Friday, August 24, 2012

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း (၁၅)

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း (၁၅)

ဂျင်ကလိ ရေးသည်။

သာမန်အားဖြင့် သိင်္ဂီ သည် အမကိုချစ်သည့် ညီမလေးတယောက်အနေနှင့် နေဖို့ မခဲယဉ်းသော်လည်း ကိုကို နှင့် ပတ်သက်လာလျှင် မနာလိုစိတ်က ခေါင်းထောင်ထလာ၏။

သိင်္ဂ ီ့နားမှာ ကိုကို ရှိမနေလျှင် အားလုံးသည် ချမ်းချမ်းမြေ့မြေ့ရှိနေပြီး ကိုကိုရှိလာလျှင် အရောင်ပြောင်းသွားသလိုပင်။ ကိုကို နှင့် ချစ်ဖို့ အမြဲလို တက်ကြွ ကြိုဆိုနေတတ်သောသိင်္ဂီ သည် အိပ်ယာပေါ်မှာ ကိုကို့အလိုကိုဖြည့်ရင်း ငေးငိုင်တွေဝေနေတတ်လာသည်။  ကြာတော့ ကိုကိုတောင် ရိပ်မိလာ၏။ ဒါတောင်မှ ကိုကို အားလုံးကိုသိသည် မဟုတ် သိင်္ဂ ီစိတ်မပါဟု ထင်လာခြင်းသာဖြစ်သည်။ ကိုကို သိင်္ဂ ီ့ ဆီအလာကျဲသွားသည်။ ကိုကို လည်းစိတ်အနှောက်အယှက် ဖြစ်နေရ ကြောင်းသိတော့ သိင်္ဂီ စိတ်မကောင်းပါ။ ကိုကို့ကိုလည်း အားနာသည်။

မမ ကိုယ်ဝန်ကြီးနှင့် ပြန်ရောက်လာပြီးနောက် သိင်္ဂီ ကိုကို့အခန်းကို မသွားတော့။ ကိုကို ကသာ သိင်္ဂ ီ့ဆီ ကို မူးရင် ရောက်ရောက်လာသည်။ မမ ဟိုဖက်ခြံကို မရွှေ့ခင်က တခါပဲလာသော်လည်း မမ ဟိုဖက်ကိုပြောင်း သွားပြီးနောက်မှာ အရင်လိုပြန်လာသည်။ သိင်္ဂ ီမလာလို့ ကိုကို လိုက်လာမှန်းသိသည့် အခါ သိင်္ဂ ီကိုကို့ကို ဘယ်တော့မှ မငြင်းပါ။ ကိုကို့ စိတ်ဆန္ဒ ကိုဖြည့်ပေးလိုက်သည်ပင်။ သိင်္ဂီ စိတ်ပါတာတွေ မပါတာတွေ တွေး မနေတော့ပါ။ အဓိက က ကိုကို စိတ်ချမ်းသာဖို့သာဖြစ်သည်။ သိင်္ဂ ီတန်ဖိုးထားသည့် အချစ်ဆိုတာကို အိပ်ယာပေါ်မှာသာ အဆုံးမသတ်စေချင်ပါ။ ဖိုမ ဆက်ဆံခြင်းတခုထဲ သည် အချစ်လို့ မခေါ်နိုင်ဟု သိင်္ဂ ီတွေးစပြုလာပါသည်။ အိပ်ယာအပြင်ဖက်ကိုဆန့်ထွက်ဖို့ကျတော့လည်း ဘယ်လိုမှ မဖြစ်နိုင်သည့် အခြေအနေ တခုမှာ သိင်္ဂ ီပိတ်မိနေ၏။ သိင်္ဂ ီလည်း အသွေးအသားနှင့် တည်ဆောက်ဖွဲ့စည်းထားသည့်လူသားတယောက်ဖြစ်လို့ အချိန်တန်လျှင် သိင်္ဂ ီ့ခန္ဒာကိုယ်က ကိုကို့ ကိုတပ်မက်တောင့်တပါသည်။ 

ကိုကို နှင့် အတူ စိတ်လွတ်ကိုယ်လွတ် အားရပါးရ မရှက်မကြောက်ချစ်ခဲ့တာတွေကိုတွေးမိတိုင်းလည်း သိင်္ဂ ီရင်တွေခုန်ပြီး တပ်တပ်မက်မက်ဖြစ်ရသည်။ ထို့အတူ သိင်္ဂ ီ့ နှလုံးသားကလည်း ကိုကို့ နှလုံးသား ကိုကို့ အချစ်ကို လိုချင်တပ်မက်ပါ၏။ မရနိုင်လေ ပိုပြီးလို ချင်မိလေ ဖြစ်လာသည်။ နှလုံးသား နှင့် အသွေးအသားတို့၏ တပ်မက်မှုများကြားတွင် သိင်္ဂ ီ့ဦးဏှောက်က ဓါးစာခံ ဖြစ်ရ၏။ ကြာတော့ သိင်္ဂ ီမပျော်တော့ပါ။

နောက်တခုက သိင်္ဂီ  အထင်မှားတာလည်းဖြစ်နိုင်သည်။ ကိုကိုနှင့် ပတ်သက်နေမိခြင်း အတွက် မလုံမလဲ ဖြစ်ရသည့် စိတ်ကြောင့်လည်းပါနိုင်သည်။ ဒါပေမယ့် သိင်္ဂီ  ဒီအတိုင်းခံစားနေရသည်။ ဒီတကြိမ် အိမ်ကို ပြန် လာပြီးကထဲက မမ၏ အပြောအဆိုအနေအထိုင်တွေက တမျိုးဖြစ်နေသည်။ ဖူးဖူး နှင့် ဖိုးသားအပေါ် မှာ တောင် တမျိုးပင်။ ကိုကို့ ကိုတော့ထည့်ပြောရန်လိုမည် မထင်ပါ။ မမ ပုံစံမပျက် ဆက်ဆံတာဆိုလို့ လူကြီး တွေဖြစ်သည့် ဦးလေးစိုး နှင့် ဒေါ်ဒေါ်ကြည်သာ ရှိသည်။ သိင်္ဂ ီ့ အပေါ်မှာတော့ စီးစီးပိုးပိုး ပြောဆိုဆက်ဆံတာ တွေရှိသည် ဟု သိင်္ဂ ီခံစားရသည်။ သိင်္ဂ ီကလည်း ကိုယ့်ကိုယ်ကို အပြစ်မကင်းစင်သူ တယောက်လိုဖြစ်နေသည့် အတွက် အခုနောက်ပိုင်း မမကို ပိုပြီး အောက်ကျို့ဆက်ဆံသည်။ သိင်္ဂ ီအောက်ကို တိုးလေ မမ က ပိုပြီးစီးပိုးလေဟု တောင်တွေးမိသည်။

ကိုကို့မှာလည်း သူ့စိတ် အကြပ်အတည်းနှင့် သူသာဖြစ်ရာ ဒီအကြောင်းတွေပြောမနေတော့ဘဲ ကိုယ့်ဖာသာပဲတယောက်ထဲ ကြိတ်မှိတ် ခံစားနေရသည်။ ဖြစ်နိုင်လျှင် မန ္တလေး ဖြစ်ဖြစ်၊ မေမြို့ဖြစ်ဖြစ်ပြန်နေလိုက်ချင်သည်။ ကိုကို့ကိုလည်းမခွဲ နိုင်၊ တနေ့တခြားကိုယ်ဝန်ရင့်လာသည့် အမကိုလည်း ပစ်မသွားချင်လို့သာ အောင့် အီးနေရသည်။ အိပ်ယာထဲမှာ တောင်တောင်အီအီ တွေးရင်း ခန နားပြီးနောက် သိင်္ဂ ီရေချိုးကာ အဝတ်လဲပြီး အောက်ကို ဆင်း လာခဲ့၏။ ရေမချိုးခင် ရော ရေချိုးပြီးချိန်မှာပါ ကိုကို မရောက်သေးမှန်း သိသိနှင့် ကိုကို့အခန်းကို ကူး ကြည့်မိသည်။ အိမ်အောက်ရောက်တော့ မနေနိုင် မထိုင်နိုင်ဒေါ်ဒေါ်ကြည့်ကို မေးမိသည်။

“ကိုကိုအောင် ရောက်ပြီလား”

“ထုံးစံ အတိုင်းပေါ့ သိင်္ဂ ီရယ်၊ ဒီအချိန်ဘယ်လာဦးမှာလဲ၊ ထမင်းစားတော့ မလား”

ကိုကို ပြန်မလာခင် ထမင်းစားထားလိုက်မည်ဟု တွေးပြီး သိင်္ဂ ီထမင်းဝင်စားသည်။

“မမ ဆီ ထမင်းပို့ပြီးပြီလား”

“ပို့ပြီးပြီ”

“ဖူးဖူး ရော”

“အခုနမှ သူ့အမေဆီက ပြန်လာပြီးရေချိုးနေတယ်”

မမက သူမ၏ တရားအလုပ်ကို ဆက်လုပ်ရမည်ဟုဆိုပြီးညစာမစားဘဲနေသည်။သိင်္ဂီ ကန့်ကွက်သော် လည်း မရ။ ကိုကို မှအပ တခြားအိမ်သားတွေ ဝိုင်းပြောကြသော်လည်း လက်မခံ။ နောက်ဆုံးသိင်္ဂ ီက ဆရာဝန်ကြီး တွေကို ပြောတော့မှ ဆရာဝန်တွေကပါ ကလေးအတွက် လိုအပ်သောအဟာရပြည့်ဖို့ စားဖို့လိုသည်။ မစား လျှင် သူတို့လည်းတာဝန်မယူဟု တိုက်တွန်းတော့မှ ညစာစားသည်။ ကိုကို ကတော့တခွန်းမှ ဝင်မပြောပါ။ ဒါ ပေမယ့် သူလည်းစိတ်ပူကြောင်း သိင်္ဂ ီသိသည်။

“ကိုကို ဘာလို့ မမကို မပြောတာလဲ”

“ကိုယ်ပြောမှ ပိုဆိုးမှာပေါ့”

တကယ်လည်းဟုတ်သည်။ အခုနောက်ပိုင်း မမက ကိုကို့ကို သူစိမ်းတယောက်လို ဆက်ဆံသည်။ မတတ် သာလွန်းသည့် အခြေအနေမှာမှ စကားပြော၏။ ဟိုဖက်ခြံက အဆောင်ကိုပြောင်းပြီးနောက် သူမထံသို့ လာ ခွင့် ရှိသူ စာရင်းကိုထုတ်ပြန်ရာ အမျိုးသမီးတွေချည်းသာ ဖြစ်၏။ ကိုကို သာမက ဦးလေးစိုး နှင့် ဖိုးသား တောင် မပါ။

 ဦးလေးစိုးကရယ်နေသော်လည်း ဖိုးသားကတော့ သူ့ကိုလာခွင့် မပြုလျှင် မမ၏ အဆောင် ကို ညတိုင်းခဲဖြင့်လာထုမည်ဟု ခြိမ်းချောက် အကျပ်ကိုင်၍ လာခွင့်ပေးသည်။ ထို အကြောင်းကို ကိုကိုသိရ ချိန်တွင် အံ့သြသည့် အမူအရာပြသော်လည်း ဘာမှတော့ မှတ်ချက်မပေးပါ။

“ဒေါ်ဒေါ်ကြည် သိင်္ဂ ီ မမဆီသွားလိုက်ဦးမယ်၊ ဖူးဖူး မေးရင်သွားပြီလို့ပြောလိုက်၊ လိုက်လာချင်လည်း အိမ်စာ တွေပြီးမှ လာလို့”

“အေး အေး”

အခန်းထဲမှာကျန်ခဲ့သည့် ဖုန်းပြန်တက်ယူပြီး သိင်္ဂီ ထွက်လာခဲ့သည်။ ဒီဖက်ခြံ နှင့် ဟိုဖက်ခြံကို ကိုကိုက ကျောက်စီလမ်း လေးနှင့် ဆက်ပေးထားသည်။ စဆောက်တုန်း ကခင်မောင်တင့် နှင့် သိင်္ဂ ီဖြစ်သော်လည်း နောက်တော့ မနေသာသော ကိုကိုဝင်ပြီးကြီးကြပ်ပေးရှာပါ၏။ မမ အချိန်ပေးထားသည့် တလ မပြည့်ခင် မှာ ပင် ခြံတွင်း အလှဆင်ခြင်း အပါအဝင်အားလုံးပြီးအောင်လုပ်ပေးခဲ့သည်။

အချိန်က ညဦးပိုင်းထဲဝင်နေသော်လည်း ခြံနှစ်ခြံကြားမှာ မီးတိုင်တတိုင်ထွန်းပေးထား၍ လင်းလင်းချင်းချင်းရှိသည်။ ကိုကို မှ အပ ကျန်အိမ်သားတွေက ကူးချည်သန်းချည် လုပ်နေကြသောကြောင့် မမှောင်မှီကပင် ဦးလေးစိုးက မီးကြိုဖွင့် ပေးထားလေ့ရှိသည်။

အဆောက်အဦးက သိပ်မကြီးပါ။ အခန်း နှစ်ခန်းသာပါ၏။ အလျားပေနှစ်ဆယ်ခန့် နှင့် အနံ ဆယ့်ငါးပေ လောက်ရှိမည့် မမတရားထိုင်သည့် ဘုရားခန်းလို့လည်းခေါ်နိုင်သည့်အခန်းနှင့် ရေချိုးခန်း အိမ်သာက အစ အပြည့်အစုံပါသည် မမ၏ အိပ်ခန်း တို့ဖြစ်သည်။ အဆောက်အဦကိုတော့ မမက သူ့စိတ်ကြိုက်ပြင်သည်။ ဘုရားခန်း အပေါ်ဖက်မှာ အမိုးကို ဘုံဆောင်လို အထပ်ထပ်တွေတင်တော့ ဓမ္မာရုံကျနေတာပဲ ဟု ကိုကို ကသိင်္ဂ ီ့ကိုပြောသည်။ နဂိုထဲက သစ်ပင်တွေများသည့် ခြံလည်းဖြစ်ရာ မမဆောက်လိုက်သည့် အဆောက်အဦး၏ ပုံစံကြောင့် သိင်္ဂ ီ့မျက်စိထဲမှာတော့ ကိုကိုပြောသလို ဓမ္မာရုံ နှင့်မတူဘဲ ဘုန်းကြီးကျောင်းနှင့် တူနေသည်။

အိမ်ဟောင်း နှင့် လမ်းဆက်ပေးထားသလို သူ့ဟာသူခြံဝင်းတံခါးသီးသန့်လုပ်ပေးသည့် အပြင် မမ လမ်း လျှောက် ဖို့ အဆောင်တပတ် ကျောက်စီလမ်းလေး ပါခင်းထားသည်။ ကိုယ်ဝန်ကြောင့် မမ အချိန်ကြာကြာ တရား မထိုင်နိုင်တာနှင့်လည်း အတော်ပင်ဖြစ်သွား၏။ သိင်္ဂ ီဝင်သွားတော့ အမွှေးပွကော်ဇောထူကြီးခင်းထားသည့် ဘုရားခန်းကြမ်းပြင်ပေါ်မှာ ဝမ်းလျားထိုးပြီး ဂိမ်းဆော့နေသည့် ဖိုးသားကိုတွေ့ရသည်။ ဖိုးသား ကစားတာကို မိန်းကလေးတယောက် ကဘေးမှကြည့် နေသည်။ ဖူးဖူးထက် အသက်ကြီးပြီး ပို၍ဖွံ့ထွားသည့် မိန်းကလေးတယောက် ဖြစ်သည်။ အသားကပ် ဘောင်းဘီရှည်အနက်ရောင် နှင့်တင်ပါးလောက်အုပ်သည့် အင်္ကျ ီပွပွ ကိုဝတ်ထားသည်။

“ဟေ့ ဘုရားခန်းထဲမှာ ဂိမ်းမဆော့ရဘူးလေ”

ဖိုးသား လှည့်ကြည့်သလို မိန်းကလေးကလည်းလှည့်ကြည့်၏။ သူမကို တနေရာရာ မှာမြင်ဖူးသလိုလို စိတ်မှာထင်မိသည်။

“သားမေမေ ရော”

“အထဲမှာ ဧည့်သည်ရောက်နေလို့”

“ဟုတ်လား၊ ဒါဆိုလဲ ပြီးမှ လာတော့မယ်”

သိင်္ဂ ီပြန်လှည့် လိုက်သော်လည်း အထဲက မမ က သိင်္ဂ ီ့အသံကိုကြားသွားသည်။

“သိင်္ဂ ီရေ၊ ခနလာဦးဟေ့”

အထဲဝင်သွားတော့ ကုတင်ပေါ်မှာ မမ ကို မိန်းမ တယောက်နှင့် အတူတူထိုင်နေတာ တွေ့ရသည်။ သူမ ကို တော့ သိင်္ဂ ီချက်ချင်း မှတ်မိပါသည်။ ဧည့်ခံပွဲမှာ ကိုကို နှင့်သိင်္ဂီ ကို တွေ့သွားသည့် မိန်းမဖြစ်သည်။ဒါကြောင့် အပြင်မှာတွေ့ခဲ့သည့် ကလေးမ ကို မြင်ဖူးသလိုလို ထင်မိခြင်းဖြစ်သည်။

“ထိုင်ဦး ”

ကုတင်ဘေးက ပလပ်စတစ်ခုံလေးမှာ ရင်တုန်စွာနှင့် ဝင်ထိုင်မိ၏။ သိင်္ဂ ီ့ကိုဒီမိန်းမ မမှတ်မိပါစေနှင့် ဟုလည်းကျိတ်ပြီးဆုတောင်းနေမိသည်။ သူမကလည်း သိင်္ဂ ီ့ကို သေသေချာချာ စိုက်ကြည့်နေသည်။

“ဒါ မမ မိတ်ဆွေ၊ ဓမ္မမိတ်ဆွေပေါ့ ဒေါ်တင်မမတဲ့၊ ဒါကျွန်မ ညီမလေးလေ၊ သိင်္ဂီ တဲ့”

“တွေ့ရတာ ဝမ်းသာပါတယ်၊ ညီမ ကို မြင်ဖူးသလိုလိုပဲ”

မြင်ဖူးသလိုလို အဆင့် မဟုတ်ကြောင်း သိင်္ဂ ီ့ မျက်လုံးတွေထဲအထိ စိုက်ကြည့်လိုက်သည့် အကြည့်က သက်သေခံနေသည်။

“ဟုတ်ကဲ့ ရှင့်၊ သိင်္ဂ ီက နေရာတကာ လျှောက်သွားနေတော့ တနေရာရာမှာ တွေ့ဖူးတာဖြစ်ပါလိမ့်မယ်”

အသံကို အတတ်နိုင်ဆုံးတည်ငြိမ်အောင်ထိန်းပြီးပြောလိုက်ရသည်။ မမ၏ ဓမ္မ မိတ်ဆွေ ဆိုသူတွေ နှင့် ကိုကို က သိပ်ပြီးပတ်ပတ်သက်သက် နေလေ့ မရှိတာတခုပဲစိတ်သက်သာစရာ ရှိသည်။ ကိုကို့ကို ဒေါ်တင်မမ မသိ လျှင် သိင်္ဂ ီ့လိုလွတ်လပ်သည့် မိန်းမ တယောက်အတွက်ယောက်ျားတယောက် နှင့် အတူရှိနေခြင်းကမဆန်းပါ။ မမ ကိုအကဲခတ်ကြည့်ရာ သိင်္ဂ ီနှင့် ဒေါ်တင်မမ တို့၏ အမူအရာတွေကို သတိထားမိပုံမရပါ။ မမမှာလည်း ဒုက္ခ ရှိသည်။ ဓမ္မမိတ်ဆွေတွေလာလျှင် ဗိုက်အတွက် ရှက်ကိုးရှက်ကန်း ဖြစ်နေတတ်သည်။ ထို့ကြောင့် သိင်္ဂ ီ တို့ ကိုမမအာရုံ မစိုက်နိုင်ပါ။

“သိင်္ဂ ီ့ မှာပိုက်ဆံ ဘယ်လောက်ရှိလဲ”

“အင်း ရှိပါတယ်၊ မမ လိုလို့လား”

“အေး … နောက်နေ့ပြန်ပေးမယ်လေ၊”

“ကြည့်လိုက်ဦးမယ် မမ၊ သိင်္ဂ ီ့ဆီမှာလည်း နည်းနေတယ်ထင်တယ်၊ ရှိတော့ရှိဦးမှာပါ”

“ရှိသလောက်ယူခဲ့လေ”

“ဟုတ်ကဲ့”

ဒီမိန်းမ ပိုက်ဆံလာချေးတာဖြစ်မည်ဟု တွေးရင်း သိင်္ဂ ီအိမ်ဖက်ကို ပြန်လာခဲ့သည်။ မမ အဆောင်ရှိရာခြံထဲ မှာ ဂျစ်ကားတစီးရပ်ထားတာ ကို အခုမှသတိပြုမိသည်။ ဟိုဒေါ်တင်မမ၏ကားဖြစ်မည် ထင်သည်။ ကားပေါ် မှာ လူတယောက်ဆေးလိပ်ဖွာနေသည့် မီးတရဲရဲ ကို မြင်နေရသည်။

“ဟောတော့”

သိင်္ဂ ီ့ အိတ်ထဲမှာ ငွေတသိန်းကျော်ပဲရှိသည်။ ဘီရိုထဲက အိတ်ကိုဖွင့်တော့လည်း နှစ်သိန်းပဲ ရှိသည်။ အား လုံးပေါင်း သုံးသိန်း။ မမဘယ်လောက်လိုချင်တာ မှန်းလည်းမသိ၍ ရှိသည့် သုံးသိန်း ယူပြီး ပြန်လာခဲ့သည်။

“မမ ဘယ်လောက်လိုချင်တာလဲ၊ သိင်္ဂ ီ့ မှာလည်းသုံးသိန်းပဲရှိတယ်၊ မနက်ဖြန်မှ မရဘူးလား”

“ရပါတယ်၊ သုံးသိန်းပဲ ပေးတော့၊ ငါ့ဆီမှာက ငါးသောင်းတောင် မပြည့်တော့ဘူး”

သိင်္ဂ ီယူလာသည့် ပိုက်ဆံတွေကို မမက ဒေါ်တင်မမ လက်ထဲထည့်ပေးရင်း

“ဒီတခေါက်တော့ သုံးသိန်းပေါ့ မတင်မမ ရယ်။ နောက်လိုတယ် ဆိုရင်ထပ်ထည့်ပါမယ်၊ မှတ်ထား သိလား”

မမ ဘာပြောတာလဲ သိင်္ဂ ီမသိပါ။ ဒေါ်တင်မမ ကတော့ သိပ်သဘောကျသည့် ပုံမရှိပါ။

“ကျွန်မ က မသူဇာ ဆီကနေ ငါးသိန်း နဲ့ ဆယ်သိန်းကြား အနည်းဆုံးလို့ မှန်းထားတာ၊ ခုတော့ သုံးသိန်းတဲ့၊ ယုံကြမှာတောင် မဟုတ်ဘူး”

“ဟုတ်ပါတယ်၊ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် မတင်မမရယ်၊ ကျွန်မတို့ ညီအမ နှစ်ယောက်လုံး ပိုက်ဆံကုန်နေတယ်၊ ဟိုဒင်း လေ အခုန ညီမလေးပြောသလိုပဲ မနက်ဖြန်မှ ပေးရင်ဖြစ်မလား၊ ရုံးချိန်ဆို ရင်တော့ ကျွန် မတို့ ပိုက်ဆံ ထုတ်လို့ရပါပြီ”

ဒေါ်တင်မမ လက်ခံချင်ပုံမရဟု သိင်္ဂ ီထင်သည်။ ဒီလောက်တောင် မမက လိုက်လိုက်လျောလျော ပြောနေ သည်ကို လုပ်နေသည့် အမူအရာကိုကြည့်ရင်း သိင်္ဂ ီစိတ်မရှည်ချင်သလိုဖြစ်လာသည်။

“အောင်မလေး မသူဇာရယ်၊ ဒီလိုနေရာ မှာဒီလို အိမ်နဲ့နေပြီး ညီအမ နှစ်ယောက်ပေါင်းမှ ငွေသုံးသိန်းပဲ ရှိသတဲ့”

စိတ်မရှည်ချင်တော့သည့် သိင်္ဂ ီကမမကိုမေးလိုက်သည်။

“ဆွမ်းစားကျောင်းဆောင် အတွက်ပါ၊ ငါလည်းလှူမယ် ပြောထားပြီး ကိုယ့်ကိစ္စနဲ့ ကိုယ်မေ့နေတာ၊ မတင်မမ တကူးတက လာသတိပေးလို့၊ ဖြစ်ချင်တော့ ပိုက်ဆံကလည်းနည်းနေတယ်”

ကုသိုလ်ရေးဆိုသည့် အတွက် သိင်္ဂ ီ ဘုပြောဖို့မကောင်းတော့ပါ။မယုံသင်္ကာ အမူအရာနှင့် အလှုခံ နေသည့် ဒေါ်တင်မမ ကို စိတ်မတွေ့သော်လည်း

“အမ မနက်ဖြန်ထိ စောင့်ဖို့ အဆင်မပြေဘူး ဆိုရင်၊ ခုဒီငွေ သုံးသိန်းအပြင် လိုသလောက်ကို ကျွန်မ ချက်ရေးပေးလိုက်ပါမယ်၊ ရေးပေးလိုက်ရ မယ့် amount ကိုပြောပါ။”

“ဘဏ် မှာသွားထုတ်ရမှာလား”

“ဟုတ်ကဲ့၊ အမ အလုပ်ရှုပ်မှာကို အားတော့နာပါတယ်၊ အမက မနက်ဖြန်အထိ မစောင့်နိုင်ဘူးဆိုတော့ လည်း   ….. ဖိုးသားရေ”

အပြင်မှာ ဒေါ်တင်မမ သမီးကို ဂိမ်းနှင့် ဧည့်ခံနေသည့် ဖိုးသားကို လှမ်းခေါ်လိုက်သည်။

“သားလေး၊ တီတီ့ အခန်းထဲက ကုတင်ပေါ်မှာတင်ထားတဲ့ အိတ်ယူပေးစမ်းပါ၊ ဂိမ်းကို ခန ရပ်ထားခဲ့နော်”

“မုန့်ဖိုးပေးမှာလား”

“ပေးမယ်၊ ပေးမယ်၊ မြန်မြန်ယူခဲ့”

ဖိုးသား လှစ်ကနဲ ထွက်သွားပြီးနောက် ဒေါ်တင်မမ၏ သမီး အခန်းထဲဝင်လာသည်။ မိန်းကလေး၏ ဝတ်ပုံစား ပုံကို မမသဘောတွေ့ပုံမရသော်လည်း

“မတင်မမ သမီးက အချောလေးပဲ၊ ဘာတက်နေတုန်း”

“ကျောင်းကတော့ အဝေးသင်ပါပဲ၊ ဒုတိယနှစ်၊ သူက မော်ဒယ်လေ၊ ဒေးတက်ရင် အလုပ်ပျက်မှာစိုး လို့ အ ဝေးသင်ပဲ တက်ခိုင်းလိုက်ရတယ်”

ပွဲတွေဒီလောက်တက်နေရသည့် သိင်္ဂီ သူမ ကိုတခါမှမမြင်ဖူးပါ။ မျက်စိမှောက်တာလည်း ဖြစ်ချင်ဖြစ်နိုင်ပါ သည်။ ဒီကလေးမက လည်းမခေပါ။ အထဲရောက်တာနှင့် သိင်္ဂ ီ့ကို တချက်ကြည့်ပြီးသူ့ အမေကို ကြည့်သည်။ ဒေါ်တင်မမ ခေါင်း မသိမသာညိတ်ပြလိုက်တာကို သိင်္ဂ ီမြင်နေရ၏။

“နင့် အကိုပြန်လာပြီလား သိင်္ဂ ီ၊ သူ့ဆီမှာ ဆိုရင်တော့ပိုက်ဆံရှိမယ် ထင်တယ်”

“ပြန်မလာသေးဘူးမမ”

“အော် … မသူဇာ အမျိုးသားကိုပြောတာလား၊ ဦးအောင်ဘညို ဆိုတာ”

“ဟုတ်ကဲ့၊ မတင်မမ နဲ့ မိတ်ဆက်ပေးဖူးလား”

“ဟင့်အင်း၊ ဒါပေမယ့် မြင်တော့မြင်ဖူးတယ် ထင်တယ်၊ မသူဇာတို့ အသက်လောက်ပဲ ထောင်ထောင်မောင်း မောင်း၊ ခန့်ခန့်ချောချောလေ”

မမ နှင့် စကားပြောရင်း သိင်္ဂ ီ့ကိုလှမ်းကြည့်သည့် မိန်းမကို တခုခု နှင့်ကောက်ပေါက်ချင်စိတ်ပေါက်လာသည်။ထိုအချိန်မှာဖိုးသား အိတ်ဆွဲပြီးဝင်လာ၏။ အိတ်ကိုယူ၍ချက်စာအုပ်ကို ထုတ်လိုက်ပြီး

“ဘယ်လောက်ရေးပေးလိုက်ရမလဲ မမ”

“ငါးသိန်း ရေးလိုက်”

“ဟိုဒင်း မသူဇာရယ်၊  ချက်နဲ့က ငါးသိန်းဆိုတော့ ဒီသုံးသိန်းကရော”

“လှူပါတယ်၊ လှူပါတယ်၊ ယူလိုက်ပါ”

စိတ်ပေါက်ပေါက်နှင့် မမမပြောခင် သိင်္ဂီ ဖြတ်ပြောလိုက်၏။

“အို ဒါဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့၊ ဒီကိုလာရကျိုးနပ်သွားပြီ။ ဆရာတော်ကိုလဲ လျှောက်လိုက်ပါ မယ်၊ မသူဇာ မိသားစုက ရှစ်သိန်းလို့၊ ကဲကဲ ချက်နဲ့ မယူတော့ပါဘူး၊

မနက်ဖြန်မှပဲ မသူဇာငွေထုတ်ပြီးမှ လာယူတော့မယ်၊ သမီးကလဲ မနက်ဖြန်ပွဲရှိလို့ လိုက်ရဦးမယ်လေ၊ ဘဏ် ရောက်ဖြစ်မယ် မထင်ဘူး”

“ဒါဆိုလဲ မနက်ဖြန်ကျရင် မတင်မမ ဆီကို ကျန်တဲ့ ပိုက်ဆံ ပို့ခိုင်းလိုက်ပါမယ်”

လက်ငင်းရသည့် ငွေသုံးသိန်းကို အိတ်ထဲထိုးထည့်ပြီးဒေါ်တင်မမ ထိုင်ရာကထသည်။

“ကဲ ဒါဆိုလဲ ပြန်လိုက်ဦးမယ် မသူဇာရေ၊ ဧည့်သည်လာလို့ တရားအလုပ်လဲ ပျက်နေဦးမယ်၊ မသူဇာတို့ များအားကျပါရဲ့၊ ဒီလိုအချိန်မှာတောင် အလုပ်မပျက်ဘူး၊ ကျွန်မ တို့မှာတော့ ဒီသမီး နောက်ကလိုက်နေရတာ နဲ့ရပြီးသား ဉာဏ်စဉ် လေးတွေတောင်ဘယ်ရောက်ကုန်ပြီ မသိဘူး”

ပြောလိုရာပြောပြီး နောက်သမီးကိုခေါ်ပြီးထွက်သွားရာ မမက အဝအထိလိုက်ပို့သည်။ အဆောင်ဝမှာ ဖိနပ်စီး ရင်း သိင်္ဂ ီ့ကို အဓိပ္ပယ်ပါသည့် အကြည့်ဖြင့်ကြည့်သွားသေး၏။ မော်ဒယ်ပေါက်စ ကလည်း ပြုံးစိစိ ဖြင့် နှုတ် ဆက် သည်။ ခြံထဲက သူတို့ကားလေး ထွက်သွားတာ မြင်တော့မှ သိင်္ဂ ီ့ရင်ထဲ ပေါ့သွားသည်။

“ဘယ်လိုကြီးလဲ မမရယ်၊ သူအလှုခံတာကြီးကလဲ”

“တချို့တွေက ထည့်မယ်ပြောထားပြီး တကယ်တန်းကျတော့ ဆင်ခြေပေးပြီးရှောင်တတ်တာမျိုးရှိတယ်လေ၊ သူလဲ ရအောင်ကောက်ရင်း အကျင့်ပါနေတာ နေမှာပေါ့”

“မမ နဲ့ ရင်းနှီးတယ် မဟုတ်လား၊ မမ အကြောင်းဒီလောက်တောင် မသိဘူးလား”

“စခန်းရက်ရှည် နှစ်ခါသုံးခါ တူတူဝင်ဖူးတာလောက်ပါပဲ၊ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာ ဆိုတော့ တရင်း တနှီးနေချိန်လဲ မရဘူးလေ၊ တလောက သူကမကထ လုပ်နေတဲ့ ကျောင်းမှာဆွမ်းစားကျောင်း အတွက်အလှု ရှင်တွေ လိုနေတယ် ဆိုတာနဲ့ ဆောက်ဖြစ်ရင်ပြောပါ လှူပါမယ် ဆိုတာနဲ့ ရောက်လာတာ”

“သူ့ပုံစံကြည့်ရတာ သိပ်မဟုတ်ဘူး၊ တကယ်ကျောင်းဆောက်မှာဟုတ်ရဲ့လား”

“ဟုတ်ပါတယ်၊ ငါလဲ တခါ နှစ်ခါ သူတို့ကျောင်းကို ရောက်ဖူးပါတယ်။ သူ့ယောက်ကျားကလဲ ရာထူးလေးဘာလေး ရှိတဲ့လူပါ၊ မဟုတ်တာ မလုပ်လောက်ပါဘူး”

“ဒါဆိုရင်လည်း ပြီးရောလေ”

စကားစ ဖြတ်လိုက်သော်လည်း သိင်္ဂ ီ့ရင်ထဲမှာ ရှင်းမသွားပါ။ စိတ်ထင့်နေသည်။ ငွေရေးကြေးရေးတွေကို သိင်္ဂီ လုံး၀ စိတ်မဝင်စားပါ။ ဒီမိန်းမ၏ အပြောနှင့် အကြည့်တွေကြောင့် စိတ်အနှောက်အယှက်ဖြစ်နေရခြင်း သာဖြစ်သည်။ ကိုကို့ကိုပြောပြလျှင်ကောင်း မလားတွေးမိသေးသော်လည်း ကိုကို ပိုပြီးစိတ်ရှုပ်စရာ ဖြစ်မှာ စိုး၍ မပြောဘဲထားလိုက်ရန်ဆုံးဖြတ်လိုက်သည်။

ထိုညက ကိုကို ကလည်း အိမ်ပြန်မအိပ်ပါ။

.......................................................

{ ရန်သူထောင်သောင်း မက နောက်ကနေ ခြေရာထပ်၍ လိုက်သော်လည်း ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အားထုတ်လျှင် လွတ်မြောက်ရာလမ်း၊ ပုန်းစခိုရာနေရာ တွေ့ရှိနိုင်သည်။

မည်မျှအားထုတ်စေကာမူ လွတ်မြောက်နိုင်ရန် မစွမ်းနိုင်သည့် အရာများ မှာ သေခြင်းတရား နှင့် မိမိ စိတ်၏ ခြောက်လှန့်မှု ဖြစ်၏။}

....................................................

အခန်း (၂၇)

မေမြို့တက်လိုက်ဦးမည်ဟု သိင်္ဂ ီပြောလာသောအခါ ဦးအောင်ဘညို အံ့သြသွားသည်။ သိင်္ဂ ီမေမြို့က ပြန် လာသည်မှာ တလ လောက်သာရှိသေး၏။

“ဘာစိတ်ကူးပေါက်တာလဲ”

“အရင်တခေါက်ကထဲက သုံးရက်ထဲ နေလို့ရူပါတို့ကပြောနေကြတာ။ ခုချက်ချင်း မဟုတ်ပါဘူး။ ရူပါ ဆင်း လာဦးမယ်၊ ပြန်မှ သူနဲ့ ခနလိုက်သွားမလားလို့”

အရင်လက တရားဝင်ရုံးပိတ်ရက်သုံးရက်ဆက် နေ၍ သိင်္ဂ ီမေမြို့တက်ပြီး နန်းရူပါအမေကို သတင်းမေးသွားသည်။ မသူဇာကလည်း တဖက်ခြံမှာ သူမဖာသာ နေနေသော အခါ ဦးအောင်ဘညိုကတော့ ထိုရက်များကို ကျော်ကျော် နှင့် အချိန်ဖြုန်းခဲ့သည်။

“ရုံးကိစ္စတွေလဲ နည်းပါတယ်။ အေးအေး တယောက်ထဲနဲ့ ရမှာပါ၊ သိင်္ဂ ီကလည်း သိပ်မကြာပါဘူး၊ ဒေါ်လေး တို့ ရူပါတို့ စိတ်ကျေနပ်သွားရင် ပြန်ဆင်းလာခဲ့မယ်”

“သိင်္ဂ ီ့ အမတော်ဖုရားကို ရောလျှောက်ပြီးပြီလား”

ဦးအောင်ဘညို စကားကိုသဘောကျပြီး သိင်္ဂ ီကိုယ်လုံးလေး သိမ့်သိမ့်တုန်အောင်ရယ်ရင်း ခေါင်းခါပြသည်။

“အိမ်က ကောင်မလေးတွေကတော့ သခင်မကြီး တဲ့”

“သိင်္ဂ ီ့ ရှေ့မှာ ပြောတာလား”

“သိင်္ဂ ီ့ကိုတော့ ဘယ်ပြောရဲမလဲ၊ သူတို့ချင်း ပြောတာကြားတာလေ”

“ဒါဆို သိင်္ဂ ီက သခင်မကြီးရဲ့ ညီမ သခင်မလေးပေါ့”

“အဲလိုခေါ်သံတော့ မကြားမိဘူး၊ ကဲကဲ… အေးအေး နဲ့ အလုပ်ကလေးသွားလုပ်လိုက်ဦးမယ်”

လှလှပပ တုန်ခါသွားသော သိင်္ဂ ီ့တင်ပါးတွေက ဦးအောင်ဘညိုကို ရည်ရွယ်ချက်ရှိရှိ ကျီစားကြသည် လို့ တော့ မထင်ပါ။ သို့သော်ဦးအောင်ဘညို က မကြည့်ဘဲလဲ မနေနိုင်ချေ။

မသူဇာပြန်ရောက် လာကထဲက ထိုမက်မောဖွယ် အလှတရားကို ရံဖန်ရံခါမှသာ ပိုင်ဆိုင်ခံစားခွင့်ရနေသည့် အတွက် သိင်္ဂီ အခန်းပြင်ကိုရောက်သည် အထိ နောက်ကလိုက် ကြည့်နေမိသည်။ မသူဇာကြောင့် သိင်္ဂီ  သွားတာများလားဟု ဦးအောင်ဘညို တွေးနေမိ၏။ မသူဇာ၏ အနေအထိုင်အပြော အဆိုတွေက အရင်ကနှင့် မတူတော့ပါ။ ပြောင်းလဲ နေသည်။ သူမဖာသာ သပ်သပ် နေနေ သည်မှန်သော် လည်း အရင်ကနှင့် မတူသည့် မာမာထန်ထန် ဟန်ပန်တွေကြောင့် ဦးအောင်ဘညို ကိုယ်တိုင် စိတ်ကျဉ်း ကြပ်ရတာ အမှန်ပင်။ သိင်္ဂ ီလည်း ဒီလိုပင်ရှိလိမ့်မည် ထင်သည်။ ဒါကြောင့် မေမြို့သွားဖို့ စိတ်ကူးတာ ဖြစ် နိုင်သည်။ သို့သော်လည်း မီးဖွားချိန် အမှီတော့ သိင်္ဂ ီမဖြစ်မနေပြန်လာမည်ထင်သည်။

သိင်္ဂ ီမသူဇာကို ချစ်ကြောင်း ဦးအောင်ဘညို ကောင်းကောင်းသိ၏။ ဖိုးသားနှင်း ဖူးဖူး မွေးတုန်းကလည်း လာနေပေးသည်။ မသူဇာကိုယ်တိုင်လည်း ခုတခေါက်မှာ ဘယ်လောက်ခက် ထန်နေသည် ဖြစ်စေ သူမ အတွက်လိုအပ်သောကိစ္စအကုန်လုံးကို သိင်္ဂီ ပင် ပြေးလွှားလုပ်ကိုင်ပေး နေသည်ကို အားကိုးနေရသူဖြစ်၏။ မေမြို့ ကလူနာအတွက်လည်း ရန်ကုန်က ကိစ္စတွေ သိင်္ဂ ီတာဝန်ယူထားရသည်။ ဆေးဝယ်ပို့ရသည်။ ရန် ကုန် မှာ မရလျှင် ထိုင်း၊ စင်္ကာပူရှိ အသိမိတ်ဆွေတွေကို လှမ်းမှာပြီး ဝယ်ပေးရသည်။ ရုံးကိစ္စ တွေလည်း တဖက်ရှိသော အခါ အခုတလော သိင်္ဂ ီအလွန်ပင်ပန်းသည် ကို ဦးအောင်ဘညို သတိ ထားမိသည်။ မသူ ဇာကလည်း ဖုန်းတလုံး နှင့် သူလိုတိုင်း လှမ်းခိုင်းတတ်၏။အကယ်၍ သိင်္ဂ ီမေမြို့ သွား သည် ဆိုလျှင် သူမ အတွက် ခေတ္တခန အနားရခြင်း လို့ဆိုနိုင်သည်။

“သွားပါစေလေ”

ဦးအောင်ဘညို တယောက်ထဲ ခေါင်းညိတ်ရင်း ပြောလိုက်သည်။ နန်းရူပါ တို့နှင့် သိင်္ဂီ က သံယောဇဉ် လည်း ကြီးကြသည်။ မန ္တလေးမှာ အမေဖက်က ဦးလေး အဒေါ်အရင်းတွေရှိကြပြီး သူတို့ကလည်း သိင်္ဂ ီ့ကို ချစ်ကြ ပါသည်။ သို့သော်လည်း သိင်္ဂီ က မေမြို့မှာသာပျော်၏။ မန ္တလေးက အမျိုးတွေဆီကို တခါတလေမှသာ သွား သည်။ ရူပါ ရောက်လာ၍ အပြန်မှာ သိင်္ဂ ီမေမြို့လိုက်ဦးမည် ဆိုသောအခါ မသူဇာသဘောမကျပါ။ သိင်္ဂီ ကလည်း လည်သည်။ မသူဇာ၏ ဓမ္မမိတ်ဆွေ တွေသတင်းမေး ရောက်နေချိန်တွင်သွားပြော၏။

မသူဇာကလည်း အိမ် ကလူတွေ နှင့်သာ ခပ်မာမာလုပ်နေမည်။ သူမ၏ ဓမ္မ မိတ်ဆွေတွေ နှင့် မူ စကားတွေ ရွှန်းရွှန်း ဝေလို့နေ၏။ဒီလို စိတ်ကြည်ကြည် လင်လင် ရှိနေမည့် အချိန်ကို သိင်္ဂ ီကရွေးလိုက်ချင်း ဖြစ်သည်။ မတတ်သာပဲ မသူဇာခွင့်ပြု လိုက်သည် နှင့် သိင်္ဂ ီအထုပ်ပြင်ပြီး နန်းရူပါဝင်း နှင့် အတူ သုတ်ချေတင်တော့၏။ ဦးအောင်ဘညို ကိုတော့ရုံးမှာဝင် နှုတ်ဆက်သွားသည်။

ဒီတခေါက် အလာတွင်ဗိုက်သတင်း မေးလာသော နန်းရူပါဝင်းကို မသူဇာက အိမ်မှာတည်း ခိုင်းသည်။ ရူပါ ရှိ နေသည့် အတွက် ဦးအောင်ဘညို လည်း သိင်္ဂ ီနှင့် မတွေ့ဖြစ်တော့ပါ။ ရူပါက သင်္ဂ ီ့ အခန်းမှာပင် တူတူအိပ် ၍ သိင်္ဂ ီလည်း ဦးအောင်ဘညို ဆီကို မသွားခင်နှုတ်ဆက်ပွဲ ကျင်းပရန် ရောက်မလာနိုင်တော့ပေ။

“ဒီညနေ ကားနဲ့ပဲ တက်လိုက်တော့မယ် ကိုကိုအောင်”

သိင်္ဂ ီ့အသံက မသိမသာတုန်နေပြီး မျက်လုံးမှာ မျက်ရည်ဝဲနေသည်။ ဘေးမှာ နန်းရူပါဝင်း ပါနေ၍ ဦးအောင် ဘ ညို ကို အနမ်းနှင့် နှုတ်ဆက်မသွားပါ။ ဒီလိုကျပြန်တော့ လည်း ဦးအောင်ဘညို ရင်ထဲမှာ ဟာတာတာ ဖြစ်ရသည်။ ဘယ်တော့ပြန်လာမှာလဲ ဟုမေးဖို့တောင်မေ့နေမိသည်။ သေသေချာချာ ပြန်တွေးကြည့်လျှင် မသူဇာ အိမ်မှာပြန်နေသည့် အတွက်အခွင့်အရေး အပြည့်အဝဆုံး ရံှုး ရသူက သိင်္ဂ ီဖြစ်သည်။ ဦးအောင် ဘညိုအတွက်က အသွားမပျက်အစား မပျက် သိပ်ပြီးထိခိုက်စရာ မရှိပေ။

မသူဇာ က မကြည်မလင်ဖြစ်နေတာကို အကြောင်းပြုပြီး အိမ်မကပ်ဘဲနေလို့တောင်ရနေသေး၏။ အရင်ထဲက အိမ်မကပ်ချင်သူ အတွက်အပြင်မှာ နေဖို့ အခွင့်အရေးတခုဖြစ်သည်။အသွေးအသား ကိစ္စအတွက် ကလည်း သိင်္ဂ ီ နှင့် တွေ့ဖို့ မလွယ်ကူသည့် တိုင် ကျော်ကျော့်ဆီ အချိန်မရွေးသွားလို့ရ နိုင်သည်။ သိင်္ဂ ီ့ မှာသာ အလုပ် တွေ ပိုရှုပ်လာရသလို ဦးအောင်ဘညို နှင့်နီးနီးကပ်ကပ် နေဖို့ အခွင့်အလမ်း လျော့သွားရခြင်းဖြစ်သည်။ဒီ အ တွက် သိင်္ဂ ီစိတ်ကောင်းပုံမရသည်ကို လည်း ဦးအောင်ဘညို တဖြည်းဖြည်းရိပ်မိလာပါသည်။

နောက်ပြီး သိင်္ဂ ီကိုယ်တိုင်ကလည်း အရင်လိုရဲရဲတင်းတင်း အခွင့်အရေးရှာခြင်း မျိုးမရှိတော့ပါ။ မသူဇာကို ရွံ့နေဟန် တူသည်။

“အေးအေး ရေ၊ ခနဟေ့”

“ရှင် … လေးလေး”

အေးအေး ဦးအောင်ဘညို ရှေ့မှာလာရပ်သည်။

“သိင်္ဂ ီနဲ့ ကိစ္စတွေ နင်တယောက်ထဲဖြစ်မလား၊ တချို့ဟာတွေ ငါမသိဘူးနော်၊ နင်တို့ နှစ်ယောက် လုပ်နေ ကြတာတွေ”

“ဖြစ်ပါတယ် လေးလေး၊ မမသိင်္ဂ ီကလည်း လိုအပ်ရင် သူ့ဆီဖုန်းဆက်လိုက်ပါ၊ သူလိုတာချက်ချင်း လှမ်းလုပ် ပေးမယ် ပြောပါတယ်”

“ဖြစ်တယ် ဆိုပြီးတာပဲ၊ သွားသွား ရပြီ”

သိင်္ဂ ီကြာကြာနေမည် လို့တော့ဦးအောင်ဘညို မထင်မိပါ။ ဦးအောင်ဘညို အပေါ်သံယောဇဉ်ကြီးသလို အသက်ကြီးမှ ကိုယ်ဝန်ဆောင်နေရသည့် အမလုပ်သူကိုလည်း ပူပန်ပုံရသည့်အတွက် ပြန်လာဖို့ သိပ်ပြီး ဝန်လေးချင်မှလေးလိမ့်မည်။ ဦးအောင်ဘညို ဆီကို ဖုန်းမဆက်ဘဲလဲ နေမှာမဟုတ်။ ဒါဆိုလျှင် ဖုန်းပြောနေရင်းနှင့် ထပြန်ချင်ပြန်လာလိမ့်မည်။ ဦးအောင်ဘညို အလုပ်လုပ်နေရင်း နာရီကိုကြည့်လိုက်မိသည်။ လေးနာရီ ကျော်လေပြီ။ သိင်္ဂ ီကတော့ကားပေါ်ရောက်နေလောက်ပေပြီ။ ဒီညနေ ကျော်ကျော့် ဆီသွားရင်ကောင်း မလားတွေးပြီးမှ တနေကုန်အောင်ထိုင်ပြီး ညောင်းညာချင်နေသောကြောင့် တင်းနစ်အရင်သွား ရိုတ်ဖို့ ဆုံးဖြတ်လိုက်သည်။ ပြီးမှ အဆင်ပြေသည့် ဆီသွားတော့မည်။ ညနေတင်းနစ်ကွင်း မှာ တပွဲရိုတ်ပြီး အမောပြေအအေး သောက်နေစဉ် ဖုန်းလာ၏။ သိင်္ဂ ီဟုထင်လိုက် သေးသော်လည်း သိင်္ဂ ီမဟုတ်ပါ။ ဖုန်းနံပါတ်ကို သိသလိုလိုတော့ ရှိသည်။

“ကိုအောင်ဘညို ကျွန်မ သင်းသင်းလှိုင်ပါ”

ဦးမောင်မောင်အေး ၏ ဇနီး ဒေါ်သင်းသင်းလှိုင်ဖြစ်နေသည်။

“ဟုတ်ကဲ့ အမကြီး၊ ဘာအကြောင်းထူးလဲ၊ ကျွန်တော့် အကိုကြီး စိတ်ကောက်ပြီးအိမ်ပေါ်က ဆင်းသွား လို့လား”

ခင်နေကြသူတွေဖြစ်၍ နောက်လိုက်မိသည်။

“အောင်မယ်လေးတော် ရှင်တို့လူကြီး ကြိုက်တဲ့ အချိန်ဆင်းပါ၊ ကျွန်မ မတားပါဘူး၊ သိင်္ဂ ီ့ ဆီဖုန်းဆက်တာ မရလို့ ကိုအောင်ဘညိုရဲ့”

“သိင်္ဂီ  မေမြို့သွားတယ်လေ”

“ဖုန်း ပိတ်ထားတယ်တဲ့”

ဒီအချိန်လောက်ဆို သိင်္ဂ ီ လမ်းမှာပဲ ရှိဦးမည်။ ရန်ကုန်နှင့်တောင်သိပ်ဝေးဦးမည် မဟုတ်။ ဖုန်းလိုင်းမမိတာ တော့ မဖြစ်နိုင်ပါ။ အေးအေးလူလူ သွားချင်လို့ သိင်္ဂ ီဖုန်းပိတ်ထားတာ

များလား တွေးမိသည်။

“အရေးကြီးသလား အမကြီး”

“ကြီးတယ် ပဲဆိုရမှာပေါ့ …..”

ပင်ကိုယ်ကပင် စကားဖေါင်သည့် ဒေါ်သင်းသင်းလှိုင်က တဖွဲ့တနွဲ့ ရှင်းပြသည်။ သူမ၏ အကြီးဆုံးသမီး အ တွက် ဖက်ရှင်နှင့် အလှကုန်ဆိုင်တခုဖွင့်ပေးရန်ရှိသည်။ ထိုအတွက် သိင်္ဂီ က တတ်နိုင်သမျှ ကူပေးခဲ့ သလို ဆိုင်အဆင်ပြေ၍ ဆိုင်ခွဲတွေထပ်ဖွင့် ဖြစ်မည်ဆိုလျှင် သူမပါ ရှယ်ယာထည့်ဝင်မည်ဟုကတိပေးထားသည် ဆို၏။

“ခု ပထမဆုံးဆိုင်က ဖွင့်တော့မယ်လေ”

“ဘယ်တော့လဲ”

“သဘက်ခါပဲ၊ ဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ပေးဖို့ သိင်္ဂ ီ့ကို ပြောထားတာ မေ့နေပြီထင်တယ်၊ အဲဒါလှမ်း သတိပေး တာ ဖုန်းပိတ်ထားလို့၊ ဘယ်တော့ လောက်ပြန်လာမယ် ထင်လဲ ကိုအောင်ဘညို”

“ဒီညနေ မှ ထွက်သွားတာ အမကြီးရဲ့၊ သဘက်ခါရောက်မယ် မထင်ဘူး၊ ဒီလို လုပ်ပါလား၊ အမကြီး ကိုယ် တိုင်ဖဲကြိုးဖြတ်လိုက်လေ”

“မလုပ်ပါနဲ့ ကိုအောင်ဘညိုရယ်၊ အဖွားကြီးဆိုင်ဆိုပြီး ရောင်းမထွက်ဘဲနေပါဦးမယ်၊ သမီးရယ်၊ သိင်္ဂ ီရယ်၊အူဝဲ ရယ်ဖဲကြိုးဖြတ် ဖွင့်ပေးဖို့လုပ်ပြီးသား၊ အူဝဲက လည်းဆက်ဆက်လာပါမယ် တဲ့ ခုလေးတင်လှမ်းပြော တယ်၊ သိင်္ဂ ီ့ကို သေချာအောင်ထပ်ပြော မလို့ဟာကို အခုတော့ ……..”

“ကျွန်တော် ဆက်သွယ်ကြည့်ပါဦးမယ်၊ အဆက်အသွယ်ရရင်တောင် ပြန်လာဖို့လွယ်မှာ မဟုတ်ဘူး၊ ကျွန်တော်ပြောသလို အမကြီး ကိုယ်တိုင်သာလုပ်လိုက်ပါ၊ ”

“ရှင့်လူကြီး ကိုယ့်ကိုယ်ကို သတ်သေလိမ့်မယ် တော်ရေ”

ဒေါ်သင်းသင်းလှိုင် နှင့် ဖုန်းပြောပြီးနောက် ဦးအောင်ဘညို သိင်္ဂ ီ့အကြောင်း ထိုင်တွေးနေမိသည်။ သိင်္ဂ ီ စီးပွားရေးစိတ်ဝင်စားသည်ကို ဦးအောင်ဘညို အကဲခတ်မိသည်။ အပြင်လုပ်ငန်း တခုခွဲလုပ်ဖို့ အထိစိတ်ကူး သည်ကိုတော့ မသိပါ။ သိင်္ဂီ ကလည်း တခါမှ မပြောဖူးပေ။ မသေချာသေးတာကြောင့် လည်းဖြစ်နိုင်ပါသည်။ မည်သို့ ဆိုစေ သိင်္ဂ ီ့မှာ စိတ်ကူးနှင့် ရည်ရွယ်ချက်တွေ ရှိနေတာသိသာ၏။ ဒေါ်သင်းသင်းလှိုင်၏ သမီးလုပ် မည့် အနေအထားက ကောင်းပုံရသည်။ ဒါကြောင့် သိင်္ဂ ီတွဲလုပ်ဖို့ အထိ စိတ်ကူးဖြင့် ဆိုင်ဖွင့်ပွဲမှာ ရှေ့တန်း ထွက်ပြဖို့ လက်ခံခဲ့တာဖြစ်ရမည်။ ဒါဆိုလျှင် အရေးကြီးသည့် ဒီလိုပွဲ ရှိလျှက်နှင့် သိင်္ဂ ီဘာကြောင့် ကောက် ခါငင်ခါ ထွက်သွားရသည်ကိုမစဉ်းစားတတ်ပါ။ မိန်းမတွေသည် နားလည်ရခက်လှ၏။ မိန်းမတွေ နားလည်ရခက်သည်ဟု တွေးရင်း တခါတလေ နားလည်ရခက်သည့် ကျော်ကျော့် ကိုသတိရလိုက် ပြီးဖုန်းဆက်လိုက်သည်။ ခုလောက်ဆိုလျှင် ကျော်ကျော် အိမ်ပြန်ရောက်လောက်ပေပြီ။ ဖုန်းကို တော်တော် နှင့် မကိုင်။ နောက်မှာ ညနေစာချက်နေသလား တွေးမိပြီး အိမ်ကိုသာတန်းပြီးလိုက်သွားတော့ မည်ဟုဆုံးဖြတ်လိုက်ပြီးမှ ကျော်ကျော့် အသံကြားလိုက်ရသည်။

“ဟယ်လို”

ဘေးမှာလည်း အသံတွေဆူညံနေ၏။ ကျော်ကျော် အိမ်ပြန်ရောက်သေးပုံမပေါ်ပါ။

“အိမ်မရောက်သေးဘူးလား”

“ရုံးက သူငယ်ချင်းတွေက ရုပ်ရှင်ကြည့်မယ် ဆိုလို့ ပါလာတာ၊ အခုရုပ်ရှင်ရုံမှာ”

“အော် …ဒါဆို အပြန်နောက်ကျမှာပေါ့”

“အင်း ဟုတ်တယ်၊ ဟိုလေ ..လာမလို့လား၊ လာမယ်ဆိုရင် အခုပြန်ခဲ့မယ်လေ”

“နေပါစေ၊ မနက်ဖြန်မှ ပဲလာတော့မယ်၊ အိုကေ၊ အိုကေ ရတယ်”

လိုက်လာပြီးမှ ဖုန်းလာလို့ ထပြန်သွားလျှင် ကျော်ကျော့် ကိုလုပ်ဖေါ်ကိုင်ဖက်တွေက တမျိုးတဖုံ တွေး ကောင်း တွေးကြနိုင်သည်။ ဒီလိုတော့ မဖြစ်စေလိုပါ။ ထို့ကြောင့် တင်းနစ်ကွင်းက မိတ်ဆွေတွေကို ခေါ်ပြီးအေးအေး ဆေးဆေး ဆိုင်သွားထိုင်ပြီးမှ အိမ်ပြန်ခဲ့သည်။ အိမ်ပြန်ရောက်တော့ သိင်္ဂ ီ့ကိစ္စ သတိရတာ နှင့် အိမ်မှာ သိင်္ဂီ နှင့် အမြဲလိုလို တွဲနေတတ်သော ဖူးဖူး ကိုမေး ကြည့်မိသည်။ ဒီတပတ် အတွင်းမှာပင် ကသုတ်ကရက် နှင့်မေမြို့တက်သွားတာကို ဖူးဖူးလည်း သေသေချာ ချာ မသိပါ။ ငယ်ရွယ်သူ ဆိုတော့ သိပ်ပြီး ရှည်ရှည်ဝေးဝေး

 တွေးနေပုံမရ။

“ဆိုင် ဖွင့်မှာတော့သိတယ်၊ နောက်ခြောက်လ လောက်ဆို ဖူးဖူး အပြင်ဆိုင်တွေ လျှောက်သွားစရာမလိုတော့ ဘူး လို့တော့ တီတီပြောဖူးတယ်၊ အော် .. သိပြီ၊ သိပြီ၊ သမီးကို အိန္ဒြာကျော်ဇင် နဲ့ မိတ်ဆက်ပေးမယ် လိုက်မ လားလို့ မေးဖူးတယ်၊ ဖေဖေ ပြောတဲ့ ဆိုင်ကိစ္စဖြစ်မယ်”

ဒေါ်ဒေါ်ကြည်ကတော့ သိင်္ဂ ီစိတ်ကောက်သွားတာဟုဆို၏။ ဖူးဖူး က လက်မခံပါ။

“တီတီ က ဘယ်သူ့ကို စိတ်ကောက်မှာလဲ၊ စိတ်လဲ မကောက်တတ်ပါဘူး”

“ဖွားကြည်က သမီးတီတီ နဲ့ ငယ်ငယ်ထဲက နေလာတာသိတာပေါ့”

ဦးအောင်ဘညို မနေသာဘဲ ဝင်မေးမိသည်။

“ဟုတ်လား ဒေါ်ဒေါ်ကြည်၊ ဒေါ်ဒေါ်ကြည့် ကို သိင်္ဂီ ဘာပြောလို့လဲ”

ပြောသင့်မပြောသင့် ဒေါ်ဒေါ်ကြည် ချိန်ဆနေပုံရသည်။ တချက်တချက် ဦးအောင်ဘညိုကို လည်းလှမ်းလှမ်းပြီးကြည့်သေးရာ ဦးအောင်ဘညို နေရထိုင်ရခက်လာသည်။ မိမိများတစုံတရာ အမှားအယွင်း ပြုမိလေသ လား၊ ဒါမှမဟုတ် ဒေါ်ဒေါ်ကြည်များ သူနှင့် သိင်္ဂ ီအကြောင်းတွေ သိသွားလေသလား နှင့် စိုးရိမ်စိတ်ဝင်လာ သည်။ ဒေါ်ဒေါ်ကြည်ပြောလာလျှင် မကြားရဲအောင်ပင်ဖြစ်သွား၏။

“သူဇာ့ကို စိတ်ကောက်သွားတာ”

တော်ပါသေးရဲ့ဟု သက်ပြင်းခိုးချလိုက်မိသည်။ ဖူးဖူး ကတော့ လူငယ်ပီပီ မနေနိုင်ပဲ ချက်ချင်းမေးသည်။

“မေမေ နဲ့ ဘာဖြစ်လို့လဲ ဖွားကြည် သမီးတို့တောင် မသိလိုက်ဘူး၊ ပြောစမ်းပါ”

ဒေါ်ဒေါ်ကြည်က ဦးအောင်ဘညို ကိုကြည့်ပြန်သည်။ ဦးအောင်ဘညို ရင်ခုန်သံမြန်ရပြန်၏။

“ပြောလေ၊ ပြောပါဆို”

ဖူးဖူး က ဒေါ်ဒေါ်ကြည့်ကို အတင်းကိုင်လှုပ်ရင်းမေးသည်။

“အင်း …. ဆရာ့ကိုတော့ အားနာပါရဲ့၊ တခါတလေ သူဇာ တော်တော်လွန်တယ်”

“ဘာဖြစ်လို့လဲ ဒေါ်ဒေါ်ကြည်”

“ဒီလို ဆရာရေ၊ သူ့ဖာသာ ဗိုက်ကိစ္စနဲ့ လောကကြီးကို မကျေနပ်တိုင်း သိင်္ဂ ီ့ကိုပဲ ဖိဖိ မဲတယ်လေ၊ သိင်္ဂ ီက သည်းခံ ရှာပါတယ်။ သူဇာ စိတ်မကြည်တာသိနေတော့ ဘယ်လောက်အပြစ်ရှာရှာ၊ ဘယ်လောက်မာမာထန် ထန်ပြောပြော ငုံ့ခံပြီး ခိုင်းသမျှလုပ်ပေးနေတာပဲ၊ ဟိုတလောကဆို ဆေးခန်းလိုက်ပို့ပေးဖို့ သိင်္ဂ ီပြန်လာတာ ဆယ်မိနစ်လောက် နောက်ကျသွား တာလေးကို ပြောလိုက်တာပက်ပက်စက်စက်ပဲ၊ တကထဲမှပဲ တရားထိုင် နေတဲ့ သူတဲ့၊ ထင်စရာတောင် မရှိဘူး”

“ဖူးဖူး တို့ ဖိုးသားတို့လဲ ခံရပါတယ်”

“သမီးတို့က တခါတလေပါ၊ သိင်္ဂ ီက နေ့တိုင်းလိုလို သည်းခံနေရတာ၊ ကြာတော့ ကလေးလဲ စိတ်မကောင်းရှာတော့ဘူးပေါ့”

ဝမ်းနှင့် မလွယ်ခဲ့ရသော်လည်း အမိဝမ်းမှ ကျွတ်ကထဲက ချီပိုးထိန်းသိမ်းခဲ့ရသည့် ဒေါ်ဒေါ်ကြည် အတွက် သိင်္ဂ ီသည်ကလေးပမာသာဖြစ်ပါသည်။

“ဟုတ်ရဲ့လားဖွားကြည်ရယ်”

“ဖြစ်နိုင်တာကို ပြောတာပေါ့ သမီးရယ်၊ ခုတလော သိင်္ဂ ီမျက်နှာရွှင်ရွှင်ပျပျ ဘယ်မှာ ရှိလို့လဲ”

သိင်္ဂ ီအရင်လို မဟုတ်သည်ကိုတော့ ဦးအောင်ဘညို သတိထားမိသည်။ သို့သော်လည်း ဒေါ်ဒေါ်ကြည် လောက်တောင်မှ သေချာ စောကျော မကြည့်ခဲ့မိပေ။ လက်ရှိအချိန်တွင် ခန္ဒာကိုယ်ချင်း အရင်းနှီးဆုံးသူ ဖြစ် နေသည့်တိုင် ဦးအောင်ဘညို အမှတ်တမဲ့နေခဲ့မိ၏။ တစုံတရာ စိတ်မသက်သာစရာ ရှိခဲ့လျှင်လည်း အချိန် တန်က လွန်မြောက်ပြီးဆုံးသွားလိမ့်မည်ဟု ခပ်ပေါ့ပေါ့ ပင်သဘောထားခဲ့သည်။ ဒေါ်ဒေါ်ကြည် ပြောသည့် အတိုင်း သာအမှန်ဖြစ်ပါက အိမ်မှာမနေချင်တော့၍ သိင်္ဂီ ထွက်သွားသသည်ဟု ယူဆရတော့မလိုလို ဖြစ် နေပါသည်။

“သမီး ဆီ တီတီ ဖုန်းဆက်ရင်မေးမယ်”

“ခုဆက်လိုက်ပါလား”

ဒေါ်ဒေါ်ကြည်က ဝင်မြှောက်ပေးသည်။ ဦးအောင်ဘညို လည်းဆက်စေချင်ပါ၏။ ကိုယ်တိုင်ဆက်ပါက သင့်ပါ မည်လား မတွေးတတ်သောကြောင့် ဖူးဖူးကို ဆက်ခိုင်းတာအကောင်းဆုံးဖြစ်သည်။

“ဒီချိန် ဆိုလမ်းမှာပဲ ရှိဦးမှာ ဖွားကြည်ရဲ့၊ သမီးကိုပြောတော့ မနက်မှမေမြို့ရောက်မယ်တဲ့၊ ဖေဖေ ပြောတော့ ဖုန်း ပိတ်ထားတယ်ဆို”

“ဖေဖေ့လဲ သူများပြောတာပဲလေ”

“ဟိုရောက်ရင်တော့ ပြန်ဖွင့်မှာပါ၊ ဘက်ထရီအားကုန်နေလို့ ပိတ်ထားတာလားမှ မသိတာ”

မတင်မကျစိတ်ဖြင့် ဦးအောင်ဘညို အခန်းထဲ ဝင်လာခဲ့ပြီးနောက် သိင်္ဂ ီ့ဖုန်းကိုခေါ်ကြည့်သည်။ စက်ပိတ်ထား ပါသည် ဆိုသောအဖြေသာရသည်။ ဖူးဖူးပြောသလို ဘက်ထရီအားကုန်နေတာ လည်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏။ စဉ်းစားစရာတွေ များနေ၍ အိပ်မပျော်နိုင်မှန်း သေချာနေသောအခါ ညနေက အပြန်မှာသောက်ပြီး ဖြစ် သော်လည်း အရက်ထပ်သောက်မိသည်။ အရက်တန်ခိုးကြောင့် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွား၏။

မနက်စာစားဖို့ ဆင်းလာချိန်တွင် ဒေါ်ဒေါ်ကြည်က သတင်းတခုကပ်ပြီးပေးသည်။

“ဖူးဖူး လေ၊ ညတုန်းက သူဇာ့ကိုသွားပြောတယ်”

“ဘာပြောတာလဲ ဒေါ်ဒေါ်ကြည်”

“အော် သိင်္ဂ ီစိတ်ဆိုးသွားတာ ဖြစ်နိုင်မဖြစ်နိုင်ပေါ့”

“သူဇာဘာပြန်ပြောလဲ”

“ပြုံးနေတယ် လို့ပြောတာပဲ၊ ပြန်လာမှာပါလို့ ဖူးဖူး ကိုပြောတယ်တဲ့၊ ကြားထဲက ကျွန်မ မကောင်းဖြစ်ပြီ”

“ဘာဖြစ်လို့တုန်း”

“သိင်္ဂ ီက သူဇာ့ကို စိတ်ဆိုးသွားတာလို့ ကျွန်မကပြောမိတာကိုး။ ဖူးဖူး ကလဲ ဖွားကြည်ပြောတာလို့ ပြောလိုက်သတဲ့”

ညီအမတွေကြားဝင်ပါ သလိုဖြစ်နေ၍ ဒေါ်ဒေါ်ကြည် မျက်နှာပူပုံရသည်။ ဖူးဖူး ကလည်းကလေးဆန်ဆန် မ ဆင်မခြင်သွားပြော၏။

“ဒေါ်ဒေါ်ကြည် သိင်္ဂ ီ့ကို သိပ်ချစ်တာသူဇာ သိတာပဲ၊ ဒေါ်ဒေါ်ကြည့်ကို သူဘာမှပြောမှာ မဟုတ်ဘူးစိတ်ချ၊ သိင်္ဂ ီရောအိမ်ကို ဖုန်းဆက်သေးလား”

“ခုထိတော့ ပြောသံမကြားဘူး ဆရာ၊ ဖူးဖူးကလဲ ကျောင်းသွားဖို့ ရှုပ်နေတော့ သူ့အဒေါ်ဆီ ဆက်ဖို့ မေ့နေ တယ်နဲ့ တူတယ်”

“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဆက်လာရင်တော့ မေးကြည့်ပေါ့ဗျာ၊ စိတ်ကောက်သွားသလားလို့၊ ကျွန်တော့် ဆီဆက် ရင်လည်း မေးလိုက်ပါမယ်၊ ကလေးတွေ ဦးစိုး ပို့မယ် မဟုတ်လား၊ မသူဇာ ဆေးခန်း သွားစရာရှိရင်ရော ဘယ် လိုလုပ်မလဲ၊ ကျွန်တော် ပြန်လာရမလား”

“ကိုစိုး နဲ့ သွားလိမ့်မယ် ဆရာ၊ ကျွန်မကတော့ အိမ်မှာနေမှ ဖြစ်မှာဆိုတော့ ကောင်မလေး တယောက်နှစ် ယောက်လောက်ထည့် ပေးလိုက်မယ်လေ၊ ဖူးဖူး အားရင်လဲ လိုက်လိမ့်မယ်”

“အဆင်ပြေရင်ပြီးရောဗျာ”

တနေ့လုံး ဦးအောင်ဘညို သိင်္ဂ ီ့ဆီက ဖုန်းကိုမျှော်နေသည်။ လုံးဝမလာ။ ဖူးဖူး ဆီကို ဆက်မဆက်တော့ မသိပေ။ အေးအေး ဆီကိုလည်း မဆက်သေးဟုပြောသည်။ ညနေရောက်တော့ ကျော်ကျော့် ကို သွားကြို ခါနီး ရုံးက မထွက်ခင် သိင်္ဂ ီ့ ဖုန်းကိုလှမ်းဆက်ကြည့် လိုက်ရာ ဖုန်းဝင်သွားသည်။

“တော်ပါသေးရဲ့”

“ဘာဖြစ်လို့လဲ ကိုကို”

“သိင်္ဂ ီ့ဆီ ဖုန်းဆက်တာ မရကြဘူးလို့ပြောကြလို့”

“အော် … ခုန တောင်ဖူးဖူး ဆက်သေးတယ်၊ ဒေါ်သင်းသင်းလှိုင် နဲ့လည်းမနက်က ဖုန်းရတယ်”

“အင်း ဟုတ်တယ်၊ ဖွင့်ပွဲလာမယ် ဆိုပြီးတော့ ထွက်သွားလို့ပြောနေတယ်”

“သူများ မေ့သွားတာ”

“ဒေါ်ဒေါ် ကြည်ပြောသလို စိတ်ကောက်သွားတာ မဟုတ်ပါဘူးနော်”

ခပ်ဖွဖွရယ်သံကို ကြားလိုက်ရသည်။

“ကောက်စရာလားလို့၊ ကလေးမှ မဟုတ်တာ”

“နဲနဲ တော့တင်းနေတယ် မဟုတ်လား”

“ဘယ်သူ့ကိုလဲ၊ မမကိုလား”

“အင်း”

“အဲလိုလဲ မဟုတ်ပါဘူး၊ စိတ်မောလူမောတွေ ဖြစ်နေတာလည်းများနေလို့ ဒီမှာ လေကောင်းလေသန့်လာရှုတာ၊ ဒေါ်လေး ကိုလည်းအားပေးရင်းပေါ့”

“ဒါဆို ပြန်လာမယ် ဆိုတဲ့သဘောပေါ့”

“ကိုကို က ပြန်လာစေချင်လား”

ဦးအောင်ဘညို စကားကိုထိန်းပြောဖို့ သတိရလိုက်သည်။ အပြင်မှာအေးအေး ရှိသည့် သာမက သိင်္ဂ ီ့ကိုမီး ထိုးပေးသလို အပြောမျိုးဖြစ်ရန်မသင့်ဟုလည်း တွေးလိုက်မိသည်။

“ဟာ … ငြိမ်သွားပြီ၊ ဘာမှ ပြန်မပြောတော့ဘူး”

“ကိုယ် တယောက်ထဲ မဟုတ်ပါဘူး၊ အားလုံးက ပြန်လာစေချင်တာပါ”

“လူလည်ကြီး၊ ဒါပေမယ့် သိင်္ဂီ ပြန်လာမှာပါ ကိုကိုရယ်၊ ဘယ်တော့လဲ ဆိုတာတော့ မပြောတတ်ဘူး၊ မမ မမွေးခင်တော့ အရောက်ပြန်လာမှာပါ၊ ခုတော့ ဒီမှာ အေးအေး နေလိုက်ဦးမယ်”

ဘာမှ မဖြစ်ဟုဆိုသော်လည်း သိင်္ဂ ီ့မှာ အကျိတ်အခဲ တခုရှိတာသေချာသွားလေပြီ။ ဒါဆိုလျှင်ဒေါ်ဒေါ်ကြည် ၏ ယူဆချက်မှန်လိမ့်မည်။ ဒါကို မသူဇာလည်း အခုလောက် ဆိုရိပ် မိနေလောက်ပေပြီ။ တော်ရုံသဖြင့်လောက် နှင့် တော့ သိင်္ဂီ ထွက်သွားစရာ အကြောင်းမရှိပေ။ မသူဇာ က ဦးအောင်ဘညို ကိုမေးထူးခေါ်ပြောရုံလောက် သာ ခပ်တန်းတန်းလုပ်နေတာကလည်း ခက်သည်။ ဒီလို မဟုတ်လျှင်ဦးအောင်ဘညို ကြားဝင်ပြီး သိင်္ဂ ီ့ကို မသူဇာ မာမာကျောကျော ဆက်ဆံသည့်ကိစ္စတွင် ပြေရာပြေကြောင်း လုပ်နိုင်သည်။

 ခုတော့ မိမိ ကို အဖက်လုပ်စကား မပြောသူတယောက်ကို ဖျောင်းဖျစကားဆို၍ မဖြစ်နိုင်တော့ပေ။ သိင်္ဂီ နှင့် ဖုန်းပြောပြီးနောက် ကျော်ကျော့်ဆီဖုန်းဆက်၍ လာကြိုမည့်အကြောင်းပြောလိုက်သည်။

“နည်းနည်း နောက်ကျမလားမသိဘူး”

“ရတယ်လေ၊ ကိုယ်လဲ နောက်ကျပြီးမှ ထွက်ခဲ့မယ်၊ ဘယ်လောက် နောက်ကျမှာလဲ”

“နာရီဝက်လောက်”

ရုံးမှာ ဟိုလုပ်ဒီလုပ်နှင့် အချိန်ခနဖြုံးလိုက်သည်။ ဦးအောင်ဘညိုက မပြန်သေး၍ အေးအေး တို့လင်မယား ပြန်ဖို့ ဟန်ပြင်နေပြီးမှ ယောင်လည်လည်ဖြင့် ဘာလုပ်ရမှန်း မသိဖြစ်နေကြသည်။ ခနနေတော့ ခင်မောင်တင့် ကုပ်ကုပ်လေးဝင်လာပြီး မေးသည်။

“လေးလေး မပြန်သေးဘူးလား”

 “ဟေ..အေး ငါခန နေဦးမယ်ကွ၊ ဝင်စရာတခုရှိတာ စောနေသေးလို့၊ မင်းတို့ပြန်တော့လေ ရပြီ”

ခင်မောင်တင့် သွက်လက်စွာထွက်သွားသည်။ ဦးအောင်ဘညို နာရီကိုကြည့်လိုက်ရာ ငါးနာရီ ဆယ်မိနစ်၊ ကားမောင်း ရမှာ နှင့် ဆိုလျှင်နောက် ဆယ်မိနစ်လောက်စောင့်ပြီးမှ သွားလိုက်လျှင် အဆင်ပြေမည်။ ငါး နာရီ မိနစ် နှစ်ဆယ်လောက်တွင် ဦးအောင်ဘညို ရုံးကထွက်လာခဲ့၏။ ဒီနေ့ကျမှ လမ်းကြောကအဆင်မပြေ၊ လမ်းဆုံရောက်တိုင်း မီးပွိုင့်မိနေ၏။ ခန့်မှန်းချိန်ထက် ဆယ်မိနစ်လောက်နောက်ကျပြီး မှရောက်သွားသည်။ မှတ် တိုင် နှင့် မလှမ်းမကမ်းမှာ ရပ်ပြီးကားလာမည့် ဖက်ကို မျှော်နေသော ကျော်ကျော့် ကို အဝေးကပင်လှမ်း မြင်နေရသည်။ အနားမှာ ကားရပ်ပေးလိုက်သည် နှင့် ကျော်ကျော် ခပ်သွက်သွက်တက်လာသည်။

“စောင့်နေရတာကြာပြီလား”

“ဆယ့်ငါးမိနစ်လောက်ရှိပြီ”

“ဒီလို မှန်းသိရင် ကိုယ်စောစောထွက်လာပါတယ်၊ လမ်းမှာ မီးပွိုင့်ကလည်း ခနခနမိနေတာနဲ့ နောက်ကျသွား တာ”

“ရပါတယ်”

မှတ်တိုင်မှာ အကြာကြီးတယောက်ထဲ ရပ်နေရသည့် အတွက်ကျော်ကျော် စိတ်အနှောက်အယှက်များဖြစ် နေသလားဟု မသိမသာအကဲခပ်ကြည့်ရာ ကျော်ကျော့် အမူအရာက ဘာမှမထူးခြားသလိုရှိသည်။ ဦးအောင် ဘညိုမြင်နေကျသိနေကျ ကျော်ကျော့် ၏ စတိုင်က ဒီအတိုင်းပဲ ဖြစ်သည်။ ဦးအောင်ဘညို နှင့် ပတ်သက်၍ ဘာစိတ်ခံစားမှု မှမပြတတ်ပါ။ သိင်္ဂ ီဆိုလျှင် ဒီလိုလမ်းဘေးမှာ အကြာကြီးရပ်စောင့် လိုက်ရပါက စိတ်ဆိုး စိတ်ကောက်လုပ်မပြသည့် တိုင်အောင် နည်းနည်းတော့ ပူပူဆူဆူလုပ်မှာသေချာ၏။

ကျော်ကျော်ကတော့ တခြား မိန်းကလေးတွေ နှင့် မတူသူဖြစ်သည်။ ကျော်ကျော်က ဘာမှ ဖြစ်ဟန်မပြသော်လည်း ဦးအောင်ဘညို အားနာသည်။ ကျော်ကျော် စောင့်နေတာက မှတ်တိုင်တည့်တည့် မှာလည်းမဟုတ်။ သူမ လိုသနားကမားနှင့်ငယ်ငယ်ရွယ်ရွယ် မိန်းကလေး က လမ်း ဘေးမှာ တယောက်ထဲရပ်နေခြင်း ကို ဘေးက စိတ်ဝင်စားကြမှာမလွဲပါ။ တမျိုးမတွေး သည့်တိုင် အနည်းဆုံး တော့ ချစ်သူကိုစောင့် နေသည့် မိန်းကလေးဟု ထင်ကြလိမ့်မည်ဟု တွေးမိလိုက်သည့် အခါ ဦးအောင်ဘညို မျက်နှာ နွေးကနဲ ဖြစ်သွားရသည်။

ဦးအောင်ဘညို နှုတ်ဆိတ်နေသောကြောင့် ကျော်ကျော် လည်းငြိမ်သက်နေသည်။ လုပ်နေကျ အတိုင်း ကားပြတင်းပေါက်ကနေ အပြင်ကိုငေးပြီးလိုက်လာ၏။ လက်ကိုင်အိတ် နှင့် ခြင်းတောင်းလေးကို ပေါင်ပေါ် တင်ပြီး ပွေ့ကိုင်ထား၏။ နောက်ခုံပေါ်လှမ်းတင်ထားလိုက်ရန် အကြိမ်ကြီမ်ပြောသော်လည်း ဘယ်တော့မှ မတင်ပါ။ ကျော်ကျော်က အရမ်းလှသည့်မိန်းကလေးတယောက်မဟုတ်ပါ။ သို့သော် ဘေးတိုက်မြင်ရသည့် သပ်သပ် ရပ်ရပ် နှာတံနှင့် မျက်တောင်ကော့ကော့တွေက ကြည့်လို့ကောင်းသည်။ ရုံးမဆင်းခင်လိမ်းလာ ပုံရသည့် မိတ်ကပ်ပါးပါး ကြောင့်ပါးပြင်က နုညက်နေပြီး နှုတ်ခမ်းကလည်း မူလထက်အရောင်စိုလက်နေသည်။

“ဒီနေ့ ဘာစားရင်ကောင်းမလဲ”

ကားမောင်းရင်း ရှေ့ကိုကြည့်လိုက် ကျော်ကျော့်ကိုကြည့်လိုက်လုပ်နေစဉ် ကျော်ကျော်က ရုတ်တရက် လှည့် လာသောကြောင့် ကမန်းကတန်း မေးလိုက်ရသည်။

“စားချင်တာ စားပါ”

“ကိုယ်လဲ စဉ်းစားမရလို့”

ကျော်ကျော့် ကိုလာကြိုသော နေ့တွေတိုင်း ညစာအတွက် ဆိုင်တဆိုင်ဆိုင် ဝင်ပြီး စိတ်ကူးတည့်ရာ စားတတ် ကြည့်သည့် အစဉ်အလာကလည်းရှိနေသည်။ ဒါမှလည်း ဦးအောင်ဘညိုအရက်သောက်ရန် အတွက်လည်း အဆင်ပြေသည်။

“ဟိုဒင်း လေ”

“ပြော”

“တရက်တလေ ဝယ်မစားဘဲ အိမ်မှာစားပါလား”

“အိမ်မှာ က နေ့တိုင်းစားနေတာပဲ”

ကျော်ကျော့် မျက်နှာမှာ မပီတပီ အပြုံးလေးတခု ပေါ်လာသည်။ ရယ်ခဲပြုံးခဲ သည့် အတွက် ဒီလိုမဖြစ် စလောက်အပြုံးကပင် လှနေသယောင်ရှိ၏။

“မဟုတ်ဘူးလေ၊ အဲဒီ အိမ်ကိုပြောတာမဟုတ်ဘူး”

“အော် မင်းအိမ် ကိုပြောတာလား”

ကျော်ကျော့် မျက်နှာပေါ်က အပြုံးပြန်ပျောက်သွားသည်။

“အင်း”

“ထပ်ချက်နေရမှာပေါ့၊ ပင်ပန်းနေပါဦးမယ်”

“ရပါတယ်”

ကြည့်ရသည်မှာ ကျော်ကျော် ဆိုင်တွေသိပ်သွားချင်ပုံမရပါ။ ဦးအောင်ဘညို သဘောတူလိုက်သည်။

“ဟုတ်ပြီလေ၊ အိမ်ပဲပြန်တာပေါ့၊ ကိုယ်လဲ ဝိုင်းကူပါမယ်”

ခနကထက် ပိုသည့် အပြုံးတခုကျော်ကျော့် မျက်နှာပေါ်ရောက်လာသည်။ ဦးအောင်ဘညို လည်း မြို့ထဲက တိုက်ခန်းဆီကို ကားကို ဦးတည်လိုက်၏။ အိမ်နားနီးလာသော အခါ  ကျော်ကျော်ဂဏှာမငြိမ် ဖြစ်လာသည်။ အိတ်ထဲက ကျွတ်ကျွတ်အိတ် တလုံးကိုထုတ်ပြီး ထမင်းချိုင့်၊ ရေဗူးနှင့် ထီးကိုထည့်သည်။ ပြီးတော့ လမ်းနားမရောက်ခင် ကားကိုရပ်ခိုင်း၏။

....................................................................

“ဘာဖြစ်လို့လဲ”

“သွားနှင့်လိုက်နော်၊ သော့ပါတယ် မဟုတ်လား”

“ပါပါတယ်၊ ဘာလုပ်မလို့လဲ”

“ဈေးနည်းနည်း ဝယ်ချင်လို့”

“ဘယ်မှာဝယ်မှာလဲ”

“ဟိုဖက် ဘလောက်မှာ၊ လမ်းလျှောက်သွားလိုက်မယ်၊ ဟိုလေ၊ ဒီအိတ်ကလေး ယူသွားပေးနော်”

လိုက်မပို့စေလို ဟုတွေးလိုက်မိပြီးကားကိုရပ်ပေးလိုက်သည်။ လမ်းတဖက်က စတိုးဆိုင်ကို မြင်သော အခါ ဦးအောင်ဘညို လည်းစိတ်ကူးပေါ်သွားပြီး ကားပေါ်ကဆင်းလိုက်၏။

“လိုက်ခဲ့ မလို့လား”

“ဟိုဖက်ဆိုင်မှာ ဝယ်စရာရှိလို့”

ဦးအောင်ဘညို ညွှန်ပြသည့် ဆိုင်ကို တချက်လှမ်းကြည့်လိုက်ပြီးကျော်ကျော် သဘောပေါက်သွားပုံရသည်။ ခြင်းတောင်း အလွတ်လေးဆွဲပြီး ထွက်သွား၏။ လမ်းကူး၍ ဝယ်စရာရှိတာဝယ်ပြီး ဦးအောင်ဘညို လည်း ကျော်ကျော် တို့လမ်းထဲ မောင်းလာခဲ့၏။ ကားပေါ်ကအဆင်းမှာ ကျော်ကျော် ထားခဲ့သည့် အိတ်ကိုပါယြူပီး အထုပ်အပိုးတွေ မနိုင်မနင်းနှင့်တက်ခဲ့ရသည်။ သော့ကို ခက်ခက်ခဲခဲ ဖွင့်လိုက်ရ၏။

ကျော်ကျော့် အထုပ်ကို စားပွဲပေါ်တင် ပြီး ကိုယ့်ပစ္စည်း နှင့် ကိုယ် အလုပ်ရှုပ်ရတော့သည်။ ဖန်ခွက်ရှာပြီးပုလင်း ကိုဖွင့်လိုက်၏။ ကျော်ကျော့် ဆီမှာ ရေခဲရှိမည် ထင်၍ဝယ်မလာခဲ့၊ ရေခဲသည့် အခန်းကို ဖွင့်ကြည့် ရာထင်သည့် အတိုင်းရေခဲရှိသည်။ ဆိုဒါကို တဗူးဖေါက်ပြီးကျန်သည့် ဗူးတွေကိုတော့ ရေခဲသေတ္တာ ထဲပြန် ထည့် ထားလိုက်သည်။ အမြည်း အတွက်ကတော့ မြေပဲကြော် လေးငါးထုပ်ပါလာ၏။ ဒါတွေကိုလည်း ပန်းကန် ယူပြီးဖောက်ထည့်လိုက်ရသည်။

ဟိုလုပ်ဒီလုပ် နှင့် ဆယ့်ငါးမိနစ်လောက်ကြာမှ စသောက်ဖြစ်သည်။ တခွက်သောက်ပြီးမှ ကျော်ကျော့် ကို ပိုက်ဆံပေးထားခဲ့ချင်၍ အံဆွဲထဲမှာ ပိုက်ဆံသွားထား သည်။ ကျော်ကျော် က တော်တော်စစ်စီသည့် ကောင် မလေး ဖြစ်မည်။ ဟိုတခါထားခဲ့တာ အနည်းငယ်သာလျော့သည်။ ဒါမှမဟုတ် သူမလခနှင့် သုံးနေပုံရသည်။ပိုက်ဆံထပ်ထည့်ပေးရင်း လခ မသုံးဖို့ပြောရမည်ဟု ဦးအောင်ဘညို တွေးနေမိသည်။

ထမင်းစား စားပွဲမှာ ပြန်ထိုင်ပြီး ဒုတိယခွက် ကို သောက်နေစဉ် ကျော်ကျော် ပြန်ရောက်လာ၏။ စားပွဲပေါ် မှာ ခြင်းချပြီး ရေချိုးခန်းထဲ ဝင်သွားသည်။ ပြန်ထွက်လာတော့ မျက်နှာ နှင့်လက်တွေမှာရေတွေ စိုနေသည်။ ဦး အောင်ဘညို သောက်နေသည်ကို တချက်လှမ်းကြည့်ပြီး အိမ်ရှေ့ပြန်ထွက်သွား၏။ ခနကြာတော့ အဝတ်အစားလဲပြီး ပြန်ရောက်လာသည်။

“ဘာဖြစ်လို့ ပိုက်ဆံ ထပ်ထည့်ထားတာလဲ”

ဖြူသလိုလို ပြာသလိုလို ရှပ်အင်္ကျ ီပွပွက ကျော်ကျော် နှင့်လိုက်ဖက်သည်။ အင်္ကျ ီကပွသော်လည်း ပျော့ ပျောင်းသော ချည်သားကြောင့် ကျော်ကျော့်၏ ကျစ်လစ်သော ကောက်ကြောင်းတွေ ကို ပျောက်ဆုံးသွား အောင်မလုပ်နိုင်ပါ။ အင်္ကျ ီအရောင်နှင့် လိုက်ဖက်သည့် နက်ပြာရောင်ထမိန်ကြောင့် ဦးအောင်ဘညို မျက် လုံးထဲတွင် ကျော်ကျော် အရမ်းကြည့်ကောင်းနေသည်။ အဖြေမပေးဘဲ သူမကို ခြေဆုံးခေါင်းဆုံးကြည့်နေသော ဦးအောင်ဘညို ဆီကနေ ကျော်ကျော် မျက်နှာလွှဲ သွားပြီး လေသံမှန်မှန် နှင့်ထပ်ပြော၏။

“အများကြီး မလိုပါဘူး၊ သုံးစရာလဲ ထွေထွေထူးထူး မရှိပါဘူး”

ဦးအောင်ဘညိုက မကြားသလိုမပြောသလို လုပ်ရင်း

“ရှပ်အင်္ကျ ီ တွေခနခန ဝတ်တယ်နော်၊ ကြိုက်လို့လား”

ပါးစပ်ထဲ ရှိတာလျှောက်လွှဲပြောရင်း ကျော်ကျော်ရှပ်အင်္ကျ ီ အဝတ်များသည့်ကိစ္စ ကို မကြာမကြာမေးခဲ့ ဖူးသလားဟု ဇဝေဇဝါ စဉ်းစားနေမိသည်။ ငွေအကြောင်း နှင့်ပတ်သက်ပြီး ဦးအောင်ဘညို မပြောလိုဟု ကျော်ကျော်ရိပ်မိသွားသည်။ သက်ပြင်းလေး တချက်ချလိုက်ရင်း ခြင်းကိုယူပြီး ဘေစင်ဆီလျှောက်သွား သည်။ သို့သော် သူမ ဝတ္တရားရှိသည့် အတိုင်း ဦးအောင်ဘညို မေးခွန်းကိုဖြေပါသည်။

“ရှပ်အင်္ကျ ီက ဝတ်ရတာပေါ့ပေါ့ပါးပါး ရှိတယ်လေ၊ ငယ်ငယ်ထဲက ဖေဖေ့ အင်္ကျ ီတွေ မတော်တရော်ယူ ဝတ် ရင်း အကျင့်ဖြစ်သွားတာ”

ဦးအောင်ဘညို အခုအသက်အရွယ် အထိ မီးဖိုချောင်တွင်းဝယ် အမျိုးသမီးတယောက် ချက်ပြုတ်လုပ်ကိုင် နေသည်ကို တကြိမ်တခါမှ စောင့်မကြည့်ဖူးပါ။ ကျောင်ပြီးခါစ ဝန်ထမ်းဘဝမှာ ခေတ္တရှိစဉ်က ကိုယ်တိုင်ချက် စားခဲ့ဖူးသည်။ ဒါလည်းသိပ်မကြာလိုက်ပါ။ ဆိုင်မှာပဲ စားဖြစ်သွား၏။ အိမ်ထောင်ကျပြီးနောက်မှာတော့ မီးဖိုချောင် နှင့် လုံး၀ ဝေးကွာသွား၏။

ခုချိန်မှာတော့ ဘာမှလည်းလုပ်စရာမရှိ၍ ကျော်ကျော် လုပ်သမျှကို နောက် ကနေ ထိုင်ကြည့်ရင်း အရက်သောက်နေမိသည်။ သူမကို လိုက်ကြည့်နေသည်ကို ကျော်ကျော်လည်းရိပ်မိ သည်။ ဦးအောင်ဘညိုကို မကြာခန နောက်ပြန်လှည့်ကြည့်တတ်၏။

“အော် မေ့နေလို့၊ ကိုယ်ဘာကူပေးရမလဲ”

“ရပါတယ်၊ လုပ်နေကျပါ”

Rice Cooker နှင့် ထမင်းအိုးတည် ပြီးနောက် ဝက်အူချောင်း ကြော်ပြီး အရင်လာချပေးသည်။

“အခုန ရေခဲသေတ္တာထဲမှာ ဝက်အူချောင်း မတွေ့ပါဘူး”

“ခုမှ ဝယ်လာတာ”

ချပေးပြီး ချာကနဲပြန်လှည့်သွားသည်။ ဦးအောင်ဘညို အရက်သောက်မှာကို ကျော်ကျော် သိနေပုံရသည်။အေးတိအေးစက် နှင့် ကျော်ကျော်သည် တခါတလေတော့လည်း ဒီလို အလိုက်သိတတ်ပါ၏။

“အချဉ် ယူမလား ဆော့စ် တော့မရှိဘူး၊ သံပုရာသီးရှိတယ်”

“နေပါစေ၊ ချက်စရာ ရှိတာချက်ပါ၊ ကိုယ့်အတွက် အလုပ်ပိုမခံပါနဲ့”

ဆိုင်မှာ စားတိုင်း ဦးအောင်ဘညိုက ကြက်သွန်ချဉ်တောင်း တတ်တာကို ကျော်ကျော်မှတ်မိနေသည်။ ကြက်သွန်ကို အကွင်းလိုက်လှီးပြီး သံပုရာရည်ညှစ်ထည့်ကာ လာပေးပြန်သည်။

“ရပါတယ် ဆို”

ဦးအောင်ဘညို စကားကို မကြားသလိုလုပ်ပြီး ထွက်သွား၏။ တော်တော်ကြာမှ လှမ်းမေး၏။

“အဲဒီ ပုလင်းက အကုန်သောက်မှာလား”

“မသောက်ပါဘူး၊ အကုန်သောက်ရင် မှောက်သွားမှာပေါ့၊”

စကားဆက်မပြောတော့ပဲ သူမဖာသာ ချက်ပြုတ်နေပြန်သည်။ ညှော်နံ့တွေ ထွက်လာသည့် အခါကျမှ ဦး အောင်ဘညိုကို အားနာသလိုလှည့်ကြည့်သည်။ ဦးအောင်ဘညိုက ရပါတယ်ဆိုသည့်သဘောဖြင့် လက်ဟန်ပြလိုက်သည်။ ထမင်းစားဖို့ အဆင်သင့် ဖြစ်သောအခါ ဦးအောင်ဘညိုလည်း ရေချိန်တော်တော်လေး ကိုက်နေပြီ ဖြစ်သည်။ညစာတောင် များများ မစားနိုင်တော့။

“မကောင်း လို့လား”

“မဟုတ်ပါဘူး ကိုယ်သောက်တာများလို့ ရင်ပြည့်သွားတယ်”

ကျော်ကျော့် လက်ရာက ဝါရင့်ကျွမ်းကျင်သော ဒေါ်ဒေါ်ကြည်တို့လောက် မကောင်းသော်လည်း မဆိုးပါဟု ဆို နိုင်သည်။ ခုနောက်ပိုင်း အိမ်မှာဒေါ်ဒေါ်ကြည်ကလည်း ကိုယ်တိုင်လုပ်သည်မဟုတ်တော့။ အိမ်ဖေါ်မိန်း ကလေးတွေ ကိုခိုင်းပြီးဘေးကနေ စီစဉ်ညွှန်ကြားရုံမျှသာလုပ်တော့သည်။ ထို့ကြောင့် လက်ရာကလည်း အရမ်းမကောင်းတော့ပါ။ အရင်တခါ လည်း ကျော်ကျော့်ဆီမှာ ဦးအောင်ဘညိုစားဖူးသည်။ သူမ အလုပ်ရပြီး နောက် လခထုတ်သည့် အခါခေါ်ကျွေးခြင်း ဖြစ်သည်။ အဲဒီတုန်းကတော့ စားလို့ကောင်းပါသည်။ ဦးအောင်ဘညိုလည်း အရက်မသောက်ဖြစ် ထမင်းစားရုံစားပြီး ပြန်ခဲ့သည်။ ဒီနေ့တော့ ညအိပ်မည်ဟု ဦးအောင်ဘ ညို စိတ်ကူးထားသည်။

ဦးအောင်ဘညို အစားနည်း၍ ထင်သည်။ ကျော်ကျော်လည်း များများမစားပါ။ ဟင်းတွေ အများကြီးပိုနေ၏။

“ဟင်းတွေ ပိုနေပြီ”

“နောက်နေ့ စားလို့ရပါတယ်”

အားတုံ့အားနာ မျက်နှာ နှင့် ကြည့်ရင်း ကျော်ကျော်ပြောသည်။

“ကိုယ် သောက်တာ များသွားလို့ပါ”

တချက်ခပ်စူးစူး ကြည့်ပြီး ကျော်ကျော်ပန်းကန် တွေထသိမ်းသည်။ ဆေးမည့်ပန်းကန်တွေကို ဦးအောင်ဘညို ကဘေစင်ဆီ ကူရွှေ့ပေးပါသည်။

“ရေစိုကုန်မယ်၊ ရှေ့မှာသွားထိုင်နေပါလား”

တဝက်လောက်ကျန်သေးသော ပုလင်းကို ဘေစင်ပေါ်က နံရံကပ်ဘီရိုထဲ ထည့်လိုက်စဉ် ဦးအောင်ဘညို ကျော်ကျော့် ဖက်ယိုင်သွားသည်။ ကျော်ကျော် သတိရှိလို့သာ နှစ်ယောက်လုံးမလဲခြင်း ဖြစ်၏။ အမှတ်တမဲ့ ထိတွေ့လိုက်ရသည့် ကျော်ကျော့် ပုခုံး၊ လက်မောင်း နှင့် ရင်သား၏ အထိအတွေ့ကြောင့် ဦးအောင်ဘညိုရင်ခုန်သံမြန်ချင် သလိုဖြစ်လာ၏။

“ဆောရီးနော်”

“ရပါတယ်”

အရမ်းမူးနေသည်ဟု ကျော်ကျော်ထင်သွား မှာစိုး၍ ဦးအောင်ဘညို အိမ်ရှေ့ခန်းပြန်ထွက်လာခဲ့သည်။ ဒီညအိမ်ပြန် မအိပ်ဖြစ်ကြောင်း အိမ်ကို အကြောင်းကြားရဦးမည်။

ဖုန်းဆက်လိုက်သည့် အခါ ဦးလေးစိုး လာကိုင် ၍ အဆင်ပြေသွားသည်။ ဖူးဖူး ဆိုလျှင် စစ်ဆေးမေးမြန်းနေဦးမည်။ ဖုန်းဆက်ပြီးနောက် နာရီကိုကြည့်လိုက် ရာ ညရှစ်နာရီ ထိုးလုလုဖြစ်နေသည်။အချိန်တွေဘယ်လိုကုန်၍ ကုန်သွားမှန်းမသိလိုက်ပါ။ အိမ်နောက်ဖက်မှာ အလုပ်ပြီး၍ ကျော်ကျော် ပြန်ထွက်လာသည့် အခါ ရှစ်နာရီကျော်သွားလေပြီ။

“ကိုရီးယား ကား မကြည့်ရတော့ဘူးပေါ့”

“မကြည့်ဖြစ်တာကြာပြီ၊ အလုပ်လုပ်ပြီးကထဲကပဲ”

“အော် …”

“ဒါပေမယ့် စီဒီဝယ်ကြည့်တယ်”

“ဝယ်လို့ရလား”

“ရတာပေါ့၊ လမ်းဘေးမှာ ဘယ်နားဝယ်ဝယ်ရတယ်၊ ကြည့်ချင်တဲ့ အချိန်ကြည့်လို့လဲရတယ် လေ၊ စောင့် နေစရာ မလိုဘူး”

တီဗွီဘေးက စီဒီ အထပ်လိုက်ကြီးကို အခုမှသတိပြုလိုက်မိသည်။

“လာလေ ထိုင်”

လက်ကိုဆွဲပြီးဘေးမှာ ထိုင်ခိုင်းလိုက်သည့်အခါ ငြိမ်ငြိမ်လေးဝင်ထိုင်၏။ တဆင့်တက်ပြီးဦးအောင်ဘညိုက ပုခုံးကို ဖက်လိုက်ရာ အလိုက်သင့်ပါလာသည့် ကျော်ကျော့် ကိုကြည့်မိရာ မျက်နှာကလေး နည်းနည်းနွမ်းနေ သယောင်ယောင်ရှိသည်။ မျက်တောင်လည်းစင်းနေ၏။ ကျော်ကျော် ပင်ပန်းနေပုံရသည်။

“အိပ်ချင်နေတာလား”

“မဟုတ်ပါဘူး၊ ခါတိုင်းဒီအချိန် ဆိုရင်မှိန်းနေကျ လေ၊ အကျင့်ပါနေလို့”

အလုပ်က ပင်ပင်ပန်းပန်း ပြန်လာပြီး နှစ်ယောက်စာ ချက်ကျွေးလိုက်ရလို့ ကျော်ကျော် ပိုပင်ပန်းသွားပုံရ သည်။ သူမတယောက်ထဲဆိုလျှင် ဖြစ်သလိုစားမည့် ကောင်မလေးဆိုတာ ဦးအောင်ဘညို သိသည်။

“တီဗွီ မကြည့်တော့ဘူးလား၊ ဒါမှ မဟုတ်သွားအိပ်ချင်လည်း အိပ်လေ။”

“မအိပ်တော့ပါဘူး၊ ညည်းစီစီ ဖြစ်နေလို့ ရေချိုးမလားလို့”

“ခုတင် ထမင်းစားပြီးတယ် ရေချိုးမလို့လား”

“ခနနေမှပါ”

လူချင်းထိကပ်နေသည့် အခါနူးညံ့သည့် အတွေ့အထိကြောင့် ဦးအောင်ဘညို စိတ်တွေလှုပ်ရှားလာသည်။ အချိန် မဟုတ်သေးဟု စိတ်ကိုဖြေသိမ့်ရသည်။ ကျော်ကျော်ကလည်း ရေချိုးချင်သေးသည် မဟုတ်လား။

“ဟိုဒင်း လေ”

“ဘာလဲ”

“အခန်းထဲ သွားချင်လို့”

“အော် …အင်းအင်း”

ဖက်ထားတာကို လွှတ်ပေးလိုက်တော့ ကျော်ကျော် အခန်းထဲဝင်သွားသည်။ ချက်ချင်း လိုလို ပြန်ထွက်လာ ပြီး နောက်ဖေးဖက်ကို ထွက်သွားသည်။

“ရေချိုးတော့ မလို့လား”

“မဟုတ်ပါဘူး”

နောက်က ပြန်လာပြီးနောက် အခန်းထဲပြန်ဝင်သွားပြန်သည်။ ဦးအောင်ဘညိုလည်း ပျင်းပျင်း နှင့် တီဗွီ ဖွင့် ပြီး သတင်းအစီအစဉ် ကို စိတ်မပါလက်မပါ ထိုင်ကြည့်နေမိ၏။ တော်တော်ကြာသည် အထိကျော်ကျော် ပြန်ထွက်မလာသေးပါ။ လိုက်သွားပြီး ချောင်းကြည့်လိုက်ရာ ကုတင်ပေါ်မှာ လဲလျောင်းနေသည်ကို တွေ့ရသည်။အချိန်တွေ တညလုံးရှိသေး၍ နားပါစေဟု တွေးပြီး ဦးအောင်ဘညို ပြန်ထိုင်ပြီး တီဗွီကြည့်နေစဉ် ကျော်ကျော် ပြန်ထွက်လာသည်။ ဒီတခါတော့ ရေချိုးဖို့ဖြစ်ပုံရသည်။ ထမိန်ရင်လျား နှင့် တဘက်တထည်ကို ခြုံထား၏။ ဆံပင်တွေကို ခေါင်းပေါ်မှာ စုထုံးထားရာ မျက်နှာလေးက ရှင်းလင်းပြတ်သားစွာပေါ်လွင်နေ၏။ ရုပ်ရည် ပိုပြီး နုနယ်သွားသည်ဟု ဦးအောင်ဘညို ထင်မိသည်။

ဦးအောင်ဘညို ကိုတချက်လှမ်းကြည့်ပြီး နောက်ကိုဝင်သွားသည်။ ရေချိုးခန်း ထဲမှာရေချိုးနေမည့် ကျော် ကျော့် အသွင်ကို မြင်ယောင်ရင်း ဦးအောင်ဘညို အာခေါင်တွေခြောက်ပြီး ရေငတ်လာသည်။ ထမင်းစား ခန်းထဲမှာ ရေသွားသောက်ရင်း ရေချိုးခန်းထဲက ရေသံတွေကိုကြားရသည့် အခါ တံခါးဖွင့်ခိုင်းပြီး အထဲကို ဝင်ကြည့် လိုက်ချင်လာသည်။ ရေခဲသေတ္တာ ထဲက ရေအေးအေးကလည်း ဦးအောင်ဘညို ကို အေးချမ်း အောင် လုပ်မပေးနိုင်ပါ။ သိင်္ဂ ီသာဖြစ်လျှင် ဦးအောင်ဘညို တခါးဖွင့်ခိုင်းပြီး အထဲကိုလိုက်ဝင်ကာ ရေချိုး တာ ကို စိမ်ပြေနပြေ  စောင့်ကြည့်ကောင်းကြည့်မိလိမ့်မည်။

ကျော်ကျော့် ကိုကျတော့ ဒီလိုလုပ်ဖို့ ဘာကြောင့်မှန်းမသိ အားနာသလိုဖြစ်ရသည်။ သိင်္ဂ ီ့ ကိုကျတော့ အလေးမထားတာ အားမနာတာ မဟုတ်၊ ဦးအောင်ဘညို တောင်းဆိုလာလျှင် သူမ၏ ကိုယ်အလှကိုပြဖို့ သိင်္ဂ ီဝန်လေးမှာ မဟုတ်မှန်းသိနေသည်။ သူမ တကိုယ်လုံးဦး အောင်ဘညို ပိုင်ဆိုင်သည်ဟု သိင်္ဂ ီအမြဲပြောတတ်သည်လည်း မဟုတ်ပါလား။ ကျော်ကျော် နှင့် ကျတော့တမျိုးလို့ ဆိုနိုင်သည်။

မျက်စိထဲမှာ ရေစက်တွေဖြတ်သန်းစီးဆင်းနေသည့် ကျော်ကျော့် ကိုယ်လုံးလေးကို မြင်ယောင်နေသည်။ သင်္ကြန် မှာစတွေ့တုန်းက မြင်ခဲ့ရသည့် ရေစိုပြီးကပ်နေသည့် အမွှေးမဲမဲ တွေကို ပြန်တွေးမိရင်း ရေချိုး ခန်း တံခါး၀ တွင်တံခါးခေါက်လိုက်ရကောင်း နိုးနိုးနှင့် ချီတုံချတုံ ဖြစ်နေစဉ် အိမ်ရှေ့စားပွဲပေါ်မှာ တင်ထားခဲ့သည့် ဖုန်းက အလိုက်ကမ်းဆိုးမသိထမြည်လာ၏။ မိတ်ဆွေ တယောက်က အလုပ်ကိစ္စဖြင့် ဆက်ခြင်း ဖြစ်သည်။ ဖုန်းပိတ်မထားမိတာကို နောင်တရရင်း လက်ခံစကားပြောလိုက်ရ၏။ ဟိုဖက်ကလည်း သူသိလိုရာကို သေချာအပ်ချ မေးမြန်းစုံစမ်းနေရာ သဘောပေါက် အောင် ပြည့်ပြည့်စုံစုံ ရှင်းပြရင်း ကျော်ကျော့်ကို မေ့သလိုလို ဖြစ်သွားရသည်။ ကျော်ကျော် ရေချိုးပြီး ပြန်ဝင် သွားတာကိုတောင် အမှတ်တမဲ့ ဖြစ်သွားသည်။ ရှင်းပြသည့် ကိစ္စပြတ်သည် နှင့် စကားဖြတ်ပြီး ဖုန်းကိုပိတ်ထားလိုက်သည်။ အခန်းထဲ လိုက်သွားချိန်တွင် ကျော်ကျော်က အဝတ်အစားတောင်လဲပြီးနေလေပြီ။ ပါးပြင်မှာလည်း မခြောက်သွေ့သေးသော ပါးကွက်ကြီး နှစ်ခုကို မြင်ရ၏။ အနားကိုကပ်လိုက်ချိန်မှာ ရလိုက်သည့် သနပ်ခါးနံ့ကြောင့် ရင်ထဲချမ်းမြေ့သွားရသည်။

“မွှေးလိုက်တာ၊ ကိုယ်ဖုန်းပြောနေတာ တော်တော်ကြာသွားတယ် ထင်တယ်”

“နာရီဝက်လောက် ရှိမယ်”

“ဟုတ်လား ကိုယ်တောင်သတိမထား လိုက်မိဘူး”

လက်ထဲက ဖုန်းကို ကျော်ကျော့် ရှေ့ မှန်တင်ခုံမှာတင်လိုက်ပြီး ဦးအောင်ဘညို ကုတင်ပေါ်လှဲ အိပ်လိုက် ၏။မှန်တင်ခုံရှေ့က ခုံမှာထိုင်ရင်း ဦးအောင်ဘညို လုပ်သမျှ ကျော်ကျော် လိုက်ကြည့်နေသည်။

“လာလေ၊ သနပ်ခါး မခြောက်သေးလို့လား”

“မဟုတ်ပါဘူး”

ထိုင်ရာမှ ထလာပြီးလဲလျောင်းနေသည့်  ဦးအောင်ဘညို ဘေးမှာကုတင်အောင်သို့ ခြေတွဲလဲချ၍ ဝင်ထိုင် လိုက်သည်။ ခုနအင်္ကျ ီ မဟုတ်တော့ဘဲ တီရှပ်အဖြူပွပွဝတ်ထားသည်။ပန်းနုရောင်ထမိန်အောက်က တင်းတင်းရင်းရင်း နှင့် အချိုးအဆစ်ပြေပျစ်သည့် တင်ပါးတွေကို ဒီတိုင်းကြည့်မနေနိုင်တော့ဘဲ လက်ဖြင့် ပွတ်ပေးနေမိသည်။

“လာပါ၊ သနပ်ခါး မပျက်စေရပါဘူး”

ဘာမှ မပြောဘဲ ဦးအောင်ဘညို ဘေးမှာ ကျော်ကျော်လှဲချလိုက်သည်။ ပါးပြင်က ပါးကွက်ကို ဦးအောင်ဘညို လက်ဖြင့်တို့ကြည့်လိုက်ပြီး

“ခြောက်တော့မှာပါ”

မစိုမခြောက် သနပ်ခါးတွေ နှင့်ပါးပြင်ကို နမ်းလိုက်ရာ ကျော်ကျော် မျက်စိမှိတ်ထားသည်။ သနပ်ခါးတွေ မပျက် ရအောင်ဦးအောင်ဘညို အသာအယာလေးနမ်းပါသည်။သို့သော် နမ်းရင်းနမ်းရင်း အရှိန်ရလာသည့် အခါ မှာတော့ ထိန်းချုပ်လို့ မရတော့ နှုတ်ခမ်းနှစ်လွှာကိုပါ ငုံခဲလိုက်မိသည်။ ပြင်းထန်ကြမ်းတမ်းသည့် အနမ်း အောက်တွင် ကျော်ကျော်လည်း အသက်ရှူမြန်လာသည်။ ပျော့ပြောင်းသည့် တီရှပ်ပေါ်မှနေပြီး ရင်နှစ်မြွာကို ဆုပ်ညှစ်မိ၏။ အိအိတင်းတင်း အသားဆိုင်တွေကို စိတ်ရှိတိုင်းနယ် ပြီးသောအခါ တီရှပ်ကိုဆွဲလှန်လိုက်သည်။ ဘရာစီယာကလည်း အပျော့ စားဖြစ်သော်လည်း ကိုင်ရတာအားမရ၍ အပေါ်ကိုတွန်းတင်လိုက်သည်။ ပြီးတော့ ရင်သားတဖက်ကို ပါးစပ်နှင့် ငုံစုပ်လိုက်ပြီး ကျန်တဖက်ကနို့သီးခေါင်းလေးကို လက်ညိုးလက်မကြားမှာ ညှပ်၍ လှိမ့်ချေလိုက်သော အခါ ကျော်ကျော် တွန့်လိမ်သွား၏။ နှုတ်ဖျားက ငြီးသံ သဲ့သဲ့ထွက်လာသည်။ဦးအောင်ဘညို အရှိန်တက်နေလေပြီ။ သူ့လက်တွေက ဇယ်ဆက်သလိုပင် ကျော်ကျော့် ကိုယ်အနှံပြေးလွှား နေကြသည်။ ထမိန်အောက်မှာတော့ ကျော်ကျော်အတွင်းခံမပါပါ။ ချည်သားထမိန်ပေါ်ကနေ အောက်အမွှေးကြမ်းကြမ်း တွေ ကိုစမ်းမိ၏။ အမွှေးတွေကိုရော ပေါင်ကြားထဲကိုပါ စုန်ချည်ဆန်ချည် ခပ်မြန်မြန်ပွတ်ပေးလိုက်သော အခါ ကျော်ကျော့် တကိုယ်လုံးတုန်ရီလာ၏။

“အား …ကျွတ်၊ ကျွတ်”

အမွှေးတွေပေါ်ကနေ ခပ်ကြမ်းကြမ်း ဖိပွတ်လိုက်သောအခါ အတွင်းမှာ လိမ်ကျစ်ရှုပ်ထွေးကုန်ပြီးနာ လို့ထင် သည် ကျော်ကျော့် အော်သံ ထွက်လာ၏။ ဦးအောင်ဘညိုလည်း စိတ်ကိုဆက်တင်း မထားနိုင်တော့ပါ။ ပုဆိုး ကိုဖြေချ၍ အတွင်းခံဘောင်းဘီကို အောက်သို့တွန်းချလိုက်သော အခါ ဦးအောင်ဘညို၏ တိုက်ပွဲဝင် ရဲဘော်ကြီးက ဒေါသတကြီး ခုန်ထွက်လာသည်။ ကျော်ကျော့် ထမိန်ကိုလည်း လှန်တင်လိုက်ပြီး ပေါင်တံ နှစ်ခုကြားသို့ ဦးအောင်ဘညို ကိုယ်လုံးကြီးတွန့်လိမ်ပြီးရောက်ရှိသွားသည်။

 နေရာတကျဖြစ်သည် နှင့် ကျော်ကျော့် ခါးကို စုံကိုင်ကာအားယူလိုက်ပြီး အတွင်းကိုဖိထိုးသွင်းလိုက်သော အခါ ကျော်ကျော့် ပေါင်တံတွေ ဘေးကိုပိုပြီးပြန့်ကားသွားကြသည်။ သိင်္ဂ ီဆိုလျှင်တော့ သူမပေါင်တံတွေ နှင့် ချိတ်ပြီး လက်တွေကဦးအောင်ဘညိုကို ဖက်ထားတတ်သည်။ ကျော်ကျော်ကတော့ အိပ်ယာခင်း ကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထား၏။ သူမအရမ်းကို မခံမရပ်နိုင်လွန်းမှသာ ဦးအောင်ဘညိုကို ဖက်တွယ်လာ တတ်သည်။

“အ..အင့် ”

ကျော်ကျော်ပါးစပ်က ထုတ်ငြီးရလောက်အောင် ဦးအောင်ဘညို ၏ ဆောင့်ချက်တွေကပြင်းသည်။ ဆောင့် ရင်းဆောင့်ရင်း အောက်ကို လျှောချထားသည့် ဘောင်းဘီက မလွတ်မလပ်ဖြစ်သည် ဟုထင်လာ၍ ဦးအောင် ဘညို နောက် ကိုဆုတ်ပြီး ဘောင်ဘီကို လုံးလုံးလျားလျား ဆွဲချွတ်လိုက်သည်။ ကျော်ကျော်ကတော့ ဦး အောင်ဘညိုထားခဲ့သည့် အတိုင်းကားကားလေး မျက်လုံးမှိတ်ငြိမ်သက်နေ၏။ အရင်က ထက်ဝင်း နုနေ သော အသားကြောင့် မဲမှောင်သော အမွှေးကြမ်းတွေက ပိုပြီးထူထပ်ထင် ရှားနေသည့် အပြင် အောက်ဖက်ကိုထွင်းဖေါက်၍ မမြင်နိုင်သလိုဖြစ်နေသည်။ အကြိမ်ကြိမ်ကြုံခဲ့ ပြီးသားဖြစ်ရာ ဦးအောင်ဘညို အတွက် တော့လမ်းမှား စရာအကြောင်းမရှိပါ။ တချက်ထဲ နှင့် ကျင်းကို ဝင်အောင်သွင်းလိုက်နိုင်သည်။

စိတ်လွတ်ကိုယ်လွတ် ပစ်ဝင်လိုက်ခြင်းဖြစ်ရာ ကုတင်တောင်သိမ့်ကနဲတုန်သွား၏။ အရှိန်နှင့် စိုက်ကျ လာသော ဦးအောင်ဘညို၏ ရင်ဘတ်ကို ကျော်ကျော်ဆီးတွန်းထားလိုက်ရ၏။ ထို့နောက်မှာတော့ ကျော် ကျော် အိပ်ယာခင်းကို ပြန်မဆွဲတော့ပါ။ ဦးအောင်ဘညို ၏လက်မောင်းကြီး နှစ်ဖက်ကိုသာ ဆုပ်ကိုင်အားပြုထားရတော့သည်။ တဖြည်းဖြည်း နှင့် ကျော်ကျော့်ညည်းသံတွေ ပိုပြီးစိပ်ကာပို၍ ကျယ်လောင်လာသလို သူမ၏ ကိုယ်တွင်းက စိုစွတ်မှုက များသထက်များလာသည်ကို ဦးအောင်ဘညို သတိပြုလိုက်မိသည်။ ခနရပ်ကာ ကျော်ကျော့် ထမိန်ကို ခေါင်းပေါ်ကနေ ဆွဲချွတ်လိုက်သည်။ တီရှပ်နှင့် ဘရာစီယာကိုပါ ချွတ်ပစ်လိုက်၏။ ကျော်ကျော့် ပါး ပြင်ပေါ်က လတ်လတ်ဆတ်ဆတ် ပါးကွက်ကြားလေးလည်း ချွေးအစင်းကြောင်းတွေထင်ပြီးပျက်လုလု ဖြစ်လာပေပြီ။ ချွေးနံ့ နှင့် သနပ်ခါးနံ့လေး ရောနေသော ပါးပြင်ကို နမ်းလိုက်သည့် အခါကျော်ကျော်က ဦးအောင်ဘညို၏ လည်တိုင်ကို ဖက်တွယ်ထား၏။

အဝတ်မဲ့ ကျော်ကျော့် ကိုယ်လုံးလေးကို ပေါင်ပေါ်ပွေ့တင်ကာ ခွစေလိုက်ပြီးအောက်ကနေပင့်ပြီး ခပ်မှန်မှန် လေး ဆောင့်ပေးနေသော အခါ ကျော်ကျော်ဦးအောင်ဘညို ပုခုံးပေါ်တွင်ခေါင်းမှောက်ပြီး တိုးတိုးညင်ညင် ညည်း နေ သည်။ သူမဆီက စီးကျလာသောအရည်တွေက ဦးအောင်ဘညို ကိုပါစိုရွှဲလာစေသည်။ ဦအောင် ဘညို လည်း ပြီးချင်သလိုလို ဖြစ်လာ၍ ရင်သားတွေကို နယ်ပေးရင်း ခပ်မှန်မှန် ဆောင့်ပေးနေရာမှ အောက် ကို ပက်လက် ပြန်ချလိုက်ပြီး အပေါ်စီးကနေ ခပ်ကြမ်းကြမ်း ပြန်လုပ်ရာကျော်ကျော် ထွန့်ထွန့်လူးနေသည်။ သူမကိုယ်တိုင် လည်း ရမ္မက်လှိုင်းထဲမှာ လူးလှိမ့်ခံစားနေရပုံပေါ်သည်။

ဒီလို အခါမျိုးတွေမှာ ကျော်ကျော့်ဆီက ကြားနေကျဖြစ်သော အရိုင်းဆန်သည့် အော်သံတွေကလည်း စေ့ ဆော်တိုက်တွန်း လာသောအခါ ဦးအောင်ဘညို အရှိန်ထိန်းဖို့ အာရုံမရှိတော့ပါ၊ ကျော်ကျော့်ကို ညှာတာဖို့ လည်း စိတ်ကူးမရှိတော့ဘဲ တရစပ်လုပ်ရင်း ပြီးဆုံးခြင်းပန်းတိုင်ဆီ အရောက် မနားတမ်း ပြေးတော့သည်။ ရင်ထဲမှာ လှိုက်ကာလှိုက်ကာမောလာသော်လည်း မနားနိုင်၊ အဆုပ်ထဲသို့ လေတွေကို အငမ်းမရရှူရှိုက်သွင်းနေသော ဦးအောင်ဘညို၏ ရင်အုံကြီးသည် ပိန်လိုက်ဖောင်းလိုက်ဖြင့် ပင်ပန်းစွာ အလုပ်လုပ်ရင်း ဦးအောင်ဘညို ပြီးဆုံးရပ်နားလိုက်မှ သူလည်း ခြေကုန်လက်ပန်းကျကာ ဖြေးဖြေးလေးသာ လှုပ်ရှား နိုင်တော့၏။ သူမကိုယ်တိုင် ဦးအောင်ဘညို နှင့် အတူစိတ်လှုပ်ရှားခဲ့ရသည့် ကျော့်ကျော့် ကိုယ်လုံးလေးလဲ တုန်ရီနေ၏။ဦးအောင်ဘညိုက သူမဘေးမှာ မောပန်းစွာလှဲချလိုက်သည့် အခါ ကြည့်လိုက်သည့် ကျော်ကျော့် မျက်ဝန်း တွေက ရီဝေလို့ နေသည်။

“ကျော်ကျော်”

“ရှင်”

ထူးသံကအားဖျော့တုန်ရီနေသည်။ ဦးအောင်ဘညို ကျော်ကျော့် ပုခုံးလေးကို ဖက်ပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။ ဦးအောင်ဘညို လိုပင်ကျော်ကျော်လည်း အသက်ရှူသံမမှန်သည်ကို လူချင်းထိကပ်နေသော အခါသိလိုက် ရသည်။


အပိုင်း (၁၆) ဆက်ရန် >>>


Print Friendly and PDF

No comments:

Post a Comment