Sunday, August 22, 2010

ဝင်ကစွပ် အပိုင်း ( ၅ )

ဝင်ကစွပ် အပိုင်း ( ၅ )

ရေးသားသူ - ဂျင်ကလိ

မှန်ကိုခြင်းတောင်းပေါ်ပြန်တင်ပြီး မင်းခန့်လည်း ခြင်ထောင်ထောင်ရသည်။ နံရံက ချိတ်ကလေးတွေမှာ လိုက်ချိတ်လိုက်ရုံပဲဆိုတော့ အဆင်ပြေပါသည်။ ဒါတောင်မှ အစပိုင်းမှာ ခြင်ထောင်ကိုင်ပြီး ယောင်ချာချာဖြစ်နေမိလို့ ကြည်မာ မျက်စောင်းထိုးတာခံလိုက်ရသေးသည်။  မင်းခန့် ပြီးလို့ ခြင်ထောင်ထဲ ရောက်သည်နှင့် ကြည်မာက မီးပိတ်ပစ်လိုက်သည်။ ပင်ပန်း လာတာ ဆိုတော့ သူမလည်း အိပ်ချင်ပေမည်။ သူတို့တွေက ဆိုင်တွေကိုသွားရင် ထိုင်ခွင့် တောင်မရ။ ဝိုင်းတွေနားမှာ မတ်တပ်လေးတွေ ရပ်နေရတာ မင်းခန့် သိ၏။ အလွန်ခြေ ညောင်းရသည့် အလုပ်ဖြစ်သည်။

ဘာမှတောင်မကြာသည့် အချိန်အတွင်းမှာကြည်မာ အသက်မှန်မှန်ရှူပြီး အိပ်မောကျသွားပေမယ့် မင်းခန့်ကတော့ ဘယ်လိုမှ အိပ်မပျော်ပါ။ စောစောက မြင်လိုက်ရသည့် ပန်းအိဖြူ၏ ပုံရိပ်က မျက်လုံးထဲမှာ တဝဲဝဲလည်နေသည်။ ဒါတောင်မှ အမှတ်တမဲ့ မြင်လိုက်ရခြင်း ဖြစ်သည်။ သေသေချာချာ မြင်ခွင့်ရခဲ့သည် မဟုတ်။ သေသေချာချာ မြင်ခွင့်ရရင် ဘယ်လို နေမလဲ ဟု သိချင်လာသည်။ အိပ်မပျော်မည့်တူတူ မထူးတော့ ဟု စိတ်ပေါ်လာ၏။

အိပ်ယာထဲကနေ အသာလေးထလာပြီး မှန်ကိုစမ်းယူကာ ရင်ခွင်မှာပိုက်လိုက် ပြီးတော့ မှောင်ထဲမှာ တရွေ့ရွေ့ နှင့် အခန်းပြင်ကို ထွက်ခဲ့၏။ အိမ်ရှေ့ခန်းကိုသွားချင် ပေမယ့် မီးဖွင့်လိုက်ရင် ကြည်မာ နိုးသွားမှာစိုးလို့ အနောက်ဖက်ကို လာခဲ့သည်။ အိမ်ကလည်း အခန်းသုံးခန်းပဲ ရှိသည်။ အိမ်ရှေ့ဧည့်ခန်း၊ အိပ်ခန်းနှင့် မီးဖို ဒီသုံးခုသာရှိသည်။ မီးဖိုက မီး ခလုပ်ကလည်း အခန်းဝမှာပဲ ရှိလို့ အလွယ်တကူ ဖွင့်လိုက်နိုင်သည်။ အိမ်ရှေ့ခန်း မီးကို ဖွင့်လိုက်ရင် အိပ်ခန်းထဲကို အလင်းရောင်ဝင်ကြောင်း ညဦးပိုင်းကထဲကမင်းခန့် သိခဲ့ သည်။

မီးရောင်လင်းသွားသည်နှင့် စားပွဲဝိုင်းလေးမှာ ဝင်ထိုင်ပြီးမှန်ကို စားပွဲပေါ်တင်လိုက်၏။ ပြီးမှ မျက်စိကို မှိတ်လိုက်ပြီး မှန်ကို မျက်နှာရှေ့မှာထောင်ပြီး မျက်စိကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်၏။

အညိုရောင်ဆံပင်တွေက အနည်းငယ်တော့ ကွေ့လိမ်နေသည်။ နဖူးပေါ် ဝဲကျနေသည့် ဆံပင်တွေကို သပ်တင်လိုက်သည့် အခါ မျက်နှာကို ပိုပြီး ရှင်းလင်းစွာ မြင်ရသည်။ မျက်ခုံး နှင့်မျက်လုံးက အနေတော်လောက်ဟု ဆိုနိုင်သော်လည်း နှာတံက အချိုးမကျ ဟု မင်း ခန့်ထင်သည်။ ဘယ်လို အချိုးမကျတာလဲဆိုရင်တော့ မဖြေတတ်ပါ။ အပေါ်နှုတ်ခမ်းက နည်းနည်း ထူသည်ဟု ထင်မိသည်။ဒါပေမယ့် ကြည့်ရဆိုးလောက်အောင်လဲ မဟုတ်။ အားလုံးကို ခြုံငုံပြီးပြောရရင် မှန်ထဲမှာ ရှိနေတာ  မင်းခန့် အရင် တုန်းက လုံးဝ မ တွေ့ခဲ့ဖူး သည့်မိန်းကလေးတယောက်၏ မျက်နှာဖြစ်သည်။ တခု တော့ ရှိသည်။ မျက်လုံး ကိုတည့် တည့် စိုက်ကြည့်လိုက်ရင်ကျောထဲစိမ့် ကနဲဖြစ် သွား၏။

“ ဟုတ်ပြီ၊ ဘာထူးခြားလို့လဲ”

စိတ်ကိုအားတင်းလိုက်ပြီးနောက် မင်းခန့် မှန်ထဲက ပုံရိပ်ကို မမှိတ်မသုန်စိုက်ကြည့်နေ မိ သည်။ မျက်နှာပေါ်မှာ ရှိသမျှ အစိတ်အပိုင်း အကုန်လုံးကိုလိုက်ကြည့်သည်။ ကြည့်နေရင်း တခါတခါကျရင် မိန်းကလေးမျက်နှာက ပြုံးယောင်သမ်းလာသည်။ တခါတရံကျ ရင် မဲ့ သလိုလို ဖြစ်သွားပြီး တခါတရံကျရင်တော့ မျက်လုံးတွေက ရီဝေပြီး ညိုးယော်နွမ်းဖျော့သည့် မျက်နှာကိုမြင်ရသည်။

ကြည့်ရင်းကြည့်ရင်း စိတ်ရဲလာသည့် အခါ အထဲကပုံကပြုံးသည်ဟုထင်ရင် မင်းခန့်ကပြုံး ပြလိုက်သည်။ မဲ့သည်ဟုထင်ရင် မဲ့ပြလိုက်သည်။ ညိုးငယ်နေသည်ဟုထင်ရင် ပိုပြီးညိုးငယ် အောင်လုပ်ပြလိုက်သည်။ ကလေးကလား ရယ်စရာတွေဟု တွေးမိသေး ပေ မယ့် ခုချိန် မှာဒီလိုလုပ်နေရတာ မင်းခန့် အတွက် နည်းနည်းဖြေသာသလိုလို ရှိ၏။ အတိုင်း အတာ တခုအထိစိတ်ကျေနပ်သွားသည်ဟု ထင် တော့မှ ရပ်လိုက်သည်။ ထရပ်လိုက်တော့မှ ခါးတွေညောင်းပြီးခြေထောက်တွေလည်း ထုံ နေတာကို သတိထားလိုက်မိသည်။

ကိုယ်အထက်ပိုင်းကို ဟိုဒီလှည့်လိုက်သည့် အခါ အသံ တွေ တဖျစ်ဖျစ်မြည်သွား၏။ စိတ်ပေါ့ပါးစွာဖြင့် အခန်းထဲပြန်လာပြီးနောက် ခြင်ထောင်ထဲဝင်အိပ်လိုက်ရာ တချိုးထဲ အိပ် ပျော်သွားသည်။ မှန်ထဲက မျက်နှာကိုပြန်ကြည့်ရဲလျှင် အပြင်မှာလည်း ပန်းအိဖြူ နှင့်ပတ် သက် တာတွေကို ရင်ဆိုင်ရဲတော့မည်ဟု ကိုယ့်စိတ်ကိုပြန်ပိုင်းဖြတ်လိုက်၏။

ခုရက် ပိုင်းမှာ အိပ်နေဖြစ်တာ များလို့ မနက်ကျတော့ ခပ်စောစော နိုးပေမယ့် လူကကြည် ကြည်လင်လင် ရှိပါ၏။ တော်တော် နှင့် မထသေးဘဲ နှပ်နေပြီး ရှစ်နာရီကျော်လောက်မှာအိပ်ယာထဲက ထွက်လာသည် အထိကြည်မာ မနိုးသေးပါ။ မင်းခန့် ကိုကျောပေး ရင်း တ စောင်းလေး အိပ်ပျော်နေသည်။ ပန်းအိဖြူကို တော်တော် အမြင်ကပ်ပုံရသည်။ အိပ် တာတောင် ကျောပေးအိပ်၏။

မင်းခန့် အတွက်သတ်မှတ်ထားသည့် အတိုင်း မချိုပိုင်ခဲ့သော ရေစည်မှ ရေဖြင့် မျက်နှာ သစ်ကိုယ်လက်သန့်စင်ပြီး ပြန်ဝင်လာသည်အထိ ကြည်မာ မနိုးသေး။ မျက်နှာ မသစ်ခင်အိမ်သာဝင်တော့လည်း မချိုရေပဲ ဖြစ်သည်။ မျက်နှာသုတ်ပုဝါ နှင့် သွားတိုက်ဆေး သွား ပွတ်တံ တွေ ပြန်ထည့်ပေးလိုက်သည့် မမအုန်း ကို ကျေးဇူးတင် မိ သည်။ ဒါတွေသာ ပါမလာရင် ကြည်မာ မနိုးမချင်း ပန်းအိဖြူ၏ ပစ္စည်းတွေ ဘယ်မှာ မှန်းမသိသည့် မင်းခန့် မျက်နှာသစ်ဖို့ ခက်မည်။

ထမင်းစားပွဲလေး မှာထိုင်ပြီး ညနေကဝယ်ထားသည့် ပေါင်မုန့်ကို ရေနှင့် မျှောချနေတုန်း ကြည်မာနိုးလာသည်။ ညကလောက်မျက်နှာ မတင်းမာတော့သော်လည်း မင်းခန့်ကို ခပ်တည်တည် ကြည့်ပြီး နောက်ဖေးကို ဆင်းသွား၏။ မဆင်းခင် တံခါးကြားက ရာဘာဖိနပ် လေးတရံကို ယူစီးလိုက်တာကို မြင်ရလို့ သူမ ဆင်းသွားပြီးသည်နှင့် မသိမသာလေး တံခါး နားကို သွားကြည့်တော့ ရာဘာကွင်းထိုးဖိနပ်လေးတရံကို တွေ့သည်။ စွပ်ကြည့်တော့ခြေ ထောက်နှင့် အတော်ပဲဖြစ်သည်။ အရင်ကဒါကို မတွေ့လို့ နောက်ကိုဆင်းရင် အိမ်ရှေ့က ကတ္တီပါ ဖိနပ်ကို သွားပြန်ယူနေရသည်။

ကြည်မာ ကိစ္စဝိစ္စတွေ ပြီးလို့ မီးဖိုထဲပြန်ဝင်လာချိန်မှာ မင်းခန့်က နေရာမှာပြန်ထိုင်ပြီး ပေါင် မုန့်စားနေပြီ ဖြစ်သည်။ ကြည်မာလာတော့ ဖွင့်လက်စ ပေါင်မုန့်ထုပ်ကို ကြည်မာ့ဖက်ကိုထိုးပေးလိုက်၏။

“ ရော့ ကြည်မာ၊ စား”

မင်းခန့်ကို တချက်စိုက်ကြည့်လိုက်ပြီး

“ မစားတော့ဘူး၊ မီးလာနေတယ်၊ ခေါက်ဆွဲပဲ ပြုတ်သောက်လိုက်တော့မယ်”

ပန်းကန်စင်အောက်နားမှာ ချထားသည့် မုန့်ပုံးတပုံး ကိုကြည်မာ ဖွင့်ပြီး ခေါက်ဆွဲခြောက် တထုပ် ယူလိုက်၏။ ပန်းကန်စင်၏ တခြားဖက်ထိပ်တွင် နောက်ထပ်မုန့်ပုံး တပုံးတွေ့သည်။ထိုမုန့် ပုံးပေါ်တွင် အိ ဟု ဆော့ပင်နှင့် ရေးထားတာမြင်လို့ မင်းခန့် ထယူပြီး ဖွင့်ကြည့် လိုက်သည်။ အထဲမှာ ကော်ဖီမစ် ထုပ်တွေတွေ့ရ၏။ ပေါင်မုန့်ကို ရေနှင့် မျောမည့်အစား ကော်ဖီလေး နှင့်ဆိုရင် ပိုကောင်းမည်ဟု တွေးမိသည်။ ဒါပေမယ့် ရေနွေးကို ဘယ်လိုလုပ် ရမလဲ ဆိုတာမင်းခန့် မစဉ်းစားတတ်။ ရေနွေးတည်ဖို့ ခရားတခုတော့တွေ့သည်။ တခုထဲ ဆိုတော့ဘုံသုံး ဖြစ်နိုင်၏။ ကြည်မာ့ကို ကြည့်လိုက်တော့ လျှပ်စစ်ဖိုမှာ ဒယ်အိုးလေးတလုံး နှင့် ခေါက်ဆွဲပြုတ်နေ သည်။

“ ကြည်မာ၊ ဒီမီးဖိုက ဂက်စ် ရှိသေးရဲ့လားမသိဘူး”

“ နင်ပဲ သုံးတာ ငါဘယ်လိုလုပ်သိမှာလဲ၊ မချိုရေနွေးတည် တုန်းကတော့ ရသေးတယ်၊ ငါ လုံးဝ မကိုင်ဘူးနော်”

ဒေါသတကြီးတုန့်ပြန်လာသည့်ကြည်မာ့ကို မင်းခန့် စိတ်မဆိုးပါ။ ပြုံးချင်လာတာနှင့် ပြုံးမိ သည်။ ပြုံးရာကနေ ရယ်ချင်လာလို့ ရယ်မိသည်။ ပျော်လို့ ရယ်တာမဟုတ်ပါ။ မင်းခန့် ခုချိန်ထိ စူး စမ်းနိုင်သမျှ ပန်းအိဖြူနှင့် ပတ်သက်တာတွေသည် တကယ်တော့ အပေါ်ယံ သက်သက် အသေးအဖွဲ လေးတွေသာဖြစ်သည်။ ဖေါ်ထုတ်ရဦးမည့် ဖြေရှင်းရဦးမည့် ခက် ခဲရှုပ်ထွေးသော အကြောင်းအရာတွေ အများကြီးရှိ နိုင်သေးသည်။ ကြည်မာ၏ နားမ လည် သည့် အ ကြည့်ကို ဂရုမစိုက်နိုင်တော့ဘဲ မင်းခန့် စိတ်မသက်သာစွာ ဆက်ရယ်နေ မိပါသည်။

ကြည်မာကတော့ မင်းခန့်ကို ရူးသွားပြီ ဟု ထင်ကောင်းထင်ပါလိမ့်မည်။

.........................................................................................................................

အခန်း - ၃ (င)

အဝတ်လျှော်ရင်း လက်သည်းတွေ ကျိုးကုန်ကထဲက မင်းခန့် စိတ်ညစ်သွားသည်။ ဒါပေ မယ့် ဒီနေ့ တနေ့လုံး အဆင်မပြေ တာတွေ ဖြစ်လာဦးတော့မည်ဟု လုံးဝ မတွေးမိခဲ့ပါ။

ပန်း အိဖြူ တုန်းကတော့ ဘယ်လိုလုပ်သည် မသိ။ မင်းခန့် အတွက်ကတော့ လက်သည်း ရှည် တွေက စိတ်မရှည်ချင်စရာ ကောင်းသည်။ဟို အရင်က စက်နှင့်လျှော်တာဆိုတော့လွယ်ကူ သက်သာ သည်။ ဒီမှာက စက်မရှိတော့ လက် ကိုပဲ အားကိုးရသည်။ မလျှော် လို့လည်း မဖြစ်တော့။ ဆေးရုံမှာထဲက မချိုအဝတ်တွေ ဝတ် ခဲ့သည်။ အိမ်ရောက် တော့လည်း ဆက် ဝတ်နေသည်။များပြားလွန်းသည့် ပန်းအိဖြူ၏ အဝတ်အစားတွေကို ထိ တောင် မ ထိဖြစ် သေး။ ဆေးရုံမှာ ပိုက်ဆံပေးလျှော်ခဲ့သည့် အ ဝတ်တွေကိုတောင် ပြန်ဝတ်လို့ ကုန်ပြီခဲ့ပြီ။

အဝတ်လျှော်တာကို ရပ်ပြီး အခန်းထဲက လက်သည်းညှပ်သွားယူစဉ် အိမ်ရှေ့ခန်းဖက်က ကြည်မာ ဘုရားရှိခိုးနေသံကြားရသည်။ ဆေးရုံမှာ ကထဲက ဆိုးဆေးတွေ အကုန်နီးပါးပျက်ခဲ့ပြီ ဖြစ်သည့် လက်သည်းတွေရော ဖြေသည်းတွေပါ အကုန်ညှပ်ပစ်လိုက်သည်။ ပြီးမှ အဝတ်ဆက်လျှော်၏။ ထမိန်တွေလျှော်ရသည့် အခါမှာတော့ စိတ်ထဲမှာ တမျိုးကြီးခံစား ရသည်။ ဒါပေမယ့် ရွေးချယ်စရာ လမ်းမရှိတော့ဟု ကိုယ့်ကိုယ်ကို ပြန်သတိပေးရ၏။ ဝတ် တောင်ဝတ်ခဲ့ ရပြီးမှတော့ ကျန်တာမထူးတော့ပါ။

အဓိက ကတော့ ကြည်မာ့ကို ဒီအဝတ်တွေပေးချင်ခြင်းဖြစ်၏။ ကြည်မာ့မှာ အဝတ်အစား သိပ်မရှိပါ။ ပန်းအိဖြူမှာ ဘီရိုတလုံး၊ သေတ္တာတလုံး ရှိပေမယ့် ကြည်မာ့ ဆီမှာတော့ သံ သေတ္တာလေး တလုံးနှင့် မြွေရေခွံ အိတ်တလုံးသာရှိသည်။ မချိုက အဝတ်အစားတွေပေး ခဲ့သည် ဆိုရာတွင် ပေါများသည့် ပန်းအိဖြူထက် နွမ်းပါးသော ကြည်မာ့ကို သာပေးချင် တာဖြစ်မည်။ မင်းခန့် အတွက်လိုအပ်လာသည့် အခါ ကြည်မာက ပန်းအိဖြူ အဝတ်အ စား တွေကို မထိချင်သည့် အတွက် ဆေးရုံကိုဒါတွေလာပေးတာလို့ တွက်မိ၏။

မလျှော်ဖွပ်ရသေးတာတွေ သွားပေးလို့ ကတော့ မီးပုံထဲကို ယမ်းအိုးပစ်ချတာနှင့် ခြားမည်မ ထင်။ ဒါ ကြောင့်လည်း အားကျိုးမာန်တက် လျှော်ခဲ့ ခြင်း ဖြစ် ပါသည်။ အိမ်ပေါ်ပြန်တက် လာတော့ မီးဖိုပေါ်မှာ ဟင်းအိုးတလုံးနှင့် အလုပ်ရှုပ်နေသော ကြည်မာ့ ကို တွေ့ရသည်။ ဘုရားရှိခိုး တာ ပြီးသွားပြီထင်သည်။

“ နင်စားဖို့ ဘာမှ မလုပ်ဘူးလား”

“ ဒီနေ့ ဆေးရုံပြန်သွားပြရမယ်လေ၊ လမ်းကျမှပဲ ဝယ်စားတော့မယ်”

“ အော် ..အင်း ..အင်း”

ကြည်မာနှင့် ဆက်ဆံရေး တောက်လျှောက်ပြေလည်နေသည်လို့ ဆိုရမည်။ အဆင်ပြေပြေ ဖြစ်နေသည့် အတွက်ကြည်မာလည်း အံ့သြနေပုံရ၏။ မနေ့တုန်းက ဆိုရင် ရေစည်လှည်းသမား အိမ်ရှေ့ကနေလာအော်လို့ နောက်က ရေစည်တွေ အကုန်ဖြည့်ခိုင်းလိုက်သည်။ ကြည်မာ အလုပ်သွားနေလို့ မရှိ။ မနက်ကတော့ သူမ၏ ရေစည် ရေပြည့်နေတာမြင်တော့ မင်းခန့်ကို ပိုက်ဆံ ၂၀၀ လာပေးသည်။

“ နေပါစေ၊ နင့်ဟာက သိပ်မလျော့ပါဘူး၊ ရေပို နေလို့ ထည့်ခိုင်းလိုက်တာပါ”

သိပ်ယုံပုံမရပေမယ့် ပိုက်ဆံပြန်ယူသွားသည်။ မင်းခန့် ကိုလည်း ခနခနလှမ်းကြည့်၏။ မင်း ခန့် မသိချင်ယောင်ဆောင်နေလိုက်သည်။ ရေဖိုး၂၀၀ လောက်ကို ပန်းအိဖြူ ဆိုရင် ကပ်သတ် တတ်သလားတော့ မသိပါ။

ရေချိုးမယ် ဆိုပြီးဆင်းလာတော့ ထပ်ပြီး စိတ်ညစ်ရပြန် သည်။ အရင်ကဆိုရင် ရေ ချိုး ခန်း ထဲမှာ လွတ်လွတ်လပ်လပ် ချိုးလာရာကနေ ထမိန်ရင်လျားနှင့် ရေချိုးရမည့်ကိစ္စကမလွတ် လပ်သလို ဖြစ်နေသည်။ ရေနည်းနေသည့်အပြင်  မလွတ်မလပ် မချိုးချင်သော ကြောင့် ဒီ အိမ်ကို ရောက်ကထဲက ရေမချိုးဖြစ်သေး။ ဆေးရုံမှာ့ တခါချိုး တုန်းက ရေချိုးခန်း ထဲမှာ ဆိုတော့ လွတ်လပ်သည်။ ချိုးနေကျ အတိုင်း ကိုယ်လုံး တီး နှင့် ချိုးလို့ရ၏။ဒါ ပေမယ့်  အဝတ်မပါသော ကိုယ့်ကိုယ်ကို မ ကြည့် ရဲလို့ ခပ်မြန်မြန်ချိုး ပြီးပြန်ထွက်ခဲ့ရသည်။

ဒီမှာကတော့ အိမ်အပြင်ဖြစ်နေသည်။ အကွယ်အကာမရှိ။ မချိုးလို့ လည်း မဖြစ်တော့တာနှင့် ခပ်သွက်သွက်ပဲ တခွက်ပြီးတခွက် မြန်မြန်လောင်းလိုက်၏။ ထမိန် ခံနေသောကြောင့်လောင်းချလိုက်သည့်ရေ က ကိုယ်ပေါ်ကိုမကျသလိုဖြစ်နေသည်။ အတွင်းပိုင်းကို ရေစိုဖို့ ရင်သားပေါ်ကနေ ထမိန်ကိုဟပြီး လောင်းချမှ အတွင်းဖက်တွေကိုစိုသည်။ ဆက်တိုက် တ ဗွမ်းဗွမ်း လောင်းလိုက်သည့်အခါ စည်ထဲကရေ ချက်ချင်းလျော့ကျသွားသည်။ ရေကုန် သက်သာအောင် ဘယ်လိုချိုးရမလဲဟု နောက်တခါ ကြည် မာ ရေချိုးမှ စောင့်ကြည့်ပြီးလေ့လာရမည်ဟု တွေးနေစဉ် ကိုယ့်ကို တယောက်ယောက်က စိုက်ကြည့်နေသလို စိတ် ထဲထင်လာသည်။ ရေချိုးရ အဆင်မပြေတာကြောင့် မလုံမလဲ ဖြစ် ခြင်းဟု ထင်ပြီးနေ လိုက်သေးသော်လည်း တစထက်တစ ထိုအသိက ပိုသေချာလာသည်။ အိမ်ဖက်ကို လှမ်း ကြည့်လိုက်တော့ ကြည်မာ့ကို အရိပ်ယောင်တောင်မတွေ့ရ။ ကြည်မာ တော့မဖြစ်နိုင်ပါ။ ကြည်မာကတော့ ပန်းအိဖြူရေချိုးတာကို အချိန်ကုန်ခံပြီး ကြည့်မည်မထင်။

ခြံစည်းရိုးဖက်ကို လှမ်းကြည့်လိုက်တော့မှ ကာထားသည့် ဝါးထရံအထက်နားတွင် နီ ကြောင်ကြောင် ဆံပင်တွေကို ရိပ်ကနဲတွေ့လိုက်ရ၏။ မင်းခန့် ကြည့်နေလိုက်သောအခါ ပျောက်သွားသည်။ ဒါပေမယ့် အဲဒီလူ ထွက်မသွားသေးဟု ထင်နေ၏။ သေ သေချာချာ လိုက်ကြည့်ရင်း ဝါးထရံပေါက် တနေရာတွင် ညိုညစ်ညစ် မျက်နှာတပိုင်း တစ ကို မြင်ရ သည်။ မျက်နှာပေါ်နေသည့် အပေါက်၏ အထက်က အပေါက်သေးသေးလေး တခု မှာ ကျတော့ မျက်သားနီနီ နှင့်မျက်လုံးတလုံး။ သူ့ကိုယ်သူလုံလှပြီဟု ထင်နေသော ပုဂ္ဂိုလ်ကိုရယ်ချင်သွားမိသည်။ မျက်လုံးပေါက်နေရာက သေးလို့ ရုတ်တရင် မမြင်နိုင်သော် လည်း အောက်ကကပ်လျက် လက်သီးဆုပ်လောက် အပေါက်ကတော့ သူ့မျက်နှာကိုတစွန်းတ စဖေါ်ပြနေ၏။

ဒီလို အဖြစ်မျိုးတွေ ရှိလို့လည်း ထရံကာထားတာ ဖြစ်မည်။ ထရံကလည်းဆွေးနေတော့ ဘာမှ မထူးခြားပါ။ မိန်းကလေး တယောက်ဆိုရင် စိတ်ဆိုးချင်စရာပေမယ့် မင်းခန့် ကတော့ သူ့ကိုနားလည်ပါသည်။ မင်းခန့် လည်း မိန်းကလေး တယောက်ရေချိုးနေတာကို မြင်ခွင့်ရရင် ကြည့်မိမည်ပင်။ ဒါပေမယ့် ဒီဆရာသမားလောက်တော့ အားထုတ်မှု ကောင်းလိမ့်မည် မဟုတ်။ ရှုပ်ပွနေသည့် ခြံစည်းရိုးဘေးတွင် မြွေမကြောက် ကင်းမကြောက် ထရံ အကွယ်မှာ ဟိုရွှေ့ဒီရွှေ့နှင့် နေရာအမျိုးမျိုးကနေ ချောင်းနေတာကို မင်းခန့် သိ နေသည်။

“ တော်လောက်ပြီ ကိုယ့်လူရေ”

စိတ်ထဲကနေကျိတ်ပြောကာ ရေချိုးတာကို လက်စသတ်လိုက်ပြီး ရေစိုထမိန်ကိုတော့ အဝတ်တန်းနားမှာ သွားလဲသည်။ ရေစည်နားမှာပဲ လဲရင် မင်းခန့်၏ မကျွမ်းကျင်မှုကြောင့်ဒီ လူတော်တော်များများမြင်ခွင့်ရသွားနိုင်သည်။ သူဘယ်လိုလူဆိုတာကလည်း မင်းခန့် မသိ။ မိန်းကလေး တယောက်ရေချိုးတာကို စောင့်ကြည့်ပြီး မတော်တရော်လုပ်ပြီးစိတ်ဖြေတတ် သည့် သူမျိုးဖြစ်နေရင်ဟု တွေးကာ ကျောချမ်းလာ၏။ ကိုယ်တိုင်က မိန်းကလေးတွေကို ပြစ်မှား လာခဲ့သူဖြစ်ပေမယ့် ကိုယ့်အလှည့်မှာတော့ ဒီလို ပြန်အလုပ်မခံချင်ပါ။ ဒါကြောင့် ရေစို ထမိန်ကို လဲပြီးသည်နှင့် အိမ်ပေါ်ကို ခပ်သုတ်သုတ် ပြန်တက်ပြေးခဲ့၏။

အခန်းထဲရောက်တော့ ဘီရိုရှေ့မှာရေသုတ်ရင်း မင်းခန့် ငိုင်နေမိ၏။ အထဲမှာ အဝတ်အစား အများကြီး ရှိသည်။ ဘယ်ဟာ ယူရမှန်း မသိ။ စိတ်ကူးတည့်ရာ ဆွဲထုတ်လိုက် သမျှကလည်း အတိုတွေ၊ အကြပ်တွေ၊ မလုံမလဲတွေ ဖြစ်နေသည်။ ပိုက်ကွန်လို အကွက် ကျဲ ကြီး တွေလည်းပါ၏။ ဒါမျိုးကို အောက်က ကိုယ်ကြပ် နှင့် တွဲဝတ်ရမှန်းတော့ သိသည်။

ယုယု ဝတ် တာတွေ့ ဖူးသည်။ ထိုအချိန်မှာ ကြည်မာ အခန်းထဲဝင်လာ သည်။

“ ကြည်မာ”

“ ဘာလဲ”

“ အကူအညီ တခုလောက်တောင်းလို့ ရမလား”

“ ဟာဟ၊ အဆန်းပါလား၊ ပြောလေ”

“ ငါ ..ဘာဝတ်ရမှန်း မသိလို့ လုပ်ပါဦး”

ထူးဆန်းအံ့သြဖွယ်ရာတခုကို တွေ့လိုက်ရသလို ကြည်မာ လှမ်းကြည့်သည်။

“ နင့် မှာအဝတ်အစားပေါတဲ့ အကြောင်းကြွားတာလား”

“ ဟာ မဟုတ်ပါဘူး၊ ငါဒီမှာ ကြည့်နေရင်း ခေါင်းမူးလာလို့ ”

“ နင် ..နေလို့ သိပ်မကောင်းသေးဘဲ အဝတ်တွေထိုင်လျှော်လိုက်လို့ ဖြစ်မယ်၊ ဒီမှာထိုင် လိုက်လေ”

မင်းခန့် အိပ်ယာပေါ်မှာ ထိုင်ချလိုက်သည်။

“ နင့် စိတ်ထဲ အဆင်ပြေမယ် ထင်တာတခုခု ရွေးပေးစမ်းပါ”

“ အေးနော်၊ နင်ခိုင်းလို့ ငါကိုင်တာ၊ ဟုတ်ပြီလား”

“ အင်း ..အင်း ဟုတ်ပါတယ်”

“ ဒါဆိုလဲ ရော့”

မင်းခန့် ရှေ့ကို အင်္ကျီတထည်နှင့် စကပ်တထည် ဘုတ်ကနဲ ဘုတ်ကနဲ ကျလာသည်။ အကျ ႌက မဆိုးပေမယ့် စကပ်က အတွန့်တွေ အဖတ်တွေ ပါသည်။ တိုမည့် ပုံလည်းရှိ ၏။

“ ကားပေါ်မှာ ထိုင်ခုံနဲ့ ညိတော့မှာပဲ”

“ ဒါဆိုနေဦး ..အင်း ..”

ဘီရိုထဲကို စိတ်ဝင်တစားကြည့်နေသော ကြည်မာက မင်းခန့် ကိုကျောပေးထားသည့် အခါ ထိုင်နေသော မင်းခန့် ရှေ့တွင် တင်ပါးကြီးတွေက တည့်တည့် ရောက်နေ၏။ ကြည့်ရင်း ကြည့်ရင်း အသည်းယားလာပြီးနောက်ကနေ စုံကိုင်ကာ ညှစ်ပစ်ချင်စိတ်ကို မနည်းထိန်း ထား ရသည်။

“ ရော့ ..ဒါဝတ်၊ အာ …နင်ကလည်း”

မင်းခန့် နောက်တည့်တည့်ကနေ အားရပါးရငေးနေသည်ကို မသိသည့်ကြည်မာက စကပ် တထည် လှည့်ပေးလိုက်ရာ မင်းခန့် မျက်နှာပေါ်တည့်တည့် အုပ်မိသွား၏။

“ ငါတမင်လုပ်တာ မဟုတ်ဘူးနော်”

ကြည်မာကလည်း ရန်ဖြစ်ချင်ပုံမရပါ။ ချက်ချင်းဖြေရှင်းချက်ပေး၏။

“ ဟုတ်ပါတယ်၊ ငါကလည်း ငေးနေမိလို့ ပါ”

“ ဒါဆိုလဲ ပြီးရော၊ ဒီနှစ်ခု ဖြစ်တယ် မဟုတ်လား၊ ငါ့ကိစ္စ ရှိသေးတယ်”

“ ဖြစ်ပါတယ်၊ ကျေးဇူးပဲ ကြည်မာ”

ကျေးဇူးစကားကို မကြားသလိုလုပ်တတ်သည့် အကျင့်ကတော့ မပြောင်းသေးပေ။ ဒါပေ မယ့် မင်းခန့် ဖက်ကနေသူမကို လိုက်လိုက်လျောလျော ဆက်ဆံနေခြင်းကိုတော့ ကြည်မာ အသိ အမှတ်ပြုပုံရသည်။ ပန်းအိဖြူ ပစ္စည်းတွေကို မထိချင်ပါဘူး ဆိုသူက အဝတ်အစား လာရွေးပေးသွား၏။ ကြည်မာ ရွေးပေးသွားသည့် နက်ပြာရောင်အင်္ကျီနှင့်ကာကီရောင် စကပ်က သိပ်မဆိုးပါ။ အရှည်ကြီးမဟုတ်သလို အတိုလည်း မဟုတ်။အသားပျော့ပျော့က ကိုယ်နှင့် ကပ်နေပေမယ့် ဒူးနားကျတော့ ကျယ်သွားလို့ လမ်းလျှောက်လို့လည်း အဆင်ပြေ သည်။ မင်းခန့် ကိုယ့်အကြောင်းကိုယ်သိ၏။ စကပ်အတိုနှင့် သာဆိုရင် လုံခြုံအောင် ထိုင် တတ်မည် မဟုတ်။ ကိုယ့်တုန်းက ဒါမျိုးလိုက်ရှာကာ ငမ်းခဲ့ သူဆိုတော့ ကိုယ့်အလှည့်မှာ လန့်နေ သည်။ အထဲမှာ နေသည့် အတွင်းခံအတွက်ကတော့ ခေါင်းစားစရာ မလိုပါ တွေ့ တာ ကောက်ဝတ်လိုက်ရုံပင်။

မင်းခန့် အဝတ်အစားဝတ်ပြီးချိန်မှာ ကြည်မာပြန်ဝင်လာ၏။ သူမ ဆင်မြန်းထားသည့် ဝတ် စုံ ကိုကြည့်ပြီး ကျေနပ်နေပုံရသည်။ ခုလိုအချိန် မျိုးကျတော့လည်း ကြည်မာသည်ပန်းအိ ဖြူ နှင့် ဘယ်လိုမှ အာဃာတ မရှိခဲ့ သလိုပင်။

“ နင်ဘယ် အချိန်သွားမှာလဲ”

“ အခုပဲလေ”

“ အေး ..အေး၊ ငါသော့ ခတ်သွားမယ်၊ နင့်သော့ မေ့ မသွားနဲ့ ဦး”

မင်းခန့် ပြန်လာသည့် အချိန်လောက်ဆိုရင် ကြည်မာ အလုပ်သွားလောက်ပြီ ဖြစ်သည်။ ဒီ အပိုင်း မှာ အပြင်ထွက်ရင် လုပ်နေကျပုံစံ အတိုင်းခေါင်းငုံ့ ပြီး မှတ်တိုင်ဆီ သွက်သွက်ထွက် ခဲ့၏။ ထမင်းဆိုင် နားရောက်တော့မှ မသိမသာ ခိုးကြည့်မိသည်။ အဖွားကြီး ကို မ တွေ့ရ။ တွေ့ရင် ဟိုဥက္ကာ ဆိုတဲ့ အကြောင်းပြောဦးမည်။ အဖွားကြီး နာမည်ကို မသိသော် လည်း မင်းခန့် ကတော့ ဒေါ်ဥက္ကာဟု ကိုယ့်ဖာသာ နာမည်ပေးထားသည်။ ထမင်း ဟင်း ဝယ်ဖို့ ရောက်တိုင်း ဥက္ကာ အကြောင်းချည်းပဲ ပြောလွန်းလို့ ဖြစ်သည်။ စကားလမ်း ကြောင်းလွှဲဖို့ ကြိုးစားရတာကလည်း ပင်ပန်း၏။ အနီးအနားမှာ ဝယ်စရာကလည်း သူ့တ ဆိုင်ပဲ ရှိတော့ ခက်နေသည်။ ဒီနေ့တော့ သွားရင်းလာရင်း တခြားဆိုင်ရှိမလားဟု ကြည့် ဖို့ စိတ်ကူးထားသည်။

လမ်းခရီး သိပ်မကျွမ်းကျင်ပေမယ့် ကြည်မာနှင့် လာသည့်လမ်းအတိုင်း ပြောင်းပြန် ပြန် စီး သွားရင်း ဆေးရုံကို ချောချောမောမော ရောက်သွားပါသည်။ နာမည် စာရင်းပေး ပြီးနောက်မတင်တင်အုန်းကို တက်ရှာသည်။ မျက်နှာသိဆရာမတချို့ က မမအုန်း ဒီနေ့နားသလိုလို ပြောကြ တာနှင့် ပြန်ဆင်းလာခဲ့ရသည်။ နော်မြင့်မြင့်မူကတော့ ညပိုင်းမှ လာတတ်လို့ ရှာမနေ တော့ ပါ။ ဆေးရုံရှေ့ က ဆိုင်မှာ ဆီချက်ခေါက်ဆွဲ တပွဲသွားစားပြီး ကိုယ့်အလှည့် ကို ထိုင်စောင့် နေလိုက်သည်။

ဆရာဝန်ကြီး နှင့် တွေ့တော့လည်း အဆင်ပြေသည်။ မင်းခန့် က နေ့ခင်းဖက်တွေ မျိုးဆိုရင် ခနခန အိပ်ပျော်သွားပြီး တကယ်အိပ်ရမည့် ညဖက်ရောက်တော့ အိပ်မပျော်ဖြစ်နေရတာကို ပြောပြတော့ ဆရာဝန်ကြီးက ရယ်ပြီး ဆေးစာရေးပေးလိုက်သည်။ ကုန်ကျစားရိတ်က တော့ ဆေးဖိုး နှင့် ဆရာဝန်ကြီးစမ်းသပ်ခ နှစ်မျိုးပေါင်း ရှစ်ထောင့်ငါးရာ ကျသွားသည်။ ဒီအတွက်တော့ မမြတ်စုတို့ လာရှင်းပေးမည် မထင်။ မင်းခန့် မှာရှိသည့် ထဲကပဲ ပေးလိုက်ရ သည်။ ဒါကြောင့် လည်း အပြန်ကျတော့ ကားတွေကြပ်နေတာ မြင်လျှက်နှင့် ကားမငှားတော့ဘဲ ဘတ်စကား တက်စီးမိသည်။

စစီးခါက ဘာမှမထူးခြားပေမယ့် နောက်တော့ စိတ်အကြီးအကျယ်ပျက်ဖို့ ဖြစ်လာရ၏။ ခပ် ဝေးဝေး စီးရမည့် သူဆိုတော့ စပယ်ယာ ညွှန်ကြားသည့် အတိုင်းအတွင်းထဲတိုးရင်းနောက် နားအထိရောက်သွားသည်။ မင်းခန့် ရှေ့မှာ ရပ်နေသည့် ကောင်မလေးက ပန်းအိ ဖြူထက်တော့ အသက်ကြီးမည့် ပုံရှိသည်။ ရုပ်ကလေးလဲ မဆိုး။ အရပ်နည်းနည်း ပုသလို ရှိသော်လည်း ကိုယ်ခန္ဒာ အချိုးအဆစ်ပြေပျစ်သည်။ မင်းခန့်လိုပင် စကပ်အကျပ်လေး ဝတ် ထားပြီး တင်ပါးလေးက လုံးတင်းနေသည်။ သူမ ထက် အရပ်ရှည်သည့် မင်းခန့်၏ပေါင်တံ တွေက ထိုတင်ပါး အိအိလေး နှင့် မိမိရ ဖိကပ်မိနေသည်။ ထိုအထိ အတွေ့ကြောင့်ပင် ကား ကြပ်တာကို မင်းခန့် မေ့သွား၏။

“ ကားက ကြပ်တယ်နော်”

“ ဟုတ်တယ်၊ ဒီအချိန်ကစပြီး ကြပ်တာပဲ၊ ညနေဆို တိုးမရတော့ဘူး”

မင်းခန့် စကားစသည်ကိုလည်း ဖေါ်ဖေါ်ရွေရွေ တုန့်ပြန်သေး၏။ ရေမွှေးနံ့ လိုလို၊ မိတ်ကပ်နံ့ လိုလို ရနံ့လေးမှာ သာယာကာလိုက်ပါလာရင်း အဖျက်က ဝင်လာသည်။ မင်းခန့်နောက် ကို လူတယောက် အတင်းတိုးဝင်လာတာကို အမှတ်တမဲ့ လိုဖြစ်နေရာမှ မမျှော် လင့်သည့် အကြောင်းတခု ကြောင့် တကိုယ်လုံးအေးစက်သွားရသည်။

မာကျောပူနွေးသည့် အရာတခုက တင်ပါးကိုလာထိသည်။ ရှောင်ဖို့ ကြိုးစားပေမယ့် ခြေ ချ စရာပင် မရှိအောင်ကြပ်နေသည့် ကားထဲမှာ နေရာရွှေ့ဖို့ မလွယ်ပါ။ နောက်ကလူကလည်း မင်းခန့်၏ အခက်အခဲကို အခွင့်ကောင်းယူပြီး သူ့ဟာကြီးကို တင်ပါး နှစ်ခုကြားထဲ ကို လာ ထားတော့သည်။ ပြီးတော့ လမ်းကြမ်းလို့ကားလှုပ်တာကို အခွင့်ကောင်းယူပြီး တင် ပါးနှစ် ခြမ်းကြားထဲမှာ သူ့ဟာကြီးကို တလှုပ်လှုပ်နှင့် ဖိသွင်း နေ၏။ မင်းခန့် အတွက်က တော့ မခံချင်စရာ ရှက်စရာကောင်းလွန်းလှသည်။ အရင်က ထောက်လှမ်းရေးတွေ အ ကြောင်း ကြားဖူးထားပေမယ့် ဒီလောက်အထိပက်စက်လိမ့် မည်လို့ မထင်မိပါ။ အလွန် နှာ ဗူးကျ သည်လို့ ဆိုနိုင်သည့် မင်းခန့်တောင်မှ ဒါမျိုးမလုပ်။

လူကို မသိမသာငဲ့ စောင်းကြည့်လိုက်တော့ မင်းခန့်တို့ နှင့် ရွယ်တူ လူရည်သန့် တယောက် ပင်ဖြစ်သည်။ ဒီလိုလုပ်လိမ့်မည့်သူလို့ ထင်စရာ မရှိပါ။ အမှတ်တမဲ့ ကြည့်ရင် မင်းခန့်ကိုသူ က လုံးဝ အာရုံ မစိုက်သလိုလို နှင့် လက်ကိုင်တန်းကို ခိုပြီး အိပ်ငိုက်ချင်ယောင်ဆောင်ပြီး နောက်ကနေ အားရပါးရယုတ်မာနေခြင်း ဖြစ်သည်။မင်းခန့် ဂဏှာမငြိမ်ဖြစ်နေတာ သိသာလွန်းသည်ထင်၏။ ရှေ့က ကောင်မလေး မော့ကြည့် သည်။ နောက်က လူကိုပါမြင်လိုက်သော အခါ အခြေအနေကို သဘောပေါက်သွားပြီး မင်း ခန့် အင်္ကျီစကိုဆွဲကာတိုးတိုးလေး မေးသည်။

“ ချိတ်ယူမလား ညီမလေး”

ကောင်မလေးက ဒါမျိုးတွေကြုံနေကျဖြစ်ပုံရသည်။ ယုတ်မာသည့် လူကို တခုခုလုပ် ပစ် လိုက်ချင်လို့ ခေါင်းညိတ်ပြလိုက်တော့ ရှေ့မှာလွယ်ထားသည့် အိတ်ထဲက တွယ်ချိတ်ခပ် ကြီးကြီး တ ချောင်း ထုတ်ပေးသည်။ ဒါပေမယ့် မင်းခန့် က လက်မအား။ လက်တဖက် နှင့် ရှေ့ခုံစွန်းကို ကိုင်ထားရပြီး တဖက်က ပိုက်ဆံအိတ်ကိုင်ထားရသည်။ ခုံကိုင်သည့်လက်ထဲ ကို ပိုက် ဆံ အိတ်ပြောင်းထည့်ပြီးမှ ချိတ်ကို ယူလိုက်ရ၏။ ပြီးတော့မှ အချွန်လေး ထွက် လာအောင် ဖိ ချလိုက်ကာ နောက်ပြန်ထိုးထည့်လိုက်၏။

“ အား”

ဘယ်လိုကနေ ဘယ်လိုဖြစ်သည် မသိ။ အလန့်တကြားအော်လိုက်သူက လူယုတ်မာ မ ဟုတ်ဘဲ သူ့ဘေးက အသက်ကြီးကြီး ဦးလေးကြီးတယောက် ဖြစ်နေသည်။

“ ဟဲ့ ..ကောင်မလေး၊ နင် ..နင် ဘာလုပ်တာလဲ”

“ ဦးလေး၊ ဦးလေး ကို လုပ်တာမဟုတ်ဘူး”

မင်းခန့် ပျာပျာသလဲ တောင်းပန်တော့ အနားက လူတွေဝိုင်းကြည့်ကြသည်။ ရှက်လည်း ရှက်၊ ကြားထဲက အသားလွတ် ခံလိုက်ရသည့် ဦးလေးကြီးကိုလည်း အားနာပြီးဘာဆက် ပြောရမည် မသိဖြစ်သွား၏။

“ ငါ့ ကို လုပ်တာ မဟုတ်ဘူးဆိုတော့”

“ တောင်းပန်ပါတယ် ဦးလေးရယ်၊ ကန်တော့ ..ကန်တော့”

ဘတ်စ်ကား စီးနေကျလူပီပီ ဦးလေးကြီး သဘောပေါက်သွားပုံရသည်။ ဟိုလူကို တချက် လှမ်းကြည့်ပြီး ဘာမှထပ်မပြောတော့။ ပတ်ဝန်းကျင်က လူတွေလည်း အခြေအနေကို ရိပ် စားမိသွားကြသည်။ ကာယကံရှင် လူယုတ်မာကတော့ သူနှင့် မဆိုင်သလိုလို ခပ်တည် တည်ပင်။ ဘယ်အချိန်ထဲက နေရာရွေ့သွားသည်မသိ၊ မင်းခန့် နောက် တည့်တည့်မှာမရှိ တော့။ စားနေကျ ကြောင်ဖါးဆိုတော့ မင်းခန့် နှင့် ရှေ့ကကောင်မလေး ခေါင်းချင်းပူး နေ ချိန် မှာထဲက သူနေရာ ရွှေ့ဖို့ ကြိုးစားခဲ့ ပုံရသည်။ ဒါကြောင့်လည်း ဟိုဦးလေးကြီးဓါးစာခံ ဖြစ်သွားရ ရှာသည်။

“ မတော်လို့ နော် ဦးလေး၊ ဆောရီး”

ရှေ့က ကောင်မလေး လက်ထဲ ချိတ်ပြန်ထည့်ပေးရင်း ထပ်တောင်းပန်မိသည်။

“ ရပြီ၊ ရပြီ တော်တော့၊ နင်လုပ်တာနဲ့ လူတွေကပါ ငါ့ကို တမျိုးထင်ကုန်ကြဦးမယ်”

အနားက လူတွေကပါ ပြုံးစိစိဖြစ်လာလို့ မင်းခန့်လည်း ငြိမ်နေလိုက်ရသည်။ လူယုတ်မာ ကတော့ ရှေ့ကို တရွေ့ရွေ့ ပြန်တိုးသွားရင်း ဘယ်မှတ်တိုင်မှာ ဆင်းသွားမှန်း တောင်မသိလိုက်ရပါ။ မင်းခန့် ဆင်းရမည့် နေရာရောက်တော့ ကြည့်သေးသည်။ ကားပေါ်မှာ မ တွေ့တော့။ ဒီဖြစ်ရပ်က မင်းခန့် ကို နောက်တဆင့် ထပ်စီးဖို့ တွန့်သွားစေသည်။ ဒီဖက်က ကားတွေကြည့်လိုက်တော့လည်း ထူးမခြားနားပင်။ လူတွေကြပ်ခဲနေ၏။ ထို့ကြောင့် သုံး မှတ် တိုင်ခရီးလောက်ကို လမ်းလျှောက်ပြီးတော့ပဲ သွားဖို့ ဆုံးဖြတ်လိုက်သည်။ သွား ရမည့် လမ်းက တဖြောင့်ထဲဆိုတော့ မှားစရာလည်း မရှိပါ။ လမ်းထိပ်ရောက်မှ ကွေ့ဝင် လိုက်ရုံပင်။ ညစာ အတွက် လမ်းမှာတခုခု ဝင်ဝယ်သွားဖို့ ကလည်း ရှိသေး၏။

ညနေငါးနာရီ ထိုးခါနီး ပြီဆိုတော့ ကောင်းကင်က နည်းနည်းနီနေသည်။ မကြာခင် မှောင် လာမည် ဟုတွေးကာ မင်းခန့် ခြေလှမ်းသုတ်သုတ် နှင့်လာခဲ့၏။ လမ်းမှာ ဝက်ခေါင်းသုတ်ဆိုင်လေး တဆိုင်တွေ့လို့ အခေါက်ကင်တပွဲ နှင့် ထမင်းဖြူတပွဲ ဝယ်လိုက်သည်။ ဝယ်ပြီး ပြန် အထွက်မှာ နောက်က ခေါ်သံလိုလိုကြားလိုက်ရသည်။ နာမည်က ကျင့်သားမရသေးလို့ ပန်းအိဖြူကို ခေါ်ရင် မင်းခန့်က သူ့ကို ခေါ်သည်ဟု မထင်တတ်။ ဒါကြောင့် ကိုယ့် လမ်း ကိုယ်သာ သုတ်သုတ်ဆက်သွားနေမိသည်။ လက်ကိုနောက်ကနေ ဆွဲတာခံလိုက်ရ မှ ဆောင့်ရုန်းပြီး လှည့်ကြည့်မိလိုက်၏။

အနီရောင် ပြိုင်စက်ဘီးလေး နှင့် လူငယ်တယောက်။ ရွှေရောင်ဆံပင်တွေက နဖူးနှင့် နား ထင်မှာ ကိုးယို့ကားယားကျနေသည်။ နှာခေါင်း ချွန်ချွန် နှုတ်ခမ်းပါးပါး နှင့် ခပ်ပိန်ပိန် ကိုယ်လုံးရှိကာ အရပ် သိပ်မမြင့်။ အသားနည်းနည်း ဖြူသည်။ အသက်ကတော့ ပန်းအိဖြူ နှင့် ရွယ်တူလောက်ပဲ ရှိမည်မှန်းရ၏။

“ မောင် ပါ ချစ်အိ ရဲ့၊ လန့်သွားသလား”

ပြောပုံက ပိုင်စိုးပိုင်နင်း ရှိသည့် အတွက် မင်းခန့် ထိတ်လန့်သွားရသည်။ ကားပေါ်မှာ မ တော်တရော် ကြုံလာပြီး နောက်မှာ ထပ်ကြုံရတာကလည်း မင်းခန့် မဖြေရှင်း တတ်သည့်ပြဿနာတခုဖြစ်နေသည်။ သူဘယ်သူလဲ ဆိုတာကိုတော့ မျက်နှာချင်းဆိုင်မှာ စက်ဘီး နင်းလာသည့် လူငယ်တယောက် ဆီက သိလိုက်ရ၏။

“ ဟေ့ ဥက္ကာ၊ ကောင်မလေး ကို လမ်းမှာ မနှောက်ယှက်နဲ့လေ၊ အိမ်ခေါ်သွားလိုက်”

ထမင်းဆိုင်က အဒေါ်ကြီးတဖွဖွ ပြောနေသည့် ဥက္ကာဆိုတာ ဒီလူငယ် မှန်းသိလိုက်ရပြီး နောက် ဘယ်လိုရှောင်လွှဲထွက်ရမည် ကို မကြံတတ်အောင် ဖြစ်သွားသည်။

“ ချစ်အိ ဘယ်က ပြန်လာတာလဲ”

“ ဆေးရုံက”

“ နေမကောင်းသေးဘူးလား”

ခေါင်းညိတ်ပြလိုက်ရင်း လက်ကိုလာဆွဲတာကို တလှမ်းဆုတ်ရှောင်လိုက်ရသည်။

“ ဟာ ..စိမ်း လိုက်တာကွာ၊ ဆေးရုံကို လာမမေးလို့ စိတ်ကောက်နေတာလား၊ မောင်လည်း စုံစမ်းတာပဲ၊ ဘယ်မှာ မှန်းမှ မသိတာ၊ ဒေါ်ဒေါ်ချစ် မပြောဘူးလား”

သူပြောသည့် ဒေါ်ဒေါ်ချစ်ဆိုတာ မင်းခန့် မသိပါ။ ဆက်စကားပြောဖို့လည်း အကြောင်းမရှိ တာ နှင့် လမ်းဆက်လျှောက်တော့ ဥက္ကာ ပျာပျာသလဲနှင့် ဘေးကနေ ကပ်လိုက်လာသည်။

“ စိတ်ကောက် နေတယ် မဟုတ်လား၊ သေချာပါတယ်ကွာ၊ ဒေါ်ဒေါ်ချစ်က လည်းပြောတယ် နင့် အကြောင်းသိပ်မမေးဘူး နှာကစ်နေတယ် ထင်တယ်တဲ့၊ ဟုတ်လား ချစ်အိ”

ဒေါ်ဒေါ်ချစ် ဆိုတာ ထမင်းဆိုင်က အဒေါ်ကြီးပင် ဖြစ်ရမည်။ မင်းခန့် ကို ဥက္ကာနှင့် ပတ် သက်ပြီး ပြောတာဆိုလို့ ဒီတယောက်ပဲ ရှိသည်။

“ မောင်လာတာပဲလေ၊ ချစ်အိတို့ လမ်းထဲကိုတောင် ဘာမှမကြောက်ဘဲလာခဲ့ သေးတယ်၊ ဒေါ်ဒေါ်ချစ် လဲပြောပြီးပြီမဟုတ်လား၊ စိတ်မကောက်ပါနဲ့ တော့ကွာ၊ ဆေးရုံက ဆင်းလာတော့လည်း ချစ်ကမှ အပြင်မထွက်တာ၊ မောင်က ဘာတတ်နိုင်မှာလဲ၊ ချစ်အိဒီနေ့ သွား မယ် ဆိုတာသိရင် ဆေးရုံကို မောင်လိုက်ပို့ မှာပေါ့”

တတွတ်တွတ် နှင့်ပြောလာသည့် စကားတွေက မင်းခန့် နားထဲမှာ ကလိကလိ ဖြစ်နေ သည်။ အခြေအနေ တွေကိုထောက်ဆရရင် ဥက္ကာက ပန်းအိဖြူ၏ ချစ်သူဆိုတာသေချာသလောက်ရှိသည်။ ဒါပေမယ့် သူက ပန်းအိဖြူ၏ ချစ်သူသာဖြစ်၏။ မင်းခန့် နှင့် ဘာမှ မဆိုင်။ ရှေ့ဆက်ပြီး ပတ်သက်ဖို့ မဖြစ်နိုင်ပါ။

“ စိတ် မဆိုးနဲ့တော့နော် အချစ်၊”

လူချင်းထိပြီး ဖိကပ်လာလို့ ခွာလိုက်ရသည်။ ဥက္ကာ စက်ဘီးတွန်းလာတာ မင်းခန့် ကံ ကောင်းသွားသည်။ ခြေလွတ်လက်လွတ်သာဆိုရင် ဒီချာတိတ်က လွယ်မည့်သူမဟုတ်။ မြွေမြွေချင်းဆိုတော့ ခြေမြင်နေသည်။

“ မောင်နေ့ တိုင်းလွမ်းနေတာ တကယ်ပြောတာသိလား၊ မောင်က ချစ်အိကို လွမ်းတယ်၊ မောင့်ညီလေးကလည်း ချစ်ရဲ့ညီမလေးကို အရမ်းသတိရနေတယ်၊ ချစ်ကော မလွမ်းဘူး လား”

တော်တော် မလွယ်သည့်ချာတိတ်ဖြစ်သည်။ သူနှင့် ပန်းအိဖြူတို့၏ ဆက်ဆံရေးကို ထုတ် ပြောလာလို့ ပိုပြီးထိတ်လန့်လာရသည်။ သူနှင့် အပြိုင်မိုက်မိုက်ရိုင်းရိုင်းပြောပြီး အော်ငေါက်ထုတ်လိုက်ချင်ပေမယ့် မင်းခန့်သည် မင်းခန့် မဟုတ်တော့၍ ချင့်ချိန်နေရသည်။ နောက် ဆုံး တော့ စိတ်ထဲမှာ မသတီပါဘဲ နှင့် အချိုသပ်ဖို့ ဆုံးဖြတ်လိုက်ရ၏။

“ ပြန်တော့လေ၊ လမ်းနားရောက်တော့မယ်”

“ ပြန်မှာပါ၊ ပြန်မှာပါ၊ ချစ်နောက်နေ့ ဘယ်သွားစရာရှိသေးလဲ”

“ မရှိဘူး၊ နေမှ မကောင်းသေးတာ”

“ တွေ့ချင်တယ် ချစ်ရဲ့၊ ဘယ်လိုလုပ်မလဲ”

“ ဒါတော့ မသိဘူးလေ”

“ ဟာကွာ ဂျစ်တိုက်ပြီ၊ ဒေါ်ဒေါ်ချစ်နဲ့တော့ နေ့တိုင်းတွေ့တယ် မဟုတ်လား”

“ တွေ့တယ်”

“ ဒါဆို ချစ် အပြင်ထွက်ဦးမယ် ဆိုရင် ဒေါ်ဒေါ်ချစ်ကို ကြိုပြောထားလေ၊ မောင် အရင် နေ ရာကပဲ လာစောင့်နေမယ်”

အရင်နေရာဆိုတာ ဘယ်မှန်းမသိပေမယ့် ပြီးစလွယ်ခေါင်းညိတ်ပြလိုက်သည့် အခါ ဥက္ကာ မျက်နှာ ပြုံးချိုသွား၏။

“ ဒီလိုမှပေါ့ချစ်ရယ်၊ စိတ်ကောက်ပြေသွားပြီမဟုတ်လား၊ နေမြန်မြန် ကောင်းအောင်လုပ် ကွာ၊ ချစ်အိနဲ့ မတွေ့ဖြစ်တာ ဘယ်လောက်တောင်ကြာနေပြီလဲ၊ ချစ်နေကောင်း လာရင်တော့ အမုန်းဆွဲပစ်လိုက်မယ်။ အရမ်းဆာနေပြီကွာ၊ ချစ်အိ လဲအားမွေးထားနော်..သိလား”

ဒီလိုအပြောမျိုးတွေ မင်းခန့်လည်းပြောခဲ့ဖူးသည်။ ပြောစဉ်က ဘယ်လိုမှမနေသော်လည်း အပြောခံရတော့ တော်တော်အသည်းယားဖို့ ကောင်းသည်။ ပန်းအိဖြူ ဆိုသောမိန်းက လေးဆိုရင်တော့ ဒီအပြောတွေကို လက်ခံချင်လက်ခံလိမ့်မည်။ မင်းခန့် အတွက်က တော့ သည်းခံနိုင်စွမ်းကို တော်တော်ကျော်သွားခဲ့ လေပြီ။ယောက်ျားချင်း ဒီလို အပြောခံရတာ အလွန်အသဲနာစရာကောင်းသည်။

“ အခု ထွက်သွားတော့”

မနည်းထိန်းပြီး ပြောလိုက်ရပေမယ့် လေသံကတော်တော်မာသည်။ သို့သော် ဥက္ကာ က ထို လေ သံ အတွက် အနှောက်အယှက်ဖြစ်ပုံမရပါ။

“ အိုကေ …သွားပြီ ချစ်အိ၊ ဒေါ်ဒေါ်ချစ် နဲ့ မှာလိုက်နော်”

စက်ဘီးပေါ်တက်ပြီး လာလမ်းအတိုင်းပြန်နင်းထွက်သွားသည့် ဥက္ကာကို မင်းခန့် အံ့သြစွာ ရပ်ကြည့်နေမိသည်။ နည်းနည်း ထူးဆန်းသည်ဟုလည်း ထင်မိသည်။ အော်လိုက်သလို ဖြစ်သွားလို့ လန့်သွားတာ တော့ဟုတ်ပုံမရပါ။ ဘာပဲဖြစ်ဖြစ် ဒီချာတိတ် ချက်ချင်း ပြန်လစ် သွားလို့ မင်းခန့် စိတ် သက်သာရာတော့ရပါ၏။ ထမင်းဆိုင်ရှေ့က ဖြတ်လာတော့ လက်ထဲ ကစားစရာတွေကို ဒေါ်ဥက္ကာ မမြင်အောင် ကိုယ်နှင့် ကွယ်ပြီး ဖြတ်ရသည်။ လူတွေ့တိုင်း ဥက္ကာ အကြောင်း ပဲပြောနေတတ်ပေမယ့် မင်းခန့် ဝယ်တိုင်း ပိုပိုသာသာပေးတတ်လို့တ ခြား က ဝယ်လာ တာ မြင်မှာ အားနာသည်။ တော်သေးသည် မင်းခန့် ဖြတ်သည့် အချိန်မှာ ဒေါ်ဒေါ်ချစ် ခေါ် ဒေါ် ဥက္ကာကို မမြင်ရပါ။

လမ်းထဲ ရောက်မှ စိတ်နည်းနည်းပေါ့သွားသည်။ နေ့လည် ရေချိုးတုန်းက အချောင်းခံရ သည်။ အပြန်ကားပေါ်မှာ အထောက်ခံရသည်။ လူမှားပြီးလည်း ချိတ်နှင့် ထိုးမိသေး၏။ အထိုးခံရသည့် ဦးလေးကြီးက စိတ်ကောင်း ရှိလို့ တော်တော့သည်။ ကားစီးရမှာ ကြောက် လို့ လမ်းလျှောက်ပြန်တော့ ဥက္ကာ ဆိုသည့်ကောင်နှင့် တိုး၏။

“ နောက်နေ့ တွေကျရင် ဘုရားလေး ဘာလေးရှိခိုးမှထင်တယ်”

အိမ်နားရောက်တော့ နေ့ခင်းက ချောင်းတာ ဒီဖက်ကဟု သတိရ ပြီး ဘေးခြံကိုကြည့်လိုက် မိသည်။ မင်းခန့်တို့ ခြံလောက်ပဲ ရှိမည့်ခြံထဲမှာ အိမ်သေးသေး လေး နှစ်လုံးရှိ၏။

ထို့ပြင် မင်း ခန့်တို့ ခြံနှင့် ကပ်လျက်အိမ်၏ ရှေ့မှာ ကွမ်းယာဆိုင်လိုလို ခပ်ကုပ်ကုပ်တဲလေး တလုံး ရှိသည်။ အရင်နေ့တွေတုန်းက လမ်းမှာပန်းအိဖြူ၏ အသိနှင့် တိုးမှာစိုးလို့ခေါင်းငုံ့ကာ ခပ် သွက်သွက်သွားတတ်သည့် အကျင့်ကြောင့် ဒီဆိုင်လေးကို လုံးဝ မမြင်ခဲ့ပါ။

ဆိုင်ထဲမှာကတော့ ကွမ်းယာသည့် အိုးနှစ်လုံးနှင့် ဗူးကလေးတွေ၊ ကွမ်းရွက်ထည့်ထား သည့် ဇလုံလေးတလုံးမှ အပရှင်းလင်းနေသည်။ ဆေးလိပ်ဗူးတောင် မတွေ့ရ။ ဆိုင်ကိုကြည့်နေရင်း မင်းခန့်ဆီကို လွင့်လာသည့် မီးခိုးငွေ့တွေကြောင့် မီးခိုးထွက်လာရာ ဆိုင် ဘေးက သစ်ပင်လေးအောက်ကို မျက်စိရောက်သွားသည်။

ခုံပုလေးတလုံးမှာ ထိုင်ပြီး သစ်ပင်ကို မှီရင်း စီးကရက်ဖွာနေ သည့်လူကို အားနည်းစ အ လင်း ရောင်အောက် မှာ မင်းခန့် ရုတ်တရက် မမြင်ပါ။အမှောင်ထုထဲမှာ ရောနေ၏။မြင် တော့ လည်း ရင်ထဲမှာ ဖျင်းကနဲ ဖြစ်သွားသည်။ ဟိုလူကတော့ မင်းခန့်ကို မကြည့်သလို မမြင်သလို အဝေးကိုငေးနေသော် လည်း မင်းခန့် အာရုံတွေက သူဘယ်သူဆိုတာ သိ လိုက်သည်။ နီကြောင်ကြောင်ဆံပင်ရှည်၊ ညိုညစ်ညစ်နှင့် ယမကာသမား တယောက်မှန်း သိသာစွာ ဖေါသွပ်သွပ်ဖြစ်နေသည့် မျက်နှာ၊မင်း ခန့် ဆီကနေ တမင်သိသာစွာ လွှဲ ထား သည့် ကြောင်တောင်တောင်မျက်လုံး တွေကို နေ့လည်ရေချိုးတုန်းက မြင် ခဲ့ရပါသည်။

“ ဒင်းကိုး”

သစ်ပင်မှာ ချိတ်ထားသည့် ဆိုင်းဘုတ်လေး တခုက သူ့ခေါင်းပေါ်မှာ ရှိသည်။ မညီမညာ လက်ရေးဖြင့် “ ထီးပြင်တဲ့ လူ” ဟု ရေးထားတာ တွေ့ရသည်။ မိန်းကလေးတွေ ရေချိုးတာ ချောင်းကြည့်တတ်ပေမယ့် ကဗျာတော့ ဆန်သားဟု အိမ်ဖက်ဆီ ဆက်လျှောက်လာရင်း တွေးမိသည်။ သူများတွေဆိုရင် ထီးပြင်သည် လို့ရေးကြမှာကို သူက အဆန်းထွင်ထား ၏။

“ အင်းလေ၊ ဒီလို ကြောင်တဲ့ လူမျိုးမှပဲ ဇွဲကောင်းကောင်း နဲ့ ချောင်းမှာပေါ့”

အိမ်သော့ဖွင့် ရင်း မှတ်ချက်ချလိုက်မိသည်။ အိမ်ထဲ ရောက်တော့ တံခါးအလည်နားက သံ ဆန်ကာကို ချိုးထားသည့် အပေါက်ကလေးကနေ လက်နှိုက်ပြီး အပြင်က မျောက်လက် မှာ သော့ပြန်ခတ်ထားလိုက်၏။ ရောက်စနေ့က ဒီနည်းကို မသိလို့ ကြည်မာ စိတ် ဆိုးတာ ခံခဲ့ရသည်။

....................................................................................................

အထုပ်လေးဆွဲပြီး အိမ်ပေါ်တက်လာသည့် မင်းခန့်ကို အိမ်ရှေ့ခန်းမှာ မီးပူတိုက်နေရာမှ ကြည်မာမော့ကြည့်သည်။

“ မြန်သားပဲ”

“ မြန်လို့လား”

“ မြန်တာပေါ့၊ ခါတိုင်းဆိုနင်က အဲဒီဆိုင်သွားရင် အပင်ပေါက်အောင်ကြာတာ”

ပန်းအိဖြူမှာတော့ ဒေါ်ချစ် နှင့် ပြောစရာစကားတွေ ရှိချင်ရှိနေလိမ့်မည်။ မင်းခန့်ကတော့ ဥက္ကာအကြောင်းစလာသည်နှင့် တွေ့ပြီးသွားပြီဟု စကားဖြတ်ကာ ပြန်ပြေးလာခဲ့၏။ နောက်မှာ အထုပ်တွေသွားထားပြီး ကြည်မာ့ ရှေ့မှာပြန်လာထိုင်လိုက်သည်။ ကြည်မာ နှင့် စကား ပြောဖို့ လိုနေသည်။ ပန်းအိဖြူ၏ ဟိုတုန်းက ကိစ္စ တွေကိုကြည်မာသိသလောက် ပြန် နှိုက်ထုတ်ကြည့်ရမည်။

“ အိဖြူ၊ နင်ငါ့ကို လာရန်စနေတာလား”

“ မဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲ”

“ ကိုယ့်ဟာကိုယ်လဲ ပြန်ကြည့်လိုက်ဦး”

တင်ပုလ္လင်ခွေထိုင်နေရာကနေ ပြန်ငုံ့ကြည့်လိုက်မိတော့ အောက်ကဟောင်းလောင်းဖြစ် နေသည်။ ကြည်မာလည်း ဒီလိုထိုင်သည်ပင်။ ဒါပေမယ့် ထမိန်နှင့် ဆိုတော့ ဘာမှ မဖြစ်။မင်းခန့်ကတော့ ဂါဝန်နှင့် ထိုင်တာကို ဒူးနားမှာကြပ်နေလို့ အပေါ်ကိုတောင် ဆွဲတင်လိုက်မိ သေး၏။

“ ဘောင်းဘီ ပါပါတယ်”

“ တွေ့တယ်လေ အပြာလေး”

“ ဟီး ..ဟီး၊ ဟိုစကားပုံလိုပေါ့၊ အပြောမတတ်ရင်ဆဲသလိုပဲ၊ အထိုင်မတတ်တော့လဲ ဆဲသ လိုဖြစ်သွားတယ်၊ ဆောရီးကြည်မာ”

ဒူးနှစ်ဖက်ကို ပူးပြီး မိန်းကလေးတွေထိုင်သလို ကျုံ့ကျုံ့ပြင်ထိုင်လိုက်ရသည်။ အကျင့်မရှိ လို့ ညောင်းလာနိုင်ပေမယ့် မတတ်နိုင်။ ကြည်မာ မျက်စိနောက်အောင် မလုပ်မိဖို့ အရေးကြီး၏။ ကြည်မာ နှင့် အဆင်ပြေမှ ပန်းအိဖြူ နှင့် ပတ်သက်သည့် အချက်အလက်တွေ ရ နိုင်မည် ဖြစ်သည်။ ကြည်မာက သဘောကောင်းပေမယ့် ကိုယ့်ဖက်ကလည်း အရိပ် အ ခြည်ကို ကြည့်ရမည်။ မနေ့တုန်းက ဆိုရင် အဝတ်တွေလှမ်းပြီး မင်းခန့် က အပြင်ထွက် သွားသည်။ ပြန်လာတော့လည်း မေ့သလိုဖြစ်နေ၏။ ကြည်မာ အလုပ်မသွားခင်သိမ်းပေးသွားတာ အခန်းထဲရောက်မှ သိ၏။သေသေ သပ်သပ် ခေါက်ပြီး အိပ်ယာဘေးမှာချပေး ခဲ့သည်။

စိတ်ကောင်းရှိသည့် ကြည်မာ့ကို ကြည့်ရင်းချစ်သူငယ်ချင်းကြီး မျိုးမင်းစိုး ကိုသတိရသည်။ မျိုးမင်းစိုးသည်လည်းကြည်မာ့လိုပဲ သဘောကောင်းသည်။ ရိုးသားကြတာ ချင်းလည်းတူ၏။ ဒါပေမယ့် မျိုးမင်းစိုးက ကြည်မာ့လို ဒေါသမကြီး။အခွင့်အခါသင့်ပါရင် သူတို့ နှစ် ယောက်ကို နီးစပ်အောင်ကြံဆောင်ပေးချင်မိသည်။ အရင်က မင်းခန့် ဆိုရင်တော့ ကြည် မာ့ကိုမျိုးမင်းစိုး နှင့် သဘောတူမှာမဟုတ် ကိုယ်တိုင် ကြံမည် ဖြစ်သည်။ အခုမင်းခန့် က တော့ စားချင်ပါလျှက်နှင့် သွားမရှိလို့ မဝါးနိုင်သည့် ဘဝ ကို ရောက်နေသည်။ ဒါကြောင့် ကိုယ်မရလည်း ချစ်သူငယ်ချင်း ကို ရစေချင်သည့် စိတ်ဖြစ် မိခြင်း ဖြစ်ပါသည်။

မျိုးမင်းစိုးဆိုသည့် ကောင်ကလည်း သိပ်ပြီးအသုံးကျသည် မဟုတ်။ စေတနာနှင့် ကြည်မာ့ လို ပစ္စည်းကောင်းလေး လက်ထဲထည့်ပေးရင်တောင် ကောင်းကောင်း အသုံး ချ တတ်ချင်မှ ချတတ်မည့် သူမျိုးဖြစ်သည်။ သေသေချာချာ ကြည့်လိုက်ရင် ကြည်မာက ရုပ် ကလေး လည်း သိပ်မဆိုး။ အိုးကောင်းသလို ညီမလေးကလည်း မို့မို့ ဖေါင်းဖေါင်းရှိတာကို မင်းခန့် တွေ့ခဲ့ပြီးလေပြီ။

“ အိဖြူ နင်ငါ့ကို အဲလိုကြီးမကြည့်နဲ့ ကျောချမ်းတယ်”

“ ဘာဖြစ်လို့လဲ”

“ နင့် မျက်လုံးကြီးက ရေချိုးရင် လာလာချောင်းတဲ့ ဟိုဖက်အိမ်က လူကျနေတာပဲ”

ဟိုပုဂ္ဂိုလ်က ကြည်မာ့ကိုလဲ ချမ်းသာပေးမည့် ပုံမရှိပါ။ သူတို့ထက် အသက်ကြီးသည့် မချို တောင်မှ လွတ်ရဲ့လားမသိပါ။ လွတ်မယ်တော့မထင်။ မနေ့က တွေ့တုန်းကတော့ မခုတ် တတ်သည့် ကြောင်ပမာလုပ်နေသည့် အမူအရာကို ပြန်မြင်ယောင်လိုက်၏။

“ အဲဒီ လူကတော့ လူကြည့်တော့ကုပ်ကုပ်လေး”

မင်းခန့် မှတ်ချက်ကို ကြည်မာကခေါင်းညိတ် ထောက်ခံသည်။

“ ဒီထက် ကျော်မလာတာပဲ ကျေးဇူးတင်ရမလိုဖြစ်နေပြီ။ ငါတော့ သူ့ဖက်မကြည့်ဘဲ ကျော ပေးပြီး ချိုးပစ်လိုက်တာပဲ”

ဒါဆိုရင် ဟိုလူကပိုကြိုက်ပေမည်။ ကြည်မာသည် အလွန်ရိုးသည့် ကောင်မလေးဖြစ်၏။ သူမ ၏ကိုယ်ပေါ်မှာ ဘယ်နေရာကယောက်ျားတွေ ပစ်မှားချင်စရာ အကောင်းဆုံးဆိုတာကြည်မာမသိရှာ။ ရေစိုနေသည့် ကြည်မာ့တင်ပါးတွေကို ဟိုက စိတ်ကြိုက်ပစ်မှားနေ တော့ မည် ဖြစ်သည်။

“ ဒီအိမ်လေးက နေလို့ ကောင်းနေလို့ သည်းခံနေရတာ၊ ထရံကာတော့ရောဘာထူးသလဲ၊ အက်ဆစ် နဲ့ ပက်တာခံရတာပဲ”

“ အက်ဆစ်နဲ့ ပက်တယ်”

“ အင်းလေ၊ ထရံဆွေးသွားအောင် ဘက်ထရီထဲက အက်ဆစ်တွေနဲ့ ပက်နေတာ နင်ပဲ တွေ့ တာမဟုတ်လား၊ မမှတ်မိတော့ဘူးလား”

မသိသည့် အပိုင်းကိုရောက်လာပြီ ဖြစ်လို့ မင်းခန့် ခပ်မြန်မြန် စကားလွှဲလိုက်ရသည်။

“ ခေါင်းရင်း အိမ်လိုမျိုးဆိုလည်း ကောင်းသား”

ခေါင်းရင်း အိမ်မှာက လင်မယားနှစ်ယောက်ပဲ ရှိသည်။ နှစ်ယောက်လုံးဝန်ထမ်း တွေဆို တော့ မနက်ဆိုတာနှင့် ထွက်သွားပြီး မိုးချုပ်မှ ပြန်ရောက်သည်။ ရှိနေရင်လည်း အသံတောင်သိပ်မထွက်၊ ညဦးပိုင်း တွေကျမှ နိုင်ငံခြားက လွှင့်သည့် မြန်မာသတင်းတွေ နား ထောင်ဖို့ ရေ ဒီယိုဖွင့်တတ်သည်။ ကျန်သည့် အချိန်တွေဆိုရင် တိတ်တိတ်ဆိတ်ဆိတ်နေတတ်ကြ၏။

“ နင့်ကိုကြည့်ရတာ အေးအေးဆေးဆေးပဲ၊ ဒီနေ့ အလုပ်မဆင်းဘူးလား”

“ ဒီနေ့ လပြည့်နေ့လေ၊ ဒီတရက်တော့ သူဌေးက မထွက်နဲ့တဲ့၊ နားရတာပေါ့ဟာ”

တနေ့လုံးကြည်မာ ရှိနေမည်ဆိုတော့ သိချင်တာလေးတွေမေးကြည့်ဖို့ စိတ်ကူးရသည်။ ဒါ ပေမယ့် ဘယ်လိုကနေဘယ်လို စမေးရမည် ကို မစဉ်းစားတတ်အောင် ဖြစ်နေ၏။

“ ကြည်မာ နင်ပြီးရင် ငါလဲ မီးပူတိုက်မယ်နော်”

“ အေး ...အေး၊ ငါပြီးတော့မယ်”

မီးပူက တခုပဲ ရှိတော့ ဒါကိုတော့ကြည်မာ ဘာမှမပြောပါ။ အရင်ထဲ အားလုံးဝိုင်းသုံးကြပုံရ သည်။ မနေ့က ကြည်မာ ခေါက်သိမ်းပေးထားသည့် အဝတ်တွေ အထဲကသွားယူလာပြီးအ နားမှာချထားလိုက်သည်။

“ ကြည်မာ”

“ ဘာလဲ”

“ ငါမီးပူတိုက်ပြီးရင် ဒီမချို အဝတ်အစားတွေ နင်ယူလိုက်နော်”

“ အိဖြူ၊ စေတနာ ရှိသလိုလို နဲ့ လူလည်လာမကျနဲ့နော်၊ ငါနဲ့ မတော်မှန်းသိလို့ ပေးတာ မဟုတ်လား”

“ ဘာလို့ မတော်ရမှာလဲ”

“ ဟဲ့ ..နင်တို့ ကွင်းတွေ ငါဝတ်လို့ မှမရတာ၊ ငါက သုံးတောင့်ထွာ ကွင်းဝတ်တာလေ၊ နင် တို့ သုံးတောင်တွေ သုံးတောင်မိုက်လျော့ တွေ ကပေါင်တခြမ်းပဲ ဖုံးမှာပေါ့”

ဘာတွေပြောသလဲ ဆိုတာမင်းခန့် နားမလည်ပါ။ ကြည်မာက တင်ကြီးလို့ မချို ထမိန်တွေ ဝတ်လို့ မရကြောင်းပြောတာလို့တော့သိလိုက်သည်။

“ ဒါဆိုလဲ အင်္ကျီတွေယူဟာ”

“ မတော်ပါဘူး ဆိုမှ”

“ နင်က နင့် ကိုယ်နင် ထင်သလောက်မဝပါဘူးကြည်မာရာ၊ ငါနဲ့ တော်တော်ချောင်တာတွေ တောင်ပါတယ်၊ ဝတ်ကြည့်စမ်းပါဦး”

လက်ထဲက မီးပူလေးကို ထောင်လိုက်ပြီး ကြည်မာ တအံ့ တသြမော့ကြည့်သည်။

“ အိဖြူ၊ နင်ဘယ်တုန်းက အကောင်း မြင်တတ်သွားတာလဲ၊ အရင်ကတော့ ငါ့ကို ဖက်တီးမ၊ ဖင်ကြီးမ ဆို”

“ ဒါ ...ဒါက”

မင်းခန့် စကားကိုပြန်စဖို့ တော်တော်စဉ်းစားလိုက်ရသည်။ နောက်ဆုံးတော့ စိတ်ကိုဒုံးဒုံးချ ကာ ကြည်မာ့ကိုပဲ အားကိုးဖို့ ဆုံးဖြတ်လိုက်မိ၏။ လိမ်ညာရမှာတွေတော့ရှိ၏။ရိုးသားသူတ ယောက်ကို မလိမ်ညာချင်ပေမယ့် မင်းခန့် မှာ ရွေးချယ်ခွင့်က နည်းလွန်းပါသည်။

“ ကြည်မာ၊ ငါ အလေးအနက် တခုပြောချင်တယ်”

“ ပြောလေ”

“ ဆေးရုံမှာ ငါသေသွားတာသိတယ်နော်”

“ မျောသွားတာ ဖြစ်မှာပါဟာ”

အင်္ကျီကိုမီးပူပြန်ထိုးရင်း ခပ်ပေါ့ပေါ့ ပင်ပြော၏။

“ ထားပါတော့လေ၊ အရေးကြီးတာက ငါသိပြန်လည်လာတဲ့ အချိန်မှာ ဘာမှ မသိတော့တာ ပဲ၊ ဆေးရုံရောက်နေတာ တခုကလွဲရင် ကျန်တာဘာတခုမှ မသိဘူး၊ ငါ့ကိုယ်ငါလဲ မသိဘူး၊ ဘာဖြစ်လို့ ဆေးရုံရောက်နေမှန်းလဲ မသိဘူး၊ ဆရာမတွေ ပြောပြသလောက်ပဲ သိတယ်”

“ နင်သောက်တဲ့ ဆေးတွေ များလို့ ဆေးကြောင်သွားတာနေမှာပေါ့၊ ဘယ်အချိန်မှပြန်သတိ ရသလဲ”

“ အခုထိကို မရတာ၊ ငါတကယ်ပြောတာကြည်မာ၊ ခုချိန်ထိ ငါနေထိုင်ပြောဆိုသမျှက နင့် နောက်ကနေလိုက်ဖော နေတာ”

ကြည်မာယုံကြည်ပုံမရ၊ မင်းခန့်ကို စိုက်ကြည့်ပြီး ခေါင်းကို ဘယ်ညာ ရမ်းခါနေသည်။

“ နင်ယှဉ် ပြီးစဉ်းစားကြည့်ပါကြည်မာ၊ ဟို အရင်က ပန်းအိဖြူနဲ့ ဆေးရုံက ပြန်ဆင်းလာ တဲ့ ပန်းအိဖြူ မတူတာတွေ နင်သတိထားမိမှာပါ”

“ နင်ပြောင်းလဲ သွားတာတော့ ငါသိတယ်၊ ဒါပေမယ့် ငါက နင်အသိတရားရသွားပြီပဲ ထင် နေတာ”

“ ခုချိန်ထိ ငါ့နာမည် ပန်းအိဖြူ၊ ကြည်မာ ဆိုတဲ့ သူငယ်ချင်း နဲ့ အတူတူနေတယ် ဆိုတာက လွဲရင် ဘာမှ မသိဘူး၊ ရှင်းရှင်းပြောရရင် နင်ဆေးရုံရောက်လာတော့ နင့်ကိုလည်း ငါမသိ ဘူး၊ မချိုကိုလည်း မသိဘူး၊ နင်ပေးတဲ့ စာဖတ်မှ နင့်နာမည်ကြည်မာ လို့ငါသိတာ”

ကြည်မာ့ မျက်နှာမှာ စိတ်ရှုပ်ထွေးပုံပေါ်လာသည်။ မင်းခန့် ပြောတာတွေကို မယုံကြည်နိုင်၊ လက်မခံ နိုင်အောင်ဖြစ်နေပုံရသည်။ လက်ထဲက မီးပူလေး ကိုပြန်ထောင် ထားလိုက်ပြန်သည်။

“ နင်ဆိုလိုတာက အတိတ်မေ့သွားတာမျိုးလား၊ ငါကြားဖူးတာကတော့ ခေါင်းကို ခိုက်မိ မှ ဖြစ်တာလေ၊ နင်က ခေါင်းကိုထိတာမှ မဟုတ်ဘဲ....ဒါပေမယ့် ...အင်း ...ဆေးတွေ ကလည်း ဦးဏှောက်ကို ထိနိုင်တာပဲ”

“ ငါဘာမှ မသိဘူးဆိုတာ ကျိန်ဆိုရင်ကျိန်ပြရဲပါတယ်ဟာ၊ တချိန်မှာ ပြန်သတိရ လာမှာပဲလို့ နေနေတာပဲ၊ ဒါပေမယ့် မလွယ်ဘူးဟာ၊ လူတယောက်ရဲ့ အကြောင်းကို မသိဘဲနဲ့ အဲဒီလူအဖြစ် ဘယ်လိုဆက်နေမလဲ”

“ နင် ဆရာဝန်တွေကို ပြောမပြဘူးလား”

“ ပြောပြရင် ဆေးရုံက ဘယ်ဆင်းရတော့မှာလဲ၊ ငါ့ကို ဆေးဖိုးထုတ်ပေးတယ်ဆိုတဲ့ မိန်းမ တွေ မျက်နှာ ကိုလုံးဝ မကြိုက်ဘူး၊ လူကို ရန်သူကြီးတွေ ကျနေတာပဲ၊ သူတို့ ရန်လုပ်နေတာ ဘာအတွက်မှန်းတောင် ငါမသိဘူး”

မိန်းမတယောက်ကို မျောပါလာအောင်၊ ကိုယ့်စကားကို လက်ခံလာအောင်ပြောသည့် အ တတ်က မင်းခန့် ကျွမ်းကျင်မှု အရှိဆုံးပညာဖြစ်သည်။ မင်းခန့် လေသံနှင့် အပြောတွေ မှာကြည်မာ ဇဝေဇဝါ ဖြစ်လာသည်။

“ ငါမနေ့က ဆေးရုံက ပြန်လာတော့ ဥက္ကာ ဆိုတဲ့ကောင်လေး လိုက်လာတယ်၊ သူပြောပုံ ဆိုပုံက ငါနဲ့ ရည်းစားတွေ ကျနေတာပဲ၊ အဲဒါ ဟုတ်လားကြည်မာ”

“ ဘုရားရေ၊ နင်က ဥက္ကာတောင်မှ မသိဘူးပေါ့၊ ဒါဆို ဦးလှထွန်းအောင် လဲ မသိဘူးပေါ့”

“ ဘယ်က ဦးလှထွန်းအောင်လဲ၊ ဥက္ကာ အဖေလား”

ကြည်မာ့ မျက်နှာမှာ အံ့သြခြင်းတွေနှင့် အပြည့်ဖြစ်နေသည်။ ပါးစပ် အဟောင်းသားနှင့် မျက်နှာလေးကို ကြည့်ရင်း အောင်မြင်တော့မည် ဆိုတာမင်းခန့် သိလိုက်သည်။

“ နင်တကယ် ဦးလှထွန်းအောင် ကို မသိဘူး၊ နင် ..အိပ်ဆေးတွေသောက်တာက... ဟို ..ဟို”

“ ဘုရားစူး၊ မိုးကြိုးပစ်၊ သေချင်းဆိုးနဲ့ သေပါစေ ဦးလှထွန်းအောင်ကို ငါမသိဘူး တကယ် ပြောတာ”

အပြည့်အဝ လက်ခံနိုင်သေးပုံမရ ပေမယ့် ကြည်မာ သက်ပြင်း တချက်ချသည်။

“ အင်းလေ၊ ရှိပါစေတော့၊ နင်ဘာသိချင်တာလဲ”

“ ပန်းအိဖြူ အကြောင်း နင်သိသမျှပေါ့”

ကြည်မာ့မျက်နှာပေါ်တွင် သရော်တော်တော် အပြုံးတခုရောက်လာသည်။

“ ဒါက နင့်အပေါ် ငါ့အမြင်ကို တဖက်လှည့်နဲ့ မေးတာပဲ၊ လူလည်မကျနဲ့ အိဖြူ၊ နင်လဲငါ့ ကို အကောင်း မမြင်ဘူး၊ ငါလဲ နင့်ကို အကောင်း မမြင်ဘူး ရှင်းနေကြတာပဲ”

ဆင်ပြောင်ကြီး အမြီးကျမှ မတစ်ချင်တော့ပါ။ မင်းခန့် ရှေ့ကို ကိုင်းပြီးကြည်မာ့ လက် မောင်း ကစ်ကစ် လေးကို ဆုပ်ကိုင်တောင်း ပန်မိသည်။

“ မဟုတ်ဘူး ကြည်မာ၊ မဟုတ်ဘူး၊ ငါတကယ်သိချင်တာပါ၊ ငါအရင်က ပန်းအိဖြူ မ ဟုတ် တော့ပါဘူး၊ နင့်ကိုလည်း အရမ်းခင်ပါတယ်၊ ငါ့မှာလည်း အားကိုးစရာနင် တ ယောက်ပဲ ရှိ တော့တာပါ”

“ ဟဲ့၊ ဟဲ့ ...မီးပူလဲ ဝင်တိုက်မိဦးမယ်”

မီးပူကိုဘေးဖယ်ပြီး မင်းခန့်ကို တွန်းထုတ်သည်။

“ ပြောပါကြည်မာရာ၊ နင် ဒီနေ့ အလုပ်မသွားရလို့ အချိန်ရတယ် မဟုတ်လား၊ ပေးပေး ကျန်တာတွေ ငါဆက်တိုက်ပေးမယ်၊ နင်ကဘေးကနေ ပြောပြ ဟုတ်လား”

“ လာဖား မနေနဲ့၊ ခုထိငါတော့ မယုံသေးဘူး၊ တကယ်ပြောပြရမှာလား”

“ တကယ်၊ တကယ်၊ ငါဘာမှ စိတ်မဆိုးဘူး၊ ပန်းအိဖြူကို ဖာသယ်မ လို့ပြောလဲ ငါ ငြိမ်ပြီး နားထောင်ပေးမယ်၊ မိန်းမယုတ်လို့ နင်စွပ်စွဲလဲ အမှန်ပဲလို့ ငါလက်ခံမယ်”

“ ကိုယ့်ကိုယ်ကို အဲဒီလောက်အထိပြောရလား အိဖြူရယ်၊ အင်းလေ ...နင်ဒီလောက်ပြော နေတော့လည်း ယုံတာ မယုံတာနောက်မှပေါ့၊ ငါသိသလောက်ပြောပြမယ်”

ခြေမကျဉ် အောင်ခြေထောက်ကို ဘက်ပြောင်းထိုင်လိုက်ပြီး မင်းခန့် နားစွင့် ထားလိုက် သည်။ ကြည်မာ ပန်းအိဖြူကို ဘယ်လိုပြောပြော ကိုယ်မဟုတ်သည့် အတွက် နာစရာ အကြောင်းမရှိဘူးဆိုတာ ရိုးသားသည့် မိန်းကလေး မသိရှာပေ။ မီးပူကို ပလပ်ချွတ်လိုက် ပြီး သိသလောက်ရှင်းပြရှာ၏။

ကြည်မာ နှင့် ပန်းအိဖြူ အရင်တုန်းက မသိကြပါ။ မချို နှင့်တော့ နှစ်ယောက်လုံးသိကြ သည်။ ပန်းအိဖြူ နှင့် မချို ဘယ်လိုရင်းနှီး ကြသည်ကို ကြည်မာ မသိ။ ကြည်မာ နှင့် မချိုကတော့ မချို၏ ညီမ ဝမ်းကွဲတယောက်ကနေ တဆင့်သိကျွမ်းခင်မင် ခဲ့ရာမှ တအိမ်ထဲ တူ တူ ငှားနေဖို့ ဖြစ်လာသည်။ မချို မလေးရှားကို ထွက်သွားသည့် အခါ ကြည်မာနှင့် ပန်းအိ ဖြူ  အတွက် ထားခဲ့သည့် အဝတ်အစားနှင့် ပစ္စည်း အနည်းငယ်ကလွဲရင် ကျန်တာတွေ ကို ထိုညီမ ဝမ်းကွဲ၏ အိမ်သို့ ကြည်မာ သွားပို့ ပေးခဲ့ရသည်။ မချို၏ ညီမ က အိမ်ထောင်သည် ဆိုတော့ မချိုက သူတို့ နှင့် မနေချင်လို့ ခွဲထွက်လာ ခြင်းဖြစ်သည်။ အိမ်လခ သက်သာစေ ဖို့ သုံးဦးစပ် မည်ဟု မချိုကပြော တာကို ကြည်မာကလည်း လက်ခံခဲ့လို့ ပန်းအိဖြူလည်းပါ လာ၏။

အဲဒီတုန်းက ကြည်မာက အရက်ကုမ္ပဏီ ကိုမရောက်သေး။ နာမည် မကြီးသည့် ဆပ်ပြာ၊ ရေမွှေး၊ နှင့် အလှကုန်တွေကို တလမ်းဝင်တလမ်းထွက်ကြော်ငြာပြီးရောင်းပေး ရသည့် အလုပ် လုပ်နေသည်။ ပင်ပန်းသော်လည်း ဝင်ငွေမကောင်းပါ။ မချိုကတော့ အထည် ချုပ် စက်ရုံက စူပါ ဗိုက်ဇာ ဖြစ်သည်။ ပန်းအိဖြူက တော့နာမည်ကြီး အလှကုန် လုပ် ငန်း ကြီးတခုက အရောင်းဝန် ထမ်းဖြစ်သည်။ ကြည်မာနှင့် အလုပ်သဘာဝတူသော်လည်း လုပ်ရပုံ ခြင်းက မတူသလို ဝင်ငွေ မှာလည်း ပန်းအိဖြူက သာ၏။ ကြည်မာက နေပူစပ်ခါး လမ်းတ ကာလျှောက်သွားရပေမယ့် ပန်းအိဖြူကျတော့ ခန်းနားသည့် အရောင်းပြခန်းမှာ ကျော့ ကျော့ လေး နေရသူဖြစ်သည်။ ထို့ ကြောင့် ပန်းအိဖြူက ကြည်မာ့ကို နှိမ်ချ ဆက်ဆံတတ်၏။ ကြည်မာကလည်း ငုံ့ခံတတ်သူ မဟုတ်လို့ သူတို့ နှစ်ယောက် မကြာခန က တောက်ကဆဖြစ်သည်။

အားလုံးထဲမှာ အသက်အကြီးဆုံးဖြစ်သည့် မချိုက ကြားထဲကနေထိန်းပေးနေရသည်။ ကြည်မာ က မချိုကိုလေးစားသလို ပန်းအိဖြူကလည်း မချိုကိုတော့ ခင်တွယ်၏။ ဒါကလည်း သူတို့ နှစ် ယောက်အပေါ် အမကြီးတယောက်လို သဘောထားကာကြင်နာစွာ ဆက်ဆံပေးသည့် မချို၏ စိတ်ထားကောင်း မှုကြောင့်လို့ ကြည်မာယူဆသည်။ သူတို့ နှစ်ယောက် မတည့်ကြသည့် အတွက် သုံးယောက်တန်းစီ အိပ်သည့် အခန်းထဲမှာ မချို က အလယ်က အိပ်ရသည်။

“ နင်က ငါ့ကိုသာ အကောင်းမပြောတာ၊ မချို စကားကျတော့နားထောင်တယ်၊ နား ထောင်တယ် ဆိုတာကလည်း နေရာတိုင်းတော့ မဟုတ်ဘူးပေါ့လေ”

မချိုဆီမှာ ကြည်မာ အလုပ်ဝင်လိုက်သေးသည်။ ဒါပေမယ့် သူမ၏ ကြက်ခေါင်းဆိတ် မခံ မှုကြောင့် အလုပ်ရှင် တရုတ်မ နှင့် ပြဿနာဖြစ်ပြီး ထွက်ပစ်လိုက်သည်။

“ ဗမာ စကားတောင် မတတ်တဲ့ ကောင်မက လူပါးဝလို့၊ ကြမ်းပေါ်ကျနေတဲ့ ပိတ်စကို ခြေ ထောက်နဲ့ပြပြီး ကောက်ခိုင်းတယ်၊ ငါက မလုပ်တော့ ဒေါသထွက်ပြီး ဆွေ့ဆွေ့ကိုခုန်နေ တာ၊ တရုတ်လိုအော်ဟစ်နေတာ ဘာတွေမှန်းလဲ မသိဘူး၊ မချိုက တရုတ်စကားပြော တတ် တော့ကြားထဲက နေဝင်တောင်းပန်တယ်၊ အဲဒါတောင် ကောင်မကအော်လိုက် ဟစ် လိုက်နဲ့၊ ငါ့အတွက် ကြားထဲက မချို အပြောခံရတာကို စိတ်မကောင်းတာ နဲ့ ထွက်ပစ် လိုက်တာ၊ ငါ့ ကိုပြောရင် ခံလိုက်မယ်၊ သူပေးတဲ့ ပိုက်ဆံယူရတာကိုး”

အလုပ်မရှိဘဲ သုံးလေးလလောက် ရှိတာလေးထိုင်စားပြီးတော့မှ အခုလုပ်နေသည့် ဆီကို ရောက်သည် ဟု ကြည်မာပြောသည်။ ဒီလောက်စိတ်ကြီးသည့် ကြည်မာ အမူးသမားတွေ ကို ဘယ်လို သည်းခံနေသလဲ ဆိုတာ မင်းခန့် တွေးလို့တောင်မရပါ။

“ ငါဒီ အလုပ်ရပြီးသိပ်မကြာဘူး နင်လဲ အလုပ်ကထွက်တာပဲ၊ နင်က ဦးလှထွန်းအောင်နဲ့ ချိတ် မိသွားပြီလေ”

“ သူက ဘာလဲ”

“ နင့် စပွန်ဆာလေ”

“ ဘာ”

“ ငါသိတဲ့ အတိုင်းပဲ ပြောရတာလေ၊ အစက ပြောသားပဲ မပြောချင်ဘူးလို့”

“ မဟုတ်ပါဘူး၊ ပြောပါ၊ ငါနားထောင်ချင်ပါတယ်”

ဦးလှထွန်းအောင် နှင့် ကိစ္စမှာ မချိုစကားကိုလည်း ပန်းအိဖြူ နားမထောင်တော့။ ဦးလှ ထွန်း အောင်၏ ကြွယ်ဝမှုကိုပဲမြင်တော့သည်။ ငွေတွေဖေါဖေါသီသီ ရသလို သုံးချင်တိုင်းသုံးသည်။ ဝယ်လိုက်ခြမ်းလိုက် သုံးလိုက်နှင့် အပျော်ကြီးပျော်နေသည့် ပန်းအိဖြူကို မချို လည်း မနိုင်တော့။ ဦးလှထွန်းအောင်က သမီးနှစ်ယောက် အဖေ မုဆိုးဖိုဖြစ်သည်။

“ အဲဒီ လူကြီး သမီးတွေကတောင် ငါတို့ထက် အသက်အများကြီးကြီးတယ်၊ မချို ထက် တောင် ကြီးမလား မသိဘူး။အဲဒီလူကြီးနဲ့ ချောင်း သာ သွားလိုက်၊ ရှမ်းပြည်တက်လိုက်နဲ့ နင်အိမ်တောင် မကပ်ဘူး၊ မချိုက နင့်ကို ဆုံးမတော့ နင် ..နင်က ”

ကြည်မာ စကားတပိုင်း တစနှင့် ရပ်သွားသည်။

“ ပြောလေ ကြည်မာ၊ ဘာဖြစ်ဖြစ် ငါနားထောင်မှာပါ၊ နင် အားနာနေစရာမလိုဘူး”

“ နင်ပြောခိုင်းလို့ ငါပြောတာနော်၊ နောက်ပြီး ငါနင်တို့ ပြောတာချောင်းနားထောင်တာလဲ မဟုတ်ဘူး၊ အမှတ်တမဲ့ ကြားတာ”

“ အေးပါ၊ ပြောပါ”

“ မပူပါနဲ့ မချိုရယ်၊ သမီးက ဆယ့်ခြောက်နှစ် သမီးထဲက ယောက်ျား ဆိုတာသိပြီးသား၊ မ ထူး တော့ပါဘူး တဲ့၊ ဒါ ..ငါ ..နားခံသာအောင်ပြောတာ၊ နင်ပြောတာက ပိုရှင်းတယ်”

တိုက်ဆိုင်သည်ဟု ဆိုရမည်။ မင်းခန့် လည်း ဆယ့်ခြောက်နှစ်သားမှာ စပြီး လူပျိုရည် ပျက် ခဲ့သည်။ အရသာလည်း တွေ့သွားပြီး ထိုအချိန်ကစကာ မိန်းမတွေနှင့် ပတ်သက်ဖြစ်ခဲ့၏။ ပန်းအိဖြူသည်လည်း သူ့လိုပဲလားဟု တွေးရင်း မင်းခန့် ငြိမ်သွားတော့ ကြည်မာ လည်း ရပ် သွား သည်။

“ ငါမပြောချင်ဘူး အိဖြူ၊ နင်မေးလို့ ပြောရတာ၊ ငါ့ တဖက်သတ်အမြင်တွေလို့ နင်ထင်မှာလဲ စိုးတယ်”

“ နင့်မှာ ဒီလိုစိတ် မရှိတာ ငါယုံပါတယ်၊ ဆက်ပြောပါ ရပါတယ်”

ဦးလှထွန်းအောင် စပွန်ဆာ ကိစ္စကြောင်ပင် ပန်းအိဖြူ နှင့် ကြည်မာ တအိမ်ထဲနေပြီး တ ယောက် ကိုတယောက်လုံးဝ စကားမပြောသည့် အနေအထားအထိ ရောက်သွားသည်။ကြည်မာ အရက်ရောင်းတာကို ပန်းအိဖြူက နှိမ်၏။ သမ္မာအာဇီဝ အလုပ်မဟုတ်ဟု ကဲ့ ရဲ့၏။ စိတ်တိုသွားသည့် ကြည်မာက သူကအရက်ပဲရောင်းသည် ထိုလူတွေနှင့် လိုက်မအိပ်ဟု ပြန် ပက်လိုက်ရာမှ အကြီးအကျယ် စကားများပြီး နှစ်ယောက်လုံးက ခင်သည့် မချိုတောင် ဝင်ထိန်း လို့ မရဖြစ်သွားသည်။

“ ဒါနဲ့ ဥက္ကာ ကရော”

ပန်းအိဖြူနှင့် ကြည်မာ၏ ပဋိပက္ခ တွေကို ထပ်မကြားလို၍ မင်းခန့် ကလမ်းလွှဲလိုက်သည်။

“ ဦးလှထွန်းအောင် က နင့်ကို စပွန်ဆာပေးတယ်၊ နင်က သူ့ကို စပွန်ဆာပြန်ပေးတယ်၊ ငါ တော့ အဲဒီလို ထင်တာပဲ၊ ဟုတ်မဟုတ်တော့ မသိဘူး”

ဇာတ်လမ်းက ထင်ထားတာထက်ရှုပ်ထွေးမှုတွေပါသည်။

“ ဒီကောင်လေးနဲ့ က နင်ဦးလှထွန်းအောင် နဲ့ မတွေ့ခင်ကထဲက တွဲနေတာ၊ ရွယ်တူချင်း လူ ပျို အပျိုချင်း ဆိုတော့ မချိုကလည်း ဘာမှ သိပ်မပြောဘူး၊ ဒါပေမယ့် အဲဒီကောင် မူမမှန်ဘူးလို့ ငါ ထင်တယ်”

“ ဘာဖြစ်လို့လဲ”

ဦးလှထွန်းအောင် နှင့် ပန်းအိဖြူ ကိစ္စကို ဥက္ကာ မသိမဟုတ်သိမည်ဟု ကြည်မာယူဆ၏။ ဒါပေ မယ့် ဘာမှ မသိသလိုဆက်နေသည်။ ပန်းအိဖြူဆီက ပိုက်ဆံချေးသည်။ ချေးသည်အမည်တပ် သော်လည်း ဘယ်တော့မှ ပြန်မပေးဟု သိရ၏။ ပန်းအိဖြူကလည်း ပြန်မ တောင်းပါ။ အလုပ်အ ကိုင် မရှိသည့် ရည်းစားက ပိုက်ဆံတွေဖေါဖေါ သီသီသုံးသည်။ ပြီးတော့လည်း သုံးလေးရက် လောက်ခရီးသွားသည် ဆိုပြီး ပျောက်ချင်ပျောက်နေသည်။ ယောက်ျားလေးဖက်ကနေ ပြဿနာ ရှာကိုရှာရမည့် ကိစ္စတွေ ဖြစ်သော်လည်း ဥက္ကာ ငြိမ် နေခဲ့၏။

ပန်းအိဖြူ နှင့် ဥက္ကာကြားမှာ ဦးလှထွန်းအောင် ကိစ္စနှင့် ပတ်သက်ပြီး သဘော တူညီချက် တစုံတရာ ရှိ တာလည်းဖြစ်နိုင်သည်ဟု ကြည်မာက သုံးသပ်၏။

“ ဘယ်လိုပဲ ဖြစ်ဖြစ်လေ ကိုယ့်ရည်းစားက အဖိုးကြီးတယောက်ဆီက စပွန်ဆာယူတာကို လက် ခံပေးတယ် ဆိုကထဲက ဒီကောင်မူမမှန်တာပဲ”

မင်းခန့် လည်းဒီအချက်ကို လက်ခံပါ၏။ ဘယ်ယောက်ျားလေးမှ ချစ်သူကို တကယ် ချစ် ရိုးမှန် ရင် ခွင့် မပြုသည့် ကိစ္စမျိုးဖြစ်သည်။ ပန်းအိဖြူက ဦးလှထွန်းအောင် နှင့် အတူ နိုင် ငံခြားကို အလည်သွားဖို့ တောင်စီစဉ် ခဲ့သေးသည်ဟု သိရ၏။ အိပ်ရာခြေရင်းက သေတ္တာမှာ နိုင်ငံခြား သွားဖို့ ဖြစ်သည်။ ဒါပေမယ့် ပတ်စပို့ စာအုပ်တောင် မလုပ်လိုက်ရ ပန်းအိဖြူ၏မ ဆင်မခြင် မိုက်မဲမှု ကြောင့် အနှောက် အယှက်တွေဖြစ်လာ၏။

ဦးလှထွန်းအောင် က ပန်းအိဖြူကို ဟန်းဖုန်း ဝယ်ပေး လိုက် ပြီးနောက်မှာတော့ နောက် ဆက် တွဲပြဿနာတွေ တသီကြီးပေါ်လာခဲ့သည်။ လိုချင်လွန်း လို့ဟု အတင်းဝယ်ပေး ခိုင်း ပြီးမှ တလလောက်ကိုင်အပြီးတွင် ဥက္ကာ အ ဆက် အသွယ် နှင့် ထိုဖုန်းကို ရောင်းစားပစ် လိုက်သည်။

ရောင်းလို့ ရသည့် ပိုက်ဆံတွေကို ဥက္ကာနှင့် အတူသုံးကြဖြုန်းကြသည်။ ဦးလှထွန်းအောင် မေး လာရင် ပျက်နေသလိုလို၊ အိမ်မှာပဲ ကျန်ခဲ့သလိုလို လှည့်ပတ်ရှောင်ရှားနေပြီးမှ မ တတ်သာတော့ ချိန်တွင် ဖုန်းပျောက်သွားသည် ဟု ညာပြောလိုက်၏။ ပျောက်သည် ဆို တော့ ဦးလှထွန်းအောင် ကလည်း သက်ဆိုင်ရာကို အကြောင်းကြားပြီး လိုင်းပိတ်လိုက် သည်။

လိုင်း ပိတ်ခံလိုက်ရသည့် အတွက် ဝယ်သူက ဥက္ကာ နှင့် ပန်းအိဖြူကို ပြဿနာ ရှာတော့သည်။ နောက်ဆုံး ဦးလှထွန်းအောင်ကပဲ ဝယ်သူကိုတောင်းပန်ပြီး လိုင်းဖွင့် ကြေး ပါ အိတ်စိုက်ပေးလိုက်ရသည်။ အကျိုးဆက် အနေနှင့် ကတော့ ဦးလှထွန်းအောင် မိသား စုက ပန်းအိဖြူ နှင့် ကိစ္စကို ရိပ်စားမိသွားတော့၏။

“ အဖိုးကြီး သမီးတွေကလျှင်တယ်၊ အိမ်အထိလိုက်လာတာ၊ ငါလည်း မရှိဘူး။ နင်ကတော့ ဥက္ကာဆီ ရောက်နေတယ်ထင်တာပဲ မရှိဘူး၊မချိုပဲ ကြားထဲက အပြောအဆိုခံလိုက်ရတယ်”

အခုချိန်ထိ ပန်းအိဖြူနှင့် ပတ်သက်သမျှ အကြောင်းအရာတို့က တခုမှ ကောင်းတာ မပါ သေးပါ။ ကြည်မာကတော့ တည်တည်ငြိမ်ငြိမ် နှင့် နားထောင်နေသည့် မင်းခန့်ကို အံ့သြနေ သည်။

“ နင် သတိမရဘူး ဆိုတာငါယုံချင်လာပြီ၊ အခုနပြောသာပြောရတယ်၊ မယုံမရဲနဲ့”

“ ဘာဖြစ်လို့ ယုံချင်တာလဲ”

“ နင်နားထောင်နေတဲ့ ပုံစံက ကိုယ်မဟုတ်တဲ့ တခြားသူတယောက်အကြောင်းကို နား ထောင်နေသလိုပဲ”

“ အဲဒါတွေငါမှ မသိတာ ကြည်မာရယ်”

ကိုယ့်အဓိပ္ပါယ်နှင့် ကိုယ် ပြောလိုက်သည်ကို ကြည်မာ နားလည်ပုံမရပါ။ စကားပြောရတာ လည်း အရှိန်ရနေပုံရသည်။ သိသမျှတွေကို ဆက်ပြောပြ၏။နောက်ပိုင်း တွင် အ ထည်ချုပ် လုပ်ငန်းတွေ အခြေအနေ မကောင်းသည့်အခါ မချို အလုပ် ပြောင်းဖို့ စဉ်းစားရသည်။ လစာပဲရပြီး အိုဗာတိုင်ကို မမျှော်လင့် နိုင်တော့ ဝင်ငွေလျော့ကျ လာသည်။ ဒီလိုနှင့်ပဲမချို မလေးရှားမှာ အလုပ်သွားလုပ်ဖို့ ဖြစ်လာသည်။ မချိုသွားတော့ မည် ဆိုသောအခါ ပန်းအိဖြူ တစခန်းထလာ၏။ ဦးလှထွန်းအောင် ကို သူမ အတွက် တိုက် ခန်းဝယ်ပေးခိုင်းသည်။ ထိုအချိန်မှာ ဦးလှထွန်းအောင် ခမျာ ပန်းအိဖြူကို ပေါ်ပေါ်ထင်ထင် ထောက်ပံ့ နိုင်သည့် အခြေအနေ မရှိတော့။ ခရီးတွေလည်း မထွက်နိုင်တော့။ ပန်းအိဖြူ နှင့် တွေ့ချင်ရင်တောင်မှ ခိုးကြောင်ခိုးဝှက် ချိန်းတွေ့နေရ သည့် အချိန်ဖြစ်သည်။

ပန်းအိဖြူ နှင့် ဇာတ်လမ်းပေါက်ကြားထား၍ သမီးတွေ၏ မျက်စိဒေါက်ထောက်ကြည့်ခြင်းခံ နေရသော ဦးလှထွန်းအောင် အနေနှင့် သိန်းရာနှင့် ချီပြီး သုံးပေးဖို့ လက်တွန့်နေ၏။ငှား ပေး မည်ပြောသော်လည်း ပန်းအိဖြူက လက်မခံ သူမ နာမည်နှင့် အပိုင်ဝယ်ပေးရမည်ဟု အကြပ်ကိုင်၏။ ဦလှထွန်းအောင်ကလည်း တိုက်ခန်းရှာနေသည် အကြောင်းပြပြီးခေတ္တ ချွေးသိပ်ထားသည်။ နည်းနည်းကြာလာတော့ ပန်းအိဖြူ သည်းမခံနိုင်တော့။ မချိုကလည်း သွားဖို့ ရက်ကပ်လာသည့်အချိန်တွင် ဘယ်ကဘယ်လိုရှာလာမှန်း မသိသည့်အိပ်ဆေး တွေ ရော အခြားဆေးတွေပါ ယူပြီး ဦးလှထွန်းအောင် ဆီသွားသည်။ ဂျာနယ်ထဲက ကြော် ငြာ တ ခုကို ပြပြီး ထိုတိုက်ခန်းကို ဝယ်ပေးရမည်။ ဝယ်မပေးရင် ကိုယ့်ကိုယ်ကို သတ်သေ တော့ မည် ဟု ချိမ်းခြောက်၏။ ဦလှထွန်းအောင် က တန်ဖိုးများသည့်အတွက် ခနစောင့် ပေးဖို့ ဒါမှ မဟုတ် တန်ဖိုးသိပ်မများတာ ဆိုရင်တော့ သူကြိုးစားပေးမည်ဟုပြောသော် လည်း ပန်းအိ ဖြူ  က လက် မခံပဲ ဆေးတွေကို သောက်ချလိုက်သည်။

“ ဦးလှထွန်းအောင် က မတားဘူးလား၊ မဆွဲဘူးလား”

“ အဲဒါတော့ ငါလဲ မသိဘူး၊ သူ ဆွဲလို့ မရတဲ့ အခြေအနေ ဖြစ်နေလို့ နေမှာပေါ့၊ ငါလဲ မချို ပြောပြသလောက်ပဲ သိတာ၊ မချိုကိုလဲ ဦးလှထွန်းအောင် သမီးတွေကပြန် ပြောပြတာလေ၊ သူတို့ စကားပေါ့ဟာ”

“ အော်”

မမြတ်စုတို့ ညီအမပဲဖြစ်လိမ့်မည် ဟု မင်းခန့်သိလိုက်သည်။

“ ဦးလှထွန်းအောင်လည်း နင့်ကိုတားမရတော့ စိတ်ထိခိုက်ပြီး နှလုံးဘာဖြစ်သွားတယ် ဆို လား မသိပါဘူး၊ ပစ်လဲတာပဲ တဲ့၊ အဲဒီနေ့က ငါအလုပ်က ပြန်လာတော့ မချို မရှိဘူး၊ နင်လဲ မရှိဘူး၊ ငါလဲ စိတ်ပူတာပေါ့၊ နင့် အတွက် မဟုတ်ပါဘူး။ မချို အတွက်ပူတာ။ နောက်တ နေ့ မနက်ကိုးနာရီလောက်မှ မချိုပြန်လာ ပြီး ပြောပြမှ ငါလဲသိတယ်၊ ဦးလှထွန်းအောင်သ မီး တွေက နင့်ကိုဆေးရုံပို့ ပြီး မချိုကို လာခေါ် သွားကြတာလေ”

စီးပွားရေးသမားပီပီ မမြတ်စုက စေ့စပ်သည်။ ပန်းအိဖြူ နှင့် ဦးလှထွန်းအောင်ကို ဆေးရုံ တရုံစီ ခွဲတင်ခဲ့၏။

“ ပထမတခေါက် တုန်းက ဆရာဝန်တွေက ကြိုးစားနေပါတယ်ပြောတယ်၊ နောက်တခေါက် မချို ထပ်သွားတော့မှ မျှော်လင့်ချက်မရှိတော့ဘူးတဲ့၊ ဟိုဖက်ကလည်း အားလုံးတာဝန်ယူပါတယ်ပြောထားတော့ ငါလည်း မချိုကို အတင်းသွားခိုင်းလိုက်တယ်၊ အားလုံးက နင့်ကို ပစ် လိုက်ရပြီ လို့ ပဲပြောကြတာကိုး ၊ ဆက်နေရင် နင်လည်းပြန်ရှင်လာမှာ မဟုတ်ဘူး၊ မချို ပေးထားရတဲ့ ပိုက်ဆံတွေလဲ ဆုံးမယ်လေ၊ နင့်ကို ကြည့်လို့ မရပေမယ့် သူ့ကိုယ်စား ငါ အားလုံးလုပ်ပေးပါမယ် လို့ တာဝန်ခံပြီး လွှတ်လိုက်တာ၊ နင့်ဆီ လာတုန်းကလဲ မချိုကို ပေးထားတဲ့ ကတိမဖျက်ချင်လို့ လာသာ လာရတယ် အသက်ရှင်ရက် တွေ့မှာ မဟုတ်ဘူး လို့ တွက်ထားတာ”

“ ပန်းအိဖြူ သေပြီဆိုပြီး ဝမ်းသာနေတယ်ပေါ့”

“ အဲလိုလဲ မဟုတ်ပါဘူးဟာ၊ အမှန်အတိုင်းပြောပါမယ်၊ နင်နဲ့ ပတ်သက်ရင် ငါ့စိတ်ထဲမှာ ဘာမှကို မရှိတာ၊ ဒါပေမယ့် အခုနင်ပြောင်းလဲ လာတာကိုတော့ ဝမ်းသာပါတယ်၊ တ ကယ် ပြောတာ၊ မချိုသိရင်လည်း ဝမ်းသာမှာ၊ မချိုကလည်း ဖုန်းထပ်မဆက်သေးဘူး”

“ ငါ မသိတာတွေရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ်၊ငါဘာဆက်လုပ်ရမယ် ဆိုတာစဉ်းစား လို့ရတာပေါ့”

“ နင်ဘာဆက်လုပ်မှာလဲ”

“ မသိသေးဘူးလေ”

“ နေဦး နင့်ကို မချို ဓါတ်ပုံပြမယ်၊ နင်မှတ်မိချင် မှတ်မိလာအောင်”

အိမ်ခန်းထဲက ဓါတ်ပုံ အယ်လ်ဘမ် လေးတခု သွားယူလာပြီး မင်းခန့်ကို ပြသည်။

“ ဒါ မချိုလေ၊ မှတ်မိလား”

ကန်တော်ကြီးထဲ ဟုထင်ရသည့်နေရာမှာ ကြည်မာနှင့် ပုခုံးချင်း ဖက်ထားသည့် မိန်းမ တ ယောက်ကို ပြ၏။ ရုပ်ရည် သိပ်အဆိုးကြီး မဟုတ်သည့် အသက်သုံးဆယ်ဝန်းကျင် မိန်းမတယောက်သာဖြစ်သည်။ မင်းခန့် တခါမှ မမြင်ဖူးပါ။ မျက်နှာပေါ်က အားရပါးရ နှစ်လို ဖွယ်အပြုံးကြောင့် စိတ်သဘောထားကောင်းမည့် သူဆိုတာ မြင်ရုံနှင့် သိသာ၏။

“ နင်မှတ်မိလား”

“ ဟင့်အင်း”

အားနာစွာ နှင့်ပင် အမှန်အတိုင်းပြောပြလိုက်တော့ကြည်မာ့ မျက်နှာလေး ညှိုးငယ်သွား သည်။ မင်းခန့် လည်း အားနာစိတ်ကြောင့် နှုတ်ဆိတ်သွားမိ၏။

................................................................................

အခန်း - ၃ (စ)

နေ့ လည်ခင်းဆိုတော့နေနည်းနည်းပူသည်။ ကြည်မာ အကြံပေးသည့် အတိုင်းကိုင်လာ သည့် လက်ထဲကထီးကို လမ်းပေါ်ရောက်သည် နှင့် ဖွင့်လိုက်၏။

“ နင့်ကို ဒေါ်ချစ်ကြီးတို့ တူဝရီး မမြင်စေချင် ထီးနဲ့ ကွယ်သွားပေါ့”

ဒီနေ့ မင်းခန့် ဆေးရုံ သွားပြဖို့ ရှိသည်။ ဟိုတခေါက် တုန်းက အပြန်မှာ ဥက္ကာနှင့် တိုးခဲ့၏။ ခုတခေါက်ထပ် တွေ့မှာ စိုးရိမ်နေသည့် မင်းခန့်ကို ကြည်မာက သူစိတ်ကူး ရသည့်အကြံကို ပေးခဲ့ ခြင်းဖြစ်၏။ အကြံက အသုံးဝင် မဝင်မသိသော်လည်း လောလောဆယ်တော့ ထီးက လက်ကိုင်ကိုတောင် ဆွဲထုတ်လို့ မရဖြစ်နေသည်။ အားကုန်ဆွဲသော်လည်းအရိုးက ထွက် မလာပါ။ ဒီထီးက ပန်းအိဖြူ ဘီရိုထောင့်ထဲမှာ ဘယ်လောက်တောင် ကြာနေခဲ့ ပြီ ဆိုတာ မင်းခန့်လည်း မပြောတတ်ပါ။ ပျက်လို့သိမ်းထားတာ မျိုးလည်းဖြစ်နိုင်သည်။ အပြင် ပန်း အမြင်အရတော့ အသစ်စက်စက် ဖြစ်၏။

ဒီတိုင်းပဲ သွားဖို့ ဆုံးဖြတ်လိုက်ပြီးမှ “ထီးပြင်တဲ့လူ” ဆိုသည့်ဆိုင်းဘုတ်လေး ဆီမျက်စိ ရောက်သွား၏။ ကွမ်းယာဆိုင်လေး ထဲမှာထိုင်နေသည့် ဟိုပုဂ္ဂိုလ်က လည်း မင်းခန့်ကိုတ ချက်လှမ်းကြည့်ပြီး မမြင်သလို နှင့် မျက်နှာလွှဲသွားသည်။ ကွယ်ရာမှာ ဆိုရင် သရဲမရဲ ချောင်းကြည့်တတ်သူက ဗြောင်ကြည့်ဖို့တော့ မရဲဘူးနှင့် တူသည်။ ရုပ်တည်လေး နှင့်မ ခုတ်တတ်တဲ့ ကြောင်ပုံဖမ်းနေသည်။ ခုထွက်မလာခင်က မင်းခန့် ရေချိုးခဲ့သေးသည်။ ချောင်း နေကျဆိုတော့ ဒီနေ့လည်း ချောင်းချင်ချောင်း နိုင်သည်။ ခုရက်တွေထဲမှာ ဒီဖက်ကို အာရုံမထား လှည့်မကြည့်ဘဲ ရေချိုးဖို့ အကျင့် ရလာခဲ့တော့ ဒီလူ ရှိမရှိ သတိမမူဖြစ်ခဲ့ ပါ။

“ တွေ့ကြသေးတာပေါ့”

သူ့ဆီကို မင်းခန့် ဦးတည်လာနေတာကို မြင်တော့ ပိုပြီး ပြူးပြူးပျာပျာ ဖြစ်သွားသည်။ ထိုင် နေရာကနေ ပုဆိုး အောက်စကို ဆွဲသိမ်းပြီး နောက် ခြေသလုံးနှင့် ပေါင်ကို လက်သီးဆုပ် နှင့် ခပ်ဖွဖွ ထုနေ၏။

“ ထီးက ဖွင့်လို့ မရဘူး၊ တချက်လောက်ကြည့်စမ်းပါဦး”

ထီးကို လှမ်းယူသည့် ညိုမဲမဲ လက်တွေက တုန်ရီနေ၏။ ပန်းအိဖြူ ကိုကြောက်တာလား၊ မသောက်ရသေးတာလား ဆိုတာတော့ ကာယကံရှင်ပဲ သိလိမ့်မည်။ မင်းခန့် နှာခေါင်းထဲမှာ အရက်နံ့ရသလိုလိုတော့ ရှိသည်။

“ ဟို …ဟို ..မှာ ..ခုံ ..ရှိတယ်၊ ခ..ခန ..လောက်ထိုင် …အဲ …ဟိုလေ”

သူညွှန်ပြသည့် သစ်ပင်အောက်က ပလပ်စတစ် ခုံလေးမှာဝင်ထိုင်လိုက်သည်။ ဆရာ သ မားကတော့ မင်းခန့် ပေးလိုက်သည့် ထီးကို ရှေ့မှာချပြီး ခေါင်းကုပ်လိုက် ဖင်ကုပ်လိုက် နှင့် လုပ်နေသည်။

“ လက်ကိုင်ကို ဆွဲထုတ်လို့ တောင်မရဘူး၊ စမ်းကြည့်ပါလား”

မင်းခန့် လှမ်းပြောလိုက်မှ ကယောက်ကတမ်း နှင့် ထီးရိုးကို အတင်းဆွဲထုတ် တော့သည်။ ဒီလူ တကယ်ထီးပြင် တတ်ရဲ့လားဟု မယုံရဲတော့သည့် စိတ်ဖြင့် မင်းခန့် လှမ်းကြည့်နေ မိ၏။ အခြေအနေ မဟန်ရင်တော့ ပြန်ယူလိုက်ဖို့ ဆုံးဖြတ်လိုက်၏။ ဒါပေမယ့် သူ ဆွဲ ထုတ် လိုက်တော့ ထီးရိုးက အပြင်ကို ထွက်လာသည်။

“ သံ …သံ ..ချေးတက်ပြီး ကျပ်နေတာ၊ ခ…ခန ..လေး”

စကားထစ်တာတော့ ဟုတ်ပုံမရ၊ တခါတလေ သူသီချင်းဆိုနေသံ မင်းခန့်တို့ ဖက်က ကြား ရသည်။ သီချင်း ဆိုရင်တော့ အသံက ဖြူးလို့ဖြောင့်လို့၊ လုံးဝမထစ်ပါ။ ဒီဖက်ကသူချောင်း တာကို သိနေတာကိုတောင် ခပ်ပြောင်ပြောင်ချောင်းခဲ့ ပြီးတော့ အခုမှ စိတ်မလုံမလဲ ဖြစ်ပြီး သွေးပျက်နေပုံရ သည်။ မင်းခန့် ဖက်ကို လုံးဝ မကြည့်ဘဲ ထီးအဆစ်တွေကြားထဲကို ထိပ် ဖျားချွန် ဆီဗူးလေး နှင့် ဆီညှစ်သွင်းလိုက် ထီးရိုးကို ဆွဲထုတ် လိုက်ပြန်သွင်းကြည့်လိုက်နှင့် အလုပ်တွေ ရှုပ်ပြနေ၏။ ဆီနှင့် ရောပြီး ထွက်လာသည့်ညိုညစ်ညစ် သံချေးတွေကို အ ဝတ် ဟောင်းတစနှင့် လိုက်သုတ်လိုက်၊ ဆီထိုးပြီး အပိတ် အဖွင့်လုပ်ကြည့်လိုက် နှင့် မင်း ခန့် သူ့နားမှာ ရှိမနေသလိုပင်။

“ ရ ..ရ ..ပြီ၊ စမ်း ..စမ်း ..ကြည့်ပါဦး”

ထိုင်ရာက ထကာထီးကို လှမ်းယူလိုက်ပြီး ဖွင့်ကြည့်သည်။ ပြန်ပိတ်ပြီး ခေါက်ကြည့်သည်။ ပြန်ဖွင့်ကြည့်သည်။ အားလုံးအဆင်ပြေ၏။ ထို့ကြောင့် လက်ထဲက ပိုက်ဆံ အိတ်ကလေး ကို ဖွင့်လိုက်ပြီး

“ အိုကေ သွားပြီ၊ ထီးပြင်ခ ..ဘယ်လောက်ပေးရမလဲ”

“ မ..မ…မပေး ..မပေး ..ပါနဲ့”

“ ဘာဖြစ်လို့လဲ၊ လက်ခ ယူရမှာပေါ့”

“ ပြင် ..ပြင် …ပြင် ..တာမှ ..မ..မဟုတ်..တာ၊ ဆီ …ဆီ ..ထည့်တာပဲ”

“ အင်းလေ ..ဒါဆို ဆီဖိုးပေါ့”

“ နေ …နေ ..ပါစေ”

ခေါင်းတခါခါ နှင့် ညင်းပြီး သူ့ဆိုင်လေးပေါ်ကနေ လွှားကနဲ ခုန်ချကာ အနောက်ဖက်ကို ထွက်ပြေးသွားလို့ မင်းခန့် လည်း လက်လျှော့ပြီး ကိုယ့်လမ်းကိုယ်ဆက်လာခဲ့ရသည်။ ကြည်မာ ပေးသည့်နည်းက ဆိုးတော့မဆိုးပါ။ ဒေါ်ချစ်ကြီး ဆိုင်ရှေ့ရောက်တော့လည်း ထီး နှင့် ကွယ်ပြီး ခပ်သုတ်သုတ်လာခဲ့၏။ မှတ်တိုင်သွားသည့် လမ်းမှာလည်း ဥက္ကာကိုမတွေ့ ရပါ။ မင်းခန့် ကံကောင်းတာ တခုရှိသည်။ ဥက္ကာက ဒီရပ်ကွက်ထဲကို လုံးဝမလာရဲပါ။ ဒီကောင် လေးက ထောင့်သိပ်မကျိုးသည့် အပြင် ခပ်ဆိုးဆိုးစရိုတ်ကြောင့် ဒီရပ်ကွက်က ချာတိတ် တွေ နှင့် အကြီးအကျယ် ငြိထားတာရှိသည်။

“ ဒီဖက် လာလို့ ကတော့ ဒီကောင်သေရင် သေ၊ မသေရင် အရေးပေါ်လောက်တော့ အ သာလေး ရောက် မှာ”

“ ဘာဖြစ်လို့ လဲကြည်မာ”

“ ငါလဲ သိပ်မသိဘူး၊ ဒီဖက်ပိုင်း က လူနှစ်ယောက်ကို သူတို့ဖက်မှာ ဥက္ကာက တော်တော် နာ အောင်တီးထားဖူးတယ်ကြားတာပဲ၊ ဒီဖက်ကို နယ်ကျော်လာရင် ပြန်ဆော်ခံရမှာ သူလဲသိတယ်၊ သူ က လူပါး”

ဟိုတရက်က ဒီဖက် အပိုင်းနား ရောက်သည်နှင့် ဥက္ကာ ချက်ချင်းပြန်လှည့်ပြေးရသည့် အ ကြောင်း ရင်းကို မင်းခန့် နားလည်လိုက်သည်။ မင်းခန့် စိတ်တိုပြီးအော်လွှတ်လိုက်လို့ မဟုတ်။ သူ့ အန ္တရယ်သူကြောက်ပြီး ပြေးခြင်းဖြစ်သည်။ ဥက္ကာ ကို ဒီဖက်ပိုင်းမှာလက် ခံ သူမှာ အဒေါ်ဝမ်းကွဲ တော်စပ်သူ ထမင်းရောင်းသည့် ဒေါ်ချစ် နှင့် ပန်းအိဖြူ တို့သာ ဖြစ် သည်။

“ နင် တကယ် သူနဲ့ မပတ်သက်ချင်တော့ဘူးပေါ့”

“ အင်း”

“ ဘယ်လို ဖြစ်သွားရတာတုန်း၊ ဟိုအရင်ကတော့ ဥက္ကာမှ ဥက္ကာ ဖြစ်နေခဲ့ ပြီးတော့”

“ ငါလဲ ဘယ်လို ရှင်းပြရမှန်းတောင် မသိတော့ပါဘူး”

“ ကောင်းပါတယ်ဟာ၊ အရင်ထဲက ဥက္ကာ ကို ငါလုံးဝ ကြည့်ရတာ မဟုတ်ဘူး၊ မချိုရောပဲ၊ နင့်ကို တားမရလို့ လက်လျှော့ထားတာ၊ နင်က အခု သူ့ကို ဖြတ်တော့မယ် ဆိုတော့လဲကောင်းပါတယ်၊ ဒီကောင်ကတော့ အဖြတ်ခံမှာ မဟုတ်ဘူး၊ သူက သူဌေးသားလိုလို ဟန် လုပ်နေပေမယ့် သူ့ အိမ်က အခွံပဲ ရှိတာ၊ ရှင်းရှင်းပြောရင် နင့် အထောက်အပံ့ နဲ့ သုံးစွဲနေ ရတဲ့ ကောင်၊”

မင်းခန့် ကိုယ်တိုင်လည်း ဥက္ကာ ကို စမြင်ဖူးကထဲက သဘောမကျပါ။ ပန်းအိဖြူ ကတော့ ဘာတွေသဘောကျခဲ့သည် မသိ။ ငွေရေး ကြေးရေးသာမက လူပါပေးခဲ့တာ ဟိုတနေ့ကဥက္ကာ အပြောတွေ ထောက်ချင့်ကြည့်ရင် သိနိုင်၏။ ရပ်ကွက်ထဲမှာ ဥက္ကာ က အဆင်မပြေ  သူတွေ ရှိနေတော့ သူတို့ အပြင်မှာတွေ့ကြတာပဲ ဖြစ်မည်။ ရန်ကုန် မြို့က အကျယ်ကြီးဆို တော့ ဒီဖက် အပိုင်းက လွတ်သည် နှင့် ထင်သလိုနေလို့ ရနေပြီ ဖြစ်သည်။

ဥက္ကာ နှင့် ပြတ်ပြတ်သားသား ရှင်းရမည်ဆိုတာကတော့ မင်းခန့်လည်း သိသည်။ ကံဆိုးမိုး မှောင်ကျကာ ပန်းအိဖြူ ဘဝကို ဆက်ခံရပေမယ့် ပန်းအိဖြူ၏ ရည်းစားကို တော့ဆက်ပြီးရည်းစား မတော်နိုင်ပါ။ အခုတောင်မှ မိန်းမလို ဝတ်ရ ပြောရတာတွေ ကြောင့် စိတ် ကျဉ်း ကြပ် လွန်းလှပြီ။ ဒါကြောင့် ဥက္ကာ နှင့် မတွေ့အောင် အတတ်နိုင်ဆုံး ရှောင်တိမ်းနေမိသည်။

တွေ့ ရင် ဘာပြောရမလဲ ဆိုတာလည်း စဉ်းစားလို့ မရသေး။ ကောင်မလေး တွေကို ဘယ် လို ပြောပြီး ဖြတ်ရမည် ဆိုတာ မင်းခန့် ကောင်းကောင်းသိသည်။ ကောင်လေးတ ယောက် ကို ဖြတ်ရင် ဘယ်လိုဖြတ်ရမည် ဆိုတာ တော့မသိပါ။

ကြည်မာ့ ကို တိုင်ပင်ကြည့်တော့လည်း

“ ငါမှ ရည်းစား မထားဖူးတာဟဲ့၊ နင် အရင်က ရည်းစားတွေ ကျတော့ဘယ်လို ဖြတ်လာ သ လဲ၊ မချို ပြောတာကြားဖူးတယ်၊ ဥက္ကာ ရှေ့မှာ နှစ်ယောက်ရှိသေးတယ်တဲ့”

လုပ်လိုက်ဟ ဟု မင်းခန့် စိတ်ထဲက ညည်းတွားလိုက်သည်။ ဥက္ကာ နှင့် အရှုပ်ကိုစဉ်းစား နေ ချိန်မှာ ရှေ့ နှစ်ယောက်က ထပ်တိုးလာသည်။ ပြောပုံအရ ပြတ်စဲပြီးသားတွေ ဖြစ်နေလို့ သာတော်တော့သည်။

“ အဲဒါ တွေ ငါမှ မသိတာကြည်မာရယ်”

မင်းခန့်ကို ကြည်မာတွေပြီးကြည့်နေသည်။

“ အေးပါ ..ထားလိုက်ပါတော့၊ ခုတလောနင့်ကို အားကျတယ် သိလား၊ လောကကြီးဆိုတာ မှတ်မိတာ နည်းလေ ကောင်းလေပဲ။ ဘာမှ မသိရင် ပိုကောင်းတယ်။ နင့်လို အားလုံးမေ့ သွားလဲ အေးတယ်”

ကြည်မာ့ မှာလည်း ဘဝ အကျိတ်အခဲ တခုတော့ ရှိနိုင်သည်။ မေးကြည့်ချင်ပေမယ့် သိပ် ပြီးစပ်စုလွန်းရာ ကျမှာစိုးလို့ မမေး ဖြစ်တော့ပါ။ ကြည်မာ့လို မဟုတ်မခံ စိတ်ရှိသည့်ဇတ် ဇတ်ကျဲ မိန်းကလေး တယောက်က အမူးသမားတွေ ကို အရက်ရောင်းသည့် အလုပ်ကို သည်းခံ လုပ်နေတာ တခုထဲကို ကြည့်တာ နှင့် ကြည်မာ့ မှာလည်း သူမ ပြဿနာနှင့် သူမ ဆိုတာ မင်းခန့် ရိပ်မိပါသည်။ ကြည့်မာ့ ပြဿနာကတော့ ငွေရေးကြေးရေး နှင့် ဆိုင်မည် ထင်သည်။ သူမ၏ နောက်ခံ ဘဝဇာတ်ကြောင်းတွေကို မင်းခန့် လည်းမသိတော့ မှန်းဆ ရုံသာ မှန်းဆကြည့်နိုင်သည်။

သူများ အကြောင်းကို အသာထား ကိုယ်တိုင်အခုဝင်က နေရသည့် ပန်းအိဖြူ အကြောင်း ကိုပင် ကြည်မာပြောပြသလောက်ပဲ မင်းခန့် သိသည်။ ကြည်မာ အလုပ်သွားနေသည့်တ ရက်မှာ ပန်းအိဖြူ၏ သေတ္တာထဲ ကိုကြည့်တော့ သေတ္တာ အဖုံးက အတွင်းအိတ်ထဲမှာ ထိုး ထားသည့် ပိုက်ဆံအိတ်ထူထူ တလုံးထပ်တွေ့ရသည် ။ ထို အိတ်ထဲမှာ ပိုက်ဆံငါးသောင်း ကျော် နှင့် ကွန်ဒွန် သုံးခု ထပ်တွေ့တာကလွဲရင် အားကိုးအားထားပြု စရာဆိုလို့ မှတ်ပုံတင် ကဒ်ပြား တခုပဲ ရသည်။ ကွန်ဒွန်တွေကို အရင်တခုလိုပင် အိမ်သာထဲ ပစ်ချလိုက်ရ၏။မှတ်ပုံတင်မှာကလည်း အဖေနာမည် နှင့် မွေးသက္ကရာဇ် သာ အသစ်အဆန်း ဖြစ်ပြီး နေရပ် လိပ်စာက အခုလက်ရှိ အိမ်ပဲ ဖြစ်နေသည်။

“ အရင်တနှစ်က စီမံချက်နဲ့ ဆိုလားဟာ၊ မှတ်ပုံတင်တွေ လုပ်ပေးတော့ ငါတောင်လုပ်လိုက် သေးတယ်၊ ဒီလိပ်စာနဲ့ ပဲ၊ တို့က ဧည့်စာရင်းနဲ့ နေတာ မဟုတ်ဘူး သန်းခေါင်စာရင်းနဲ့ နေ တာ၊ မချိုက အိမ်ထောင်ဦးစီးပေါ့၊ ဘယ်လိုရအောင် ယူထားသလဲဆိုတာတော့ ငါလဲ မ သိဘူး”

ကြည်မာကလည်း လိပ်စာကိစ္စ သိသလောက်ပြောပြသည်။

“ နင့် မိဘ ဆွေမျိုးတွေကို စုံစမ်းချင်ရင် မချိုတော့ သိမလားပဲ၊ ဒီတခါ ဖုံးဆက်ရင် ငါမေးပေး မယ်လေ”

“ နေပါစေတော့၊ မသိတာပဲ ကောင်းပါတယ်၊ ဒီအနီး တဝိုက်မှာ ရှိလို့ ကတော့ ဆေးရုံတက် ရတဲ့ အချိန်မှာ မချိုက အကြောင်းမကြားပဲ နေမလား”

“ အင်းနော် ..ဒါလဲ ဟုတ်တာပဲ၊ ဆွေမရှိ မျိုးမရှိ ဆိုတာ ကောင်းတဲ့ နေရာတွေလဲ ကောင်း ပါတယ် ဟယ်”

သက်ပြင်းချရင်း အနားကနေ ထွက်သွားသည့်ကြည်မာ့ တင်ပါးတွေကို နောက်ကလိုက်ငေး ရင်း ကြည်မာ့မှာ ဆွေမျိုး အသိုက်အဝန်းကြောင့် စိတ်ရှုပ်ရတာတွေ ရှိနေနိုင်မည်ဟုခန့်မှန်း မိသည်။ ဒါပေမယ့် ကြည်မာနှင့် ပတ်သက်ရင် သူမ၏ တင်ပါးတွေ အကြောင်းက လွဲရင် ကျန်တာတွေကို မင်းခန့် ကြာကြာမတွေးနိုင်ပါ။ ကိုယ့်ကိစ္စ ကိုတောင် ဘယ်လိုဖြေရှင်းရ မှန်း မသိဖြစ်နေချိန်မှာ ကျန်တာတွေ သိပ်မစဉ်းစားချင်။ ကြည်မာ့ဖက်က ပွင့်ပွင့်လင်းလင်း ပြောဆို တိုင်ပင်လာတာ မျိုးရှိရင်တော့ မင်းခန့် တတ်စွမ်းနိုင်သလောက် ကူညီပေးမည် ပင်။ တူတူ နေရတာ ဘာမှ မကြာသေးပေမယ့် ကြည်မာ စိတ်ကောင်း ရှိပြီး ရိုးသားတာ သိ နေလို့ အခက်မအခဲ ကြုံလာရင် တပြန်တလှည့် ကူညီချင်သည်။ မင်းခန့်  ဆေးရုံမှာသတိ ပြန်ရလာပြီးကထဲက ကြည်မာ့ အကူအညီတွေ ၊ အကြံဉာဏ်တွေယူနေခဲ့ ရသည် မဟုတ်ပါ လား။

အခုလည်း ကြည်မာ အကြံပေးသည့် အတိုင်း ထီးကလေးနဲ့ လူကိုကာပြီးသွားတာ အဆင် ပြေသည်။ ကံကောင်း တာတိုက်ဆိုင်တာလဲဖြစ်ချင် ဖြစ်မည်။ အသွားရော အပြန်ပါမျက်နှာ သိနှင့် မတိုး။ ဥက္ကာ နှင့်လည်း မတွေ့လို့ မင်းခန့် စိတ်ကျေနပ်သွားသည်။

ဆေးရုံကိစ္စ လည်းအဆင်ပြေသည်။ နောက်ထပ်လာပြစရာ မလိုတော့ဟုဆိုသဖြင့် မင်းခန့် စိတ်ပေါ့သွားသည်။ နောက်လာနိုင်ဖို့ မလွယ်တာကြောင့် မမအုန်း ကို ရှာသေးသော်လည်းသူမ၏ လူနာအသစ်က အရေးကြီးနေသောကြောင့် အခန်းပြင်ကပဲ လက်ပြ နှုတ်ဆက်ခဲ့ ရ သည်။ အပြန်မှာ ဖြစ်လိုရာ ဖြစ်စေတော့ဟု ဘတ်စ်ကား နှင့်ပြန်မိသော်လည်း ကံကောင်း စွာ နေရာရလိုက်သလို ထောက်လှမ်းရေး ရန်ကလည်း လွတ်ခဲ့သည်။

အိမ်ကို ချောချော မောမောပြန်ရောက်လို့ မင်းခန့် စိတ်ကြည်လင်နေသည်။ မင်းခန့် လမ်း ထဲဝင်လာတာကို ထီးပြင်သည့် ကွမ်းရာဆိုင်ကလူ လှမ်းငေးနေတာ မြင်ရ၏။ ဒါပေမယ့် မင်းခန့် သူကြည့်နေတာကို မြင်သွားတာ နှင့် မျက်နှာလွှဲပြီး ဆေးလိပ်ကို နင်းကန်ဖွာရှိုက် နေသည်မှာ ဆိုင်လေးရှေ့မှာ မီးလောင်သလို မီးခိုးတွေ တလုံးလုံး ထနေ၏။ ချောင်းလည်း တဟွပ်ဟွပ်ဆိုးလိုက်သေး၏။

ဒီလူ နည်း နည်းတော့ ဆန်းသည်ဟု သတ်မှတ်မိသည်။ နောက်ပြီး မင်းခန့်၏ အတွေ့ အ ကြုံ အ မြင်အသိအရ ပြောရရင် ဒီလို လူစားက သိပ်ပြီးအန ္တရယ်မပေးတတ်ပါ။ အခွင့်အ ရေးရ ရင် ချောင်းမည်။ ပြီးရင် အိမ်သာထဲသွားပြီး မဟုတ်တရုတ် စိတ်ဖြေချင်ဖြေမည်။ မိန်း က လေး တယောက်အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်လောက် အောင် သတ္တိ မ ကောင်းတတ်ပါ။ ဒီလိုလူမျိုးတွေက မင်းခန့် လိုမဟုတ်၊ ကိုယ့် ရမ္မက်ဆန္ဒကို မိန်းမတ ယောက်ပေါ် မှာသွန်ချရမည့် အစား တသတသ နှင့် ရင်ထဲမှာ မွေးကာ ခံစားနေတတ် သူ တွေ ဖြစ်၏။

ထီးပြင်တဲ့ သူနှင့် ပတ်သက်ပြီး မင်းခန့် ၏ အမြင်ကို ကြည်မာသိရင်တော့ မျက်လုံးပြူး မှာ သေချာသည်။ ကြည်မာက အဲဒီလူကို လုံးဝ ကြည့်မရ။ ဘယ်လိုမှ အကောင်း မမြင်။ တခါတလေ ပျံ့လွင့်ပြီး ရောက်လာတတ်သည့် သူချက်တဲ့ ဟင်းနံ့ကို ရှူကြည့်ပြီး ဟင်းချက် ကောင်းပုံရသည်ဟု မင်းခန့် ကပြောမိတာတောင်မှ မျက်ကလဲ ဆန်ပြာနှင့် အပြစ်တင်တတ် သည်။

“ ဒီလိုလူ ချက်တဲ့ ဟင်းက ကောင်းမလားဟယ်၊ အသားငါးကို ချက်ရင်ရေတောင် သေ သေ ချာချာ ဆေး မယ့်သူမဟုတ်ဘူး၊ လူပုံကိုက ညစ်တီးညစ်ပတ်နဲ့ နင်တောင် အရင် တုန်းက မဆလာနံ့ မွှန် လို့ဆို အ ခုဘာဖြစ်သွားတာလဲ”

မင်းခန့်ကတော့ ချောင်းတာ တခုကလွဲရင် ကျန်တဲ့ နေရာမှာ သိပ်ဆိုးပုံမရဟု တွက်ထား သည်။ ဒါပေမယ့် ယောက်ျားတွေ အကြောင်းကို မင်းခန့် လောက် မသိသည့်ကြည်မာနှင့် ဖက်ပြိုင်ပြီး ငြင်းမနေတော့ပါ။ ဒီနေ့ ထီးပြင်အပြီးမှာတော့ ဒီလူ နှင့် ပတ်သက်ပြီး ကြည်မာ ထင်သလောက် ဆိုးမှာ မဟုတ်ဟု ပိုပြီး မြင်လာသည်။

ထို့ကြောင့် နောက်တနေ့ကျတော့ ကြည်မာ့ ထီးကို အဲဒီလူဆီမှာ ပဲပြင်ပေးမိသည်။ အလုပ် မသွားခင် ခပ်ဖွဲဖွဲ ကျနေသည့် မိုးစက်ကလေး တွေကိုကြည့်ကာ ကြည်မာစိတ်ညစ်နေတာ မြင်၍ မေးကြည့်ရာ

“ ဘာဖြစ်လို့လဲကြည်မာ”

“ ငါ့ ထီးက အထဲမှာ အတံတွေပြုတ်နေတယ်၊ ဖွင့်လို့ မရဘူး”

“ ပြောပါလား၊ ဟိုဖက်အိမ်မှာ ငါပြင်ပေးမှာပေါ့”

“ အိဖြူနော် …နင်အခု အဲဒီကောင်ကို သဘောကျနေတာလား”

“ နောက်တာပါ၊ ဒီလိုလုပ် ဒီထီးယူသွားလေ၊ ငါက အပြင်ထွက်စရာမှ မရှိတာ နင်ယူသွား”

ထီးက တော်တော်ဟောင်းနေသည်။ မင်းခန့်သာဆိုရင် ပြင်တောင်ပြင်တော့ မှာမဟုတ်။ အ သစ် တချောင်းထပ်ဝယ် မိလိမ့်မည်။ ကြည်မာ ကတော့ ချွေတာ တတ်သူပီပီ ကုပ်ကပ်ပြီး ဆောင်းနေပုံရ၏။ ကြည်မာ ထွက်သွားတာ နှင့် ထီးစုတ်ကို ယူပြီး ထွက်လာခဲ့၏။ ထုံးစံ အတိုင်း ထီးပြင်တဲ့လူ ခမျာ သူ့ဆိုင်လေး ရှေ့မှာ လာရပ်သည့် မင်းခန့် ကြောင့် တုန်တုန်ရီရီ နှင့် ဖြစ်သွားသည်။

“ မနေ့ က ပိုက်ဆံ မယူလို့ နောက်တချောင်း ယူလာတာ၊ ဒါကတော့ တော်တော်လုပ်ရ မယ်ထင်တယ်၊ ဒါကိုတော့ အလကား မလုပ်ပါနဲ့ ”

“ ဟုတ် ..ဟုတ်..ကဲ့”

အယောင်ယောင် အမှားမှား နှင့် မင်းခန့် လှမ်းပေးသည့် ထီးကို ဖင်ပြန်ခေါင်းပြန် ကြည့်ရင်း ဖြေသည်။

“ ကြာမယ် ထင်တယ်၊ ညနေမှ လာပြန်ယူမယ်၊ လုပ်ထားပေါ့”

“ ဟုတ် …ဟုတ်..ကဲ့ပါ”

သူ့ဆီက ပြန်လာမှ မင်းခန့် အဝတ်လျှော်သည်။ ရေချိုးသည်။ ရေချိုးရင်း ခြံစည်းရိုးဖက်ကို အကဲခတ်ကြည့်လိုက်တော့ ငြိမ်သက်နေသည်။ ခါတိုင်းလို ရေသံကြားလိုက်တာနှင့် လှစ် ကနဲ ရောက် မလာတော့။ ကြည်မာ့ ထီး ကိုပြင်ရင်း အလုပ်များနေတာ ဖြစ်ပုံရသည်။ ဒါမှ မဟုတ် သူ့ ကွမ်းယာဆိုင်မှာ ဝယ်သူရောက်နေတာလည်း ဖြစ်နိုင်သည်။ညနေ ထမင်းဟင်း အဝယ်ထွက်ရင်း ဝင်ကြည့်တော့ ထီးက ပြင်လို့ မပြီးသေး။

“ ကျွန် ..ကျွန် ..တော် ..ဧည့်..ဧည့်သည်  ..လဘက်ရည်သောက် ..အဲဒါ”

“ ဧည့်သည်နဲ့ လဘက်ရည် ထွက်သောက် နေလို့ မပြီးတာလား”

“ ဟုတ် …ဟုတ် ..တယ်”

ကြည်မာပြန်မလာခင်တော့ ပြန်ရချင်သည်။ တော်ကြာ သူ့ထီးကို ဒီလူ့လက် အပ်ရပါမလား ဟု ကြည်မာက မင်းခန့်ကို စိတ်ဆိုးသွား နိုင်သည်။

“ လုပ်ထားလေ၊ ပြီးမှ ပြန်လာခဲ့မယ်”

“ ဟုတ် ..ဟုတ် ..ကဲ့”

ဒေါ်ချစ် ဆိုင်ရောက်တော့ ဥက္ကာက တွေ့ချင်တယ်ပြောနေကြောင်း သတင်းပေးလာပြန် တာကြောင့် ဆရာဝန်က အိမ်မှာပဲ နားခိုင်းထားသေးသည်ဟု ပိတ်ပြောပြီး ထွက်ခဲ့ရ၏။အိမ်မှာ ထမင်းနှင့် ဟင်း ပြန်ထားပြီး ဆင်းလာတော့ ထီးပြင်ဆရာ လက်စသတ်နေတာ တွေ့ ရသည်။

“ ခ ..ခ ..နလေးနော်၊ ဒီမှာ ချုပ်ရမယ်”

“ လုပ်ပါ၊ လုပ်ပါ”

ထီးအရွက် ပြုတ်နေသည့် နေရာတွေကို ကိုင်းတံမှာ စိတ်ရှည်လက်ရှည် လိုက်တွယ်ပေး နေသည်။ ကြည်မာ့ ထီးက အနီရောင်ဆိုတော့ အပ်ချည် အနီရောင် နှင့် သေသေချာချာ ပြန်လုပ်ပေးသည်။ သူလုပ်နေတာကို ကြည့်ရင်း မင်းခန့် နှုတ်က စကားတွေ အလိုလို ထွက် သွားသည်။

“ ထီးပြင်ရတာ ဘယ်လိုနေသလဲ၊ ကိုက်ရဲ့လား”

ပွဲစားအကျင့် မပျောက်သေးလို့ မေးမိတာလည်း ဖြစ်သည်။ ပွဲစားဆိုတာက ရောက်သည့် နေရာမှာ ကြုံသည့်လူနှင့် ဒီလိုပဲ ပြောဖြစ်သည်ပင်။ အလ္လာပ၊ သလ္လာပ ပြောရင်းကနေကိုယ့် အတွက်တည့်သည့် ခွင်ကလေး အလုပ်ကလေး ရတတ်တာ မျိုးကလည်း ရှိတော့ ကြုံတဲ့ လူနှင့် ဖောတာ အကျင့်ပါနေ၏။

“ ဒီ ..ဒီလိုပါပဲ၊ အ ..အများကြီးတော့ မရဘူးပေါ့”

စကားထစ်သေးပေမယ့် စောစောကလောက် မထစ်တော့တာ သတိပြုလိုက်မိသည်။ နည်း နည်းတော့ ပြောရဲလာပြီထင်သည်။ မင်းခန့် ကိုတော့ကြည့်ရဲပုံမရသေး။ စကားပြောရင်မျက်နှာလွှဲ ပြီး ပြောသည်။ မင်းခန့်က ရေချိုးတဲ့ အချိန်မဟုတ်လို့ ဂျင်းဘောင်းဘီရှည်၊ တီ ရှပ် နှင့် လုံလုံခြုံခြုံ ဝတ်ထားတာဆို တော့ ကြည့်ဖို့ စိတ်မဝင်စား တာလည်းဖြစ်နိုင်သည်။

“ ထီးပြင်တာ ကြာပြီလား”

“ ဒီ ..ဒီအိမ်ကို ရောက်မှပါ၊ သုံးနှစ်ကျော် လောက်ရှိပြီ၊”

“ အော် ..ဒါဆို ကြာပြီပဲ၊ အရင်က ဘာလုပ်တုန်း”

“ တောင်ပေါ်မှာ ယာ . လုပ်တယ်လေ၊ နိုင်ငံခြားသွား အလုပ်လုပ်ဖို့ ရန်ကုန်ဆင်းလာရင်း ထီးပြင်စားဖြစ် သွားတာ”

စကားပြောရဲလာပေမယ့် မင်းခန့် ကို မကြည့်သေးပါ။ စကားကတော့ မထစ်သလောက် ဖြစ် လာသည်။

“ နိုင်ငံခြားမှာ ထီးသွားပြင်ပေါ့၊ ဒေါ်လာတွေ ရမှာ”

“ ကျွန် ..ကျွန်တော်က ဟိုဆိုင်းဘုတ်ကြောင့် ထီးပြင်သမား ဖြစ်လာတာ”

“ ဟုတ်လား၊ ပြောပါဦး”

“ ထီးပြင်တဲ့လူ” 

ဆိုသည့် ဆိုင်းဘုတ်ကို မင်းခန့်လည်း စိတ်ဝင်စားသည်။ ထို့ကြောင့် စကား ထောက်ပေးလိုက်၏။

“ ကျွန်တော် သိပ်ကြိုက်တဲ့ နိုင်ငံခြားဝတ္တု တပုဒ်ရှိတယ် နာမည်က စည်းပြင်ကလူ တဲ့၊ အဲဒီ ထဲက ဇာတ်ကောင်ကို ကျွန်တော်ပဲလို့ ထင်တဲ့ အထိ၊ ခံစားရတဲ့ အထိ ကြိုက်တာ”

ဒီလိုနာမည် မျိုးကြားဖူးသည်။ ဝင်းခိုင်တို့ ထွန်းအောင်ဇော်တို့ ဆိုရင် သိနိုင်မည်။ ဒီကောင် တွေက စာသိပ်ဖတ်၏။ မင်းခန့် ကတော့ ပျင်းလွန်းမှ ဟိုဟိုဒီဒီ လျှောက်လှန်ဖတ်ခြင်းသာ လုပ်တတ်သည်။ ပွဲစားလောက ကိုရောက်တော့မှ ခေတ်နောက်မကျရအောင် ဂျာနယ် လေး ဘာလေး နည်းနည်း ဖတ် ဖြစ်သည်။ များသောအား ဖြင့်တော့ ဝင်းခိုင်တို့ခင်ထွေး မြင့် တို့ဆီက လက်ဆောင် အလကားရသည့် ဂျာနယ်တွေ လောက်ပဲဖြစ်သည်။

“ ဒီရောက်ခါစက အရူးထတာပေါ့လေ၊ ဒီ ယုဇနပင်လေးမှာ စည်းပြင်ကလူ ဆိုတဲ့ စာလေး ရေးထားချင်တာ၊ သူငယ်ချင်းတွေ နဲ့ အရက်သောက်ရင်း ပြောမိတော့ တယောက်ကသူ ရေးတတ်တယ် ဆိုပြီးတော့ ရေးပေးတယ်၊ မူးမူးနဲ့ ရေးလိုက်တာ စည်းကို ညမသတ်ဘဲ လုံး ကြီးတင် ဆန်ခတ် ပစ်လိုက်တယ်။ စီးပြင်ကလူပေါ့၊ သေသေချာချာ ကြည့်ပါလား”

အရှိန်ရလာတော့လည်း ကိုယ်တော်ချောက စွတ်ပြောတော့သည်။ ခုနက လဘက်ရည် သွား သောက်တယ် ဆိုတာမဖြစ်နိုင်။ အရက်သွားသောက်တာပဲဖြစ်လိမ့်မည်။ သူပြောလို့ဆိုင်းဘုတ်ကို ကြည့်လိုက်ရာ စလုံးကို အဆန်ကြီးကြီးထည့်ကာ ရေးလိုက်တော့ ထဆင် ထူး ဖြစ်သွားတာ မှန်းသိလိုက်ရသည်။ အပေါ်က လုံးကြီးတင်ဆံခတ် ကျတော့သေးနေသည်။ ဘယ်သူမဆို ထီး လို့ပဲဖတ်ကြမည် မလွဲပေ။

“ ကျွန်တော်လဲ မူးမူးနဲ့ မသိဘူးပေါ့၊ နောက်နေ့ကျတော့ မိန်းမတယောက်က ဆိုင်းဘုတ် မြင်တော့ တကယ် ထီးလာပြင်တယ်၊ ထီးမပြင်ပါဘူး ပြောရမှာလည်း အားနာတာနဲ့ ကြည့်လိုက်တော့ ခင်ဗျား အရင်နေ့က ယူလာတဲ့ ထီးလိုပါပဲ ဘာမှ မဟုတ်ဘူး၊ ဟိုလုပ် ဒီလုပ်နဲ့ ကောင်းသွားတယ်”

“ အဲဒီ မိန်းမ က တော်တော် ချောတယ်ထင်တယ်”

နှုတ်က လွှတ်ကနဲ ထွက်သွားသည့် မှတ်ချက်စကား အဆုံးတွင် ထီးပြင်ဆရာ မင်းခန့် ကို အထင်တကြီး လှမ်းကြည့်သည်။ ပထမဆုံး အကြိမ် အဖြစ် မင်းခန့်ကို တည့်တည့်ကြည့် ခြင်းလည်း ဖြစ်၏။

“ အမ ဘယ်လို လုပ်သိတာလဲ”

ပန်းအိဖြူ ဆိုသည့် ကောင်မလေးဆိုရင် မသိနိုင်ပေမယ့် မင်းခန့် ကတော့ သိနေသည်။ ယောက်ျားတယောက်ကို မဖြစ်မနေ ကူညီချင်လာအောင်၊ မငြင်းရက် အောင်စေ့ဆော်ပေး နိုင်တာ လှပသည့် မိန်းမသာဖြစ်လိမ့်မည်။ သူ့ အရွယ်မှ အားမနာ အမ ခေါ်လာသည်ကို ရယ် ချင်သော်လည်း အလိုက်သင့် ပြန်ပြောလိုက်ပါသည်။

“ မှန်းကြည့်တာပါ”

“ ဟုတ်တယ်၊ လှသလို သဘောလဲ ကောင်းတယ်ဗျ၊ ကျွန်တော်က ပိုက်ဆံ မယူဘဲ လုပ် ပေးလိုက်တော့ ထီးပြင်ချင်တဲ့ သူရှိရင် ကျွန်တော့် ဆီ ညွှန်ပေးတယ်ဲ၊ ကျွန်တော်လည်းထီး ပြင်စားတဲ့ ဘဝ ရောက်ရော”

“ မပြင်တတ်ဘဲ ဘယ်လိုပြင်တာလဲ”

“ အလုပ်များနေလို့ ခနထားခဲ့ပါပေါ့၊ ပြီးရင် ဈေးထဲ ထီးပြင်တဲ့ အသိတယောက်ဆိုင်မှာ သွား ထိုင်ပြီး သူလုပ်တာကြည့်၊ မသိတာမေး ပြီးရင် ပြန်လာလုပ်ပေါ့၊ လုပ်ရင်း လုပ်ရင်း တတ်သွား တာပေါ့၊ ကွမ်းယာကတော့ အရင်ထဲ က ရောင်းတာ၊ ဆိုင်းဘုတ်ကိုလည်း ထီးပြင် ကလူ ကို ထီးပြင်တဲ့ လူလို့ ကိုယ့်ဖာသာပဲ က ကို တဲ့ လုပ်ပစ်လိုက်တယ်”

“ အဲ ဒီနာမည်က တကယ် မိုက်တယ်၊ အဟုတ်ပြောတာ”

ဒီလူနှင့် စကားလက်ဆုံကျဖြစ်မည်ဟု မင်းခန့် ကိုယ်တိုင်လည်း မထင်ခဲ့ပါ။ သူ့ကိုကြည့်ရ တာ သိပ်ပြီးဆိုးဝါး မည့်ပုံတော့ မရှိ။ ချောင်းတာကတော့ ဝါသနာဖြစ်ပုံရသည်။ ဒါပေမယ့်ထိုဝါသနာကပဲ တဖက်က မိန်းကလေး တွေကို အနေခက်စေ၏။ ကြည်မာ့ထီးကို ပြင်ပြီး သွားတော့ ထီးပြင်ခ ငါးရာပဲယူသည်။ ဒါတောင်မှ မယူပါဘူး လုပ်နေလို့ မင်းခန့် အတင်းပြောတော့မှ ငါးရာယူခြင်း ဖြစ်သည်။

“ အိမ်နီးချင်း တွေပဲ မယူချင်ပါဘူး”

အိမ်နီးချင်း တွေဆိုရင် မချောင်းနဲ့ ပေါ့ဟု မပြောမိအောင် စိတ်ကို ထိန်းပြီးပြန်ခဲ့သည်။ စ ကားလဲ ပြောပြောဆိုဆို ရှိလာပြီဆိုတော့ ကြုံကြိုက်ရင်တော့ ကစ်ရမည် ဟုမင်းခန့် တေးထား၏။ ချောင်းတဲ့ အကျင့်ကို ပျောက်အောင် တခုခု တော့ပညာပေးရမည်။ ကြည်မာ ပြန် လာတော့ ကားဂိတ်မှာ သွားပြင်သည်ဆိုပြီး ထီးပြန်ပေးလိုက်၏။

“ အပန်း မကြီးပါဘူး၊ ငါထမင်း ထွက်စားရင်းပါ”

“ ဘာပဲ ဖြစ်ဖြစ် ကျေးဇူးပဲဟာ၊ ဟိုကောင့်ဆီမှာ ပြင်တာ မဟုတ်ရင်ပြီးတာပဲ”

အဖြစ်မှန်ကို သာသိရရင် ကြည်မာ ထီးကို လွှတ်ပစ်မည် ထင်သည်။မင်းခန့် ကတော့ သူ့ ကို စကားအကောင်းပြောလို့ ကျေနပ်နေပုံရသည့် ထီးပြင်သမားကို မျက်စိထဲ ပြန်မြင် ယောင်နေသည်။ ချောင်းသည့် အလုပ်ကို နောက်လုပ်ချင်မှ လုပ်တော့ မည်ဟု ထင် ထားသော် လည်း ပထမ အကြိမ် မှာတော့ မှားသွား၏။

နောက်နေ့ မင်းခန့် ရေချိုးဖို့ ပြင်နေချိန်မှာ ခြံစည်းရိုးနားကို သူရောက်လာပြန်သည်။ ခေါင်း ထဲကို ရုတ်တရက် ရောက်လာသည့် အကြံကို ချက်ချင်း အကောင်အထည်ဖေါ်လိုက်၏။

“ ဗျို့ ထီးပြင်တဲ့ လူကြီး၊ ဘာတွေလုပ်နေတာလဲ၊ ရှေ့မှာ ကွမ်းဝယ်တဲ့ သူတွေ ရောက်နေ တယ်လေ”

လှစ်ကနဲပင် ခြံစည်းရိုးဘေးက လူရိပ်ပျောက်သွားသည်။ အကြံအစည် အောင်မြင်သွား လို့ မင်းခန့် ကျေနပ်စွာ ပြုံးလိုက်မိ၏။ နောက်နေ့ နောက်နေ့တွေမှာလည်း လူရိပ်မြင် သည် နှင့် အော်ဟစ် နှုတ်ဆက်ပစ်လိုက်သည်။ နောက်ဆုံးတော့ မင်းခန့် ရေချိုးချိန် တွေမှာ လုံးဝ ရောက် မလာတော့ပါ။ ကိုယ်နှင့် ရင်းနှီး သိကျွမ်းသော မိန်းကလေးတယောက်ကို ချောင်း ကြည့်တာ မသင့်တော်ဟု နားလည်သွားပုံရသည်။

မင်းခန့် ကို ချမ်းသာပေးသော်လည်း ကြည်မာ့ကိုတော့ ဆက်ချောင်းနေသေးသည်။ ကြည် မာနှင့်ကလည်း သူ့ အကြောင်းကို စကားစပ်ပြီး မပြောဖြစ်ကြတော့ အမှတ်တမဲ့ ဖြစ်နေ သည်။ တနေ့တော့ ကြည်မာရေချိုးနေတုန်း မင်းခန့်က အိမ်ပေါ်မှာ ရှိနေ၏။ တခုခု နှင့် ပစ် ပေါက်လိုက်သလို ဝုန်းကနဲ အသံကြီးတခု ကြားလိုက်ရပြီး ကြည်မာ ဒေါသတကြီး အိမ် ပေါ် တက်လာသည်။

“ တွေ့မယ်၊ တွေ့မယ်၊ ငါ့ အရှက်ကွဲချင်ကွဲပါစေ နင့်ကို ရပ်ကွက်ရုံးသွားတိုင် ပစ်လိုက်မယ်”

“ ဘာဖြစ်တာလဲ ကြည်မာ”

“ ဘာဖြစ်ရမှာလဲ ဟိုဖက်အိမ်ကကောင်ပေါ့၊ ငါရေချိုးတာကို လာချောင်းတယ်၊ ရိုးရိုးချောင်း တာ မဟုတ်ဘူး မှန်ပြောင်းနဲ့ ချောင်းတာ၊ လက်ကနဲ မြင်လိုက်လို့ ငါ အုတ်ခဲနဲ့ ထုပစ်ခဲ့တယ်၊ အဲဒီကောင် တွေ့မယ်၊ စကား မများချင်လို့ သည်းခံနေတာ ဒင်းက အဟုတ် ထင် နေသလား မသိဘူး”

အုတ်ခဲဆိုတာက လေးသည့် အပြင်ကြားမှာ ခြံစည်းရိုး နှင့် ထရံအဆွေးတချပ် ခံနေလို့ မိန်း ကလေးအား နှင့် ပစ်တာ ထိရောက်မှာ မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် ကြည်မာ့ဒေါသကိုသူ နည်းနည်း တော့ လန့်သွားမှာ သေချာသည်။

“ ခုလောက်ဆိုရင် သူလည်းလန့် သွားပါပြီဟာ၊ ရပ်ကွက်ရုံးတော့ မသွားပါနဲ့ ရှက်စရာကြီး၊ ငါ့တာဝန်ထား၊ သူနောက်ကို မချောင်းရဲအောင် လုပ်ပေးမယ်”

“ နင်ဘယ်လို လုပ်မှာလဲ”

“ ငါ့ မှာနည်းရှိပါတယ်၊ နင် အခုရေချိုးလို့ ပြီးပြီလား”

“ ပြီးပြီ၊ မပြီးလို့လည်း မရတော့ဘူး၊ ရွံစရာအေ”

“ နောက်နေ့ နင်ရေချိုးမယ် ဆိုရင် ငါ့ကိုပြော၊ သူမလာရဲ အောင် ငါလုပ်ပြမယ်”

“ တကယ်လား”

“ တကယ်ပေါ့”

သိပ်အများကြီး ယုံကြည်ပုံမရပေမယ့် နောက်နေ့ အလုပ်မသွားခင် ရေချိုးတော့ ကြည်မာ မင်းခန့် ကို တကယ်လာခေါ်သည်။

“ အိဖြူ ..ငါ ရေချိုးမလို့”

“ အော် ..အေးအေး လာပြီ”

ရေချိုးဖို့ နောက်ဖေး ဖက်ကို ထွက်လာကြရင်း ကြည်မာ့ဝတ်ထားသည့် ထမိန်က ဟောင်း လွန်းပါးလွန်းတာ သတိထားမိသည်။

“ ထမိန်က ဟောင်းလိုက်တာ ကြည်မာရယ်”

“ အပြဲမှ မဟုတ်တာ၊ ရေဝတ်ချိုးပါတယ် ဆိုမှ အသစ်ဝတ်ချိုးရမလားဟဲ့”

ဒါမျိုးပါးပါးလေး နှင့် ချိုးလို့ကတော့ ဟိုလူက စိတ်ကြိုက်ဖြစ်သွားပေမည်။ မင်းခန့်တောင်မှ ထမိန်ပါးပါးလေး ရေစိုပြီး ကြည်မာ့တင်ပါးမှာ ကပ်နေမည့် မြင်ကွင်းကို ကြိုတွေးပြီးမြင် ယောင်သဘောကျနေမိ၏။

“ သွားချိုး၊ ငါဒီမှာ ထိုင်နေမယ်”

နောက်ဖေး အဆင်းက ကပြင်မှာ မင်းခန့် ထိုင်ချလိုက်ပြီးကြည်မာ့ကို ရေစည်တွေဆီ လွှတ် လိုက်သည်။

“ နင် ဘာလုပ်မယ် ဆိုတာ တော့ စိတ်ဝင်စားသား ဟဲ့”

“ စောင့်ကြည့်ပေါ့”

ကြည်မာရေချိုးဖို့ ပြင်နေချိန်မှာ မင်းခန့် နှာခေါင်းထဲကို ဟင်းနံ့ တခုတိုးဝင်လာသည်။ ပဲနံ့၊ ပြီးတော့ ဆိတ်သားနံ့၊ အသားတော့ မဟုတ်နိုင် ဆိတ်ရိုးဖြစ်ရမည်။ မင်းခန့် ကြိုက်သည့်အ မြည်းတွေထဲက တခုဆိုတော့ ဗိုက်တောင်ဆာလာသည်။ ကြည်မာက လှမ်းကြည့်နေတာ မြင်တော့ ချိုးဟု လက်ဟန်ပြလိုက်ရ၏။

ရေမလောင်းခင်ကြည်မာက ထမိန်ပြင်ဝတ်လိုက်သေး၏။ ပါးလှပ်လှပ် ထမိန်လေးကို နေ ရောင် ဖြတ်ထိုးသည့်အခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မင်းခန့် ကို ဘေးမဲ့ ပေးလိုက်သည့် တိုင်အောင် ကြည်မာ့ကို ဒီလူဘာလို့ မစွန့် လွှတ်ဆိုတာ နားလည်လိုက် မိ ၏။ ကြည်မာ ရေစချိုးလိုက်သည် နှင့် ခြံစည်းရိုးနားကို ကိုတော်ချော ရောက်လာသည်။ အုတ်ခဲနှင့် ထုထားတာတောင် အမှတ်ရှိပုံမရပါ။ ကြည်မာ့ ဆီအာရုံ အပြည့်အဝရောက် နေလို့ မင်းခန့် ထိုင်နေတာကို လည်း မြင်ပုံမရ။

“ ဗျို့ ထီးပြင်တဲ့ လူကြီး၊ ဆိတ်ပဲဟင်း ချက်နေသလား၊ မွှေးနေတာပဲနော်”

ရုတ်တရက် မင်းခန့်က ထအော်လိုက်လို့ ကြည်မာ မျက်လုံးပြူးပြီး လှည့်ကြည့်သည်။ အ သာနေဟု လက်ဟန်ပြပြီး ခြံစည်းရိုးနားကို အကဲခတ်ကြည့်လိုက်တော့ လူရိပ် မရှိ တော့ပြီ။ ကြည်မာ့ကို လက်မ ထောင်ပြလိုက်တော့ ကြည်မာ နားမလည်သော်လည်း ခြံစည်းရိုး ဖက် ကို ကြည့်လိုက်ပြီးတော့မှ သဘောပေါက်သွားသည်။

“ နင် ..ဘယ်လို”

“ ချိုးစရာ ရှိတာချိုး၊ နောက်မှပြောပြမယ်”

“ အေးအေး”

ဟိုလူ မရှိတော့ဟု စိတ်လုံသွားသည့် အခါ ကြည်မာ ရေကို လွတ်လွတ်လပ်လပ် ချိုးတော့ ၏။ ကြည့်ကောင်းကောင်း နှင့် ထိုင်ကြည့်ရင်း မချောင်းလိုက်ရသည့် ထီးပြင်သမားကို သနားနေမိသည်။ ထမိန်လေးကို ဟပြီးရေလောင်းချလိုက်သည့် အခါ ပါးလှပ်သော အဝတ်စ လေးက ကြည်မာ့ ကိုယ်ပေါ်မှာ တင်းနေအောင်ကပ်သွားသည်။ ရေလောင်းလိုက် ပြန်ခွာလိုက် လုပ်ပေမယ့် ချက်ချင်း ပြန်ကပ်သည်သာ။ ရင်သားကို ဆပ်ပြာတိုက်သည့် အခါ မြင်ရ မလားဟု မင်းခန့် အတင်းလိုက်ကြည့်သော်လည်း ဆပ်ပြာမြုပ်ဖြူဖြူတွေက ဖုံးနေသည်။

မျက်နှာကို ဆပ်ပြာတိုက်၊ ရင်ဘတ်နှင့် လက်မောင်းတွေကို တိုက်ပြီးတော့ တဖန် ကျောက် ပြားပေါ်မှာ ထိုင်ချပြီး တုတ်တုတ်ခဲခဲ ခြေသလုံးတွေ ကိုတိုက်သည်။အားလုံးတိုက်ပြီးသွားတော့ ရေတခါပြန်လောင်းကာ နောက်ဆုံးမှာ ညီမလေးကို ဆပ်ပြာ တိုက်သည့် အချိန်မှာတော့ မင်းခန့် ရင်အခုန်ရဆုံး ဖြစ်သည်။ ရင်ဝမှာစည်းထားကို ဖြည်လိုက်ပြီး ကြည်မာ့ လက်က ထမိန်ထဲဝင်သွားသည်။ ရေစိုနေသာ ထမိန်က လက်မှာ ကပ်နေသောကြောင့် ကြည်မာ့၏ လက်လှုပ်ရှားမှု တိုင်းကို မင်းခန့် မြင်နေရသည်။ ညီမ လေး အပေါ်က တောအုပ်နက်နက်လေးမှာ ဆပ်ပြာမြုပ်ဖြူဖြူ တွေကပ်ညိနေမည့် မြင် ကွင်း ကို မြင်ယောင်ရင်း မင်းခန့် ရေငတ်သလိုလို ဖြစ်လာသည်။ ရေထ သောက်လိုက် ချင်ပေမယ့်လွတ်ကုန်မှာစိုးတာကြောင့် မထရဲပါ။ ဟိုလူ ပြန်လာမလားလို့လည်း လှမ်း ပြီး အကဲခတ်နေရသေး၏။ မင်းခန့် ထိုင်နေလို့ ထင်သည်။ ဟိုလူကို အရိပ်လေး တောင် မတွေ့ ရတော့ပါ။

အတွင်းကို ဆပ်ပြာတိုက်ပြီးသွားသည့် အခါ ရင်သားပေါ်ကနေဖြတ်ပြီး ရေလောင်းချ၏။ ဒီ တကြိမ်မှာတော့ ဖြူဝင်းသည့် ရင်သားလေးတွေကို မြင်ရသည်။ အပေါ်ကနေ ရေလောင်းလို့ အားမရသေး ဘဲ ထမိန် အပြင်ဖက်ကို ရေပက်ပြီးနောက် ပေါင်ကြားကို ဆပ်ပြာပြောင် ဖို့ ပယ်ပယ်နယ်နယ် ပွတ်သည့် မြင်ကွင်း ကို မြင်ရသည့် အခါမှာတော့ ထိုင်နေရာကနေနောက်က တံခါးဘောင်ကို ကျစ်ကျစ်ပါအောင် လှမ်းကိုင်ထားလိုက်ရသည်။ မင်းခန့် အ တွက် မိန်းကလေး တယောက် အားရပါးရ ရေချိုးတာကို ပထမဆုံး မြင်ဖူးခြင်းလည်း ဖြစ်ပါသည်။ အရင်က မြင်ဖူးတယ် ဆိုတာတွေက ရေပန်းအောက်မှာ ဝတ်လစ်စားလစ် နှင့် ချိုးကြတာ မျိုးဖြစ်သည်။ ဒီလို မျိုးမဟုတ်။

ချောင်းမယ့်သူမရှိတော့ဟု စိတ်ပေါ့ပါးနေပုံရသည့် ကြည်မာကလည်း စိမ်ပြေနပြေ ကို ချိုး သည်။ အရင်က ဟိုလူကြည့်နေမှန်း သိနေလို့ လွတ်လပ်စွာ ချိုးခဲ့ရဟန်မတူပေ။ ကြည်မာ ရေချိုးပြီးလို့ ထမိန်လဲ ပြီးအနားရောက်လာသည့် အချိန်မှာတော့ ဘာကြောင့် မှန်းမသိ မင်း ခန့် မောဟိုက်လို့နေသည်။

“ ချိုးလို့ ကောင်းလိုက်တာဟာ၊ ကျေးဇူးပဲ”

“ ရတယ်၊ နောက်နေ့တွေလည်း ငါစောင့်ပေးမယ်၊ သူမလာရဲတော့တဲ့ အထိပေါ့”

“ နင်ဘာသွားလုပ်လိုက်တာလဲ”

“ ဒီလိုပါပဲ နည်းနည်းပါးပါးပေါ့”

ကြည်မာ အထဲကို ဝင်လို့ ရအောင် မင်းခန့်က ထိုင်နေရာက ထပြီး အိမ်ထဲ အရင်ဝင်လိုက် ၏။

“ အိဖြူ၊ နင်တွေ့ကရာ လျှောက်ထိုင်နေတာ ထမိန်နောက်မှာ စိုကုန်ပြီ”

ကပြင်မှာ ရေတစက်မှ မရှိ၊ ခြောက်သွေ့နေတာကို မထိုင်ခင်ကထဲက မင်းခန့် သတိထား ခဲ့ မိပါသည်။ လက်နှင့် နောက်ပြန်စမ်းကြည့်လိုက်တော့ ကိုင်ရတာက ရေနှင့် မတူ၊ချွဲကျိကျိ ဖြစ် နေသည်။ စောစောက ကြည်မာ့ကို ကြည့်နေရတုန်းက စိတ်ကျေနပ်မှု တွေ လွင့်ထွက် ကုန်၏။ ဆေးရုံမှာ မူလေး နှင့် အတူကြည့်ခဲ့ ရသည့် ဘောလုံးပွဲမှာကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ သူ ဘောလုံးသမား ၏ မချိတင်ကဲ မျက်နှာကြီးကို ပြန်လည် မြင်ယောင်ရင်း အိမ်ရှေ့ဖက် ကို ခပ်သုတ်သုတ်ထွက်လာ မိ သည်။ အခန်းထဲမှာ ကြည်မာအဝတ်လဲမည့် မြင်ကွင်းကို မင်းခန့် မကြည့်ရဲတော့ပါ။

“ ကြည်မာ၊ နင့်ဆီမှာ ဘာဆေးရှိလဲ၊ ငါ ဗိုက်အောင့်လို့”

“ ဘယ်လိုဆေးကို ပြောတာလဲ”

“ အဲအိတ်ခ် လိုမျိုး ဒိုင်ဂျင်း လိုမျိုးပေါ့ဟာ”

အရင်က ဗိုက်အောင့်ရင်သောက်ဖူးသည့် ဆေးတွေပြောလိုက်တော့ ကြည်မာ ခေါင်းခါ ၏။ အပြင်ထွက်ဝယ်ရမှာကို မင်းခန့် စိတ်ညစ်သွားသည်။ တတ်နိုင်သမျှ အပြင်မထွက်ချင်၊ပန်း အိဖြူ နှင့် ပတ်သက်သည့် သူတွေနှင့် တိုးမှာ စိုးရိမ်သည်။ ဒေါ်ချစ် ဆီကိုတောင်မှ မတတ် သာလို့ သွားနေရတာ ဖြစ်သည်။ ရိုတ်စ် ကွက်ကာလေး တလုံးလောက်တော့ ဝယ်မလား စဉ်းစားထားသည်။ ထမင်းချက်လို့ ရရင် ဟင်းကတော့ ဘယ်လိုဖြစ်ဖြစ် ကြံဖန်လို့ရ၏။ အ ရင်ကလည်း ကြုံသလိုဖြစ်သလို စားလာတာဆိုတော့ မင်းခန့် အတွက် အခက်အခဲ မရှိပါ။

“ နင်တော်တော် နာနေသလား”

“ အေး ...တချက်တချက် ဒီနားကနေ ဆွဲညှစ်လိုက်တဲ့ အတိုင်းပဲ၊ ဆေးခန်းသွားရတော့ မယ် ထင်တယ်”

“ ဘယ်တုန်းက စနာတာလဲ”

“ နှစ်ရက်လောက်ရှိပြီ၊ အရင်နေ့ တွေကဒီလောက် မနာဘူး၊ မနေ့က နည်းနည်းပိုနာတယ်၊ ဒီနေ့တော့ တော်တော်ခံရဆိုးတယ်”

အိပ်ယာထဲမှာ ခွေခွေလေး လှဲနေသည့် မင်းခန့် နားမှာဝင်ထိုင်လိုက်ရင်း ကြည်မာပြုံးသည်။

“ နင် ...လာနေတယ် မဟုတ်လား”

“ ဘာ ..ဘာပြောတာလဲ”

“ နင် ...သွေးဆင်း နေတယ် မဟုတ်လားလို့”

“ ဟုတ် ..ဟုတ်တယ်၊ နင် .နင် ...ဘယ်လိုသိလဲ”

“ အရင်ထဲက နင် ဒီလိုပဲလေ၊ ရာသီလာလို့ ဗိုက်အောင့်ပြီဆိုရင် မချိုကို ရစ်နေကျပဲ ဥစ္စာ”

“ ဟုတ်လား၊ ဘယ်လို လုပ်ရမှာလဲ”

“ ငါ့မှာ ပါရာစီတမော တော့ရှိတယ်၊ ခါတိုင်းလဲ နင်ပါရာစီတမော သောက်ပြီးရေနွေး အိတ် ကပ်နေကျလေ”

ကြည်မာ ထသွားပြီး သူမ အိတ်ထဲက ဆေးတလုံးထုတ်ယူပြီး လာပေးသည်။

“ ရော့ ဒီမှာ .ဆေး၊ .. ရေနွေးအိတ် ပေးလေ၊ ငါရေနွေးတည်ထားတာ ရှိတယ်”

“ ရေနွေးအိတ်...အော် ..အင်း”

မနေ့က ကြည်မာ အလုပ်သွားနေတုန်း သွေးဆင်းလာတော့ မင်းခန့် ပျာလောင်ခတ် သွား သည်။ မိန်းမတွေမှာ ဒီလို ကိစ္စ ရှိမှန်းသိထားပေမယ့် မေ့နေခဲ့သည်။လက်တွေ့ကြုံလာတော့မှ ပန်းအိဖြူ၏ ဘီရိုထဲ မှာ အမျိုးသမီး လစဉ်သုံးဂွမ်းထုပ်တွေ မြင်ဖူးတာသတိရပြီး အသည်းအ သန် လိုက်ရှာရသည်။ ဗိုက် အောင့်နေတဲ့ ကြားထဲမှာ ခုလိုထပ်ဖြစ်လာလို့စိတ်ညစ်နေတာ ကြောင့် ဂွမ်းထုပ်တွေပေါ် မှာ တင်ထားသည့်ရေနွေး အိတ် ကို မြင်ပေမယ့် အမှတ်တမဲ့ ဖြစ်ခဲ့၏။

ကြည်မာ့လက်ထဲ ကိုရေနွေး အိတ်ထည့်ပေးလိုက်ပြီး မင်းခန့် လည်း နောက်ကိုလိုက်သွား ပြီးဆေးသောက်ရသည်။ ဗိုက်အောင့် တာနှင့် အကိုက်အခဲ ပျောက်ဆေး ဘာမှမဆိုင်ဟု ထင်ပေမယ့် ကြည်မာက အတွေ့ အကြုံရှိသူ ဆိုတော့ စကားနားထောင်ရပေမည်။ အိတ် ထဲကို ရေနွေး ဖြည့်ပြီးလှမ်းပေးသည်။

“ ရော့ ..ဗိုက်မှာ ကပ်ထားပြီး နားနားနေနေ နေလိုက်ပေါ့၊ သက်သာသွားမှာပါ၊ ပူတယ်နော် အဝတ်တခုနဲ့ ပတ်ပြီးမှ ကပ်၊ အပူလျော့သွားမှ အဝတ်ကို ဖယ်လိုက်”

“ ကျေးဇူးပဲ ကြည်မာ”

ကျေးဇူးတင်စကားကို သူမ၏ ထုံးစံ အတိုင်း မကြားသလိုလုပ်နေသည်။

“ နင်ရော အဲလိုဖြစ်ရင် ဗိုက်အောင့် လားကြည်မာ”

“ ဗိုက်မအောင့် ဘူး၊ စိတ်တိုတယ်၊ လူသတ်ချင်တယ်”

ကြောက်ပါသည် ဆိုသည့်သဘောနှင့် ပုခုံးတွန့်ပြပြီး မင်းခန့်လည်း အိပ်ယာထဲပြန်ဝင်ခွေ နေလိုက်သည်။ ရေနွေးအိတ်ကို ဗိုက်ပေါ်တင်ထားသည့် အခါ အပူငွေ့ ကြောင့် အနာသက်သာသလိုလို ခံစားရသည်။ မင်းခန့် ကြားဖူးသလောက် မိန်းမတွေ သွေးဆင်းရင် သုံးလေး ရက်လောက်တော့ကြာတတ်သည်ဆို၏်။ နောက်တရက် နှစ်ရက်လောက်တော့ ဒုက္ခ ခံရမည်  ဆိုတာတွေးရင်း နောက်လ တွေမှာလည်း ဒီလိုပဲ ခံစားရဦးမှာ ကိုတွေး ကြောက်လာ သည်။

“ ဘယ်လိုမှ မချောင်တဲ့ ကိစ္စ ကြီးပါလား”

ပန်းအိဖြူက အခုမှ အသက် နှစ်ဆယ့် နှစ်နှစ် ပဲရှိသေးတာဆိုတော့ နောက်ထပ် အနှစ် နှစ် ဆယ်လောက်တော့ ဒီဒုက္ခ ကို မင်းခန့် ကြားထဲက ခံနေရပေဦးမည်။ အသက်လေးဆယ် ကျော်မှ သွေးဆုံးသည်ဟု ပြောသံကြားဖူး၏။

“ ဒီကြားထဲမှာ သေသွားလဲ အေးတာပဲ”

မသေရဲလို့ ဒီဘဝ ရောက်လာတာကိုမေ့ ပြီးစိတ်ပျက်လက်ပျက် ညည်းတွားမိသည်။  ဒီ လောက် စိတ်ညစ်စ ရာတွေ ရှိတာတောင်မှ ဘာမှ မဖြစ်သလို သွားလာနေထိုင် လှုပ်ရှားနေကြသည့် မိန်းမတွေ ကို အံ့သြမိသည်။ ကြည့်ရတာ မိန်းမတိုင်းတော့ ရာသီပေါ်ချိန်မှာ နာကျင်ခြင်းခံစားရတာ ဟုတ်ပုံမရ။ တချို့တလေပဲဖြစ်လိမ့်မည်။ အဲဒီ တချို့တလေထဲမှာပန်းအိဖြူပါနေတာက မင်းခန့် ကံဆိုးဖို့ ဖြစ်လာခြင်းပင်။ တချို့တွေကျတော့လည်း အေး အေး ဆေးဆေးပင်၊။ နန်း ရွှေဝါ ဆိုသည့် အမျိုးသမီး တယောက်ကိုဆိုရင် သူမ ရာသီလာ နေတုန်းမှာပင် မင်းခန့် ဆွဲ စားပစ်ခဲ့သည်။ သူမက ငြင်းသေးပေမယ့် မင်းခန့် က ဇွတ်ရယူ သည့် အခါ ကျတော့လည်း ခွင့်ပြုပြန်သည်။

ကြုံဖူးသည့် မိန်းမတွေထဲမှာ နန်းရွှေဝါသည်လည်း မင်းခန့် မှတ်မိနေမည့် မိန်းမတယောက် ဖြစ်သည်။ မီးနီဖြတ်မောင်း ခွင့်ပေးခဲ့ လို့ မဟုတ်ပါ။ နန်းရွှေဝါကြောင့် မင်းခန့်ကို ဝင်းခိုင် သုံးလေး လလောက် စိတ်ကောက်သွားဖူးလို့ ဖြစ်သည်။ အပေါင်း အသင်းတွေကြားထဲမှာ တော်တော်လည်း ရှင်းယူခဲ့ရသည်။

တခုသော သင်္ကြန်မှာ ကားနှင့် မလည်ဖြစ်ဘဲ မဏ္ဍပ် သွားထိုင်ရင်း မင်းခန့် နှင့် နန်းရွှေဝါ စတွေ့ခဲ့သည်။ ရန်ကုန်သင်္ကြန် လာကဲသည့် မိန်းမချောလေး နှင့် မိန်းမချောလေးတွေကိုဆိုရင် အလွန်သဘောကျတတ်သည့် မင်းခန့် တို့ ချက်ချင်းရင်းနှီး သွားကြသည်။ နှစ် ယောက် လုံးမှာ ယမကာ အရှိန်လေးကလည်း ရှိနေတော့ အဆင့်တက်တာ မြန်သည်။ အ ကြပ်နေ့ နေ့ခင်း ရေပက်နားသည့် အချိန်တွင် ဟိုတယ်တခုမှာ သွားနားဖို့ ခေါ်ထုတ်တာ ကို နန်းရွှေဝါ မငြင်းမဆန်လိုက်လာ၏။

သွေးဆူသော တက်ကြွသော နန်းရွှေဝါ ကြောင့် ထိုနေ့လည်ခင်းသည် မင်းခန့် အတွက် ပျော် စရာဖြစ်ခဲ့၏။ မင်းခန့်က မိန်းမသားတွေကို အကောင်းဆုံးခံစားမှု ရအောင် စွမ်း ဆောင်ပေး နိုင်သူဆိုတော့ နန်းရွှေဝါကလည်း မင်းခန့်ကို ခိုက်သွားသည်။ ထိုနေ့က ည နေ ခင်း မဏ္ဍပ်ကို ပြန်ဖြစ်သေးသော်လည်း အတက်နေ့ကျတော့ မနက်ပိုင်း ရေခန ပက် ပြီးသည်နှင့် ဟိုတယ်ကို ရောက်သွားကြသည်မှာ ညနေခင်းမဏ္ဍပ်ကို ပြန်မဝင်ဖြစ်တော့ဘဲ ည အ ထိ ရောက်သွားသည်။ ညကိုးနာရီလောက်မှ ရီဝေသော မျက်လုံး ယိုင်နွဲ့သောခြေ လှမ်း တွေ နှင့် နန်းရွှေဝါကို သူမ တည်းခိုသည့် အိမ်နားသို့ မင်းခန့် ပြန်လိုက်ပို့ ပေးလိုက်ရ သည်။ သင်္ကြန် ပြီးတာနှင့် နန်းရွှေဝါ ပြန်မည်ဆိုတော့ အချိန်ကို အကျိုးရှိစွာအသုံးချပြီး မီးကုန် ယမ်းကုန် ဆွဲပစ်ခဲ့ ပြီး မင်းခန့်လည်း ဒူးတွေချောင်ကာ အိမ်ရောက်လို့ အဝတ်လဲ ပြီးတာ နှင့် တကျိုးထဲ အိပ်ပျော်သွားတော့သည်။

လိပ်စာပေးခဲ့ ပေမယ့် အဆက်အသွယ် မလုပ်ဖြစ်ဘဲ ကာလ အတော်ကြာလမ်းစပြတ် သွား ပြီး တော့မှ ဝင်းခိုင် လက်ထပ်မည့် ချစ်သူ မိန်းကလေး အဖြစ်နှင့် နန်းရွှေဝါကိုပြန်ဆုံရ သည်။ ထိုအချိန်မှာ နန်းရွှေဝါက ရန်ကုန်ကို စီးပွားရေး လုပ်ဖို့ ပြောင်းလာခဲ့ ပြီးဖြစ်သည်။ ဝင်းခိုင်က သူ့ကောင်မလေး ကို သူငယ်ချင်းတွေ နှင့် မိတ်ဆက်ပေးသည့်

ပွဲမှာ မင်းခန့် ချက်ချင်း မှတ်မိသလို နန်းရွှေဝါကလည်း မှတ်မိသည်။ ဝင်းခိုင် မိတ်ဆက်မပေးခင် အထိ တယောက်ကို တယောက် မသိမသာခိုးကြည့်မိကြသည်။ ဝင်းခိုင်မိတ်ဆက်ပေးတော့ လည်း အခုမှ သိရသလို ဟန်ဆောင်ကြရသည်။

ဝင်းခိုင်ကို နန်းရွှေဝါ နှင့် မင်းခန့် သဘောမတူပါ။ သူငယ်ချင်းကို ကိုယ်စားဖူးပြီးသား မိန်းမ နှင့် လက်မထပ်စေချင်။ မင်းခန့် နှင့် သင်္ကြန် တတွင်းမှာ လွယ်လွယ် အိပ်ခဲ့သည့်နန်းရွှေဝါ တွင် တခြားဇာတ်လမ်းတွေလည်း ရှိနိုင်သေးသည်။ ခက်နေတာက မင်းခန့်မှာ ဖျက်ချင်ပေ မယ့် ဘယ်လို အကြောင်းပြချက်ပေးပြီး ဖျက်ရမှန်း မသိဖြစ်နေသည်။သူနှင့် ငြိဖူးတာကို လည်း ထည့်မပြောချင်ပါ။

“ ကောင်မလေးက မဆိုးပါဘူးဟယ်၊ ငါမေးပြီးသွားပြီ သူက စနေသမီး၊ ဝင်းခိုင်က ဗုဒ္ဒဟူး သား ဆိုတော့ စီးပွားတက်မှာ”

စိုးစိုးအပါ အဝင် သူငယ်ချင်းတွေက နန်းရွှေဝါဖက်က ရှိသည်။

“ သူ့ ပုံစံ ကို ငါမကြိုက်ဘူး၊ ငါ့စိတ်ထဲမှာ ထင့်နေတယ်၊ နင်တို့ သိပါတယ်ဟာ၊ မိန်းမ တွေ နဲ့ ပတ်သက်ရင် ငါဘယ်လို ကောင်ဆိုတာ”

“ အရင်က ရည်းစားတွေ ဘာတွေ ရှိဖူးရင်တော့ ရှိဖူးမှာပေါ့ကွာ၊ အခုတော့ ဒီမှာ သူ့စီးပွား ရေးလေးနဲ့ သူ တည်တည်ငြိမ်ငြိမ်ပါပဲ”

စီးပွားရေးသမား ဖြစ်သည့် ကျော်သက်က စီးပွားရေး အမြင်နှင့် ကြည့်သည်။ လတ်တ လော အနေအထားမှာတော့ နန်းရွှေဝါ အနေအထားက သူတို့ပြောသလိုပင် တည်ငြိမ် သော အမျိုးသမီး လုပ်ငန်းရှင်ပေါက်စလေး ဖြစ်သည်။ နေတာထိုင်တာ ပြောတာ ဆို တာ ကလည်း ပိပိရိရိ ရှိ၏။ မျိုးမင်း စိုးက ဘာမှ မဝေဖန်သော်လည်း ထွန်းအောင်ဇော်က တော့ မင်းခန့်ကို မျက်မှောင် ကုပ်ကြည့်သည်။ ပြီးတော့ မေးစေ့ကို ပွတ်ရင်း ငြိမ်နေသည်။ ကာယ ကံရှင် ဝင်းခိုင်မျက်ကွယ်မှာ ဆိုတော့ မင်းခန့် တချို့ကိစ္စတွေပြောပြရင် ပြောပြလို့ ရသည်။ ဒါပေမယ့် စိုးစိုး ရှိနေလို့ မပြောဖြစ်တော့။

ညနေဖက် လဘက်ရည်ဆိုင်မှာ တွေ့ ကြတော့ ထွန်းအောင်ဇော် နှင့် မျိုးမင်းစိုး က မင်း ခန့်ကို မေးလာ၏။

“ ဟေ့ ကောင်၊ နန်းရွှေဝါ နဲ့ ပတ်သက်ပြီး မင်းတခုခု သိထားတာ ရှိလား”

“ အင်း ရှိတယ်”

“ ဘာတွေလဲ လုပ်စမ်းပါဦး”

“ ရှိရုံ မကဘူး၊ ဒီမသာက စားတောင်စားဖူးတယ် ထင်တယ်၊ ဟုတ်တယ် မဟုတ်လား မင်း ခန့်”

မျိုးမင်းစိုးထက်စာရင် လူရည်ပိုလည်သည့် ထွန်းအောင်ဇော် က ချက်ချင်းကောက်မေး သည်။ ငြင်းနေရမယ့် လူတွေ မဟုတ်တော့ မင်းခန့် ခေါင်းညိတ်ဝန်ခံလိုက်၏။

“ မင်း ..ကတော့ကွာ၊ငါဘယ်လို ပြောရမှန်းတောင် မသိဘူး”

“ ဟ... ငါ့ အလွန်ချည်းပဲလဲ မပြောနဲ့လေ”

နန်းရွှေဝါ နှင့် တွေ့ပြီးငြိခဲ့ ပုံတွေ ရှင်းပြလိုက်တော့ ဟိုနှစ်ကောင် နည်းနည်းတော့ ဘဝင် ကျ သွားသည်။

“ ဒီကောင် စဉ်းစားတာကိုထည့်စဉ်းစားရမယ် မျိုးမင်းစိုး၊ သင်္ကြန် ခနလာရင်းနဲ့ ဒီကောင်နဲ့ လမ်းကြုံ အိပ်သွားသေးတယ် ဆိုတော့ ကောင်မလေး အနေအထားက မဟုတ်ဘူး၊ တခြား ဇာတ်တွေ ရှုပ်ထားတာမျိုးလည်း ရှိနေနိုင်တယ်”

“ သေချာတာပေါ့ကွာ၊ ငါစားထဲက သိတယ်၊ ပါကင် မဟုတ်ဘူး၊ အတွေ့ အကြုံ ရှိပြီးသား”

“ အေးပါ၊ အေးပါ၊ မင်း ကနှာပညာရှင် ဆိုတော့ လက်ခံရမှာပေါ့”

ထွန်းအောင်ဇော် က စိုးစိုး ကို ဘယ်လိုရှင်းပြလိုက်သည် မသိပါ။ စိုးစိုး ဘက်ပြောင်းပြီး နန်း ရွှေဝါ ဆန့် ကျင်ရေး လှုပ်ရှားမှု စတော့၏။ ဝင်းခိုင်မှ အပကျန်တဲ့ ကောင်တွေကလည်းမင်း ခန့် နှင့် နန်းရွှေဝါ အကြောင်းသိသွားကြပြီ ဖြစ်လို့ ဝိုင်းပြီးဘေးတီး ကြရာ ပွဲပျက်သွား တော့ သည်။ စိုးစိုး၏ စွမ်းဆောင်မှု ကြောင့် ဝင်းခိုင်၏ မိဘတွေကလည်း ဒီမိန်းကလေး နှင့် လုံးဝ သဘောမတူနိုင် ဆိုပြီး ဖြစ်လာသည်။ ဝင်းခိုင်ကလည်း မိဘကို မလွန်ဆန်ဝံ့သူဆို တော့ နန်း ရွှေဝါ နှင့် ဇာတ်လမ်း ပြီးဆုံးသွားသည်။

ဝင်းခိုင် နှင့် နန်းရွှေဝါ ဇာတ်လမ်းပြီးသွားသော်လည်း မင်းခန့် နှင့် နန်းရွှေဝါ ဇာတ်လမ်း က ပြန်စ ဖြစ်သည်။ တခြားသူတွေ နှင့် မတွေ့သော်လည်း ခြေဗွေပေါက်နေသည့် ပွဲစားဆို တော့ မင်းခန့် နှင့် နန်းရွှေဝါ ပြန်ဆုံဖြစ်သည်။ စကားစမြည်ပြောဖြစ်သည်။

“ ကိုမင်းခန့် သူငယ်ချင်း နဲ့ ပြတ်ပြတ်သားသား ဖြစ်သွားတာပဲ ကောင်းပါတယ်၊ ဝါလည်း လွတ်လွတ်လပ်လပ် နဲ့ ကိုယ့်ဆိုင်လေး တိုးတက်အောင် လုပ်လို့ ရတာပေါ့၊ နောက်ပြီး တော့ ကိုမင်းခန့် ကို တွေ့တိုင်းလည်း မျက်နှာပူနေရမယ်လေ”

နန်းရွှေဝါ မျက်လုံးတွေထဲက တစုံတခုသော အရိပ်အယောင်ကို မင်းခန့် ဖမ်းမိသည်။

“ ကျွန်တော်လည်း အဲဒါပဲ တွေးနေတာ၊ ကျွန်တော် တို့ တွေ့ခဲ့တာ သုံးရက်ထဲဆိုပေမယ့် အခုချိန်ထိ ပြန်တွေးမိနေတုန်းပဲ”

“ ဟုတ်ရဲ့လား ကိုမင်းခန့် ရယ် ...ဟင်း ..ဟင်း၊ ကိုဝင်းခိုင်က ပြောဖူးတယ် ကိုမင်းခန့်က အရမ်းစွံတာတဲ့”

“ မယုံရင် ကျွန်တော့်ကို သက်သေပြခွင့် ပေးပါလား ”

ဒီလို နှင့်ပဲ သူတို့ ဇာတ်လမ်းပြန်စ ဖြစ်သည်။ စစချင်းတော့ စကားပြောဖြစ်ရုံ ဖုန်းဆက် ကြ ရုံလောက်ပဲ ဖြစ်သည်။ နန်းရွှေဝါ ဆိုင်ပိတ်သည့် တရက်မှာ အပြင်ကို ချိန်းတော့ ရောက်လာသည်။ ကော်ဖီဆိုင် ခန ထိုင်ကြပြီး တည်းခိုခန်း ကိုခေါ်တော့လည်း မငြင်းမဆန်လိုက် လာသည်။ အခန်းထဲ ရောက်လို့ စားဖို့ သောက်ဖို့ ပြင်တော့မှ ရာသီလာနေတယ် ထလုပ်သည်။ တမင်ရစ်တာလို့ ထင်ပြီး အဝတ်တွေ အတင်းချွတ်ကြည့်တော့ တကယ်ဟုတ်နေ သည်။ သွေးစတွေကို မြင် ပေမယ့် အဲဒီ အချိန်မှာ မင်းခန့်က စိတ်အရမ်းထန်နေပြီဆိုတော့မရပ်တန့် နိုင် တော့။ အတင်းတက် ဆွဲ ပစ်လိုက်သည်။ တားမရမှန်း သိနေလို့ နန်းရွှေဝါ ကလည်း အပြင်းအထန်မငြင်းခဲ့။ သူမ မှာ လည်း ဒီလိုအချိန် အတွေ့အကြုံ ရှိဖူးပုံရသည်။မင်းခန့် အတွက်ကတော့ ပထမဆုံး အ တွေ့ အကြုံဖြစ်၏။

အရင်ထက် ပို ပြီး အရည် တစိုစို ဖြစ်နေသလို ခံစားရတာကလွဲရင် မင်းခန့် အတွက်သိပ် ပြီး အနှောက် အယှက်မဖြစ်ပါ။ မာန်တက်နေတာကြောင့်လည်းဖြစ်မည်။

“ ကိုယ်တော့ ဘာမှမထူးဘူး၊ အရင်အတိုင်းလို့ ပဲထင်တယ်၊ ဝါရော ဘယ်လိုနေလဲ”

“ ကို့ လိုပဲပေါ့”

အပြုံးလေးနှင့် ပြောရင်း မင်းခန့်ကို နန်းရွှေဝါ ဖက်ထားသည်။ စိတ်ထနေချိန် ဆိုတော့ အောက်ပိုင်းမှာ သွေးအလူးလူး ဖြစ်နေတာကို နှစ်ယောက်လုံး သတိမထား မိကြပါ။ ကိစ္စ ပြီးသွားတော့ လူတွေက သန့် ရှင်းရေးလုပ်နိုင်ပေမယ့် အိပ်ယာခင်းမှာ သွေးကွက်တွေ စွန်း ထင်းနေတာ ကိုတော့ သုတ်ပစ်လို့ မရပါ။

“ ဘယ်လို လုပ်မလဲ ကို”

“ သူ့ ဟာသူ ခြောက် သွားမှာပါ၊ ဝါ အချိန်ရတယ် မဟုတ်လား၊ ညနေမှ အေးအေးဆေး ဆေး ပြန်တာပေါ့”

“ ရပါတယ်”

နန်းရွှေဝါ ကလည်း မငြင်းဆန်တော့ နောက်တချီ ထပ်ဆွဲပြီး အေးအေးဆေးဆေး မှ ပြန် ဖြစ်သည်။ ပြန်အထွက်ကတော့ မအေးဆေးပါ။ အိပ်ယာခင်းပေါ်က သွေးကွက်တွေ ကို တည်းခိုခန်းက မြင်သွားရင် ပြဿနာရှာမှာ ပိုက်ဆံ ထပ်တောင်းနေမှာ စိုးလို့ နန်းရွှေဝါ လက်ကို ဆွဲပြီး ခပ်သုတ်သုတ် ထွက်လာကြသည့် မြင်ကွင်းကို ဝင်းခိုင် ကားပေါ်ကနေ မြင်သွားတာကို မင်းခန့် တို့ မသိလိုက်ပါ။

သူနှင့် နန်းရွှေဝါ ကို ဝိုင်းခွဲကြသည့် အကြောင်းရင်းစုံကို ဝင်းခိုင်သေသေချာချာ မသိပေ မယ့် မင်းခန့် ဆီက စတဲ့ ဇာတ်လမ်းဆိုတာလောက် တော့ အရိပ်အမြွက်သိထားသည်။ခု လို မြင်ကွင်း ကို ဝင်းခိုင် မြင်လိုက်ရသည့် အခါမှာတော့ မင်းခန့်က နန်းရွှေဝါကို သူ့လက် က လုပြီးစားချင်လို့ တို့ မီးရှို့မီး လုပ်ခဲ့သည်ဟု ဝင်းခိုင် ထင်ပြီး မင်းခန့်ကို စကားမပြော တော့။ မတွေ့အောင်လည်း ရှောင်နေသည်။

ပထမပိုင်း မှာတော့ မင်းခန့် ရော သူငယ်ချင်းတွေပါ ဝင်းခိုင် ဘာဖြစ်မှန်းမသိကြ။ မင်းခန့် ကိုယ်တိုင်လည်း နန်းရွှေဝါ ကိစ္စ နှင့် တွဲပြီး မစဉ်းစားမိ။ မျိုးမင်းစိုး ပြန်ရောက်လာတော့မှ ဝင်းခိုင်က မျိုးမင်းစိုးကို မင်းခန့် သစ္စာ မရှိကြောင်း ဖွင့်ပြောသည်။

“ ဟ ကောင်ရ၊ မင်းစော်လေးကို ဒီကောင်စားနေတာ အခုမှ မဟုတ်ဘူး၊ ဟိုးအရင် နန်းရွှေဝါ ရန်ကုန် မရောက်ခင်ကထဲက၊ ဒါကြောင့် သူဆော်ပြီးသား ဟာကြီး မင်းယူမိမှာ စိုးလို့ ဒီ ကောင် အတင်းလိုက်ဖျက်တာ ရှင်းပလား၊ မင်းစော်က ငါစားပြီး သားကြီးလို့ ထုတ်ပြောဖို့ ကျတော့ မင်းဆိုရင် ရောပြောရက်မလား”

မျိုးမင်းစိုး ရှင်းလိုက်တော့မှ ဇာတ်ရည်လည်ပြီး ဝင်းခိုင် မင်းခန့်ကို အရင်အတိုင်းပြန်ဆက် ဆံသည်။ ဒါပေမယ့် နန်းရွှေဝါ နှင့်ပတ်သက်ပြီးတော့ စကားမစဖြစ်အောင် နေ၏။ မျိုးမင်းစိုး ဆီက အကျိုးအကြောင်းသိထားရလို့ မင်းခန့်လည်း မသိယောင်ဆောင်ပေးလိုက်ပါ သည်။

အခု ဝင်းခိုင်၏ လက်ရှိရည်းစား ခင်ထွေးမြင့် ကိုခေါ်လာပြတော့ အားလုံး မင်းခန့်ကိုပဲ ဝိုင်း ကြည့်နေကြတာ မှတ်မိသည်။ ကာယကံရှင် ဝင်းခိုင်တောင်ပါ၏။ ရုပ်သိပ်မချောပေမယ့်ရိုး သားဖေါ်ရွေသည့် အသွင်ရှိသည့် ဂျာနယ် အယ်ဒီတာမလေး ခင်ထွေးမြင့် ကို မင်းခန့် ထို နေ့မှ မြင်ဖူးခြင်း ဖြစ်ပါသည်။ မင်းခန့် က မသိမသာလေး လက်မ ထောင်ပြလိုက်တော့မှ သက်မ ချကြရသည်။

“ ချီးမှပဲ ..မင်း တို့ကလဲ ငါ့ကို အဲသလောက်တောင် အထင်ကြီးသလား၊ မိန်းမ မှန်သမျှ လိုက်ချနေရရင် ငါ့မှာ အငုတ်တောင်ကျန်မှာ မဟုတ်ဘူး”

သူငယ်ချင်းတွေနဲ့ အရက်ဝိုင်းမှာဆုံတော့ အပြစ်တင်သလို လေသံနဲ့ ပြောလိုက်ခြင်းဖြစ် ပေမယ့် တကယ်တော့ မင်းခန့် ကိုယ့်ကိုယ်ကို ဂုဏ်ယူ ဝံ့ကြွားစွာ ပြောလိုက်ခြင်း ဖြစ်ပါ သည်။

“ အမယ် ...ပြုံးနေတယ်၊ သက်သာသွားပြီပေါ့”

မင်းခန့် အိပ်ယာဘေးမှာ ကြည်မာ စွေ့ကနဲ ဝင်ထိုင်လိုက်သည်။ ခံစားနေရသည့် ဝေဒနာ တွေတော်တော်လေး နေသာသွားတာကြောင့် ကြည်မာ့ကို ပြန်ပြုံးပြလိုက်ပြီး

“ သက်သာသွားပြီ၊ ပြောနေကျအတိုင်းပဲပြောရဦးမယ်၊ ကျေးဇူးပဲ ကြည်မာ၊ နင်သာမရှိရင် ငါတော့ ဒုက္ခပဲ”

ပြုံးနေသောကြည်မာ့ မျက်နှာလေး တည်သွားသည်။ မင်းခန့် ကို ခပ်စူးစူး တချက်ကြည့် လိုက်ပြီးနောက် ပြတင်းပေါက်ကနေ အပြင်ကိုငေးနေ၏။

“ နင် ဘာမှ မမှတ်မိဘူးဆိုတာကို ငါ့စိတ်ထဲမှာ ဇဝေဇဝါပဲ၊ အခုတော့ တကယ်အရေးကြီး တာ တခုကို နင်လုံးဝမေ့နေတာ သေချာသွားပြီ”

“ ဗိုက်အောင့်တာကို ပြောတာလား”

“ မဟုတ်ဘူး၊ နင့်ကို အရင်က အကြောင်းတွေပြောပြ တုန်းက ကျန်ခဲ့တာ၊ နင့်ဟာနင် မှတ် မိ လာမလားလို့ ငါစောင့်ကြည့်နေတာ၊ နင့်ကို မယုံသလို ဖြစ်သွားတာတော့ ဆောရီး ဟာ”

“ ဘာလဲ၊ ငါတကယ် မသိတာပါကြည်မာရာ”

“ ဒီလ ကုန်ရင် ငါ ကုမ္ပဏီ က အဆောင်ကို ပြောင်းတော့မယ်လေ၊ နင်ဆက်နေမယ် ဆိုရင် ဒီမှာ နင် တယောက်ထဲ ကျန်ခဲ့တော့မှာ”

“ ဘယ် ..ဘယ်လို”

“ နင် ဦးလှထွန်းအောင်ကို တိုက်ခန်းအတင်းဝယ် ခိုင်းတာ ဒါကြောင့်ပဲလေ၊ မချိုကလည်း သွား တော့မယ်၊ ငါနဲ့ လဲ နင်ကမနေချင်ဘူး၊ ငါကလဲ အဆောင် ပြောင်းဖို့ စီစဉ်ပြီးသားပါ၊ဟိုမှာ နေရာ မလွတ်သေးလို့ စောင့်နေရတာ”

“ မပြောင်းလို့ မရဘူးလား၊ ငါက နင့်ကို အားကိုးနေရတာလေ”

“ နောက်လဆိုရင် အိမ်လခတိုးပေးရတော့မယ်၊ တို့ ငှားတုန်းက နှစ်သောင်းကို သုံးယောက် စိုက်ရတယ်၊ မချိုက ခုနစ်ထောင်၊ နင်နဲ့ ငါက ခြောက်ထောင့် ငါးရာစီ၊ ဒီလတော့ ငါတို့ နှစ် ယောက် တယောက်တသောင်းပေးလိုက်ရတယ်၊ နောက်လဆိုရင် နှစ်သောင်းခွဲပေးရ တော့မှာ တို့တွေ တယောက်ကို တသောင်းနှစ်ထောင့်ငါးရာကျတော့မယ်၊ နှစ်ဆ ဖြစ်သွား ပြီ၊ အလုပ်ထဲ က အဆောင်မှာက အလကားနေရမှာ၊ ငါ့ကို နားလည်ပါ အိဖြူရယ်၊ ငါတ သောင်းကျော် မတတ် နိုင်ဘူး”

“ ငါ ..ငါပေးမယ်၊ အိမ်လခ ငါတာဝန်ယူတယ်”

မင်းခန့်ကို နွမ်းဖျော့သည့် အကြည့်နှင့် ကြည့်ရင်း ကြည်မာခေါင်းခါသည်။

“ အဆောင်မှာဆိုရင် ဖယ်ရီလဲ အဆင်ပြေတယ်၊ အခုငါ့ကို ဒီလမ်းထိပ် အထိပြန်လိုက်ပို့ နေရ တာကို ကားသမားတွေက မပို့ ချင်ကြဘူး၊ အမြဲ ပြဿနာလုပ်တယ်၊ နောက် ..နောက်ပြီး... နင်တယောက်ထဲလဲ မပေးစေချင်ပါဘူး၊ နင့်မှာက အရင်လို ဝင်ငွေလည်း မရှိတော့ဘူးလေ၊ အလုပ်ပြန်လုပ်လို့ ဝင်ငွေရရင်လည်း အမြဲတမ်းပေးဖို့ ဆိုတာ နင့်အ တွက်လွယ်မှာ မဟုတ် ဘူး”

“ ဒါ ..ဒါ ...ဆိုရင် ငါ ဘာလုပ်ရမလဲကြည်မာ”

မမျှော်လင့်ဘဲ ကြုံလိုက်ရသည့် စိတ်ပျက်စရာတခုကြောင့် မင်းခန့် အသံမှာ တုန်လှုပ်မှုတွေ အပြည့်နှင့် ဖြစ်နေသည်။ အရင်တုန်းကလည်း တယောက်ထဲနေခဲ့သည်။ ဒါပေမယ့် အရင် က ယောက်ျားအရင့်အမာကြီး မင်းခန့် ဘဝနှင့် နေခဲ့ခြင်းဖြစ်သည်။ အခုက ပန်းအိဖြူ ဆို သည့် မိန်းကလေး ဖြစ်နေလေပြီ။ တယောက်ထဲနေဖို့ က နေရဲသည် ဆို ပေမယ့် ထည့်စဉ်းစားရမှာတွေ အများကြီးရှိသည်။

“ အကြံပေးပါဦးကြည်မာ”

စိတ်မကောင်း သည့် မျက်လုံးတွေနှင့် ကြည်မာကြည့်၏။ သူမမှာလည်း ကိုယ်ပိုင်ဘဝမှာ ကိုယ် ပိုင်အကြောင်းအရာ တွေနှင့် ဆိုတော့ ကိုယ့်လမ်း ကိုယ်ပဲ သွားရတော့မည်ပင်။ ကိုယ်မပိုင် သည့် ဘဝမှာရောက်နေသည့် မင်းခန့် မှာသာ ရွေးချယ်ရန် မဲ့ နေသလိုရှိ၏။ ဟိုဖက်အိမ်က ထီးပြင်ဆရာ ကတော့ ဆိုင်းဘုတ်မှားရာက ထီးပြင်တဲ့လူ ဘဝကို ရောက် ခဲ့ရသည်။

မင်း ခန့်သည်လည်း ပန်းအိဖြူ ဆိုသည့်ဆိုင်းဘုတ် မှားတပ်ခံရသည့် သူဖြစ် သည်။ ဒါပေမယ့် မိန်းမ တယောက်၏ ဘဝ ရှင်သန်ဖြောင့်ဖြူးအောင် တည် ဆောက်ယူဖို့ ဆိုတာကထီးပြင်သည့် အတတ်ကို သင် ယူတာထက် အဆပေါင်းများစွာ ပိုခက်ခဲ ပါ လိမ့်မည်။

သက်သာသွားပြီ ထင်ရသည့်ဗိုက်က တစူးစူး နှင့် ပြန်အောင့်လာ၏။

.....................................................................................................................................

အခန်း - ၃ (ဆ)

မင်းခန့် လှမ်းပေးလိုက်သည့် အင်္ကျီကို ကြည်မာ ကိုယ်မှာကပ်ကြည့် လိုက်ပြီးနောက်

“ လှတယ် အိဖြူရဲ့၊ နင်နဲ့ လိုက်တယ်၊ ထားလိုက်ပါ”

“ ငါ မဝတ်ချင်ဘူး”

“ အရင်က ဝတ်နေပြီးတော့ အခုမှ ဘယ်လိုဖြစ်တာလဲ၊ အင်းလေ ..နင့် သဘောပေါ့”

ကိုယ်ကြပ် အင်္ကျီတွေဝတ်ရင် မင်းခန့် မနေတတ်ပါ။ ဘရာစီယာတောင်မှ မတတ်သာလို့ ဝတ် နေရခြင်း ဖြစ်သည်။ ခပ်ကြပ်ကြပ် အင်္ကျီတွေဝတ်ပြီး ကိုယ်ပေါ်က မိန်းမ ကောက် ကြောင်းတွေ ပြရမှာကို ရွံသည်။

“ ဒါလဲ ..သွား”

စကပ်တိုတို လေးကို ကြည်မာ ကိုင်ကြည့်ပြီး ဘေးကို ပစ်ချလိုက်ရင်း

“ အတိုတွေ အကြပ်တွေ အကုန်ရှင်းမယ်ပေါ့”

“ အေး ...အဲဒီ သဘောပဲ၊ အကွဲတွေ အဟိုက်တွေလည်းပါတယ်”

“ နင် ဈေးကြီးပေးထားရတာတွေနော်၊ မနှမျောဘူးလား”

“ ငါမှ မဝတ်ချင်တာ၊ ဒီတိုင်းထားလဲ ဆွေးသွားမယ့် တူတူ မထူးပါဘူးဟာ”

ရှင်းရင်း ရှင်းရင်း နှင့် အိပ်ယာပေါ်မှာ အဝတ်ပုံကြီးရောက်သွားသည်။ ပန်းအိဖြူ ဘီရိုထဲမှာ လည်းတော်တော် ရှင်းသွားသည်။ သေတ္တာလည်း ပြောင်သွား၏။ အထဲမှာ လုံလုံခြုံခြုံ နှင့် သက်တောင့် သက်သာရှိမည့် အဝတ်အစား မျိုး တွေပဲ ကျန်ခဲ့သည်။ ကြည် မာ အလုပ် သွားနေသည့် တယောက်ထဲ အချိန်တွေမှာ ဒီအဝတ်တွေကို ထုတ်ပြီး သေသေ ချာချာ ကြည့်ခဲ့ဖူးသည်။ အရင်က မိန်းကလေးတယောက် ဝတ်ထားတာမြင်ရင် မျက်လုံး ကျွတ် ကျမတတ် လိုက်ကြည့်ဖူးသည့် အဝတ်အစားမျိုးတွေ မင်းခန့် မဝတ်ရဲပါ။ မီးဝင်းဝင်း တောက်နေမည့် မျက်လုံးတွေကို သိနေ၏။

ကြပ်သည့် ဟာတွေကိုလည်း မဝတ်တတ်။ အသားကပ်တွေ ဆိုရင် အသက်ရှူလို့ မဝ ဟုထင်သည်။ အကျ ႌဖြစ်ဖြစ် ဘောင်းဘီ ဖြစ်ဖြစ် ဝတ်ရတာ ကျဉ်းကြပ်သည်။ ဟိုအရင် တုန်းကလည်း ပေါ့ပါးလွတ်လပ်သည့် အဝတ်အစားတွေပဲ ဝတ်တတ်သည်။ သူငယ်ချင်း တွေကိုတော့ မြန်မြန်ချွတ်လို့ ရအောင်ဟု အမြင်ကပ်အောင် ခပ်ကြွားကြွားပြောလေ့ ရှိ၏၊

“ အန်တီ ဌေးဌေး ပေးစရာတောင် ပိုက်ဆံ လောက်ပါ့မလား”

အဝတ်ပုံကိုကြည့်ရင်းကြည်မာ ပြောလိုက်သည်။ အန်တီဌေးဌေး ဆိုတာ ရပ်ကွက်ထဲမှာ အဝတ် ဟောင်းတွေလိုက်ဝယ်သည့် မိန်းမ ကြီးဖြစ်သည်။ ပန်းအိဖြူ အဝတ်တွေက အ ဟောင်း တွေ မဟုတ်။ အသစ် တမျှ ကောင်းတာတွေချည်း ဖြစ်နေသည်။ ကြည်မာ က တော့ မိန်းက လေး ပီပီ နှမျောတသသည့် မျက်လုံးတွေ နှင့် ကြည့်နေသည်။

“ နင် နဲ့ တော်မယ့်ဟာ ရှိရင် ယူထားလိုက်လေ”

“ ဟာ ...နင်ကလဲ၊ နင်အရနည်းသွားမှာပေါ့”

“ မနည်းပါဘူး၊ လုပ်ပါ ဝတ်ကြည့်စမ်း၊ တော်တဲ့ အကျ ႌရှိမှာပါ”

“ နင်လဲ ပြန်ဝတ်ကြည့်ပါဦး၊ အဆင်ပြေတာတွေ ရှိချင်ရှိဦးမှာပါ၊ အကုန်လုံးတော့ မလုပ်ပါနဲ့”

“ နင် မရှိတုန်း အကုန် ဝတ်ကြည့်ပြီးသွားပြီ၊ ဒါတွေ အကုန် ငါမလိုချင်တာတွေချည်းပဲ၊ လုပ် ပါ၊ ဝတ်ကြည့်စမ်းပါ၊ နင်အဆင်ပြေတာ ရှိရင် ယူလိုက်ပါ”

ကြည်မာက ကိုယ်လုံးပြည့်ပေမယ့် ရင်သားကျတော့ ပန်းအိဖြူလောက် မပြည့်ဖြိုး။ ဒါ ကြောင့် ပန်းအိဖြူ အကျ ႌတွေ ကြည်မာ နှင့် မတော်စရာ အကြောင်းမရှိလို့ ထင်သည်။ သူတို့အဝတ်အစား ဆိုက်တွေ သိပ်နားမလည်ပေမယ့် ဖြစ်နိုင်သည် ဟု ယူဆမိသည်။ ကြည်မာက ကိုယ့်ကိုယ်ကို အရမ်း ဝသည် ဟု ထင်နေလို့ ဖြစ်မည်။

“ ရော့ဒါလေး စမ်းကြည့်၊ တော်တာ အကုန်ယူလိုက်၊ ငါ့လက်ဆောင်ပေါ့ဟာ”

မင်းခန့် လှမ်းပေးသည့် အဖြူ နှင့် ပန်းရောင်ကျား အင်္ကျီလေးကို ကိုင်ပြီးကြည်မာ စဉ်းစား နေ၏။

“ ငါ စိတ်မကောင်းအောင် မလုပ်ပါနဲ့ ကြည်မာ၊ နင်ကူညီခဲ့တာတွေ အတွက် ငါဘာမှ ပြန် မပေး နိုင်သေးဘူး၊ ပေးနိုင်တာလေး ပေးတာ လက်ခံပါ၊ နင် လက်မခံရင် ငါ စိတ်ဆင်း ရဲရမှာ”

ကြည်မာ သက်ပြင်းလေး တချက်ချလိုက်ပြီး ၊ ကိုယ်ပေါ်က တီရှပ်ကို ခေါင်းပေါ်ကဆွဲချွတ် ပစ် လိုက်သည်။ ကြည်မာ့ကိုယ်အပေါ်ပိုင်း မှာ အညိုရောင်ရင့်ရင့် ဘရာစီယာလေး တ ထည်ပဲကျန်တော့ ၏။ ဟောင်းနွမ်းနေသည့် အညိုရောင် ဇာသားက တချို့နေရာတွေမှာ ပေါက်ပြဲ နေတော့ ဝင်းနုသည့် အသားလေး တွေကို ရင်ခုန်စရာ မြင်နေရသည်။ ပန်းအိဖြူ မှာ ဘရာစီယာ တွေ အများကြီးရှိသည်။ ကြည်မာ့ ကိုပေးချင်ပေမယ့် ပန်းအိဖြူ နှင့် ဆိုက် ချင်းတူမှာ မဟုတ်ပါ။ အင်္ကျီအရွယ် အစားကို မမှန်းတတ်ပေမယ့် ရင်အရွယ် အစားကို တော့ မင်းခန့်ကောင်းကောင်း မှန်းဆတတ်ပါ၏။ ဒါကြောင့် ရောင်းစားမည့်အကျ ႌ တွေထဲ က ကြည်မာ ဝတ်လို့ ရတာရှိရင် အ ကုန် ပေးလိုက်ဖို့ မင်းခန့် စိတ်ကူးထားပါ သည်။ တိုတို ကြပ်ကြပ် စ ကပ်နှင့် ဘောင်းဘီ တွေကျတော့ ကြည်မာနှင့် တော်မှာ မဟုတ်။

“ အိဖြူ ..နင် ငါ့ကို အဲဒီ ထီးပြင်သမား မျက်လုံးကြီးနဲ့ လာမကြည့်နဲ့နော်”

အဝတ်ကင်းမဲ့သည့် အပေါ်ပိုင်းကို စိတ်လွတ်လက်လွတ် ငေးနေမိရာမှ မင်းခန့် သတိပြန် ထိန်း လိုက်ရသည်။

“ ငါက နင်နဲ့ လိုက်မလိုက် ကြည့်ပေးမလို့ပါ ..ဟဲ..ဟဲ”

အကျ ႌကို ခေါင်းပေါ်က စွပ်ချလိုက်ရင်း ကြည်မာ မျက်စောင်းထိုး၏။

“ ခါးနားက ကြပ်တယ်ဟ”

“ ဒါဆို ဒီဟာ ရော”

မင်းခန့်က နောက်တထည် ဆွဲထုတ်ပေးလိုက်လို့ ကြည်မာ ဝတ်ထားသည့် အကျ ႌကို ချွတ် လိုက်ရပြန်သည်။ ထစ်နေတာတွေဘာတွေ ရှိရင် မင်းခန့်က ဝိုင်းပြီးဆွဲချပေးရ၏။ဝတ် လိုက် ပြန်ချွတ်လိုက်၊ မှန်ကြည့်လိုက်၊ မင်းခန့်က တိုက်တွန်းလိုက်နှင့် ကြည်မာ အဆင် ပြေ ပြေဝတ် လို့ ရသည့် အင်္ကျီ ငါးထည်ရသည်။ တထည်ကို ကြည်မာက အင်တင်တင် လုပ် နေပေမယ့် မင်း ခန့် က အတင်းထပ်ပေးလို့ အားလုံး ခြောက်ထည်ဖြစ်သွားသည်။

“ ငါစိတ်ကူး တခုရတယ် သိလား၊ အန်တီဌေးဌေး ကို အရင်မပေးသေးပဲ ငါ့ အလုပ်ထဲက ကောင်မလေး တွေကို အရင်ပြကြည့်ရင် ကောင်းမလားလို့၊ ဈေးသက်သာရင် ယူကြမှာပါ၊ ဒါဆို အန်တီဌေးဌေး ဆီမှာ ရောင်းတာထက် ပိုရနိုင်တယ်”

“ နင်သယ် နေရမှာပေါ့”

“ တနေ့ နည်းနည်းပေါ့ဟာ၊ ဈေးရောင်းနေတဲ့ အချိန် ကားပေါ်ထားခဲ့လို့ ရတာပဲ”

“ အပန်းမကြီးရင် တော့ အဆင်ပြေသလိုလုပ်ပေါ့”

“ ဒါဆို ..ဟို အိတ် ကို ငါ့ဖက်လှမ်းလိုက်၊ ငါ့ အင်္ကျီပါပေး၊ နင်ကြည့်တာ ငါလန့်လာပြီ”

စပ်ဖြဲဖြဲ နှင့် လုပ်လိုက်ရသည်။ ကိုယ့်ရှေ့မှာ မိန်းမပျိုလေး တယောက် အပေါ်ပိုင်းမှာ အ ဝတ်မ ပါဘဲ ရှိနေမှတော့ မင်းခန့် မကြည့်ဘဲ ဘယ်လိုမှ မနေနိုင်ပါ။

ဆေးရုံက ဆင်းတုန်းက ယူလာပေးသည့် မြွေအရေခွံ အိတ်ထဲကို ကြည်မာ အဝတ်တွေ ရွေးပြီး ထည့်နေသည်။ အိတ်ကို မပြီး ကြည့်လိုက်။ နည်းသေးတယ် ထင်ရင် ထပ်ထည့်လိုက် နှင့် အလုပ် ရှုပ်နေသည်ကို မင်းခန့် ထိုင်ငေးနေမိ၏။ အစစ ကြည်မာ့ကိုပဲ အားကိုး ရမည်။ ဒီအဝတ်အ စားတွေ ဘယ်လောက်တန်ပြီး ရောင်းရင် ဘယ်လောက်ရမည် ဆိုတာ ကို မင်းခန့် လုံးဝ နား မလည်ပါ။

“ ဟာ ...ငါ စွတ်ထည့်နေတာ ဘယ်ဟာ ဘယ်လောက်ရရင် ရောင်းမလဲ ဆိုတာတောင် မ မေးလိုက်မိဘူး၊ နင်ပြောလေ ..ငါစာရွက်လေးနဲ့ ရေးသွားမယ်၊ နည်းနည်းပါးပါး လျှော့ရောင်း တန် လဲ ရောင်းကြတာပေါ့”

“ ဘယ်ဟာ ဘယ်လောက်လဲဆိုတာ ငါမသိတော့ဘူး၊ နင့်ဖာသာပဲ ဈေးဖြတ်ပြီး ဆော်ထည့် လိုက်တော့၊ နင့်ကို အာဏာ ကုန်လွှဲတယ်”

“ မဟုတ်ဘူးလေ အိဖြူရဲ့”

“ ဟုတ်တယ်၊ ငါ ဘာမှ မသိဘူး၊ နင့်စိတ်ကြိုက်လုပ်ခဲ့၊ နင့်ကို ငါယုံတယ်”

“ နင် ပြောင်းလဲသွားပုံက ငါ ယုံတောင် မယုံနိုင်ဘူး”

“ အရင်က ပန်းအိဖြူ မဟုတ်ဘဲ နောက်ထပ် သူငယ်ချင်း အသစ်တယောက်ရတယ်လို့ပဲ သ ဘောထားလိုက်ပေါ့၊ ခုချိန်မှာ ငါယုံကြည်လို့ ရတာ နင်တယောက်ပဲ ရှိတယ်၊ နင့်ကို တကယ် ယုံပါတယ်ကြည်မာ”

“ ငါ အဆင်ပြေအောင်လုပ်ပေးပါမယ် အိဖြူရယ်၊ နင်တော်တော် ပြောင်းလဲလာတယ် သိ လား၊ အရင်က လှုပ်လီလှုပ်လဲ့ နဲ့ ပဲသိပ်များတဲ့ မိန်းမက ဖျိုးဖျိုးဖြတ်ဖြတ် နဲ့ ဖြစ်လာတယ်၊ အပြင်တခါထွက်ဖို့ တနာရီလောက်ကြာ အောင်ပြင် တဲ့ သူက အပြင်ထွက်ရင် မျက်နှာ ပြောင် နဲ့ နား ပေါက် ဟောင်းလောင်းနဲ့၊ ခေါင်းဖြီးဖို့ တောင် နင်မေ့ချင်မေ့နေတယ်။နင်ဘာ တွေ ဖြစ်သွား တာလဲ၊ အဝတ်အစား အရမ်းမက်တဲ့ မိန်း မက အဟောင်းဈေး နဲ့ ရောင်းပစ် မယ်တဲ့”

“ အရင်လို မနေချင်တော့လို့ပေါ့”

ပြီးစလွယ်ပဲ ဖြေလိုက်မိသည်။ အဝတ် အစားတွေ ရောင်းမည့် အစီအစဉ် ကို စပြောကထဲ က ကြည်မာကန့်ကွက်ခဲ့၏။

“ နှမျောစရာကြီးဟယ်၊ မရောင်းပါနဲ့လား”

“ မဝတ်ချင်တာတွေ သိမ်းထားလဲ အလကားပါပဲ၊ ပြန်ရောင်းတော့ ငွေလေးဘာလေး နည်း နည်းပါးပါး ပြန်ပေါ်တာပေါ့”

ငွေအတွက်ဟု သိလိုက်ရသည့် နောက်မှာတော့ကြည်မာ မကန့် ကွက်တော့ပါ။ မင်းခန့် ဝင် ငွေ မရှိတာ သူမ အသိဆုံးဖြစ်သည်။ တောင်မင်း ကိုမြောက်မင်း မကယ်နိုင်ဆိုတာလိုကြည် မာ ကိုယ်တိုင်လဲ ကိုယ်ပိုင်အခက် အခဲတွေ ရှိနေပုံရတာကြောင့် မင်းခန့်ကို ဒီက ပြောင်းမ သွားခင်လေး ကူညီပေးသွားမည်ဟု ပိုင်းဖြတ်လိုက်ပုံရသည်။

ကြည်မာ နယ်ကလာသည်။ နာမည် အပြည့်အစုံက ကြည်မာလှိုင်၊ အဝေးသင်တက္ကသိုလ် က ဘွဲ့တခုရထားသည် ဆိုတာမှလွဲပြီး မင်းခန့် ဘာမှ မသိပါ။ ကြည်မာက လည်း ပြောချင် စိတ် ရှိပုံမရပါ။ တခြားမိန်းကလေးတ ယောက်ဆိုရင် အတင်းစပ်စုတာမျိုး လုပ်ချင်လုပ်နိုင် ပေမယ့် မင်းခန့် ကတော့ ဒီတိုင်းပဲ နေ လိုက်သည်။ ပန်းအိဖြူ ဘယ်ကလာပြီး ဘာတွေလုပ် ခဲ့သည် ဆိုတာကိုတောင် မသိနိုင် သည့် ဘဝတွင် သူများမပြောချင်သည့် အတွင်းရေး အကြောင်းတွေကို မမေးချင်တော့ပါ။

ကြည်မာ၏ ဖ ခင်က လက်သမား ဆိုတာတော့ကြည်မာ့ စကားထဲက သိရသည်။ ဒါက လည်း အခုနေသည့် အိမ်အကြောင်း စကားစပ်မိလို့ ဖြစ်သည်။

“ ဒီ အိမ်လေးက ဆောက်ထားတာ ကောင်းတယ်ဟ၊ ခိုင်လဲခိုင်တယ်၊ လုံလဲ လုံတယ်၊ ငါ လဲ မတတ်သာလို့ ပြောင်းရတာ”

“ ဘာတွေကောင်းလို့လဲ”

“ ဆောက်ထားတဲ့ လက်ရာကောင်းတယ်၊ တိုင်တွေကလည်း ငါးပတ်လည်တွေ၊ ဒီနားက အိမ် အများစုက လေးပတ်လည် တိုင်တွေ ၊သုံးပတ်လည်တိုင်နဲ့ အိမ်တွေတောင် ရှိသေးတယ်၊ မခိုင်ဘူးပေါ့”

ကြည်မာ မွှန်းနေပေမယ့် မင်းခန့် မျက်လုံးထဲမှာတော့ သေးသေး ကုပ်ကုပ်အိမ်လေး တ လုံးသာ ဖြစ်ပါသည်။

“ တိုင်တွေရော၊ ဆင့်တွေရော၊ အပေါ်က ဒိုင်းတွေရော အကုန် ပျဉ်းကတိုးတွေ၊ တောသစ် မပါ သလောက်ပဲ၊ မိန်းကလေးတွေ လုံလုံခြုံခြုံ နေလို့ ရတဲ့ အိမ်မျိုး၊ ဒါကြောင့်လည်း အိမ်ရှင်က ဈေး တက်တောင်းတာ”

“ တယ်သိပါလား”

“ ငါ့ အဖေက လက်သမားပဲလို့ ၊ ငါသိတာပေါ့”

ဒါလောက်ပဲ ပြောပြီး ကြည်မာက စကားပြောင်းလိုက်သည်။

“ နင်တယောက်ထဲ နေမယ်ဆိုလဲ နေလို့တော့လုံခြုံပါတယ်၊ ဟိုဖက်က ထီးပြင်သမားကလဲ နင် နဲ့ ဘော်ဒါဖြစ်ပြီး မချောင်းတော့ဘူး မဟုတ်လား”

“ ငါလဲ ဘာလုပ်ရမှန်း မသိသေးပါဘူး”

တခုကံကောင်းတာက ဒီအိမ်ရှင်က အိမ်လခကို တလ ချင်းပေးတာကို လက်ခံသည်။ စ ဘော် လည်း မပေးခဲ့ရဟု ကြည်မာ့စကား အရသိရသည်။

“ မချိုတို့ နဲ့ အိမ်နီးချင်း နေခဲ့ဖူးတယ်ပြောတာပဲဟ၊ ရင်း နှီးကြတယ်။ ဒါကြောင့် ဒီ လောက် အဆင်ပြေတာ၊ အခု ကြည့်ပါလား မချိုလည်းသွားမယ် ဆိုရော အိမ်လခတိုး တောင်းတော့ တာပဲ၊ တို့ဆက်မ နေတော့ဘူးဆိုရင် စဘော်နဲ့ ဖြစ်ဖြစ် လချုပ်နဲ့ ဖြစ်ဖြစ် သူက လူ သစ်တင်တော့မှာ”

“ ငါလဲ နောက်တလ နှစ်လ လောက်ဖြစ်ဖြစ် ဆက်နေပြီး အခြေအနေကြည့်ရမှာပဲ၊ အလုပ် လဲ ရှာရဦးမယ်၊ နင်တို့ ဆီမှာ လူမလိုဘူးလားကြည်မာ”

အထူးအဆန်း မယုံနိုင်စရာ တခုကိုကြားလိုက်ရသလို ကြည်မာကြည့်၏။

“ နင် ဒီလောက်တောင် စိတ်ပျက်နေပြီလား၊နင်ပဲ အစကတော့ ..အင်းလေ ..အခုဟာက၊ တို့ဆီမှာ  နင့်ရုပ်ရည်နဲ့ ဆိုရင် မရဘဲ နေမလားဟာ၊ ဒါ ပေမယ့် မလုပ်ပါနဲ့၊ နင်က ငါ့ထက်အများကြီး ပညာတွေတတ်ထားတာပဲ၊ သေသေချာချာ ရှာရင် အလုပ်ကောင်းကောင်းရ မှာပါ”

ပန်းအိဖြူ ဘီရို ထဲမှာ ထဲမှာ အင်္ဂလိပ်စာ အဓိက နှင့် ဘွဲ့လက်မှတ်တစောင်၊ LCCI လယ် ဗယ် နှစ် အောင်လက်မှတ် နှင့် ကွန်ပျူတာသင်တန်း ဆင်းလက်မှတ်တွေ ကို ပလပ်စတစ် ဖိုင် တခုနှင့် စုထည့်ထားတာ အဝတ်တွေ ရှင်းတော့မှ မင်းခန့် တွေ့ခဲ့သည်။ခပ်ပေါ့ပေါ့ မိန်း ကလေးလို့ သိထားသည့် ပန်းအိဖြူ  ဆီမှာ ဒီလိုလက်မှတ်တွေတွေ့ တော့ မင်းခန့်အံ့သြ မိသည်။ အောင်လက်မှတ် တချို့က ရက် စွဲတွေ သိပ်မကြာ သေးတာ မြင်ရတော့ မှ ဖြစ် နိုင် ချေကို တွက်မိ၏။ အလှကုန်လုပ်ငန်းက ထွက်ပြီးမှ ဦးလှထွန်းအောင်၏ အထောက် အပံ့ နှင့် သင်တန်းတွေ လျှောက်တက်ထားတာလည်း ဖြစ်နိုင်သည်။ ဒါမှလည်း ဝယ်ထား သည့် အဝတ်အစားလှလှပပ တွေထုတ်ဝတ်ပြီး သင်တန်း အကြောင်းပြကာသွားလိုက် လာ လိုက်နှင့် လမ်းသလား လို့ ရနိုင်မည် မဟုတ်ပါလား။

မင်းခန့် ဆိုသည့်ကောင်က အင်္ဂလိပ်စာလည်းညံ့သည်။ စာရင်းဇယား ဆိုရင်ဘာမှန်း မသိ။ ကွန်ပျူတာဆိုရင် ချတ်တင်လောက်ပဲ ပြောဖူးတာဆိုတော့ ပန်းအိဖြူ ထားခဲ့သည့် စာရွက် စာတမ်းတွေ ကိုင်ပြီး အလုပ်ရှာရင် အရှက်ကွဲရုံပဲ ရှိလိမ့်မည်။ ကိုယ့်ဝမ်းနာ ကိုယ် သာ သိ လို့ ကြည်မာ အားပေး ပေမယ့် အားမတက်နိုင်ဘဲ ငြိမ်နေလိုက်ရ၏။ မည်သို့ ဖြစ်စေ ဝင်ငွေရစရာ အလုပ်တခုခုတော့ မဖြစ်မနေလုပ်ရတော့မည်။ အလုပ်ရဖို့ ဆိုတာ ကလည်း အခုအ တိုင်း အိမ်ထဲမှာ ထိုင်နေလို့ မဖြစ်။ မင်းခန့် ကလည်း အပြင်ထွက်ချင်စိတ် မရှိတော့ ခက် နေ သည်။ မိန်းမ အဝတ်အစားတွေနှင့် လူတောထဲတိုးရတာ အလိုလို စိတ်မှာ သိမ်ငယ် နေ သလို ခံစားရသည်။ မလွတ်လပ်ဟုလည်း ထင်၏။ သွားတာ၊လာတာ ၊ထိုင်တာ၊ ထတာက အစ ထိန်းချုပ်ရလွန်း၏။

ပန်းအိဖြူ၏ အဝတ်အစားတွေ ရောင်းလို့ ပိုက်ဆံ အတော်အတန် ရလာလို့တော့ စိတ်နည်း နည်းအေးရသည်။ ကြည်မာ့ အလုပ်ထဲမှာ ရောင်း မကုန်သည့် အဝတ်အစားတွေကို အန်တီ ဌေးဌေး ဆိုသည့် မိန်းမကြီးထံမှာ ပေးသလောက်ဈေးနှင့် ရောင်းထုတ်လိုက် တာ တောင်မှ အားလုံးပေါင်း ခုနစ်သောင်းကျော် ရှစ်သောင်းနီးပါး  ရလိုက်၏။ ဘာမှ နားမ လည်သည့် မင်းခန့်တောင်မှ ဈေးနှိမ်တာကို သိ သည်။ ကြည်မာဆိုရင် ဆွေ့ဆွေ့ ခုန်နေ ၏။ ဒါပေမယ့် မင်းခန့် နှစ်ခါ မစဉ်းစားဘဲ ပြော သည့်ဈေးနှင့် ပဲပေးလိုက်သည်။ ဒါတောင် ကြည်မာ အတင်း ဝင်ပြောလို့ နည်းနည်းပိုရတာ ဖြစ် သည်။ မင်းခန့် သဘော သာ ဆိုရင် ဘယ်လောက် မှ ရမှာ မဟုတ်။

“ ငါ့မှာ ရှိတဲ့ ပိုက်ဆံ လက်ကျန်နဲ့ ပေါင်းလိုက်ရင် နောက် နှစ်လ သုံးလလောက်တော့ နေဖို့ စားဖို့ အဆင်ပြေသွားတာပေါ့ဟာ”

နှမျောတသစိတ် နှင့် ကြည့်နေသည့် ကြည်မာ့ကို ပြန်နှစ်သိမ့်ရသည်။

“ နင် ဒီမှာပဲ ဆက်နေမှာပေါ့”

“ နောက် တလတော့ ရှိဦးမယ်၊ ပြီးရင်တော့ မပြောတတ်ပါဘူး၊ အခြေအနေ အရပါပဲ”

“ ငါလဲ မဖြစ်လို့ ရွှေ့ရတာပါဟာ၊ တလ တသောင်းလောက်ပို ထွက်လာရင် မနည်းဘူးလေ၊ ငါ့ ..ငါ့ အဖေက သူဆောက်နေတဲ့ အိမ်ပေါ်က ပြုတ်ကျပြီး အလုပ်မလုပ်နိုင်တော့ဘူး၊ ငါ့လုပ် စာပဲရှိတာဟ၊မချို တို့ ဆီက ထွက်လိုက်တုန်းကဆိုရင် အိမ်မှာ အရမ်းဒုက္ခ ရောက် သွားတာ၊ ငါ နောက်ကို မမိုက် ရဲတော့ဘူး”

“ တခြား အလုပ်လုပ်ပါလားကြည်မာ”

“ ငါက ဘွဲ့လေးတခုတောင် မနည်းခြစ်ကုပ်ပြီး ယူထားရတာ၊ ဘာမှ မတတ်ဘူး၊ ကွန်ပျူ တာ ဆိုလည်း တကယ်ပြောတာ လက်နဲ့တောင် မထိဘူးဖူး၊ ရုံးခန်းထဲမှာ အဲကွန်း နဲ့ အ လုပ်မျိုး ငါ ရနိုင်မှာ မဟုတ်ဘူး၊ လောလောဆယ် တော့ ဒီအလုပ်ပဲ ဇွတ်မှိတ်လုပ်နေ ရ ဦးမှာပဲ”

ဒီလောက် အကြပ်အတည်း အခက်အခဲတွေ ရှိနေသည့်တိုင် တချို့မိန်းကလေးတွေလို ဘ ဝကို ရေစုန်မျောပြီး ငွေရလွယ်ရာလမ်းနောက်ကို မလိုက်ဘဲ ကြိုးစားသည့် နည်း၊ ချွေ တာသည့် နည်းတွေနှင့် ရုန်းကန်နေသည့် ကြည်မာ့ကို မင်းခန့် လေးစားသွားမိသည်။ ပန်း အိ ဖြူ ဆိုရင် လူနှင့် ရင်းပြီးငွေရှာခဲ့သည်။ ကြေးစားလို့ နာမည်တပ်လို့ မရရင်တောင်မှ သ ဘောသဘာဝ ချင်းက တူတူ ဖြစ်၏။ အမျိုးကောင်းသမီး တယောက်၏ သိက္ခာ နှင့် ရင်းခဲ့ ၏။  ကြည်မာ နှင့် ပန်းအိဖြူ ဘာမှ မဆိုင်ပါ။ ကြည်မာက အရက်ရောင်းပေမယ့် အကျင့်စ ရိုတ်ကတန်ဖိုးရှိသည်။

“ ဟဲ့ ..နင်ဘာကြောင်တာလဲ”

“ နင့်ကို လေးစားလို့လေ”

သူမ ကို လက်ဆွဲ နှုတ်ဆက်လာသည့် မင်းခန့်ကို နားမလည်ဘဲ ကြည်မာမေး၏။

“ နင် အရင်က ဒီလို ကြောင်တောင်တောင် တွေမလုပ်ပါဘူး”

ကြည်မာ၏ မှတ်ချက်စကားအတွက် မင်းခန့် စိတ်မဆိုးပါ။ မိန်းမ တွေနှင့် ပတ်သက်လို့ ဟို အရင်က မမြင်ဖူးသည့် ရှုထောင့်တခုကနေ မြင်တတ်စပြုလာပြီလို့ တွေးနေမိ၏။

.................................................................................................

ကြည်မာ ပြောင်းသွားတော့ ညဖက်ကြီးဖြစ်သည်။ နေ့လည်က တနေ့ခင်းလုံး မင်းခန့် နှင့် အတူ ပစ္စည်းတွေ သိမ်းဆည်းထုပ်ပိုးပြီး အလုပ်ဆင်းသွားသည်။ အလုပ်က ပြန်လာတော့ မှ ဖယ်ရီ ကားကို အိမ်ရှေ့အထိခေါ်လာပြီး ပစ္စည်းတွေ တင်ယူသွား၏။ ခါတိုင်းဆိုရင် တံခါး ကို သော့ ခတ်ပြီး အိပ်ယာဝင်တတ်ပေမယ့် ကြည်မာသွားမည့်နေ့ကတော့ မအိပ်ဘဲ ထိုင် စောင့်နေ မိသည်။

နေနေကျ အိမ်ထဲမှာ ပိုပြီးတိတ်ဆိတ်နေသလို ခံစားရသည်။ အရင်တုန်းက မင်းခန့်လည်း တ ယောက်ထဲနေခဲ့ဖူးပါသည်။ အိမ်ဆိုတာ အိပ်ချင်မှပြန်သည့် နေရာဆိုတော့ တယောက်ထဲပေ မယ့် အထီးကျန်သလို မခံစားရပါ။ အခုတော့ ရင်ထဲမှာ ဟာတာတာ နှင့် နေရတာ တမျိုးကြီး ဖြစ်နေသည်။ စိတ်ကောင်းရှိပြီး ကူညီတတ်သော၊ အရင်တုန်းက ကြည့်မရသည့်ပန်းအိဖြူကို အားလုံးခွင့်လွှတ်ပြီး စောင့်ရှောက်ဖေးမခဲ့သော ၊အဖေါ်ကောင်း တယောက် ကို ခွဲခွာရသည့် အတွက် မင်းခန့် စိတ်မကောင်းပါ။နေ့လည် ပစ္စည်းတွေ သိမ်းတုန်းက ကြည်မာကတော့ မိန်းကလေးပီပီ မျက်ရည်ဝဲချင်သည်။

“ အေးဟာ ...အရင်ကတော့ နင့်ကို အရမ်းမုန်းခဲ့ပြီး သွားရမယ် ဆိုတော့ စိတ်မကောင်းဘူး၊ နင်က အခုမှ ဘဝကို ပြန်စနေရတာဆိုတော့ ထားခဲ့ရမှာ စိတ်မချဘူးဖြစ်နေတယ်”

“ စိတ်မကောင်း မဖြစ်ပါနဲ့ ကြည်မာရယ်၊ လူဆိုတာ မွေးလာတုန်းကလဲ တယောက်ထဲပါပဲ၊ ငါ အားလုံးကို ရင်ဆိုင်နိုင်ပါတယ်”

ကြည်မာ ပိုပြီးစိတ်မကောင်း မဖြစ်ရအောင် ခပ်ပေါ့ပေါ့ ပြန်ပြောလိုက်ရပေမယ့် ကိုယ့် အ နာ ဂါတ် ဘယ်လောက်အထိမှုန်ဝါးသည် ဆိုတာ မင်းခန့် ကိုယ်တိုင်ပဲ သိပါသည်။ ကြည် မာ ဒီ လောက်အထိကူညီပေးခဲ့တာကိုပဲ ကျေးဇူးတင်ပါသည်။ ကျန်တဲ့ အပိုင်းကတော့ ကိုယ့်ပြ ဿနာ ကိုယ်ရှင်း ကိုယ့်လမ်းကိုယ်လျှောက်ရပေမည်။

“ ကိုယ့်ကိုယ်ကိုလဲ ပြင်ပြင်ဆင်ဆင် နေဦးအိဖြူ၊ အရင်လို ယောက်ျားတွေကို မမှီခို တော့ ဘူး၊ အသုံးမချတော့ဘူး ဆိုပေမယ့် ဖြစ်ကတတ် ဆန်းမနေပါနဲ့၊ လူ အထင်သေးမယ်၊ အ စားအ သောက်လဲ ဂ ရုစိုက်ဦး၊ နင် ပိန်သွားတယ်”

“ စိတ်ချ ကြည်မာ၊ နောက်တခါ လမ်းမှာတွေ့ရင် ငါ့ကို နင်မမှတ်မိစေရဘူး၊ လုံးဝ လန်းနေ စေရမယ်”

“ မိန်းမ နော်၊ နင်အခုတလော ပျက်ချော်ချော် တွေသိပ်ပြောတာပဲ၊ အပြင်ထွက်ဖို့ ကျတော့ သေ မလောက်လန့် ပြီး အိမ်ထဲမှာကျတော့ ပေါ့တီးပေါ့ပျက်နဲ့”

“ အေးပါ၊ ငါပြင်ပါ့မယ်”

မင်းခန့်ကတိပေးပေမယ့် ကြည်မာ သိပ်ယုံပုံမရပါ။ မင်းခန့် ကို ကြည့်ပြီး သက်ပြင်းချသည်။

“ ငါလဲ မဖြစ်လို့ပါ၊ အားရင် လာလယ်မယ် သိလား၊ နင်အပြင်သွားနေလဲ ဟိုဖက်က နင့် လူကြီး နဲ့ မှာခဲ့မယ်”

“ အဲဒါ နင့်လူကြီးလေ၊ နင့်ကို ရိုးရိုးတောင် မချောင်းဘဲ မှန်ဘီလူးနဲ့ ရှယ်ချောင်းတာ၊ နှုတ် ဆက် မသွားတော့ဘူးလား၊ ဒါမှ မဟုတ်လဲ နောက်နေ့ကျရင် နင်နှုတ်ဆက် သွားကြောင်းပြောပြလိုက်ပါမယ်”

“ သိပ်အရော သွားမဝင်နဲ့ အိဖြူ၊ မူးမူးရူးရူး နဲ့ အိမ်ထဲဝင်လာလိမ့်မယ်၊ အိမ်ထဲမှာနေရင် တံ ခါးကို သေသေချာချာပိတ်ထား ကြားလား”

“ အင်း ပါ”

ကားရောက်လာပြီး ပစ္စည်းတွေ ဝိုင်းတင်ပေးနေတုန်းလည်း မှာသည်။

“ အပြင်သွားမယ် ဆိုရင် ကြိုး တန်းမှာ အဝတ်တွေ မထားခဲ့ နဲ့နော်၊ သိမ်းပြီးမှ အပြင်ထွက် ၊ အိမ်က လုံပေမယ့် ခြံ စည်း ရိုးက လုံတာမဟုတ်ဘူး”

“ အေး၊ အေး၊ အေးပါ”

ကားပေါ်က မိန်းကလေးတွေကလည်း ပစ္စည်းတွေ ဝိုင်းယူပေးကြပါသည်။ သူတို့တွေလည်း ပင်ပန်းပြီး နားချင်နေလိမ့်မည် လို့ တွေးပြီးအားနာတာကြောင့် တတွတ်တွတ် နှင့် မဆုံး အောင်မှာနေသည့် ကြည်မာ့ကို တွန်းတွန်းထိုးထိုး နှင့် ကားပေါ်တင်ပြီး မောင်းခိုင်းလိုက်ရ သည်။ တင်ပါးအိအိ တင်းတင်းကြီးတွေကို နောက်ကနေတွန်း တင်ရင်း ရင်ထဲမှာ ဟာတာတာကြီး ဖြစ်သွားရသည်။ ကြည်မာကတော့ ငိုမလို မျက်နှာလေး နှင့် ပါသွားသည်။

အိမ်ထဲပြန်ဝင်လာတော့ တအိမ်လုံးဘာသံမှ မကြားရအောင် တိတ်ဆိတ်ငြိမ်သက်လို့ နေ သည်။ အိပ်ခန်းထဲမှာလည်း မင်းခန့် အိပ်သည့်နေရာလေး တခုကလွဲရင် ကျန်တဲ့ နေရာ တွေမှာ အကုန်ရှင်းလင်းနေ၏။ ကြည်မာ ပြန်ရောက်လာရင် မင်းခန့် တရေးနိုးသွားသည့် အခါ မျိုးမှာ မြင်ရတတ်သည့် အဝတ်အစားလဲ နေသည့်မြင်ကွင်းကို နောက်နေ့ တွေမှာမြင်ခွင့် မရှိတော့ပါ။ မင်းခန့် ကြည့်နေတာမြင်ရင် ကြည်မာ ထအော်တတ်၏။ ကြာတော့လည်း ရိုးသွားသည်ထင်ပါ၏။ ဘာမှ မပြောတော့ပါ။

အိပ်ပျော်မှာ မဟုတ်ဘူးဆိုတာ သိနေလို့ ခြင်ထောင်တောင် မထောင်တော့ဘဲ အိပ်ယာ ပေါ် ဒီတိုင်းလှဲချလိုက်၏။ မီးလည်း ထမပိတ်ချင်။ ဒီတိုင်းပဲ နေချင်သည်။ ဘဝသစ် တခုအခုမှ စတာလို့ မင်းခန့် တွေးမိသည်။ ဘေးကနေ ကူညီပေးမယ့် သူလည်း မရှိတော့၊ အ ကြံဉာဏ်လည်း မရနိုင်တော့။ တယောက်ထဲပဲ အရာရာကို ရင်ဆိုင်ဆုံးဖြတ်ရမည် ဖြစ်သည်။ ကြည်မာက လာလည်ပါမည် လို့ပြောသွားပေမယ့် တူတူ နေကြတာနှင့် တော့ ဘယ် လိုမှ မတူနိုင်ပါ။ အရင်လောက် မင်းခန့် ကိစ္စ တွေမှာ ဝင်ပါနိုင်မှာလည်း မဟုတ် တော့ပေ။

မိုးလင်းသည်အထိ ဒီအတိုင်း ငြိမ်ငြိမ်လေး လဲလျောင်းနေခဲ့၏။ အိပ်ဖို့ ကြိုးစားကြည့်ပေ မယ့် အိပ်မပျော်။ အတင်းလည်း ကြိုးစားမနေတော့ဘဲ စိတ်ကို လုံးဝဖြေလျော့ချထားလိုက်သည်။ အတွေးတွေ လွင့်ချင်သလိုလွင့် လွှတ်ထားလိုက်သည်။ အခန်းထဲကို နေ့ ၏ အလင်းရောင်တွေ ဝင်လာသည့်တိုင်အောင် မင်းခန့် အိပ်မပျော်သေး။ အိပ်ချင်စိတ်လည်း မရှိပါ။ လမ်းပေါ်က ကားသံတွေ လူသံတွေကို လိုက်နားစွင့်ရင်း နေ့သစ်သည် ဘယ်လို အဓိပ္ပါယ် ရှိမလဲဟု ဆန်းစစ်နေမိ၏။ မင်းခန့် အတွက်ကတော့ အထီးကျန်သော မရေရာ သော နေ့တနေ့ဖြစ်ပါသည်။ နောက်လည်း ဒီလိုနေ့ တွေ အများကြီး ကြုံတွေရဦးမည်ဟု စိတ် မသက်သာစွာ တွေးရင်းအိပ်ရာမှ ထလိုက်၏။

ဒီတိုင်း ထိုင်နေလို့ မဖြစ်။ တခုခု တော့လုပ်ရမည်။ ပြောင်းဖို့ စပြီးစီစဉ် ကထဲက အလုပ်ရှာ ဖို့ ကြည်မာ တဖွဖွ မှာသည်။ အလုပ်ခေါ်သည့် သတင်းစာဖြတ်ပိုင်းတွေ၊ ဂျာနယ်အပိုင်းအ စတွေ တွေ့ရင် ယူလာပေး၏။ ဒါပေမယ့် သူယူလာသည့် အလုပ်တွေ မင်းခန့် မလုပ်တတ် တာသေချာလို့ ခပ်မဆိတ်ငြိမ်နေခဲ့ရ၏။ ပွဲစားလောကကိုပဲ လူသစ်တယောက်အနေနဲ့ ပြန် ဝင်ရင် ကောင်းမလားဆိုတာတွေးမိဖူးပေမယ့် မလွယ်ကူမှန်းသိလို့ စိတ်လျှော့ ထားလိုက် သည်။ ပန်းအိဖြူလို မိန်းကလေး တယောက် ဒီလောကထဲ ဝင်လာရင် မင်းခန့်လို လူစား တွေက ဝမ်းသာအားရ ကြိုဆို ကူညီကြမှာ မလွဲပေ။ ဒါပေမယ့် ကိုယ်တိုင်ရှုပ်ခဲ့ ဖူးတော့ အ ရှုပ်ခံရမှာ လန့်နေ၏။ နောက်ပြီး ရေရေရာရာ မရှိသည့် လမ်းလျှောက်ပွဲစားဘဝက အ သက် နှစ်ဆယ်ကျော်စ မိန်းကလေး တယောက်အတွက် ကျောထောက်နောက်ခံ အသိုင်း အဝိုင်း မရှိရင် ဘယ်လိုမှ မသင့်လျော်ပါ။

မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးသွားတော့ နွမ်းလျနေသည့် စိတ်ကိုပြေပျောက်စေဖို့ ရေ ချိုးချလိုက်သည်။ စိတ်ပေါက်ပေါက်နှင့် ခေါင်းပါလျှော် ပစ်လိုက်၏။ ထီးပြင်တဲ့လူ ၏အိမ် ဖက်ကတော့ တိတ်ဆိတ်နေသည်။ မင်းခန့် ရေချိုးတာကို အသံတိတ်ချောင်းနေတာ တော့ မဟုတ်လောက်ပါ။ ညက များသွားလို့ အိပ်ရာက မနိုးသေးတာပဲ ဖြစ်မည်။ တခါတလေ ကျတော့ သူ့ကို အားကျသလိုလို ရှိသည်။ ရသမျှဝင်ငွေလေး နှင့် ကြုံသလိုစား လိုက် ဖြစ်သလို သောက်လိုက်နှင့် ဘဝကို အေးအေး သက်သာဖြတ်သန်းနေ၏။ အခု လိုပန်း အိဖြူ ဘဝကို ရောက်မလာဘဲ သူ့လို ဘဝထဲ ရောက်သွားမည် ဆိုရင်တောင် မင်းခန့် ပျော်ပျော်ကြီး ဖြတ်သန်းမိလိမ့်မည်။ ယောက်ျားဘဝ ဆိုတာ လွတ်လပ်၏။ စိတ်သွားတိုင်းကိုယ်ပါ၏။

မိန်းမ ဘဝဆိုတာက မလွတ်လပ်သည့် အပြင် ပန်းအိဖြူဆိုတာကလည်း အမဲစက်တွေ နဲ့ မိန်းကလေး ဖြစ်သည်။ ဒါကြောင့် ကန့်သတ်ချက်တွေ ပိုများသည်။ ဥက္ကာ ဆိုသည့် ကောင် နှင့် တိုးမှာစိုးလို့ အပြင်တောင်ရဲရဲ မထွက်ဝံ့သည့် ဘဝဖြစ်၏။ ဖြစ်ချင်ရာ ဖြစ် ဒီကောင့်ကို အပြတ်ပြောလိုက်မည်ဟု စိတ်ဖြစ်ဖူးသော်လည်း ကြည်မာကတားသည်။

“ မလုပ်နဲ့ ဒီကောင်က အတင်းလိုက်ကပ်နေမှာပဲ၊ မသိမသာ အလိမ္မာ သုံးပြီး ရှောင်တာ ကောင်းတယ်၊ အရပ်ထဲမှာ အရှက်ကွဲစရာတွေ ဖြစ်လာရင် မကောင်းဘူး”

ဘယ်လို အလိမ္မာ သုံးမလဲ ဆိုတာကိုတော့ ရိုးသားသည့် ကြည်မာလည်း အကြံ မပေးနိုင် ရှာပါ။ ဒါနဲ့ ပဲ အိမ်ထဲကုပ်နေခဲ့ရသည်။ မင်းခန့် က မိန်းမ အဝတ်အစားတွေ နှင့် အပြင်ကို သိပ် မထွက်ချင်တာကြောင့်လည်းပါသည်။ ပန်းအိဖြူကို သိကျွမ်းသူတွေ နှင့် တိုးမှာလည်း စိုးသည်။ ထွက်ဖြစ်ရင်လည်း သွားရလာရ လွတ်လပ် ပေါ့ ပါးသည့် ဂျင်းဘောင်းဘီလို မျိုး၊ တီရှပ် နှင့် ချည်ထည် ဘလောက်စ်ပွပွ တွေလို မျိုးပဲ ဝတ် ဖြစ်၏။ ဒါကြောင့်လည်း ပြင်ပြင် ဆင်ဆင် နေပါဦးဟု ကြည်မာပြောခဲ့တာ ဖြစ်သည်။

ခေါင်းလျှော်ထားသည့် ဆံပင်တွေက ရေစင်အောင် တော်တော်သုတ်ယူရသည်။ အရင်က ဆံပင်ကို ခပ်တိုတို ထားတော့ ဘယ်လို လုပ်လုပ် အဆင်ပြေ၏။ ကြုံကြိုက်ရင်တော့ခပ် တိုတို ထပ်ညှပ်လိုက်ဖို့ စိတ်ကူးထားသည်။ ရေခြောက် ပြီးနောက် ရှုပ်ပွနေသည့် ဆံပင် တွေ ကို သပ်သပ်ရပ်ရပ် ဖြစ်အောင်ပြန်ဖြီးရတာလည်း စိတ်မရှည်ချင်ပါ။ မှန်ရှေ့မှာ ခေါင်း ဖြီး ရင်း မှန်ထဲက ဖြူဖျော့ဖျော့ မျက်နှာကို မြင်ရတာလည်း စိတ်ဆင်းရဲသည်။ ချောသည်ဟု ပြောသည့် သူတွေက ပြောပေမယ့် ပန်းအိဖြူ၏ မျက်နှာကို မင်းခန့် ဘယ်လိုမှသဘောမ ကျတာ အမှန်ဖြစ်ပါ၏။

အဝတ်လဲပြီးတော့ ကော်ဖီတခွက်ဖျော်ကာ ပေါင်မုန့် နှင့် တို့စားရင်း မျက်တောင်တွေ စင်း ကျလာ၏။ တညလုံး မအိပ်ဘဲနေခဲ့တော့ နွမ်းနယ်နေသည့် ကိုယ်ခန္ဓာက ရေချိုးလိုက်လို့ အေး သွားသည့် အခါ အိပ်ချင်လာသည်။ အိပ်ချင်စိတ်ကို ကော်ဖီနှင့် ထိန်းရင်း ဒီနေ့ ဘာ လုပ်ရင် ကောင်းမလဲဟု တွေးနေမိ၏။

ဆေးရုံပေါ်မှာ ပန်းအိဖြူဘဝကို စတင်ရောက်ရှိတုန်းက မတင်တင်အုံး ရှိသည်။ မူလေး ရှိသည်။ လူနာတယောက်ကို စောင့်ရှောက်ပေးကြတာ မျိုးဖြစ်ပေမယ့် မင်းခန့် အထီးမ ကျန်ခဲ့ပါ။

အစစအရာရာ ဒီနှစ်ယောက်ကို အားကိုးလို့ ရခဲ့သည်။ ဒီအိမ်ကို ရောက်ပြန် တော့လည်းကြည်မာ ရှိသည်။ အရင်တုံးက မကြည်လင်ခဲ့တာတွေကို မေ့ ဖျောက်ပြီး စိတ် ကောင်းရှိသည့်ကြည်မာက ကူညီပေးခဲ့သောကြောင့် များစွာ ခက်ခဲမှု မတွေ့ခဲ့ပါ။ အခု တော့ သူတို့ တွေအားလုံး မင်းခန့် နားမှာ မရှိတော့။ ကိုယ့်အားကိုယ်ကိုး ဖို့သာရှိ၏။

ကြည်မာရှိတုန်းကတော့ မင်းခန့် ဘာမှ သိပ်မတွေးပါ။ ဖြစ်သလို ကြုံသလိုစားလိုက်သည်။ ပျင်းရင် ကြည်မာနှင့် စကားပြောသည်။ အိပ်ချင်လာရင် အိပ်သည်။ နောင်ရေးရှေ့ရေး တွေးမိသည့် အချိန်က ရှားပါးလွန်းသည်။ ဘယ် ကိစ္စကိုမဆို သူ့ အချိန်ရောက် မှ စဉ်းစား ၏။ ကျန်တဲ့ အချိန်တွေမှာ ဘာမှ မတွေးဘဲ ရေစုန်မျှောနေခဲ့သည်။ အခုလို ကြည်မာ ထွက်ခွာသွားခြင်းက မင်းခန့် ကို တွန်းအားတစုံတရာ ပေးလိုက်သလို စိတ်ထဲမှာ ခံစားနေရ၏။

ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားရင်း အရင်ဆုံး ခေါင်းထဲ ရောက်လာသည့် စိတ်ကူးက မင်းခန့် အရင်ကနေခဲ့သည့် တိုက်ခန်းကို သွားကြည့်ဖို့ ဖြစ်သည်။ အခန်းကို တနှစ်စာပေး ပြီး ငှားထားတာဆိုတော့ သက်တမ်း အများကြီးကျန်သေး၏။ တကယ်လို့ အ ထဲ  ကိုဝင်နိုင် ရင် အိမ်မှာရှိသည့် ပိုက်ဆံ အနည်းအကျဉ်း ရှိနေနိုင်သေးသည်။ အိမ်သော့ တစုံက ခြေ သုတ် ခုံအောက်မှာ ရှိသည်။ နောက်တစုံက တံခါး ပေါ်က အိမ်နံပါတ်ပြားလေး ဟနေသည့် နောက်မှာရှိ၏။

ဘာလုပ်ရမှန်းမသိချိန်မှာ အရင်ဆုံးပေါ်လာသည့် စိတ်ကူးကို လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး ထ လိုက်သည်။ အဝတ်လဲဖို့ အခန်းထဲဝင်လာတော့ ပိုပြီးသိသိ သာသာ အိပ်ချင်လာသည်။နာ ရီကို ကြည့်လိုက်တော့ ရှစ်နာရီ ကျော်ကျော်ပဲ ရှိသေး၏။

“ စောတော့ စောသေးတယ်”

စိတ်လျှော့ပြီး အိပ်ယာပေါ်လှဲချလိုက်ရာ ခနလေး နှင့် အိပ်ပျော်သွားသည်။ နေ့လည် ဆယ့် တစ်နာရီ ကျော်လိုက်မှ ဗိုက်ထဲမှာ တကျုတ်ကျုတ် နှင့် ဆာလောင်စွာ အိပ်ရာကပြန် နိုး လာသည်။ အိပ်ရေးမဝသေးပေမယ့် ဆက်အိပ်လို့ မဖြစ်တော့ဟု စဉ်းစားပြီး ထလိုက် ရ သည်။ ငြီးစီစီ ဖြစ်နေတာကို ဖြေဖျောက်ဖို့ မျက်နှာ သွားသစ်လိုက်ပြီး နောက် အပြင်ထွက်ဖို့ ပြင်ရသည်။

ဘီရိုထဲက ဂျင်းဘောင်းဘီ တထည် ဆွဲထုတ်လိုက်ပြီးမှ ကြည်မာပြောတာကို သတိရပြီး အနက်ရောင် နောက်ကွဲ စကပ်ရှည် နှင့် အစိမ်းဖျော့ဖျော့ အင်္ကျီတထည်ပြန်ပြောင်းယူ လိုက်၏။ ဖရို ဖရဲ မသပ်မရပ် နှင့်တော့ သူများကို အကူအညီတောင်းဖို့ ဖြစ်လာရင် တ ဖက်သားက ပေး ချင်မှာ မဟုတ်ပေ။ ဒါကြောင့် ခေါင်းကို သပ်သပ်ရပ်ရပ် ဖြီးရသလို ကြည် မာပြောခဲ့ သလို နားပေါက်ဟောင်းဟောင်း မဖြစ်စေဖို့ နားဆွဲ တစုံ ထုတ်ပြီး နားရွက်မှာ ချိတ်လိုက်ရသည်။

“ ရှုပ်လိုက်တဲ့ အလုပ်တွေ”

မျက်နှာကို လိမ်းချယ်ဖို့ တော့ မင်းခန့် စိတ်မဝင်စား၊ လုပ်လည်း မလုပ်တတ်။ ဒါကိုတော့ ဖြစ်ချင်ရာ ဖြစ်လို့ သဘောထားကာ ပိုက်ဆံအိတ်ဆွဲပြီး အိမ်ထဲက ထွက်လာခဲ့သည်။စိတ် က မကြည်လင်တော့ ခါတိုင်းလို ထီးယူဖို့ တောင်မေ့လာ၏။ မေ့သည့် နေ့ကျမှ လမ်းမှာ ဒေါ် ချစ်ကြီး နှင့် တည့်တည့်တိုးသည်။

“ ဟယ် ...ငါ့တူမလေး လှလိုက်တာ၊ ဘယ်သွားမလို့လဲ”

“ မြို့ ...မြို့ထဲ”

“ အော် ... ဥက္ကာနဲ့ သွားမှာလား၊ တယောက်ထဲလား”

“ တယောက်ထဲ သွားမှာပါ၊ အလုပ်ကိစ္စ ရှိလို့၊ သွားမယ်နော်”

စကားမြန်မြန် ဖြတ်ကာထွက်ခဲ့ရသည်။ ဥက္ကာ နှင့်ပါ ထပ်တိုးမှာစိုးလို့ ကားဂိတ်ရောက် သည် နှင့် အရင်ဆုံးတွေ့သည့် ကားပေါ်ပြေးတက်ပြီး လိုက်လာခဲ့သည်။ ကားဂိတ်မှာနေ့လည်စာစား ဖို့ စိတ်ကူးထားတာကိုတောင်မှ စွန့်လွှတ်လိုက်ရသည်။ မင်းခန့် အရင်နေခဲ့ သည့် လမ်းထိပ် ရောက်မှ လဘက်ရည်ဆိုင်ဝင် ပြီး နန်းကြီးသုတ် မှာစားရသည်။ ဗိုက်ဝသွားပြီးနောက် လ ဘက်ရည် တခွက်မှာကာ ဇိမ်ဆွဲသောက်ရင်း ကာလရှည်ကြာ ကင်း ကွာနေရသည့် ပတ် ဝန်း ကျင်ကို လေ့ လာမိသည်။

အားလုံးဘာမှ ပြောင်းလဲ မသွားပါ။ အရင် အတိုင်းရှိနေသည်။ ကောင်တာနောက်က ရွတ် ဆုတ်ပြက္ခဒိန်၊ နံရံပေါ်က ဝေါရှိတွေ၊ ဆိုင်အလည်က တီဗွီ ကြီး။ လဘက်ရည်ချိုးကပ်နေသည့် ညို ညစ်ညစ် ခုံတွေ၊ အရင်တုန်းကလဲ မြင်ခဲ့ ဖူးသည့် မျက်နှာတွေ၊ ဆိုင်ထဲမှာပြေး လွှားနေကြသည့် စားပွဲထိုးလေးတွေ။ ဘာမှ မပြောင်းလဲသေးပါ။ လုံးလုံးလျားလျား ပြောင်းလဲသွားတာက မင်းခန့် တယောက်သာဖြစ်သည်။

ရန်ကုန်မြို့မှာ မိန်းကလေးတယောက်ထဲ လဘက်ရည်ဆိုင် ထိုင်တာမဆန်းပါ။ ဒီလိုပဲ သွား ရင်းလာရင်း ကြုံသလို စားသောက်ကြရသည်ပင်။ ဒါပေမယ့် မင်းခန့်ကို လူတချို့က ကွက်ကြည့်ကွက်ကြည့် လုပ်လာကြတော့ မင်းခန့် မနေတတ်တော့။ ကိုယ့်ကိုယ်ကို ပြန်လေ့လာ ကြည့်တော့လည်း ဘာမှ အမှားအယွင်း မရှိပါ။ သူတို့ ကြည့်နေကြတာ မင်းခန့်ကိုမဟုတ် ပန်းအိဖြူကို ဖြစ်သည် ဟု သိနေပေမယ့် ဆက်ထိုင်မနေချင်တော့။ စိတ်ကျဉ်းကြပ် လာ သည်။

“ ညီလေး ရေ ..ပိုက်ဆံ ရှင်းမယ်”

ဂစ်တာသမား ချစ်စမ်းမောင် နှင့် ခပ်ဆင်ဆင်တူသည့် စားပွဲထိုးလေး မင်းခန့် စကား ကြောင့် မျက်လုံး ပြူးသွားသည်။

“ သူများတွေက ညီလေး၊ ညီလေး ခေါ်နေကြတာနဲ့ ယောင်သွားတာ၊ ဘယ်လောက်ကျ သ လဲ ..မောင် ...မောင်လေး”

အိမ်ထဲမှာ ချည်းပဲ မနေတော့ဘူးဆိုရင် ရှေ့လျှောက်ပြီး ဆင်ခြင်ရမှာတွေ အများကြီး ရှိ သေးသည်။ ဇွတ်မှိတ် ပြီးခေါ်လိုက်ရပေမယ့် မောင်လေး ဆိုသည့် အသံက တုန်ခါနေ၏။ချာတိတ်က သတိထားမိပုံမရပါ။

“ ရှစ်ရာ ကျတယ်၊ ကောင်တာမှာ ပေးလိုက်နော်”

တထောင်တန် တရွက်ကိုင်ပြီး ကောင်တာနားကို ရောက်ချိန်မှာ အတွင်းဖက်ကနေ စား ပွဲထိုးလေး အော်သံထွက်လာသည်။

“ အဲဒီ အမကြီး ရှစ်ရာ”

“ ရှစ်ရာတဲ့ တန်တာပေါ့နော်၊ ဟဲ ..ဟဲ”

မင်းခန့် ကို ပိုက်ဆံ နှစ်ရာပြန်ပေးရင်း ဆိုင်ရှင်က နောက်၏။ ကိုရွှေဝင်း ဆိုသည့် အဲဒီလူ က ဒီလိုပဲဖြစ်သည်။ မိန်းကလေး တွေဆိုရင် ရိချင် စချင်သည်။ ဒါပေမယ့် အဲဒီ ကလေးသုံးယောက် အဖေက မိန်းမ ကြောက်ရသည့် အတွက် စရုံနောက်ရုံထက် ပိုမကဲ နိုင်ရှာပါ။ သူ့ စကားကို မကြားသလိုလုပ်ပြီး ပိုက်ဆံကို ဆွဲယူကာ ထွက်လာတော့ ကိုရွှေဝင်းနောက်က နေ လိုက်ငေးနေတာ သတိထားလိုက်မိပြီး လမ်းလျှောက်ရတာတောင် တွန့်သွားသည်။ ပန်း အိဖြူမှာ ကြည်မာ့လို တင်ပါးတွေ ရှိရင် မင်းခန့် ခြေတောင်မှ လှုပ်ဝံ့မည် မထင်ပါ။သာမန်လောက်လို့ ပဲပြောနိုင်သည့် ပန်းအိဖြူ၏ နောက်ပိုင်းကို တောင် ကိုရွှေဝင်းက မျက် စိအရသာခံချင်သေး၏။

တက်နေကျတိုက်ခန်း လှေခါးထစ်တွေကို တက်ရင်း မင်းခန့် ရင်တွေခုန်နေ၏။ ကိုယ်ပိုင် ဆိုင် ရာ အခန်းကို ပြန်လာခြင်းပေမယ့် အခြေအနေတွေက ခြားနားလို့နေသည်။ မင်းခန့်ကမင်း ခန့် မဟုတ်သောသူအဖြစ်ပြန်လည်ရောက်ရှိလာခြင်း ဖြစ်၏။ နေ့လည်ခင်း ဆိုတော့ လှေခါးတလျှောက်မှာ လည်း လူသူရှင်းနေသည်။ မင်းခန့် ကလည်းဒါကိုပဲ သဘော ကျ ပါ၏။

“ ဟာ”

အခန်းဝမှာ ရှိနေကျ အုန်းဆံ ခြေသုတ်ခုံကြီး မရှိတော့ပါ။ တံခါးအပေါ်ဖက်က နံပါတ်ပြား လေး နောက်ကို လှမ်းနှိုက်တော့ မမှီမကမ်း ဖြစ်နေသည်။ ခြေဖျားထောက်ပြီး မှီလုလု အ ချိန်ရောက် တော့မှ သော့ခလောက်ကို သွားမြင်သည်။ မင်းခန့် ရှိတုန်းကလို တရုတ်သော့ မဲမဲကြီးမဟုတ် တော့ စတီးရောင် တပြောင်ပြောင်လက်နေသည့် သော့ အကောင်းစားကြီးဖြစ်နေသည်။

“ သွားပါပြီ”

ရက်မစေ့ သေးသောအခန်းကို အိမ်ရှင် ဘာလုပ်ပစ်လိုက်ပြီနည်း။ သူလုပ်တာကို သူငယ် ချင်း တွေကလည်း ဘာကြောင့် ငြိမ်ခံနေရသလဲ ဆိုတာ မင်းခန့် မစဉ်းစားတတ်တော့။ လတ်တလော မှာအသေချာဆုံးကတော့ ဒီအထဲကို မင်းခန့် ဝင်လို့ မရတော့ခြင်း ဖြစ် သည်။ အခန်းထဲမှာ ပိုက်ဆံ ဘယ်လောက်ကျန်ခဲ့ သလဲ ဆိုတာသေသေချာချာ မမှတ်မိ ပေမယ့် မများဘူးဆိုတာသိနေလို့ ပိုက်ဆံအတွက် မနှမျောပါ။ ပစ္စည်းပစ္စယ ဆိုတာက လည်း များ လှသည် မဟုတ်။ ခေါင်းထဲမှာမထားလည်းရသည်။ ပြန်ရရင် သုံးစရာဖြစ်ပေ မယ့် မရ တော့လည်းမင်း ခန့် စိတ်လျှော့နိုင်သည့် ပမာဏ သာဖြစ်၏။ ကိုယ့် အိမ်ထဲ ကိုယ်ပြန် ဝင်လို့ မရတာတခုကိုပဲ ရင်ထဲမှာ တနုံ့ နုံ့ ဖြစ်ရသည်။

လေးလံသည့် ခြေလှမ်းတွေ နှင့် ပြန်ဆင်းလာတော့ ဘာကြောင့် ဒီကို လာဖို့ စိတ်ကူး ပေါက် တာ လဲဟု တွေးနေမိသည်။ ငွေအနည်းအကျဉ်း မှအပ ဘာမှ မက်စရာမရှိ။ ပရိ ဘောဂတွေအဝတ် အစားတွေ ဆိုတာကလည်း အခုချိန်မှာ ဘာမှ အသုံးမဝင်နိုင်တော့ပြီ။ ပလက်ဖေါင်းပေါ်ပြန် ရောက်တော့ နောက်ကို ဘယ်တော့မှ ပြန်မလာဖို့ ဆုံးဖြတ်လိုက် သည်။ သမင်လည်ပြန် တချက်မော့ကြည့်လိုက်ပြီး ကျောခိုင်းကာထွက်ခဲ့၏။ နေရာဟောင်း နှင့် ဘဝဟောင်းကို ဘယ် လောက်ပင် တမ်းတ ပါစေပြန်ရမှာ မဟုတ်တော့။ ဒီတိုက်၊ ဒီအ ခန်း၊ ဒီလမ်း မှာနေခဲ့သည့်

မင်း ခန့် ဆိုသူတယောက် လောကကြီးမှာ မရှိတော့ပါ။ ဒါက အ ဖြစ်မှန် မဟုတ်ဟု ဆိုနိုင်စေဦးတော့ မင်းခန့် ဒါကို လွန်ဆန်လို့ မရတော့ပါ။

..............................................................................................................

နောက်ဆုံးတော့ လက်ရှိနားခိုရာ အိမ်ကုပ်ကလေးကိုပဲ ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။ အဲဒီ အိမ် ထဲ ကို မင်းခန့် အလွယ်တကူဝင်လို့ရ၏။ မင်းခန့် ထိုအိမ်လေးမှာ နေသည်ဆိုတာအ များက သိ ရှိလက်ခံကြသည်။ ဒါပေမယ့် အရင်လို ထိုအိမ်လေးထဲမှာပဲ ကုပ်ပြီးနေလို့ မရ တော့။ ဘဝရပ် တည်မှု အတွက် အလုပ်တခု လုပ်ဖို့ လမ်းပေါ်ကို၊ လူတွေ ကြားထဲကိုသွား ရ ပေဦးတော့မည်။

မင်းခန့် တက်စီးလာသည့် ကားက လမ်းတဝက်မှာပျက်သွားသည်။ နေရာကလေးရလို့ အေးအေး လူလူလိုက်လာရာမှ စိတ်ညစ်သွားရသည်။ မှတ်တိုင်နှစ်ခု ကြားအလယ် တည့်တည့် မှာ ဆိုတော့ ကားပြောင်းစီးဖို့ လည်းအဆင်မပြေ။ စပယ်ယာက ကားပြောင်းတင်ပေး ပါမည် ဆိုပေမယ့် လာသမျှကားတွေကလည်း ကြပ်ညပ်နေ၏။ မင်းခန့် စိတ်မရှည်တော့တာ နှင့် နောက် မှတ်တိုင်ဆီ လမ်းလျှောက်သွားမိ၏။ ကားငှားစီး ဖို့ကလည်း ဘတ်ဂျက် အခြေအနေ ကို ပြန်ငဲ့ရသည်။ ခုချိန်က လက်ထဲမှာ ပိုက်ဆံ ကျန်နိုင်သလောက်ကျန်နေမှစိတ်အေးရမည့် ကာလဖြစ်သည်။

“ ဟာ ..ချစ်အိ ...တိုက်ဆိုင်လိုက်တာ ချစ်အိ ရာ”

ဘယ်လိုမှ မထင်မှတ်ထားသည့်နေရာတွင် ဥက္ကာ နှင့် တည့်တည့်တိုးသည်။ မင်းခန့် မြေ ကြီးထဲ ကိုသာတိုးဝင် ပျောက်သွားချင်တော့သည်။ လက်ကိုလည်း မလွှတ်တမ်း အတင်းဆွဲထားသည်။ ကြိတ်ရုန်းပေမယ့် မအောင်မြင်တော့ ဒီကောင်ကိုမှ ပတ်သက်သွားသည့် ပန်း အိဖြူကို စိတ်ထဲ ကနေကြိတ်ပြီး မေတ္တာ ပို့နေမိသည်။

“ မောင်က..ချစ်အိ ကို အရမ်းတွေ့ချင်နေတာ၊ ဒေါ်ဒေါ်ချစ် မပြောဘူးလား”

လမ်းဘေးက သစ်ပင်အောက်ကို ဆွဲချသွားသည်။ အနားမှာ လူတွေ သိပ်မရှိတော့လို့ အ ရှက် နည်းနည်း သက်သာသွားရသည်။

“ ချစ်အိ မကယ်ရင် မောင်တော့ကွဲပြီ၊ လုပ်ပါဦး ချစ်ရယ်၊ ကူမယ် မဟုတ်လား”

“ ဘာပြောတာလဲ”

မင်းခန့် အသံ၏ မချေငံမှုကို ဥက္ကာ ဘယ်လိုမှ သဘောထားပုံမရပါ။ သူပြောချင်တာ သာ စွတ် ပြော၏။

“ မောင် ...ရေ ..တပုံးလောက် လိုတယ်၊ ငါးပုလင်း လောက်ဆိုလဲဖြစ်တယ်၊ ဒီတခါတော့ ဆက် ဆက် ပြန်ပေးမယ် ချစ်ရယ်၊ ငါးပုလင်း လောက် ဖြစ်ဖြစ် ထုတ်ပေးပါဦး”

ရွံရှာစွာနှင့် လက်ကိုကြိတ်ပြီး ရုန်းပေမယ့် မလွတ်ပါ။ ကိုယ့်ခွန်အားကို ပြန်ပြီးစိတ် ပျက် လက် ပျက် ဖြစ်ရသည်။ အရင်တုန်းက မင်းခန့် ဆိုတာ အလွန်တရာထွားကျိုင်းသန်မာသူမဟုတ်ပေ မယ့် ဒီလို အီမိုကောင်ပိန်ပိန်လေး လောက်ကိုတော့ မှုစရာ မလိုပါ။ ရုန်း ထွက် နိုင်သည်သာမက မြေပေါ်မှာ အသာလေးလှဲသိပ်လိုက်နိုင်သည်။ လက်သီး နှစ် ချက် လောက် ဆိုရင်လုံလောက်မည့် သဘောရှိသည်။ ခုချိန်မှာတော့ မိန်းမငယ်လေးတ ယောက်၏ ခွန်အားမျိုးသာ မင်းခန့်မှာ ရှိနေလို့ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပါ။ စိတ် ကို အတည်ငြိမ်ဆုံး ဖြစ်အောင်ထိန်းလိုက်ပြီး အိန္ဓြေ မပျက်ရှောင် ထွက်နိုင်ဖို့ ကြိုးစား ရတော့ မည်ဖြစ်သည်။

“ လက်ကိုလွှတ်ပေးပါ”

“ အခုပါတယ် ပေါ့ဟုတ်လား”

အိတ်ဖွင့်ဖို့ လက်မအားလို့ ပြောတာထင်ပြီး ဥက္ကာ ချက်ချင်းလွှတ်ပေးလိုက်သည်။ နီရဲ နေ သောလက်ကောက်ဝတ်ကို ကြည့်ပြီး မင်းခန့်က လက်ကို ဆုပ်လိုက်ဖြန့်လိုက် လုပ်ကြည့်နေ တော့

“ နာသွားလား၊ ဆောရီးကွာ၊ မောင်လောကြီးပြီး ချစ်အိ အသားက နုနုလေး ဆိုတာမေ့ သွား တယ်၊ ပိုက်ဆံ မရလို့လည်း မဖြစ်ဘူးလေ ထင်ကျော်တို့ က ဝိုင်းလောင်တော့မှာ”

“ ဘာဖြစ်လို့လဲ”

“ သူတို့ သီချင်းလုပ်ဖို့ ရီကောဒင်း စရိတ် မောင်တာဝန်ယူထားတယ်လေ၊ ချစ်ဆီက ရမှာပဲ လို့ တွက်ပြီး ကတိပေးထားတာ၊ ချစ်အိ က ပျောက်နေတော့ မောင်ပျားတုပ်နေတာ၊ မောင် တော့ ငကြွား ဆိုပြီး မဟာ အရှက်တော်ကွဲပါပြီလို့”

သူငယ်ချင်း သီချင်းသွင်းဖို့ ရည်းစားဆီက ပိုက်ဆံတောင်းပေးသည့် ကျေးဇူးရှင်လေးကို မင်း ခန့် စိတ်ပျက်စွာကြည့်လိုက်မိသည်။ ပန်းအိဖြူ ကိုလည်း သနားမိသည်။ သူငယ်ချင်း တွေအ လှောင်ခံရမှာ ကို ကြောက်လို့ ရည်းစားဆီက ဓါးပြတိုက်သလို ပိုက်ဆံ တောင်း သည့် ချာတိတ်ကို ဘာကြောင့် ရည်းစား အဖြစ်လက်ခံခဲ့သလဲဆိုတာ တွေးကြည့်လို့ ဘယ်လိုမှမ ရပါ။ ဉာဏ်နည်း လွန်းသည့် မိန်းကလေး လို့သာ သတ်မှတ်ရတော့မည်။

“ တော်သေးတာပေါ့ ချစ်မှာ ပိုက်ဆံပါလို့”

“ မပါဘူး”

တကယ်လဲ မင်းခန့် အိတ်ထဲမှာ ပိုက်ဆံ တသောင်းကျော်လောက်ပဲ ပါသည်။ ဒါတောင် မှ အရေးအကြောင်း ရှိပါက ကားငှားစီးတန် စီးရအောင် ဆောင်လာခြင်း ဖြစ်၏။

“ ဒါဆိုလဲ ရပါတယ်၊ မနက်ဖြန်မှ ပေးလဲရတယ်၊ ဒီကောင်တွေက သဘက်ခါ မှ ဝင်ရမှာ”

ဘာမှပြောချင်စိတ် မရှိလို့ ငြိမ်နေသည့် မင်းခန့်ကို စိုက်ကြည့်ရင်း ဥက္ကာ မျက်လုံးတွေ တောက်ပြောင်လာသည်။ ထိုအရိပ်အယောင်တွေကို မင်းခန့် ကောင်းစွာ ဖတ်တတ်လို့ ကျောထဲစိမ့်သွားရ၏။

“ ချစ်အိ အခုအိမ်ပြန်ရုံပဲ မဟုတ်လား၊ အစောကြီး ရှိသေးတယ်၊ နှစ်ကြောင်းလောက် တော့ ကောင်းကောင်း မောင်းလို့ ရတယ်။ မောင်တို့ ဂိုးကြရအောင်”

“ ဘယ်လဲ”

“ သိသားနဲ့၊ မရစ်နဲ့ ကွာ၊ ချစ်အိမှာ  တည်းခိုခန်းခ လောက်တော့ပါမှာပါ။ မောင် ရေပဲ သောက်ပြီး ချစ်မယ် ဟုတ်လား။ သွားမယ်နော်၊ မဆွဲရတာကြာပြီဆိုတော့ မောင် အရမ်းဆာနေတာ”

ပြောပြောဆိုဆို လက်ကို လာဆွဲတော့ မင်းခန့် ဒေါသနှင့် ရှက်စိတ်တွေ မွှန်ထူတက်သွား ၏။ ရှိသမျှ အားကုန်ထုတ်ပြီး လက်ကို ဆောင့်ရုန်းလိုက်သည်။ ဒီချာတိတ် တော်တော်လွန် လာပြီ ဖြစ်သည်။ ယောက်ျားတန်မယ့် မိန်းကလေး တယောက်ဆီက ပိုက်ဆံ အတင်းလိုက် တောင်းသေးသည့် အပြင် အဲဒီမိန်းမ ပိုက်ဆံနှင့် တည်းခိုခန်း သွားဖို့ခေါ်နေသေးသည်။ သူ့ ထက်စာရင် ရေချိုးတာ လာလာချောင်းသည့် ထီးပြင်သမားကမှ ယောက်ျားစိတ် ရှိသေး၏။ ဟိုအရင်က အတင်းလိုက်ချောင်းခဲ့ ပေမယ့် မင်းခန့်က ကောင်းကောင်းမွန်မွန်ဆက်ဆံ ပြောဆိုလာသည့် အခါ သူ့သိက္ခာ သူထိန်းပြီး ချောင်းသည့် အလုပ်ကို မလုပ်တော့။ ဥက္ကာ လို လူစားကိုတော့ ယောက်ျားလို့ တောင် မင်းခန့် မသတ်မှတ်နိုင်ပါ။

မင်းခန့် အလွန်သိမ် ငယ်နေရသည့် မိန်းမ ဆိုတာထက်တောင် အောက်တန်းကျသည့် ကောင်စားဖြစ်၏။

“ မင်း အခု ထွက်သွားစမ်း”

“ ဘာ ..ဘာပြောတယ် ချစ်အိ”

“ မင်း ငါ့ရှေ့က အခုထွက်သွား၊ မင်းကို ငါ မသတ်မိခင် ထွက်သွားစမ်း”

“ ချစ်အိ ..မောင်လေ၊ မင်းတွေ ငါတွေ နဲ့ ဘာဖြစ်နေတာလဲ”

“ သောက်ရှက် မရှိတဲ့ မင်းပါးစပ်ကို ပိတ်လိုက်စမ်း၊ မင်းတောင်းတဲ့ ပိုက်ဆံလဲ တပြားမှ မရ ဘူး၊ မင်းနောက်လဲ ငါ မလိုက်နိုင်ဘူး၊ မင်း ငါ့ကို ဘာထင်နေလဲ”

ဒေါသတကြီး ပြောနေသည့် မင်းခန့် ကို ကြည့်ရင်း ဥက္ကာလည်း စိတ်ဆိုးလာပုံရသည်။ သူ့ ပလိုင်းထဲက ဖားပမာ ပြောချင်တိုင်းပြော လုပ်ချင်တိုင်းလုပ်ဖို့ ကြံပြီးမှ သူကတပြန်ဒေါသ ထွက်တာလောက် ရွံစရာ ကောင်းတာ မရှိပေ။

“ ချစ်အိ၊ ပိုက်ဆံ မရှိဘူး၊ မပေးနိုင်ဘူး ဆိုလဲ ရှင်းရှင်းပြောလိုက်။ ရတယ်။ လေသံမာမာ နဲ့ ကျော သလို မောသလိုနဲ့ ဥက္ကာကို လာမလုပ်နဲ့ နားကားသွားမယ်၊ လေသံကို ချက်ချင်း ပြင်လိုက်”

ဒေါသစိတ် နှင့် မွှန်ထူပြီး ဥက္ကာ မျက်နှာကို လက်သီးနှင့် ထိုးပစ်လိုက်သည်။ ဒါပေမယ့် မျက် နှာဆီကို မရောက်ဘဲ ဖမ်းချုပ်ပြီးဆွဲ လိမ်တာခံလိုက်ရ၏။ ဥက္ကာက သူ့ဖက်ကိုဆွဲ ယူလိုက်သော အခါ ကော့ပါသွားပြီး ဥက္ကာကို ကျောမှီရက်ဖြစ်သွားသည်။ ဒီလို လူစဉ်မမှီ သည့် ကောင်မျိုးလက်ကတောင်ရုန်းထွက်ဖို့ ခွန်အား မမှီသည့် ဘဝကို မင်းခန့် ရင်နာ ရသည်။ဥက္ကာ က မင်းခန့် တင်ပါး ကို နောက်နေ သူ့ပေါင်ခွဆုံ နှင့် ဖိပွတ်ရင်း

“ ဒီမှာတွေ့ လား၊ နင့်ကို -ိုး နေကျ  -ီး၊ နင်က လက်နဲ့ မတန်ဘူး၊ -ီး  နဲ့ပဲ တန်တဲ့ဟာမ၊ နင့် စောက်ချိုးနဲ့ အပြောကို ပြင်လိုက်စမ်း”

လွတ်နေသည့်လက်နှင့် ဥက္ကာကို ထုသော်လည်း အားမရ၊ တံတောင်နှင့် တွက်လို့လည်း အား မပါသည့်ပြင် တံတောင်ဆစ်ကို ဥက္ကာ ဖမ်းညှစ်တာ ခံလိုက်ရသည်။ လူသွားလမ်းဘေးမှာ အခုလို တရားလက်လွတ် အလုပ်ခံရတာ ရှက်စရာကောင်း လွန်းပါသည်။ လမ်း ပေါ်မှာ လူတွေ ရှိနေသလား။ ကြည့်နေကြသလားဆိုတာကို တောင် ရှက်စိတ်ကြောင့်မ မြင်နိုင်တော့။ ဒါပေမယ့် မော်တော်ကား ခေါင်းပိုင်းတခုက မင်းခန့် ရှေ့ကို လျှောကနဲ ရောက်လာ တာကိုတော့ မြင်လိုက်ရသည်။

အဖြူရောင်စူပါဆလွန်းကား။ နေရာတိုင်းမှာ မြင်နေကျ မထူးဆန်းတဲ့ ကားမျိုးပေမယ့် နံ ပါတ်ကို မြင်လိုက်ရသည် နှင့် မင်းခန့် ထခုန် မိမတတ်အောင် ဝမ်းသာသွားရသည်။မျိုး မင်းစိုး။ နိုင်ငံခြားမှာ ရှိမနေဘဲ ဘယ်လိုကနေဘယ်လို ရောက်လာသည် မသိပါ။ ရီဝေ သော မျက်လုံးတွေ နှင့် လေကာမှန်နောက်ကို ကြည့်လိုက်တော့ တကယ်ပင်မျိုးမင်းစိုး ဖြစ်နေသည်။

“ ဟေ့ ကောင်၊ မြန်မြန်ဆင်းခဲ့၊ ဆင်းခဲ့”

စိတ်ထဲက ကျိတ်အော်ပြောနေသည့် စကားကို ကြားရသည့် အလား မျိုးမင်းစိုး ဆင်း လာ သည်။ နောက်က ချုပ်ကိုင်ထားသည့် ဥက္ကာ လက်တွေ အနည်းငယ်ပြေလျော့သွားသည်။လူကောင်ထွားသည့် မျိုးမင်းစိုးကို ဥက္ကာ နည်းနည်းဖြုံသွားပုံရသည်။ မျိုးမင်းစိုးက လူက သာ အသုံးမကျသော်လည်း ငယ်ငယ်ထဲက အားကစားလုပ်တော့ ကိုယ်လုံးကိုယ်ထည်ကဂိုက်ဆိုက် အလွန် ကောင်းသည်။ အဝါနှင့် အနက်ကျားစပို့ ရှပ်၊ ဂျင်းဘောင်းဘီ အပြာ ရင့် ရင့် ဝတ်ထားသည့် သူငယ်ချင်းကြီး အရင်ကထက်ပို ကြည့်ကောင်းနေသည်ဟု ထင်မိ သည်။

“ လမ်းလယ် ခေါင်ကြီး မှာ ဒီလိုမျိုးတော့ မလုပ်သင့်ဘူးထင်တယ်”

ဥက္ကာ လက်တွေပို လျော့သွားသည်။ ဒီလိုကောင်စားတွေက ဒီလိုပင် သူတို့ နိုင်မည်ထင် ရင် ဖြဲခြောက်မည်။ မိုက်ပြမည်။ ရင်ဆိုင်ဖို့ မလွယ်သည့် သူမျိုးကျရင် လျှောချသွားတတ်သည်။ မျိုးမင်းစိုး ရှေ့ကို တလှမ်းတိုးလိုက်တိုင်း နောက်ကို တလှမ်းဆုတ်သွားသလို မင်း ခန့် ကို ချုပ်ကိုင်မှု့ ကလည်းလျော့သထက်လျော့ကျလာသည်။ ထို့ကြောင့် မင်းခန့် အားစိုက် ရုန်းထွက်လိုက်သည် နှင့် ဥက္ကာ လက်ထဲက လွတ် မြောက်သွားပြီး မျိုးမင်းစိုး ဘေးကို ရောက်သွား၏။

“ ကျွန်တော် တို့က ဒီလိုပါပဲ၊ သူစိတ်ဆိုးပြီး ကျွန်တော့် ကို ဝုန်းနေလို့ ခနချုပ်ထားတာ ပါ၊ သူစိတ်ပြေသွားရင် အေးဆေးပါ၊ ချစ်ကိုကြီး မယုံရင် ခနစောင့်ကြည့်လိုက်”

“ မဟုတ်ဘူး၊ သူပိုက်ဆံ အိတ်လုနေတာ”

မင်းခန့် ပြောမိပြောရာပြောချလိုက်တာပေမယ့် မျိုးမင်းစိုး မျက်လုံးက ဥက္ကာ ရှေ့မြေပြင် မှာ ကျနေ သည့် ပိုက်ဆံ အိတ်ကလေး ဆီရောက်သွားသည်။ ရုန်းရင်းဆန်ခတ် နှင့်ဘယ်အ ချိန် က လွတ်ကျသွား မှန်းတောင် မသိတော့ပါ။ ဘာမပြောညာမပြော နှင့် မျိုးမင်းစိုးအင်္ကျီလက်မောင်းကို ပင့်တင်လိုက်သည့် အခါ ဥက္ကာ နောက်ကို ခြေတလှမ်းထပ် ဆုတ်သွား သည်။ မျိုးမင်းစိုးက ရှေ့ကို တိုးပြီး ပိုက်ဆံအိတ်ကို ကောက်ယူလိုက်ကာ မင်းခန့် လက်ထဲ လာထည့်၏။

“ ခင်ဗျား ပိုက်ဆံ အိတ်လား”

“ အင်း ..အာ.. ဟုတ်တယ်၊ ဟုတ်တယ်”

မင်းခန့် ကယောင်ကတန်း ဖြစ်နေသည်ကို မျိုးမင်းစိုး သတိထားမိဟန်မတူ။ ဥက္ကာဖက် ပြန် လှည့်လိုက်သည်။

“ ငါ အခု ဖုန်းဆက်ပြီး ရဲခေါ်ရမလား၊ မင်းလမ်း မင်းသွားမလား”

“ ဟာ ..ကိုကြီးကလည်း၊ သူပြောတာ အဟုတ်ထင်နေတယ်၊ သူ လျှောက်ပြောနေတာပါ”

“ ငါမြင်တာတော့ မင်းသူ့ကို အတင်းအနိုင်ကျင့်နေတာပဲ၊ သတ္တိရှိရင် ရဲခေါ်လိုက်မယ်လေ၊ ရဲက မင်းလိုကောင် စကားကို ယုံမလားကြည့်သေးတာပေါ့”

တသက်လုံး အထင်မကြီးခဲ့သည့် သူငယ်ချင်းကြီးကို အခုမှ မင်းခန့် အထင်တကြီး ကြည့် မိသည်။ ဥက္ကာ ကို ဟောက်နေသည့် ပုံစံက အရင်မြင်ဖူးသည့် မျိုးမင်းစိုး ပုံမျိုးမဟုတ်။ဟန် တွေမာန် တွေ အပြည့်ပါသည်။

“ မင်း ကိုယ်မင်း ယုံရင်တော့ အဲဒီမှာပဲရပ်နေ၊ ငါ ဝမ်းနိုင်းနိုင်း ကိုခေါ်လိုက်မယ်၊ ဒါမှ မဟုတ် ငါ့ကို မကျေနပ်လို့ ငါနဲ့ ပဲ ရှင်းချင်တယ် ဆိုလဲရတယ်”

ပြောပြောဆိုဆို နှင့် ခါးမှာ ချိတ်ထားသည့် ဖုန်းကို ဆွဲထုတ်လိုက်တော့ ဥက္ကာ ယောင်ပေ ပေ နှင့် နောက်ဆုတ်သွားသည်။ လက်ရုံးချင်း ယှဉ်ဖို့ ဆိုတာက ဥက္ကာလို ကောင်ပိန်လေးအနေနှင့် မျိုးမင်းစိုး နားမှာ ဆင်နဲ့ ဆိတ်လိုဖြစ်နေတော့ အမြင်မှာပင် သူမနိုင်မှန်း ဥက္ကာ သိနိုင်သည်။

“ ပြေးမလို့လား၊ ပြေးရင်လည်းပြေးလေ ၊ မင်းလို ကောင်မျိုးက ရဲမှတ်တမ်း မရှိဘဲ နေမှာ မဟုတ်ဘူး၊ ဒီက စခန်းမှုးရော မြို့နယ်မှုးရော ငါ့သူငယ်ချင်း တွေ၊ မင်းဂုတ်ကို အချိန် မရွေးလာဆွဲလို့ရတယ်”

ဥက္ကာ တကယ်ကို သုတ်ကနဲ ထွက်ပြေးတော့သည်။

“ ကျေး ..ကျေးဇူးတင်လိုက်တာ”

ပြောစရာမလိုတဲ့ လူတွေပေမယ့် မနေနိုင်လွန်းလို့ ကျေးဇူးတင်စကားပြောမိသည်။ စ ခန်း မှုး နှင့် သူငယ်ချင်း ဆိုတာ တခုတော့ ရယ်ချင်၏။ မျိုးမင်းစိုး ဒီလိုမျိုးတွေလည်း လုပ်တတ် ကြောင်း အရင်က မသိပါ။ အခုကျတော့လည်း ခပ်တည်တည် နှင့် ဖိန့်တာတွေ ဘာ တွေ လုပ်လို့ နေသည်။

“ ရပါတယ်၊ ဘေးကလူတွေကလည်း နေနိုင်လိုက်ကြတာ၊ မြင်နေတာကို ဘာမှဝင်မပါ ဘူး”

ကြည့်ရတာ မင်းခန့် နှင့် ဥက္ကာ ရုန်းရင်းဆန်ခတ် ဖြစ်မှ မျိုးမင်းစိုး မြင်တာ ဖြစ်မည်။ အနား ကလူတွေကလည်း အခုနက မင်းခန့် တို့ ဒီတိုင်း စကားရပ်ပြောနေကြတာကို မြင်ထားလို့ရုတ်တရက် ဝင်မလာကြတာလည်း ဖြစ်နိုင်သည်။

“ အောင်မာ ..ချောင်းနေသေးတယ်”

“ ဘာလဲ ..ဘာလဲ”

“ ဟိုဖက် ခြမ်းက သစ်ပင်အောက်ကနေ ချောင်းနေတာလေ၊ ဒီကောင်တော့ နာချင်ပြီ ထင် တယ်၊ ရဲလက် အပ်မှပဲ”

မျိုးမင်းစိုး ပြရာကို ကြည့်လိုက်တော့ ဓါတ်တိုင် နှစ်တိုင်ကွာလောက်က သစ်ပင်ကို ကွယ် ထား သည့် ဥက္ကာ ကို တွေ့ရသည်။ မျိုးမင်းစိုး လက်ညိုး ထိုးတာကို မြင်သည့် အခါ လမ်းအတိုင်း ခပ်သုတ်သုတ် ထွက်သွား၏။

“ သွားပါပြီ”

“ ပြန်မလာရင်လည်း ပြီးတာပဲ၊ ဒါနဲ့ ခင်ဗျားက ဘယ်ကိုသွားမှာလဲ၊ ဟိုကောင် ထပ်မနှောက် ယှက် အောင် ကျွန်တော် လိုက်ပို့ ပေးရမလား”

မစီးရတာ ကြာပြီဖြစ်သည့် ကားကို မင်းခန့် လှည့်ကြည့်လိုက်မိသည်။ အရက်ဆိုင်က အ ပြန် မှတ်တိုင်မှာ ဆင်းနေခဲ့ ပြီးကထဲက ဒီကားကို မစီးဖြစ်တော့တာ ဖြစ်သည်။

“ ဟို ..ဟို ..ဘာသဘောမှ မဟုတ်ပါဘူး၊ ကူညီတာ သက်သက်ပါ”

မင်းခန့် တွေနေသည်ကို မျိုးမင်းစိုးက တမျိုးထင်ပြီး ပျာပျာသလဲ ရှင်းပြသည်။ ခုမှပြန်တွေ့ရ သည့် ချစ်သူငယ်ချင်းကို ပြုံးပြလိုက်ပြီးနောက် ရှေ့ခန်းမှာ ခပ်တည်တည်ဝင် ထိုင် လိုက်သည့် အခါ မျိုးမင်းစိုး ပါးစပ်ကြီး ပြဲသွားပြီး မောင်းသူဖက် အခြမ်းကို အပြေးအ လွှား ဝင် လာထိုင်၏။

“ လမ်းပြပေးနော်၊ ကျွန်တော်က ဒီလမ်းတွေ သိပ်မကျွမ်းဘူး၊ ဒီဖက်ကို အခုမှ ရောက်ဖူး တာ”

“ ဒီတိုင်းပဲ တည့်တည့် မောင်း၊ ပြီးရင် ညာဖက်ချိုးရမယ်”

ကားနောက်ခန်းက အထုပ်တွေမြင်လိုက်တာ နှင့် မင်းခန့် သဘောပေါက် သွားသည်။ သ ဘောကောင်းသည့် မျိုးမင်းစိုးခမျာ တခေါက်ပြန်လာတိုင်း လူကြုံပစ္စည်းတွေ တနင့်တပိုးသယ်လာရမြဲဖြစ်သည်။ ပြီးရင် ကားတစီးနှင့် လိုက်ပို့ ရ၏။ မင်းခန့် အားတဲ့ အချိန်ကြုံရင် သူနဲ့ အတူလိုက်ရသည်။ အရင်တုန်းက လူကြုံပစ္စည်းတွေ ဆိုရင် အလုပ်ရှုပ် ရလို့ မင်းခန့် မေတ္တာ ပို့ဖူးပေမယ့် ဒီတခါတော့ ဘယ်သူမှန်း မသိသည့် ပစ္စည်းပို့ ခိုင်း လိုက်သူကို ကျေး ဇူး ကျိတ်တင် မိပါသည်။ သူသာ မခိုင်းလိုက်ရင် အခုလို မျိုးမင်းစိုး နှင့် ပြန် တွေ့ ရမှာမ ဟုတ်။ ဥက္ကာ၏ အနိုင်ကျင့်မှု ကနေ အလွယ်တကူလွတ်မြောက် နိုင်ဖို့လည်း မ လွယ်ပါ။ကြံဖန်တွေးရင် ဥက္ကာကျေးဇူးတောင်ပါသည်။ သူသာ အကြမ်းပတမ်း မလုပ်ရင် မျိုးမင်းစိုး ဝင်လာမှာ မဟုတ်။ သူ့လမ်းသူ မောင်းသွားမှာ ဖြစ်သည်။

“ ကွေ့ရတော့မှာလား”

“ မဟုတ်ဘူး လိုသေးတယ်”

“ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့”

ကိုယ့်ထက် အများကြီး ငယ်မည့်ကောင်မလေးကို တရိုတသေ ဟုတ်ကဲ့ ဟုတ်ကဲ့ လုပ် နေ သည့် မျိုးမင်းစိုးကို ကြည့်ရင်း ဒီထက် နည်းနည်းစော ပြီးတွေ့ရရင် ကောင်းမည် ဟုမချင့် မရဲတွေးမိသည်။ ကြည်မာ ပြောင်းမသွားခင်သာ ဆိုရင် မင်းခန့် ရှိသမျှ ဉာဏ် နီ ဉာဏ် နက် အကုန်ထုတ်ပြီး သူတို့ နှစ်ယောက် အဆင်ပြေအောင် လုပ်ပေး မိမှာ မလွဲပါ။

“ ဟို ရှေ့ကလမ်းမှာ ညာကွေ့လိုက်တော့”

“ ကွေ့ပြီးရင်ရော”

“ တည့်တည့် မောင်းသွားရုံပဲ”

“ အော် ..ဟုတ်ကဲ့”

မျိုးမင်းစိုး အချိုးမပြေတာ အဲဒါတွေပင်။ မရင်းနှီးသည့် မိန်းကလေး တွေဆိုရင် အမ တန် အမ၊ ညီမ တန် ညီမ လိုက်လျောညီထွေ မပြောတတ်။ ခင်ဗျား နှင့် ကျွန်တော် နှင့် ဟုတ်ကဲ့ ခင်ဗျ နှင့် ရွယ်တူတန်းတူ ပမာ၊ ကိုယ့်ထက် ကြီးရင့်သူပမာ ရိုသေစွာ ဆက်ဆံတတ် သည်။ ဒါကြောင့်လည်း မိန်းမတွေ နှင့် တရင်းတနှီး ဖြစ်ဖို့ ဝေးကာ ခုထက်ထိ မစွံ ခြင်းဖြစ်သည်။ကိုယ့်အတွေး နှင့် ကိုယ်ပြုံးမိချိန်မှာ မျိုးမင်းစိုး လှည့်ကြည့်တာ နှင့် တိုးလို့ မင်းခန့် မျက်နှာ ပိုး မြန်မြန်သတ်လိုက်ရသည်။ ဒီကျေးဇူး ရှင်က သိပ်ပြီး အထူအပါး နားလည်သည့်ကောင် မဟုတ်၊ မတော်လို့ သူ့ကို ပြီတီတီ လုပ်ပြတယ်ထင်သွားရင် ခက်မည်။

နောက်ပြီး မင်းခန့် ကို နေ့ချင်းသဂြိုလ် လိုက်လို့ ဒီဘဝ ရောက်ရတာကို သတိရလိုက်သည့် အခါ စိတ် ထဲမှာ မကျေမနပ် ခံစားရပြန်သည်။ မင်းခန့် နှင့် မျိုးမင်းစိုးက အရင်းနှီး ဆုံးတွေ လို့ ပြောနိုင်သည့်အတွက် ဆုံးဖြတ်စရာ ရှိရင် ကျန်တဲ့ ကောင်တွေက မျိုးမင်းစိုးကို ပဲ ခေါင်း တပ် ကြမှာ ကျိန်းသေသည်။ ဒါကြောင့် နေ့ချင်း မီးရှို့ လိုက်သည့် ကိစ္စမှာမျိုးမင်းစိုး တာ ဝန် အရှိဆုံး ဖြစ်လိမ့်မည်။ ဒီလိုကျပြန်တော့ စောစောက ဖြစ်မိသည့်  ကြည်မာနှင့် နီး စပ် အောင် လုပ် ပေး ချင်သည့် စေတနာ တွေတောင် ပျောက်သွား၏။

မကျေ မချမ်းနှင့် ဘု ကြည့်ကြည့် လိုက်မိသည်ကို မျိုးမင်းစိုး မတွေ့ပါ။ ရှေ့ကို ကြည့်ပြီး ကားကိုသာအာရုံ စိုက် မောင်းနေ၏။


အပိုင်း (၆) ဆက်ရန် >>>>>


Print Friendly and PDF

No comments:

Post a Comment