူသည်။

' ကဲကဲ့ လေဆိပ်သွားဖို့သာ ပြင်ပါတော့ကွယ်။ ဇင်ဇင့်ကို လေဆိပ်မှာ သားနဲ့ နှုတ်ဆက်နိုင်အောင် ထွန်းဇင်ကို မေမေပြောပေးမယ့် ဟုတ်ပြီလား '

' ဟုတ့် ကျေးဇူးပါမေမေ့ '

ဘာကြောင့်မှန်းတော့မသိ၊ မျိုးသူ အခုမှ မေမေ့ကိုကြည့်ရင်း ငိုချင်လာသည်။ သြော့် ငယ်ငယ်ကတည်းက မိဘတွေနှင့်ခွဲပြီး ရက်ရှည်ခရီးတောင် သွားဖူးခဲ့သည်မှ မဟုတ်ပဲလေ။့ စိတ်မပါစွာနှင့်ပင် ရေမိုးချိုး၊ အဝတ်အစားလဲအပြီးကျတော့ အချိန်က ဆယ်နာရီကျော်နေပြီ။

ခုထိ မမဇင် အရိပ်အယောင်မမြင်ရသေးသည်မို့ မေမေ့ကို မရွံမရဲလှမ်းကြည့်မိတော့ မေမေက ပြုံးပြသည်။

' သား ဇင်ဇင့်ကို မတွေ့ရသေးလို့ စိတ်ပူနေတာလား့ မေမေတို့ ကတိတည်ပါတယ်ကွယ့် '

' မမဇင်က ကျနော်တို့နဲ့ တူတူ လေဆိပ်လိုက်မှာလား ဟင့် '

' မဟုတ်ဖူးကွယ့် မေမေက ခေါ်ပါသေးတယ်၊ ဇင်ဇင်က သူတို့မိသားစု သပ်သပ်သွားနှင့်ပါရစေဆိုပြီးခုနကပဲ ထွက်သွားကြတာ့ သားရေချိုးနေတုန်းကပေါ့ '

သြော့် လို့ပဲ မျိုးသူ ခပ်တိုးတိုးရေရွတ်မိတော့သည်။

' အိတ်တွေကော စုံရဲ့လား ကိုကို့ '

ညီငယ်နေလင်းက မေးလာတော့ မျိုးသူ အသာပဲ ခေါင်းညိတ်ပြမိသည်။ ပစ္စည်းလဲ သိပ်များများစားစား မပါပါ။့ ခရီးဆောင်အိတ်ကြီးတလုံးရယ့် စာရွက်စာတမ်းတွေပါသော လက်ဆွဲအိတ်လေးရယ့် ဒါပါပဲ။ အိမ်ကကားနဲ့ပဲထွက်ခဲ့ကြသည်။ မမကြီးက ကားမောင်းပြီး ညီလေးနေလင်းက ရှေ့ခန်းမှာ့မျိုးသူကတော့ နောက်ခန်းမှာ ဖေဖေနဲ့မေမေ ကြားမှာထိုင်လှက်။့ နောက်ဆို တော်တော်နှင့်ပြန်မမြင်ရတော့မည့် အမိမြေ ကို မျိုးသူ လွမ်းဆွတ်စွာငေးမောကြည့်နေရင်းနှင့်ပင် လေဆိပ် ရောက်မှန်းမသိ ရောက်လာတော့သည်။ လေဆိပ်ရောက်တော့ မမဇင်တို့ မိသားစုကို အရိပ်အရောင်မမြင်ရ့ ။

မေမေတော့ မညာတန်ကောင်းပါလို့ပဲ စိတ်ကိုဖြေတွေးနေရသည်။ လေဆိပ်ခွန်ဆောင်၊ လေယာဉ်လက်မှတ် ချက်ခ်အင် လုပ်ပြီးချိန်ကျတော့ မျိုးသူ မနေနိုင်ပဲ မေးမိသည်။

' မမဇင်ရော မေမေ့ '

မေမေ သက်ပြင်းရှိုက်ပြန်သည်။ ဖေဖေက မျက်နှာလွှဲနေ၏။ မမကြီးက နှုတ်ခမ်းကိုတင်းတင်းကိုက်သည်။ ညီလေးနေလင်း က ကြမ်းပြင်ကိုသာငုံ့ကြည့်နေ၏။့

' အပေါ်ထပ်က စားသောက်ခန်းထဲသာ တက်သွားလိုက်ပါ သားရယ့် ဇင်ဇင်အဲဒီမှာ သားကိုစောင့်နေပါလိမ့်မယ့် '

' မေမေတို့ကကော့ '

' မေမေတို့ ဒီအောက်မှာပဲ ထိုင်နေလိုက်တော့မယ်သား့ ခုမှ ၁၁နာရီခွဲပဲရှိသေးတာပဲ။ သားတို့ အချိန် တနာရီလောက်ရပါတယ်ကွယ့် သွားလိုက်လေ့ သား '

လေယာဉ်က တနာရီထွက်မှာမို့ ၁၂နာရီခွဲမတိုင်ခင်တော့ လူဝင်မှုနှင့် အကောက်ခွန်ကောင်တာကို ဖြတ်ရပေမည်။ အဲဒါတွေ ဖြတ်ပြီးလှင်တော့ မမဇင်နှင့်ဆုံတွေ့ဘို့ မဖြစ်နိုင်တော့။့ အပေါ်ထပ်ကို စိတ်လှုပ်ရှားစွာတက်ခဲ့သည်။

လေဆိပ်စားသောက်ဆိုင် ခန်းမထဲ ဝင်လာမိတော့ အထဲမှာ လူတချို့က စားပွဲတချို့မှာထိုင်နေကြသည်မို့ မြင်ကွင်းက မရှင်းလှ။ အလျင်စလို ရှာကြည့်မိသည်။့ မမဇင့် မမဇင် ဘယ်မှာလဲကွယ်။

' မျိုးသူ့ မောင်လေး့ '

ရှေ့ကို သဲကြီးမဲကြီး စိုက်ကြည့်ပြီးလိုက်ရှာနေသော မျိုးသူနောက်ကနေ မမဇင်ရဲ့ တိုးတိတ်ညင်သာသောခေါ်သံလေးကို ကြားလိုက်ရချိန်တွင်တော့ မျိုးသူ ချာကနဲလှည့်ကြည့်မိသည်။

' အို့ '

မမဇင်သည် သူနှင့်နောက်ဆုံးဆုံတွေ့ခဲ့သည့်နေ့က ဝတ်ထားသည့်အတိုင်းပင် ပန်းနုရောင်ဝတ်စုံလေးနှင့်။မျိုးသူ ဘာပြောရမည်မသိ။့ မမဇင်ကို ရင်ခွင်ထဲ ဆွဲယူပွေ့ဖက်ထားလိုက်ချင်ပေမယ့် ပါတ်ဝန်းကျင်က ရှိနေသေးသည်မို့ လက်ကလေးကိုသာ မချင့်မရဲ ဆုပ်ကိုင်ဖြစ်ညှစ်လိုက်မိသည်။

လှလိုက့် ကျက်သရေရှိလိုက်တာ မမဇင်ရယ် ။

' လာလေ မျိုးသူ့ မ တို့ ဟိုထိပ်ကစားပွဲမှာသွားထိုင်ရအောင် '

မှန်ချပ်ကြီးတွေနား ဒေါင့်စွန်းမှ စားပွဲကို မမဇင်ညွှန်ပြမှ ဦလေးနဲ့ အန်တီတို့ အဲဒီမှာထိုင်နေကြတာ မြင်ရသည်။့ သူတို့ အနားရောက်လာတော့ ဦးလေးတို့မောင်နှံက အသာပြုံးပြပြီး ထထွက်သွားကြ၏။

မမဇင်နှင့် သူနှင့် ၂ယောက်ထဲပဲ စားပွဲမှာ ထိုင်မိကြသည်။

' မျိုးသူ ဘာစားမလဲ့ မှာလေ။့ '

' ဘာမှ မစားချင်ပါဘူး မမဇင်ရယ့် ကျနော့် ကျနော့် '

အသံက လည်ချောင်းဝတွင် တစ်သွားသည်။့ မျက်ရည်တို့သည် မြင်ကွင်းကို ဝေဝါးစေ၏။

' မ လဲ မစားချင်ပါဘူး့ ဒါပေမယ့် တခုခုတော့မှာဦးမှ။ မဟုတ်ရင် ကြာကြာထိုင်လို့မကောင်းဘူးလေ '

မမဇင်ကတော့ အမြဲပင် လူကြီးဆန်နေတာပါပဲလေ။့ သူကတော့ ဒါတွေဘာမှ သတိမရ၊ ရလဲမရချင်။့ စားပွဲထိုးလေးကိုလှမ်းခေါ်ပြီး ကော်ဖီနှင့်မုန့်အနည်းငယ်မှာနေသော မမဇင်ကို မျိုးသူ ငေးကြည့်နေမိသည်။ မမဇင် မျက်နှာလေး ချောင်ကျသွားသည်။့ သူ့ကိုသာ အအိပ်အစားမှန်ဘို့ သတိပေးနေခဲ့ပေမယ့် မမဇင် ကိုယ်တိုင်တော့ အအိပ်အစားမမှန်ခဲ့ဆိုတာ မေးနေစရာပင်မလို့ ။

' မမဇင် မျက်နှာလေး ချောင်ကျသွားလိုက်တာ မမဇင်ရယ့် '

မနေနိုင်လွန်းစွာ သူပြောမိတော့ မမဇင် သူ့ကို တွေတွေလေးပြန်ကြည့်သည်။့ မျိုးသူလဲ တူတူပါပဲကွယ်။့ လို့ ခပ်တိုးတိုးလေးပြန်ပြောသည်။့ ပြီးတော့မှ မမဇင်ဆီမှာ မကြာခန မြင်တွေ့နေကျ ညစ်ကျယ်ကျယ်အပြုံးလေးနဲ့ မမဇင် ဟက်ကနဲ အားတင်းရယ်လိုက်သည်။

' ဘာလဲ့ မျိုးသူက မ မလှတော့ဘူးလို့ ပြောတာလား့ '

' လှပါတယ် မမဇင်ရယ့် ကျနော့်မျက်စိထဲမှာ မမဇင်က အမြဲလှနေမှာပါ့ '

သူခပ်တိုးတိုးလေးပြန်ဖြေမိတော့ မမဇင်က သူ့လက်ချောင်းလေးတွေကို သူမလက်ချောင်းလေးတွေနှင့်လှမ်းဆုပ်ကိုင်ဖြစ်ညှစ်လိုက်သည်။့ မျက်ဝန်းတို့သည် စကားပေါင်းများစွာကို အပြန်အလှန်ပြောလှက်။ အစတုန်းကတော့ မမဇင်ကို မမြင်လိုက်ရပဲ မွေးရပ်မြေကိုစွန့်ခွာသွားရမှာ မျိုးသူ အရမ်းကိုစိုးရွံ့နေခဲ့ ပေမယ့် ခုလို တကယ်တွေ့ခွင့် နှုတ်ဆက်ခွင့်ကြုံပြီဆိုတော့လည်း ဘာစကားတွေပြောရမည်မှန်းကို မသိတော့။့ ပြောချင်တာတွေကများလွန်းပြီး ရင်မှာတစ်ဆို့ကုန်ကြပြီထင်သည်။

မမဇင်နဲ့သူ တယောက်မျက်နှာကိုတယောက် ရီဝေစွာကြည့်နေကြဆဲမှာပဲ မှန်ချပ်ကြီးတွေဟိုဘက်မှာ မြင်နေရသည့် လေယာဉ်ပြေးလမ်းပေါ်သို့ ဆစ်ခ်အဲယား လေကြောင်းမှ လေယာဉ်ပျံကြီးထိုးဆင်းလာသည် လေယာဉ်ပေါ်ပါလာသူတွေ အကုန်ဆင်းကြ၊ ပြင်ဆင်ကြလို့ပြီးလှင် ဒီလေယာဉ်ကြီးသည် သူ့ကို မမဇင် အပါးမှ ဝေးရာသို့ခေါ်ဆောင်သွားပေတော့မည်။့ ရင်သည် တစစ်စစ်နာကျင်လာ၏။

' သြော့် မမဇင် '

သူ တစ်ခုသတိရသွားပြီး ခေါ်မိသည်။

' ပြောလေ့ မျိုးသူ့ ဘာများလဲ '

' တခြားတော့မဟုတ်ပါဘူး မမဇင်ရယ့် အခု မမဇင်ဝတ်ထားတဲ့ဝတ်စုံလေးကို ကျနော်အနားမှာ မရှိတော့တဲ့အချိန်ကျရင် ထပ်မဝတ်တော့ပဲ အမှတ်တရ သိမ်းထားပေးပါလို့ '

မမဇင် ခေါင်းလေးမော့ပြီး တချက်ရယ်သည်။

' မျိုးသူရယ့် မ က ဘာများလဲလို့။့ ဒီဝတ်စုံလေးတင်မကဘူးရှင့် မနှစ်က စတိတ်ရှိုးသွားခဲ့တဲ့ညက ဝတ်စုံလေးပါ မ သိမ်းထားပါတယ့် မျိုးသူ မှတ်မိသေးရဲ့လား့ အဲဒီဝတ်စုံလေးကို့ '

' ဟာ့ မမဇင်ရယ့် '

မမဇင်ကတော့ ခွဲခွာရကာနီး လွမ်းသည်ထက်လွမ်းအောင် လုပ်နေပြန်ပါပြီ။့ မနှစ်တုန်းက ပထမဆုံး အမှတ်တရဖြစ်စေခဲ့သည့်ညက မမဇင်ဝတ်ခဲ့သော ဂျင်းအပြာဘောင်းဘီလေးနှင့် တီရှပ်အဝါလေးကို သူ မေ့မည်တဲ့လား။့ သူဘာမှမပြောပါပဲနှင့်ကို မမဇင် က အမှတ်တရသိမ်းထားခဲ့ပါသည်ဆိုတော့ အခုဝတ်စုံ လေးကိုတော့ သိမ်းထားလိမ့်မည်ဆိုတာ ယုံမှားစရာမရှိတော့ပါ။

' ကောင်းပါတယ် မမဇင်ရယ့် ဘာလို့လဲ သိလား '

' ပြောလေ့ မျိုးသူ '

' အဲဒီဝတ်စုံလေးတွေနဲ့ဆို မမဇင်က သိပ်လှတယ့် တခြားသူတွေ ယစ်မူးပြီး မမဇင်ကို ဆွတ်ခူးသွားမှာ စိုးလို့ '

မမဇင် မျက်လုံးထဲမှာ အကြင်နာရိပ်တွေ ဖြတ်ပြေးသွားသည်ကို မျိုးသူမြင်လိုက်ရသည်။

' မျိုးသူရယ့် မ ကိုစိတ်ချပါ။ မ စိတ်ဓာတ်ကို ဖေဖေတို့လဲ သိပါတယ်။့ မ သဘောမပါပဲ အတင်းအကြပ် စီစဉ်ရင် သူတို့ မကို လက်လွှတ်ဆုံးရှုံးရလိမ့်မယ်ဆိုတာလေ့ '

ခက်တာက အဲသည်လိုသိနေလို့လဲ ဦးလေးတို့က မမဇင်ကို သိပ်အကြပ်မကိုင်ပဲ မလှုပ်သာအောင် ဖြောင်းဖျသည့်နည်းကိုပဲ သုံးနေကြတာပေါ့ လို့တော့ မျိုးသူ မပြောလိုက်တော့ပါ။ ကျန်နေရစ်မည့် မမဇင် တတ်နိုင်သမှ စိတ်ချမ်းသာပါစေတော့လေ။

' မျိုးသူကိုတော့ မ တခုပဲပြောချင်တယ့် '

' ဟုတ့် '

' မျိုးသူက ငယ်သေးတယ်၊ ပြင်ပကမÇာကြီးထဲကို ရုတ်တရက်ကြီး ထွက်သွားရင်ဆိုင်ရတော့မယ်။့ဘယ်တော့မဆို အရင်ကလို တဇွတ်ထိုးစိတ် မမွေးနဲ့တော့နော့် လူကြီးဖြစ်အောင်ကြိုးစား့ ပြီးတော့ '

' ပြီးတော့ ဘာဖြစ်လဲ မမဇင်ရယ့် '

' ပြီးတော့ ပြီးတော့ တချိန်ချိန်မှာများ မျိုးသူစိတ်ပြောင်းသွားလို့ မ ကို စွန့်လွှတ်ချင်ပြီဆိုရင် မ ကို ဘာမှ အားမနာနဲ့။့ မ အတွက်နဲ့ မျိုးသူမှာ ဘာနှောင်ကြိုးမှ မဖြစ်စေချင်ဘူးကွယ့် '

' တော့် တော့် တော်တော့ မမဇင့် '

သူ့အသံက အတန်ငယ်ကျယ်လောင်သွားသည်မို့ အနီးစားပွဲမှလူတွေပင် လှည့်ကြည့်၏။ မမဇင် မျက်နှာလေး ကွက်ကနဲပျက်သွားသည်။

' ဒါ့ မမဇင် ကျနော့်အချစ်ကို စော်ကားတာ့ စော်ကားတာ့ '

သူ့အသံတွေ တုန်လာသည်။ မမဇင်က သူ့လက်တွေကို လှမ်းကိုင်ပွတ်သပ်ကာ ချော့မော့လိုက်၏။

' မျိုးသူကို မ မယုံလို့မဟုတ်ပါဘူးကွယ်။ ယုံပါတယ့် ဒါပေမယ့် ကံကြမ္မာဆိုတာက မပြောနိုင်ဘူးလေ၊မ ဘက်ကိုတော့စိတ်ချပါ့ ။ တချိန်ချိန်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့အထိ မျိုးသူ မ ကိုချစ်နေသေးတယ်ဆိုရင် မ ဟာ မျိုးသူအတွက် အမြဲ အဆင်သင့်ဖြစ်နေစေရမယ်ဆိုတာ မျိုးသူသတိရရင် မ ကြေနပ်ပါပြီ မောင်လေးရယ့် '

၁၂ နာရီခွဲတော့မည်။စားသောက်ဆိုင်ထဲမှာပင် လူတွေရှင်းလာပြီ။ အောက်ထပ်က ဂိတ်တွေကိုဖြတ်ဖို့အချိန်တန်ပေပြီ။ ဦးလေးတို့စုံတွဲ ပြန်ဝင်လာကြတာ လှမ်းတွေ့နေရ၏။ မမဇင်ကို သူတို့ပြန်ခေါ်သွားကြတော့မည်။့ အချိန်သည် ကုန်မြန်လွန်းလှလေစွ။

' ဖေဖေတို့ လာနေပြီ မျိုးသူ။့ မ သွားတော့မယ်။ လေယာဉ်ထွက်တဲ့အထိ မစောင့်ပါရစေနဲ့တော့။ မ ဘယ်လိုမှ ခံစားနိုင်မှာမဟုတ်ဖူး။ နောက်ဆုံးတခုပြောခဲ့ချင်သေးတယ့် မျိုးသူလဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဘို့ ဘဝတက်လမ်းကို မျက်ခြည်ပြတ်မခံပဲ ကြိုးစားပါ။ မ ဆီကိုပဲ ဆက်သွယ်ဘို့ ကြိုးစားနေရင်းနဲ့ မျိုးသူရဲ့ အချိန်တွေကို မဖြုန်းတီးပြစ်နေပါနဲ့။့ မျိုးသူဆီက အဆက် အသွယ် မမှန်လို့လဲ မ စိတ်မခုဘူး။ အဲ့ မ လဲ ကိုယ့်ကိုကိုယ် အားကိုးနိုင်အောင် ကြိုးစားနေမယ်။ ဒီကြားထဲမှာတော့ မျိုးသူကို အဆက်အသွယ် ပုံမှန်လုပ်ဖြစ်ချင်မှ လုပ်ဖြစ်မယ်။့ သွားပြီ မောင်လေးရယ့် '

သူ ဘာမှ ပြန်မပြောနိုင်သေးခင်မှာပင် မမဇင် သူ့ထံပါးမှ လှစ်ကနဲ ပြေးထွက်သွားတော့သည်။့ မမဇင်၏ ရှိုက်သံသဲ့သဲ့လေးများသာ သူ့နားတွင် ဝဲပျံကျန်ရစ်ခဲ့တော့သည်။

ရက်စက်လှပါလား မမဇင်ရယ်။

__________________________________________

' မျိုးသူ့ '

ပါတ်ဝန်းကျင်တခုလုံးက နှင်းငွေ့တွေလို ဝေဆိုင်းနေသည်။ ဒါပေမယ့် ခံစားမှုက အေးမြမနေ။့ ရင်ထဲမှာ ပူလောင်နေသည်၊ ရေငတ်သလိုလို အာခေါင်တွေက ခြောက်သွေ့အက်ရှနေသည်။ မျိုးသူ ဒီခံစားမှုတွေကြားထဲမှာ လွင့်မျောနေသည်၊့ အဲသည်အခိုက် သူ့နောက်မှ တိုးတိတ်ညင်သာခေါ်သံလေးကိုကြားလိုက်ရ၏။

ဘယ်တော့မှ မမေ့နိုင်မည့်အသံရှင်ကို ဆတ်ကနဲလှည့်ကြည့်လိုက်သည်။့ ပတ်ဝန်းကျင်သည် ရုတ်ခြည်းအေးမြသွား၏။့ မမဇင့် ဟုတ်သည့် မမဇင် မှ မမဇင်အစစ် ။သူ့ကို မခို့တယို့လေး ရပ်ပြီးပြုံးပြနေသည်။့ သူဘယ်တော့မှ မမေ့မည့် ပန်းနုရောင်ဝတ်စုံလေးနှင့်။

' မမဇင့် '

သူ အသံကုန်ပြန်အော်ခေါ်သည်။့ ဒါပေမယ့် အသံက ထွက်မလာ။့ ဘာတွေမှားနေပြီလဲ။့မမဇင်ထံ သူပြေးသွားသည်။ ဒါပေမယ့် နီးမလာ့ ။ ပိုလို့ ပိုလို့သာ ဝေးသွားသည်ထင်ရသည်။ သူ အားတင်းပြီးပြေးလေလေ့ ဝေးလေလေ။

' မမဇင့် ရပ်ပါဦး၊ ကျနော် ဒီမှာလေ့ '

' လာလေ မျိုးသူ့ မ၊ စောင့်နေတာ့ ' စောင့်နေတယ်သာပြောသော်လည်း မမဇင်က ကြည့်နေရင်းကို လေထဲမှာ ဂွမ်းစလေးတစလို လွင့်မျောသွားပြီ။့ သူ အပြေးလိုက်သည်။ မမှီတော့ ကြည့်နေရင်းနှင့် နှင်းငွေ့တွေက မီးလှံတွေဖြစ်သွားသည်။ မမဇင်သည် မီးလှံတို့ကြားထဲတွင် ပျောက်ကွယ်သွားလေပြီ။

' မမဇင့် '

အသံကုန် ဟစ်အော်ရင်း မျိုးသူ နိုးလာသည်။့အဲယားကွန်းကို ဂိတ်ကုန်ဖွင့်ထားသော အိပ်ခန်းအတွင်းမှ ခုတင်ထက်ဝယ် သူ့မှာတော့ ချွေးတွေရွှဲလှက်။့အာခေါင်တွေခြောက်ပြီး ရေလဲ ငတ်လှသည်။့ ခုတင်ဘေးမှ စားပွဲပေါ်တင်ထားသော ရေပုလင်းကို လှမ်းယူမိတော့ ရေက ကုန်နေပြီ။့ မျိုးသူ သက်ပြင်းချပြီး ခနထိုင်နေလိုက်ရ၏။

ဒီအိမ်မက်ကို သူမက်တာ ဒါပါနဲ့ဆို ဘယ်နှစ်ခါရှိနေပြီလဲ။့ နိမိတ်တွေ ဘာတွေကို အစက သူသိပ်မယုံပါ။့ ဒါပေမယ့် အခုတော့ စိတ်က ထင့်လွန်းလာရပြီ။ ခနနေလို့ အမောနဲနဲပြေမှ မီးဖိုထဲက ရေခဲသေတ္တာထဲကနေ ရေအေးတပုလင်းသွားယူလိုက်ရ၏။ တအိမ်လုံးတိတ်ဆိတ်နေသည်။့ တိတ်ဆိတ်ပေမပေါ့။ သူနှင့်အတူတူ အခန်းကိုရှယ်လုပ်ပြီး ငှားထား ကြသော အခန်းဖော်တွေက ဒီရက်ပိုင်းမှာ အော်စီ ( သြစတေလျ ) ကို အလည်သွားနေကြသည်ကိုး။

အိပ်ခန်းထဲ ပြန်မဝင်ဖြစ်သေးပဲ ဧည့်ခန်းပြုတင်းပေါက်မှာ ခနရပ်မိတော့ မီးရောင်တွေထိန်ထိန်ငြီးလို့ နေသည့် မိုးမှော်တိုက်ကြီးတွေက ညကို ပြက်ရယ်ပြုနေသည့်အလား။့ နာရီကိုကြည့်မိတော့ မနက် ၂နာရီ ခွဲခါနီးရှိပြီ။ ၁၈ထပ်အမြင့်မှ အောက်ကိုငုံ့ကြည့်လိုက်လှင် ကားလမ်းမကြီးပေါ်တွင် ပြေးလွှားနေသော ကားငယ်လေးများမှ မီးရောင်တချို့ကို ကြိုကြားကြိုကြားမြင်ရ၏။ စင်္ကာပူသည် ညမအိပ်သောမြို့တော့ မဟုတ်ပါ။့ သန်းခေါင်ကျော်ပြီးနောက်မှသည် မနက် ၅နာရီလောက်အတွင်းဆို လမ်းပေါ်တွင် ကားတွေ

လူတွေ တော်တော်ရှင်းပါ၏။ ရှိတော့ရှိသည်ပေါ့လေ။

အိပ်ခန်းထဲ ပြန်မဝင်တော့ပဲ ဧည့်ခန်းဆိုဖာပေါ်တွင်သာ မျိုးသူ ခြေပြစ်လက်ပြစ်ထိုင်ချလိုက်မိသည်။ ဒီ အိပ်မက်ကို မက်သည့်ညတိုင်း သူပြန်အိပ်လို့မရတော့ပါ။

မနက်ကျလှင် အလုပ်ထဲမှာ အိပ်မငိုက်နေမိအောင်တော့ ဂရုစိုက်ရပေဦးမည်ပေါ့။့ မဟုတ်လှင် အလိုလိုကမှ တင်းမာလှသော ဘော့စ်၏ မျက်နှာက မီးတောက်မီးလှံတွေထွက်လာမှာ သေချာသည်။

' ငါးနှစ်တောင် ကြာခဲ့ပြီပဲ မမဇင်ရယ့် '

သူ တိုးတိုးလေး တကိုယ်တည်းရေရွတ်မိသည်။့ စလုံးကို သူရောက်လာခါစရက်များကို သူ့ဘဝတွင် ဘယ်တော့မှ မေ့မည်မထင်။့ မမဇင်ကို သတိရလွမ်းဆွတ်မှုရော မိသားစုကို လွမ်းတာကော ပေါင်းပြီးနှိပ်စက်နေသည့်ကြားမှ ဘဝသစ် နေရာသစ်မှာ အထိုင်ကျဘို့ သူအရမ်းကိုခက်ခဲခဲ့ပါသည်။့ ဖေဖေ့သူငယ်ချင်း ဦး__ တို့ ဇနီးမောင်နှံ နေသော တိုက်ခန်းတွင် အတူနေဘို့ ဖေဖေကစီစဉ်ပေးခဲ့ပေမယ့် စလုံးမှာက လူပိုတယောက်ကို ခေါ်တင် ထားဘို့ဆိုတာ မြန်မာပြည်မှာလို လွယ်ကူသည့်ကိစ္စမှ မဟုတ်သည်ပဲ။့ ဒီကြားထဲမှာ ကျောင်းဝင်ခွင့် ရဘို့အရေး အသည်းအသန်ကြိုးစားရသေးသည်။

အင်္ဂလိပ်စာ စာမေးပွဲကို မြန်မာပြည်မှာတုန်းက ဖြေခဲ့မိလှင်အကောင်းသား့ ။ ခုတော့ ဒီရောက်မှ ဖြေရတော့ သူတို့ဒေသခံစလုံးတွေကြားထဲမှာ ကိုယ်က ခွေးအ လှည်းနင်းသလိုဖြစ်နေပြီး ပထမတခေါက် စကားပြောစွမ်းရည်တွင် အဆင့်မမှီလိုက်၊့ နောက် ၃လ နေမှ တခါပြန်ဖြေရတော့ ကျောင်းဝင်ခွင့်တင်ဘို့ မှီသည်မှ မှီသည်ဆိုယုံလေး။့ ကံကောင်းထောက်မစွာနှင့်ပဲ စင်္ကာပူပေါ်လီတက်ခ် တွင် စက်မှုလှပ်စစ်အင်ဂျင်နီယာ ဒီပလိုမာသင်တန်း တက်ခွင့်ရခဲ့သည်။

ဖေဖေ့အသိအိမ်က ကျွန်းအရှေ့ပိုင်း ဘီဒုတ်ရပ်ကွက်မှာ့ ၊ သူတက်ရမည့် စင်္ကာပူပေါ်လီကျောင်းကကျွန်းအနောက်ပိုင်းမှာမို့ ကျောင်းဝင်ခွင့်ရပြီးနောက်မှာ အဆောင်နေခွင့်လှောက်ပြီး အဆောင်ကိုပဲ ပြောင်းခဲ့ရတော့သည်။့ မိဘက အရမ်းချမ်းသာလွန်းနေလို့ အပို့ခံရတာမဟုတ်လေတော့ တတ်နိုင်သမှ ကုန်ကျ စားရိတ်ကို နည်းရလေအောင် ချင့်ချိန်ရတာကလဲ မျိုးသူအတွက် မြွေပူရာကင်းမှောင့် ခေါင်းခဲစရာတခုပင်။

ဒီလိုနှင့်ပဲ မျက်နှာထားတင်းတင်းတရုတ်တွေ့ အကျင့်မကောင်းလှသည့် ' မလေး ' တွေ့ ကပ်သီးကပ်ဖဲ့ နိုင်လှသည့် ကုလားတွေ ကြားမှာ ဘဝတခု ရှင်သန်နိုင်ဘို့ မျိုးသူအသည်းအသန် ရုန်းကန်ခဲ့ရသည်ပဲ။့ဘယ်လောက်ပဲ ရုန်းကန်နေရပါစေ မမဇင်ကို သတိရလွမ်းဆွတ်မှုကတော့ လျော့နည်းပျောက်ကွယ်မသွားခဲ့၊သို့ပေမယ့် မမဇင်ကတော့ ရက်စက်လွန်းပါသည်။့ ဖုန်းခေါ်ဘို့ကြိုးစားတိုင်း ဘယ်တော့မှ လာမကိုင်၊အီးမေးလ်ပို့လည်း ပြန်ချင်မှပြန်သည်၊့ ပြန်လှင်လည်း စာလေးက တကြောင်းနှစ်ကြောင်း။

ကြာတော့ မျိုးသူစိတ်ထဲ နဲနဲ သံသယပင်ဝင်ချင်လာမိသည်။ မမဇင်များ သူ့ကိုသွေးအေးလာပြီလား လို့ မမဇင်ဘက်က ပုံမှန်ဆိုလို့ တခုပဲရှိသည်။့ လစဉ် လဆန်းတရက်နေ့တိုင်း အီးကဒ်လေးတခုခုဖြစ်စေ၊ ဓာတ်ပုံလေးတပုံပုံ ဖြစ်စေ မှတ်မှတ်ရရ ပို့နေကျ၊ ဒါကိုတော့ မမဇင် မပျက်ကွက်ခဲ့ပါ။့ လွန်ခဲ့သော ၂လလောက်အထိ ဆိုပါတော့လေ။

ဒီနှစ်တွေအတွင်း မျိုးသူတို့ မိသားစုမှာလဲ အပြောင်းအလဲတွေက များလွန်းလှ၏။ ပထမဆုံးအနေနှင့် မမကြီး အိမ်ထောင်ကျသွားသည်။့ သူ့ အလုပ်ရှင် သားနှင့်ပါပဲ။့ ငယ်ချစ်တွေမဟုတ်ကြသော်လည်း မမကြီးအိမ်ထောင်ရေးက သာယာသည်လို့ပဲ ပြောရမည်။့ တခုပဲရှိသည်၊ မင်္ဂလာဆောင်ကျင်းပချိန်ဝယ် သူ့ကို မြန်မာပြည်ခနပြန်လာပြီး ပွဲလာတက်ဖို့ မမကြီးကကော မေမေတို့ကပါ အသည်းအသန်ခေါ်ပေမယ့် မျိုးသူ မပြန်ဖြစ်ခဲ့ပါ။့ တကယ်တော့ ထွက်လာပြီးကတည်းက မျိုးသူ တခါမှ မြန်မာပြည်မပြန်ဖြစ်သေး။

မမဇင်ကိုတော့ တွေ့ချင်ပေမယ့် ယိုးမယ်ဖွဲ့ခဲ့သော ကံကြမ္မာကိုတော့ စိတ်နာလှသည်။့ ကံကြမ္မာသည် သူတို့နှစ်ဦးကို ဘာကြောင့်များ မောင်နှစ်မ ဝမ်းကွဲဖြစ်စေခဲ့ရသည်လဲ။့ ဒီမိသားစု ဒီအသိုင်းအဝိုင်းတွေ ကြားထဲမှာ မေးငေ့ါခံ အတင်းပြောခံ ကဲ့ရဲ့ခံဘို့တော့ သူ ပြန်ပြီး လည်စင်းမပေးလိုတော့တာ အမှန်ပါ။

ပြီးတော့ သူ ပြန်တော့ကော မမဇင်နှင့် တွေ့ဆုံခွင့်က ရှိပါမည်တဲ့လား။့ ရှိခဲ့ရင်ကော တွေ့ဆုံမှုက အသက်ပါနိုင်ပါမည်တဲ့လား့ ။ ဒီလိုနှင့်ပဲ သူ မပြန်ဖြစ်ခဲ့တာဖြစ်သည်။ သို့ပေမယ့် မမကြီးကတော့ အစကတည်းက သူနှင့်သိပ်အစေးမကပ်ရတဲ့အထဲတွင် သူမ မင်္ဂလာပွဲကိုတောင်မှ မလာနိုင်ရက်သည့် မောင်တယောက်အနေနှင့် တော်တော်ကို စိတ်ခုသွားသည်လို့ သိရသည်။ စိတ်ခုလဲ မတတ်နိုင်။့ တနေ့နေ့တော့ မမကြီး စိတ်ပြေတန်ကောင်းပါ၏။

လက်ထပ်ပြီးဘယ်လောက်မှမကြာသေးခင် မမှော်လင့်ပဲ မမကြီးတို့ ဇနီးမောင်နှံ အမေရိကန်ဗီဇာ မဲပေါက်ကြသည်။ အဲသည်ကမှ သူတို့လင်မယား အမေရိကားသို့ ပြောင်းရွှေ့သွားကြတော့သည်။ ခုထိ သားသမီးတော့ မထွန်းကားကြသေး။

ညီငယ်နေလင်းလဲ မျိုးသူထွက်လာပြီးမှ ဆယ်တန်းအောင်သည်။ အောင်ပြီးသည်နှင့် ဒီကောင်လေးက အိုင်တီဘက်မှာ ရည်မှန်းချက်ကြီးလှသည်မို့ မမကြီးတို့ကိုအပူကပ်ပြီး မမကြီးတို့အားကိုးနှင့် တခါတည်း ယူအက်စ်ကို လိုက်သွားခဲ့၏။့ ခုတော့ ဟိုမှာ အိုင်တီကျောင်းတောင် ပြီးခါနီးပြီ။့ ပြီးလှင်လည်း ဟိုမှာပဲ အလုပ်ဆက်လုပ်တော့မည်လို့ ပြောသည်။

နောက်ဆုံးတော့ စလည်ဝင်အိုးကလေး သီချင်းထဲကလို ရန်ကုန်မှာ ဖေဖေနှင့်မေမေပဲ ကျန်ခဲ့တော့သည်။့မမဇင်သည်သာ နှစ်အိမ်လုံးအတွက် အားကိုးအားထားလိုဖြစ်နေခဲ့ရတော့သည် တဲ့ ။ သတင်းတွေက မျိုးသူဆီ အင်တာနက်နှင့်ဖုန်းလိုင်းတွေပေါ် လှောစီးလှက်၊့ လူကြုံတွေလှာပေါ်မှာ လမ်းကြုံလိုက်လှက် ရောက်ရောက်လာတတ်ပါသည်။့ ကိုဇော်လတ်က မမဇင်ကို လက်ထပ်နိုင်ဘို့ အသည်းအသန် လုံးပမ်းခဲ့တာလဲ သူသိသည်။ မမဇင်က ဘယ်လိုများ ရအောင်ငြင်းလိုက်သည်ကိုတော့ မသိပေမယ့် နောက်ဆုံး ကိုဇော်လတ်လက်လှော့သွားရတာလဲ သူသိလိုက်သည်။့ လွန်ခဲ့သောနှစ်ကတော့ မမဇင် အယ်စီစီအိုင် စာမေးပွဲကို ထူးချွန်စွာအောင်မြင်ပြီး သိပ်မကြာလိုက်ခင်မှာပင် အေစီစီအေ သင်တန်းတက်ဖို့ မမဇင် မိဘတွေက အကုန်အကျခံကာ ယူကေကို စေလွှတ်လိုက်ပြီဆိုတာလဲ သူသိခဲ့ရပါသည်။

ယူအက်စ်ရောက်သွားသော မမကြီးက ဖေဖေနှင့်မေမေ့ကိုပါ အတူနေဘို့လှမ်းခေါ်သည်မို့ နောက်ဆုံးတော့ ရန်ကုန်မှာ ဦးလေးတို့ ( မမဇင် ဖေဖေနှင့်မေမေ )ပဲ ကျန်ခဲ့တာ သိပ်တောင်မကြာလှသေးသည်ပဲ။

ယူအက်စ်ကိုအသွားမှာ သူ့ကို မတွေ့တာကြာလို့ဆိုပြီး ဖေဖေနှင့်မေမေ စလုံးကိုဝင်လာလိုက်သေးသည်။မေမေ သူ့ကိုမြင်တော့ မျက်ရည်ဝဲလာတာ သူခုထိပြန်မြင်ယောင်နေမိဆဲ့ ။ ငါ့သားပုံစံက ရင့်ကျက်လာလိုက်တာ့ လို့ မေမေက မှတ်ချက်ချခဲ့သည်။

မမဇင် ဖြစ်စေချင်သလို သူ လူကြီးဖြစ်လာသလား မဖြစ်သေးသည်လားတော့မသိ၊ ပတ်ဝန်းကျင် ၏ အထုအထောင်းဒဏ်တွေထဲမှာ မျိုးသူတော်တော် ပြောင်းလဲသွားခဲ့ပြီ။့ အရင်ကလို ဂျစ်ကန်ကန် မိုက်တိ မိုက်ကန်းနှင့် ကောင်ကလေးမဟုတ်တော့။့ သည်းခံခြင်းတရားကို လက်ကိုင်ထားတတ်လာခဲ့ရပြီ။

ဒီနိုင်ငံမှာ ဒီတရားကို လက်ကိုင်မထားလှင်တော့ အလုပ်လုပ်ဖို့ လွယ်မှမလွယ်သည်ပဲလေ။့ ဆံပင်တချို့ဖြူခဲ့ရပြီ၊ မျက်နှာပေါ်မှာ မျက်မှန်တပ်ခဲ့ရပြီ။့ ပြောတော့သာ အချိန်က ငါးနှစ်ဆိုပေမယ့် မျိုးသူပုံစံက ဆယ်နှစ်စာမက အိုစာသွားခဲ့ပြီထင်သည်။

ညထွန်းမီးရောင်မှိန်မှိန်လေးအောက်မှာ သူ့စာကြည့်စားပွဲဆီ မျိုးသူ လှောက်လှမ်းလာလိုက်သည်။့ စားပွဲပေါ်တွင် ထောင်ထားသော ဓာတ်ပုံစတင်းန် လေးကို အသာယူကြည့်မိတော့ မမဇင်က သူ့ကိုဓာတ်ပုံထဲကနေ ပြုံးပြနေသည်။့ သူကသာ ရင့်သွားပေမယ့် မမဇင်က ခုထက်ထိ အရင်ပုံအတိုင်း။ ဒီပုံလေးက ပြီးခဲ့သည့် လေး/ငါးလကမှ မမဇင် ယူကေကနေ လှမ်းပို့ခဲ့သော ဓာတ်ပုံလေး။့ လန်ဒန်တံတားကြီးနောက်ခံနှင့်။့ မမဇင်၏ သေးသေးသွယ်သွယ် ကိုယ်ဟန်လေးက အနွေးထည်အထူကြီးတွေနှင့် လိုက်ဖက်လိမ့်မည်မထင်ရပေမယ့် တကယ်တမ်းမြင်ရတော့လဲ တော်တော်ကို ကြည့်ကောင်းနေရပြန်သည်။့ အင်းလေ့ သူကတော့ မမဇင်ကို ဘယ်လိုပုံစံနှင့်မဆို ကြည့်ကောင်းနေမိ မှာပါပဲ။့

မျိုးသူ ဘဝမှာကော့ ဘာတွေများပြောင်းလဲခဲ့ပြီလဲလို့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်တော့ သိပ်တော့ အားမရလှပါ။့ အစကတော့ မိုးလားကဲလား နှင့် ဒီပလိုမာပြီးလှင် တက္ကသိုလ်ဆက်တက်မည်၊ ဘွဲ့လွန် ယူမည်တွေဘာတွေ အားခဲခဲ့ပေမယ့် တကယ်တမ်းကျတော့ ကျောင်းပြီးသည်နှင့် ပီအာရ်လဲမြန်မြန်ရအောင် ရသည့်အလုပ်တခုကို အမြန်ဆွဲချိတ်ခဲ့ရသည်ပဲ။့ အလုပ်ဝင်ပြီးပြီဆိုကတည်းက ဘော့စ်ရဲ့ မာကြောကြောမျက်နှာထားအောက်မှာ့ လစာနှင့်မတန်လောက်အောင်ကို များလွန်းလှသည့် အလုပ်တာဝန်တွေထဲမှာ့ တနေ့တနေ့ အလှင်မှီအောင်ပြေးလွှားနေရသည့် အက်စ်ကာလေတာ လှေကားထစ်တွေပေါ်မှာ သူ့ရည်မှန်း ချက်တွေကို ခနခေါက်သိမ်းထားလိုက်ရတော့သည်။

ကျောင်းပြီးကတည်းက စုမိစပ်မိရာ သူလိုလူ သုံးယောက်စုပြီး အားလုံးရဲ့ အလုပ်တွေနှင့် အနီးအဝေးမှတသော ကျွန်းတောင်ပိုင်းက စပေါ့တီပါ့ခ်ဥယျာဉ်နားမှာ အခန်းတခန်းငှားနေဖြစ်ကြသည်။့ အားလုံးက ဝင်ငွေမဆိုးကြသော လူလွတ်တွေမို့ အိပ်ခန်း၃ခန်းပါ အခန်းကျယ်ရှာပြီး တယောက်တခန်း နေကြတာ ဖြစ်သည်။ မီးဖိုနှင့် ဧည့်ခန်းကတော့ ဘုံပိုင်ပေါ့။ တခါတခါတော့ ပီအာရ်လဲ ကျပြီးနေပြီမို့ ကိုယ်ပိုင် သီးသန့် တိုက်ခန်းလေးတော့ ဝယ်ချင်မိသော်လည်း လူတယောက်ထဲနှင့် အိမ်ခန်းပေးမဝယ်သော စလုံးအစိုးရ၏ တားမြစ်ချက်ကြောင့် ဝယ်ဖြစ်သည့်ဆီ မရောက်တော့ပါ။

အတွေးတွေက ဘယ်အထိ နယ်ချဲ့နေမိသည်မသိ၊့ မလှမ်းမကမ်းရှိ အမ်အာရ်တီ ( မီးရထား ) ဘူတာရုံမှရထားဖြတ်မောင်းသွားသံ တဂျိမ်းဂျိမ်းကို ကြားရမှ မနက် ၅နာရီကျော်ပြီမှန်းသတိထားမိသည်။့ လစဉ် လဆန်းတိုင်း မပျက်မကွက် ဓာတ်ပုံဖြစ်ဖြစ်၊ အီးကဒ်လေးတွေဖြစ်ဖြစ် ပို့နေကျ မမဇင်ထံမှ ဘာမှ မလာတာ ခုဆို ၂လရှိပြီ။့ အဲသည်ကတည်းက ညညဆို ဒီအိပ်မက်က သူ့ကိုနှိပ်စက်လာတော့တာပါပဲ။

ခုလိုပဲ တရေးနိုးအပြီးမိုးလင်းခဲ့ရသည့်ညတွေ မနဲလှတော့ပါ။့ မမဇင် နေလို့မှ ကောင်းရဲ့လားမသိ။ ဆက်သွယ်စရာဆိုလို့လဲ သူ့မှာ အီးမေးလ်လိပ်စာလေးတခုသာရှိသည်။ ဖုန်းနံပါတ်တောင်မှ ပေးမထား။့ မမဇင်တို့ ရက်စက်ပုံ ပြောပါတယ်။

တချိန်တုန်းကတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ကြိုးစားကြရင်း အချိန်တွေကို အကျိုးရှိရှိ သုံးကြဘို့ မမဇင် ပြောခဲ့ဘူးသည်။့ အခုကော မျိုးသူစဉ်းစားကြည့်မိသည်၊ သူ ကိုယ့်ခြေထောက်ပေါ် မတ်မတ်ရပ်နိုင်ပြီလား။့ ရှေ့ဆက်စရာ ခရီးကအဝေးကြီးရှိသေးသည့်တိုင် ဘာပဲပြောပြော အနည်းဆုံး သူ့လို သက်တူရွယ်တူ အမိမြေမှာကျန်ရစ်ကြသူတွေနှင့်စာလှင် သူ့အနေအထားက တော်တော်လေး ခိုင်မာ ခဲ့ပြီလို့ ပြောလို့ရသည်လေ။့ မမဇင် ကျတော့ကော့ ။ ယူကေကသင်တန်းအောင်ပြီးလို့ အဲဒီမှာများ အလုပ်သာရသွားလို့ကတော့ မမဇင်အခြေအနေက သူ့ထက်တောင် ပိုပြီး ခိုင်မာသွားလိမ့်ဦးမည်။

တကယ်ဆို ရည်မှန်းချက်တွေ ပြည့်စုံဘို့ နီးသည်ထက် နီးလာပြီဆိုရမယ့် အချိန်ကျမှ မျိုးသူစိတ်ထဲမှာ ဘာလို့များ နိမိတ်ဆိုးတွေ့ အင်းလေ့ အိပ်မက်ဆိုးတွေပဲထားပါတော့ ဝင်လာနှိပ်စက်နေရသည်တဲ့လဲ။ ရင်မောပါရဲ့ မမဇင် ရယ် ။

_________________________________________

စနေ၊တနင်္ဂနွေဆိုလှင် မြန်မာစကားသံတွေနှင့်ဆူညံနေမည်ဖြစ်သော ပင်နီဆူလာ ပလာဇာကြီးသည် ခုလိုကြားရက်များကျတော့လဲ လူရှင်းကာတိတ်ဆိတ်နေသလိုလို့ ။ နှစ်ကုန်လှင် နောက်နှစ်အတွက် ကယ်ရီ လုပ်သွားခွင့်လဲမရ၊ ငွေနှင့်လဲပြန်မရှင်းပေးသော ခွင့်ရက်များကို အလကားအဖြစ်မခံနိုင်သဖြင့် စိတ်ချဉ်ချဉ်နဲ့ခွင့်တွေကောက်ယူခဲ့လို့သာ အားနေရသည်၊ မျိုးသူ ဘယ်သွားလို့ ဘာလုပ်ရမည်မှန်းမသိ။

ဒီလိုနှင့် စလုံးမှာ မြန်မာတွေ ခြေချင်းလိမ်ရာဌာနဖြစ်သော ပင်နီဆူလာ ပလာဇာသို့သာ ရည်ရွယ်ချက်မဲ့ ထွက်ခဲ့မိသည်။ အော်စီကို အလည်သွားနေသော အခန်းဖော်တွေကလဲ ခုထိပြန်မလာကြသေး၊ ဒီ ၂ကောင် အတူလိုက်ဖို့ခေါ်တုန်းက လိုက်သွားရအကောင်းသားလို့ ခုမှ နောင်တ ရနေမိသည်။့ တခုတော့ရှိတာပေါ့လေ။့ ဒင်းတို့က ဒီနိုင်ငံသားခံပြီးသားတွေကိုး၊့ အော်စီသွားဘို့ ဗီဇာယူနေဘို့မလို၊ မျိုးသူကတော့ ဘယ်လိုအခြေအနေမျိုးပဲကြုံကြုံ မြန်မာနိုင်ငံသားအဖြစ်ကိုတော့ မစွန့်လွှတ်ချင်။ ဒီတော့ သူပါလိုက်မည်ဆိုလှင် ဗီဇာက လှောက်နေရဦးမည့် သူတို့အော်စီ ကောင်ဆယ်လာနှင့် စကားက သွားပြောနေရဦးမည်။့ ဒါနဲ့ပဲ မလိုက်ဖြစ်တော့တာပါ။ လိုက်တော့ လိုက်ချင်သား။

၁၁ နာရီထိုးမှဖွင့်သော ဆိုင်ခန်းတွေသည် မျိုးသူရောက်ချိန်တွင် အကုန်အစင်မဖွင့်ကြသေး။့ ဒုတိယထပ်မှ ရဲရင့် ကဖေးကတော့ ဖွင့်လောက်ပြီထင်သည်။့ မုန့်ဟင်းခါးလေးဘာလေး မစားရတာလဲ ကြာလှပြီ။ အဲသည်ကို သွားစားဦးမှပါပဲ ။

' ဟာ မျိုးသူ့ မျိုးသူ မဟုတ်လားကွ့ '

စက်လှေကားမှတဆင့် ရဲရင့်ဘက်သို့ လှမ်းအကွေ့ မမှော်လင့်သောမျက်နှာနှင့်ရင်ဆိုင်လိုက်ရလေသည်။တခြားလူဟုတ်ရိုးလား့ သူ့ရန်သူတော်ဟောင်းကြီး ကိုဇော်လတ်ပေါ့။့ ဘေးမှာကပ်လှက် မျိုးသူမသိဘူးသော မိန်းကလေးတဦးကိုပါ တွေ့ရသည်။

' သြော့် ကိုဇော်လတ်၊ နေကောင်းတယ်နော့် '

အရင်တုန်းက မျိုးသူဆိုလှင်တော့ ချာကနဲလှည့်ပြီးရှောင်ထွက်သွားမိမည်ထင်သည်။့ အချိန်နှင့်ဘဝက လူကို ရင့်ကျက်စေခဲ့ပြီလေ။့

' ဘယ်တုန်းက စလုံးရောက်နေတာလဲဗျ့ '

' နှစ်ရက်သုံးရက်ပဲ ရှိသေးတယ်၊့ သြော် ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်။ ဒါနဲ့ ကိုယ်နဲ့လက်ထပ်တော့မယ့် ကိုယ့်အမျိုးသမီးလေ့ လဲ့လဲ့ တဲ့။့ လဲ့လဲ့ ဒါက မောင်ပြောဘူးတဲ့ ဇင်ဇင့်မောင်လေး မျိုးသူ လေ့ '

မျိုးသူ မျက်လုံးပြူးသွားသည်။ လက်ထပ်တော့မည့် မိန်းကလေးကို ဇင်ဇင့်တို့ သူတို့အကြောင်းတွေ ပြောပြထားသည်ဆိုတော့ ဒီမိန်းကလေးကတော့ တော်တော် စိတ်သဘောထားကြီးသူပဲ ဖြစ်ရမည်လေ။့

' မျိုးသူက အံ့သြနေတယ်လား့ ကိုယ့်အကြောင်းတွေ အကုန် သူသိတယ်ကွ့ ဟဲဟဲ့ '

လဲ့လဲ့ဆိုသော မိန်းကလေးကတော့ အသာမျက်လွှာချပြီး ပြုံးနေသည်။ ရုတ်တရက်ကြည့်လှင် မမဇင်နှင့်ပင် တူသလိုလို့ ။

' ကွန်ဂရက်ကျူလေးရှင်းပါ ကိုဇော်လတ့် ။ တကယ်ဝမ်းသာပါတယ်။့ ဒါနဲ့ ဒီက မလဲ့လဲ့က ဒီကပဲလား့ '

' ဟုတ်ကဲ့ရှင့် ကျွန်မက မြန်မာပေမယ့် ဒီမှာမွေးပြီး ဒီမှာကြီးတာပါ့ '

သြော့် ဒါကြောင့်လဲ သူမစိတ်ထားက မြန်မာမိန်းကလေးအများစုမှာ မလွဲမသွေတွေ့ရတတ်သည့် အူတိုတာ ကင်းနေသည်ပဲဖြစ်မည်လေ။့

' ဝမ်းသာပါတယ်ဗျာ့ ဒါနဲ့ ကိုဇော်လတ်တို့ ဘယ်လိုဆုံကြတာလဲ့ ဘယ်တော့ကော စားရမှာလဲ '

ကိုယ်ကတော့ အခုပဲစားရစေချင်လှပြီ့ လို့ ကိုဇော်လတ် ရယ်ကျဲကျဲနှင့်ဆိုတော့ သူ့ကောင်မလေးက မျက်စောင်းလှမ်းထိုးသည်။ လက်မောင်းကိုလှမ်းဆိတ်မလိုလုပ်ပြီးမှ သိပ်မရင်းနှီးသေးသော မျိုးသူရှေ့မှာ ဆိုတာ သတိရသွားဟန်နှင့် လက်ကိုရှက်စနိုးပြန်ရုပ်လိုက်တာ သတိထားမိ၏။ အင်း ဒီမှာမွေးပြီး ဒီမှာကြီးပြင်းခဲ့သည့်မိန်းကလေးတယောက်ကို မြန်မာစိတ်မပျောက်သွားအောင် ထိန်းကျောင်းနိုင်ခဲ့သော မိဘတွေကိုတော့ မျိုးသူ စိတ်ထဲက တော်တော်ချီးကျူးလိုက်မိသည်။

' မနှစ်က ကိုယ်တို့တွေ အွန်လိုင်းမှာ စတွေ့ကြတာကွ။့ နောက်တော့ သူမြန်မာပြည်ကို လာလည်ရာက ဆုံဖြစ်ကြတယ်ဆိုပါတော့ကွာ့ ။ ချစ်သူသက်တမ်းက ခုမှ တနှစ်ပြည့်လုလုရှိသေးတယ်။့ ဟဲဟဲလောလောဆယ်တော့ လက်မထပ်နိုင်သေးပါဘူးကွာ့ ကိုယ်အခု ဒီမှာအလုပ်လာရှာတာ့ အလုပ်ရပြီးမှလက်ထပ်ဖြစ်မယ်ထင်ပါတယ့် '

မတ်တပ်ကြီးတွေနှင့် စကားကောင်းနေမိသည်မို့ မျိုးသူ ဖိတ်မန္တက ပြုလိုက်သည်။

' လာလေ့ အေးအေးဆေးဆေး စကားပြောရအောင် ရဲရင့်ထဲ ဝင်ထိုင်ကြမယ်လေဗျာ့ ကျနော်လဲ ဒီနေ့ အလုပ်အားနေတာ့ '

ကိုဇော်လတ်က သူ့အမျိုးသမီးဘက်လှည့်ကြည့်သည်။

' လဲ့လဲ့က အလုပ်က ခနထွက်လာတာဟုတ်လား့ ပြန်နှင့်လေ၊ မောင်ဒီမှာ မျိုးသူနဲ့ ခန နေခဲ့လိုက်ဦးမယ်နော့် သြော် မေ့လို့ သူက အက်စ်ဂျီအိတ်ချ်က နာ့စင်း လေ့ '

' ဟုတ်တယ်ရှင့် ကျမက ဆေးရုံကို ၁နာရီမထိုးခင် အရောက်ပြန်ရဦးမှာ့ နောက်မှ အေးအေးဆေးဆေး ဆုံမယ်နော့် မောင့် လဲ့ သွားပြီ '

ပြောပြောဆိုဆို လဲ့လဲ့ဆိုသော မိန်းကလေးက နှုတ်ဆက်ထွက်ခွာသွားသည်။ တော်တော်လေး ဝေးသွားမှ ကိုဇော်လတ်က သူ့ပုခုံးကိုပုတ်ရင်း ခပ်တိုးတိုးပြော၏။

' မင်းဘယ်လိုထင်လဲ မျိုးသူ့ သူ့ကြည့်ရတာ ဇင်ဇင်နဲ့ မဆင်ဘူးလား '

မှန်နေသောစကားပေမယ့် ခုလိုမေးခံလိုက်ရတော့ မျိုးသူရင်ထဲ အောင့်တောင့်တောင့်ဖြစ်သွားသည်။ ဒီလူ့နှယ် ရွေးစရာရှားလို့ မမဇင်နှင့်ဆင်တာကိုမှ ရွေးကြိုက်ရတယ်လို့ ဟုလဲ တွေးမိသွားရလေသည်။ မျိုးသူ မျက်နှာပျက်သွားတာကိုကြည့်ပြီး ကိုဇော်လတ်က တဟားဟား ရယ်သည်။

' နောက်တာပါကွာ့ ။ မျက်နှာကြီးပျက်မသွားပါနဲ့ ။ လာ့ ဒို့ ဆိုင်ထဲသွားထိုင်ရအောင်၊ မျိုးသူကို ကိုယ်ပြောပြစရာတွေ ရှိတယ့် မျိုးသူအတွက် အရေးကြီးမယ်ထင်တယ့် '

မျိုးသူ မျက်မှောင်ကျုံ့သွားသည်။ ကိုဇော်လတ်ဆီမှာ ဘာများ သူ့အတွက် အရေးကြီးသည့်သတင်းစကား ရှိနေနိုင်မှာမို့တဲ့လဲ။့ သူလဲ မမဇင်နဲ့ဇာတ်ကိုအဆုံးသတ်လို့ ဘဝသစ်တောင် ထူထောင်ထားမှကို့ ။အချိန်စောသေးသည်မို့ ဆိုင်ထဲမှာ လူရှင်းနေတော့ စကားအေးအေးဆေးဆေးပြောလို့ကောင်းနေသည်။့ ဒေါင့်အစွန်မှ စားပွဲလေးတွင် သူတို့ ထိုင်လိုက်ကြ၏။ မှာထားသော လက်ဖက်ရည်တွေ ရောက်မလာခင်မှာ ကိုဇော်လတ်က စကားစလိုက်သည်။

' ဇင်ဇင့်ကို ကိုယ်လက်ထပ်ခွင့်တောင်းခဲ့တာ၊ လူကြီးတွေကတဆင့်ပါ ကြိုးစားခဲ့ဖူးတာ မျိုးသူသိမှာပါ့ '

' သိတယ့် '

သူ့လေသံ နဲနဲရိုင်းချင်ရိုင်းသွားမည်။ ဒါပေမယ့် ဒီအကြောင်းအရာနှင့်ပါတ်သက်လာလှင်တော့ ခုထိ မျိုးသူ မတည်ငြိမ်နိုင်သေးပါ။

' အေးကွာ့ ယောကျာ်းလေးချင်း ပွင့်ပွင့်လင်းလင်းပြောကြတာပေါ့။ အဲဒီတုန်းက ဇင်ဇင်ကကိုယ့်ကို ဘယ်အထိတောင် ပြောခဲ့တယ်မှတ်သလဲ့ '

မျိုးသူ မျက်လုံးပင့်ပြီး ဇဝေဇဝါနှင့်ကြည့်မိသည်။

' သူနဲ့ မျိုးသူနဲ့ ရိုးရိုးချစ်သူတွေမဟုတ်ဖူး၊့ ခရီးဆုံးကိုအကြိမ်ကြိမ်ရောက်ခဲ့ဘူးပြီးသားမို့ သူ့ကို ဆက် စိတ်မဝင်စားပါနဲ့တော့ လို့ကို ပြောခဲ့တာကွ့ '

' ဗျာ့ '

မမဇင် ဒီလောက် သတ္တိရှိလိမ့်မည် ဟု မျိုးသူပင် မထင်ခဲ့မိ။့ မမဇင်လို မိန်းမပျိုကလေးတယောက်အဖို့ သူမဘယ်သူနှင့် အိပ်ဖူးပြီးပါပြီဆိုသည်ကို ထုတ်ပြောဘို့ တော်တော်ကို အားမွေးရမှာ သေချာသည်။

' အင်း့ ဇင်ဇင်ကလဲ ထူးခြားသလို ကိုယ်ကလဲ ထူးခြားတယ်လေ၊့ ဘာကြောင့်ဆိုတော့ ဇင်ဇင့် အဲဒီ စကားက ကိုယ့်ကိုနောက်ဆုတ်သွားဘို့ မတတ်နိုင်ခဲ့လို့ပဲ့ '

မှားပါတယ့် လို့ပဲ စိတ်ထဲက ခပ်တိုးတိုးရေရွတ်မိသည်။ တတ်လဲတတ်နိုင်သည့် လူပါပဲ။

' နောက်ဆုံးတော့ကွယ့် ဇင်ဇင် ယူကေကိုသွားရကာနီးမှာ ကိုယ့်မိဘတွေကို အပူကပ်ပြီး ဇွတ်အတင်းပဲ

လက်ထပ်ပေးဘို့ စီစဉ်ခိုင်းခဲ့မိတယ်။့ ဇင်ဇင့်မိဘတွေကလဲ သမီးမိန်းကလေး ရပ်ဝေးမြေခြားလွှတ်ရ မှာဆိုတော့ အိမ်ထောင်ရက်သားချပေးပြီးမှဆိုရင် ပိုစိတ်ချရမယ်ဆိုပြီး ဇင်ဇင့်ကို အတင်းနားချတယ်လေ၊့ ဇင်ဇင်က ဘာပြောတယ်မှတ်လဲ၊့ သူ့ကိုဒီလိုအတင်းအကြပ်စီစဉ်မယ်ဆိုရင်တော့ အဆိပ်သောက် သေလိုက်ဖို့ပဲ ရှိတော့တယ်တဲ့လေ့ ။ မျိုးသူအပေါ်တော့ သစ္စာမဖောက်နိုင်ပါဘူးတဲ့ ။ ခပ်အေးအေးပဲ ပြောသွားလိုက်တာ့ တကယ်လုပ်တော့မယ့်ပုံမျိုး့ '

ဘုရား့ ဘုရား့ ကံကြီးပေလို့ပါလား မမဇင်ရယ်။

' ဇင်ဇင့်စိတ်ကို သူ့မိဘတွေက ကောင်းကောင်းသိတော့ နောက်ဆုံး သူတို့ လက်လှော့လိုက်ကြတယ်။ ကိုယ်လဲ ဆွေးတာပေါ့။့ ဒါပေမယ့် သူ့အဖေက ဇင်ဇင့်ဆီက အပြန်အလှန်အနေနဲ့ ကတိတခုတော့ တောင်းလိုက်တယ်ကွ့ ဘာလဲ သိလား့ '

မျိုးသူ ရိပ်မိလိုက်ပါပြီ။ ဘာများကော ဖြစ်နိုင်ဦးမှာတဲ့လဲ။

' ကျနော့်ကိုလဲ မယူဘို့ မဟုတ်လား ဗျာ့ '

' ရိုက်တ့် အဲဒီအတိုင်းပဲ။့ ချစ်ချင်ချစ်နေ့ ချစ်တာကို တားလို့မှ မရတာ။ ဒါပေမယ့် ဘယ်တော့မှ မျိုးသူနဲ့ မယူရဘူး။ ယူရင် အဲဒီနေ့မှာပဲ သူလဲရှက်လို့ တနည်းနည်းနဲ့သေမိလိမ့်မယ်ဆိုပြီး အပြန်အလှန် ကတိတောင်းလိုက်တယ်လေ့ '

' မမဇင်က ပေးလိုက်တယ်ပေါ့ '

' မပေးလို့ရတော့မလားကွ။့ အဲလိုသာ မပေးရင် ခုလောက်ရှိ ဇင်ဇင် သေရင်သေ၊ မသေရင် ငါ့မိန်းမ ဖြစ်နေပြီ့ '

တောက့် အရေးထဲ အသားက ယူချင်နေသေးသည်။ ဒီလူ ကိုဇော်လတ်ကိုတော့ တခါတခါ တကယ်ကို ကြည့်လို့ မရ။ မျိုးသူ အံကိုတင်းတင်းကြိတ်ထားမိသည်။

' ဟဲဟဲ့ ဆောရီးကွာ။ ကိုယ့်စကား နဲနဲလွန်သွားတယ့် ။ ကဲကဲ့ သွားဦးမယ်ကွာ။ ကိုယ်ကတော့ မြင်တဲ့အတိုင်းပဲ ဘဝသစ်စနေပြီ။ မျိုးသူ ကံကောင်း နိုင်ပါစေလို့ ကိုယ်ဆုတောင်းပေးခဲ့ပါတယ့် '

ပြောချင်တာတွေ အကုန်ပြောပြီးမှ ဆောရီးတခွန်းနှင့် တောင်းပန်ပြီး ကိုဇော်လတ် လစ်သွားသည်။ မျိုးသူမှာသာ ရင်တွေ ဗလောင်ဆူပြီး ကျန်ခဲ့ရတော့၏။ မမဇင်သည် ဦလေးကို ပေးခဲ့ရသည့် ကတိကို တကယ်ပဲ တသက်လုံးစောင့်ထိန်းတော့မည်လား။

ဒါဆို သူတို့ နှစ်ဦးသား တနေ့ဆုံလေနိုးနှင့် ဘဝကိုတည်ဆောက်နေခဲ့ကြတာတွေက ဘာများ အကျိုးထူး တော့မည်တဲ့လဲလေ့ ။ မမဇင်ကို မပိုင်ဆိုင်ရပဲနှင့်လဲ ချစ်နေနိုင်ပါသည်။ သို့ပေမယ့် မျိုးသူအဖြစ်က နှစ်ရှည်လများထောင်ကျနေရာမှ ထောင်ကလွတ်တော့မည့်အချိန်ကျမှ နင့်မှာနောက်တမှုရှိသေးသည်ဆိုပြီး ထောင်တသက်ထပ်အချခံလိုက်ရသည့်လူနှင့် ဘာများ ခြားနားပါမည်တဲ့လဲ။

ပင်နီဆူလာပေါ်မှ မျိုးသူ ဘယ်လိုပြန်ဆင်းလာမိသည်မသိ။

အောက်ရောက်တော့လဲ ခြေဦးတည့်ရာ လှောက်နေမိသည်။့ တနှစ်လုံး အချိန်မရွေး ရွာချတတ်သော စင်္ကာပူမိုးသည် မျိုးသူကို ကြည့်မရလေသည်လားမသိ။ ရုတ်တရက် သဲသဲမဲမဲ ရွာချလာလေသည်။့ မျိုးသူ ထီးလဲမပါ၊ မိုးလုံသည့် စင်္ကြန်တွေအောက်လဲ ဝင်ဘို့စိတ်မကူးမိ့ ။ မိုးသည်းသည်းထဲတွင်ပဲ ဆက်လှောက်နေမိသည်။့ ရင်ထဲက အပူသည် မိုးရွှဲရွှဲစိုစေကာမူ မငြိမ်းပါချေတကား့ ။

__________________________________________

စလုံးတွင် ဆိုရိုးစကားတခုရှိသည်။

အရက်၊ဘီယာ၊ဆေးလိပ်ကြိုက်လို့ကတော့ စလုံးမှာ အလုပ်လာမလုပ်နှင့်၊ ရှာသမှပိုက်ဆံ အဲဒါတွေဘိုးနှင့်ကုန်လိမ့်မည့် ဟူ၏။ လူတွေ သုံးစွဲမှု နဲနိုင်သမှနဲအောင်ပဲလား တော့မသိ၊ အဲဒါတွေအတွက် အခွန်ကို အစိုးရက တင်းတင်းကျပ်ကျပ်တိုးမြှင့်ထားသဖြင့် ဈေးက ကြီးလှသောကြောင့်ဖြစ်ပါသည်။

ဒီအဆိုသာမှန်လှင်တော့ ခုတလော မျိုးသူ ရှာသမှတော့ ကုန်တော့မည်ထင်သည်။့ စီးကရက်တော့ သူလုံးဝ မသောက်တတ်ပါ။ အရက်လဲ ကြိုက်လှသည်တော့မဟုတ်ပေမယ့် အစက နဲနဲပါးပါး အကြောင်းဆုံလှင် လူစုံလှင်သောက်ဖြစ် တတ်ပါသည်၊ ဒါပေမယ့် တယောက်ထဲတော့ ဘယ်တုန်းကမှ မသောက်ခဲ့စဘူး။

အခုတော့ မျိုးသူ ပြောင်းလဲနေသည်။့ အခန်းထဲမှာကို ပုလင်းထားပြီး နေ့တိုင်း သောက်မိနေပြီ။့ မကောင်းမှန်းတော့သိပါသည်။့ သို့ပေမယ့် ခံစားရချက်က ပြင်းထန်လွန်းလှသည်လေ။့ မူးနေလှင် တခါတလေ မမဇင်ကို သူမေ့ထားနိုင်လေမည်လားဆိုသည့် မှော်လင့်ချက်နှင့် မိုက်တွင်းနက်နေမိသည်။

ခက်တာက မူးလာလဲ မမေ့နိုင်တာက ဆိုးလှသည်။့ တခါတလေများ မူးပြီးအိပ်ပျော်သွားချိန်တွင် အိမ်မက်ထဲမှာ မမဇင်က အနားရောက်လာသည်၊့ ရင်းနှီးခဲ့ဘူးသည့် နွေးထွေးသော နှုတ်ခမ်းလေးတွေ့ စွဲမက်ခဲ့ရသည့် ချိုမြိန်သောအနမ်းတွေ့ မိန်းမူးစေခဲ့သည့် နူးညံ့သော အထိအတွေ့တွေ့ နှင့်အတူပေါ့။ ရင်ခုန်ကြည်နူးစွာနှင့် ပြန်နိုးလာချိန်တွင်မတော့ အနားမှာ ဘာမှ မရှိတော့။့

သည်တော့ ထပ်သောက်သည်။့ အိမ်မက်တွေကို ပြန်ခေါ်မိသည်။့ ကြာလှင်တော့ မျိုးသူ ရူးရတော့မည်ထင်သည်။့ အခန်းဖော်တွေက မျိုးသူ အခြေပျက်နေတာကို သတိထားမိတော့ တားကြသည်။့ မျိုးသူ ဘာမှ ပြန်ပြီး စောဒက မတက်မိ။ ဖြစ်ခဲ့သမှကို သူတို့အထိုက်အလှောက်သိထားကြသည်မှန်သော်လည်း အသေးစိတ်လဲ ပြောပြမနေချင်တော့။့ ရှိစေတော့ မမဇင်ရယ့် ။ ဒီဘဝမှာ ဘယ်လိုမှ မဆုံနိုင်ကြတော့ပြီဆိုလှင်လည်း မြန်မြန် ဘဝနိဂုံးချုပ်သွားတာကမှ ကောင်းလိမ့်ဦးမည်ပေါ့။့ သံသရာမှာ ပြန်ဆုံနိုင်ကြသေးသည်ပဲ။

----------------------------------

' တီတီတီ့ တီတီတီ့ '

အခန်းတံခါးဘဲလ်က အဆက်မပြတ်မြည်နေသဖြင့် မျိုးသူ နိုးလာသည်။့ ဒီနေ့ တနင်္ဂနွေမို့ အခန်းဖော်တွေ ဘယ်ထွက်သွားကြပြီလဲမသိ။့ သူကတော့ မနေ့ညက စနေညဆိုတော့ ပိုပြီး စိတ်လွတ်ကိုယ်လွတ် သောက်လို့ကောင်းသည်ဆိုပြီး မိုးလင်းခါနီးထိ ထိုင်သောက်နေမိသည်မို့ မနက်ကျ မနိုးတော့။့ အခု တံခါးဘဲလ်မြည်မှ နိုးတော့သည်။ မျက်စိကိုပွတ်ရင်း နာရီကြည့်မိတော့ ၁၂ နာရီတောင်ကျော်နေပြီ။့ သြော့် တော်တော်တောင် နောက်ကျနေမှကိုး။့

' တီတီတီ့ '

တောက့် အရေးထဲ ဘယ်သူ့ဧည့်သည်များ ပါလိမ့်။့ သူ့ဧည့်သည်တော့ မဟုတ်လောက်တာ သေချာသည်။ ဟို ၂ကောင်များ သူတို့ရည်းစား စလုံးမ လေးတွေနဲ့ချိန်းထားတာ မေ့ပြီး အပြင်ထွက်သွား ကြသည်လားမသိ။ ခက်တဲ့ကောင်တွေပဲ့ ခုတင်ပေါ်မှ ဆင်းလိုက်တော့ ခေါင်းက ချာချာလည်သွားသည်မို့ လဲမကျအောင် မနဲထိန်းလိုက်ရသည်။

မျက်ရိုးတွေ ဇက်ကြောတွေလဲ ကိုက်လိုက်ပါသည့်အမျိုး့ ။ ညကို ဇရက်မင်းစည်းစိမ်ခံစားလှင် မနက်ကျ လဒမင်း စည်းစိမ်ခံရလိမ့်မည်ဆိုတာ မှန်မှမှန်။့

တွန့်ကျေနေသော ညဝတ်င်္အကျီကိုမြင်ကောင်းအောင် ဆွဲဆန့်ပြီး အခန်းတံခါးဆီ ယိုင်တိယိုင်ထိုးနှင့် ထွက်လာမိသည်။့ ဟိုကောင်တွေ အိပ်ခန်းတွေကို လှည့်ကြည့်မိတော့ ထင်သည့်အတိုင်းပဲ လော့ခ်ချပြီးအပြင်သွားနေကြတာ သေချာသွားသည်။့ ဒင်းတို့သာ ရှိနေလှင် မျိုးသူ ခုလို ဇိမ်ပျက်စရာပင်မလို။့

' ဟင့် '

နောက်ကျိမှုန်ဝေသော အာရုံနှင့် တံခါးကို ဆွဲဖွင့်လိုက်တော့ သံပန်းတံခါး၏ နောက်ကွယ်တွင် ရပ်နေသော ပုံရိပ်က မျိုးသူကို နှလုံးသွေးများရပ်ဆိုင်းသွားစေ၏။့ မမဇင့် မမဇင် ပါလား ။့

' သြော့် တော်သေးတာပေါ့။ တန်းပြီးတွေ့လို့ ကိုမျိုးသူ ကျမကိုမှတ်မိပါတယ်နော့် '

အသံကိုကြားလိုက်ရမှ မျိုးသူစိတ်တို့ ပုံမှန်ပြန်ဖြစ်သွားသည်။ လဲ့လဲ့ ပါလား။့ သိပ်အတူကြီးမဟုတ်ပေမယ့် စိတ်ကစွဲလန်းနေချိန်၊ အာရုံကထွေပြားနေချိန်ဆိုတော့ မမဇင်လို့ ထင်သွားမိရသည်။့ ခွင့်လွှတ်ပါ မမဇင်ရယ့် ။

' မေအိုင် ကမ်းအင့် ပလိစ့် '

သူ တော်တော်ကြာကြာကြီး ငေါင်ပြီးရပ်နေမိသည်မို့ မိန်းကလေးက အင်္ဂလိပ်လို ဝင်ခွင့်တောင်းလိုက်မှသတိပြန်လည်လာသည်။့ မြန်မာပြည်ဆိုလှင်တော့ ယောကျာ်းလေးတယောက်ထဲရှိနေသော အခန်းထဲ မိန်းကလေးတယောက်ထဲ ဝင်လာတာ မသင့်တော်လှပေမယ့် ဒီမှာတော့ ဒါတွေက ရိုးနေပြီမို့ စိတ်ထဲ ဘာမှ အထူးအဆန်းမဖြစ်မိပါ။့

' ဆောရီး မလဲ့လဲ့ ကျနော်ခုမှ အိပ်ယာကနိုးလို့ ဂယောင်ဖြစ်နေတာ့ လာလေ ဝင့် ကိုဇော်လတ်ရော မပါဘူးလား'

သံပန်းတံခါးကို တံခါးဘောင်မှာချိတ်ထားသည့်သော့လေးလှမ်းယူဖွင့်ပေးလိုက်ပြီး အထဲဝင်ဘို့ ပြောလိုက်တော့ လဲ့လဲ့ အိမ်ထဲ အသာဝင်လာသည်။့ သူ့ဘေးမှ ဖြတ်တော့ ခုထိနံစော်နေသေးသည့် အရက်နံ့တွေကြောင့် သူမ နှာခေါင်းလေး ရှုံ့သွားတာမြင်ရတော့ အားနာသွားရ၏။ မတတ်နိုင့် ခုမှ မျက်နှာလဲ မသစ်ရသေး၊ သွားလဲ မတိုက်ရသေးတာပဲ့ ဒီလောက်တော့ရှိမည်ပေါ့။ သူ့အခန်းကို လဲ့လဲ့ ဘယ်လိုလုပ်သိပါလိမ့်လို့ တွေးမိတော့မှ ကိုဇော်လတ်နှင့် ဟိုတလောက နောက်တခါဆုံတော့ သူ့ လိပ်စာကဒ်တောင်းလို့ ပေးလိုက်ရတာ ပြန်သတိရသည်။

' မောင်က အလုပ်တော့ရပြီ၊့ အီးပီမကျသေးလို့ နေခွင့်ကုန်သွားတာနဲ့ ရန်ကုန်ပြန်သွားတာ ၂ပါတ်နီးပါး ရှိပြီလေ့ '

လဲ့လဲ့က ဧည့်ခန်းဆိုဖာပေါ် ခပ်ရဲရဲပင် ဝင်ထိုင်ရင်း ပြောလိုက်သည်။ ပြောရင်းနှင့် တအိမ်လုံးကိုအကဲခတ်သလို တချက်ဝေ့ကြည့်၏။ သူ့အိပ်ခန်းတံခါးကို ပြန်မပိတ်ခဲ့မိသည်မို့ အခန်းတွင်းမှ ဖရိုဖရဲဖြစ်နေသော ဖန်ခွက်များနှင့် ကုန်လုလု ရက်ဒ်လေဘယ်ပုလင်းကိုလှမ်းမြင်တော့ လဲ့လဲ့မျက်နှာ တမျိုးဖြစ်သွားသည်။

' အခန်းဖော်တွေရော့ ကိုမျိုးသူ့ '

' အာ့ မသိဘူးဗျ။ ကျနော်နိုးလာတော့ သူတို့မရှိကြတော့ဘူး။ ဘယ်သွားမယ်လဲ ပြောမသွားကြဘူးလေ၊ဒီလိုပါပဲ့ တခါတခါကျ တအိမ်ထဲနေပြီး စကားတောင် သေသေချာချာပြောဖြစ်ချင်မှပြောဖြစ်ကြတာ။ တခါတလေများ ဟိုဘက်အခန်းနဲ့ ဒီဘက်အခန်းကို အီးမေးလ် လှမ်းပို့ချင်ပို့နေတတ်ကြတာ ဗျ့ '

လဲ့လဲ့က ဟက်ကနဲ တချက်ရယ်သည်။့ ဒီကောင်မလေး ရီလိုက်လှင် မမဇင်နှင့် ပိုတောင်တူသေး၏။ မျိုးသူ တချက်ငေးကြည့်နေမိသည်။့ လဲ့လဲ့ဝတ်ထားသည်က တီရှပ်အဖြူလေးနှင့် ဂျင်းဘောင်းဘီရှည် အပြာနုလေးမို့ မမဇင်ရဲ့ စတိတ်ရှိုးညက ပုံစံကိုပြန်လည်မြင်ယောင်လာမိသည်။့

' ကောင်းပါတယ်လေ့ အေးအေးဆေးဆေး စကားပြောလို့ကောင်းတာပေါ့။ ကျမ ဒီနေ့ လာတာ အရေးကြီးတဲ့စကားတွေ ပြောစရာရှိလို့ ဒါပေမယ့် ရှင်းရှင်းပြောရရင် ကိုမျိုးသူရဲ့ အခုပုံစံမြင်ရတာ ကျမ တော်တော်တောင် စိတ်ပျက်သွားတယ့် '

မျိုးသူ မျက်နှာပျက်သွားရသည်။့ လဲ့လဲ့ ဘာကိုဆိုလိုမှန်း သူသဘောပေါက်သည်ကိုး့ ။ လဲ့လဲ့က ထိုင်ရာမှထပြီး ညက သူပြန်မသိမ်းမိသေးသဖြင့် ရှိုးကေ့စ်ပေါ်တွင်ရှိနေသေးသော မမဇင်ရဲ့ ဓာတ်ပုံလေးကို ကောက်ကိုင်လိုက်သည်။့

' မှန်တာပြောရရင် ဒီအစ်မကို ကျမတခါမှ မဆုံဘူးပေမယ့် သိနေခဲ့တာ ကြာလှပြီ ။့ မောင်နဲ့ချစ်သူ မဖြစ်သေးခင် အွန်လိုင်းမိတ်ဆွေတွေဘဝကတည်းက မောင်က သူတဖက်သပ်ကြိုက်နေရတဲ့ ကောင်မလေးဆိုပြီးပြဖူးလို့ သူ့ဓာတ်ပုံကို မြင်ဘူးနေတာ့ ။ နောက်တော့ မောင်သူ့ကို လုံးဝ စိတ်လှော့လိုက်ပြီးနောက်မှာမှ ကျမနဲ့ ချစ်သူတွေ ဖြစ်လာကြတာလေ့ '

လဲ့လဲ့က ဓာတ်ပုံလေးကို ပြန်ချထားလိုက်ပြီး သူ့ဘက်လှည့်ကာ စူးစူးရဲရဲကြည့်သည်။့ ဆံပင်စုတ်ဖွား၊အရက်နံ့တထောင်းထောင်းနှင့် သူ့ပုံစံသည် အထင်သေးမိသည်ဆိုလှင် အထင်သေးမိသူ အပြစ်မဟုတ်ပါ။

' ကိုမျိုးသူနဲ့ ဒီအစ်မအကြောင်းလဲ မောင် သိသလောက် ကျမ အကုန်သိတယ်။့ ကျမစိတ်ထဲမှာ ဒါကြောင့် လူခြင်းမမြင်ဘူးပေမယ့် ကိုမျိုးသူတို့ကို ရင်းနှီးနေပြီးသား့ ။ လေးလဲလေးစားနေခဲ့မိတယ်၊ အချစ်ကြီးကြသူတွေမို့ ဒါပေမယ့် ခုတော့ '

မျိုးသူ ကမန်းကတန်းလက်ကာပြလိုက်ရသည်။့ လူကိုအထင်သေးတာခံနိုင်ပေမယ့် မေတ္တာကိုအထင်သေးတာမျိုးတော့ သူမခံနိုင်ပါ။့

' ကျနော် အစက ဒီလိုလူစားမဟုတ်ပါဘူးဗျာ့ ။ ဒီရက်ပိုင်းမှ ခံစားရလွန်းလို့ အရက်သမား တပိုင်းလို ဖြစ်နေရတာပါ့ '

လဲ့လဲ့က ခနဲ့သလို တချက်ရယ်လိုက်ပြန်သည်။

' သြော့် အသည်းကွဲလို့ အရက်နဲ့စိမ်နေတယ်ပေါ့။့ ထားပါတော့ ရှင်က အဖိုးတန်တဲ့အချိန်တွေကို ခုလို ဖြုန်းပြစ်နေတုန်းမှာ ဟိုအစ်မက ဘယ်လိုဖြစ်နေလဲ ရှင်သိရဲ့လား့ သိအောင်ကော ကြိုးစားရဲ့လား၊ စိတ်တိုတယ့် အဟုတ့် '

' ဗျာ့ '

ခေါင်းကိုက်နေတာတွေ လေးကန်ထိုင်းမှိုင်းနေတာတွေ မျိုးသူထံမှ ထွက်ပြေးသွားကြသည်။့ မမဇင် ဘာများဖြစ်နေလို့ပါလိမ့်။့ ခုဆို အဆက်အသွယ်ပြတ်နေတာ ၃ လတောင် ရှိတော့မည်ပဲ။

မမဇင် ပေးခဲ့ရသည့်ကတိကြောင့် ဘယ်လိုမှ မဆုံစည်းနိုင်ကြတော့ပြီဆိုသော အသိဖြင့် အရက်ကိုသာ အဖော်ပြုရင်း မျိုးသူ အချိန်တွေကုန်လွန်နေခဲ့မိသည်။့ ဘာမှ သေသေချာချာ မစုံစမ်းခဲ့မိ။့ ခုတော့ လဲ့လဲ့ပြောပုံဆို မမဇင် တခုခုများ ဖြစ်နေပြီလား။

' ဘာ့ ဘာတွေများ သိထားလဲဗျာ့ ကျနော့်ကို မြန်မြန်ပြောပြပါဦး့ လုပ်ပါ့ စိတ်ပူလို့ပါ့ '

မျိုးသူ တကယ်ကိုစိတ်ပူကာ ပြာယာခပ်သွားပုံကိုကြည့်ပြီး လဲ့လဲ့ နဲနဲစိတ်ပြန်ပြေသွားသည်။့ ဟင်းကနဲသက်ပြင်းတချက်ငွေ့ငွေ့ချရင်း ဆိုဖာပေါ်ပြန်လာထိုင်လိုက်၏။

' မောင်ကလဲ အလုပ်ရှာဘို့ဒီမှာရောက်နေတာ ၂လ ကျော်သွားတာကိုး့ ။ သူ အခုပြန်သွားတော့မှ ဒါတွေ သိရတာ၊ မောင်ကတဆင့်မှ ကျမ သိရတယ်ဆိုပါတော့ '

' ပြော့ ပြောပါဗျာ့ မြန်မြန့် '

' ပြောပါ့မယ့် ခုမှ လောမနေပါနဲ့ရှင်။့ အဲဒီအစ်မ ယူကေကနေ ရန်ကုန်ပြန်ရောက်နေတာ ၂လလောက် ရှိနေပြီ့ ဒါလဲ ရှင်မသိဘူးထင်ပါတယ်လေ။့ '

အလို့ မမဇင် ရန်ကုန်ပြန်ရောက်နေသည်တဲ့လား။့ ဒါကိုမှ မသိလိုက်ရအောင် သူညံ့ဖျင်းလှပါလား။

' ဖြစ်ပုံက ဒီလိုတဲ့ရှင့်။ သူ ဟိုမှာ နေနေရင်း လည်ပင်းမှာ အကျိတ်လေးတွေထွက်လာတာ

သတိထားမိတယ်တဲ့။့ လူကလည်း ခနခနဖျားတယ်။့ ခါတိုင်းလို အပင်ပန်းမခံနိုင်ပဲ မောမောလာတယ် တဲ့လေ။့ ဒါနဲ့ ဟိုမှာပဲ ဆရာဝန်နဲ့ပြကြည့်တော့ လည်ပင်းက အကျိတ်တခုကို အသားစ ယူပြီး စစ်ခိုင်းတယ်တဲ့ အဲဒီ အသားစအဖြေက ဘာလို့ ထင်သလဲ ကိုမျိုးသူ့ '

မျိုးသူ ဘာမှပြန်မပြောနိုင်။့ ပင့်သက်ကို မနဲရှုကာ နားထောင်နေရသည်။

' အသားစအဖြေက လင်ဖိုးမား ( ူပာစ့သာ ေ) တဲ့ရှင့် ကင်ဆာတမျိုးပဲ ဆိုပါတော့ '

' ဗျာ့ ကင်ဆာ့ '

မျိုးသူ နားထဲတွင် အနုမြူဗုံးပေါက်ကွဲသွားသည်။့ ရင်ထဲမှ နှလုံးသားသည် ရုတ်တရက်အေးခဲသွားသည်ထင်၏။့

' ဟုတ်တယ့် ဒါနဲ့ သူလဲ စိတ်ဓာတ်ကျပြီး ပြန်လာတာ။့ ကင်ဆာဆိုပေမယ့် ဒီ လင်ဖိုးမားရောဂါက အချိန်မှီ ဆေးကောင်းဝါးကောင်းတွေနဲ့ ဆေးသွင်းကုသရင် ပျောက်နိုင်ခြေရှိတဲ့ ရောဂါမျိုးရှင့်။့ ကျမက ကင်ဆာဌာနမှာ လုပ်နေတာဆိုတော့ ဒါနဲ့ပါတ်သက်လို့ နေ့စဉ်မြင်ကြားထိတွေ့ နေရတာ့ ။

ခက်တာက အဲဒီအစ်မက လုံးဝကို ဆေးကုမခံတော့ဘူးလို့ အပြတ်ငြင်းနေသတဲ့။့ ရန်ကုန်မှာပဲ ခေါင်းချတော့မယ်လို့ စိတ်ကိုလုံးဝလှော့ထားသတဲ့ ။ မောင်ပြန်သွားတော့ သူတို့အိမ်ကို ကိစ္စတခုရှိလို့ သွားမှ သူ့မိဘတွေက အကြောင်းစုံ ပြောပြငိုချင်းချကြလိုက်လို့ သိရတာ့ ။ မောင်က ကျမကို လှမ်းပြောတော့ ကျမကလဲ ရောဂါရဲ့သဘောသဘာဝကို သိနေတာမို့ ထိထိရောက်ရောက်ကုဘို့ ဖြစ်နိုင်ရင် ဒီကိုလာပြီး ကုဘို့ အကြံပေးလိုက်တယ်လေ။့ တတ်လဲတတ်နိုင်သူတွေပဲဟာ့။ 

ဒါပေမယ့် အဲဒီအစ်မက လုံးဝကို ဆေးကုမခံတော့ဘူးတဲ့။့ ရှင့်ကိုလဲ မသိပါစေနဲ့လို့ သူ့မိဘတွေကို ပိတ်ထားသတဲ့ မနေ့ကမှ ကျမအသေးစိတ် သိရတာ့ သိသိချင်း ဒီကို ပြေးလာခဲ့တာပဲ့ ၊ သူ့ကို ဆေးကုခံချင်စိတ်ရှိလာအောင် ဖြောင်းဖြနိုင်မယ့်လူက ဒီလောကမှာ တယောက်ပဲရှိလိမ့်မယ်ဆိုတာ အပြင်လူ ကျမတောင် သိနေလို့ပဲ။

အင်း့ ခုတော့ အဲဒီလူက အေးအေးဆေးဆေး အသည်းကွဲအရက်သမားလုပ်နေတာမြင်ရပြီ့ ကျမ ပြန်မယ့် အချိန်တွေဖြုန်းမိတဲ့အတွက် ရှင်တသက်လုံးနောင်တ မရနေပါစေနဲ့လားရှင့် '

မျိုးသူ နားနှစ်ဖက်ကို လက်ဝါးနှင့်အုပ်ထားလိုက်မိတော့၏။့ မကြားနိုင်တော့ပါ့ မခံစားနိုင်တော့ပါ။့ မမဇင်ကို ရှင်ကွဲ ကွဲနေရတာနှင့်ပင် ခံစားရလွန်းလှပါပြီ။ သေကွဲတော့ မကွဲပါရစေနှင့်တော့။့ ရက်စက်လှပါလား ကံကြမ္မာရယ်။

__________________________________________

လေယာဉ်ဘီးနှင့် မြေကြီးထိသွားသံ ဒုတ်ကနဲ ကြားလိုက်မှ မျိုးသူ မျက်လုံးဖွင့်ကြည့်မိသည်။ တလမ်းလုံး မျက်စိစုံမှိတ်ရင်း အတွေးတွေက ယောက်ယက်ခပ်နေခဲ့ရသည်ပဲ။

လေယာဉ်ပြူတင်းပေါက်မှ လှမ်းကြည့်လိုက်တော့ အမိမြေမြင်ကွင်းက စိမ်းနေသလိုလို့ ။ မမဇင်ကြောင့် ခွာခဲ့ရသည့်မြေကို မမဇင်ကြောင့်ပဲ ပြန်ရောက်ခဲ့ရပြန်ပြီလေ ။့ စွန့်ခွာခဲ့ရတုန်းကလဲ ပျော်ရွှင်သောစွန့်ခွာခြင်းမဖြစ်ခဲ့ရသလို ပြန်လာရတော့လဲ ပျော်ရွှင်သောလာခြင်းမဖြစ်ခဲ့ရလေသည်ပဲ။

စိတ်ညစ်စရာ ကောင်တာတွေကိုဖြတ်သန်းပြီးချိန်မှာတော့ အပြင်မှာ ဦးလေးနှင့်အန်တီတို့က သူ့ကိုလာပြီး စောင့်ကြိုနေကြသည်။့ မတွေ့ရတာ ကြာလှပြီဖြစ်သော ဦးလေးတို့ ဇနီးမောင်နှံကို စိုက်ကြည့်ရင်း မျိုးသူ မျက်ရည်တွေ ဝဲလာမိသည်။

' သား့ မျိုးသူ့ '

အန်တီက အသံတွေ တုန်နေရင်း ခေါ်လိုက်သည့်အခါမှာတော့ သူဘယ်လိုမှ စိတ်မထိန်းနိုင်ပဲ အန်တီ့ကို ပြေးဖက်လိုက်မိတော့သည်။ အံတင်းတင်းကြိတ်ထားသည့်ကြားမှ မျက်ရည်တွေက စီးကျလာကြ၏။ အန်တီလဲ ငိုနေမှန်းလဲ မျိုးသူ ခံစားသိရှိရသည်။့ ဦးလေးကတော့ သူတို့၂ယောက်ကို ငေးကြည့်ရင်း မျက်ရည်တွေ ဝိုင်းနေလေ၏။

အိမ်ကို အငှားကားနှင့်ပဲ လာခဲ့ကြသည်။့ ကားပေါ်မှာတော့ သူတို့၃ယောက်လုံး စကားမဆိုမိကြပဲ တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ပါလာမိခဲ့ကြလေသည်။

ကားရပ်လိုက်တော့ သတိရဖွယ်မြင်ကွင်းက မျိုးသူကို ဆီးကြိုနေသည်။့ သြော့် ဒီနေရာလေးမှာ သူနဲ့ မမဇင် ကြီးပြင်းခဲ့ကြသည်၊ အရွယ်ရောက်ခဲ့ကြသည်၊့ အချစ်ဆုံးမောင်နှစ်မ ဖြစ်ခဲ့ကြသည်၊ နောက်တော့ အချစ်ဆုံးချစ်သူတွေ ဖြစ်ခဲ့ကြသည်။့ ခုတော့ အရာရာသည် လွမ်းစရာကောင်းနေပါပြီကော။့ သူတို့ မိသားစုနေခဲ့သည့် ဟိုဘက်က အိမ်လေးသည် ခုတော့ သူတို့ အကုန်လုံး၏ အရိပ်အငွေ့တွေပျောက်ဆုံးပြီး လူငှားတွေနှင့် စည်ကားနေပြီ။့ ဒီဘက်က မမဇင်တို့အိမ်လေးကတော့ အရင်ကအတိုင်း မပြောင်းလဲသေး၊ ဒါပေမယ့် အရင်ကလိုတော့ မလှပတော့တာ အမှန်ပါပဲ။့ မျိုးသူစိတ်ထဲမှာလေ။

' သား့ ခနလောက်ထိုင်ပါဦးကွယ့် '

ဧည့်ခန်းထဲဖြတ်ချိန်မှာ အန်တီက ပြောလာသည်။့ မမဇင်၏ အရိပ်အယောင်ကိုတော့ မတွေ့ရသေး။့

' မမဇင်ကော အန်တီ့ '

မျိုးသူ မရဲတရဲနှင့် မေးလိုက်မိသည်။့ အန်တီက သက်ပြင်းတွဲ့တွဲ့ချ၏။ ဦးလေးက စပြီးထိုင်လိုက်သည်မို့ မျိုးသူကော အန်တီပါ အလိုလိုထိုင်မိ လျက်သားဖြစ်သွားသည်။့

' အပေါ်ထပ် သူ့အခန်းထဲမှာ ရှိပါတယ်သားရယ့် သား လာမှာတောင် သူ့ကိုကြိုမပြောပြ ထားဘူး။ မဟုတ်ရင် လူကသာ နေမကောင်းတာ လေဆိပ်လိုက်မယ်လုပ်နေမှာစိုးလို့ '

အန်တီ့စကားက မျိုးသူရင်ကို နင့်သွားစေသည်။့

' ပထမဆုံးကတော့ အန်တီတို့ကို နားလည်ခွင့်လွှတ်ပေးပါလို့ သားကို တောင်းပန်ချင်တာပါပဲကွယ့် '

' မဟုတ်တာ အန်တီရယ့် သားတို့ကသာ တောင်းပန်ရမှာပါ့ '

အပြန်အလှန်တောင်းပန်စကားတို့က နွေးထွေးမှုကို ပြန်လည်ဖြစ်တည် စေလေသည်။့ သူ့စိတ်ထဲမှာ ဟိုတုန်းကလိုပဲ ဦးလေးနှင့်အန်တီကို ပြန်ပြီးရင်းနှီးချစ်ခင်သွားမိသည်။ ရှိုးတိုးရှန့်တန့်ဖြစ်တာတွေ မျက်နှာပူတာတွေ ပျောက်ဆုံးကွယ်ပျောက်သွား၏။ အန်တီတို့လဲ ဒီအတိုင်းပင်ရှိပါလိမ့်မည်။့

' ကဲ့ သားရယ်၊့ သားလဲ အကြောင်းစုံသိပြီးရောပေါ့ ။ ရှေ့မျက်နှာနောက်ထားပြီးတော့ပဲ အန်တီတို့ တောင်းဆိုချင်တာလေး ပြောပါရစေကွယ်'

အန်တီက ဦးလေးဘက်သို့ တချက်လှည့်ကြည့်သည်။ ဦးလေးက ခေါင်းကို အသာညိတ်ပြ၏။

' ဇင်ဇင်လေး ကို ရနိုင်သမှ ဆေးကုယူဘို့ အန်တီတို့ အခိုင်အမာ ဆုံးဖြတ်ထားတယ်။့ ခက်တာက သူက လုံးဝကို စိတ်လှော့ထားပြီး ဆေးကုဘို့ကို ငြင်းပဲနေတော့တာလေ့ '

' ဟုတ်ကဲ့ အန်တီ့ သား သိပြီးပါပြီ့ '

' အေးကွယ့် အတိုချုပ်ပြောရရင်တော့ ဇင်ဇင့်ကို စိတ်ဓာတ်တွေပြန်တက်လာအောင့် ဆေးကုခံဘို့ စိတ်ပြောင်းသွားအောင် သား ကူညီပါကွယ့် ဒီလို ကူညီတဲ့နေရာမှာ့ '

အန်တီက စကား ရုတ်တရက် ဆက်ရနေဟန်ဖြင့် ခန ရပ်နေ၏။ ပြီးတော့မှ တံတွေးတချက်မြိုချပြီး အားယူကာ ဆက်ပြောလိုက်သည်။

' ဒီလို ကူညီတဲ့နေရာမှာ ဘယ်လို အနေအထားနဲ့ပဲဖြစ်ဖြစ် အန်တီတို့ ဘာမှ ဝင်မကန့်ကွက်တော့ဘူး။့ ဇင်ဇင့်ကို တကယ်သာ သေမင်းလက်က ပြန်လုယူလို့ ရရင် သားတို့ အနာဂတ်ကို အန်တီတို့ ပြန်ပြီး သုံးသပ်ညှိနှိုင်းပေးပါ့မယ်ကွယ် '

' ဗျာ '

ဦးလေးက မျက်နှာအထားရခက်ဟန်ဖြင့် အသာထထွက်သွား၏။့ ကြားလိုက်ရသော စကားက ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား မျိုးသူ မဝေခွဲနိုင်တော့ပါ။့ အခုတလောမှာ ခံစားချက်တွေ များလွန်းလို့ လူလည်း ထုံသွားပြီထင်ပါသည်။့

---------------------------------------------

အခန်းတံခါးလက်ကိုင်ဘုလေးကို ညင်သာစွာလှည့်ပြီး တံခါးကို အသာလေးတွန်းဖွင့်လိုက်သည်။ နေ့လည်ခင်းပေမယ့် ပြူတင်းပေါက်လိုက်ကာတွေ ချထားသည်မို့ အခန်းထဲမှာ အလင်းရောင် အနည်းငယ်အားနည်းဖျော့တော့နေ၏။့ တံခါးကိုပြန်ပိတ်ရင်း မျိုးသူ ခြေသံမကြားအောင် ဖွဖွလှမ်းလာခဲ့သည်။့ ခုတင်ပေါ်တွင်တော့ သူအသည်းနင့်အောင် ချစ်ရပါသော မမဇင်ရယ်လေ့ ။

စောင်ပါးလေးကို ရင်ဘတ်ပေါ်အထိဆွဲခြုံထားပြီး မျက်လုံးလေးတွေမှိတ်လှက် အိပ်ပျော်နေပါသည်။့ မျိုးသူ ခုတင်ဘေးမှာ တင်ပါးလွှဲဝင်ထိုင်မိသည်။ မမဇင် ကတော့ မနိုးလာသေး။့ မမဇင် မျက်နှာလေးကို ကြည့်လိုက်တော့ မျက်နှာလေးက သိသိသာသာ ချောင်ကျနေသည်။ နှုတ်ခမ်းလေး တွေက ဖြူဖျော့ပြီး အနဲငယ်ခြောက်ကပ်နေ၏။ ပါးလေးတွေက အရင်လောက် မပြည့်တော့။့ ဒါပေမယ့် မျိုးသူမျက်စိထဲမှာတော့ မမဇင် မေးလေးက ပိုချွန်ပြီး နှာတံလေးပိုပေါ်သလိုဖြစ်လာတာကပဲ ပိုလှနေသလိုလို ထင်မိတော့သည်။့

' ဟင်း '

ကြည့်နေရင်းမှာပဲ မမဇင် နှုတ်ဖျားမှ မပွင့်တပွင့်ငြီးသံလေးနှင့်အတူ မျက်ခွံအောက်မှ မျက်လုံးလေးတွေက လှုပ်ရှားသွားကြသည်။့ မမဇင်များ နိုးလာတော့မှာလားဟု မျိုးသူ ထင်လိုက်မိပေမယ့် မနိုးပါ။ မမဇင် အိပ်မက်တွေ မက်နေလေသည်ပေါ့။့ သူ့လိုပဲ မမဇင်ကော အိပ်မက်တွေထဲမှာ သူနှင့်ဆုံတွေ့ နေလေသည်လား့ ။

ကြည့်ရင်းကြည့်ရင်းနှင့် မျိုးသူ စိတ်မထိန်းနိုင်တော့။့ မမဇင်မျက်နှာလေးပေါ်သို့ သူ့မျက်နှာကို အသာတိုးကပ်လိုက်ရင်း ပါးပြင်လေးတွေကို ညင်ညင်သာသာ နမ်းလိုက်မိသည်။ မမဇင် အနဲငယ်လူးလွန့်သွားပေမယ့် နိုးတော့ မနိုးလာသေး။့ မျိုးသူ ထပ်ပြီးတော့ မမဇင်ရဲ့ ဖြူလွလွနှုတ်ခမ်းလေးများကို ညင်ညင်သာသာလေး ငုံထွေးကာ နမ်းလိုက်မိတော့ မမဇင် လူးလွန့် လှုပ်ရှားကာ မျက်လုံးလေးတွေ ပွင့်လာသည်။့

' မမဇင့် '

မျိုးသူ တိုးတိုးငြင်သာ ခေါ်လိုက်သည်။ မမဇင်က ဘာမှ ပြန်မထူး့ သူ့ကိုသာ မမြင်ဘူးသူတယောက်လို တွေတွေလေး ငေးကြည့်နေသည်။့

' မမဇင့် ကျနော်လေ့ မျိုးသူလေ့ '

ဒီတော့မှ မမဇင် နှုတ်ခမ်းလေးတွေ အသာအယာလှုပ်ရှားလာသည်။ စကားသံလေးက အားနည်းဖျော့တော့ လို့ နေ၏။

' မျိုးသူ့ မောင်လေး့ မ၊ အိပ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော့် '

' မမဇင်ရယ့် '

မျိုးသူ မမဇင်ရင်ခွင်ထဲ မျက်နှာအပ်ပြီး အားရပါးရ ငိုချပြစ်လိုက်မိသည်။့ ဘယ်လိုပဲ ရင့်ကျက်နေပြီလို့ သူ့ကိုယ်သူ ထင်မိပေမယ့် မမဇင်ရှေ့ရောက်လှင် သူသည် ပီဘိ ကလေးလေး တဦးလိုပါပဲလား။

မမဇင်က သူ့ခေါင်းကို ခပ်ဖွဖွလေး ပွတ်သပ်ပေးနေရင်း မျက်ရည်တွေ တဖြိုင်ဖြိုင်ကျနေသည်။့အားရပါးရ ငိုချပြစ်လိုက်မိပြီးမှ မျိုးသူ ခေါင်းပြန်မော့ပြီး မမဇင် ကို ကြည့်မိ၏။ မမဇင်မျက်နှာပေါ်မှာ ညစ်ကျယ်ကျယ်အပြုံးလေးတခု ဖြစ်ထွန်းနေသည်။့ လူကြီးပဲဖြစ်နေပြီ့ ငိုမိတာ မရှက်ဖူးလားလို့ သူ့ကို မေးနေသလိုလို့ ။

ကြည့်နေရင်းမှပင် မမဇင် နှုတ်ခမ်းလေးတွေ သိသိသာသာကြီးကို သွေးရောင်ပြန်လှမ်းတက်လာတာ သတိထားလိုက်မိ၏။ မျက်လုံးလေးတွေက ပြန်ပြီး တောက်ပလာသည်။့ မျိုးသူအတွက် အသက်ဆက်ရှင်နေပေးပါ မမဇင်ရယ် ။

__________________________________________

' သင့်အတွက်အကောင်းဆုံးလက်ဆောင်ကို ကျွနု်ပ်တို့ပေးရန်ကြိုးစားနေပါသည်။ ထိုအရာကား နံနက်ခင်း သစ်တခုပင်ဖြစ်ပါသည့် '

နေရှင်နယ်ကင်ဆာစင်တာ လူနာစောင့်ခန်းနံရံပေါ်ရှိ ပန်းချီကားချပ်လေးတွေကြားတွင် ချိတ်ဆွဲထားသောစာတမ်းလေးကို မမဇင်ငေးကြည့်နေသည်။့ မျိုးသူကတော့မမဇင်မျက်နှာလေးကိုပဲ ဘေးတိုက်လေး ငေး ကြည့်နေမိ၏။့ ဘေးတိုက်ကြည့်တော့မှ မမဇင် မျက်တွင်းလေးတွေ သိသိသာသာချိုင့်ဝင်နေတာက ပိုပြီး သိသာထင်ရှားလာသည်။့ လူစားလဲပြီး ဝေဒနာတွေ ခံလို့ရရင်ဆိုရင် မမဇင်ကိုယ်စား သူသာ ခံပေး လိုက်ချင်ပါတယ် မမဇင်ရယ့် ။

' မျိုးသူရယ့် ကြည့်ပါဦး၊ အဲဒီစကားလေးက အဓိပ္ပါယ်ရှိလိုက်တာနော့် ။ သာမာန်လူတွေအတွက် နံနက်ခင်းအသစ်တခုဆိုတာ ဘာမှ မထူးခြားလှပေမယ့် မ၊ တို့လို ဝေဒနာသည်တွေအတွက်ကတော့ နောက်တနေ့ရှင်သန်နေခွင့်ဆိုတာ တကယ်ကို တန်ဘိုးမဖြတ်နိုင်အောင်ပါပဲ့ '

မမဇင်အသံလေးက ခံစားချက်နှင့် တုန်ခါနေသည်။

မျိုးသူ ဘာပြန်ပြောရမည်မသိ၊့ မမဇင်နားပိုတိုးထိုင်ရင်း လက်ဖျားလေးတွေကိုသာ ဆုပ်ကိုင်ပေးထား လိုက်မိသည်။ မမဇင် လက်လေးတွေက အေးစက်နေ၏။

' မမဇင် မကြောက်နဲ့နော်။့ ကျနော်ရှိတယ့် '

မမဇင်က သူ့ဘက်လှည့်ပြီး ဖျော့တော့စွာပြုံးပြသည်။

' မ၊ မကြောက်ပါဘူး မျိုးသူရဲ့ ဘာလို့ ကြောက်နေတယ်ထင်ရတာလဲ့ '

' မမဇင် လက်လေးတွေက အေးစက်နေတဲ့ဟာကို့ '

' အဲယားကွန်းက အေးလွန်းလို့ပါဟယ့် '

ဟုတ်တော့လဲ ဟုတ်သည်။ လူနာကုသည့်ဌာနလို့တောင် မထင်ရအောင် ကင်ဆာစင်တာအတွင်းဘက်တွင်ပန်းချီကားချပ်လေးတွေ့ အလှမွေးငါးကန်လေးတွေနှင့် အပြင်အဆင်တွေက လှပလွန်းသည်သာမက လေအေးပေးစက်ကလည်း အေးစိမ့်နေအောင်ဖွင့်ထားသည်။့ မျိုးသူတောင် ချမ်းလာချင်သလိုလို့ ။

' တီတီ တီတီ '

မျိုးသူဟန်းဖုန်းက မက်ဆေ့ဂျ်ဝင်သံ ပေါ်လာသည်မို့ ထုတ်ကြည့်လိုက်တော့ အိမ်ကနေ အန်တီပို့တာ ဖြစ်နေသည်။့ နေ့လည် ဘယ်အချိန်လောက်ပြန်ရောက်နိုင်မလဲ မေးတာဖြစ်နေသည်မို့ တော်တော်ကြာကြာ စောင့်ရဦးမည့်အကြောင်းနှင့် ထမင်းစားမစောင့်ဘို့ မျိုးသူပြန်ရိုက်လိုက်သည်။့

' ဘယ်သူ့ဆီကလဲဟင့် မေမေ့ဆီကလား့ '

' ဟုတ်တယ့် ကျနော်တို့ နောက်ကျမှာမို့ ထမင်းစားမစောင့်ဘို့ ပြန်ပြောလိုက်တယ့် '

' အင်းနော့် ဝေဒနာသည်တွေကလဲ များလိုက်တာ။ သူတို့ကိုကြည့်ပြီး မ၊ တောင် အဖော်မဲ့မဟုတ်တော့ သလို ခံစားနေရတယ့် '

' ဟုတ်တယ့် ဒီနိုင်ငံက ကမÇာပေါ်မှာ ကင်ဆာအဖြစ်အများဆုံးတိုင်းပြည်၊ ပြီးတော့ တခြားနိုင်ငံတွေကလာပြီးကုတဲ့သူတွေကလဲ ရှိသေးတယ်လေ့ ဒါကြောင့် ဒီစင်တာမှာ လူအမြဲစည်ကားနေတာပဲတဲ့ ။ လဲ့လဲ့ ပြောပြဖူးတာ့ '

' သူ့ကျေးဇူးတွေလဲ မ၊ အပေါ်မနဲလှဘူး နော် '

ဟုတ်ပါသည်။့ မမဇင် ဆေးကုသမှုခံယူရန် သဘောတူပြီးသည်နှင့် လဲ့လဲ့ဆီကပဲ အကြံဉာဏ်နှင့် အကူအညီတွေ တောင်းခဲ့ရသည်လေ။့ တပါတ်အတွင်းမှာပဲ လိုအပ်သော ဗီဇာကိစ္စတွေဘာတွေ စီစဉ်ပြီး သူရယ် မမဇင်ရယ် အန်တီရယ် စလုံးသို့ ရောက်ခဲ့ကြရသည်ပဲ။့ ဦးလေးကတော့ ရန်ကုန်မှာ လူခွဲမရှိသည်မို့ ကျန်နေရစ်ခဲ့ရသည်။့ ဦးလေးကော အန်တီပါ ပါ့စ်ပို့တ်အဆင်သင့်ရှိနေပြီးသားမို့ အဆင်ပြေသွားရသည်လေ။့

ဒီရောက်တော့ အခန်းဖော်တွေ၏ သဘောတူညီမှုနှင့် မမဇင်နဲ့ အန်တီကို သူ့အခန်းမှာ တည်းခိုစေပြီး သူကတော့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာပဲ ညညဆို မိုးလင်းခဲ့ရတော့သည်ပေါ့။ မျိုးသူအခန်းက ရေချိုးခန်း တွဲလျက်ပါသော မာစတာခန်းဖြစ်နေသဖြင့် မိန်းမသား၂ဦးအတွက် ပိုအဆင်ပြေသွားသည် ပြောရပေမည်။

ရောက်ပြီး နောက်တနေ့ကတည်းက လဲ့လဲ့က ကင်ဆာစင်တာမှာ လိုက်ပြအပ်နှံပေးသည်။့ ကင်ဆာဌာန အောက်တွင် ဌာနခွဲတွေ အဖွဲ့ခွဲတွေ တော်တော်များများ ရှိသည့်အထဲက လင်ဖိုးမားအဖွဲ့၏ တာဝန်ခံ ဆရာဝန်မကြီး မီရီယံသောင်း နှင့် မိတ်ဆက်ပေးခဲ့သည်။့ နောက်ပိုင်းလဲ ဆေးရုံထဲတွင် ဘယ်နေရာ ကို ဘယ်လိုသွားရမှန်းမသိဖြစ်နေတာက အစ တတ်စွမ်းသမှ လဲ့လဲ့ လိုက်ပါကူညီပေးတတ်၏။့ သူ့အဆိုအရကတော့ အစကတည်းက မမဇင်ကို ခင်မိနေသည်မို့ ခုလိုကူညီခွင့်ရတာ သူကတောင် ဝမ်းသာနေပါသေးသည်တဲ့ ။

စပြီးပြပြီဆိုကတည်းက စမ်းသပ်စစ်ဆေးမှုတွေ ထပ်ပြီးလုပ်ရတာ စုံနဖာစီနေသည်။့ ယူကေမှာလုပ်လာခဲ့သည့် အသားစအဖြေမှာ ကင်ဆာတစ်ရှုးအမျိုးအစားခွဲခြား ခွဲခြားဖော်ပြထားတာကို သိပ်ပြီးစိတ်မကျေနပ် ဆိုပြီး ဘွားတော်က အကျိတ်နောက်တခုကို အသားစပြန်စစ်ခိုင်းသည်။့ အဲဒီ အသားစအဖြေ စောင့်နေရတုန်းမှာပဲ တခြားသော သွေးစစ်တာတွေ၊ ရိုးရိုးဓာတ်မှန့် ကွန်ပျူတာဓာတ်မှန့် သံလိုက်လှိုင်းဓာတ်မှန် ရိုက်တာတွေ လုပ်လိုက်ရသည်မှ့ မနည်းမနောပါပဲ။့ ဒီနေ့တော့ အဲဒါတွေအကုန်လုံးကို ပြန်လည်ခြုံငုံ သုံးသပ်ပြီး ဘယ်လို ကုထုံးရွေးကြမည်ကို ဆုံးဖြတ်တော့မည့်နေ့ဖြစ်သဖြင့် သူကော မမဇင်ပါ ရင်ဖိုစွာ စောင့်စားနေခဲ့ရခြင်းဖြစ်ပါသည်။့

' တွီ့ '

နံရံပေါ်တွင် လူနာနံပါတ်စဉ် ခေါ်သော မီးလေးက တွီကနဲလင်းလာသည်။့ ကြည့်လိုက်တော့ မမဇင်၏ လူနာနံပါတ့် ။

' လာ့ မမဇင် ဝင်ကြစို့ '

မမဇင်၏ လက်မောင်းလေးကို ကိုင်ပြီး မျိုးသူဆွဲထူလိုက်တော့ မမဇင်က သူမ ဒီလောက် လူမမာကြီးမဖြစ် သေးပါဘူးဆိုသည့် သဘောနှင့် မျက်စောင်းလေးတချက်လှမ်းထိုးသည်။့ အဲဒါလေးတွေ ချစ်ဖို့ကောင်း နေရတာပဲ မမဇင်ရယ့် ။

အခန်းထဲသို့ရောက်ခဲ့ပြီ။့ ဟောင်ကောင်မင်းသမီး အသက်ကြီးသွားသော ဒီဇိုင်းမျိုးနှင့် ဒေါက်တာ မီရီယံသောင်းသည် မမဇင်ရဲ့ မှတ်တမ်းတွေကို ပြန်စိစစ်နေသည်။့ မျိုးသူတို့ အထဲရောက်သွားတော့ တချက်မော့ကြည့်ပြီး ထိုင်ဘို့ လှမ်းပြောသည်။့ တရုတ်တော့တရုတ်ပေမယ့် ယူအက်စ်မှာ ငယ်စဉ်ကတည်းက သွားနေပြီး ဆရာဝန်ကြီးဖြစ်မှ စလုံးကိုပြန်လာသူမို့ သူမရဲ့ စကားသံက ဆင်းဂလစ်ရှ် သံ မထွက်လှပါ။့

တော်တော်လေးကြာအောင် စစ်ဆေးချက်အဖြေတွေကို စစ်ဆေးနေပြီးမှ မမဇင်ကို လူနာခုတင်ပေါ်တက်စေပြီး စမ်းသပ်ပြန်သည်။့ ပြီးတော့မှ စားပွဲမှာ မျိုးသူနဲ့မျက်နှာချင်းဆိုင် လာထိုင်၏။့

' တဆိတ်နော့် ရှင်က လူနာနဲ့ ဘာတော်ပါသလဲ့ '

အရေးကြီးသည့်စကားတိုင်ပင်ရတော့မည်ဆိုလှင် မိမိတိုင်ပင်မည့်သူသည် လူနာအတွက်ဘယ်လောက်ထိအရေးပါသူမှန်း သေသေချာချာသိရန်လိုအပ်သည့် သဘောတရားအရ ဘွားတော်က မျိုးသူကို မေးသည်။့မမဇင်လဲ မျိုးသူဘေးမှာ ပြန်လာထိုင်ပြီး မှော်လင့်ခြင်းကြီးစွာနှင့် နားထောင်နေ၏။

' ကျနော် လူနာရဲ့ အမျိုးသားပါ့ စိတ်တိုင်းကျ တိုင်ပင်နိုင်ပါတယ့် '

မမဇင် ဖြတ်ကနဲ သူ့ကိုလှမ်းကြည့်သည်။ မောင်လေးပါလို့ မပြောပဲ အမျိုးသားပါလို့ ပြောလိုက်သည်ကိုကျေနပ်ကြည်နူးသွားသည့် အကြည့်မျိုး့ ။

' ဟုတ်ပြီ့ '

ဘွားတော်က အသားစပြန်စစ်သည့်အဖြေစာရွက်ကို ကိုင်လိုက်သည်။

' အသားစ ပြန်စစ်တဲ့အဖြေအရ လင်ဖိုးမား တစ်ရှုးအမျိုးအစားကို တိတိကျကျသိလိုက်ရတာကတော့ လူနာအတွက် သတင်းကောင်းပါပဲ့ ။ ဒီ အမျိုးအစားက ဆေးသွင်းကုသမှုကို တုန့်ပြန်မှု အကောင်းဆုံး အမျိုးအစားခွဲတခုလို့ ပြောရပါလိမ့်မယ့် ဒါပေမယ့် '

သူရော မမဇင်ပါ ဝမ်းသာသွားရပြီးမှ ဒါပေမယ့် ကြီးက ပါလာသဖြင့် စိုးရိမ်သွားကြရပြန်သည်။ ဘွားတော်က ကွန်ပျူတာဓာတ်မှန်နှင့် သံလိုက်လှိုင်းဓာတ်မှန်အဖြေတွေကို လှမ်းယူလိုက်ပြန်၏။့

' ဒါပေမယ့် ကိုယ်ထဲမှာ ရောဂါဘယ်လောက်ပြန့်နေပြီလဲ သိရအောင် ဆန်းစစ်တဲ့ ဒီဓာတ်မှန်မျိုးစုံရဲ့ အဖြေအရကတော့ ရောဂါက နဲနဲ ပြန့်စပြုနေတယ့် '

' ရှင် '

မမဇင် ထံမှ အာမေ!ိတ်သံလေး ထွက်သွား၏။ မျိုးသူ မေးကြောကြီးတွေ တင်းကနဲဖြစ်အောင် အံကြိတ်လိုက်မိသည်။့ ဒါ သူ့ကြောင့် သူသာ မမဇင်ဒီလိုဖြစ်နေမှန်း ဒီ့ထက်စောသိခဲ့ရင် ရောဂါဒီလောက်ပြန့်ဘို့အချိန်ရမည်မဟုတ့် သူမှားတာ။့ သူ ဂရုမစိုက်မိတာ့ ။

' ဘယ့် ဘယ်လောက်အထိများ ပြန့်နေပါသလဲ ဒေါက်တာ့ '

ဘွားတော်က ပုခုံးတချက်တွန့်သည်။့

' ကိုယ်တွင်းကလီစာတွေဆီတော့ မပြန့်သေးပါဘူး။ ရင်တွင်းခေါင်းထဲမှာတော့ အကျိတ်တွေ တော်တော်တွေ့ရတယ့် ။ အဲ့ အရေးအကြီးဆုံးကတော့ ဗဟိုအာရုံကြောအဖွဲ့ထဲမှာပါ ရောဂါပြန့်စပြုနေတဲ့ လက္ခဏာ တချို့တွေ့ရပါတယ့် ။ အဲဒါက အရေးအကြီးဆုံးပါပဲ့ '

မမဇင် မျက်လုံးလေးတွေမှိတ်ပြီး ကုလားထိုင်နောက်မှီပေါ် လျော့တိလျော့ရဲ မှီချလိုက်တာ တွေ့ရသည်။မျိုးသူကတော့ တခဏတာ မှင်သက်သွားမိ၏။့ ခနနေတော့မှ မျိုးသူ ပြန်မေးမိသည်။့

' ဒါဆို ကုသလို့ ရပါသေးသလား ခင်ဗျာ့ '

' ကုလို့တော့ ရမယ်လို့ ကျမမှော်လင့်ပါတယ်။့ သာမာန်ထက် ဆေးကုထုံးကို နဲနဲပိုပြင်းပြင်းတင်ရပြီး အချိန်လဲ နဲနဲ ပိုကြာသွားမှာပေါ့ သိပ်လဲ စိတ်ဓာတ်မကျသွားပါနဲ့ ဒီအဆင့်ရောက်နေပြီးမှကို ပြန်ကောင်းသွားတဲ့ လူနာတချို့ ကျမကြုံဘူးပါတယ့် ဒီ အမျိုးအစားရောဂါမှာပေါ့လေ့ '

' ခြင်ဆီတွေဘာတွေများ လဲစရာလိုဦးမှာလား ဒေါက်တာ့ '

ကြားဖူးနားဝ မတောက်တခေါက် ဗဟုသုတလေးနဲ့ ပြန်မေးမိတော့ ဘွားတော်က ရီသည့် ။ တော်ပါသေးသည့် မြန်မာပြည်မဟုတ်လို့သာပဲ။ မြန်မာပြည်မှာသာ ဒီလိုပြန်မေးမိလှင် အခန့်မသင့်က ဆရာဝန်ကြီး အော်ငေါက်တာ ခံရမှာ သေချာသည်။့

' ခြင်ဆီလဲတာနဲ့ မဆိုင်ဘူးရှင့် ဒါက ဆေးသွင်းကုသမှုနဲ့ ကုရမယ့် ရောဂါမျိုး့ လူနာနဲ့ လူနာရှင် သဘောတူမယ်ဆိုရင် ကျမကတော့ ဆေးသွင်းကုသမှုကို အမြန်ဆုံးစချင်တယ့် ဘယ်လိုလဲ့ သဘောတူပါသလား့ '

မမဇင်ဘက်လှည့်ကြည့်တော့ မမဇင်က သူ့ကိုပြန်လှည့်ကြည့်နေသည်မို့ အကြည့်ခြင်းဆုံသွားသည်။ နှစ်ဦးစလုံး ပြိုင်တူခေါင်းညိတ်လိုက်မိကြ၏။ အဲသည်နောက်တော့ ဆေးသွင်းကုသမှုအတွက် အသေးစိတ် တွက်ချက်စီစဉ်မှုတွေ ဘွားတော်လုပ်လေသည် နောက်တနေ့ကစပြီး တခါသွင်းလှင် သုံး/လေးရက်သွင်းလိုက့် တပါတ်လောက်နားလိုက်နှင့် အဲဒီလိုမျိုး ဆေးသွင်းမှု အနဲဆုံး ၆ ကြိမ်ပြုလုပ်ရမည်တဲ့ ။ 

ပထမပိုင်းဆေးသွင်းရက်တွေမှာ ဆေးရုံတက်စရာမလို၊ ကင်ဆာစင်တာ ဆေးသွင်းခန်းမှာပဲ လာသွင်းပြီး ပြီးလှင်ပြန်နိုင်သည်။့ နောက်ပိုင်းမှာတော့ လိုအပ်လှင် ဆေးရုံတက်ပြီး အတွင်းလူနာအဖြစ် သွင်းသင့်လဲ သွင်းရမည်ဆိုသည်။့ ဆေးသွင်းကုသမှုခံယူနေစဉ်နှင့် ခံယူပြီးမြောက်ချိန်တွင် ရောဂါဘယ်အတိုင်းအတာအထိ ကင်းရှင်းသွားကြောင်း စမ်းသပ်စစ်ဆေးမှုတွေ ပြန်လုပ်ရဦးမည်တဲ့။ မမဇင် မျက်နှာလေး နဲနဲတော့ ရှုံ့သွားသည်။့ အေးလေ့ ဓာတ်မှန်တွေရိုက်တာ မပြောပပေမယ့် သွေးတွေ ခနခနဖောက်တာ အထူးသဖြင့် ရိုးတွင်းချဉ်ဆီဖောက်တာကြတော့ ခံရသူခမျာ သက်မှ မသက်သာလှသည်ပဲ။့

အဲသည်နေ့က သူတို့ အိမ်ပြန်လာဖြစ်တော့ နေ့လည် ၂ နာရီထိုးနေပြီ။ လူနာတွေကတော့ ကျိတ်ကျိတ်တိုးနေဆဲ့။ ကင်ဆာစင်တာက ဆရာဝန်တွေ တခါတလေ ညနေ ၅နာရီမှ နေ့လည်စာစားနိုင်ကြသည်လို့ လဲ့လဲ့ ပြောဖူးတာ ဟုတ်လောက်ပါသည်။့

__________________________________________

' ဥသြ့ ဥသြ့ '

အုံ့ဆိုင်းနေသော သစ်ပင်ကြီးများပေါ်မှ ဥသြငှက်ငယ်တို့က ဆွေးဆွေးမြည့်မြည့် အော်မြည်နေကြသည်။့တနှစ်ပါတ်လုံး မိုးရွာလိုက်နေပူလိုက်ရှိသောဒေသ၊့ တနှစ်ပါတ်လုံး ဥသြအော်သည့်ဒေသကို ပြောပါဆို စင်္ကာပူကို ပြောရလိမ့်မည်။့

' ဥသြသံလေးက ကြားရတာ လွမ်းစရာလေး နော့် '

ခပ်ဖြည်းဖြည်းလမ်းလှ်ောက်နေရာမှ မမဇင်က ရပ်လိုက်ပြီး အပင်ကြီးတွေပေါ် လှမ်းကြည့်ရင်းပြောလိုက်၏ ဥသြငှက်ငယ်ကိုတော့ မမြင်ရပါ။့

' ဟုတ်တယ့် မမဇင်။့ ဒါပေမယ့် ဒီကလူတွေကတော့ ဥသြအော်သံကိုလဲ ခံစားတတ်ပုံမပေါ်ပါဘူးဗျာ'

သူတို့အခန်းတည်နေရာသည် စပေါ့တီပါ့ခ် ပန်းခြံကြီးနှင့်ကပ်နေသည်မို့ မမဇင်က ဒီနေ့ညနေ နဲနဲပါးပါးလန်းဆန်းသွားအောင် အောက်ဆင်းလမ်းလှောက်ချင်သည်ဆိုသဖြင့် မျိုးသူတို့နှစ်ယောက်သား လမ်းလှောက် ထွက်ခဲ့ကြခြင်းဖြစ်ပါသည်။့ စိတ်ကသာ ဆောင်နေပေမယ့် တကယ်တမ်းလှောက်တော့ မမဇင် သိပ်အမောမခံနိုင်။့ ဘယ်ခံနိုင်ပါ့မည်လဲလေ၊့ ဆေးတွေသွင်းနေရတာ ဆေးပါတ် ၄ခါတောင် ရှိနေမှပဲ။့

တခါတခါတော့ ဆေးသွင်းနေရတာ မျိုးသူပင် မကြည့်ရက်။့ မမဇင်၏ လက်မောင်းနုနုလေးပေါ်တွင် ပလပ်စတစ်ပိုက်လိုင်းတခု ဆေးသွင်းဘို့တပ်ဆင်ထားသည်။့ လဲ့လဲ့ပြောတော့ အဲဒီလိုင်းက ဟိုးအထဲက သွေးကြောမကြီးတခုနှင့် ဆက်ထားတာဆိုပဲ။့ ဆေးသွင်းပြီးပြီဆို အဲဒီပိုက်လိုင်းကို ပိုးသတ်ထားသော

အဆို့လေးနှင့်ပြန်ပိတ်ပြီး အသာခေါက်သိမ်းထားလိုက်သည်၊့ နောက်တခါဆေးသွင်းမည်ဆိုပြန်တော့ အဆို့ကိုဖြုတ့် လိုင်းထိပ်ကို ပိုးသတ်ထားသောဂွမ်းတွေနှင့်သန့်စင်ပြီး ဆေးပြန်သွင်းသည်။့ တချို့နေ့ တွေဆိုလှင်တော့ ဆေးသွင်းတာက သိပ်မကြာပေမယ့် တချို့နေ့တွေကျတော့ တနေကုန်သည်။ ဆေးသွင်း ချိန်ရောက်တိုင်း မျိုးသူ မမဇင်နံဘေးမှာ မခွဲတမ်းထိုင်စောင့်ပေးနေကျ။့ ဒါမှလဲ တခါတခါ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်နေရှာသည်အထိ ခံနေရသော ဆေးဒါဏ်ကို မမဇင်ခမျာ ခံနိုင်ရှာပေမည်။့ ၃/၄ရက် ဆေးသွင်းပြီးပြီဆို မမဇင် ပျော့ခွေကျသွားစမြဲ့ ။ ကြားထဲတပါတ်လောက်နားချိန်မှာ အားပြန်မွေးလိုက်၊ ဆေးသွင်းရက်ရောက်တော့ ပြန်ပျော့ခွေကျသွားလိုက်နှင့် မမဇင် တဖြည်းဖြည်းလုံးပါးပါး လိုက်လာသည်။

တခါတခါတော့ မျိုးသူ မမဇင်ခံစားနေရတာမကြည့်ရက်တော့သည်မို့ ဆေးသွင်းကုသမှုကို ရပ်ပြစ်လိုက် ချင်စိတ်ပင် ပေါ်မိသည်အထိ။့ သို့ပေမယ့် မမဇင်ကတော့ တခွန်းမညဉ်းပါ။့ ဘယ်လောက်ပဲ နွမ်း ဖျော့နေပါစေ့ ဆေးသွင်းရမည့်ရက်ရောက်လာလှင် အံလေးကြိတ်ကာ ဆေးသွင်းခံမြဲ။့အရင်တပါတ်က ဆေးပါတ်တဝက်ကျိုးပြီမို့ မမဇင်ကို ရောဂါအခြေအနေ ဆန်းစစ်မှုတွေ ပြန်လုပ်သည်။

ရလဒ်ကတော့ အားရစရာကောင်းလှသည်လို့တော့ ဒေါက်တာ မီရီယံသောင်း က ပြောသည်ပဲ။့ ကိုယ်ထဲက အကျိတ်တွေ တော်တော်လေးကို သေးငယ်သွားပြီတဲ့။့ သွေးအဖြေမှာလဲ သွေးဥအချိုးအစား ပုံမှန်ပိုဖြစ်လာသည်တဲ့ ။ သွေးအားတော့ လျော့သည်ပေါ့လေ့ ဆေးတွေက ပြင်းလှသည်ကိုး။့

သို့ပေမယ့် တရက်တော့ မမဇင် ဆေးသွင်းနေတုန်း ဘွားတော်က မျိုးသူကိုခေါ်ပြီး ခပ်တိုးတိုးပြောသည်။ဗဟိုအာရုံကြောစနစ်ထဲမှ ရောဂါဝင်ရောက်မှုတို့ကတော့ တုန့်ပြန်မှုနှေးနေကြသေးသည်ဆိုပဲ။့ စတုတ¦ဆေးပါတ်ပြီးချိန်လောက်ဆိုလှင်တော့ တုန့်ပြန်မှုရှိလာဘို့ မှော်လင့်ပါသည်တဲ့။့ ခက်တာက အဲဒီလို ဗဟိုအာရုံကြောစနစ်ထဲမှ အကျိတ်တွေ ဆေးကိုတုန့်ပြန်ချိန်တွင် မမှော်လင့်သော ဆိုးကျိုးတချို့ တခါတလေ ပေါ်လာတတ်ကြောင်းကိုတော့ စကားခံထားလေသည်။့ ဘာဆိုးကျိုးတွေလဲတော့ မျိုးသူလဲ ဆက်မကြားရဲသဖြင့် ဆက်မမေးမိတော့။

' ဟင့် ဒါက ပိတောက်ပင်ကြီးတွေမဟုတ်လား '

ဒီညနေမှ နေကလဲမပူ၊့ မိုးလဲမရွာပဲ အုံ့ပျပျလေးဖြစ်နေသဖြင့် လမ်းလှောက်လို့ တော်တော်ကောင်းနေရလေသည်။့ အစက နဲနဲလောက်လှောက်ပြီး ပြန်လှည့်ဘို့စိတ်ကူးထားပေမယ့် မမဇင်က ဥယျာဉ်တပါတ်လှောက်ကြည့်ချင်သေးသည်ဆိုသဖြင့် ဆက်ပြီးလှောက်ဖြစ်နေ၏။့ ဥယျာဉ်ဟိုဘက်ပိုင်းကိုရောက်တော့ ပိတောက်ပင်မြင့်ကြီးတွေကို တွေ့တော့ မမဇင် တအံ့တသြ မေးသည်။့

' ဟုတ်တယ်လေ့ မမဇင်ရဲ့ အဲဒါ ပိတောက်ပန်းပွင့်တဲ့ ပိတောက်ပင်ကြီးတွေပဲ။့ကျနော်တခုမေးမယ့် ဒီနိုင်ငံမှာ ဘယ်အချိန်ပိတောက်ပန်းပွင့်သလဲ မမဇင် သိလား့ '

' အင့် မ၊ က ဘယ်လိုလုပ်သိမှာလဲလို့ ခုမှ ရောက်တာ တလကျော်ကျော်ရှိသေးတာ့ '

မမဇင်က နှုတ်ခမ်းလေး စူတူတူလုပ်ပြီး ပြောသည်။့ မျိုးသူ အဲဒီနှုတ်ခမ်းလေးတွေကို နမ်းပြစ်လိုက်ချင်မိပါဘိတော့ ။့

' မမဇင်ရေ့ ပိတောက်တွေက သစ္စာရှိတယ်ဗျ။့ သူ့ဟာသူ တနှစ်လုံးမိုးရွာ၊နေပူလဲ ပိတောက်ကတော့ဧပြီလထဲမှာပဲ ပွင့်တယ် '

' ဟယ့် တကယ် '

' သြော့် တကယ်ပါဆို။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ဒီကလူတွေက ပိတောက်ပွင့်တာကို ဘယ်သူမှ အရေးတယူမရှိကြဘူး။ သတိတောင်မထားမိကြဘူး့ အဲ နေဦး့ သတိထားမိတဲ့လူတွေတော့ ရှိတယ့် သန့်ရှင်းရေးလုပ်သားတွေ့ ။ ဒီမှာ ပိတောက်ပန်းကို ဘယ်သူမှလဲ မခူးတော့ ပွင့်ပြီးလို့ တရက်နှစ်ရက်လောက်ဆို ပိတောက်ပွင့်တွေက ကြွေကျလာရောလေ့ လမ်းတွေပေါ်မှာဆို ဝါထိန်လို့ အဲဒါတွေကို သူတို့က လှည်းရကျင်းရတော့ သူတို့တော့ သတိထားမိမှာပေါ့ '

မျိုးသူစကားကြောင့် မမဇင် အားရပါးရ ရယ်သည်။့ သို့ပေမယ့် ရယ်နေရင်းမှ ရုတ်တရက် မမဇင်၏ မျက်နှာလေးက မဲ့သွား၏။့ အံလေးတွေ ကြိတ်လိုက်ရတာလဲ မြင်လိုက်ရသည်။့

' မမဇင့် မမဇင့် ဘာဖြစ်လို့လဲဟင့် နေကောင်းရဲ့လား့ '

မျိုးသူ စိုးရိမ်တကြီးမေးလိုက်မိသည်။့ မမဇင်က ရပါတယ်ဆိုသည့်သဘောနှင့် လက်ကလေးကာပြ၏။့ သို့ပေမယ့် စကားတော့ ရုတ်တရက် မပြောနိုင်သေး။့

' ရတယ် မျိုးသူ့ မ၊ နောက်ကျောထဲက စူးကနဲတချက်ဖြစ်သွားလို့ '

' ဒါဆို ခနနားပြီး ပြန်ကြရအောင့် မမဇင် လမ်းဆက်လှောက်လို့ မဖြစ်တော့ဘူးထင်တယ့် ကားငှား လိုက်မယ် '

' နေနေ့ ခနနားလိုက်ရင်ကောင်းသွားမှာပါ့ '

' လာလာ မမဇင့် ဒါဆို ဟိုနားက ခုံတန်းလေးဆီ ခနသွားထိုင် နားရအောင့် '

မျိုးသူ မမဇင်ရဲ့ ပုခုံးလေးကို ဆုပ်ကိုင်ထိန်းပေးရင်း မနီးမဝေးမှ ခုံတန်းလေးဆီ အသာထိန်းကာ လှောက် သွားလိုက်ကြသည်။့ သို့ပေမယ့် လမ်းတဝက်လောက်မှာတင် မမဇင်ကိုယ်လေးက ပျော့ခွေညွတ်ကျသွား လေတော့သည်။့

' မမဇင့် မမဇင့် '

မျိုးသူ စိုးရိမ်တကြီးအော်ခေါ်လိုက်ပေမယ့် မမဇင်က မကြားနိုင်တော့။့ မျက်လုံးလေးတွေမှိတ်ပြီး သတိလစ်နေလေပြီ။့ မျိုးသူ ရင်ထဲမှာ ကမÇာပျက်လေပြီကော ။

__________________________________________

အခြေအနေက ဆုပ်လဲစူး စားလဲရူးလို့ပဲ ပြောရမည်လား့၊ ရှေ့တိုးတော့တံပိုး နောက်ဆုတ်တော့ လှည်းဒုတ်လို့ပဲ ပြောရမည်လား့ ။ မျိုးသူ ဘဝမှာ ဒီတခါ အခက်ခဲဆုံး အခြေအနေကိုရင်ဆိုင်နေရပြီ။

ချွေးစီးတွေပြန်ကာ မရှုနိုင်မကယ်နိုင်လို ဖြစ်နေသော မျိုးသူပုံကိုကြည့်ပြီး ဒေါက်တာ မီရီယံသောင်း က ချောင်းတချက်ဟန့်လိုက်၏။

' ကဲကဲ့ ခုချက်ခြင်း ကျမမေးတာ ပြန်မဖြေနိုင်သေးရင် မိသားစုနဲ့တိုင်ပင်လိုက်ပါဦး့ အဲ ဒါပေမယ့် တိုင်ပင်ပြီးပြီဆိုတာနဲ့ ကျမကိုအမြန်ဆုံး အကြောင်းပြန်ပေးပါ့ လူနာအတွက် အရေးကြီးလို့ပါ '

မျိုးသူ ခေါင်းတချက်ညိတ်ပြပြီး ဃသကညျနူငညါ ျွသသာ ထဲမှ ပြန်ထွက်လာခဲ့သည်။့ မမဇင် ရှိရာ လူနာ ခုတင်က ဝါ့ဒ်ရဲ့ တဖက်စွန်းနားမှာ။့ ရှည်လျားလှသော လူနာခန်းတလှောက် မျိုးသူ တွေဝေငေးမောစွာ လှောက်လာခဲ့မိသည်။့

ဟိုနေ့က သူတို့နှစ်ယောက် လမ်းလှောက်ထွက်နေကြတုန်း မမဇင် ရုတ်တရက် သတိလစ်သွားတော့ အက်စ်ဂျီအိတ်ချ် အရေးပေါ်ဌာနသို့ အမြန်ခေါ်သွားခဲ့ကြရသည်။့ စပေါ့တီပါ့ခ် ဥယျာဉ်က ဆေးရုံနှင့် နီးနီးလေးမို့သာ တော်တော့သည်။့

အရေးပေါ်ဌာနတွင် တာဝန်ကျဆရာဝန်များက မမဇင်၏ ရောဂါရာဇဝင်နှင့် လက်ရှိအနေအထားကို စမ်းသပ်ဆန်းစစ်ပြီးသည်နှင့် ဆေးရုံတန်းပြီးတက်ရန် စီစဉ်ပေးကြ၏။့ ဆေးရုံပေါ်ရောက်ပြီး ခနနေတော့ မမဇင် သတိပြန်ရလာသည်။့ သို့ပေမယ့် မမဇင်ရဲ့ ခြေထောက်နှစ်ချောင်းစလုံးက လုံးဝမလှုပ်နိုင်ကြတော့ပါ။့

ညတွင်းချင်းပင် ကျောရိုးတိုင်ကို သံလိုက်လှိုင်းဓာတ်မှန် ရိုက်ခိုင်းသည်။့ ဆေးတွေလဲ ထိုးလိုက်သည်မှ ဘာတွေမှန်းကိုမသိ့ ။ ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီးဆိုသူ လည်း လာကြည့်သည်။့ အခြေအနေဘယ်လိုလဲ မေးတော့ မနက်ကျမှ တိတိကျကျပြောနိုင်မည်တဲ့ ။

မနက်ကျတော့ ဒေါက်တာမီရီယံသောင်း လဲ ရောက်လာသည်။့ အဲဒီအချိန်မှာ သံလိုက်လှိုင်း ဓာတ်မှန် အဖြေလဲထွက်ပြီ။့ မမဇင်ကို စမ်းသပ်စစ်ဆေးပြီးသည်နှင့် လူနာမှတ်တမ်းမှ တွေ့ရှိချက်တွေကိုဖတ်သည် ပြီးတော့ သူနှင့် အရေးတကြီးဆွေးနွေးစရာရှိသည်ဆိုပြီး လူနာဆောင်အလယ်နားရှိ ဆရာဝန်များနှင့် လူနာ၊ လူနာရှင်များ ဆွေးနွေးညှိနှိုင်းကြရာနေရာဖြစ်သော ဃသကညျနူငညါ ျွသသာ ထဲ ခေါ်သွားခဲ့လေသည်။့

ကြားလိုက်ရသော စကားလုံးတို့က မျိုးသူနားထဲသို့ သံရည်ပူလောင်းထည့် နေသည့်အလား့ ။ ဗဟိုအာရုံကြောအဖွဲ့အတွင်းမှ အကျိတ်တို့က ဆေးသွင်းကုထုံးကို အားရပါးရ တုန့်ပြန်နေကြပြီတဲ့ ။

ခက်တာက ကျောရိုးတိုင်အတွင်းဘက် ကျောရိုးပင်မနာ့ဗ်ကြောကြီးအနီးတွင်တည်ရှိနေသော အကျိတ် များ ထဲမှ အကျိတ်တချို့သည် တုန့်ပြန်မှုအရှိန်နှင့်သိသိသာသာ ရောင်ရမ်းလာပြီး ကျောရိုးနာ့ဗ်ကြောမကြီးကို ဖိကြိတ်ညှပ်ချလိုက်သလို ဖြစ်နေကြောင်း အရေးပေါ်သံလိုက်ဓာတ်မှန် အဖြေအရ သိရသည်ဆိုပဲ။့

အဲသည်မှာ ဦးနှောက်ခြောက်စရာ ပြသနာပေါ်တော့သည်။့ ကျောရိုးနာ့ဗ်ကြောကြီးကို ညပ်တာ သက်သာသွားစေလိုလှင် ဆေးသွင်းကုထုံးကိုရပ်ထားလိုက်ပြီး အကျိတ်တွေ အရောင်ကျစေသည့်ဆေးတွေပဲ ဆက်ပြီး ပေးနေမည့် လိုအပ်လှင် ကျောရိုးတိုင်ကို ခွဲစိတ်လှင်လည်း ခွဲစိတ်ရမည်တဲ့ ဒါက နည်းလမ်းတဖက်။

နောက်တနည်းကတော့ အခုပြသနာကို အရေးမထားပဲ ဆေးသွင်းကုထုံးကိုပဲ မူလအစီအစဉ်အတိုင်း ဆက်လုပ်သွားလှင်လဲ ရသည် တဲ့ ။ နည်းလမ်း၂ခုလုံးမှာ မကောင်းသည့်အချက် ကောင်းသည့်အချက်တွေက ရောနေသည့် ။ ပထမနည်းလမ်းကိုလိုက်ပြီး ဆေးသွင်းကုထုံးကိုရပ်လိုက်ပြီး ကျောရိုးနာ့ဗ်ကြောကြီး ညပ်တာ သက်သာပျောက်ကင်းအောင် အာရုံစိုက်မည်ဆိုလှင် ခြေထောက်တွေ ပြန်ကောင်းလာနိုင်သည်။ ဒါပေမယ့် မူလရောဂါ လင်ဖိုးမားက ရောဂါပြန်တည်ဖို့ အချိန်ရသွားလိမ့်မည့် ။ အမြစ်မပြတ်နိုင်တော့။

ခုလို တုန့်ပြန်မှုကောင်းနေတုန်းမှာ ဆေးသွင်းကုထုံးကို မရပ်စေလို့ ။ ဆက်ပြီးသွင်းပါက ရောဂါ အမြစ်ပြတ်ပျောက်သွားနိုင်သည်။့ အဲဒီလိုဖြင့် ဒုတိယနည်းလမ်းကို လိုက်ပြီး ဆေးသွင်းကုထုံးနောက်ကိုပဲ တစိုက်မတ်မတ် ဆက်လိုက်သွားလှင်တော့ ဆေးပါတ်အကုန်လည်သွားပြီးချိန်ကျလှင် ကျောရိုးတိုင်ထဲက အကျိတ်တွေအပါအဝင် တကိုယ်လုံးက အကျိတ်တွေ အကုန်အစင် ပျောက်ကွယ်သွားဘို့ အကြောင်း များသည့် သို့ပေမယ့် ကျောရိုးနာ့ဗ်ကြောမကြီးက ရက်တော်တော်ကြာ အဖိအညှစ်ခံနေလိုက်ရသဖြင့် လူမမာသည် ခြေထောက်နှစ်ချောင်းနှင့် အောက်ပိုင်း ထာဝရ သေကောင်းသေသွားနိုင်ပါသည့် တဲ့။ မျိုးသူ ဘယ်နည်းလမ်းကို ရွေးရပါတော့မည်နည်း။

မမဇင်ရှိရာ လူနာခန်းထဲသို့ ခေါင်းငိုက်စိုက်ချပြီး ပြန်ဝင်လာသော မျိုးသူကိုမြင်တော့ အန်တီက မမဇင် ဘေးမှ အသာထလာသည်။့ မမဇင်က ခုတင်ပေါ်မှာ မှိန်းနေ၏။ အခန်းအပြင်ဝကိုပြန်ထွက်ပြီး အခြေအနေကို အကျဉ်းချုံးရှင်းပြတော့ အန်တီလဲ ငိုင်သွားသည်။့

နှစ်ယောက်လုံး ဘာကိုဆုံးဖြတ်ရမည်မှန်းမသိသဖြင့် ရန်ကုန်ကိုဖုန်းလှမ်းခေါ်ပြီး ဦးလေးကိုပါ ပြောပြရတော့သည်။့ ဦးလေးက နောက်ဆုံးတော့ အကောင်းဆုံးအကြံတခုပေးလိုက်၏။့

ကာယကံရှင် ဆုံးဖြတ်ပါစေတဲ့လေ့ ။ ဒီလောက် ဝေဒနာခံစားနေရချိန်မှာ မမဇင်ကို စိတ်ဒုက္ခ ထပ်ပြီးတော့ မပေးချင်ပါ၊့ သို့ပေမယ့် အနီးဆုံးလူတွေအားလုံးက မဆုံးဖြတ်ပေးရဲသည်မို့ မမဇင်ကိုပဲ ဆုံးဖြတ်စေရပါတော့မည်။့ ခွင့်လွှတ်ပါတော့ မမဇင်ရယ့် ။

-----------------------------------------------

သူရှင်းပြသမှ မမဇင် မျက်မှောင်လေးတွန့်ပြီး နားထောင်နေသည်။့ အားလုံးပြီးတော့မှ သက်ပြင်းလေး တချက်ချ၏။့

' အဲဒီတော့ မ၊ က ဘယ်နည်းလမ်းရွေးရမလဲ ဆုံးဖြတ်ရတော့မယ်ပေါ့ '

မျိုးသူ ဘာမှပြန်မပြောနိုင်၊့ ကြမ်းပေါ်ကိုပဲ ငုံ့ကြည့်နေမိသည်။့ အန်တီက မမဇင်လက်ကလေးတွေကိုနှစ်သိမ့်သလို ဆုပ်နယ်ပေးနေ၏။ မမဇင် က နှုတ်ခမ်းလေးကိုတင်းတင်းကိုက်ရင်း ပြုတင်းပေါက်မှနေí ဆေးရုံအပြင်ဘက်ကို ငေးကြည့်နေသည်။့ နောက်တော့ မျက်လုံးလေးများမှိတ်သွား၏။့ ခနနေတော့ မှိတ်ထားကြသော မျက်ဝန်းဒေါင့်စွန်းလေးတွေမှ မျက်ရည်လေးတွေ စီးကျလာကြသည်။့ အန်တီလည်း မမဇင်ကိုကြည့်ပြီး မျက်နှာကိုလက်ဝါးနှင့်အုပ်ကာ အနားမှ ထထွက်သွားလေပြီ။့ မျိုးသူလဲ စိတ်ကိုအနိုင်နိုင်ထိန်းနေရ၏။

ကံကြမ္မာသည် ဘယ်အညှိုးနှင့်များ သူတို့အားလုံးအပေါ် ဒီလောက်ထိ ရက်စက်ရလေသည်တဲ့လဲ့ ။ အချိန်တွေမည်မှကြာသွားသည်မသိ၊့ ဘယ်လိုပဲ အားတင်းထားပေမယ့် မျိုးသူ မဟန်နိုင်တော့သဖြင့် မမဇင်ခြေထောက်လေးတွေပေါ် မျက်နှာမှောက်ချပြီး အားရပါးရ ငိုနေလိုက်မိသည်။့ မမဇင်ထံမှလဲ ရှိုက်သံလေးတွေထွက်လာတာ ကြားနေရ၏။့ မမဇင်ရဲ့လက်ကလေးတွေက မျိုးသူဆံပင်တွေကို ဖွဖွလေး ပွတ်သပ်ပေးနေကြသည်။့

ခနနေတော့ မမဇင်ထံမှ ရှိုက်သံလေးတွေ တိတ်သွား၏။

' မျိုးသူ့ '

မျိုးသူ ပြန်မထူးနိုင်သေး။့ ရှိုက်လို့ကောင်းဆဲ။

' မျိုးသူ့ တိတ်တော့လေ မောင်လေး '

ဝေဒနာသည်က ပြန်ပြီးချော့နေရသည့် အခြေအနေရောက်နေရပါသည်ကော့ ။ မျိုးသူ အံကြိတ်ပြီး ရှိုက်သံထပ်မထွက်တော့အောင် ထိန်းလိုက်ရသည်။့ မျက်နှာကိုမော့လိုက်တော့ မမဇင်က သူ့ကို ပြုံးပြီးကြည့်နေသည်။့

' မျိုးသူကို့ မ၊ တခုမေးချင်တယ့် '

' မေးလေ မမဇင့် '

' တကယ်လို့ မ၊ သာ တသက်လုံး ဒုက္ခိတ ဖြစ်သွားရရင် မျိုးသူ မ၊ ကို စိတ်ပျက်သွားမှာလားဟင့် '

ဘယ်လိုများ မေးလိုက်တာလဲ မမဇင်ရယ့် လို့သာ မျိုးသူ ရေရွတ်မိတော့သည်။ မေးစရာမလိုသည့် မေးခွန်းကိုမှ မေးရက်လေခြင်း့ ။

' မမဇင်ရယ့် ဒါ မေးနေရမယ့်စကားမှ မဟုတ်တာဗျာ့ ။ ခုထိ မမဇင် ကျနော့်အချစ်ကို မယုံသေး ဘူးဆိုတာ အဲဒါက သိသာနေတာပဲ '

စူပုပ်ပုပ်မျက်နှာထားနှင့် သူပြောတော့ မမဇင် ခပ်ယဲ့ယဲ့ပြုံးရှာသည်။

' မယုံလို့တော့ မဟုတ်ဖူးပေါ့ မျိုးသူရယ့် ဒါပေမယ့် မ၊ အတွက်က ခုချိန်မှာ အရာရာကို ကြိုတွေးရ တော့မယ်လေ့ ။ မျိုးသူအတွက် လိုအပ်ချက်တွေမဖြည့်ပေးနိုင်မယ့် ဝန်ထုပ်ဝန်ပိုးသက်သက် ဘဝ ရောက်နေရမှာလဲ စိုးတော့ အစိုးသား့ '

' မမဇင်ရယ့် မမဇင်သာ ကျနော်နဲ့အတူရှိမယ်ဆို ဘယ်လိုပုံစံအနေအထားပဲဖြစ်ပါစေ့ ဒါကို ဝန်ထုပ် ဝန်ပိုးလို့ ကျနော် မယူဆပါဘူးဗျာ့ ကတိပေးပါတယ် '

' အိုကေ့ ဒါဆို အဖြေကရှင်းနေပြီပဲ။့ မ၊ ဒုတိယနည်းလမ်းကိုပဲ ရွေးတော့မယ်။့ ဆေးသွင်းကုသမှု ဆက်လုပ်မယ်။့ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် မျိုးသူနဲ့ ကြာကြာနေနိုင်မယ့်နည်းလမ်းကိုပဲ မ၊ ရွေးတော့မယ် ပထမနည်းလမ်းက ဒုက္ခိတဘဝနဲ့တော့ လွဲကောင်းလွဲပေမယ့် မျိုးသူနဲ့ ကြာကြာနေနိုင်ခွင့်ရှိ မရှိက မသေချာဘူး့ '

မျိုးသူ မမဇင်ကို ငေးစိုက်ကြည့်နေလိုက်မိသည်။့ ပြတ်သားလှပါလား မမဇင်ရယ့် ။

' မျိူးသူ့ မ၊ တခုတော့ကြိုပြီးတောင်းပန်ထားပါရစေနော့် မျိုးသူဘေးမှာ မ၊ ကို တသက်လုံးနေခွင့် လေးတော့ ပေးပါ။့ မ၊ ကိုဘယ်တော့မှ စိတ်မပျက်သွားပါနဲ့။့ တကယ်လို့ မျိုးသူမကျေနပ်ဖူး ဆိုခဲ့ရင်တောင် နောက်ထပ်လက်တွဲဖော်ရှာချင်လဲရှာပါ့ ။ မ၊ ကိုတော့ ပြစ်မသွားပါနဲ့။့ အဲဒီကတိလေးတော့ မ၊ ကိုပေးပါ မျိုးသူရယ် '

' မမဇင်ရယ့် ဘယ်လိုပြောလိုက်တာလဲဗျာ '

ရင်ထဲမှာ ဆို့တက်လာသည်မို့ မမဇင်ကို သာသာလေးထွေးပွေ့ထားလိုက်မိသည်။့ မမဇင်က သူ့ပုခုံး ထက်မှာ ခေါင်းလေးမှီထား၏။

' မမဇင်မရှိတဲ့ ဘဝဟာ ကျနော့်အတွက် လုံးဝ အဓိပ္ပါယ်မရှိတော့မှန်း ကျနော်ခံစားသိခဲ့ရပြီးပါပြီ မမဇင်ရယ့် ယုံပါ့ ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် မမဇင်သာ ကျနော့်အနားနေပေးနေပါ့ လောကကြီးကို ကျနော် စိန်ခေါ်ပြပါ့မယ့် ကျနော့်အတွက် အသက်ဆက်ရှင်နေပေးပါ မမဇင်ရယ့် '

မျိုးသူစိတ်ထဲမှာ ရှင်းသွားခဲ့ပြီ။့ သူနှင့်မမဇင် အတူဆက်လှောက်ရမည့် ရှေ့ခရီးအတွက်ပဲ အားအင်တွေ မွေးတော့မည်။့ တလောကလုံးက ကဲ့ရဲ့ချင်လည်း ကဲ့ရဲ့ကြပါစေတော့။့ အခုလောလောဆယ်တော့ မမဇင်ရဲ့ ရောဂါလုံးဝပျောက်ကင်းသွားဘို့သာ ဘုရားမှာ ဆုတောင်းရတော့မည်။့ သူတို့နှစ်ယောက်၏ မေတ္တာ စစ်မှန်လှင် မမဇင်ရဲ့ ဝေဒနာ လုံးဝအမြစ်ပြတ် ပျောက်ကင်းရပါစေသား့ ။

__________________________________________

ပါလာဝမ် သဲသောင်ကမ်းခြေသို့ တိုးဝှေ့လာသော ပင်လယ်လေနုအေးသည် တဖြူးဖြူးတိုက်ခတ်နေ၏။့ မမဇင်၏ ဆံနွယ်လေးတွေက လေတိုးလိုက်တိုင်း လူးလွန့်လှုပ်ရှားနေကြသည်။့ ဆေးသွင်းကုသနေစဉ်က ဆံပင်တချို့ကျွတ်ကုန်ကြပေမယ့် အခုတော့ ဟိုအရင်လိုပဲ မမဇင်ဆံနွယ်တွေက ပြန်လို့ နက်မှောင်သန်စွမ်းလာကြပြီ။့

မျိုးသူ ဘေးကနေ မမဇင်မျက်နှာလေးကို သေသေချာချာငေးကြည့်နေမိသည်။့ ဆေးကုသမှု အောင်မြင် ပြီးမြောက်ခဲ့သည်မှာ ၂လနီးပါးရှိခဲ့ပြီမို့ မမဇင်မျက်နှာလေးက ပြန်ပြည့်လာခဲ့ပြီ။့ အရင်တုန်းကထက်ပင် နဲနဲ ပိုပြည့်လာသလိုလို။့ ပါးလေးတွေ ပိုဖောင်းလာသည်၊ နှုတ်ခမ်းလေးတွေ ပိုပြီး ဖူးဖူးရွရွ လေး ဖြစ်လာသည်။့

' လေတွေအရမ်းတိုက်လာပြီ့ မမဇင် ချမ်းနေပြီလားဟင့် '

' မချမ်းပါဘူး့ မျိုးသူ ချမ်းလို့လား့ '

မမဇင်က ဘီးတပ်ကုလားထိုင် ဝှီးချဲလေးပေါ်မှ ကိုယ်လေးကိုစောင်းငဲ့ကြည့်ရင်း ပြန်ပြောလိုက်၏။့ ဒီ ဝှီးချဲလေးက လူအားနဲ့ တွန်းလို့ရသလို စက်အားနဲ့လဲ မောင်းလို့ရသည်။ ဈေးတော့ နဲနဲကြီးသည်ပေါ့။

မျိုးသူကတော့ မမဇင်ကို တင်ပြီးတွန်းရတာ ဘယ်တော့မှ မောတယ်မထင်မိပါ။့ သို့ပေမယ့် မမဇင်က အခါခပ်သိမ်း သူ တွန်းပေးတာချည်းပဲ စီးနေရမှာ ဘယ်လိုမှ စိတ်မဖြောင့်ပါဆိုတော့လည်း ဦးလေးတို့က မဖြစ်ဖြစ်အောင် ဝယ်ပေးခဲ့ရသည်ပေါ့။့

ဆေးသွင်းကုသမှု ဆေးပါတ်ပြည့်သွားပြီးတဲ့နောက်မှာ ပြန်ဆန်းစစ်သော စစ်ဆေးမှုတွေအရ မမဇင်ရဲ့ ကိုယ်ထဲမှာ လင်ဖိုးမားအကျိတ်တွေ အကုန်အစင်ပျောက်ကွယ်သွားကြပြီတဲ့။့ အဲဒီနေ့က ပျော်လွန်းလို့ သူတို့ ငိုကြရသေးသည်ပဲ။့

ဒေါက်တာမီရီယံသောင်းကတော့ နောက်ထပ် ၆လကို တခါလောက်တော့ ပြန်လာစစ်ဆေးဘို့ သတိပေးလိုက်ပါသေးသည်။့ ဒါပေမယ့် သူ့အတွေ့အကြုံအရ စိတ်အေးရမည့်ဘက်က အလေးသာ ပါသည်တဲ့။့ ဆုတောင်းပြည့်သည်ပဲ ဆိုရပါတော့မည်။့

ဆေးကုခြင်းအလုပ်တွေပြီးတော့ တခြားအလုပ်တွေက စီစဉ်ရတော့သည်။့ ပထမဆုံးအနေနဲ့က မမဇင် ဘယ်မှာ နေမည်လဲ ဆိုသည့်ကိစ္စ။့ ဦးလေးနှင့်အန်တီက ဒီမှာ အမြဲလိုတော့ လာမနေနိုင်၊ အလွန်ဆုံးမှ သွားလိုက်ပြန်လိုက် လောက်ပဲ နေနိုင်မည်။့ မမဇင်အနေနဲ့ကျပြန်တော့လဲ ဝှီးချဲလ်နဲ့ သွားလာနေရ တော့မည့် ဘဝမို့ ရန်ကုန်ပြန်ဘို့က ဘယ်လိုမှ အဆင်မပြေတော့။့ ဒီမှာက ဘယ်နေရာပဲသွားသွား ဝှီးချဲလ်သမားတွေအတွက် အစစ အဆင်ပြေရအောင် စီစဉ်ပေးထားတော့ နေလို့ဖြစ်သည်။့ ယာဉ်ရထားတွေတော်တော်များများမှာ ဝှီးချဲလ်သမားတွေအတွက် သီးသန့်နေရာလေးတွေရှိသည်၊့ အဆောက်အဦးတွေတိုင်းလိုလိုမှာ ဓာတ်လှေကားတွေရှိသည်။့ ကုန်ကုန်ပြောရလှင် ဝှီးချဲနှင့် အလုပ်သွားလို့ရသည်၊ ဈေးဝယ်ထွက်လို့ရသည်။့ ဒီတော့လဲ မမဇင်ကို စလုံးမှာပဲ ထားခဲ့ရတော့သည်ပေါ့။့ ပြီးခဲ့သည့် ၂ပါတ်လောက်က အန်တီပြန်သွားသည်။့ ရှေ့လထဲကျမှ ဦးလေးနှင့်တူတူ ပြန်လာကြဦးမည် တဲ့။ 

မမဇင်နဲ့ သူရဲ့ မင်္ဂလာကိစ္စကို တရားဝင်ဖြစ်ဖို့ကလဲ စီစဉ်ရဦးမည်ကိုး။့ အဲဒါပြီးမှပဲ မမဇင်ကိုပီအာရ် ရအောင်လှောက်ပေးရဦးမည်။့ နှစ်ယောက်လုံး ပီအာရ် ရပြီးမှ အိမ်ခန်းတခန်းဝယ်ရဦးမည်။့ မမဇင်က တခါတခါတော့ ယူကေက တက်လက်စ သင်တန်းလေးကို နှမြောနေသေးသည်၊့ သို့ပေမယ့် မတတ်နိုင်။ ယူကေကို တယောက်ထဲ ပြန်သွားဘို့ကတော့အဆင်မှ မပြေတော့သည်ပဲ။ မျိုးသူလဲ အလုပ်တဖက်နှင့် ဘယ်လိုမှ လိုက်မနေနိုင်၊ ဒီမှာက အလုပ်က အဆင်ပြေစပြုနေပြီ။့ တက်လမ်းတွေ ပေါ်နေပြီ။

အမြဲတမ်းဒီလိုချည်းနေသွားရမှာတော့ မမဇင်က ပျင်းသတဲ့။့ နောက်တော့လဲ မမဇင်နဲ့ လိုက်ဖက်မည့်အလုပ်တခုခုတော့ သူရှာပေးရဦးမည်ပေါ့လေ။့ ခုလောလောဆယ်တော့ ဇွတ်ပဲ နားခိုင်းထားရပါသည်။့

' မျိုးသူ ဖေဖေနဲ့မေမေတို့ ဘယ်တော့ ရောက်မှာလဲဟင့် '

မမဇင်မေးမှပဲ ရှေ့အပါတ်ထဲကျ ဖေဖေ၊မေမေနှင့် ညီငယ်နေလင်း တို့ အလည်လာကြဦးမှာ သတိရသည်။မမဇင် ဆေးကုနေချိန်တောက်လှောက် သူတို့ကို အသိမပေးခဲ့သည်ကို အပြစ်တင်လို့ မဆုံးကြ။့ ခုမှ သိရတော့ လာဘို့စီစဉ်နေရတာနှင့် ရှေ့အပါတ်ထဲမှ ရောက်ကြလိမ့်မည်။့ မမကြီးတော့ မပါသေး။

ဝမ်းသာကြောင်း သတင်းစကားလေးပဲ ဖုန်းထဲက ပြောတာ နားထောင်လိုက်ရသည်။့ အခြေအနေတွေက ပြောင်းလဲလာတော့လည်း သဘောထားတွေက ပြောင်းလဲလာရတော့သည်ပေါ့လေ။ ဒါသည်ပဲ အရှုံးထဲမှ အမြတ်ရလိုက်သည်လို့ပဲ ပြောရတော့မည်ပဲ။့

' ခုမှ စိတ်ချမ်းသာရတော့တယ် မျိုးသူရယ် '

မမဇင်က ပင်လယ်ထဲကို ငေးကြည့်နေရင်း နှုတ်ခမ်းလေးလှုပ်သည်ဆိုယုံမှ တိုးတိုးလေး ပြောလိုက်သည်။ဒီနေ့သည် ကြားရက်ဖြစ်သဖြင့် စင်တိုဆာ ကျွန်းပေါ်တွင် လူသိပ်မရှုပ်သောကြောင့် သူတို့အတွက်အေးအေးဆေးဆေး နားနေခွင့်ရသလိုဖြစ်နေ၏။

' တူတူပါပဲ မမဇင်ရယ့် မမဇင်နဲ့ ဘယ်တော့မှ မဆုံနိုင်တော့ဘူးလို့ သိလိုက်ရပြီးတဲ့ရက်တွေမှာများကျနော်ဖြင့် အရှင်လတ်လတ် ငရဲခံနေရသလိုပါပဲ '

' မယုံပါဘူး၊့ အပိုတွေ့ '

မမဇင်က ညစ်ကျယ်ကျယ်လေး ပြုံးပြီး သူ့ကိုပြန်နောက်သည်။့မျိုးသူက မမဇင်ပါးလေးကို ရွှတ်ကနဲ လှမ်းနမ်းပြစ်လိုက်တော့ မမဇင် မျက်နှာလေးက ရှက်ရိပ်လေးတွေ ဖြတ်ပြေးသွား၏။ လူရှေ့သူရှေ့ ချစ်သူချင်း ပွေ့ဖက်နမ်းရှုပ်တာ ဒီနိုင်ငံမှာ မဆန်းလှပေမယ့် မမဇင်က အသားမကျနိုင်သေးပါ။

' တခုတော့ စိတ်မကောင်းဘူး မျိုးသူရယ် '

' ဘာများလဲ မမဇင်ရယ့် '

' သြော်ကွယ့် မ ရဲ့ ဘဝက သားသားမီးမီးလေးတွေ မွေးပေးဘို့မှ အဆင်မပြေတော့ပဲ။ နောက်ပြီးမျိုးသူအတွက်လဲ အလှကြည့်အရုပ်လေးသက်သက်လို ဖြစ်နေရတော့မှာကိုး အဲဒါပြောတာပေါ့ '

မျိုးသူ ပြုံးလိုက်သည်။့

' ဒါများ မမဇင်ရယ့် သားသမီးရှိမှ နေတတ်မယ်ဆိုရင်လဲ နောက်ကျ မိဘမဲ့ကလေးလေး တယောက်လောက် မွေးစားလိုက်ကြတာပေ့ါ။့ အလှကြည့်အရုပ်လေးသက်သက်မဖြစ်ချင်ရင်တော့ '

မျိုးသူ မမဇင် နားနားကပ်ပြီး တစုံတခု တိုးတိုးပြောလိုက်၏။ မမဇင်မျက်နှာလေး ရှက်သွေးဖြင့် ရဲရဲနီ သွားသည်။့ သူ့လက်မောင်းကို အတင်းလိုက်ဆိတ်တော့၏။

' ဟယ့် ဘာများလဲလို့ ညစ်စုတ်လိုက်တာ့ ကောင်စုတ်ကလေး '

မျိုးသူ တဟားဟား အော်ရီလိုက်မိသည်။ သြော့် ဒီလို စိတ်ချမ်းသာပျော်ရွှင်ရမည့်နေ့ရက်တွေရယ့် မဆုံးပါရစေနဲ့တော့။



........................................💚💛💖💝💙........................................

ပြီးပါပြီ။




Print Friendly and PDF

No comments:

Post a Comment