Sunday, October 27, 2013

နတ်သမီးပေးတဲ့ ချစ်လက်ဆောင် အပိုင်း ( ၁ )

နတ်သမီးပေးတဲ့ ချစ်လက်ဆောင် အပိုင်း ( ၁ )

မောင်ဟိတ် ရေးသည်။

တကယ့်အဖြစ်အပျက်ဆိုတာမျိုးကလေ ... တခါတလေများ ... ဆန်းကျယ်လွန်းလို့ ... စာရေးဆရာတွေ ... စိတ်ကူးနဲ့ ရေးထားတဲ့ ... စိတ်ကူးယဉ် ဇာတ်လမ်းတွေ နောက်ကောက်ကျ ... လိုက်မမှီအောင် ဆန်းကျယ်လွန်းတယ်ဗျ ... ဒီအဖြစ်အပျက်ကို ... တခြားသူတွေလာပြောရင် မယုံပါဘူးဗျာ ... ရူးနေလားဆိုပြီး ဟားတိုက်ရီပစ်လိုက်မှာ သေချာတယ် ... ကိုယ်တွေ့ဖြစ်နေတော့ ... မယုံလို့ မရဘူးဗျ ... မယုံလို့မရဘူး ...

ခန့်မင်း

ဤဇာတ်လမ်းကို မြန်မာဆိုက်ဘာမီဒီယာ (http://www.mmcybermedia.com) တွင် ၂၅ ရက်၊ မတ်လ၊ ၂၀၁၁ တွင် ပထမဦးဆုံး စတင် တင်ဆက်ပါသည်။

မှတ်ချက်။   ။ ဤဇာတ်လမ်းသည် ... တကယ့်အဖြစ်အပျက်ကို အခြေခံ၍ ... စိတ်ကူးယဉ် ဖန်တီးထားသော ... ဇာတ်လမ်းတပုဒ်သာ ဖြစ်ပါသည် ...

ချစ်ဖူးသူတိုင်း ချစ်ဦးသူနဲ့ ညားကြပါစေ ...

အမြဲဆုတောင်းလျက်

မောင်ဟိတ်

..................................................................................................................................

ဝါသနာဆိုတာမျိုးကလေ ... တယောက်မှာ တမျိုးဆီတော့ ရှိကြတာပဲ ... တံဆိပ်ခေါင်းစုတာ ဝါသနာပါတဲ့လူ ... ရှေးဟောင်း ပစ္စည်း စုတာ ဝါသနာပါတဲ့လူ ... ကျွန်တော်လည်း ... စာအုပ်အဟောင်းတွေ စုတာ ဝါသနာပါတယ် ... ထားပါတော့ဗျာ ... ဘကြီးခန့်ဆိုတဲ့ ... ကျွန်တော့် ဦးလေးက ... လူ့ဂွစာဗျ ... သူ့ဝါသနာက အဆန်း ... ပုလင်းသေးသေးလေးတွေကို စုဆောင်းရတာ အရမ်းဝါသနာပါတယ် ... သူက လူပျိုကြီး .. အင်းယားမြိုင်က ခြံထဲမှာ နေတာ ... ကျွန်တော့်ရဲ့ မွေးစားအဖေ ကျေးဇူးရှင်လို့လည်း ပြောလို့ ရပါတယ် ... 

ကျွန်တော်တို့က ပြည် ပေါင်းတည် ဇာတိ ... ကျွန်တော် ဆယ်တန်းအောင်တဲ့နှစ်မှာ ... ကျွန်တော့် မိဘတွေက ဆုံးသွားတော့ ... အမေ့ရဲ့ အစ်ကိုကြီး ... ဘကြီးခန့်က ကျွန်တော့်ကို ... မွေးစားလိုက်တာ ... ဆွေမျိုးဆိုလို့လဲ ဒီတူအရီးနှစ်ယောက်ပဲ ရှိတာ ... ဘကြီးခန့်က ... စိတ်ရင်းတော့ အရမ်းကောင်းတယ် ... လူဖြောင့်လို့ ပြောရင်ရတယ် ... ဘယ်လောက် ဖြောင့်သလဲဆိုရင် ... ပေတံတောင် သူ့လောက်မဖြောင့်ဘူး ... ရိုးရိုးသားသားနေတယ် ... မနက်စောစောထ ... ဘုရားရှိခိုး ... လမ်းလျှောက် ... ပြန်လာရင် ... ကော်ဖီနဲ့ မုန့်စား ... ပြီးရင် ... သူ့အခန်းဘေးက ... ပုလင်းတွေသိမ်းထားတဲ့ ... မြေအောက်ခန်းကို ဖွင့် ... ရှိသမျှပုလင်းတွေကို ... အဝတ်သန့်သန့်လေးနဲ့ ထိုင်သုတ်တော့တာပဲ ... 

ဘကြီးခန့်က အလုပ်မလုပ်ဘူးဗျ ... အဘိုးလက်ထက်က အမွေတွေက ... တော်တော်များတယ် ... ဘဏ်ထဲမှာ အပ်ထားတယ် ... နောက်ပြီး အင်းယားလမ်းထဲမှာ ခြံတခြံအမွေရတယ် ... အဲဒီခြံကို နိုင်ငံခြားကုမ္ပဏီတခုကို ... ဒေါ်လာနဲ့ ငှားစားထားတာ ... တလ သိန်း သုံးဆယ်လောက် ရပါတယ် ... ရတဲ့ပိုက်ဆံနဲ့ ကျွန်တော်တို့ တူအရီးနှစ်ယောက် လောက်ငှပါတယ် ... ပိုတောင်ပိုသေးတယ် ... 

ဟော့ဟော့ရမ်းရမ်း သုံးကြတာမှ မဟုတ်တာ ... ကျွန်တော့်ကိုလည်း တော်တော်ဂရုစိုက်ပါတယ် ... အဖေအမေ ဆုံးထားတော့ ... ကျွန်တော် စိတ်ညစ်နေမှာစိုးလို့ ... သုံးချင်တာသုံးဖို့ ... တလ သုံးသိန်း သုံးခွင့်ပေးထားပါတယ် ... ကျွန်တော်က သိပ်မဝယ်တတ်ပါဘူး ... စာအုပ်တွေ ဖတ်ရတာတော့ ကြိုက်တယ် ... ဘကြီးခန့်က ... ပန်းဆိုးတန်းမှာ ... စာအုပ်တွေ လိုက်ဝယ်ပေးပါတယ် ...ဘကြီးခန့်က ... ကျွန်တော့်အပေါ်ကောင်းရှာပါတယ် ...

ကျွန်တော်တို့တဲ့ နေတဲ့ ... အိမ်လေးက ... တထပ်တိုက် ... ခပ်မှိုင်းမှိုင်း မီးခိုးရောင် သုတ်ထားပါတယ် ... ဝင်ဝင်ချင်းက ဧည့်ခန်း ... ဘယ်ဘက်ခြေရင်းက ... ကျွန်တော့်အခန်း ... ကျွန်တော့်ဘေးမှာ တခန်းလွတ်တယ် ... ဧည့်သည်လာရင်တည်းဖို့ ... တခါမှလည်း ဧည့်သည်မလာပါဘူး ... ညာဘက်ခေါင်းရင်းက ... ဘုရားခန်း ... ဘုရားခန်းဘေးက ... ဘကြီးခန့် ... နေတယ် ... အခန်းတိုင်းမှာ ... ရေချိုးခန်း အိမ်သာ ပါပြီးသား ... နောက်မှာတော့ ထမင်းစားခန်းနဲ့ ... မီးဖိုခန်းရှိတယ် ...  တထပ်တိုက်ပေမယ့် ... အောက်မှာ မြေအောက်ခန်းရှိတယ် ...

ဘကြီးခန့် အခန်းထဲကနေ ဝင်ရတာ ... သူ့ပုလင်းတွေ ထားတဲ့ အခန်းပေါ့ ... အိမ်ဘေးမှာတော့ ... ရေကူးကန်လေး ရှိပါတယ် ... ဘကြီးခန့် ပြောတာတော့ ... ရေမကူး ဖြစ်တာ ကြာပြီတဲ့ ... ဒါပေမယ့် ... ရေကူးကန်က ... သန့်သန့်ရှင်းရှင်း ရှိပါတယ် ... ဘကြီးခန့်က ... တနင်္ဂနွေနေ့တိုင်း သန့်ရှင်းရေးလုပ်ပါတယ် ... ကျွန်တော်ရောက်လာတော့ ... ကျွန်တော်ပဲ သန့်ရှင်းရေး လုပ်တယ် ... ဘကြီးခန့်က ... အဆုတ်သိပ်မကောင်းဘူး ... နည်းနည်းအေးတာနဲ့ ... ချောင်းဆိုးချင်တယ် ... ချောင်းဆိုးရင် ... မြန်မာဆေးပဲ သောက်တယ် ... အင်္ဂလိပ်ဆေးတွေကို ... မယုံဘူးတဲ့ ... တခါတလေ ... ဘကြီးခန့်က ... ဂွ ... တကယ့်ဂွ ...

ဘကြီးခန့်က တခြားကိစ္စတွေဆို တော်တော်အလိုလိုက်ပါတယ် ... ဘာစားချင်သလဲ ... ဘာဝတ်ချင်သလဲ ... သွားဝယ်ချေ ... သွားစားချေ ... ဒါပေမယ့် ... အဲဒီအခန်းထဲကိုတော့ ဝင်တာ လုံး၀ လုံး၀ မကြိုက်ဘူး ... မှတ်မှတ်ရရ ... တခါပဲ ရောက်ဖူးပါတယ် ... ဘကြီးခန့် စိတ်လိုလက်ရ ... ပြတာ ... ပေ ၃၀ ပတ်လည်လောက်ရှိတဲ့ မြေအောက်ခန်းထဲမှာ ... ပုလင်းတွေဗျာ ... နည်းတာ မဟုတ်ဘူး ... 

ဗီဒိုထဲမှာ စီထားတာမှ အစီအရီပဲ ... သူ့ပုလင်းတွေက ... အကြီးကြီးတွေတော့ မဟုတ်ဘူးဗျ ... ရေမွှေးပုလင်းလို ... သေးသေးလေးတွေ အများကြီးပဲ ... ပုလင်းတွေဘေးမှာ စာရွက်လေးတွေ ကပ်ထားတယ် ... စာရွက်ပေါ်မှာ ... ဘယ်နှခုနှစ်က ဘယ်ကရတယ် ... ဘယ်သူ့ပစ္စည်း စတာတွေ ရေးထားတယ် ... ဘကြီးခန့် ပြောတာတော့ ... ပုလင်းတလုံးချင်းဆီမှာ ရာဇဝင်တွေ ရှိတယ်တဲ့ ... ပုလင်းလေးတွေက တော်တော်လှပါတယ် ... 

ကနုတ်ပန်းလေးတွေနဲ့ ပုလင်းလေးတွေရဲ့ပုံစံက ... တော်တော်ထူးခြားပါတယ် ... ပုလင်းတလုံးဆို ... ဂရိဘက်ကလာတာတဲ့ ... မြေအောက်ခန်းထဲမှာ ... မီးခံသေတ္တာ တလုံးလဲ ရှိပါတယ် ... အဲဒီထဲမှာတော့ ... အရမ်းတန်ဖိုးကြီးတဲ့ ရှေးဟောင်းပုလင်းတွေ ထည့်ထားတယ်တဲ့ ... ကျွန်တော်က စိတ်မဝင်စားတာနဲ့ ... သူပြောသမျှ နားထဲမရောက်ပါဘူး ... သူကလည်း ... ကျွန်တော် စိတ်မဝင်စားတာ ရိပ်မိတော့ ... နောက်ပိုင်း မပြောတော့ပါဘူး ...

ကျွန်တော်တို့အိမ်မှာ ... တခြားလူ မရှိဘူး ... ဘကြီးခန့်ရယ် ... ကျွန်တော်ရယ် ... နှစ်ယောက်ထဲ ... နေတယ် ... အိမ်ကို သူငယ်ချင်း အပေါင်းအသင်းတွေ အလည်မခေါ်ရဘူး ... လမ်းကြုံလို့ဝင်လာရင်လည်း ... လက်မခံရဘူး ... တမျိုးပဲဗျ ... ပေါင်းရသင်းရခက်သလားဆိုတော့လည်း ... မဟုတ်ပြန်ဘူး ... မနက်အိပ်ရာထရင်လည်း ... နိုးပြီလား ... သား ဘာစားချင်သလဲ ... ဘာညာနဲ့ ဂရုစိုက်ပါတယ် ... 

ကျွန်တော် မသိတဲ့ အကြောင်းတွေဆို ... စိတ်လိုလက်ရ ရှင်းပြတတ်တယ် ... သူ ပြောတာတော့ ... အိမ်ကို ဧည့်သည်လာတာ မကြိုက်ဘူး ... လုံးဝမကြိုက်ဘူး ... အိမ်ကို ဧည့်သည် လာတာ မကြိုက်တာ ... ဘကြီးခန့်က ... လကုန်ရက်မျိုး ... အထူးသဖြင့် ... လကွယ်ရက်မျိုးမှာ ... အပြင်သွားလေ့ရှိတယ်ဗျ ... သုံးလေးရက်လောက် ပြန်မလာဘူး ... ဘယ်သွားလဲ မေးတော့လည်း ... မသိချင်ပါနဲ့ကွာတဲ့ ... နောက်မမေးနဲ့ ... အိမ်မှာသာ ကောင်းကောင်း စောင့်နေတယ်တဲ့ ... အစပိုင်းတော့ နေရတာ နည်းနည်း ပျင်းပေမယ့် ... တက္ကသိုလ်ကျာင်းတွေ ဖွင့်တော့ ... ကျောင်းတက် ... ပြန်လာ ... စာဖတ်နဲ့ ... နေသားကျသွားတယ် ...

........................................................................................................................................

သန်လျင်နည်းပညာကောလိပ် (GTC) တဲ့ ... ကျောင်းစဖွင့်တာ နှစ်ရက်ရှိပြီ ... ကျွန်တော် မတက်ချင်ပါဘူး ... ကားကို အကြာကြီး မောင်းမှ ရာက်တဲ့ ကျောင်း ... ကျောင်းရှေ့ရောက်တော့လည်း အခန်းရောက်ဖို့ အတော်ကို လမ်းလျှောက်ရသည် ... ကျောင်းတက်ရတာ စိတ်မပါ ... ကျောင်းစဖွင့်တော့ ... အခန်းထဲက ... ကောင်တွေက သိပ်မမိုက်ဘူးဗျ ... ပြောချင်သလိုလို မပြောချင်သလိုလို ... မိန်းကလေးတွေလည်း ... ဒီအတိုင်းပဲ ... ကိုယ်က ခင်ချင်လို့ မိတ်ဆက်တာတောင် ... ဖော်ဖော်ရွေရွေမရှိဘူး ... 

ခေါ်ချင်သလိုလို မခေါ်ချင်သလိုလို ... နေပေါ့ကွာ ... အထာတွေ လာမကိုင်နဲ့ ... အဲဒီလို လူမျိုးတွေနဲ့ သူငယ်ချင်း မဖြစ်ချင်ပါဘူး ... သူတို့က ခပ်တည်တည်ဆိုတော့ ကိုယ်လည်း ခပ်တည်တည်ပဲ နေရတော့မှာပေါ့ ... အတင်းလိုက်ရောရင် ငပေါဖြစ်သွားမယ်လေ ... ရန်ကုန်ကလူတွေက တမျိုးဗျ ... သိပ်ဖော်ဖော်ရွေရွေမရှိဘူးဗျ ... ခပ်တည်တည်နဲ့ တမျိုးပဲ ... ကျောင်းနဲ့ အိမ်က တော်တော် ဝေးပါတယ် ... ဘကြီးခန့်က ... ကျောင်းသွားရင် စီးဖို့ ... အမည်းရောင် ဘောက်စဂွန်ကားလေး တစီးဝယ်ပေးပါတယ် ... 

ညနေဘက် ... ကားမောင်းသင်ရင်း ... နောက်ပိုင်းမောင်းတတ်တော့ ... မနက်ဆို ... ကိုယ့်ကားကို မောင်းသွား ... ပြန်လာ ... အဆင်ပြေပါတယ် ... ကျောင်းစတက်တဲ့နေ့က ... နည်းနည်းတော့ ရွာလည်ပါတယ် ... ရန်ကုန်ကလမ်းတွေက နည်းနည်းရှုပ်တယ်ဗျ ... ကျောင်းစတက်တဲ့နေ့က ... ဘကြီးခန့်လိုက်ပို့ပေးတော့ ... မှတ်မိသေးတယ် ... နောက်နေ့ ကိုယ့်ဘာသာကိုယ်သွားတော့ ... လမ်းနည်းနည်းမှားသွားတယ် ... သာကေတဘက်မှာ လည်နေလို့ ... မနည်းမေးပြီး ... သန်လျင်ဘက် သွားရပါတယ် ... သန်လျင်တံတားကျော်သွားတော့မှ ... လမ်းကို မှတ်မိတယ်ဗျ ... ဒီအတိုင်းမောင်းရင်း ... ကျောင်းရှေ့ရောက်တော့ ... ၁၀ နာရီခွဲကျော်သွားပြီ ... တချိန်တော့ လွတ်သွားပြီနဲ့တူတယ် ...

ကျောင်းသားရေးရာအရှေ့ရောက်တော့ ... လူတွေ သိပ်မရှိဘူး ... ရှင်းနေတယ် ... စာသင်နေကြပြီနဲ့တူပါတယ် ... အရိပ်ရတဲ့နေရာမှာ ... ကားရပ်လိုက်တယ် ...အချိန်စာရင်းအရ ... Drawing အချိန် ... တီပေတံရယ် ... လွယ်အိတ်ရယ် ယူပြီး ... အခန်းလျှောက်ရှာကြည့်ပါသေးတယ် ... အခန်းက ဘယ်နားမှာမှန်း မသိဘူး ... ဟိုလျှောက် ဒီလျှောက်နဲ့ .. မတွေ့တာနဲ့ ... ကျောင်းသား တယောက်ကို .. မေးကြည့်လိုက်တော့ ... အခန်းက နည်းနည်း ဝေးသေးတယ် ... ကားကိုလည်း မရွှေ့ချင်တော့ပါဘူး ... 

ဒီအတိုင်း လျှောက်လာရင်း ... ကောင်မလေး တစ်ယောက် ... ငိုမဲ့မဲ့နဲ့ ထိုင်နေတယ် ... သူ့ပုံစံလေးက ... လှတယ်ဆိုရုံလေး လှတယ် ... ချောတယ် ဆိုရုံလေး ချောတယ် ... ထူးခြားတာလေးက ... သူ့မျက်နှာ ... အရမ်းချစ်ဖို့ကောင်းပါတယ် ... ရင်အေးစေတဲ့ မျက်နှာပေါက်မျိုးဆို ပိုမှန်ပါလိမ့်မယ် ... ရင်ထဲမှာ အေးကနဲ ဖြစ်သွားတယ်လို့ ... ခံစားမိတယ်ဗျာ ... ကြည့်ရတာ ... သူလည်း ကျွန်တော့်လိုပဲ အခန်းပျောက်နေတယ်နဲ့ တူတယ် ... လမ်းပေါ်မှာလည်း ဘယ်သူမှ မရှိတော့ ... သနားပါတယ် ... ကျွန်တော်လျှောက်လာတာ မြင်တော့ ... အားကိုးတဲ့အကြည့်နဲ့ လှမ်းကြည့်နေပါတယ် ...

" တခုလောက် မေးပါရစေရှင့် ... Drawing အခန်းက ဘယ်နားမှာလဲမသိဘူးနော်"

" ညီမက ... ဘယ်အတန်းကလဲ"

" Electrical Power ပထမနှစ်ပါရှင့်"

" ဟင် ... ဒါဆို ကျွန်တော်နဲ့ အတူတူပဲဗျ ... ကျွန်တော်လည်း EP ပဲ"

" ဟုတ်လား ... အိ ... ဝမ်းသာလိုက်တာ ... ကျောင်းနောက်ကျတော့ ... အခန်းက ဘယ်လိုမှ ရှာမရဘူး ... ငိုတောင် ငိုချင်တယ်"

" ကျွန်တော့်နာမည် ... ခန့်မင်းပါ ... "

" ဟုတ်ကဲ့ရှင့် ... အိနာမည်အရှည်က ... ယွန်းအိလို့ ခေါ်ပါတယ် ... သူငယ်ချင်းတွေက ယွန်းအိလို့ ခေါ်ကြတယ်"

" ကျွန်တော်လည်း ... အရမ်းဝမ်းသာပါတယ် ... ယွန်းအိ ... လို့ပဲ ခေါ်မယ်ဗျာ"

" ဟုတ်ကဲ့ရှင့် ... ကိုခန့်လို့ ခေါ်ရင်ရတယ်မှတ်လား"

" ရပါတယ် ခင်ဗျ ..."

ယွန်းအိ ... နာမည်လေးကလည်း မြန်မာဆန်ဆန်လေးနဲ့ ... ချစ်ဖို့ကောင်းသား ... အသံလေးက ချိုပြီး ... နားထဲအေးသွားစေတဲ့ အသံ ... အရင်ဘဝက ရေခဲတုံးတွေ အများကြီး လှူခဲ့တယ်ထင်ပါရဲ့ ...

" အင်း ... ဒါနဲ့ အဆောင်က မရောက်သေးဘူးလားဟင်"

" ရောက်သေးဘူး ... ဟိုးမှာ လိုသေးတယ်"

" ညောင်းလာပြီ ... ဟင့်"

သယ်လာတာ လေးလို့ ထင်ပါရဲ့ ... ယွန်းအိ ... အောက်နှုတ်ခမ်းလေး ကိုက်ရင်း ... မျက်နှာလေးက နီရဲရဲလေးဖြစ်နေတယ် ... ချစ်ဖို့တော့ အရမ်းကောင်းတယ်ဗျ ...

" ခြင်းတောင်းကိုင်ပေးမယ်လေ ... လေးနေပြီနဲ့ တူတယ် ... ပေးပါဗျာ"

" အို ... ရပါတယ်ရှင့်"

ကျွန်တော် ... ယွန်းအိ လက်ထဲက ခြင်းတောင်းကို အတင်းယူလိုက်ပါတယ် ... ယွန်းအိလက်ကလေးက ... အရမ်းနူးညံ့တာပဲဗျာ ... မိန်းကလေးတစ်ယောက်ရဲ့ လက်ကို ... တကယ်ပါ ... ပထမဆုံး ကိုင်ဖူးတာပါ ... လူကဖိန်းကနဲ ရှိန်းကနဲ ဖြစ်သွားပေမယ့် ... ဘာကြောင့်မှန်းတော့ မသိသေးပါဘူး ... သူလည်း တွန့်ကနဲ ဖြစ်သွားပါတယ် ... သူလည်း ညောင်းနေပြီ ထင်ပါရဲ့ ... သိပ်မငြင်းရှာဘူး ... 

ယွန်းအိ နဲ့ ကျွန်တော်နဲ့ ဆို ... ကျွန်တော်က ခေါင်းတစ်လုံးလောက် ပိုမြင့်တယ်ဗျ ... ယွန်းအိ က ဂါဝန်အဖြူရောင် ဝမ်းဆက်လေး ဝတ်ထားတယ် ... မှတ်မိတာပေါ့ဗျာ ... နည်းနည်းခွာလျှောက်တယ် ဆိုပေမယ့် ... ယွန်းအိ သုံးတဲ့ ရေမွှေးအနံ့က သင်းပျံ့နေတာပဲ ... အဲဒီတုန်းက ... ကျွန်တော်တို့ရဲ့ စိတ်တွေက ဖြူဖြူစင်စင်လေးတွေမို့ ... ဟိုဟိုဒီဒီ မတွေးတတ်သေးပါဘူး ... ယွန်းအိ သိပ်လှတာတော့ သိပါတယ် ...

" ဖြေးဖြေးလျှောက်ပါ ... ကိုခန့်ရယ် ... နောက်က ကျားလိုက်လာတာကျနေတာပဲ"

" ဆောရီး ... ယွန်းအိ ... မောနေပြီလား"

" အင်း ... ချွေးတောင် နည်းနည်းစို့လာပြီ"

" ဟိုရှေ့က အဆောင်က ... Drawing ခန်းပဲ "

" ဟုတ်ကဲ့ရှင့်"

ယွန်းအိနဲ့ ကျွန်တော် ... အခန်းထဲဝင်လာတော့ ... အတန်းထဲက လူတွေ အားလုံး ဝိုင်းကြည့်ကြတယ် ... ဆရာ့ကို ... ခွင့်တောင်းပြီး ... သုံးတန်းမြောက် ခုံမှာ ... နေရာယူလိုက်ပါတယ် ... ဆရာက ပုံအသစ် သင်ဖို့ စလုပ်နေတုန်း ... ဆိုတော့ ... အတော်ပါပဲ ... ကျွန်တော် ပုံကောင်းကောင်းဆွဲဖို့ လုပ်နေတုန်း ... ယွန်းအိ ဘက်ကို လှည့်ကြည့်လိုက်တော့ ... ယွန်းအိမှာ ပုံဆွဲစာရွက်မပါဘူးလေ ... သနားပါတယ် ... ဗလာစာအုပ်ထုတ်ပြီး ... ငိုမဲ့မဲ့လေး ဖြစ်နေရှာတယ် ...

" ယွန်းအိ ... စာရွက်မပါဘူးလား"

" ဟင့်အင်း ... ဗလာစာအုပ်တွေပဲပါတယ်"

" ရော့ ... တရွက်ယူပြီး ဆွဲ"

..............................................................................................................................................................

ကျွန်တော့် ပုံဆွဲ စက္ကူလေးငါးရွက်ထဲက ... တရွက်ယူပြီး ... ယွန်းအိ စားပွဲပေါ်မှာ ခင်းပေးလိုက်တယ် ... ပုံဆွဲတဲ့ခုံတွေက ... သေချာမစီထားတော့ ... နည်းနည်း ကြပ်တယ်ဗျ ... အမှတ်မထင်ပါပဲ ... ကျွန်တော့်လက်မောင်းက ... ယွန်းအိ ရင်သားလေးကို ... ထိသွားတယ်ဗျ ... ပွတ်ဆွဲသွားတယ် ... ဖိန်းကနဲ ရှိန်းကနဲဗျာ ... ခံစားချက်ကို ... သေချာတော့မပြောတတ်ဘူး ... လက်မောင်း တလျှောက် ... ကြက်သီးတွေ ထသွားတာတော့ သိလိုက်တယ် ... ယွန်းအိကို လှမ်းကြည့်တော့ ... မျက်နှာ ရဲကနဲ ဖြစ်သွားပြီး ... သူ့ကိုယ်လုံးလေး တွန့်ကနဲ ဖြစ်သွားတယ် ... အားနာလိုက်တာ ယွန်းအိရယ် ...

" ဟာ ... မတော်လို့ပါဗျာ ... တောင်းပန်ပါတယ်နော် ... ယွန်းအိ ... ကျွန်တော် တမင်သက်သက်လုပ်တာ မဟုတ်ဘူးနော်"

" ရပါတယ် ... ကိုခန့်ရဲ့ ..."

ယွန်းအိ ... မျက်နှာလေး ... ပိုရဲသွားတယ်လို့ထင်ပါတယ် ... နည်းနည်းတော့ ရှက်သွားမယ် ထင်တယ်ဗျာ ... အားနာလိုက်တာဗျာ ... တကယ်ပါ ... တမင်သက်သက် လုပ်တာ မဟုတ်ရပါဘူးဗျာ ... 

ယွန်းအိ ... အသံလေးတိတ်သွားတယ် ... သူလည်း တခါမှ ... ဒါမျိုး မဖြစ်ဘူးဖူးနဲ့ တူပါတယ် ... ကျွန်တော့်ကို နည်းနည်းလေး ... ရှိန်သွားတယ် ... ကျွန်တော့်ကို အခွင့်အရေးယူတတ်တဲ့ကောင်လို့များ ... ထင်သွားလား မသိပါဘူးဗျာ ... စကားလည်း ပြန်မပြောတော့ဘူးဗျ ... ငါးမိနစ်လောက် ငြိမ်နေပြီး ... လှမ်းကြည့်လိုက်တော့ ... ယွန်းအိ ပုံ သိပ်မဆွဲတတ်ဘူးထင်ပါရဲ့ ... နောက်ပြီး ယွန်းအိပေတံလေးက တိုတိုလေး ... ခဲတံကလည်း ... ကောင်းကောင်းမပါဘူး ...

" ကိုခန့် ... လုပ်ပါအုံး ... ဘယ်ကဘယ်လို စဆွဲရမှန်းမသိတော့ဘူး"

" ယွန်းအိ ... ပေတံအရှည်မပါဘူးလားဟင်"

" ဟင့်အင်း ... မပါဘူး"

" ရော့ ... ဒီပေတံနဲ့ဆွဲ"

ကျွန်တော့် ပေတံရှည်ကို ... ယွန်းအိကိုပေးလိုက်ပါတယ် ... ကျွန်တော် ... ယွန်းအိခုံနား ကပ်ပြီး ... ဟိုလိုဆွဲ ဒီလိုဆွဲနဲ့ ... သင်ပေးပါတယ် ... ယွန်းအိ ပေတံကိုင်တာက အစ ... လွဲနေတယ် ... ဒါမျိုးက ဖြစ်တတ်ပါတယ် ... ကျွန်တော်လည်း ငယ်ငယ်က ဖေဖေသင်ပေးလို့ ... ဒါမျိုးတွေက ဆွဲတတ်နေတာပါ ... ယွန်းအိလိုမျိုး အခုမှ စသင်ရရင် ... ယောင်ချာချာ ဖြစ်နေမှာပေါ့ဗျာ ... 

ယွန်းအိအနားမှာ ကပ်ပြီး သင်ပေးတော့ ... ကျွန်တော့်စိတ်တွေ ... လှုပ်ရှားနေပါတယ် ... မိန်းကလေးတွေနဲ့ ရင်းရင်းနှီးနှီး ... မနေဖူးတော့ ... ဒီလိုမျိုးအနီးကပ်နေလိုက်ရင် ... ကျွန်တော့် တကိုယ်လုံး ကြက်သီးလေးတွေ ထသွားတာ ဘာလို့လဲဗျာ ... ရင်ထဲမှာ ... တမျိုးပဲဗျာ ... နေရတာ ရှို့တို့ရှန်းတန်းနဲ့ ... နည်းနည်း ရှက်သလိုလို ... ကျေနပ်သလိုလို ဖြစ်နေတာ ... ဘာမှန်းကို မသိတော့ပါဘူး ... ယွန်းအိ ရှက်နေမှာစိုးလို့ ... နောက်မဖြစ်ရအောင် ... ဂရုတစိုက်တော့ ထိန်းတာပဲဗျာ ... ပုံဆွဲတာကို ... ပြပေးတော့ ... တယောက်နဲ့ တယောက် ... ခြောက်လက်မလောက်ပဲ ကွာပါတယ် ... 

ယွန်းအိ ကိုယ်လုံးလေးက ... နွေးနွေးလေးဗျ ... ကျွန်တော် မထိတွေ့ရပေမယ့် ... ခံစားလို့ရပါတယ် ... ယွန်းအိရော ... ရင်တွေခုန်နေလား မသိပါဘူး ... ကျွန်တော်တော့ ရင်တွေ ခုန်လာတယ် ... တချက်တချက် ... အကြည့်ချင်း ဆုံမိရင် ... ယွန်းအိ မျက်ဝန်းလေးက ... ပထမပိုင်းမှာ လွှဲလွှဲပစ်လိုက်ပေမယ့် ... နောက်တော့ ... ကျွန်တော့်ကို ရွှန်းရွှန်းစားစားနဲ့ ပြန်ကြည့်ပါတယ် ... 

စားပွဲခုံက ... နည်းနည်းပုတော့ ... ခါးကိုင်းပြီးနဲနဲဆွဲရပါတယ် ... ယွန်းအိ ဝတ်လာတဲ့ ... အဖြူရောင်ဂါဝန်လေးက ... လည်ပင်းပေါက် နည်းနည်းတော့ ကျယ်တယ် ... လှစ်ကနဲ မြင်လိုက်ရတဲ့ ... အတွင်းခံ ဘရာစီယာလေးက ... အဖြူလေးဗျ ... ကျွန်တော် ကြည့်လဲ ကြည့်ချင်တယ် ... မကြည့်လဲ မကြည့်ရဲပါဘူး ... စိတ်ထဲမှာ ... မကောင်းဘူးထင်လို့ ... အတင်း မကြည့်တော့ပဲ နေလိုက်တယ် ...

ဒီလိုနဲ့ ... အတန်းပြီးသွားတော့ ... ယွန်းအိနဲ့ ကျွန်တော် ... ပိုပြီး ရင်းနှီးသွားပါတယ် ... သူကလည်း ... ကျောင်းသူသစ်ဆိုတော့ ... အားကိုးတယ်လေ ... ကျွန်တော်ကလည်း ... ကျွန်တော့်ကို အရေးတယူရှိတဲ့ ကောင်မလေးဆိုတော့ ... ခင်မင်မိတာပေါ့ဗျာ ... အတန်းပြီးတော့ ... ကန်တင်းသွားကြတော့ ... ယွန်းအိခြင်းတောင်းလေးကို ... ကျွန်တော်ပဲ ကိုင်ပါတယ် ... 

ယွန်းအိက ... အားနာနေတယ် ... စကားပြောရင်းနဲ့ သူ့အကြောင်း ကျွန်တော် ... သိလာပါတယ် ... သူက ယုဇန ပလာဇာနားမှာ နေတယ် ... ညီမလေး တစ်ယောက် ရှိတယ် ... သူ့အဖေက ... ပလာဇာမှာ ခေါက်ထီးတွေ ရောင်းတယ် ... သူ့အကြောင်းပြောပြီးတော့ ... ကျွန်တော့်အကြောင်း ပြောပြဖြစ်တယ် ... ယွန်းအိ ... ကျွန်တော့် အကြောင်းသိသွားတော့ ... သနားသွားတယ် ...

" အော် ... ဒါကြောင့် ... ကိုခန့်က ... ပုံဆွဲတာ အရမ်းတော်နေတာပေါ့ ..."

" တော်ပါဘူး ... နည်းနည်းပါးပါး ဆွဲတတ်တာပါ"

" တော်ပါတယ် ... ယွန်းအိကို ... ကူညီပေးလို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ... ကော်ဖီတိုက်မယ်နော်"

" ဟိတ် ... ယွန်းအိနဲ့ ကျွန်တော့်ကြားမှာ ကျေးဇူးခံ ကျေးဇူးစား မဖြစ်ချင်ဘူး ... ကျွန်တော်တို့က သူငယ်ချင်းတွေလေ ... ဟုတ်တယ်ဟုတ်"

" ဆောရီး ... ယွန်းအိ စကားမှားသွားတယ် ... သူငယ်ချင်းဖြစ်တဲ့ အထိမ်းအမှတ် ... ကော်ဖီတိုက်မယ်နော်"

" အင်း ... ဒီလိုမှပေါ့ ... ယွန်းအိရဲ့"

.....................................................................................................................

ကန်တင်းမှာ ထမင်းစားတော့ ... ပဲပြုတ်ဆီဆမ်းနဲ့ ကြက်ဥကြော်လေး တလုံး ... မှာစားဖြစ်တယ် ... ယွန်းအိက ... သူ့ဟင်းခွက်ထဲက ... ပုဇွန်တကောင်ထည့်ပေးတယ်ဗျ ...

" ကိုခန့် ... ပုစွန်စားတယ်မှတ်လား"

" အင်း ... စားတာပေါ့ ... ကျွန်တော်က ... အမဲသားပဲ မစားတာ"

" အတူတူပဲ ... ရော့"

ကျွန်တော်လည်း ... အလယ်က အနှစ်ကို မပါအောင် ... ပိုင်းပြီး ... ကြက်ဥကြော် တခြမ်းကို ... သူ့ချိုင့်လေးထဲ ထည့်ပေးတယ် ...

" ကြက်ဥစားတယ်မှတ်လား"

" အို ... စားပါ ကိုခန့်ရဲ့ ..."

" တယောက်တဝက်ပေါ့နော့ ... ယွန်းအိက အလယ်က အနှစ်မစားဘူး မှတ်လား"

" ဘယ်လိုသိလဲဟင် ..."

" ကျွန်တော်က အကြားအမြင်ရတယ်လေ"

" ဟုတ်လား ... တကယ်"

" အင်း ... ဟုတ်တယ် ... တခါတလေ စိတ်ထဲက ထင်ရင် မှန်တယ် ... အတင်းမေးရင် မှန်တော့ဘူး"

" ထူးဆန်းတယ်နော် ..."

" အင်း ... သိပ်ရင်းနှီးတဲ့ လူမှ ... ကျွန်တော် ပြောပြတာ ... နို့မို့ဆိုရင် ... ဂေါက်နေလားလို့ ပြောခံရမှာ"

" ဟုတ်တယ်နော် ... "

ကျွန်တော်တို့ စားပြီးတော့ ... ကော်ဖီ သောက်မလို့ လုပ်တုန်း ... ယွန်းအိက ...

" ကိုခန့် ... ခွက်ချင်းတိုက်ရအုံးမယ်လေ"

" အင်"

ကျွန်တော် ကြောင်သွားတယ် ... ယွန်းအိ ဘာလုပ်ချင်တာလဲ ... ကျွန်တော် ကြောင်တောင်တောင်ဖြစ်နေတာကြည့်ပြီး ... ယွန်းအိ ရီတယ် ...

" ကိုခန့်ကလဲ ... သူငယ်ချင်းဖြစ်တဲ့ အထိမ်းအမှတ် ..."

" အော် ... ဟုတ်ပြီ ... ဟား ဟား ဟား"

" သူငယ်ချင်း ဖြစ်တဲ့ အထိမ်းအမှတ် ... ချီးယား ... ဟား ဟား ဟား"

" ခစ် ... ခစ် ... ခစ်"

ယွန်းအိ ... ရီနေတာလေးကို ... အရမ်းသဘောကျတာပဲဗျာ ... တကယ်ပါ ... ကျွန်တော့်ရင်တွေကို ... ကြည်နူးစေတဲ့ ... ယွန်းအိ အပြုံးတွေ အောက်မှာ ... ကျွန်တော် သာယာ သွားပါတယ် ... ဘေးဝိုင်းက ကောင်တွေ ... မသိမသာနဲ့ ရှိုးနေတာကို ... သိသားပဲ ... ယွန်းအိကို ... စိတ်ဝင်စားတဲ့အကြည့်တွေနဲ့ ... ကျွန်တော့်ကိုလည်း ... ယွန်းအိနဲ့ ... ဘယ်လိုလဲဆိုတာ တွေးနေကြတယ်ထင်ပါတယ် ... 

အဲဒီလို အကြည့်တွေကြောင့် ... ကျွန်တော် ယွန်းအိအပေါ် စိတ်ဝင်စားတာတွေက ... အရောင်ပြောင်းသွားပါတယ် ... ယွန်းအိသာ ... ကျွန်တော် ချစ်သူလေးဆိုရင် ... ဟာ ... ငါ ဘာတွေ လျှောက်တွေးနေမှန်းမသိပါဘူး ... ယွန်းအိ သိသွားရင် ... မကောင်းဘူး ... အခုမှ ခင်မင်ကာစ ရှိသေးတယ် ... အခွင့်အရေးယူတတ်တဲ့ ကောင်လို့ ထင်သွားအုံးမယ် ...

" ကိုခန့် ... တကယ် အကြားအမြင်ရတာလား"

" အင်း ... တခါတလေ အာရုံရတယ်"

" မှန်းကြည့်ပေးပါလား ... ယွန်းအိ ... အိမ်က စာကြည့်စားပွဲပေါ်မှာ ဘာပစ္စည်းတင်ထားလဲဟင် ... မနက်ဆို ယွန်းအိ ဘာမှ မတင်ထားဘူး ... အကုန်ရှင်းထားတယ် ... ညီမလေး ဘာတွေ လာတင်ထားမလဲဆိုတာ"

" ဝက်ဝံရုပ်ကြီး ... အဖြူရောင်"

ကျွန်တော့် ပါးစပ်က ... လွှတ်ကနဲ ထွက်သွားတယ် ... ဟုတ်မဟုတ်တော့ မသိ ... ယွန်းအိ မျက်နှာလေးက ... ကျွန်တော်ပြောတာကို သိပ်တော့ မယုံဘူး ...

" ခဏလေးနော် ... ကိုခန့် ... အိမ်ကို ဖုန်းဆက်ကြည့်မယ် ... ဟုတ်မဟုတ် ... ဟုတ်တယ်ဆိုရင် ... မနက်ဖြန်ကျရင် ... မုန့်ဝယ်ကျွေးမယ်နော်"

" အင်း ..."

ကျွန်တော် အတွေးက ... ဟုတ်ချင်မှလည်း ဟုတ်မှာပါ ... တခါတလေလည်း မှန်တယ် ... တခါတလေလည်း ... လွဲတယ် ... ယွန်းအိ ထသွားတော့ ... နောက်က လိုက်ကြည့်မိပါတယ် ... ဂါဝန်အဖြူရောင်လေး ... အောက်က ... ကားတက်နေတဲ့ ... ယွန်းအိ တင်သားကျစ်ကျစ်လေးတွေက ... နည်းနည်းတော့ ... ထွားတယ် ... အရမ်းကြီး သိသိသာသာ ကားတက်နေတာမဟုတ်ပေမယ့် ... လမ်းလျှောက်သွားတိုင်း ... တင်သားဆိုင်လေးတွေ ... သိမ့်ကနဲ ... ညိမ့်ကနဲ ... ယမ်းခါသွားတာကို ... ကြည့်ပြီး ... ရင်ထဲမှာ ကျလိကျလိ ဖြစ်သွားပါတယ် ... 

လှတယ် ယွန်းအိရယ် ... လှတယ် ... လှပ်ကနဲ ပေါ်ပေါ်သွားတဲ့ ... ခြေသလုံးသား ဖြူဖြူလေးတွေကိုလည်း ... နမ်းပစ်လိုက်ရင် ... ကောင်းမယ်နဲ့ တူတယ်နော် ... ရင်ထဲမှာ ... အတွေးရိုင်းတွေကြောင့် ပူလောင်လာတော့ ... သက်ပြင်းချပြီး ... ဖြေဖျောက်ပစ်လိုက်တယ် ... မကောင်းပါဘူးလေ ... ဒီအတွေးတွေက ...

ယွန်းအိ ... ကောင်တာက ... ဖုန်းနဲ့ အိမ်ကို ဆက်ပြီး ... မေးနေတယ် ... ယွန်းအိ ပုံစံလေးက ... ကလေးတော့ ဆန်တယ် ... ဒီပုံစံလေးက ... ချစ်ဖို့လည်း ကောင်းပါတယ် ... ယွန်းအိ ဖုန်းပြောနေရင်းနဲ့ ... ကျွန်တော့်ဘက်ကို ကြည့်ပြီး ... မယုံနိုင်တဲ့ အကြည့်မျိုးနဲ့ ... မျက်လုံးတွေ ပြူးပြတယ် ... ပြီးတော့ ... သဘောတွေ ကျနေတယ်နဲ့ တူတယ် ... ပြုံးပြုံး ပြုံးပြုံး နဲ့ ဖုန်းချသွားတယ် ... ယွန်းအိ ... ကျွန်တော့် ရှေ့က ... ထိုင်ခုံလေးမှာ ... မြန်မြန် ထိုင်ပြီး ...

.....................................................................................................................................

" ကိုခန့် ... ပြောတာ ... အရမ်းမှန်တယ် ..."

" ဟင် ... ဟုတ်လား ... ကျွန်တော်က လျှောက်ပြောနေတာ"

" မဟုတ်ပါဘူး ... တကယ် ... ယွန်းအိ စားပွဲပေါ်မှာ ... ဝက်ဝံရုပ်ကြီး အကြီးကြီး တကောင်ရောက်နေတယ်တဲ့ ... အရောင်က အဖြူရောင်တဲ့ ..."

" ဟား ဟား ဟား ... ယွန်းအိအတွက် ... ဘယ်သူဝယ်ပေးတာလဲဟင် ..."

" ဘေးအိမ်က ... အန်တီလေး ... စင်္ကာပူကနေ ပြန်လာတာ ... ယွန်းအိတို့ ညီအမအတွက် လက်ဆောင်ဝယ်လာတာတဲ့"

" ဟုတ်လား ... မိုက်တယ်နော်"

" ကိုခန့် ... အရမ်းတော်တာပဲနော် ... ကိုခန့် ... အကြားအမြင်ရတယ်ဆိုတာ ... အဟုတ်ပဲ"

" ရှူးတိုးတိုး ... သူများတွေ ကြားကုန်မယ်"

" အင် ... ဘာဖြစ်လို့လဲဟင်"

" ကျွန်တော် ဒုက္ခရောက်လိမ့်မယ် ... ယွန်းအိ ... ဂတိတခုတော့ ပေးရမယ်နော် ... တခြားဘယ်သူမှ မပြောပါဘူးဆိုတဲ့ ဂတိ"

" အင်းပါ ... ဘယ်သူမှ မပြောပြဘူး ... ဟိ ဟိ ... ကိုခန့် ထီဂဏန်းမှန်းပြီး ထိုးပါလား ... ဒါဆို သိန်း ၁၀၀၀ ဆုတွေ ပေါက်မှာ"

" မဟုတ်ဘူး ... ယွန်းအိ ... ထင်တာ လွဲနေပြီ"

" ဘယ်လိုလွဲတာလဲဟင်"

" ကျွန်တော်က ... လက်ရှိအချိန်မှာ ဖြစ်ပျက်နေတာကိုပဲ ... သိတာ ... အတိတ်အကြောင်းတို့ ... အနာဂတ်အကြောင်းတို့ မမြင်ရဘူး"

" ဟုတ်လား ... ကိုခန့် ... ငယ်ငယ်လေးထဲက ... မြင်ရတာလား"

" အင်း ဟုတ်တယ် ... ငယ်ငယ်တုန်းက .. ပါးစပ် ပိုစီးတယ် ..."

" ပါးစပ်စီးတယ် ... အဲဒါက ဘယ်လိုဖြစ်တာလဲဟင်"

"ပ ါးစပ်စီးတယ်ဆိုတာက ... ကျိန်ဆဲရင် ... ချက်ချင်း လက်ငင်းဖြစ်တတ်တာမျိုးပေါ့ ..."

" ဟုတ်လား ... ကြောက်စရာကြီး"

" ဟုတ်တယ် ... ငယ်ငယ်တုန်းက ... ဘေးအိမ်က ... ကောင်လေးတယောက်က ... ကျွန်တော့်ကို တအား အနိုင်ကျင့်တာ ... ခဏခဏ လုပ်တော့ သည်းငြီးမခံနိုင်တော့ဘူး ... အပင်ပေါ်က ... ပြုတ်ကျပါစေ လို့ ကျိန်ဆဲလိုက်တာ ... သိပ်မကြာပါဘူး ... ညနေဘက်လည်း ရောက်ရော ... မန်ကျည်းပင်ပေါ်က ... ပြုတ်ကျတာ ... ပေါင်ကျိုးသွားတယ်လေ ..."

" ဟယ် ... ဟုတ်လား"

" အင်း ... အမေသိသွားတော့ ... ကျွန်တော့်ကို ... နောက်မလုပ်ပါဘူးလို့ ဂတိတောင်းတယ်"

" ကိုခန့် ... ကိုယ့်စိတ်ကိုယ် တော်တော်ထိန်းရမယ်နော်"

" ကျွန်တော် ... ဒေါသမထွက်တာ တော်တော်ကြာပြီ ... ပြဿနာတက်မှာစိုးလို့ ... လူတွေနဲ့ သိပ်အပေါင်းအသင်းမလုပ်ဘူး ..."

" ယွန်းအိနဲ့ ကျတော့ရော ..."

" ယွန်းအိကို ... မြင်မြင်ချင်း ခင်သွားလို့ပါ ... နောက် ... ယွန်းအိ ပုံစံက အေးတယ်လေ"

" ခစ် ... ခစ် ... ယွန်းအိလည်း ... ကိုခန့်ကို ခင်ပါတယ် ..."

....................................................................................................................................

စကားတပြောပြောနဲ့ ... စာသင်ခန်းထဲ ရောက်လာတော့ ... စကားစပြတ်သွားတယ် ... ယွန်းအိလည်း ... ကောင်မလေး နှစ်ယောက် ထိုင်နေတဲ့ ... အတန်းမှာ သွားထိုင်တယ် ... ကျွန်တော်က သူ့နောက်က အတန်းမှာသွားထိုင်ပြီး ... စာအုပ်တွေ ထုတ်လိုက်ပါတယ် ... ကျွန်တော်ထိုင်တဲ့အတန်းက ... ဘယ်သူမှ မထိုင်ကြဘူး ... ကောင်းပါတယ် ... တယောက်ထဲ ... နေတာ ပိုအဆင်ပြေတယ် ... ယွန်းအိ ထိုင်တဲ့ အတန်းက ... ကောင်မလေး နှစ်ယောက်က ... တော်တော်ချောပါတယ် ... 

သီရိထွန်းစံ ... ကျွန်တော့် စိတ်ထင် ... ဒီအတန်းထဲမှာ ကွင်းဖြစ်မယ့် တစ်ယောက် ... ချောသည် ... လှသည် ... တောင့်သည် ... ဖြောင့်သည် ... ပထမနေ့က ... ကျောင်းကို ... သူကိုယ်တိုင် ကားမောင်းပြီး ... လာတာတွေ့လိုက်သေးသည် ... ဒီနေ့တော့ ... ကားပါသလား ... မပါသလား ... မပါဘူးထင်တယ် ... ထူးထူးခြားခြား ... ဝင့်ကြွားတဲ့ ရင်နှစ်မွှာက ... မျက်စိလွှဲမရအောင် ... ထွားမို့သည် ... နန္ဒလှိုင်လို ... မဟာဆန်သည် ... ဆံပင် ဂုတ်ဝဲကို ... အဖျားကောက်ထားသည် ... 

မျက်လုံးဝိုင်းသည် ... ဒါပေမယ့် ... စကားပြောတာ နည်းနည်း ... ရင့်သည် ... အလှတရားကြောင့် ... မာနတက်နေသလားတော့ ... မသိ ... အခန်းထဲက ... ကောင်လေးတွေကတော့ ... သူနဲ့ ခင်မင်ချင်ကြသည် ... စကားပြောချင်သည် ... အရောဝင်ချင်သည် ... ဖြစ်ချင်လောက်အောင်လည်း ... သူ့မျက်လုံးက ... ညှို့မျက်လုံး ... သူ့မျက်လုံးနဲ့ တည့်တည့်ကြည့်ပြီး ... စကားပြောရင် ... တော်ရုံယောကျ်ားလေး ကြွေလောက်သည် ... ကျွန်တော်လား ... သူနဲ့ မခင်ချင်ဘူး ... ။အရမ်းလှပြီး ... မာနကြီး ကောင်မလေးမျိုးကို ... ကြောက်တယ် ... သူလိုလူမျိုးနဲ့ ... ပေါင်းရင် ... အနည်းဆုံး ... လူကို ရင်ပူစေသည် ... သွေးကြွစေသည် ... မဖြစ် ... လုံးဝမဖြစ် ... ကျွန်တော့်အကြောင်း ကျွန်တော်သာ သိသည် ...။

နောက်တယောက်ကို နာမည် မသိဘူး ... မော်ဒယ်တယောက်လို ... ပိန်တယ် ... မျက်နှာလေးက သွယ်တယ် ... ယွန်းအိလို ... မျက်စိအေးတဲ့ အလှမျိုးရှိသည် ... ထူးခြားတာက ... မျက်ဝန်း ... ဥဿဖရားကျောက်လို ... သူ့မျက်ဝန်းက ... တဖျပ်ဖျပ်လက်နေသည် ... ဉာဏ်ရည်ဉာဏ်သွေး အလွန်ထက်မြက်မည်ဆိုတာ သေချာသည် ... စကားပြောတာတော့ ... သီရိထွန်းစံလို ... မရင့် ... ယဉ်ကျေးသည် ... 

ကျွန်တော်တို့ ထိုင်တဲ့နေရာ ဘေးမှာ ... ပြတင်းပေါက် ... နေ့လည်နေ့ခင်းဆိုပေမယ့် ... လေက  တဖြူးဖြူးနဲ့ ... ခဏခဏ တိုက်နေသည် ... လေက ... အပျိုကညာ သုံးဦးကို ... ဖြတ်ပြီး ... သင်းရနံ့တွေ သယ်ဆောင်လာတာ ... ကျွန်တော့် နှာခေါင်းက သိသည် ... ချိုအီမွှေးနေတဲ့ ... အနံ့တွေက ... အပျိုနံ့တွေ ... ကြာကြာရှူမိရင် ... တဏှာထကြွလာလိမ့်မယ် ... ။

ထူးထူးခြားခြား ... အေးကနဲ သင်းပျံ့နေတာက ... သီရိထွန်းစံ ... သူဆွတ်ထားတဲ့ ... ရေမွှေးက ... တော်တော် ဈေးကြီးလိမ့်မယ် ... အတန်း တချိန်လောက် ... ကျွန်တော့်နှာခေါင်းက ... အပျိုသုံးယောက် အနံ့ရှူနေရတော့ ... ခေါင်းက အီလည်လည် ဖြစ်လာသည် ...  မဖြစ်သေးပါဘူး ... အတန်းပြီးတော့ ... သာလိကာမလေး သုံးယောက်  ... အနောက်ဖက်ကို လှည့်ပြီး ... ကျွန်တော်နဲ့ စကားပြောသည် ... ။

အဓိက သွေးဆောင်သူက ... ယွန်းအိ ... ခုနကတုန်းက ... ကျောင်းလာတာ ... ဘက်စ်ကား တော်တော်ကြပ်တဲ့အကြောင်း ... အခန်း ပျောက်နေတဲ့ အကြောင်း ... ကယ်တင်ရှင် ... ကျွန်တော့်အကြောင်း ... ရွှန်းရွှန်းဝေအောင် သူတို့ကို ပြောပြသည် ... ယွန်းအိ ... တခုတော့ ကောင်းသည် ... ကျွန်တော့်အကြောင်း ... ဘာမှမပြော ... နှုတ်လုံသည် ... ယွန်းအိက ... သီရိထွန်းစံကို ပုခုံးဖက်ပြီး ...

" ဒီမမက ... မသီရိထွန်းစံ"

" ဒီညီမလေးက ... အေးမြတ်လှိုင်"

" ဟုတ်ကဲ့ ... တွေ့ရတာ ဝမ်းသာပါတယ် ... ကျွန်တော့် နာမည် ..."

" ကိုခန့်မင်း ... ဟုတ်တယ်ဟုတ် ..."

" အင် ... ဘယ်လို သိတာလဲဗျ"

" ယွန်းအိ ... ပြောပြထားတာ ... ဒီနေ့ အခန်းပျောက်နေတုန်း ... ကယ်တင်ရှင် ပေါ်လာလို့ ... နို့မို့ဆို ... ယွန်းအိ ... ငိုတော့မယ် ..."

" ဟုတ်ဘူးနော် ... ယွန်းအိ ... မငိုပါဘူး"

" ငိုချင်ရင် ငိုချင်တယ်ပေါ့ ... အေးမြတ်တို့ ... ငိုချင်လည်း ... ကိုခန့်ကို အကူအညီတောင်းမယ်နော် ... ခစ် ခစ်"

" အော် ... အော် ... ဟုတ်ကဲ့ ... တတန်းထဲဆိုတော့ ... အကူအညီလိုရင်လည်း ပြောပါ ... တတ်နိုင်သလောက် ကူညီပါ့မယ် ..."

" ဟုတ်ကဲ့ရှင့်"

သုံးယောက်လုံး ... သံပြိုင်အော်လိုက်တာ ... ကျွန်တော် လန့်သွားသည် ... မလွယ် ... သိပ်တော့ မလွယ် ... ဒီသုံးယောက် ... အချိန် တစ်နာရီလောက်လေးအတွင်း ... ငယ်ပေါင်းကြီးဖော်လို ... ပေါင်းမိသွားသည် ... ယွန်းအိအတွက်တော့ ကောင်းသည် ... မိန်းကလေး သူငယ်ချင်းရပြီပေါ့ ...

" ကိုခန့် ... ဒီနှစ် ... ယွန်းအိတို့အခန်းမှာ ... ကွင်းဘယ်သူရမယ်ထင်လဲဟင် ... ယွန်းအိတော့ ... မသီရိရမယ်လို့ထင်တယ် ..."

" အင်း ... ဟုတ်တယ် ... ဖြစ်နိုင်ပါတယ်"

ဖြစ်နိုင်ပါတယ်ဆိုတဲ့ ... ကျွန်တော့် စကားကို ... သီရိ ... နည်းနည်းတော့ ... မနှစ်မြို့တဲ့ အရိပ်အယောင်လေး ... သမ်းသွားသည် ... ကျွန်တော်ကလည်း ... မြင်ဖြစ်အောင် မြင်လိုက်သည် ... ကျွန်တော် စကားနည်းနည်းမှားသွားသည် ...  ဖြစ်နိုင်ပါတယ် ပြောရမှာ မဟုတ်ဘူး .. ဖြစ်ကိုဖြစ်တယ် ... သေချာတယ်ပြောရမှာ ... ယွန်းအိက ...

" ကိုခန့်ကလည်း ... ဖြစ်နိုင်တယ် မဟုတ်ဘူး ... ဖြစ်ကိုဖြစ်မှာ ... ဟုတ်တယ်နော် ... အေးမြတ်"

" ဟုတ်တယ် ... ကိုခန့်ရဲ့ ... ဒီအခန်းထဲမှာ ... သီရိက အလှဆုံး"

" ယွန်းအိ ပြောတာ ဟုတ်တယ် ... ဖြစ်ကို ဖြစ်မှာ ဟဲ ဟဲ"

ယွန်းအိနဲ့ ... အေးမြတ် ... သီရိအလှကို ဝိုင်းချီးမွမ်းကြလို့ ... သီရိ ... မျက်နှာ နည်းနည်း ပြုံးပြုံးရွှင်ရွှင် ပြန်ဖြစ်လာသည် ... နည်းနည်းတော့ ကျေနပ်သွားတဲ့ ပုံပါပဲ ... ဒါပေမယ့် ... ကျွန်တော် သိသည် ... သူ့အတွင်းစိတ်လေးက ... ကျွန်တော့်ကို ... တေးထားပြီ ... ဟင်း ... ခက်တော့တာပဲ ... ကျွန်တော်လည်း ကျေနပ်လောက်အောင် ... နည်းနည်း ပင့်ပေးမှနဲ့ တူတယ် ...

" သီရိ ... ကျောင်းလာတက်ကတည်းက ... ကျွန်တော်သိပါတယ် ... ဒီမေဂျာရဲ့ ကွင်းဖြစ်မယ်ဆိုတာ ..."

ဒီလိုလေး အပင့်စကားလေး ပြောတော့ ... ယွန်းအိက သိပ်မကျေနပ် ...

" ကိုခန့်က ... သီရိကို သိပြီးသားပေါ့"

" ဟင့်အင်း ... မြင်တယ်ပြောတာပါ ... အခု ယွန်းအိ မိတ်ဆက်ပေးမှ စကားပြောဖြစ်တာ"

" ဟုတ်လို့လား ... မနေ့က ... ကိုခန့် ... မှောက်ခုံလဲပြီး ဒူးပြဲသွားတယ်ဆို ... "

" ဟုတ်လား"

အေးမြတ်နဲ့ ... သီရိ ... ကျွန်တော့်ကို ... ဝိုင်းမေးသည် ... ခက်ပြီ ... ယွန်းအိ အချွန်နဲ့ မပြီ ... မိန်းကလေးတွေ စိတ်ကလေ ... မှန်းရခက်သည် ... စကားလေး တခွန်းမှားတာနဲ့ ... တသက်လုံး ရန်သူဖြစ်သွားနိုင်သည် ...

" အင် ... မဟုတ်ပါဘူးဗျာ"

" ဟုတ်ပါတယ် ... သိပြီသိပြီ ... သီရိကို ... အငမ်းလွန်သွားတာ ဟုတ်တယ်ဟုတ်"

" အာ"

ယွန်းအိ ... ပေါ်တင်ကြီး စလိုက်တော့ ... ကျွန်တော် ရှက်သွားသည် ... မျက်နှာ တခုလုံး ပူထူသွားတာပဲ ... သီရိကတော့ ... ဘာမှမဖြစ် ... ဒါမျိုး ကြုံနေကြ ဖြစ်ဟန်တူသည် ... ရိုးနေပြီဆိုတဲ့ ပုံစံမျိုး ... နောက် ဒီလိုမျိုး ... သူ့အလှမှာ ... ကောင်လေးတွေ ကြွေသွားတာကို ... သဘောကျသည် ... ထင်သည် ... ကျွန်တော် ... ဇောချွေးတွေ ပြန်လာသည် ... မျက်နှာက နီလာသည် ... မဟုတ်ပါဘူးလို့လည်း ... မငြင်းရဲ ... သီရိ ... စိတ်ခုသွားမှာ စိုးသည် ...

" ခဏလေးနော် ... ရေသွားသောက်လိုက်အုံးမယ် ..."

" အို ... ကိုခန့်ကလည်း ... မရှက်ပါနဲ့ဆိုမှ ..."

ကျွန်တော် ... ကြာကြာမထိုင်ရဲ ... လစ်မှရတော့မည် ... ယွန်းအိကို ... လက်သီးလေး ဆုပ်ပြပြီး ... အခန်းအပြင်ဘက် ထွက်လာသည် ... ယွန်းအိတို့.. တခစ်ခစ်နဲ့ ကျန်ခဲ့သည် ... ယွန်းအိ ... ယွန်းအိ ... ကျွန်တော့်ကို ... မ လိုက်တာ ... ဘိုးတော်ထက်ဆိုးသည် ...

.......................................................................................

ကျွန်တော် ... ကန်တင်းက ... ရေသန့်ဘူး ... တဘူးဝယ်ပြီး ... ၁၅ မိနစ်လောက် ... ကန်တင်းမှာ ထိုင်နေလိုက်သေးတယ် ... အခန်းကို ချက်ချင်း မပြန်ချင်သေးဘူး ... အခန်းဘက် ပြန်လာတော့ ... အခန်းထဲ မဝင်ချင် ... နည်းနည်းတော့ ရှိန်သည် ... တခြားကောင်လေးတွေလို ... မိန်းကလေးတွေရဲ့ အထာတွေကို မနပ်တော့ ... စကားပြောရတာ သိပ်အဆင်မပြေဘူး ... 

နည်းနည်းလေးမှားတာနဲ့ ... ဝိုင်းသြဘာပေးခံရတယ် ... ခက်လိုက်တာဗျာ ... အခန်းနားရောက်တော့ ... အခန်းထဲက လူတွေ ... လွယ်အိတ် ကိုယ်စီနဲ့ ... ထွက်လာကြပြီ ... အတန်းမရှိတာလား ... အတန်းပြောင်းတာလား ... အခန်းထဲ ခပ်သွက်သွက်ဝင်သွားတော့ ... ယွန်းအိတို့ပဲ ကျန်တော့တယ် ... ကျွန်တော့်ကို စောင့်နေတာ ထင်တယ် ...

" ကိုခန့်ရယ် ... ကြာလိုက်တာ ... ရေသွားသောက်တာလား ... ကန်တင်းက ကောင်မလေးတွေ သွားငန်းနေတာလား"

" မဟုတ်ပါဘူး ... ယွန်းအိကလည်း ... အတန်းထဲမှာ ဘယ်သူမှလဲ မရှိတော့ဘူး ... အတန်းမရှိတော့ဘူးလား"

" အင်း ... မရှိတော့ဘူး ... ပြန်ရတော့မယ် ... ယွန်းအိတို့က ... ကိုခန့်ကို စောင့်နေတာ ..."

" ဟုတ်လား ... ကျေးဇူးပဲဗျာ ..."

ကျွန်တော် စာအုပ်တွေ မြန်မြန်သိမ်းပြီး ... အပြင်ရောက်တော့ ... ယွန်းအိက ...

" ကိုခန့် ... ဘယ်ပြန်မှာလဲဟင် ... "

" လှည်းတန်း"

" သီရိက ... မြေနီကုန်း"

" အေးမြတ်က ... ယွန်းအိနဲ့ ... အတူတူပဲ ... အိမ်ချင်းနီးတယ် ..."

" ဟုတ်လား ... ယွန်းအိ ... အဖော်ရတာပေါ့"

" အင်း ... တလမ်းကျော်ပဲ ဝေးတယ် ... အေးမြတ်နဲ့ ... တာမွေမှာဆင်းပြီး ... အတူတူပြန်မယ်လေ"

ကျောင်းရှေ့ကို လမ်းလျှောက်တော့ ... ပထမတော့ ... လေးယောက် အတူတူ လျှောက်ဖြစ်တယ် ... အဆောင် သုံးလေးခု ကျော်ရော ... သူတို့သုံးယောက်ကအရှေ့ကလျှောက်တယ် ... ကျွန်တော်က အနောက်က လျှောက်ဖြစ်တယ် ... တမင်သက်သက် နောက်ချန်ပြီး ... လျှောက်တာ မဟုတ်ပါဘူးဗျာ ... သူ့အလိုလို ... ကျန်ခဲ့တာပါ ... အဲဒီမှာ ဇာတ်လမ်းစတာပဲဗျာ ... အပျိုချောလေး သုံးဦး ... အရှေ့ကနေ ... လှုပ်လီလှုပ်လဲ့ ... လျှောက်တာ ... သိပ်လှတယ် ... ပထမ ... ကျွန်တော် မကြည့်ရဲပါဘူး ... 

တစ်ချက်ဗျာ ... တစ်ချက် ... ကျွန်တော်ခိုးကြည့်မိပါတယ် ... ကောင်မလေး သုံးယောက်ရဲ့ ... နောက်ပိုင်းအလှတွေက ... ကျွန်တော့်ရင်တွေ ... ပူလာစေတယ် ... တယောက်နဲ့ တယောက် ... အလုံးအထည်မတူဘူးဗျ ... အေးမြတ်က တင်သိပ်မရှိဘူး ... ပါးပါးလေး ... သီရိ ... နောက်ပိုင်းက ... တော်တော်တောင့်သည် ... မယ်မြန်မာ အသေးစားလေးဆို ... ပိုမှန်လိမ့်မယ် ... သိမ်တဲ့ ခါးကနေ ဆင်းလာတဲ့ ... တင်သားဆိုင်တွေက ... ရုတ်တရက် ... မို့မောက်သွားသည် ... ကားစွံ့လာသည် ... တင်သားနှစ်ခုက တင်းပြီး ... ကျစ်လစ်ပေမယ့် ... နည်းနည်းထွားတော့ ... ပန်းအိုးလေးတောင် ... တင်ထားလို့ ရမယ်ထင်တယ် ... 

ထမီအနက်ရောင်လေးကလည်း ... အသားပျော့တော့ ... တင်သားဆိုင်တွေကို ... အရှိအတိုင်း ... ပေါ်စေသည် ။တကယ်ပါဗျာ ... အနိမ့်အမြင့် အတက်အကျတွေက ... မတူဘူးဗျ ... ပစ္စည်းကြီးလေ ... အတက်အကျ ပိုကြမ်းလေပဲ ... ယွန်းအိ တင်လေးက ... သီရိလောက် မထွား ... သူ့ပစ္စည်းနဲ့ သူ ချစ်ဖို့ကောင်းသည် ... အိအိလေးနဲ့ ... သိမ့်ကနဲ ငြိမ့်ကနဲ ... လှုပ်ရှားတတ်သည် ... ယွန်းအိ တင်လေး ... လှုပ်တာကို ... ကျွန်တော် ပိုစိတ်ဝင်စားသည် ... ချစ်ဖို့လည်း ကောင်းသည်ဟုထင်သည် ...

ငြိမ့်ကနဲ သိမ့်ကနဲက ... မျက်စိထဲကို စွဲစေသည် ... သီရိကျတော့ ... ဒီလိုမဟုတ် ... ရင်ပူစေသည် ... ထွာဆိုင်တွေက ... အလှုပ်အပြု ကြမ်းသည် ... တခြားကောင်လေးတွေဆိုရင်တော့ ... သည်းသည်းလှုပ်သဘောကျလိမ့်မည် ... လှပါသည် ... ကြွပါသည် ... ကားကားလေးနဲ့ ... ပြည့်နေတဲ့ ... အိုးလေးက ... ညဘက် ... အိပ်ရာဝင်တိုင်း ... တွေးချင်စရာ ... ဟာ ... မကောင်းပါဘူးဗျာ ... အတွေးတွေက ... ရိုင်းလိုက်တာ ... ကျွန်တော် အတွေးတွေကို ... အမြန်ဖယ်ထုတ်လိုက်တယ် ... သူတို့ကို ... မကြည့်ပဲ ဟိုဘက်မျက်နှာလွှဲပြီး လျှောက်တော့ ... ရင်ထဲက အပူလျော့သွားသည် ... မလွယ်ဘူး ... တကယ်မလွယ်ဘူး ... 

..............................................................................................................................

ကံကလည်း ဆိုးချင်တော့ ... ဟိုဘက်ငေးရင်း ... ခလုတ်တိုက်ပြီးလဲပါရော ... ရှက်လိုက်တာဗျာ ... ယွန်းအိတို့ သုံးယောက် ... နောက်လှည့်ပြီး ... ကျွန်တော့်ကို ဝိုင်းရီကြတယ် ... ရှက်လိုက်တာဗျာ ... ရှက်လိုက်တာ ...

သီရိက ... " ကိုခန့်နော် ... နောက်ကနေ ... ဘာတွေ အငန်းလွန်ပြီးချော်လဲ ... အဲ ... ဟုတ်ပါဘူး ... ဘာတွေ အတွေးလွန်နေတာလဲဟင်"

ဟာ ... သွားပါပြီဗျာ ... ဘယ်လိုရှင်းပြရမလဲ မသိတော့ဘူး ... သူတို့ အိုးလေးတွေကို ... ငမ်းလို့ ... ချော်လဲသွားတယ်ဆိုရင်လည်း ... နှာဘူးကျတဲ့ကောင်လို့ ထင်သွားအုံးမယ် ... သီရိက ... ဒါမျိုးတွေ ကြုံလေ့ရှိတယ်နဲ့ တူပါတယ် ... ကျွန်တော့်ကို ချောင်ပိတ်မေးခွန်း မေးတယ် ... သူမေးတာ အကြောင်းမဟုတ်ဘူး ... ယွန်းအိ စိတ်ထဲ တမျိုးထင်သွားမှာ ... ကျွန်တော် စိုးရိမ်တယ် ...

" ဟာ ... မဟုတ်ရပါဘူး ... သီရိကလည်း ..."

" ဘာ မဟုတ်တာလဲ ... ကိုခန့်ရဲ့"

သီရိ ကျွန်တော့်ကို ကြပ်နေပြီ ... ရှက်လိုက်တာဗျာ ... တော်တော်လည်း စိတ်အိုက်တယ် ... ကျွန်တော် ဘာပြောရမှန်းမသိဘူး ... ရှက်စိတ်ကြောင့် ... ကျွန်တော့် တကိုယ်လုံး နီရဲတွတ်လာသည် ...

" ဟိုလေ ... ပုဆိုးနဲ့ ခြေထောက် ငြိပြီး ... ချော်လဲတာ"

ယွန်းအိက ... ကျွန်တော့် လွယ်အိတ်က ... ဖုန်တွေကို ခါပေးပါတယ် ...

" ကိုခန့်ကလည်း ... ကလေးကျနေတာပဲ ... မှောက်ခုံလဲရတယ်လို့ ... လွယ်အိတ်မှာ ဖုန်ပေသွားပြီ ... ဆက်ခါလိုက်အုံး"

ယွန်းအိ ... ကျွန်တော့်လွယ်အိတ်ကို ... ဖုန်ခါပေးတာကို ... သီရိက ကြည့်နေတယ် ... သီရိအကြည့်က ... ကျွန်တော်တို့ နှစ်ယောက်ကို ... သိပ်မသင်္ကာတဲ့ အကြည့်မျိုး ... သီရိက စကားနာ ထိုးသည် ...

" ယွန်းအိက ... အရမ်းကြင်နာတတ်တယ်နော် ..."

" အင်း ... ကိုယ့်ရှေ့မှာ ချော်လဲနေတဲ့လူတွေ့ရင် ... ယွန်းအိက ... ဖာသိဖာသာ မနေတတ်ဘူး ... အဟဲ"

အေးမြတ်က " ယွန်းအိ စိတ်ထားက လှတယ်နော်"

သီရိက " ဟုတ်တယ် ... ယွန်းအိက ... စိတ်ထားကောင်းတယ်နော်"

ယွန်းအိက ... "ဟုတ် ... ကျေးဇူးနော်"

ကျွန်တော်လည်း ... မနေနိုင်တော့ဘူး ... ယွန်းအိကို ... ကျေးဇူးတင်ကြောင်းပြောရတော့တာပေါ့ ...

" ယွန်းအိ ... ကျေးဇူးပဲဗျာ"

" အို ... ရပါတယ် ... ကိုခန့်ကလည်း ... သူငယ်ချင်းတွေပဲဟာကို ..."

သီရိနဲ့ ... အေးမြတ်က ... အရှေ့ကလျှောက်သည် ... ကျွန်တော်နဲ့ ယွန်းအိက ... အလိုလို ... နောက်ကျန်နေခဲ့သည် ... ဒီတစ်ခါတော့ ... သီရိ အိုးလှလှလေးကို ... ကျွန်တော် ... မငမ်းရဲတော့ပြီ ... ခပ်စိုက်စိုက်နဲ့ လျှောက်လာရင်း ... ကျွန်တော့် ကားရပ်ထားတဲ့နေရာကို ရောက်လာသည် ...

" ယွန်းအိ ... ကျွန်တော် ကားပါလာတယ် ... အကုန်လုံးကို လိုက်ပို့ပေးမယ်လေ ..."

" အင် ... ဘယ်မှာလဲ ..."

ဘောက်စဂွန် ကားလေးကို လက်ညှိုးထိုးပြပြီး ...

" ဒီကားလေ ..."

" ဟင် ... တကယ်ပြောတာလား"

" အင်း ... တကယ်ပေါ့ ... ဒီမှာကြည့်"

ယွန်းအိ ... ယုံအောင် ... ကားတံခါး ဖွင့်ပြလိုက်သည် ...

" သီရိ ... ခဏလေး ... ကိုခန့်က ကားပါတယ်တဲ့ ... အကုန်လုံးကို ... လိုက်ပို့ပေးမယ်တဲ့ ..."

သီရိတို့ နှစ်ယောက် ... ပြန်လှည့်ကြည့်ပြီး ...

" ဟုတ်လား ... တကယ်လိုက်ပို့ပေးရမှာနော် ... ကိုခန့်"

" အင်း ... လိုက်ပို့ပေးမယ်လေ ... တက်တက် ..."

" ညာပြီး ... အိမ်မခေါ်သွားရဘူးနော်"

" အောင်မလေးဗျာ ... ခေါ်သွားမှာ ... စိတ်ချ ..."

" အံမယ် ... ခေါ်ရဲ ခေါ်ကြည့်ပါလား ... ခစ် ... ခစ် ... ခစ် ..."

ကျွန်တော် ... သူတို့ အကြောကို ... နည်းနည်းတော့ နပ်လာတယ် ... အလိုက်သင့် ... ဟိုလိုဒီလိုလို ... ပြောတော့ ... ရီရတာပေါ့ဗျာ ... သာလိကာမလေး သုံးယောက် ... ကားပေါ်တက်ကြတယ် ... ယွန်းအိနဲ့ ... အေးမြတ်က နောက်မှာ ထိုင်တယ် ... သီရိက ... အရှေ့မှာ ထိုင်တယ် ... တမျိုးပဲဗျာ ... နည်းနည်းတော့ ... ရှိန်းတိန်းတိန်းနိုင်တယ် ... ခပ်ချောချော ကောင်မလေး သုံးယောက်နဲ့ ... ဒီလိုမျိုး သွားလာရတာ ... တမျိုးပဲဗျ ... ကျေနပ်သလိုလို ... ဝမ်းသာနေသလိုလို ...

" ကိုခန့် ... သီရိတို့ သုံးယောက်လုံး ... အိမ်ခေါ်သွားပြီး ... ဘာလုပ်မှာလဲဟင်"

" တယောက်ကို ... ကော်ဖီဖျော်ခိုင်းမယ် ... တယောက်ကို ... ထမင်းခူးခိုင်းမယ် ... တယောက်ကို ... ရေချိုးခိုင်းမယ် ..."

" အယ် ... တော်တော် ညစ်ပတ်တယ် ... ကိုခန့်နော် ... "

ဘာရယ်မဟုတ်ဘူး ... စလိုက်ပေမယ့် ... ကျွန်တော့် ... လက်မောင်း ... ဆစ်ကနဲ နာသွားသည် ... သီရိလေ ... ကျွန်တော့်ကို ဆွဲဆိတ်တယ် ... ဟာကွာ ... ဒီကောင်မလေးကတော့ ... ဖက်နမ်းပစ်လိုက်ရင်တော့ ... အကုန်လုံး ရှုပ်ကုန်မယ် ... ကျွန်တော်က ... ကျွန်တော့်အသားနာရင် မကြိုက်ဘူးဗျ ... ဒီလိုမျိုး လက်ပါတာမျိုးလည်း မကြိုက်ဘူး ... ဒါပေမယ့် ... ခွင့်လွှတ်လိုက်ပါတယ် ...

ကျွန်တော်က တောပြောတောင်ပြော ... လျှောက်ပြောမိတာကိုး ... အဲဒီမှာ ပါးစပ်သေနတ် သုံးလက် ဝိုင်းပစ်တာ ခံရတော့တာပဲ ... နားထဲ အူနေတာပဲ ... ကျွန်တော်လေ ... ခေါင်းတောင် မဖော်နိုင်တော့ဘူး ... သုံးယောက်တယောက်ဆိုတော့ ... မနိုင်ဘူးလေ ... မီးများမီးနိုင်ပေါ့ ... တာမွေနား အထိ ... စကားတွေ တတွတ်တွတ် ... တီတီတာတာတွေပြောလာကြတာ ... ကားပေါ်ကနေ ... ဟီးဟီးဟားဟား ရီမောသံတွေက ... လျှံထွက်နေတာပဲဗျာ ... ယွန်းအိ အိမ်ကို အရင်ရောက်တယ် ... နောက်ကနေ ... ဟိုဘက်ကွေ့ ... ဒီဘက်ကွေ့ ... လမ်းညွှန်ပေးရင်း ... အိမ်ရောက်တော့ ...

" ကိုခန့် ... ကျေးဇူးပဲနော် ... ညကျရင်လေ ... စာမေးလို့ရအောင် ... ဖုန်းနံပါတ် ပေးအုံး"

" အင်း ( 000 000 0000)"

" 000 000 0000 နော် ... အိမ်ဖုန်းလား ... စကားပြောလို့ရတယ် မှတ်လား ..."

" ရတယ် ... ရတယ် ... လှမ်းခေါ်လိုက်နော် ... ဘိုင့်"

" တာ့ တာ ... မနက်ဖြန်မှ တွေ့မယ်နော်"

ကျွန်တော့်ကားလေး ... လမ်းထိပ် ရောက်တဲ့အထိ ... ယွန်းအိ ရပ်ကြည့်နေတုန်း ... အင်း ... နည်းနည်းတော့ စိတ်မကောင်းဘူး ... စတွေ့တာ တရက်ပဲရှိပေမယ့် ... ယွန်းအိကိုလေ ... ရင်ထဲက သံယောဇဉ် ဖြစ်မိပါတယ် ... ယွန်းအိ ကျန်နေခဲ့တာကို ... စိတ်မကောင်းဘူး ... ဟူး ... မတတ်နိုင်ဘူးလေ ... မနက်ဖြန်ကျရင် တွေ့ရအုံးမှာပဲဟာကို ...အေးမြတ်အိမ်က ... တလမ်းကျော်မှာ ... အေးမြတ်ကလည်း ... ငလောင် ...

" ကိုခန့် ... ကျေးဇူးပဲနော် ..."

" ရပါတယ် ... မနက်ဖြန်မှ တွေ့မယ်နော်"

" ကိုခန့် ... သီရိကို အိမ်ရောက်တဲ့အထိ ... သေချာပို့ပေးလိုက်အုံးနော် ..."

" အင်းပါ ... စိတ်သာချ ... ကျွန်တော့် အိမ်ခေါ်သွားမယ် ..."

" ဟား ဟား ဟား ... တကယ်လား ... သီရိက ... တိုက်ကွမ်ဒို ... တတ်တယ်နော် ... ဟိ ဟိ ... စိတ်ချမယ်နော် ... ကိုခန့် ... ခစ် ... ခစ် ခစ်"

................................................................................................................................

အ ... ဆစ်ကနဲ ... နာသွားပြန်ပြီ ... လုပ်ပြန်ပြီ နောက်တစ်ခါ ...

" တာ့ ... တာ"

" သွားပြီနော် ... အေးမြတ်"

" ဟုတ် ... တာ့တာ"

ကားလေး မောင်းထွက်လာတော့ ... စစချင်း ... တမိနစ်လောက် ... ငြိမ်သွားသည် ... သီရိ ... ဟိုဘက်ငေးပြီး ... လျှောက်ကြည့်နေသည် ... အခုမှ သတိထားမိသည် ... သီရိက ... တော်တော့်ကို လှသည် ... မျက်ခုံး ... မျက်လုံး ... နှာတံ ... မျက်နှာပေါက် ... ခန္ဓာကိုယ်အချိုးအစား ... ဘေးကနေကြည့်ရတာ ... တော်တော်လေးကို လှသည် ... အထူးခြားဆုံးက ... သီရိရဲ့ ရင်နှစ်မွှာ ...  ထွားသည် ... မို့သည် ... တချက်ကြည့်ပြီးရင် ... မျက်စိမခွာနိုင်လောက်အောင် ... ထွားသည် ... ဘရာစီယာခွက်ပဲ ကြီးနေတာလား ... တကယ် ရင်သားကြီးတာလား ... ချွတ်ကြည့်မှ သိမယ်ထင်တယ်နော် ...

" ဟိတ် ... ဘာလို့ ဒီလောက် ... ကြည့်နေတာလဲဟင် ... အရှေ့ကို တည့်တည့်ကြည့်မောင်း"

" အရမ်းလှလို့"

" ဟုတ်လို့လား ... ယွန်းအိနဲ့ ... သီရိ ... ဘယ်သူပိုလှလဲဟင်"

" ယွန်းအိက ... ကလေးတစ်ယောက်လို ... ချစ်ဖို့ကောင်းတာ ... သီရိက ... တကယ့်မိန်းမချော ... ချောတယ်လို့ ပြောရမယ် ... မတူဘူး"

ဒီလိုမျိုး ... မေးခွန်းတွေကို ... နည်းနည်းတော့ ရှောင်တတ်လာပြီ ... မုဆိုး စိုင်သင်ပေါ့ ... စိုင်လှလှတောင့်တောင့်လေး ... သင်ပေးလို့လေ ...

" ကိုခန့်က ... သီရိကို ဘယ်လိုမြင်လဲဟင် ..."

ဟိုက် ... ဘယ်လိုမြင်တယ် ပြောရမလဲ ... လှတယ် ... ချောတယ် ... တောင့်တယ် ဖြောင့်တယ် ... ပြောရမလား ... အတိုချုံးပြောမှရမယ် ...

" အရမ်းလှတယ် ... အရမ်းချောတယ် ..."

" ဟုတ်လို့လား ... ဘယ်လို လှတာလဲဟင်"

" ယောက်ျားလေး တစ်ယောက် ... ငမ်းငမ်းတက် ဖြစ်လောက်အောင် ... လှတယ် ..."

" အဟား ... ကိုခန့်က အရမ်းမြှောက်ပြောတတ်တယ်နော် ... "

" ကျွန်တော်က ... မြှောက်ပင့် မပြောတတ်ဘူးဗျ ... အရှိတရားအတိုင်း ... အမှန်အတိုင်း ပြောပြတာ ... သီရိရဲ့ ... စိတ်နေစိတ်ထားတော့ ... ကျွန်တော် မပြောတတ်သေးဘူး ... တပတ် တလလောက်နေရင်တော့ ... အကဲဖြတ်လို့ရပြီ ..."

" အင်း ... မုန့်ဝယ်ကျွေးမယ်နော် ... သီရိကို ငမ်းတဲ့ ထဲမှာ ... ကိုခန့်လည်း ပါတယ်မှတ်လား"

ဟာဗျာ ... သီရိဆိုတဲ့ ကောင်မလေးက ... ရုပ်လေးလှသလောက် ... သူများကို ချောင်ပိတ်မေးတာ ... တော်တော် အကျင့်ပါနေလားမသိပါဘူး ...

" သီရိရယ် ... မိန်းကလေး တယောက် ... သိပ်လှရင် ... မကြည့်တဲ့ ယောက်ျားရှိလို့လား"

" တကယ်ပြောတာလား ... ဒါဆို ... ကိုခန့် မှောက်ခုံလဲတာ ... သီရိကြောင့်လားဟင် ... ခစ် ... ခစ်"

ချောင်ပိတ်မေးခွန်းတွေက ... မမိုက်ဘူးဗျာ ... အဲဒါမကောင်းဘူးဗျ ... မကောင်းဘူး ... လူတယောက်ကို ... အနုနည်းနဲ့ ... အနိုင်ကျင့်တာ ... ကျွန်တော် သဘောပေါက်လိုက်တာက ... သီရိက ... အလှတရားကြောင့် ... မာနတွေ သွေးနားထင်ရောက်နေတဲ့ ... ကောင်မလေးတယောက်ဆိုတာကိုပဲ ... ကျွန်တော်လည်း ... ရွဲ့ချင်တဲ့ စိတ်က ပေါ်လာတယ် ...

" ဟုတ်တယ် ... သီရိကို အငမ်းလွန်တာ ... မှောက်ခုံလဲတာပဲ ... ဟား ဟား"

" အယ် ... ကိုခန့် နော် ... ဟွန့် ..."

သီရိ ... ရှက်သလိုလို ရွံ့သလိုလိုနဲ့ ... မျက်နှာလေးက နည်းနည်းရဲလာသည် ... ဖြစ်မှာပေါ့ ... မိန်းကလေးတယောက်က ... သူ့နောက်ပိုင်းအလှကို ... ပေါ်တင်ကြီး အငမ်းခံရတာ ... ငမ်းပါကြောင်း ... ကြည့်တဲ့အကြောင်း ... ပေါ်တင်ကြီး ဝန်ခံလိုက်တော့ ... ရှက်သွားတယ်နဲ့ တူတယ် ... မှတ်ထား သီရိရေ ... ကျွန်တော်က ... စိတ်မထင်ရင် ... ရွဲ့တတ်တယ် ... သူ့ဘက်ကို နည်းနည်းတိုးပြီး ...

" ဟိတ် ... တကယ် အိမ်ခေါ်သွားမှာနော် ..."

" ဟင် ... ကိုခန့်နော် ... "

" လိုက်မယ်မှတ်လားဟင်"

သီရိ ... နည်းနည်းလေး ... မျက်နှာလေး ပျက်သွားသည် ... ကြောက်သွားသည့် ပုံစံ ... မျက်နှာနှစ်ခုက ... ပေဝက်လောက်ပဲ ဝေးတော့သည် ... ကျွန်တော် သီရိမျက်လုံးတွေကို ... စိုက်ကြည့်တာ ... ဆယ်စက္ကန့်လောက် ကြာသွားသည် ...

" အို ... ကိုခန့်ကလည်း ..."

" တကယ်ပြောတာ ... သီရိကို ကြည့်ပြီး ... အရမ်း ရင်တွေ ခုန်တယ်ဗျာ ..."

" အို ..."

သီရိ ... အကြည့်ချင်း လွှဲဖယ်သွားသည် ... ငြိမ်သွားသည် ... နည်းနည်း ... စိတ်အိုက်သွားသည့်ပုံ ... ဒီလောက်လှတဲ့ မိန်းကလေးတယောက် ... ဒီလိုမျိုး ရီးစားစကားတွေ ... အပြောခံရတာ မဆန်းပါဘူး ... ဆန်းတာက ... ကားပေါ်မှာ ... နှစ်ယောက်ထဲလေ ... ရှောင်ပြေးလို့လဲမရ ... မသိချင်ယောင် ဆောင်လို့လဲမရ ...

" ဟိတ် တကယ် အိမ်ခေါ်သွားရမှာလားဟင် ..."

" ကိုခန့်နော် ... သိပ်မစနဲ့ ... တကယ်လိုက်ခဲ့မှ ... ဟိုလိုလို ... ဒီလိုလို မလုပ်နဲ့ ..."

" အိုကေ ... ဒါဆို ... အိမ်မပြန်နဲ့တော့နော် ..."

" အင် ... အဲဒီလို မနောက်ရဘူးလေ ... ခစ် ... ခစ်"

" ရော် ... ခက်တော့တာပဲ ... အမိကလည်း ... တကယ်ပြောတာပါဆို ..."

" ဟင့်အင်းနော် ... သီရိက ... ငယ်သေးတယ် ..."

" ဘာငယ်တာလဲဟင် ..."

ကျွန်တော့် စကားက ... နည်းနည်းတော့ လွန်သည် ... မတတ်နိုင် ... မာန မိုးမွှန်အောင် ကြီးနေတဲ့ ကောင်မလေးကို ... နည်းနည်းတော့ ... နှိပ်စက်အုံးမယ် ....

" အို ... ကိုခန့်ကလည်း ..."

သီရိ ... သူ့ကိုသူ ... မလုံမလဲ ... ရင်ဘတ်လေးပေါ် ... လက်ဖိလိုက်သည် ... သီရိ ... ရင်တွေ ခုန်နေပုံရသည် ... သူ့ပစ္စည်းသူ ထွားမှန်း သိပုံရသည် ...

" ကိုခန့်နော် ... သိပ်မဆိုးနဲ့ ... သီရိက ... ရိုးရိုးသားသားခင်တာ ... ဟိုစိတ်ဒီစိတ် မမွေးရဘူးလေ"

" ဘယ်စိတ်ကို ပြောတာလဲဟင်"

" အို ... ပြောလေ ... ကဲလေပဲ ..."

" ကဲမှာပေါ့ ... သီရိက ... သိပ်လှတာကိုး"

" အိုး ... ကိုခန့်နော် ... ဟွန့် ... တိုင်ပြောမယ် ကြည့်နေ"

" တိုင်တလုံး ... ငါးပြား ... ကြိုက်တဲ့လူကိုတိုင် ... တရားသူကြီးတော့ သွားမတိုင်နဲ့နော် ... တခါထဲ လက်မှတ်ထိုးပစ်လိုက်မယ် ... ဟား ဟား ဟား"

အတည်လိုလို ... အရွှန်းလိုလိုနဲ့ ... သီရိကို ကြပ်နေသည် ... မသိရင်ပဲ ... ကျွန်တော့်ပုံစံက ... တခါတည်း ... လက်ထပ်ပစ်လိုက်တော့မယ့်ပုံစံ ...

" အို ... ကိုခန့်နော် ... သိပ်မစနဲ့ ... သီရိ ရှက်လာပြီနော်"

" ဟား ဟား ... အလကားပြောတာနော် ... စိတ်မဆိုးနဲ့"

" တော်တော် အူမြူးနေတယ် ... ဟွန့်"

ဆစ်ကနဲ ... နာသွားပြန်ပြီ ... နောက်တစ်ခါ ... ဆွဲဆိတ်ပြန်တယ် ... သီရိ ... သီရိ ... နောက်တခါ မဆိတ်ရဲအောင် ... ဖက်နမ်းပစ်မှနဲ့တူတယ် ...

" ကိုခန့်ကို ... အကူအညီတခုတောင်းမလို့ ... အရမ်းစတော့ ... မတောင်းတော့ပါဘူး ..."

" အလကား လျှောက်စနေတာ ... ကျွန်တော်ဘာလုပ်ပေးရမလဲ ... ပြောပါ ... အားမနာပါနဲ့"

" ဟိုလေ ... သီရိ ... ပုံဆွဲဖို့ ... စာရွက်တွေရယ် ... ပစ္စည်းတွေရယ် ... ဝယ်ရမယ် ... ဘယ်မှာ ဝယ်ရမလဲဟင်"

" လမ်း ၃၀ မှာ ရောင်းတယ် ... မြို့ထဲလမ်းတော့ ... သိပ်မကျွမ်းဘူးနော် ..."

" အင်း ... သိပြီ ... ထရိတ်ဒါး အောက်ဘက်က ဘလောက် ... "

" အဲဒီပဲ မောင်းလိုက်မယ်နော် ..."

" ဟုတ်"

" သီရိက ... မောင်နှမတွေရှိသေးလား"

" မရှိဘူး ... ကိုခန့်ရဲ့ ... သီရိက ... တဦးတည်းသော သမီး"

" အတူတူပဲ ... ကျွန်တော်လည်း ... တဦးတည်းသော သား"

" ဟယ် ... ဟုတ်လား ... ဒါဆို ... လူဆိုးတွေပေါ့"

" အင်း ... ဒါပေမယ့် ... မိဘတွေက ... မရှိတော့ဘူး ... ပေါင်းတည်က အိမ်မှာ ဆုံးသွားကြတယ် ..."

" ဟင် ... ဟုတ်လား ... သနားပါတယ် ..."

" ဟုတ်တယ် ... သီရိရဲ့ ... ကျွန်တော် စိတ်တအားညစ်လို့ ... လျှောက်စနေတာ ... တမျိုးတော့ မထင်နဲ့နော် ..."

" အာ ... ရပါတယ် ... စိတ်မညစ်ပါနဲ့ ... ကိုခန့်ရဲ့ ... သီရိတို့ရှိပါတယ် ... ပျော်အောင်သာနေနော် ... စိတ်မညစ်ရဘူး"

" အင်း ... ကျေးဇူး"

" အခုကော ... ဘယ်သူနဲ့ နေလဲဟင်"

" ကျွန်တော့် ဘကြီးနဲ့ အတူတူနေတယ် ..."

" ဟုတ်လား ... ဘကြီးက ... အိမ်ထောင်နဲ့လား ..."

" ဟုတ်ဘူး ... လူပျိုကြီး ..."

" ထမင်းစားတော့ ... ဝယ်စားတာလား"

" အင်း ... ဝယ်စားတယ် ... သူလည်း သူကြိုက်တာ ဝယ်တယ် ... ကျွန်တော်လည်း ... ကျွန်တော်ကြိုက်တာ စား"

" နောက်နေ့ ... ထမင်းဘူး ပိုထည့်လာပေးမယ်နော် ... စားမယ်မှတ်လား"

" သီရိ ကျွေးရင် ... အကုန်စားမယ်"

" အို ... ကိုခန့်နော်"

 

အပိုင်း ( ၂ ) ဆက်ရန် >>>



Print Friendly and PDF

No comments:

Post a Comment