Friday, August 8, 2014

နှောင်းနောင်တ အပိုင်း ( ၁ )

နှောင်းနောင်တ အပိုင်း ( ၁ )

Steven Law ရေးသည်။

" ဖေဖေ ကိုမကျေနပ်ဘူး"

" ဒီမှာ သမီး.. ဖေဖေက သမီးလေး အပေါ် ဘာတွေများ လိုအပ်ချက်ရှိလို့လဲ"

" ဖေဖေ  ကို မချစ်ဘူး၊ ဖေဖေလို့လဲ မခေါ် နိုင်တော့ဘူး"

" သမီး က မငယ်တော့ဘူးနှော် သမီး သမီးဘွဲ့ရ တစ်ယောက်ဖြစ်နေပြီ"

" သမီး ဘွဲ့ရအထိ ဖေဖေ တစ်ဦးတည်း နေနိုင်တာပဲ၊ အခုမှ ဘာလို့ မိန်းမယူရမှာလဲ"

" ဒီမှာသမီး ဖေဖေက သမီးလေးပညာရေးမှာ စိတ်အနှောက်အယှက် ဖြစ်မှာစိုးလို့ ဖေဖေက သမီးကျောင်းပြီးတဲ့အထိ စောင့်ခဲ့တာ"

" ဘာမှ လာမရှင်းပြနဲ့ဖေဖေ၊ ဖေဖေ က ဖေ့ဖေ့ငယ်ချစ်ဦးကြောင့် ဒီလို လုပ်တာမဟုတ်လား၊ ဖေဖေ့ကိုမုန်းတယ်"

" အဲဒီလို မဟုတ်ရပါဘူး သမီးရယ်"

" ဘာလို့ မဟုတ်ရမှာလဲ၊ မေမေ အသေစောတာ ဖေ့ဖေ့ကြောင့်"

" အထင်မလွဲပါနှင့် သမီးရယ်၊ သမီး အမေ ရှိစဉ်ကရော ဖေဖေက သမီးမေမေ အပေါ် မကြင်နာလို့လား၊ဝတ္တရားတွေ ပျက်ကွက်ခဲ့လို့လား"

" အခုသမီးတို့ ဘဝထဲ ဖေဖေ့ငယ်ချစ်ဦးဆိုတဲ့ မိန်းမကြီးက ဝင်လာပြီ၊ အဲဒီ မိန်းမကိုလဲ မုန်းတယ်"

" သမီးဖေဖေ့ရဲ့ လက်ကျန်သက်တမ်းမှာ ဖေဖေ ကိုယ်ချစ်ရသူနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်သေးတယ် သမီး"

" ဘယ်ကလာ အဲဒီအမျိုးသမီးက ဖေဖေရဲ့စည်းစိမ် ဥစ္စာကို မက်မောလို့ဖေ့ဖေ့ကို လက်ထပ်တာ"

" မဟုတ်ပါဘူး သမီးရယ်..သူကလဲ အခြေအနေမဲ့ မဟုတ်ဘူး"

" မသိဘူး၊မသိဘူး ဖေဖေ့ကို မုန်းတယ်"

ထိုင်ရာကထပြီး ရတီဇော်အိပ်ခန်းထဲဝင်ပြီး ကုတင်ပေါ်မှောက်ကာ ငိုပစ်လိုက်တော့တယ်။ ဖေဖေ့ အသက် ၅၀ စွန်းပြီ ။ အခုလို အသက်အရွယ်မှ နောက်မိန်းမယူမယ် ဆိုတော့ ရှက်စရာကောင်းလှသည်။ ရတီအားရပါးရငိုပစ်လိုက်သည်။ ရတီလုံးဝမိထွေးမလိုချင်ပါ။

ဦးထွန်းဇော်တစ်ယောက် မိမိရှေ့ကထပြီးပြေးသွားသော သမီးကိုကြည့်ပြီး စိတ်ညစ်သွားရတော့တယ်။ ရတီ အမေဆုံးတာ ငါးနှစ်ရှိပြီ ။ ဖခင်ဆစ်ယောက်အနေနှင့် ဖခင်တာဝန်ရော မိခင်တာဝန်ပါကျေပွန်အောင်ဆောင်ရွက်ခဲ့ပြီးပြီ။ အခုသမီးလေး ဘွဲ့လဲရပြီ။ ဒါပေမယ့် အခုထိ ခလေးဆန်နေတုန်းပါ။

မိတဆိုးလေးမို့ အလိုလိုက်ပြီးချစ်ခဲ့ရတယ်။ လိုလေသေးမရှိရအောင် ထားခဲ့တယ်။ သူများနှင့်တန်းတူ သုံးပြီးမျက်နှာမငယ်ရအောင် လုပ်ပေးပြီးပြီ။ အခုလဲ ဘွဲ့သာရတယ် ဘာအလုပ်မှ မလုပ်ဘူး။ ကျောင်းပြီးလို့ အလုပ်မလုပ်ဘဲ နေတယ် ထားအုံး။ အဖေနား ကပ်သလားမေးရင်လဲ မကပ်ဘူး။

ပိုက်ဆံကို ရေလိုသုံးပြီး သူငယ်ချင်းတွေနဲ့ လျောက်လည်တုန်း၊ သူ့သူငယ်ချင်းအချို့ရဲ့ စိတ်ဓာတ်ကို မျက်စိထဲ ကြည့်မရပေမယ့် သမီးကြောင့် အောင့်အည်းသည်းခံနေရတယ်။ ကြာလာတော့ အထီးကျန်ဆန်လာတယ်။ သားသမီးများ အိမ်ထောင်ပြုရင် ကိုယ်ကဆိုင်သာဆိုင်တယ် မပိုင်ဘူးလေ။

သမီးဆိုတဲ့ အမျိုးကသျောင်နောက် ဆံထုံးပါမဟုတ်လား။ အိမ်ထောင်ပြုရင် ခင်ပွန်းနောက် လိုက်နေရမှာပဲလေ။ သူ့မိသားစုနှင့် သူဖြစ်လာရင် ကိုယ့်ကိုဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ အခုတောင်မှ ကိုယ်မနေမကောင်းရင် ဂရုစိုက်တာမျိုးမရှိတော့ ဆေးပေးမီးယူ အိမ်ထောင်ရှင်မ တစ်ယောက် လိုအပ်သလို ခံစားရလာတယ်။ 

မိမိငယ်စဉ်က ချစ်ခဲ့ပြီး ကွဲကွာခဲ့ရတဲ့ ခင်ငြိမ်းကို တွေ့ရတဲ့အခါ အိပ်ပျော်နေတဲ့ နှလုံးသားတို့ ပြန်လည်နိုးထခဲ့ရပြီ။ သမီးလေး ဘွဲ့ရသည်အထိ ရင်ထဲသိမ်းထားပြီး သမီးဘွဲ့ရမှ ခင်ငြိမ်းကို ဖွင့်ပြောခဲ့တယ်။

" ခင်ငြိမ်း "

" ရှင်ကိုဇော်"

" ကိုဇော် ခင်ငြိမ်းကို လက်ထပ်ချင်တယ်"

" ကိုဇော်ရယ် ဒီအသက်အရွယ်ရောက်မှ မောင်နှမလို မျိုးနေတာကမှ ပိုကောင်းမယ် ထင်တယ်"

" မဟုတ်ဘူး ခင်ငြိမ်း ကိုဇော်တို့ အသက်တွေကြီးပြီ ချစ်ရသူနဲ့ လက်ကျန်ဘဝလေးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်တယ်"

" အင်း ကိုဇော်ရယ်၊ခင်ငြိမ်း နားလည်ပါတယ်၊ ဒါပေမယ့် ကိုဇော့်ရဲ့ သမီးလေး စိတ်ဆင်းရဲရမယ်"

" သူ စိတ်ချမ်းသာအောင် စီမံပေး ရမှာပေါ့"

" ကိုဇော် ဘယ်လိုလုပ်ဖို့ ရည်မှန်းထားလဲ"

" လောလောဆယ် သူ့ကိုပြောပြလိုက်ပြီး သူနားဝင်အောင် နားချရမှာပေါ့"

" စဉ်းစားပါအုံး ကိုဇော်ရယ်"

" ခင်ငြိမ်း ငါ့ဘဝမှာလေ၊ ငါ့ရဲ့ စည်းစိမ်ဥစ္စာကို သူ့အတွက် ချန်ထားပေးနိုင်တယ်။ ဒါပေမယ့် ငါလဲ ကျန်ရှိတဲ့ သက်တမ်းမှာ နင်နဲ့ပဲ ဖြတ်သန်းချင်တယ်"

ဒေါ်ခင်ငြိမ်းတစ်ယောက် ကိုထွန်းဇော်ကို ကြည့်ပြီး သက်မျှင်းချလိုက်တယ်။ တကယ်တော့ ခင်ငြိမ်းကအပျိုကြီးပါ။ ကိုထွန်းဇော်နှင့် လွှဲပြီးကတည်းက အိမ်ထောင်မပြုခဲ့ပါဘူး။ ကိုထွန်းဇော်နှင့် ပြန်တွေ့တဲ့ အခါမှာတော့ ကိုထွန်းဇော်ကို တွေ့ပြီး သူ့ခင်မျာ၊စီးပွားရေးက တဖက်၊ သားသမီးရေးက တဖက်နှင့် ကသီလင်တ နိုင်နေတာကြည့်ပြီး သနားမိတယ်။ သမီးလေးကိုလဲ မိတဆိုးဆိုပြီး အလိုလိုက်ထားတော့ ဆိုးနေတဲ့ပုံမို့ ပိုသနားမိတာပါ။

ဒီလိုနဲ့ သမီးနှင့်အဖေဟာ ညှိနှိုင်းမရတဲ့ အခြေအနေဖြစ်လာပြီး ဦးထွန်းဇော် စကားပြောတိုင်း အကောင်းမမြင်တော့ပဲ အရွဲ့တိုက်လာတော့တယ်။ သူငယ်ချင်းတွေနဲ့ လည်တယ်။

ကလပ် တက်တတ်လာတယ်။ ပိုက်ဆံကို အလွန် သုံးစွဲလာခဲ့တယ် ။ ဆူပြန်တော့လဲ နောက်မိန်းမ ယူချင်လို့ သမီးကို အိမ်ပေါ်က နှင်ချတယ်ကစ အော်တော့တယ်။ နောက်ဆုံးတော့ ညှိနှိုင်းမရတဲ့ အခြေအနေဖြစ်လာကြတော့တယ်။

" ဒီမှ ာဖေဖေ သမီးကို လာနားမချနဲ့ ဖေဖေတောင်မှ လုပ်ချင်ရာ လုပ်သေးတာပဲ၊ သမီးလဲ လုပ်ချင်ရလုပ်မယ်"

" ရတီဇော် နင် ဘာစကားပြောတာလဲ ငါက ငါ့သမီးကောင်းဖို့ဆုံးမတာ"

" ဟာ ဟ သမီးအတွက်တဲ့ ဖေဖေ သမီးကို အိမ်က ဆင်းစချေင်လို့ မဟုတ်လား၊ ဖေဖေက မေမေနဲ့ ရှာထားတဲ့ စည်းစိမ်တွေနဲ့ နောက်မိန်းမယူပြီး ပျော်ချင်လို့ မဟုတ်လား"

" ဒီမှာ ရတီဇော် ငါနောက်မိန်းမ ယူတယ် ဆိုပေမယ့် အဲဒီ စည်းစိမ်ဥစ္စာတွေကို နင့်နာမည်နဲ့ အကုန်လွှဲထားတယ်"

" အဲဒါဆို အခုပေး အဲဒါရရင် ဒီအိမ်ပေါ်မှာ မနေဘူးကျက်သရေ တုံးတယ်"

" ဘာကွ ရတီဇော် နင်စော်ကားလှချည်လား၊ အဲဒီလောက်တောင် ဖြစ်နေရင် နင်အခု အဲဒီဟာတွေ ယူသွားအခုဆင်းတော့"

" ရတယ် အခုပေး၊ အခု ဆင်းမယ်"

ဘယ်လိုမှ တားမရတော့တဲ့ အခြေအနေရောက်ခဲ့ပြီမို့ သူ့အမေရဲ့ လက်ဝတ်လက်စားနှင့် ဘဏ်စာအုပ်ကိုထုတ်ပေးလိုက်တော့တယ်။ ရတီလည်း ရတာအကုန်ယူပြီး အိမ်ကထွက်သွားကာ သူငယ်ချင်းအိမ်သို့ဦးတည်ထွက်ခွာခဲ့တော့တယ်။

............................................

" ဟေ့ ရတီ ဘယ်လို ဖြစ်လာလဲ အထုတ်အပိုးတွေနဲ့"

" ငါ အိမ်က ဆင်းလာတာ"

" နင်ကလဲဟယ် ကြိုမပြောဘူး"

" ခုစိတ်ဆိုးပြီး ခုဆင်းလာတာ ငါဘယ်လိုကြိုပြောမလဲ၊ ဘာလဲ နေလို့ မရဘူးလား"

" ရပါတယ်ဟာ ငါအမေ့ကို ပြောလိုက်မယ်"

" မေမေရေ ရတီအိမ်ပေါ်က ဆင်းလာတယ်၊ သမီးတို့အိမ် ခနနေမလို့တဲ့"

" အမ် ဘာလို့အိမ်က ဆင်းလာတာလဲ ရတီသမီး"

" ဖေဖေကြောင့်ပါ"

" သမီးဖေဖေက ဘာဖြစ်လို့ မတားတာလဲ"

" သမီးက အိမ်မှာကို မနေချင်တော့တာ"

" ဟင်  ဘာတွေများဖြစ်လာလို့လဲ ပြောစမ်းပါအုံး"

" ဖေဖေက နောက်မိန်းမ ယူမယ်ဆိုလို့"

" အဲဒါပဲကြည့်တော့ ယောက်ကျားတွေများ မိန်းမမရှိရင် ဘယ်လိုမှ မနေနိုင်တာပဲ"

" သမီး အန်တီတို့ အိမ် ခဏနေလို့ရမလား"

" ရတာပေါ့ သမီးရယ်၊ အန်တီတို့ အိမ်က ကျဉ်းတော့ သမီးကြာကြာနေလို့ရမှာ မဟုတ်ဘူး"

" ခဏပဲ နေမှာပါ၊ သမီးတိုက်ခန်းဝယ်ပြီး ကိုယ့်ဘာသာကိုယ် နေပါ့မယ်"

" ဟင် သမီးရတီ တိုက်ခန်းဝယ်ရအောင် သမီးမှာ ပိုက်ဆံရှိလို့လား"

" အမွေ တစ်ခါတည်းခွဲပေးလိုက်တာ အန်တီ'"

" အော်.. ဒီလိုလားသမီးရယ်။ သမီးလေး အန်တီအိမ်က ကျဉ်းလို့ စိတ်ညစ်နေမှာစိုးလို့ပါကွယ်"

လေသံများနူးညံ့သွားရတဲ့ အန်တီကြောင့်

" ရပါတယ် အန်တီရယ်၊ကျေးဇူးလဲ တင်ပါတယ်"

" ကဲ သမီး သမီး အခန်းထဲမှာပဲ ရတီကိုနေရာချလိုက် ကုတင်တစ်လုံးထဲ အတူတူအိပ်ပေါ့၊ ရတီပင်ပန်းနေမယ်၊ ရတီနားပါစေသမီးက မေမေ့ဆီလာခဲ့ ရတီစားရအောင် ညနေစာ စီစဉ်ရအောင်"

" ဟုတ်ကဲ့ မေမေ"

" ရတီအေ းဆေးနားနှော် ဘာမှအားမနာနဲ့ ငါ့အမေက နင်စားရအောင် စားစရာတွေ သွားဝယ်မယ် ထင်တယ်"

" အေးပါ သူငယ်ချင်း"

သူငယ်ချင်းဖြစ်သူ ဆုရည်ထွက်သွားတော့ ရတီစိတ်ထဲမှာ

" ဆုရည်တို့ အမေက မဆိုးဘူးပဲ၊

သဘောကောင်းသားဟု တွေးလိုက်မိတယ်။

" ဆုရည် သမီး"

" ဘာလဲ မေမေ"

" ရတီမှ ာပိုက်ဆံတွေ တော်တော်ပါသလား"

" ဘယ်သိမလဲ မေမေ၊ သူကချမ်းသာတယ်"

" အေး တိုက်ခန်းတွေဘာတွေ ဝယ်မယ်ဆိုတော့ တော်တော်ပါလာတဲ့ပုံ ရတယ်သမီး"

" ဟုတ်တယ် မေမေ"

" အင်း မေမေ အကြံတစ်ခုရတယ် သမီး"

" ဘာလဲ မေမေ"

" သူက မေမေတို့အိမ်လာတယ်ဆိုတော့သမီးကို တော်တော် ခင်လို့ ဖြစ်မယ်"

" ဟုတ်တယ် မေမေ"

" ဟိုလေ သမီး သူတိုက်ခန်းဝယ်မယ်ဆိုရင် မေမေသိတယ်။ နင်လိုချင်တဲ့ နေရာပြေ ာငါ့မေမေ စုံစမ်းပေးမယ်လို့ပြော"

" ဟုတ်ကဲ့ မေမေ"

" မေမေတို့က ပွဲစားခလေးပဲရရ မဆိုးဘူး မဟုတ်လား၊ တကယ်လို့သာ ပွဲညွန့်လေးသာရ ပိုအဆင်ပြေတယ်"

" ဟုတ်မေမေ၊ အခုသူစိတ်ချမ်းသာအောင် သမီးဖက်ကနေပေး၊ သူကုတင်ပေါ် အိပ်ရတာ အဆင်မပြေရင်သမီးက ကုတင်အောက်အိပ်နှော် သမီး"

" ဟုတ်ကဲ့ မေမေ သမီး သဘောပေါက်ပါတယ်"

...............................................

ဒီလိုနဲ့ ရတီက ဆုရည်တို့အိမ်မှာ တစ်လလောက်နေခဲ့ရတယ်။ ထိုအတောအတွင်း ဦးထွန်းဇော်မှာ သမီးဖြစ်သူအား ရှာဖွေရာ ဆုရည်တို့ အမေနှင့်သာ တွေ့ခဲ့ရသည်။ အိမ်ပြန်လာစေချင်ကြောင်းလဲ ပြောခဲ့ရာ။ ဆုရည်အမေက စိတ်မပူရန်နှင့် သားသမီးချင်း ကိုယ်ချင်းစာတရားရှိပါကြောင်း။ ရတီမပျော်လျှင် အိမ်ကို သူကိုယ်တိုင်လိုက်ပြီး ပို့ဆောင်ပေးပါမည်ဟု ပြော၍ ဦးထွန်းဇော်လည်း စိတ်သက်သာယာရကာ အိမ်ပြန်ခဲ့ရသည်။ ဆုရည်အမေကလဲ ရတီအပေါ် အရမ်းကောင်းတော့ ယုံကြည်ခဲ့တယ်။

ဆုရည်က ငပွေမလေး ဆိုပေမယ့် သူ့အိမ်မှာနေတဲ့ အချိန် ရတီအပေါ်အရမ်းကောင်းတယ်။ ဆုရည်ကရည်းစားများတယ်။ အပြင်ထွက်ချင်ရင် ရတီကို ပြောတယ်။ ရတီက အန်တီကို ပြောလိုက်ရင်ရတော့အဆင်ပြေတယ်။

" ရတီ နင့်အိမ်မြန်မြန်ရမှာပဲ"

" ဘာလို့လဲဆု"

" ဟီး ငါကအိမ်မှာ အမေရှိတော့ သိပ်မလွတ်လပ်ဘူး၊ ညဘက်ထွက်လဲ အကြာကြီး နေလို့မရဘူး"

" ခုလဲ အပြင်ထွက်နေရတာပဲ"

" ဟီး ရတီရဲ့ ခါတိုင်းဆို ရတီဆီသွားမယ်ဆိုပြီး ငါ့ဘဲတွေနဲ့ လည်နေကြလေ၊ အခုနင်ရောက်တော့ တွေ့ရုံပဲတွေ့နေရတယ်"

" တွေ့ရုံဆို ရပီမဟုတ်လား"

" ဟီး နင်မသိလို့ ခါတိုင်း ငါ့ဘဲနဲ့ ဟိုတယ်လစ်နေကြ"

" ဟင်  နင်ကလဲ အဲလိုရီးလား၊ နင်မကြောက်ဘူးလား"

" ဘာကို ကြောက်ရမှာလဲ၊ ကြောက်စရာလား ၊ ဒီခေတ်ကြီးမှာ ဒါမျိုးတွေ လုပ်နေကြပဲ"

" ဟင် ဟုတ်လား"

" အေး ငါဆို ဘဲနှစ်ပွေလုံးနဲ့ အိပ်ဖူးတယ်"

" ဟယ်..တကယ်ကြီး"

" အင်း  ငါ့နို့တွေ တွေ့လား ကိတ်နေတာ"

" နဂိုကြီးတာ မဟုတ်လား"

" ဘယ်ကလာ သူတို့ကိုင်လိုက် စို့လိုက်မှ ပိုကိတ်လာတာ"

" တကယ်"

" ဟီးငါ လေ ဇာတ်ကားတွေက အတိုင်း အကုန်လုပ်ဖူးတာ"

" မသာမ ဆု နင် မလွယ်ဘူးနှော်"

" ဟီး ကောင်းတာကိုးဟ"

" ခစ် ခစ် ခစ်"

" အဲဒါကြောင့် နင့်အိမ်ငါလိုက်နေရင် ညဘက်ပါ လစ်လို့ရပြီ"

" ဟင့် ညတော့ မသွားနဲ့လေ ငါတစ်ယောက်တည်း ဖြစ်နေမှာပေါ့"

" အေးနှော် အဲဒါဆို တစ်ခါတလေ ခေါ်အိပ်လို့ ရမလား"

" အိပ်ပေါ့"

" တကယ်နှော် "

" ကောင်မ ဆု အခုကတည်းက ယွချင်နေပြီ"

" ခစ် ခစ် ခစ်"

ဒီလိုနဲ့ အန်တီက

" သမီးရတီ သမီးအတွက် တိုက်ခန်းတစ်ခန်း တွေ့တယ် သိလား၊ ကျယ်လဲကျယ်တယ်၊ ကားပါကင်တောင်ပါသေးတယ်၊ ရပ်ကွက်လဲ သန့်တယ်"

" ဟုတ်လား အန်တီ၊ဘယ်လောက်လဲတဲ့"

" သိန်းထောင့်နှစ်ရာငါးဆယ်တဲ့။ သူဗိုက်နာလို့ ရောင်းနေတာ၊ ငါးဆယ်လောက်တော့ ဆစ်လို့ရတယ်"

" ဟုတ်လား အန်တီ၊သွားကြည့်ပြီး ပိုင်ရှင်နဲ့ တွေ့ရအောင်"

" ဟုတ်တယ် သမီးလေး၊ အန်တီအိမ်ရှင်နဲ့ တွေ့ပေးဖို့ပြောထားတယ်"

တကယ်တမ်းမှာ ကိုးရာတန်တိုက်ခန်းကို ထောင့်နှစ်ရာ့ငါးဆယ်နဲ့ ပြောခြင်းဖြစ်ပြီး တဖက်နှင့် စည်းဝါးကိုက်ပြီးသား ဖြစ်နေသည်ကို ရတီမသိပေ။ ငါးဆယ်လျော့ပြီး အရောင်းအဝယ်တည့်လေသည်။ ဆုရည် အမေက သိန်းသုံးရာယူပြီး ဂျင်းထည့်သည်ကို ရတီမသိပေ။

တိုက်ခန်းပြင်သည် ဆင်သည်နှင့် နောက်ထပ် တစ်ရာ့ငါးဆယ်ခန့် ကုန်သွားရပြန်သည်။ ထိုအခါ ငွေကုန်မှန်းသိတော့ အလုပ်လုပ်မည်စုံစမ်းရာ တစ်လမှ တစ်သိန်းရှစ်သောင်း၊ နှစ်သိန်းရှစ်သောင်းရ၍ မလုပ်ချင်ပြန်/

" ရတီ ကလဲ နင်ဘာလို့ အလုပ်လုပ်မလဲ၊ အေးဆေးနေစမ်းပါဟာ"

" နေ့စဉ်စားဖို့လုပ်ရမယ် မဟုတ်လား"

" တစ်လနှစ်သိန်းနှင့် ဘာလုပ်မလဲ၊ နင့်ပိုက်ဆံတွေကို အတိုးပေးလိုက် ဆစ်ငါးကျပ်တိုး၊ သိန်းငါးရာလောက်ချေးလိုက်လေ၊ အမယ်တစ်လနှစ်ဆယ့်ငါးသိန်း အေးဆေး"

" ဟုတ်သားပဲ  ဆု"

ဆုရည် အမေနဲ့ တိုင်ပင်ပြီး ငွေတိုးချေးရာက သိန်းငါးရာချေးပြီး တစ်လနှစ်ဆယ့်ငါးသိန်းရသည်မို့ ရတီပျော်ရသည်။ မိမိမှာတိုက်ခန်းလဲရှိ ဝင်ငွေလဲရှိပြီမို့ ရတီနှင့်ဆုရည်တို့ ပျော်မဆုံးမော်မဆုံးဖြစ်ပြီး ကဲကြတော့သည်။ တနေ့တော့ ဆုရည်နှင့်က လပ်သွားရာ ဆုရည်ရည်းစားဖြစ်သူ ကိုအောင်အောင်နှင့် အတူနောက်တစ်ယောက် ပါလာလေရာ။ ဆုရည်က မိတ်ဆက်ပေးသည်။

" ရတီ သူက ကိုရဲထွန်းနိုင်တဲ့၊ ကိုရဲလို့ခေါ်ကြတယ်"

" ကိုရဲ သူကဆု သူငယ်ချင်း ရတီတဲ့"

ကိုရဲရုပ်က ရုပ်ဖြောင့် ဘော်ဒီတောင့်မို့ မဆိုးဘူးဟု တွေးနေတုန်း

" ဆု သူငယ်ချင်းက ဆုလိုပဲ အချောလေးပါလား"

" မြောက်ပြောတတ်တယ် ကြည့်စမ်း"

" အမှန်တရားပါဗျာ။ ဟိုဘက်ဝိုင်းက ဘဲတွေကြည့်ရတီ့ကို ငမ်းနေကြတာ"

" ခစ်ခစ်"

" အောင်အောင်ရေ ရတီနဲ့တွေ့တဲ့ အထိမ်းအမှတ် ပုလင်းဖောက်မယ်၊ ဒီနေ့ ငါဒကာခံမယ်"

" ဟေး  ..."

ချိုမြမြခါးသက်သော အရည်နည်းနည်းဝင်တော့ လည်ချောင်းတို့ ပူလာကာ စိတ်တို့မြူးကြွလာသည်။

" ကိုရဲ ဆုတို့သွားကမလို့ ကိုရဲရတီကို စောင့်ရှောက်လိုက်ဦး"

" သွားပါ ဆု၊ကိုယ်ဖိရင်ဖိ စောင့်ရှောက်ပါ့မယ်"

" အာ ကိုရဲနှော်

ဆုရည်နှင့် သူ့ရည်းစားက  ကရန်ထွက်သွားတော့ ရတီနှင့်ကိုရဲသာ ကျန်ခဲ့သည်။ ကိုရဲမှ ာရတီနား ကပ်ပြီးစကားပြောလေရာ။ ရတီမှာ စိတ်ထဲကြည်နူးသလို ရင်ဖိုနေသလို ဖြစ်ရတော့သည်။ ရတီမှာ ကနေသည့်နေရာကိုလည်း ခဏခဏ ကြည့်မိသည်။

" ရတီ ကိုယ်တို့လဲ ကရအောင်"

" ဟုတ် ကိုရဲ"

ကိုရဲက ရတီ့ခါးကို ဖက်ပြီး ကနေသည့်နေရာကို သွားတော့ ရတီ မငြင်းဆန်မိပေ။


 အပိုင်း ( ၂ ) ဆက်ရန် >>>>>



Print Friendly and PDF

No comments:

Post a Comment