Configure Page List

Thursday, August 13, 2015

ကိုရွှေဘ၏ စွန့်စားခန်းများ အပိုင်း ( ၂ )

ကိုရွှေဘ၏ စွန့်စားခန်းများ အပိုင်း ( ၂ ) 

{ ဇာတ်သိမ်းပိုင်း }

ရေးသားသူ - ချမ်းကို (Chan Ko)

ကိုရွှေဘနှင့် မိချိုလေး

ဒီနေ့ ရပ်ကွက်ထိပ်က မီးကင်းတဲမှာ လူတော်တော် စည်ကားနေကြတယ်ဗျ။ နှင်းကျသံ တဖျောက်ဖျောက်ကြားထဲမှာ လူငယ်တွေ တရုန်းရုန်းပဲ။ ထုံးစံအတိုင်း ဖိုထားတဲ့ မီးဖိုကြီးကို ဝိုင်းထိုင်လို့ ပါးစပ်တပြင်ပြင် လုပ်နေကြတယ်။ ၃ ချောင်းထောက်နှစ်ခုကို တန်းထိုးပြီးတော့ မီးဖိုပေါ်မှာ အလှူတွေမှာ ဟင်းရည်လိုက်တဲ့ ချိုင့်အကြီးကြီးနှစ်လုံးကို တင်ထားတယ်။ ချိုင့်အကြီးကြီးတွေထဲမှာ ကျနော်တို့လူငယ်တွေ ကြိုက်တတ်တဲ့ အထူးဟင်းပေါင်းဗျ။ အရပ်ဒေသအလိုက်ရှိကြတဲ့ ရိုးရာအစားအစာပေါ့ဗျာ။

ဒီလိုဗျ.. ဒီနေ့ ရပ်ကွက်ထဲမှာ မင်္ဂလာဆောင်တစ်ခုရှိတယ်။ အဲ့ဒီခေတ်က ဗမာပြည်ကြီး ချမ်းသာနေသေးတဲ့ခေတ်ဆိုတော့ မင်္ဂလာဆောင်ဆိုတာ အလျှံပယ်ကျွေးတာကိုး။ ထမင်းနဲ့ဟင်း အဝ၊ တစ်မြို့လုံး မီးခိုးတိတ်လေဗျ။ ဝက်ကို ၁၀ ကောင်၊ ကြက်အကောင် ၈၀၀၊ အဲ့လိုတွေကိုး။ ဟင်းတွေကလည်း ၈ ယောက်ထိုင်စားပွဲမှာ ထမင်းပန်းကန်ချစရာ နေရာမရှိအောင် စုံလင်နေတာပဲ။ ထားပါတော့ဗျာ.. အခုပြောတဲ့ ဟင်းပေါင်းဆိုတာက မျက်လုံးထဲပေါ်အောင် ပြောရရင်.. မင်္ဂလာဆောင်ကူတဲ့ လူငယ်တွေအတွက်.. ကျန်သမျှဟင်းတွေ ဝေစုပေးတယ်။ အစိမ်းကြော်၊ ဝက်စတူး၊ တောက်တောက်ကြော်၊ ငါးကြင်းကြော်ချက်၊ ဝက်သားပေါင်း၊ ကြက်သားနဲ့အာလူး၊ ချိုချဉ်ကြော်၊ ခရမ်းသီးဖုတ်ထောင်း အစရှိသဖြင့် မင်္ဂလာဆောင်မှာ ဧည့်ခံသမျှကို ဝေစုပေးရတာ ထုံးစံပေါ့လေ။ အဲ့ဒီဝေစုတွေကို မိုးပြဲဒယ်ကြီးထဲ အကုန်သွန်ထည့်ပြီး မီးပြင်းပြင်းနဲ့ ကျိုတာကို ဟင်းပေါင်းလို့ ခေါ်တယ်ဗျ။ အခု မီးဖိုပေါ်တင်ထားတာ အဲ့ဒါတွေဗျ။

မစားတတ်တဲ့ ခင်ဗျားတို့အတွက်တော့ ရွှံစရာလို့ ထင်ကောင်းထင်ကြလိမ့်မယ်။ ကျနော်တို့အရပ်က လူငယ်တွေအတွက် အခုခေတ် ခင်ဗျားတို့ ကြိုက်လှပါချေရဲ့ဆိုတဲ့ KFC တို့၊ McDonald တို့နဲ့ ဆယ်ခါပြန်မလဲသေးဘူးဗျ။ ပြီးတော့ ဒီဟင်းပေါင်းဆိုတာ လူငယ်သီးသန့်အတွက်ပဲဗျ။ အိမ်ထောင်ရှင်တွေ၊ လူကြီးတွေ မပါရဘူးလို့ သူ့အလိုလိုကို သတ်မှတ်ပြီးသား။ ဒီနေ့ညတော့ ဆောင်းတွင်း နှင်းဖွေးဖွေးကြားမှာ ရေနွေးခါးပူပူလေးရယ်၊ ဟင်းပေါင်းကို ဇလုံလေးတွေကိုယ်စီနဲ့လွေးဖို့ ပြင်နေကြလို့ အလိုလို အူမြူးနေကြတာပေါ့လေ။

“ ကဲ.. စကြစို့ ရနေပြီ”

ဆိုတာနဲ့ သူ့ထက်ငါ ဇလုံလေးတွေ ထိုးခံနေကြတာ ဆူဒန်ဒုက္ခသည်စခန်းမှာ ဂျုံဆန်ပြုတ်ရဖို့ လုနေကြသလိုပဲဗျ။

“ အသားဖတ်များများပါတဲ့ ဇလုံအပြည့် ဟင်းပေါင်းတစ်ခွက် ပြင်ပါ။ နံပါတ်ဝမ်းကြီး လာနေပါတယ်..”

ဆိုတဲ့ အသံနဲ့အတူ ကျနော်တို့လူအုပ်ထဲ လူတစ်ယောက် ဝင်ထိုင်လိုက်တာမြင်တော့ အားလုံးက ဝိုင်းအော်ကြတယ်..။

“ ဟာ!! ကိုရွှေဘ လာပြီ..” (နံပါတ်ဝမ်းကြီးဆိုတာ အဲ့ဒီခေတ်က ဘယ်သူ့ကိုခေါ်သလဲ သိတယ်နော်)

“ ကဲ.. ငါတို့အစ်ကိုကြီးအတွက် လုပ်စမ်းဟေ့..။ အသားဖတ်များများ ဟင်းပေါင်းခပ်ပျစ်ပျစ်လေး ခပ်ပေးလိုက်စမ်း..။ လုပ်လုပ်..။ ကိုရွှေဘ.. ရော့.. ရေနွေးလေး အရင်မှုတ်သောက်ထား…”

သူ့ကို အားလုံးက ပျာပျာသလဲ လုပ်ပေးနေတာကိုကြည့်ပြီး ထုံးစံအတိုင်း တဟဲဟဲနဲ့ ရွှေသွားတဝင်းဝင်းပေါ်အောင် ရယ်နေရင်း ကိုရွှေဘတစ်ယောက် သဘောတွေကျလို့ပေါ့။ အားလုံး တဟူးဟူး တဟဲဟဲနဲ့ ဗိုက်ကားအောင် စားသောက်ကြပြီး အိုးတွေခွက်တွေကို သိမ်ဆည်းပြီးမှ ရေနွေးကြမ်းမတ်ခွက်ကြီးတွေ ကိုယ်စီကိုင်၊ မင်္ဂလာဆောင်ကဝေတဲ့ ဒူးယားစိမ်းလေးတွေ ကိုယ်စီခဲလို့ မီးဖိုဘေးမှာ ဇိမ်တွေ့နေကြတယ်။ နည်းနည်းလောက်ကြာမှ ချာတိတ်တစ်ကောင်က စကားစတယ်..။

“ ကိုရွှေဘ.. ကျနော်တို့ကလေးဘဝက ဘယ်ပျောက်သွားတာလဲဗျ..။ မြင်ကိုမမြင်ဖူးခဲ့တာ…”

“ အင်း.. နာမည်သိပ်ကြီးတဲ့ နေရာတစ်ခုမှာ ကျောက်သွားတူးတာဟ..။ ၄-၅ နှစ်လောက် ကြာတယ်..”

ဒူးယားစိမ်းလေးနဲ့ ဇိမ်ယူနေတဲ့ ကိုရွှေဘက ပြန်ဖြေတယ်။

“ ကိုရွှေဘ မြို့ကိုပြန်ရောက်လာတော့ .. ကျနော်တောင် လူပျိုပေါက်ရှိပြီနော့”

ကျနော် ဝင်ပြောလိုက်တယ်။

“ ဟုတ်ပါ့.. မင်းတို့ မြစ်ထဲရေချိုးနေတာ.. ငါနဲ့တွေ့တဲ့နေက ငါပြန်ရောက်လာတဲ့နေ့ပေါ့.. ဖိုးသက်ရ !!”

“ ဖွီးးးးး!!”

ကျနော် ထပြီးရယ်လိုက်လို့ ရေနွေးကြမ်းတွေ သီးကုန်တယ်။ အားလုံးက ကျနော့်ကို ဝိုင်းကြည့်နေကြတယ်။ ဒီတစ်ခါ ဘာဖြစ်ပြန်ပြီလဲပေါ့။ ကျနော်က တခွိခွိလုပ်နေရင်း အားလုံးကို လက်ကာပြပြီး..

“ ဟီး.. အခု မန်းလေးမှာ ပွဲရုံပိုင်ရှင်နဲ့ ရသွားတဲ့ မမိချိုလေးနဲ့ ကိုရွှေဘရဲ့ ဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းက အဲ့ဒီနေ့မှာစတာလေ..။ ကိုရွှေဘ.. ပြောပြလိုက်လေဗျာ..”

“ ချီး! နေဦး ငါ ဗိုက်နည်းနည်းတင်းနေတယ်..။ အဲ့ဒီဇာတ်လမ်းအစက မင်းလည်း ရေချိုးဆိပ်မှာ ရှိနေတာပဲ..။ မင်းအရင်စပြောပြလိုက်..။ မင်းမသိတဲ့ နောက်ပိုင်းဇာတ်လမ်းရောက်မှ ငါဆက်ပြောမယ်…”

အဲ့လိုပြောပြီး ဆရာသမားက ဒူးယားစိမ်း နောက်တစ်လိပ်တောင်းပြီး ဖွာနေတယ်။ အားလုံးက ကျနော့်ကို စတော့လေဆိုတဲ့ အမူအရာတွေနဲ့ ဝိုင်းကြည့်နေကြတော့.. ကျနော်လည်း ပြုံးစိစိလုပ်ရင်း စပြောလိုက်တယ်…။

“ မင်းတို့သိတဲ့အတိုင်း ကိုရွှေဘဆိုတာ အရာရာနဲ့ အကြောင်းကြောင်းမလား…။ မိုးတွင်းဆိုရင် ငါတို့မြို့ဘေးက မြစ်ကရေတွေ အတော်တက်လာတာမလား။ ခါတိုင်းဆိုရင် ရေက ကမ်းပါးအောက် ပေ ၅၀-၆၀ လောက်ရှိနေရာကနေ ရေတက်လာတော့ ကမ်းပါးအောက် ပေ ၂၀-၂၅ လောက်ပဲ မြင့်တော့တာကိုး။ အဲ့ဒီခေတ်က အခုလို ဘုံဘိုင်တွေ၊ အဝီစိတွေ မပေါ်သေးတော့ကာ.. တွင်းရေကို သောက်ဖို့သုံးဖို့လောက်ပဲ တစ်မြို့လုံး သုံးကြပြီး၊ လူကြီးလူငယ်မှန်သမျှဆိုတာ မြစ်ထဲ ရေချိုးဆင်းကြရတာကိုးဟ။ မိုးတွင်း ရေတအားတက်လာပြီဆို ရေချိုးဆိပ်က အဆင်မပြေတော့ဘူး။ ကမ်းနားမှာ ဟိုးအောက်ပြည် အောက်ရွာကို စုန်ဆင်းဖို့ လာကပ်ထားတဲ့ ဝါးဖောင်တွေရှိတယ်။ လူတွေက အဲ့ဒီ ဝါးဖောင်တွေပေါ်တက်ပြီး ခွက်ကလေးတွေနဲ့ ခပ်ချိုးရတာပေါ့လေ..။

ငါတို့ချာတိတ်တွေကြတော့ ကမြင်းကျောက ထထရယ်။ အဲ့လို ရေတက်လာတဲ့အချိန်အတွက် ကြိုတင်ပြင်ဆင်ပြီးသား။ သူများရပ်ကွက်က ဓာတ်မီးတိုင်မှာ တိုင်မယိုင်အောင် ထိန်းထားတဲ့ လက်ညိုးအလုံးလောက်ရှိတဲ့ သံမဏိဝင့်ကြိုးကို ညဖက်သွားပြီး ဖြုတ်ခိုး။ ကားတာယာအဟောင်း တစ်ခုလောက် ဝပ်ရှော့က သွားတောင်းပြီး ဓါးထက်ထက်နဲ့ လက်ကိုင်လို့ကောင်းတဲ့ အကွင်းအရွယ်ထိဖြစ်အောင် ဝိုက်ပြီးလှီး။ မြစ်ကမ်းပါးထိပ်က မြစ်ဘက်ကို ထိုးထွက်နေတဲ့ ကုက္ကိုပင်ကြီးရဲ့အကိုင်းမှာ တက်ပြီး သေချာချည်လိုက်ရင် ငါတို့ဆော့ကစားစရာ၊ ရေထဲကို ဒန်းလွှဲသလိုလွှဲစီးပြီး ဒိုင်ပင်ပစ်လို့ရတဲ့ ဒိုင်ပင်စင် ရပြီပေါ့လေ။ အရှိန်နဲ့ ကမ်းပါးကနေ ရေထဲကို လွှဲစီးသွားပြီး တော်တော်ဝေးဝေးရောက်မှ ရေထဲကို ဒိုင်ပင်ပစ်လိုက်၊ ဂျွမ်းထိုးချလိုက်နဲ့ ကမြင်းကျောထကြတာပေါ့လေ။

ဒီအလေ့အထက ငါတို့မြို့ရဲ့ အစဉ်အဆက်လို့လည်း လူကြီးတွေက ပြောဖူးတယ်ဟ။ ရေချိုးဆိပ်လုပ်ထားတဲ့ ဖောင်တွေက ငါတို့ဆော့နေတဲ့ ကမ်းပါးအောက် ဝါးတရိုက်လောက်မှာပေါ့။ အဲ့ဒီနေ့က ငါတို့ချာတိတ် ၃-၄ ကောင် အဲ့လိုကမြင်းနေကြတာပေါ့။

ရေချိုးဆိပ်ဖောင်ပေါ်မှာတော့ ရပ်ကွက်ထဲက အသက် ၂၅ လောက် (အဲ့ဒီတုန်းက) ရှိတဲ့ မမိချိုလေး တစ်ယောက်ထဲ ထမီရင်ခေါင်းလျားနဲ့ အဝတ်တွေ လျှော်ဖွတ်နေတာ။ တချက်တချက် ငါတို့ကို ဟဲ့ ကလေးတွေ.. ကမြင်းကြောကို ထလှချေလား.. ဘာညာနဲ့ လှမ်းလှမ်းပြီး အော်နေသေးတယ်။ အဲ့ဒီအချိန်မှာ… ငါတို့ဆော့နေတဲ့ ကမ်းပါးနားကို အမှိုက်ပစ်တဲ့ တွန်းလှည်းလေးတွန်းပြီး ကိုရွှေဘ ရောက်လာတာဟေ့။ အင်္ကျီဗလာနဲ့ ဝက်ဝံတံဆိပ်ပုဆိုးအဝါကို တိုတိုဝတ်ထားတယ်။ အမှိုက်တောင်းတွေ မြစ်ထဲသွန်ပြီးတာနဲ့ ငါတို့နားလာပြီး အာလာရိုက်တော့တာပေါ့..။ မင်းတို့ ဘယ်သူ့ကလေးတွေလဲ ဘာညာတွေနဲ့ပေါ့လေ..။ ဟဲဟဲ.. ငါတို့ကို အာရိုက်နေရင်း ဖောင်ပေါ်က မမိချိုရဲ့ ရေစိုစိုထမီရင်ခေါင်းလျား အလှကို လှမ်းလှမ်းပြီး ဂလုရင်းပေါ့…။

အဲ့လို ငါတို့ကို အာရိုက်တယ်ဆိုတာကလည်း ငါတို့အပေါ် အာရုံရှိပုံ မရပါဘူးလေ။ ဖောင်ပေါ်က မမိချိုလေး မကြားကြားအောင် အသံတစာစာနဲ့ လုပ်နေတယ် ဟီးဟီး..”

“ အေပေးလေး!!” (ကိုရွှေဘ ဝင်ဆဲသံ)

“ သူ့ကိုယ်သူ ငါတို့ရပ်ကွက်ထဲက တရုတ်လက်ဖက်ရည်ဆိုင်က ကိုရွှေဘပါဆိုတာ မိတ်ဆက်ရင်း.. ငါတို့ ကမြင်းကြောထနေတဲ့ ကိစ္စကိုပါ ဝင်ပြီးစွက်ဖက်လာရောဗျ။ ဟာ.. မင်းတို့ကောင်တွေ ဒိုင်ပင်ပစ်တာ မလှပါဘူး..။ ငါတို့ကောင်တွေ ငယ်ငယ်ကဆို ဘယ်လိုဘာညာတွေပေါ့လေ။ ပြောရင်းနဲ့ စိတ်ပါလာတာလား.. မမိချိုလေးက လှမ်းလှမ်းကြည့်နေတော့ အစွမ်းပြချင်တာလား မသိပါဘူး။ သူ့ပုဆိုးအဝါလေးကို ခါးတောင်းကောက်ကျိုက်လိုက်ပြီး ကမ်းပါးပေါ်မှာ မတ်တပ်ရပ်လျှက်ကနေ.. ဟိုင်း!! ဆို တစ်ချက်အော်လိုက်ပြီး နောက်ပြန်တစ်ပတ်ဂျွမ်း ခုတ်ပြလိုက်သေးတယ်။

အမယ်.. ဟုတ်တော့ဟုတ်တယ်ဗျ။ နေရာတောင်မရွေ့ဘူး လှလိုက်တဲ့ နောက်ပြန်တစ်ပတ်ဂျွမ်းလေး။ ငါတို့က ရေထဲကိုသာ ဂျွမ်းထိုးရဲတာ အဲ့လိုကြီးကတော့ မြေကြီးပေါ်မှာ မလုပ်ရဲဘူး..။ အကျမတော်ရင် ဇက်ကျိုးမဲ့ အပေါက်လေ။ နောက်မှသိရတာ ကိုရွှေဘက သိုင်းပြောင်းပြန် ဆရာကြီးကိုး။ (ကိုရွှေဘ တဟဲဟဲ ရယ်နေတယ်)

အင်း.. ဒီကတည်းက မမိချိုက ကိုရွှေဘကို သဘောကျချင်နေတာလားတော့ မသိဘူးလေ..။ ငါတို့တွေ့စက ကိုရွှေဘ ဘော်ဒီကော ရုပ်ကော ကွန်ဖူးမင်းသား ဘရုစ္စလီစတိုင်ကိုးဟ။ အဲ့ဒါ ဖောင်ပေါ်ကနေ အဝတ်တွေသာလျှော်နေတာ အင်္ကျီချွတ်၊ ပုဆိုးခါးတောင်းကျိုက်ထားတဲ့ ကိုရွှေဘကို လှမ်းလှမ်းကြည့်နေတာကိုး။

အဲ့လိုတွေ အခြေအနေကောင်းနေတော့ ကိုရွှေဘက အစွမ်းတော်တော်ပြချင်လာပုံပေါ်တယ် ဟီးဟီး။ သံမဏိဝင့်ကြိုးနဲ့ လုပ်ထားတဲ့ ဒီဒန်းကြိုးကို လွှဲစီးပြီး လေပေါ်ဝဲ နှစ်ပတ်ဂျွမ်း ထိုးပြမယ်ဆိုပဲ၊ ရေထဲကိုနော်။ မင်းတို့ကြည့်ထားကြ.. ဘယ်လိုထိုးရတယ်ဆိုတာ ဆိုပြီ အော်ပြီးပြောလိုက်သေးတယ်..။ မမိချိုလေး မကြားကြားအောင်ပေါ့လေ။ အင်း.. ဟိုကလည်း လှမ်းကြည့်နေပြီဆိုတော့ ကဲ ချပေါ့လေ..။ လက်ကိုင်ကွင်းလုပ်ထားတဲ့ ကားတာယာကို လက်နှစ်ဖက်နဲ့စုံကိုင်.. အရှိန်များအောင်ဆိုပြီး ငါတို့ချာတိတ်တွေက သူ့ခါးကိုဖက်ပြီး အနောက်ကို အားနဲ့ဆွဲမြှောက်၊ ပြီးမှ ဝမ်း..တူး..သရီး ဆိုပြီး တွန်းလွှတ်လိုက်တာပေါ့။

ယားးးး!! ဆိုပြီး အရှိန်ပြင်းပြင်းနဲ့ ခိုစီးပြီး လွှဲသွားတာ.. ကမ်းနဲ့အဝေးဆုံး အမြင့်ဆုံးကို ရောက်သွားမှ လက်ကိုလွှတ်ပြီး လေပေါ်မှာ လှည့်ပတ်ပလိုက်တာ ၂-၃ ပတ်လောက်ဗျ.. လှချက်က..။ နောက်ဂျွမ်းထိုးတာ ဒီလောက်လှတာ ငါတော့မမြင်ဖူးဘူးဟေ့။

ဒါပေမယ့်.. ကံမကောင်းဘူး။ ရေထဲကို မတ်တပ်လေး ကျသွားရမှာ.. ဟို ကားတာယာကြီးက အရှိန်တအားပြင်းတော့ ကိုရွှေဘ ပြန်ကျလာတဲ့အချိန်ထိ လေထဲမှာ အကွင်းလိုက်ကြီး ကျန်နေတော့ လေထဲကနေ ဂျွမ်းထိုးပြီး အောက်ကျလာတဲ့ သူ့ကိုယ်လုံးက ပေါက်ပေါက်ရှာရှာ ကားတာယာထဲ စွပ်ဆို တည့်တည့်ဝင်သွားရော။ ဂျိုင်းကြားနှစ်ဖက်နဲ့ ကွက်တိချိတ်.. ကားယားယားကြီး ကမ်းပါးကို အရှိန်နဲ့ ပြန်ပါလာတာဟေ့။

ဝီးကနဲ.. လွှဲလာတဲ့အရှိန်နဲ့ ကမ်းပါးကို ပြန်ကပ်လာတော့ ငါတို့ကောင်တွေလည်း ဟာ.. ဆိုပြီး ရှောင်
ရတော့တာပေါ့။ အင်း.. ကုက္ကိုပင် ပင်စည်ကြီးကို ဝင်ဆောင့်လိုက်တာများ အုတ်နံရံကို ဂျစ်ကားဝင်ဆောင့်သလာ မှတ်ရတယ် အုံးးး !! ဆိုပြီး အကျယ်ကြီးပဲဗျ။ ဝင်ဆောင့်ပြီးတာနဲ့ အရှိန်မသေဘူးလေ မြစ်ဖက်ကို လည်လည်လည်လည်နဲ့ ပြန်လွှဲပါသွားရော။ နာရီချိန်သီးလို အရှိန်မသေမချင်း လွှဲနေသေးပေမယ့်.. ငါတို့ကမ်းပါးပေါ်ကနေ လှမ်းပြီးဖမ်းဆွဲ
ဖို့ကို မမှီတော့တာ။

ရပ်သွားတော့မှ ကြည့်လိုက်တော့.. ကိုယ့်ဆရာခင်မျာ ကုက္ကိုကိုင်း အစွန်းအောက်တည့်တည့် မြစ်ရေပြင်ပေါ်က လေထဲမှာ ကြိုးတန်းလန်း ကားတာယာကွင်းလေးထဲမှာ စွပ်လျှက်ကလေး..။ ပုဆိုးကလည်း ဘယ်အချိန်က ကျွတ်ကျသွားတယ် မသိဘူး။ ဖင်တုံးလုံး ဂွေးတန်းလန်းလေးနဲ့ အဝတ်မပါပဲ ချိတ်နေရှာတယ်.. ဟားဟား!!

မမိချိုလေးက ရေထဲကိုမျှောလာတဲ့ သူ့ပုဆိုးကို ဖောင်ပေါ်ကနေ ဆယ်ပေးနေတယ်။ ငါတို့ကောင်တွေက ကမ်းပါးပေါ်ကနေ ဗိုက်နှိပ်ပြီး ရယ်နေကြတာ ခွက်ထိုးခွက်လှန်ပေါ့လေ။ နောက်မှ သတိရတာနဲ့ ကြိုးကို အဲ့လိုအရှိန်သေသွားတိုင်း လှမ်းဆွဲတဲ့ ချိတ်တပ်ထားတဲ့ ဝါးလုံးရှည်နဲ့ အသာလေးထိန်းပြီး ကမ်းပါးကို ဆွဲယူလိုက်ရတာပေါ့။ ကမ်းပါးပေါ်ကို ဆွဲတင်ပြီးတော့ ကိုယ့်ဆရာက မထနိုင်ရှာဘူး… ဖင်တုံးလုံးလေးနဲ့ မြေကြီးပေါ်ခွေပြီ တအင်းအင်း ညည်းနေတာပေါ့။

ဒါနဲ့ ငါတို့ချွတ်ပုံထားတဲ့ ပုဆိုးတစ်ထည် ဝတ်ပေးပြီး သူအမှိုက်လာပစ်တဲ့ တွန်းလှည်းပေါ်တင်ပြီး အိမ်ကို တွန်းပို့လိုက်ရတယ်။ သူ့အိမ်ရောက်တော့ သူအဖေတရုတ်ကြီးက.. ဟာ.. မီးမေရိုး ဒီလောက်ကမြင်းတာ အိမ်ပြန်လာပို့သေးတယ်.. မြစ်ထဲတခါလဲ မျှောလိုက်ပါလားတဲ့.. ဟားဟား။”

အားလုံး တဟားဟား ဆူညံနေအောင် ရယ်နေကြတာ ရပ်သွားမှ ကျနော်က ဆက်ပြောတယ်။

“ အဲ့ဒီမှာ ကိုရွှေဘ ကျွတ်ကျကျန်ခဲ့တဲ့ သူ့ပုဆိုးလေးက အခုပြောမယ့် အချစ်ဇာတ်လမ်းရဲ့ အစပေါ့လေ။ ကဲ.. ကိုရွှေဘအလှည့်.. ပြောတော့ဗျာ!!”

“ အင်း.. ဖိုးသက်ပြောတဲ့ အဖြစ်အပျက်တွေ ဖြစ်ပြီးတော့ ငါလည်းရှက်ပြီး အပြင်မှာ မိချိုနဲ့ မျက်နှာချင်းတောင် မဆိုင်ရဲတော့ဘူးဟေ့…။ ဒါပေမယ့် တစ်ပတ်လောက်ကြာတော့ ငါလည်း မြစ်ထဲကဖောင်ပေါ် ရေချိုးဆင်းတော့ ဖောင်ပေါ်မှာ အဝတ်လျှော်နေတဲ့ မိချိုနဲ့ နှစ်ယောက်ထဲ ကြုံပါရောလားကွာ။ လူကလည်း အဲ့ဒီနေ့က ညနေနေဝင်ရီတရောမှာ ဘယ်သူမှကိုမရှိပဲ ရှင်းနေတာကိုးဟ။ ဖောင်ပေါ်မှာ ငါနဲ့ မိချိုနဲ့ နှစ်ယောက်ထဲပေါ့လေ..။ မှောင်ကလည်း မှောင်စပြုလာပြီ။”

ခုနက တဟားဟားရယ်နေတဲ့ ပရိတ်သတ်က တိတ်သွားကြပြန်ပြီ။ မှောင်ရီပျိုးစမှာ လူသူရှင်းတဲ့ ရေချိုးဆိပ်မှာ ငါတို့လူနဲ့ မိချိုလေး နှစ်ယောက်ထဲ ဖောင်ပေါ်မှာ တွေ့ကြပြီပေါ့လေဆိုပြီး မျက်စိထဲမြင်ယောင်ကြည့်ရင်း ရင်ဖိုလာကြပြီပေါ့ဗျာ။ ထုံးစံအတိုင်းပဲ ဆရာသမားက စပြောပြီဆိုတာနဲ့ အမူအရာလေးတွေနဲ့ မာန်ပါပါ စပြောတော့မယ့်ပုံကိုး။ သောက်လက်စ ဒူးယားစိမ်းကိုတောင် မီးဖိုထဲပစ်ထည့်လိုက်ပြီး အဟမ်းဟမ်း.. ဆိုပြီး လည်ချောင်းတွေဘာတွေ ရှင်းလိုက်သေးတယ်။ ပြီးမှ မီးပုံကိုဝိုင်းထိုင်နေတဲ့ လူတွေကို လှည့်ပတ်ကြည့်လိုက်သေးတယ်။ စိတ်ဝင်စားမှု အပြည့်ရှိရဲ့လားပေါ့လေ။ အားလုံးကငြိမ်ပြီး သူ့စကားကိုမျှော်နေတယ် ဆိုတာတွေ့မှ ကိုရွှေဘ စကားဆက်ပြောတယ်။

“ မိချိုလေးဆိုတာ မင်းတို့ထဲက တချို့ကောင်တွေ မမြင်ဖူးတော့ ပြောပြဦးမယ်။ တစ်တစ်ရစ်ရစ်ကလေးဟ.. ငါးရံ့ကိုယ်လုံးလေး..။ ပြီးတော့ အဲ့ဒီအချိန်က အသက် ၂၅ တောင် မပြည့်တပြည့်ဆိုတော့ ရေဆေးငါးကစ်ကစ်လေးပေါ့။ ငါ မြို့ကနေ ထွက်မသွားခင်တုန်းကတော့ ငယ်သေးတာရယ်၊ တစ်ရပ်ကွက်သားချင်းတွေဆိုတော့ ငါသိပ်စိတ်မဝင်စားခဲ့ဘူး။ ပြန်ရောက်ပြီး အဲ့ဒီနေ့ကမှ ရေချိုးဆိပ်မှာ ငမ်းမိတော့မှ တော်တော်လေး စိတ်ဝင်စားလာတာဟ။

ဒီကောင်မကလည်း ဟိုနေ့က သူ့ရှေ့မှာ ဂွေးတန်းလန်းဖြစ်ထားတော့ လမ်းမှာ ငါ့မျက်နှာတွေ့တာနဲ့ တခွီးခွီးရယ်တတ်တော့ ငါလည်း ရှက်တာပေါ့လေ။ ဒါပေမယ့် ငါ့အတွေ့အကြုံအရ ပြောရရင် သူငါ့ကို စိတ်ဝင်စားမှန်း ငါသိပါတယ်။ အဲ့ဒီခေတ်က မင်းတို့အခုခေတ်လို ဂစ်တာလေး တဒေါင်ဒေါင်ခေါက်တတ်မှ စော်ကြည်တဲ့ခေတ် မဟုတ်ဘူး။ (ကျနော့်ကို လှမ်းကြည့်ပြီး နှိပ်လိုက်သေးတယ်) ဖိုက်တာမှ စော်ကြည်တာဟေ့။ တစ်ခုခုဆို လက်မြန်ပြီး မိုက်တိမိုက်ကန်းဆို ဘယ်လိုခေါ်မလဲ ပေါ်ပြူလာဖြစ်တဲ့ခေတ်ကိုး။

မင်းတို့သိတဲ့အတိုင်း ငါကလည်း နာမည်ကြီး၊ လူတိုင်းသိတဲ့အပြင် အဲ့ဒီတုန်းကလည်း ဘော်ဒီက မိန်းမကြိုက်လေ..။ မယုံရင် ဖိုးသက်ကို မေးကြည့်..။

“ ဟီးဟီး .. ဟုတ်ပါ့ ဟုတ်ပါ့.. ဘရုစ္စလီပါဆိုနေမှ..” (ကိုယ်ရည်သွေးမှန်း သိသိကြီးနဲ့ ပင့်ပေးနေရတာ၊ ဆက်ပြောအောင်လို့။ ဒါမှ အညှီအဟောက်လေးတွေ ကြားရမှာလေ)

“ ဒါနဲ့ ဖောင်ပေါ်ကို ခပ်ကုတ်ကုတ်လေး တက်ပြီး မိချိုနဲ့ဝေးတဲ့ အစွန်ကိုသွားပြီး ရေကို ခွက်ကလေးနဲ့ ခပ်ချိုးနေတာပေါ့လေ။ မိချိုကတော့ လျှော်ဖွတ်ရေညှစ်ပြီးတာတွေ ဇလုံထဲထည့်နေပြီ။ ပြန်တော့မလိုလို လုပ်ရင်း ငါ့ကိုလှမ်းလှမ်းကြည့်နေတာပေါ့။ လူသူလေးပါးမရှိတဲ့ နေရာမှာ ကိုယ်ကြိတ်ကြိုက်နေတဲ့ မိန်းမနဲ့ နှစ်ယောက်ထဲရှိနေရတဲ့အခါမှာ ဘယ်လိုဖြစ်နေမလဲ မင်းတို့ဖာသာ တွေးကြည့်လေ။ မိချိုက ရေချိုးပြီးပြီနေမှာဟ။ ထမီရင်ခေါင်းလျားကို ပြင်ဝတ်ပြီး ရင်ဘတ်အပေါ်ပိုင်းကို တရုတ်တဘက်နဲ့ သိုင်းခြုံလိုက်ပြီး ဇလုံကိုမရင်း မတ်တပ်ရပ်လိုက်တယ်။ ငါလည်း အသာလေး ခိုးကြည့်ရင်း ဟာ.. ပြန်တော့မယ် သွားပါပြီပေါ့လေ။

ကံကောင်းချင်တော့.. အဲလေ ကံဆိုးချင်တော့ ဝါးဖောင်တွေက နှစ်ပေလောက်စီတစ်တွဲ တွဲချည်ထားတာဆိုတော့ အဝတ်ဇလုံကြီးမပြီး ထရပ်လိုက်တဲ့ မိချိုရဲ့ခြေထောက်တစ်ဖက်က ခြေချော်ပြီး ဖောင်နှစ်ခုတွဲထားတဲ့ကြားထဲ ကျွံကျသွားပါလေရော။ ဝုန်းဆိုကျသွားတာ.. ငါလှမ်းကြည့်တော့ သူ့ပေါင်တံတစ်ဖက်က ဖောင်နှစ်ခုကြားထဲ ညှပ်နေပြီဟ။

ငါ့ကိုလည်း အော်တယ်..။ အမလေး!! ကိုရွှေဘ လုပ်ပါဦးရှင်တဲ့..။ ငါလည်း နဂိုကကို ပြန်မှာစိုးနေပါတယ်ဆိုမှတော့ သူ့ဆီပြေးသွားတာပေါ့လေ။ အနားကိုရောက်သွားပြီး ပေါင်အရင်းထိကျွံနေတဲ့ မိချိုပုခုံးလေးကို ထိန်းပြီးဖေးထားပေးရင်း ရလား.. မိချိုလေး ဘာညာဆိုပြီး သူ့ကိုကူဖို့ လုပ်တာပေါ့လေ။ ခုနက နည်းနည်းမှောင်ရီပျိုးစဆိုတော့ လှမ်းမမြင်လိုက်ရလို့ဟ။ အမှန်က သူကျွံကျတဲ့အခါ ရင်ခေါင်းလျားထားတဲ့ ထမီက ကျွတ်သွားပြီ။ ရင်ဘတ်ကိုပတ်ထားတဲ့ တဘက်လည်း လွင့်သွားပြီး ကော့ကော်ကံကားကြီး ညှပ်နေတာပေါ့။

ငါလည်း သတိမထားမိပါဘူး။ ညှပ်နေတဲ့ သူ့ခြေထောက်တစ်ချောင်းကို ဆွဲထုတ်ဖို့ ကူပေးဖို့ပဲ အာရုံရောက်နေတာကိုး။ နည်းနည်းလေး ဖောင်နှစ်တွဲကို ခြေထောက်နဲ့ ကန်ပြီချဲ.. ပေါင်ရင်းဂွဆုံနားထိ ကျွံနေတာကို ဆွဲနှုတ်ပေးဖို့ ကြိုးစားတော့မှ သတိထားမိတယ်။ မိချိုရဲ့ထမီက ခါးအထိ လျှောကျနေတာလေ။ ခြေထောက်တစ်ဖက်ကို ဆွဲထုတ်ဖို့ ကိုင်ထားတဲ့ ငါ့လက်မောင်းနှစ်ဖက်က အိအိလေးပါလားဆိုပြီး သတိထားမိလို့ အသာလေးကြည့်လိုက်မှ မိချိုလေးရဲ့နို့တွေနဲ့ ငါ့တံထောင်ဆစ်တွေနဲ့ ပွတ်မိနေတာကိုး။ သူ့ကိုကြည့်လိုက်တော့ ကိုရွှေဘ ဖြေးဖြေးဆွဲနော် လို့ပြောပြီး နာလို့လား ရှက်လို့လား မသိဘူး။ မျက်နှာကို တခြားဖက်လွှဲပြီး အံကြိတ်ထားတာ တွေ့ရတယ်။

ငါလည်း ဘယ်ရမလဲ..။ ချက်ချင်း ဖောင်တွဲတွေကို ခွာပစ်လိုက်ပြီး ဆွဲထုတ်လို့ရတာကို… မိချိုလေး ကိုရွှေဘ နည်းနည်းလေး ဆွဲထုတ်ကြည့်မယ်နော်။ နာရင်ပြော.. ခြေထောက်ညှပ်ထားတာ.. ဝါးတွေလည်း ရှမှာစိုးတယ်ဆိုပြီး သူ့ပေါင်လုံး အိအိစက်စက်ကြီးကို ကိုင်ပြီး ဖြေးဖြေးချင်း ဆွဲထုတ်ပေးနေတာပေါ့လေ။ အဟီး ပေါင်ကို ကိုင်ရုံလားဆိုတော့ မဟုတ်သေးဘူး ဆရာ။ တံတောင်ဆစ်နဲ့ သူ့နို့တွေကိုလည်း ဖိဖိပြီးချေရင်း ဇိမ်ခံနေလိုက်သေးတယ်။ အဲ့လို တစ်ထစ်ချင်း ဆွဲထုတ်လိုက် ပေါင်ပွတ်လိုက် နို့တွေကို မထိတထိလုပ်လိုက်နဲ့ တော်တော်လေး ကြာကြာ လုပ်နေတော့ မိချိုကလည်း ရိပ်မိလာတယ်ဟ။

ကိုရွှေဘ.. မိုးဖွဲလေးတွေ ကျလာပြီ… မြန်မြန်ဆွဲထုတ်ပေးတော့လို့ အံကြိတ်ထားတဲ့ ရှက်နေတဲ့အသံနဲ့ ပြောလာမှ.. ငါလည်း ဖောင်နှစ်ခုကို ဆွဲဖြဲပြီး တအားဆွဲထုတ်လိုက်တော့ နှစ်ယောက်လုံး အရှိန်လွန်ပြီး ဖောင်ပေါ်မှာ ပက်လက်လှန်သွားကရောဟေ့။ မျက်စိထဲမြင်တယ်နော်…။ ခါးအထိလှန်တက်နေတဲ့ ထမီနဲ့ ပက်လက်လှန်နေတဲ့ မိချိုလေးပေါ် ငါက ဖိမိနေတာ ဟီးဟီး။

ချက်ချင်းမထပဲ.. ငါလည်း မထူးပါဘူးဆိုပြီး.. လူပျိုစကား ပြောပစ်လိုက်တယ်။ မိချိုလေး နင့်ကို ငါကြိုက်တယ်ဟာလို့။ ပက်လက်လှန်နေတဲ့ မိချိုက.. အာ.. ကိုရွှေဘကြီး မကောင်းဘူး.. ဖယ်ပါရှင်တဲ့။ ဒီလိုအခြေအနေမှာ မင်းတို့ဆိုရင်ကော ဖယ်ပေးမလား ဟဲဟဲ။”

အားလုံးပြန်မဖြေနိုင်ပဲ ခေါင်းခါပြကြတယ်။ တံတွေးတွေဘာတွေ မျိုချကုန်ပြီ။ သိတယ်မလား အကုန်လုံးက လူပျိုပေါက် အတွေ့အကြုံမှ မရှိကြသေးတဲ့ အရွယ်တွေဆိုတော့ ဖီးလ်တွေဘာတွေ တက်နေပြီလေ။ ဒီကြားထဲ ဆရာသမားရဲ့ စကားပြောခြင်း အတတ်ပညာကလည်း ပီပြင်လွန်းနေတော့ ကိုရွှေဘနေရာမှာ ကိုယ်ပဲဖြစ်နေသလိုလို ခံစားပြီး ကတုန်ကယင်တွေတောင် ဖြစ်ကုန်တယ်။

မင်္ဂလာဆောင်က အလကားရတဲ့ ဒူးယားစိမ်းတွေ ဖိဖွာတဲ့ကောင်က ဖွာ၊ အေးစက်စပြုနေတဲ့ ရေနွေးကြမ်းတွေကို ကယောက်ကတမ်း မော့တဲ့ကောင်ကမော့တွေ ဖြစ်နေတာပေါ့။ ကျနော်ဆိုရင် ရေနွေးသောက်တာ များသွားလို့ ရှူးပေါက်ချင်နေတာတောင် အောင့်ထားတဲ့အထိ ဇာတ်လမ်းက ကောင်းနေတာကိုး ဟီးဟီး။ ရေနွေးတစ်ကျိုက်လောက်မော့၊ စီးကရက်လေး နည်းနည်းဖွာပြီး ကိုရွှေဘ ဆက်ပြောတယ်။

“ မှောင်ရီဝိုးတဝါးလေးမှာ.. မိုးတစ်ပေါက်နှစ်ပေါက်က ကျလို့ ပက်လက်လှန်ပြီး ဝစ်လစ်စလစ်တစ်ပိုင်း ဖြစ်နေတဲ့ မိချိုမျက်နှာဝိုင်းဝိုင်းလေးကို ငါလည်း လက်နှေးလို့ မဖြစ်ဘူးဟဲ့လို့ ကိုယ့်ကိုယ်ကို သတိပေးရင်း အာဘွားတွေ ရှလူးပလိုက်တာပေါ့ ဟီး။ မိချိုကတော့ နည်းနည်းရုန်းတယ်ဟ။ ဒါပေမယ့် ငါ့ဗလကြီးနဲ့ အဖိခံနေရတော့ ဘာမှမတတ်နိုင်ရှာဘူးပေါ့ကွာ။ ဖြေးဖြေးချင်း ငြိမ်ကျသွားတာပေါ့။ အဲ့ဒီတော့မှ မင်းတို့အစ်ကိုကြီးရဲ့ ပညာခန်းတွေ ပြရတော့တာဟ။

လည်တိုင်လေးတွေကို မထိတထိနမ်း၊ နမ်းရင်းနဲ့ အောက်ကိုဆင်းပြီး မိချိုလေးရဲ့ နို့သီးလေးတွေကို လျှာဖျားလေးနဲ့ သွားပြီးကလိပေးလိုက်တော့.. မိချိုက.. ကိုရွှေဘ.. ကျမအဖေနဲ့ တိုင်ပြောမယ် ဆိုပြီး တွန်းတော့ပဲဟေ့။ ဘယ်ရမလဲကွ.. ငါလည်း မိချိုလေးရာ.. နင့်အဖေ ငါ့ကိုသတ်ချင်သတ်ပါစေ။ ငါနင့်ကို ဟိုး နင်ငယ်ငယ်ကတည်းက ကြိုက်နေတာပါဟာ ဘာညာဆိုပြီး ချော့လိုက်၊ နို့တွေကို တစ်ဖက်စီ ဟိုပြောင်းဒီပြောင်း စို့ပေးလိုက်တာ.. ဟဲဟဲ.. ပြန်ငြိမ်သွားရော။ ငါက ဒီလိုအနူးအနပ်မှာ ဆရာကြီးဆိုတာ မင်းတို့နောင်တော်တွေ သိပါတယ်။

တော်တော်လေးကြာလာတော့ ငါ့လက်တွေကို အောက်ဖက်ကိုပို့ပြီး မိချိုလေးရဲ့ စောက်ဖုတ်လေးကို လက်ခလယ်နဲ့ မသိမသာ ဖတ်ကနဲ လှမ်းစမ်းလိုက်တော့.. ဟိ.. စိုတိုတိုလေး ဖြစ်နေပြီဟ။ သဘောပေါက်တယ်နော် ငါ့ကောင်တွေ..။ ခံချင်အစို၊ မခံချင်အခြောက် ဆိုတဲ့ဟာ ငါမင်းတို့ကို ပြောဖူးပါတယ်။”

“ ကိုရွှေဘ! ခုနက ဖောင်ပေါ်က ချော်ကျတုန်းက သူ့စောက်ဖုတ် ရေစိုနေတာကော မဖြစ်နိုင်ဘူးလား”

“ ဟားဟားဟား!!” (အားလုံးပွဲကျသွားတယ်)

“ ဟေ့ကောင်.. ငါစကားပြောနေရင် လာဖြတ်ဖြတ်မပြောပါနဲ့လို့ ပြောထားတယ်မလား။ အေပေးလေး.. မင်းရူးနေလား.. ရေစိုတာနဲ့ ဟိုဟာစိုတာ တူမလားဟ..။ အတွေးအခေါ်တွေက မပြောလိုက်ချင်ဘူး.. ချီး..။ ငါပြောနေတာတောင် ဖီးလ်ပျက်တယ်။ ဘယ်ရောက်ကုန်ပြီလဲ.. ဩော.. အေး..။ ငါလည်း သူ့အဖုတ်လေးကို လက်ချောင်းလေးတွေနဲ့ ရွရွလေး ကစားပေးနေလိုက်တော့ သူ့လက်နှစ်ဖက်က ငါ့ဆံပင်ကို စုံကိုင်ပြီး .. ကိုရွှေဘကြီး မကောင်းဘူးဟာ.. မိချိုနေရခက်လိုက်တာ.. ဘာညာနဲ့ နွဲ့လာပြီ။ ဘယ်ရမလဲ.. ရွှေဘဆိုတာ စောက်ဖုတ်မှော်အောင်ထားတာ၊ သိမ်းလီရွာက ရှမ်းဘုန်းကြီးရဲ့ ပီယဆေးတွေ ဘာတွေ တင်ထားတာကိုး။”

“ ကိုရွှေဘ ခဏလေး!! ဘာအောင်ထားတယ်”

“ စောက်ဖုတ် မှော်အောင်တာလေကွာ..” (အားလုံး တခွိခွိတွေ ဖြစ်ကုန်ပြန်တယ်)

“ ဟ! မင်းတို့ကောင်တွေ ရယ်နေကြ..။ ငါဆော်ကြည်လား မကြည်ဘူးလား မင်းတို့အသိပဲလေ..” (ဟုတ်တော့ ဟုတ်တယ်ဗျ)

“ အေး အဲ့ဒါ.. ငါခုနကပြောတဲ့ ရှမ်းဘုန်းကြီးက ကြေးစုတ်ကြီးနဲ့ပေါက်ပြီး ပီယဆေးတင်ထားတာ။ ငါချာတိတ်ဘဝက သိမ်းလီရွာဖက်သွားရင်း ထိုးလာတာဟ။ လွယ်တယ်မထင်နဲ့ ဆေးဖိုး ၈၀၀ မရှိလို့ အိမ်က ငါ့အတယ်(သူ.အဖေ)ရဲ့ ရလေးစက်ဘီးကြီး သွားခိုးပေါင်ပြီး လိုက်သွားတာ။ ထိုးတဲ့လူတွေအများကြီး ငါတစ်ယောက်ပဲ ဆေးအောင်တာ။ ပီယဆေးအောင်တဲ့ကောင်ကို စောက်ဖုတ်မှော်အောင်တယ်လို့ ခေါ်တယ် ဟီး။ ကဲ.. အဲ့အကြောင်း နောက်မှ ငါသေချာရှင်းပြမယ်။ ဘယ်လိုဘာတွေနဲ့ ထိုးရလဲဆိုတာ နောက်နေ့မှ ရှင်းပြမယ်။ အခုဆက်ပြောရအောင်.. မိချိုလေးနဲ့ ကိစ္စ..။

အဲ့လိုနဲ့ မိချိုလေးကို ငါကလိနေတာ တော်တော်လေး အဆင်ပြေနေပြီပေါ့လေ။ သူ့အဖုတ်ကို လက်ချောင်းလေးတွေနဲ့ ကလိပေးတာ.. မိချိုက တဟင်းဟင်း တဟင်းဟင်းတွေ ဖြစ်လာတော့.. ငါလည်း အိုကေပြီဆိုတာ သိလိုက်ပြီ။ ဒါနဲ့ ငါ့ပုဆိုးကို ခေါင်းကနေကျော်ပြီး ဆွဲချွတ်လိုက်တယ်။

တော်တော်လေး မှောင်နေပြီဆိုတော့ ဖောင်ပေါ်မှာ ငါတို့ဘာလုပ်နေနေ ဘယ်သူမှ မမြင်ရဘူးလေ။ ဖောင်ပေါ် ပက်လက်လှန်နေတဲ့ မိချိုလေးရဲ့ပေါင်ကြားမှာ ငါလည်း ဒူးထောင်ထိုင်ပြီး သူ့အစိနေရာလောက်ကို မှန်းပြီး ငါ့လီးနဲ့ ပွတ်ပေးလိုက်ပြီး မိချို ကော့တက်လာတော့မှ.. ငါ့ဟာကို သူ့အဖုတ်ဝလေးမှာတေ့ပြီး ဖြေးဖြေးချင်း ဖိသွင်းလိုက်တယ်။ ဟ.. မဝင်ဘူးကွ.. တော်တော့်ကို ကြပ်နေတာ။ ဒါနဲ့ နေရာအနေအထားလေး ပြန်ပြင်ပြီး သေချာလေးတေ့ပြီး ဖိချလိုက်တော့မှ ထိပ်ဒစ်လေး ဝင်သွားတယ်။ ထပ်ထည့်လို့ကို မရတော့လောက်အောင် ကြပ်တောက်နေတာဟ။

မိချိုလေးကလည်း.. အားးး ကိုရွှေဘဟာကြီးနဲ့ ကျမဟာလေး မရဘူးနေမှာ.. ကြောက်တယ်နော်.. ဆိုပြီး ဇွတ်ရုန်းလာတော့.. ငါလည်း နို့တွေဘာတွေ လှမ်းကိုင်ပြီး ချော့နေရသေးတာပေါ့။ နည်းနည်းလေး ပြန်ငြိမ်သွားမှ မိချိူလေးရဲ့ နို့အုံတင်းတင်းလေးကို သေသေချာချာ လက်နဲ့စုံကိုင်ပြီး ဆောင့်ချဖို့ ရွယ်နေကာမှ.. မိချိုလေးးးးးးး …. မိချိုလေးးးးးး ဆိုပြီး ဓာတ်မီးတဝင်းဝင်းတွေ ဖောင်ပေါ်ကို ထိုးလာရော။ သူ့အဖေဦးဖိုးထင် အသံဟ။ မိချိုပြန်မလာလို့ လိုက်လာတာနေမှာ။

ငါလည်း မြန်တယ်ဟေ့..။ အသာလေး ဖောင်ပေါ်ကနေ ရေထဲလျှောချလိုက်တာ အသံတောင်မမြည်ဘူး။ စွပ်ကနဲ ဆင်းချပြီး ဖောင်တွဲနှစ်ခုကြားထဲ အသာလေး ခေါင်းလေးဖော်ပြီး ပုန်းနေလိုက်တယ်။ မိချိုလေးလည်း လန့်သွားပြီး မြန်မြန် ထမီကောက်ဝတ်… ကမ်းပါးပေါ်က အော်နေတဲ့ သူ့အဖေကို ရှင်.. လာပြီအဖေ.. မိချိုဒီမှာ ဆိုပြီ အဝတ်ထည့်ထားတဲ့ ဇလုံကြီးကိုမပြီး ပြေးသွားပါလေရောကွာ။

အေပေး .. ငါလည်း ချက်ချင်း ရေထဲကနေ မတက်ရဲဘူး..။ မိချိုအဖေ ဦးဖိုးထင်ဆိုတာ ဓားပြအကြီးစား လက်ဟောင်းကြီး။ လူတွေဘာတွေ သတ်ဖူးတယ်ဆိုတော့ လန့်ပြီး အသာလေးပုန်းနေရင်း တော်တော်ကြာမှ ပြန်ရဲတာဟ။”

“ တောက်!! ကိုရွှေဘဟာကလည်းဗျာ.. စားရခါနီးမှ ကပ်ဖြစ်ရတယ်လို့.. ဖူးးးးး” (ချာတိတ်တစ်ကောင်က ကြိတ်မနိုင်ခဲရ လေသံနဲ့ ဝင်ပြောတယ်)

“ အေးလေ.. ခင်ဗျားဟာကလည်း အမြဲတမ်း အရာရာနဲ့ အကြောင်းကြောင်း.. ဒါဆိုဒါပဲလား”

“ နေပါဦး.. မင်းတို့ကောင်တွေကလည်း အခုမှ အစလေးရှိသေးတာ.. လောမကြီးနဲ့ ဟဲဟဲ..။ ကောင်းခန်းလေးတွေ လာတော့မှာ မပြီးသေးဘူး.. ဟုတ်ပြီလား”

လို့ပြောပြီး မောသွားဟန်နဲ့ ရေနွေးလေကျိုက်လိုက် ဒူးယားလေးဖွာလိုက် လုပ်နေပြန်ရောဗျ။

“ ဒီလိုနဲ့ နောက်ရက်တွေကြတော့ မိချိုလေးနဲ့ လမ်းမှာ မျက်နှာချင်းဆိုင်တွေ့ရင် ငါ့မှာတော့ ပြုံးဖြီးဖြီး လုပ်ပြရသလောက် သူကတော့ မျက်စောင်းထိုးပြီး အောက်နှုတ်ခမ်းကို ကိုက်ကိုက်ပြတယ်ဟ။ ရေချိုးဆိပ်မှာတွေ့တော့လည်း လူတွေက မလစ်ဘူးဆိုတော့ အနားကို ကပ်လို့မရတာလေ။ နောက်ထပ်တစ်ပတ်လောက်အထိ ဘာမှမထူးခြားဘူး ငါ့ကောင်ရေ။ ငါလည်း သူ့အိမ်ဖက်ကို မယောင်မလည် သွားသွားလုပ်ကြည့်တာပဲ။ မိချိုလေးရဲ့ အရိပ်အယောင်တော့ မတွေ့ဘူး။ သူ့အဖေ ဦးဖိုးထင်ကြီးက ဆေးပြင်းလိပ်ကြီး ကိုက်ပြီး အိမ်ရှေ့မှာ ထွက်ထွက်ထိုင်နေတာပဲ ပက်ပင်းတိုးတိုးနေတာ…။ ငါ့ကိုမြင်တိုင်း မျက်မှောင်ကျုံ့ပြီး ဘုကြည့်ကြည့်လို့.. ဟဲဟဲ.. ဦးလေး နေကောင်းလား ဘာညာဆိုပြီး နှုတ်ဆက်ပြီး ပြန်ပြန်လစ်လာရတယ်။

ငါလည်း အံတကြိတ်ကြိတ် ဖြစ်နေပြီကွာ..။ ဟိုနေ့ညက ဖောင်ပေါ်မှာ သူ့အဖေသာ လာမခေါ်ဘူးဆိုရင် ပွဲသိမ်းပြီ။ အဲ့နေ့ညက ဝိုးတဝါးဖြစ်နေလို့ သေချာသာမမြင်ရတာ.. မိချိုလေးရဲ့ အဖုတ်ကတော့ ငါ့ဟာ ထိပ်ဖျားလေးတောင်ဝင်ဖို့ အနိုင်နိုင်ဆိုတော့ ပြန်တွေးမိတိုင်း ဂလုဂလု ဖြစ်နေတာရယ်၊ နောက်ပိုင်း လင်းလင်းချင်းချင်းမှာ မိချိုလေးရဲ့ဘော်ဒီကို သေချာကြည့်မိတော့မှ တော်တော်လေး တောင့်တင်းစိုပြည်တာကို မြင်ရလေလေ.. ငါ့မှာ ရောဂါတက်လေလေပေါ့ကွာ။

အဲ့လိုနေလာရင်း ကံကောင်းချင်တော့ မိချိုလေးတို့အဖိုး သူ့အဖေဦးဖိုးထင်ရဲ့အဖေ ဦးမှတ်ကြီး လေဖြတ်လို့ ရုတ်တရက် လျှောသွားရောဟေ့။ မင်းတို့သိတဲ့အတိုင်း ဒီလိုနာရေးဖြစ်လာပြီဆိုတိုင်း ရပ်ကွက်ကာလသားခေါင်း ငါ့လက်ထဲဝကွက်အပ်ရတာပေါ့လေ။ အလောင်းရေချိုး၊ အခေါင်းပျဉ်စပ်ကစလို့ အသုဘဆွမ်းကျွေးအတွက် ငါတို့အရပ်ရဲ့ထုံးစံအတိုင်း ဖဲဝိုင်းအကြီးအကျယ် ဖြစ်ဖို့အတွက် ဖဲသမားကြီးကြီးတွေကိုပါ ငါတို့က ဖိတ်ပေးရတာကိုး။ မိချိုလေးတို့အိမ်က အခု ရုပ်ရှင်ရုံဘေးက တရုတ်တွေဝယ်သွားတဲ့ သရက်ပင်တွေ အများကြီးရှိတဲ့ ခြံကျယ်ကြီးလေ။ ထုံးစံအတိုင်း သူတို့ပျဉ်ထောင်နှစ်ထပ်အိမ်ရှေ့က ခြံဝိုင်းထဲမှာ ကနားဖျင်းတွေထိုးပြီး အလောင်းပြင်၊ အဲ့ဒီဘေးမှာ ခုံတွေချပြီး ဖဲဝိုင်းပြင်၊ လိုအပ်တဲ့ အောက်လင်းမီးတွေ ဘာတွေကအစ ငါပဲ အစစအရာရာ တာဝန်ယူပြီး ဆင်ပေးရတာပေါ့ကွာ။

မိချိုလေးတို့ တစ်အိမ်လုံးလည်း ငါက အားလုံးလုပ်ပေးနေတော့ မျက်နှာသာဝိုင်းပေးနေရတာပေါ့ကွာ။ နေ့စဉ်နဲ့အမျှ အသုဘရှုလာတဲ့လူတွေကို ကျွေးမွေးဖို့ကအစ လိုလေသေးမရှိ စီစဉ်နေရတာကိုး။ ဒါပေမယ့် ငါက မိချိုလေးကို စကားကိုမပြောတာ။ ခပ်တည်တည်နဲ့နေရင်း လုပ်စရာရှိတာ လုပ်ပေးနေတာပေါ့လေ။

အသုဘ ၃-၄ ရက်လောက်ရှိလာတော့ မိချိုအဖေနဲ့ အမေတို့အပါအဝင် လူကြီးတွေက ဖဲဝိုင်းက ဆူညံညံအသံတွေကြောင့် အိပ်ရေးပျက်စပြုလာတော့ သူ့ကလေးတွေ မိချိုတို့မောင်နှမတွေကို ချက်ရေးပြုတ်ရေး ဧည့်ခံကျွေးမွေးရေးအတွက် အိမ်မှာ ညဖက်ချန်ထားခဲ့ပြီး မြောက်ပိုင်းက သူတို့အမျိုးအိမ် ပြောင်းအိပ်တယ်။ ဂွင်တော့မိပြီဆိုပီး ငါတော့ ဝမ်းသာသွားတာပေါ့လေ။ ငါကလည်း ဖဲဝိုင်းက အကောက်တွေ ဘာတွေဆို ချက်ချင်း မကြာမကြာသိမ်းပြီး မိချိုအစ်မလက်ထဲ အပ်ပေးတာပေါ့လေ။

အဲ့ဒီညကြတော့ မိချိုအစ်မကို အကောက်ငွေတွေ အပ်မလို့ လိုက်ရှာတာ မတွေ့ဘူးဟေ့။ ချက်ပြုတ်နေတဲ့ အိမ်နောက်ဖေးကွက်လပ်ထဲမှာလည်း တခြားအမျိုးသမီးတွေ ရှိပေမယ့် အဲ့ဒီမိချို အစ်မအပျိုကြီးကို ရှာလို့မတွေ့တာနဲ့ ငါလည်း အိမ်ခြံဝိုင်းအနောက်ဖက်လှမ်းလှမ်းက အိမ်သာဖက် အပေါ့သွားမလို့ ထွက်လာတော့ အိမ်သာနားက ကြက်ခြံလုပ်ထားတဲ့ သက်ကယ်မိုးထားတဲ့ တဲလေးဘေးဖက်က အဖီချထားတဲ့ ကွပ်ပျစ်လေးပေါ်မှာ ချိုးချိုးချွတ်ချွတ် အသံကြားတော့ ဇက်ကလေးပုပြီး ကြက်ခြံကို ပြေးကပ်ရင်း အသာလေး ငြိမ်နားထောင်နေလိုက်တော့ ယောကျ်ားနဲ့မိန်းမ စကားပြောသံလိုလို ခပ်တိုးတိုး ကြားရတယ်ဗျ။

သေချာမြင်ရအောင်ဆိုပြီး ကပ်သွားလိုက်တော့.. ဟီးဟီး.. မိချိုအစ်မအပျိုကြီးနဲ့ ငါတို့ရပ်ကွက်ထဲက ဗိုက်ပူမြင့်အောင်တို့နှစ်ယောက် ဖြစ်နေတယ်ဟ။ ဝါးကွပ်ပျစ်လေးပေါ်မှာ စကားတပြောပြောနဲ့ တွယ်နေကြတာကိုးဟ။ ကြက်ခြံထဲက မီးလုံးအလင်းရောင်က ကာထားတဲ့ ဝါးထရံအပေါက်တွေကနေ ထိုးထွက်နေတော့ တဖက်ခြံဖက်ကပ်နေတဲ့ ချောင်ကလေးထဲက ကွပ်ပျစ်ပေါ်မှာ သူတို့နှစ်ယောက် ဖြစ်ချင်တိုင်းဖြစ်နေကြတာ မြင်နေရတယ် ဟ။

အေပေး ဗိုက်ပူမြင့်အောင်က ဆော်ကြီးကို တစ်တီတူး မိုးမျှော်စတိုင်နဲ့ ဗျင်းနေတာဟ..။ ဝါးကွပ်ပျစ်ဆိုတော့ တကျွိကျွိအသံတွေ ထွက်နေတာပေါ့။ ဟိုအပျိုကြီးက ဘာအသံမှမထွက်ပဲ ငြိမ်ပြီးခံနေတာဗျ။ ဒါမှမဟုတ် ဗိုက်ပူရဲ့ပစ္စည်းက သေးလို့ ဖီးလ်မတက်တာလား မသိဘူး။ ဒီကောင့်ဟာက ငါတို့အချင်းချင်း ကင်းစောင့်ရင်း အကြီးပြိုင်ကြရင် အသေးဆုံးဘွဲ့ ရထားတာလေ ဟားဟား။

ဗိုက်ပူကပဲ.. တဟင်းဟင်း.. တဟားဟားတွေ အသံထွက်ပြီး အသားကုန် ဇွတ်ကြုံးနေတာဟ။ ငါလည်း သူတို့ကိုချောင်းရင်း ဖီးလ်တက်လာတာပေါ့လေ။ ခဏလေးနေတော့ အားး .. ကောင်းလိုက်တာ မမရာဆိုပြီး ဗိုက်ပူပြီးသွားရော။ အပျိုကြီးအပေါ် မှောက်ရက်ကလေးလှဲပြီး ဝက်မှိန်းမှိန်းနေတုန်း အပျိုကြီးက ဝုန်းကနဲထလာပြီး ဗိုက်ပူကို တွန်းချလိုက်ရင်း လျှောကျနေတဲ့ ဘော်လီတွေ၊ ထမီတွေ ပြန်ဝတ်နေတယ်။ ဟ.. အပျိုကြီးက လူကသာ ပိန်တာနော့်… နို့ကြီးတွေက ထွားထွားကြီးတွေ။

ငါလည်း တော်တော်လေးကို ချောင်းရင်း လီးတောင်လာပြီ။ အဲ့ဒီအချိန်မှာပဲ အပျိုကြီးက.. မြင့်အောင် နင်ချက်ချင်း လိုက်မလာနဲ့ လို့ပြောပြီး အိမ်ဖက်ကို ပြန်မလို့လုပ်တော့ ငါလည်း ကြက်ခြံကနေခွာပြီး အမှောင်ထဲကို ရိပ်ကနဲ ဖြတ်ပြေးရင်း ဖဲဝိုင်းဖက်ကို လစ်လာတာပေါ့။

၅ မိနစ်လောက်နေတော့ မိချိုအစ်မအပျိုကြီး အိမ်ထဲဝင်လာတယ်။ ငါလည်း အသာလေးကပ်သွားပြီး အစ်မ… ရော့ အကောက်ပိုက်ဆံတွေ ဆိုပြီး သူ့လက်ထဲ ပိုက်ဆံတွေ ထိုးထည့်ပေးရင်း… အစ်မ ဘယ်ရောက်သွားတာလဲ.. ကျနော်လိုက်ရှာနေတာ ကြာပြီ လို့ပြောတော့.. အင်းအဲ ဖြစ်သွားတယ်။ ဆေးပေါ့လိပ်တွေ ကုန်တော့မယ်..။ ဟိုကောင် ဗိုက်ပူမြင့်အောင်ကို သွားဝယ်ခိုင်းမလို့.. ဒီကောင့်ကိုကော တွေ့မိသေးလား အစ်မ လို့ ခပ်တည်တည်နဲ့ မေးလိုက်တော့ မျက်နှာပျက်ပြီး လှည့်ထွက်သွားတယ် ဟီးဟီး။

အဲ့ဒီအချိန်က ညဦးပိုင်းလောက်ပဲ ရှိသေးတယ်။ ဒါနဲ့ပဲ ငါလည်း ဖဲဝိုင်းတွေလှည့်ပြီး အကောက်တွေဘာတွေ ပတ်သိမ်းနေတုန်း မိချိုမောင်လေးတစ်ကောင်က ကိုရွှေဘဆိုပြီး ခေါ်လို့ လှည့်ကြည့်လိုက်တော့.. ချာတိတ်က ဟိုတစ်ခါ မြစ်ဆိပ်မှာ ငါ ကျွတ်ကျသွားတဲ့ ဝက်ဝံပုဆိုးလေးကို ငါ့လက်ထဲ ထိုးပေးနေတယ်..။ မမိချို ပေးလိုက်တာတဲ့။ ဒါနဲ့ ငါလည်း ဟိုဟိုဒီဒီ ကြည့်လိုက်တော့ မိချိုလေးက အိမ်ပေါ်တက်တဲ့ လှေခါးရင်းကနေ ငါ့ကို ပြုံးစိစိနဲ့ကြည့်ပြီး ပုဆိုးခေါက်ကိုဖြေကြည့် ဆိုတဲ့ အမူအရာ လုပ်ပြနေတယ်။ ပြီးတော့ တက်သွားရော…။

ငါလည်း လူရှင်းတဲ့နေရာသွားပြီး မီးအိုးတိုက်ပြီး သပ်သပ်ရပ်ရပ် ခေါက်ထားတဲ့ ငါ့ပုဆိုးလေးကို ဖြန့်ချလိုက်တော့.. စာတစ်စောင် ထွက်လာတယ်။ ကိုရွှေဘ.. ဧည့်သည်တွေကို ညလည်စာကျွေးပြီးလို့ အစ်မတို့ အိပ်ပျော်သွားရင် ခြံထောင့်အစွန်က ဂိုထောင်ထဲမှာ စောင့်နေပါ…။ မိချိုလေး.. တဲ့။”

အချိန်ကား နံနက် ၂ ချက်တီး ရှိချေပြီ။ ကနဖျင်းထိုးထားသော အမိုးပေါ်ကို မိုးပေါက်များ တဖျောဖျောကျစပြုလာသည်။ ညဦးပိုင်းက ဆူညံပွက်လောရိုက်နေသော အသုဘအိမ်က ဖဲဝိုင်းများလည်း တဖြေးဖြေး တိတ်ဆိတ်စပြုလာ၏။ အနိုင်ရသဖြင့် အိမ်ပြန်သူများ၊ တစ်ပြားမှမကျန်အောင် ရှုံးနိမ့်သူများ၊ အသုဘရှင်ဧည့်ခံသော ညလယ်စာကို စားသောက်ပြီး အိမ်ပြန်သူတချို့ ပြန်ကြ၍ တချို့ကား အိမ်ရှေ့ဧည့်ခန်းတွင် ပုဆိုးခြုံကာ အိပ်နေကြလေပြီ။ ငွေစအနည်းငယ်ကျန်သူများ၊ အရှုံးဖြင့် အိမ်မပြန်ချင်သူတချို့သာလျှင် ဆက်ကစားနေကြသော ဖဲဝိုင်း ဝိုင်းခြောက်တစ်ခုဆီမှ ခပ်တိုးတိုး ငြင်းခုန်သံ ကြားနေရ၏။

တောသရက်ပင်ကြီးများ အုပ်မိုးထားသော ခြံဝင်းကျယ်ကြီး၏ အစွန်ထောင့်တစ်နေရာတွင်ရှိသော ကားဂိုထောင်အဟောင်းကြီး တစ်ခုရှေ့တွင် စိတ်လှုပ်ရှားနေဟန်တူသော သက်လတ်ပိုင်းအရွယ် ခန္ဓာကိုယ်တောင့်တင်းသော လူရွယ်တစ်ယောက် သက်ပြင်း တဟင်းဟင်းချကာ အိမ်မကြီးဖက်ဆီသို့ မျှော်ကြည့်နေသည်မှာ ကြာလေပြီ။ ပုဆိုးတိုတို၊ ဇင်စဖြင့် ချုပ်ထားသော ရှပ်လက်တိုဝတ်ထားသော ဆံပင်ရှည်ရှည် ဆံဂုတ်ထောက်နှင့် အဆိုပါ လူရွယ်ကား ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ကိုရွှေဘတည်း။

ဆေးလိပ်ဖွာချင်လွန်းသဖြင့် ခံတွင်းကား ချဉ်လှချေပြီ။ ရှပ်အင်္ကျီအိပ်ကပ်ထဲက ဆေးပေါ့လိပ်ကို ယောင်ယမ်းကာ စမ်းမိသော်ငြား ဆေးလိပ်မီးရဲရဲ လူမြင်လျှင် ခက်ရချည်ရဲ့ဟု တွေးတောကာ ထုတ်မသောက်ရဲ။ မိချိုလေးကား ဘယ်ဆီဘယ်ဝယ်မှန်းမသိ၊ ရောက်မလာသေး။ အတူတူ တစ်ခန်းထဲအိပ်သော အစ်မဖြစ်သူ မလစ်သောကြောင့်ပေလော၊ သို့တည်းမဟုတ် အချစ်ကြမ်းဟန်တူသော ကိုရွှေဘအား စိုးရွှံထိတ်လန့်သောကြောင့် ပေါ်မလာတော့ခြင်းပေလော။ တစ်တစ်ရစ်ရစ်ရှိသော ငါးရံ့ကိုယ်လုံးကလေး၊ ပြုံးချိုဟန် မျက်နှာဝိုင်းဝိုင်းလေး၊ မကြာသေးခင် ရက်များဆီက ထိတွေ့ခဲ့ရသော အိထွေးနူးညံ့သော အသားဆိုင်ကလေးများအား မျက်လုံးတွင်း ပုံဖော်ကြည့်ရင်း မိမိကိုယ်ကို နွားသိုးပေါက်ကြီးကဲ့သို့ ထင်မှတ်မှားကာ “ဝွပ်ထရိန်း.. ဘူးဘူး” ဟု ရင်ခေါင်းသံဖြင့် အော်မိမတတ် ရင်ဘတ်ထဲတွင် ဗလောင်ဆူစ ပြုလာနေလေပြီ။

မိုးပေါက်ကလေးများ ကျဆင်းလာမှုက တဖြေးဖြေး များစပြုလာလေသည်။ ဂိုထောင်အရှေ့ တံခါးမကြီးအား မှီတွယ်ရင်း စောင့်စားနေသော ကိုရွှေဘကား စိတ်ပျက်စပြုလာလေ၏။ မိချိုလေးကား ပေါ်မလာတော့ပေ။ ပူလောင်ပြင်းပြနေသော အချစ်စိတ်နှင့် အတူယှဉ်တွဲနေသော အညာမိပြီဆိုသော အတွေးကြောင့် ကိုရွှေဘ၏ တောင့်တင်းသန်မာသော ရင်အုပ်ကားကားကြီးကား ဖားဖိုကဲ့သို့ နှိမ့်ချည်မြင့်ချည် ဖြစ်နေလေပြီ။ သည်းခံနိုင်စွမ်း ကင်းမဲ့လေ သောအခါ အံကိုသာ တင်းတင်းကြိတ်ကာ ဂိုထောင်တံစက်မြိတ်အောက်မှ ခွာကာ အိမ်မကြီးဖက်သို့ ခြေလှမ်းကျဲကြီးဖြင့် ထွက်ဟန်ပြင်လေ၏။

“ အစ်ကို!!”

ခပ်အုပ်အုပ် လှမ်းခေါ်သံကြားလိုက်ရမှ ကိုရွှေဘရင်ထဲ ထိတ်ကနဲဖြစ်ကာ ချာကနဲ လှည့်ကြည့်မိသည်။ ဂိုထောင်နှင့် ခြံစည်းရိုးကြား လူတစ်ကိုယ်စာ နေရာလေးကနေ တိုးထွက်လာသော မိချိုလေးပါကလား။ အုပ်လုံးသိမ်းကာ ထုံးဖွဲ့ထားသော ဆံနွယ်မျှင်စ အချို့ကား မျက်နှာဝိုင်းဝိုင်းလေးပေါ် ကပိုကရို ဝဲကျလျှက်၊ မျက်နှာပေါ်တွင် မိုးစက်ပေါက်ကလေးများ တွဲလဲခိုနေသဖြင့် ဂိုထောင်အဟောင်းထဲက ဝိုးတဝါး ထွက်ကျလာသော မီးရောင်ဝါကျင့်ကျင့်အောက်တွင် စိုလက်လက်မျက်နှာကလေးဖြင့် ငိုမဲ့မဲ့အောက်နှုတ်ခမ်းကို ကိုက်ထားသော သနားစဖွယ် မိချိုလေး။

“ မိချို ရောက်နေတာ ကြာလှပြီ.. အစ်ကို မရောက်လာခင်ကတည်းက..။ အစ်ကိုရောက်လာတော့ ရှက်ပြီး အရမ်းကြောက်လွန်းလို့ ဒီကြားထဲမှာ ပုပြီး ပုန်းနေတာ..။ အခု အစ်ကိုစိတ်မရှည်ပဲ ပြန်တော့မှာတွေ့လို့ …”

သနားစဖွယ် တုန်တုန်ရီရီဖြစ်နေသော မိချိုလေးကို ဂရုဏာသက်စွာဖြင့် ကိုရွှေဘ ထွေးပွေ့ထားမိလေသည်။

“ အစ်ကို့ကို မိချို မညာပါဘူးနော်..”

ကိုရွှေဘ၏ ရင်စို့လောက်သာသာ မြင့်သော မိချိုလေးကား သူသဘောကျသော ကာလသားခေါင်း လူမိုက်ကြီး၏ ရင်ခွင်ကျယ်ကြီးတွင် ပါးဖောင်းဖောင်းလေးအား အပ်ကာ မူနွဲ့နေရှာ၏။ ညနေက ရေမိုးချိုးပြီး လိမ်းကျံထားဟန်တူသော ရှင်မတောင်သနပ်ခါးနံ့ သင်းသင်းလေးနှင့် စံပယ်ဆီအနံ့ ရောစပ်ထားသော မွှေးတေးတေးအနံ့ကလေး၊ အိထွားတစ်ရစ်သော ကိုယ်လုံးကလေး၏ အတင်းမှီတွယ်ထားမှုတို့ကြောင့် သာယာစပြုလာသော ကိုရွှေဘ၏ ကိုယ်ခန္ဓာကား တုန့်ပြန်စပြုလေပြီ။

“ အဲ့တော်.. အစ်ကို့ဟာကြီးကလည်း.. ကြောက်ပါတယ်ဆိုနေမှ..”

မိချိုလေး၏ ခပ်တိုးတိုးညည်းသံလေးကား အမှောင်ထုတွင်း ခပ်အုပ်အုပ် ထွက်ကျလာသည်။ ကိုရွှေဘ၏ ကိုယ်ပိုင်လက်နက်ဆန်းကြီးကား အဆမတန် ထောင်ထကာ ရင်ချင်းအပ်ထားသော မိချို၏ ချက်ကလေးတည့်တည့်ပေါ်တွင် ပုဆိုးထမီများ ခံနေလျှက်က ခပ်တင်းတင်း ထောက်မိထားလေပြီ။

“ မိချိုလေး.. ဂိုထောင်တံခါး သော့ခတ်ထားသလား… အထဲသွားရအောင်နော်”

“ သော့ပိတ်ထားတယ် အစ်ကို..။ ဟိုဖက်ဘေးထရံတွေ ကွာကျနေတာ ဝင်လို့ရတယ်…။ လာ.. မိချိုလက်ကို ကိုင်ပြီး လိုက်ခဲ့..”

ခြံစည်းရိုးနှင့်ကပ်လျှက် ဂိုထောင်နံရံဖက်အခြမ်း လူတစ်ကိုယ်စာ ကြားကလေးထဲ နှစ်ဦးသား တိုးဝင်ဖို့ကြိုးစားရင်း ကိုရွှေဘကား ရှေ့မှဦးဆောင်နေသော မိချိုလေး၏ ခါးကျင်ကျင်လေးအောက်မှ တစ်ရစ်လုံး
ဝိုင်းသော တင်ပါးအိစက်စက်လေးအား ကြိတ်မနိုင်ခဲမရ ဖြစ်လွန်းမကဖြစ်ကာ အသာဆုပ်ချေလိုက်ရာ..

“ အာ.. အစ်ကိုကွာ ဆိုးတယ်.. ခဏလေးနေပါဦး”

ဟူသော မိချိုလေး၏ ညည်းသံခပ်တိုးတိုးဖြင့် ကန့်ကွက်မှုကို အမှုမထားသည့်အလား ကျန်လက်တစ်ဖက်ဖြင့် ဂျိုင်းအောက်မှလျှိုကာ အိထွားသော မိချို၏ရင်သားများပေါ် ပြေးလွှားကစားလိုက်ပြန်သည်။ ကိုယ်ကိုတွန့်လိမ်ကာ ရှောင်တိမ်းနေသော မိချိုလေး၏ ဦးဆောင်မှုဖြင့် ၄၀ အား မီးသီးဝါကျင့်ကျင့် အလင်းရောင်မှိန်မှိန်လင်းနေသော ဂိုထောင်ထဲသို့ ကွာကျနေသော ထရံပေါက်မှတဆင့် နှစ်ဦးသား ရောက်သွားကြလေသည်။

ဝါကျင့်ကျင့် မီးလုံးလေး၏ အလင်းရောင်ကား ဂိုထောင်ထဲတွင် မပီဝါးတဝါး။ မိချိုလေး၏ ရွှေရင်အစုံသည်ကား ပုဇွန်ဆိတ်ကလေးလို တဆတ်ဆတ် တုန်ခါလျှက် ရှိလေပြီ။ သာရေးနာရေးများရှိသဖြင့် ရပ်ထဲရွာထဲ ကာလသမီးများ ချက်ကြပြုတ်ကြရင်း အပျိုကြီးများ၏ တီးတိုးစကားဝိုင်းများတွင် နီမြန်းသောမျက်နှာ ရေငတ်သလို အာခေါင်ခြောက်စွာဖြင့် နားထောင်ခဲ့ဖူးသော ကာလသားခေါင်း ကိုရွှေဘကြီး၏ လိင်မှုရေးရာ ကျွမ်းကျင်ပုံ ဇာတ်လမ်းအဖုံဖုံကို ပြန်သတိရလာမိသဖြင့် အလိုလို မောဟိုက်သလို ခံစားမိလာလေသည်။

တောင့်တောင့်ထွားထွား ဆုံကောင်းလှသည်ဆိုသော ကျောင်းဆရာမအပျိုကြီး ဒေါ်နော်မူ၊ ဖင်ဆော့သည်ဟု နာမည်ကျော်သော ကုန်ခြောက်ဆိုင်ပိုင်ရှင် တစ်ခုလပ် မေမေကြည် (ခေါ်) အကြည်၊ ဘဏ်စာရေးမ ညိုညိုချောချော ဇတ်ဇတ်ကြဲ ခင်ခင်အောင် အစရှိသော မိန်းမများ၏ တန်းတန်းစွဲ အလုခံခဲ့ရသည်ဆိုသော လိင်မှုရေးရာ ကျွမ်းကျင်သူ.. ရပ်ကွက်ထဲက ပါးစပ်ခပ်ကြမ်းကြမ်း အပျိုခေါင်းများ၏ “ဟင်း… ရွှေဘနဲ့သာ တစ်ခါလောက် အိပ်စမ်းကြည့်.. ဘဝအရသာ ဘာလဲဆိုတာ တန်းပြီးသိသွားမယ်” ဆိုသော စကားသံများကို ပြန်လည်ကြားယောင်မိပြီး အဆမတန် စိတ်လှုပ်ရှားမိလေပြီ။

“ မိချိုလေးရာ.. လှလိုက်တာဟယ်!!”

အံကြိတ်ပြီး တီးတိုးရေရွတ်သော ကိုရွှေဘ၏ ကြိတ်မနိုင်ခဲမရ စကားသံကြောင့် သတိဝင်လာချိန်တွင် မိချို၏ အပေါ်ပိုင်း တစ်ဝက်လောက်ကား ဗလာဖြစ်စပြုချေပြီ။ ရင်ကွဲအင်္ကျီလေး၏ နှိပ်စိများကား ထောက်တောက်မြည်အောင် ဆွဲဖွင့်ခြင်းကို ခံလိုက်ရလေပြီ။ သန်မာသော ကိုရွှေဘ၏ လက်များက ဆက်တိုက်ဆိုသလို ချွေးခံဘော်လီ နီညို့ညို့လေးကို ချွတ်ဖို့ကြိုးစားရင်း လျင်မြန်စွာပင် ချိတ်ကလေးများ အဖြုတ်ခံလိုက်ရချေသည်။

ဂိုထောင်အလယ်တွင် တုန်တုန်ရီရီ မတ်တပ်ရပ်နေသော မိချိုလေးကိုလည်း ကြည့်ပါဦး။ ဆံထုံးအက်အက်ကလေး ထုံးထားတဲ့အောက်က မျက်နှာဝိုင်းဝိုင်း ဖြူဖြူလေး၊ အောက်က အပေါ်ပိုင်းဗလာ အချွတ်ခံထားရတော့ တုန်ခါနေတဲ့ ရွှေရင်ဖြိုးဖျ။ ကိုရွှေဘကား မိချိုလေး၏ ဝါဝင်းစိုပြေထွားကြိုင်းလှသော နို့အိအိကြီးတွေအား လုံးဝမထိ မကိုင်သေး။ ခါးအောက်ပိုင်းက ထမီအနွမ်းလေးကို အသာအယာ ဆွဲ ဖြေနေ၏။ မိချိုလေး၏ခြေရင်းတွင် ဂွင်းလုံးကျွတ်ကျသွားသော ထမီလေး။ ဝတ်လစ်ဝလစ်.. တောင့်တောင့်ပြည့်ပြည့် မိချိုလေးကား မိမွေးတိုင်းဖမွေးတိုင်း ဖြစ်နေပြီ။ ဗိုက်သားရှပ်ရှပ်ကလေးကတဆင့် အောက်ကိုစုန်ဆင်းပြီး ကြည့်သော် အမွှေးနက်နက်ကလေးများ ဖုံးအပ်သော အဖုတ်ကလေးကား ကိုရွှေဘကို စိမ်ခေါ်နေဘိအလား။

“ အို!”

အာမေဋိတ်သံကလေး မိချိုလေးပါးစပ်က ထွက်ကျလေသည်။ အဝတ်အစားများကို ခပ်မြန်မြန်ချွတ်ချလိုက်သော ကျစ်လစ်တောင့်တင်းသော ကိုရွှေဘ၏ ခန္ဓာကိုယ်ကို မီးရောင်အောက်တွင် ပြတ်ပြတ်သား
သား မြင်နေရလေပြီ။ ထို့ထက်ဆိုးသည်ကား ဆီးစပ်အောက်နားက ထိုးထွက်ထောင်ထနေသော သန်မာထွားကျိုင်းလှသော မာန်ဖီနေဟန် လှုပ်ရမ်းနေသော လူပြောများသော ကိုရွှေဘ၏ နာမည်ကျော်၊
ပွဲတိုင်းကျော်၊ တိုက်တိုင်းအောင်.. လက်နက်ကြီးပေတကား။ ဘဏ်စာရေးမ အရပ်မြင့်မြင့် ဆံပင်ရှည်ရှည်နှင့် မခင်ခင်အောင်အား ဖင်တုံးလုံးချွတ်ကာ ဆံပင်ဆွဲ လေးဖက်ထောက်ပြီး မူးမူးနှင့် အသားကုန် ဆောင့်လိုးလိုက်လို့ အဖုတ်ကွဲခဲ့ဖူးတာ ဒါ.. ဒါကြီးပေါ့။ ဘုရား ဘုရား.. ငါ့ဟာလေးနဲ့ မဖြစ်ဘူးထင်တယ်။

ဒါပေမယ့် ကုန်ခြောက်ဆိုင်ပိုင်ရှင် တစ်ခုလပ်မ အကြည်လို ရှုပ်ပွေတဲ့ မိန်းမကတောင် လူးလှိမ့်နေအောင် အလိုးကောင်းတာတော့လို့ ချီးကျူးခဲ့ဖူးတာလေ။ ကျောင်းဆရာမ အပျိုကြီးဒေါ်နော်မူလို အိုးတောင့်တောင့်ကြီးကိုတောင် ဖင်ပြုတ်ကျသွားအောင် ရက်ဆက်လိုးနိုင်လို့ ရွှေဘမှရွှေဘ သည်းသည်းလှုပ်ဖူးတယ် ဆိုတာလည်း ကြားဖူးပြီးသား။ ဟိုတနေ့က ဖောင်ပေါ်မှာ လက်လွန်ခြေလွန် ဖြစ်ခါနီး သူငါ့ကို ကိုင်တွယ်သွားတာကတော့ မှော်ဆရာကြီးလိုပါနော်။ နူးတာနှပ်တာနဲ့တင် ငါ့အဖုတ်ကလေး အရည်တွေ စိုရွှဲလို့။ ပြီးတော့ နောက်နေ့ညတွေဆို ငါ့မှာ အဖုတ်ထိပ်ဝလေးကို ဖိသွင်းသွားတဲ့ သူ့ဟာနွေးတေးတေးကြီးကို သတိရလို့ အိပ်တောင်မပျော် ဖြစ်ခဲ့တာမလား။

မိချိုလေး၏ စိတ်ကား ကယောင်ကတမ်း ဟိုတွေးဒီတွေး ကယောက်ကယက် ဖြစ်နေ၏။

“ ကိုရွှေဘ.. မိချို အရမ်းကြောက်တယ်နော်..။ တအား မလုပ်ပေးနဲ့ ..။ မိချိုကို သနားပါနော်.. ဟင့်ဟင့်..”

လိင်စိတ်ကြွမှုနဲ့ ကြောက်စိတ် ရောပြွန်းနေသော မိချိုလေး၏ အသံတုန်တုန်လေးခင်မျာ သနားစဖွယ်။ ကိုရွှေဘကား တဆတ်ဆတ်တုန်နေသော ငေါက်တောက်ကြီးကို တဖတ်ဖတ်မြည်အောင် အထက်အောက် လက်ဖြင့် ၄-၅ ချက် ဆော့ရင်း မိချိုလေးဆီသို့ တိုးကပ်လာလေသည်။ 

ရင်ချင်းအပ်မိသည်နှင့် မိချို၏ဗိုက်ပေါ်တွင် အပေါ်သို့ထောင်လျက် ကိုရွှေဘ၏ ကြီးမားသန်မာလှသော လိင်တံကြီးကား နွေးကနဲ ထောက်နေမိလေသည်။ မိချို၏ နဖူးဝင်းဝင်းလေးကို ကိုရွှေဘ အသာလေး ဖွဖွနမ်း၏။ ထို့နောက် ပါးဖောင်းဖောင်းလေး ဘယ်ညာရွရွ။ လည်တိုင်ပျော့ပျော့လေး တလျှောက်စုပ်၏။ လက်နှစ်ဖက်ကား သိမ်လှသော ခါးကျင်ကျင်လေး အောက်က ကားစွင့်သော တင်သားအိအိနှစ်ခြမ်းပေါ်တွင် ပြေးလွှားဆော့ကစားလျှက်ရှိချေပြီ။

“ အင်း.. အစ်ကိုရယ်.. ဘယ်လိုနမ်းပေးနေတာလဲ.. မိချို ရင်တွေ တအားခုန်လာပြီရှင်!”

ယောကျ်ားနှင့် တစ်ခါမှ မထိတွေ့ဖူးသော မိချိုလေးကား မှော်ဆရာကြီး ကိုရွှေဘ၏ ရင်အုပ်ကားကားကြီးထဲ မျက်နှာလေးအပ်ကာ ငြီးတွားစပြုလာသည်။ ဤတွင်မှ မိချိုလေး၏ ထွားကြိုင်းသန်မာအိစက်သော နို့ကြီးနှစ်လုံးဆီသို့ လက်ဖဝါးကြမ်းကြီးများအား ရွေ့ကာ ကစားလေသည်။ ခပ်ရွရွအုပ်ကိုင်ကာ နို့သီးခေါင်းစူစူကြီးများအား တပြွတ်ပြွတ် စို့ပေး၏။ တဖက်အားဆုပ်ချေကာ နို့သီးခေါင်းကိုလက်ညိုးလက်မ နှစ်ခုနှင့် လှိမ့်ကာ ကစားပေး၏။

“ အို.. ဟင့်ဟင့်.. ကိုရွှေ… ဘ.. အမလေးနော်.. အစ်ကိုရွှေဘ..”

မိချိုလေး၏ ခပ်တိုးတိုး စိတ်လွတ်ကိုယ်လွတ် အော်ညည်းသံအဆုံး ကိုရွှေဘ၏ လက်ဖဝါးတစ်ဖက်ကား မိချိုလေးအဖုတ်ဆီသို့ ဖတ်ကနဲ ရောက်ရှိသွားကာ လက်ဖဝါး ပက်လက်လှန် အုပ်ကိုင်ပွတ်သတ်လိုက်
ရာ အပျိုရိုင်းလေးခင်မျာ ဓာတ်လိုက်သကဲ့သို့ ကျဉ်တက်သွားရှာလေပြီ။



........................................⭐⭐⭐⭐⭐........................................

ပြီးပါပြီ။



ကိုရွှေဘ၏ စွန့်စားခန်းများ အပိုင်း ( ၁ )

ကိုရွှေဘ၏ စွန့်စားခန်းများ အပိုင်း ( ၁ )

ရေးသားသူ - ချမ်းကို (Chan Ko)

ကိုရွှေဘနှင့် ဥစ္စာစောင့်မလေး

နှင်းတွေက တဖြောက်ဖြောက်နဲ့ မီးကင်းတဲခေါင်မိုးပေါ်ကျသံ ကြားနေရပြီ။ ဒီနှစ်ဆောင်းက တော်တော်လေး အေးတာကိုးဗျ။ ကင်းတဲဘေးက ကြက်ခွပ်ပင်ကြီးအောက်မှာ ထင်းတုံးကြီးကြီးကို မီးဖိုထားပြီး မီးဖိုဘေးပတ်ပတ်လည်မှာ ကျနော်တို့ရပ်ကွက်ထဲက လူငယ်တွေ ဝိုင်းပတ်ထိုင်ရင်း စကားပြောနေကြတာပေါ့။ သာရေးနာရေးမှာသုံးတဲ့ ကြွေရည်သုတ် မတ်ခွက်ကိုယ်စီနဲ့ ရေနွေးကြမ်းခါးခါးပူပူကို သောက်ရင်း စကားဝိုင်းကောင်းနေကြတာ ညဉ့်တောင် တော်တော်နက်စပြုလာပြီ။ စောစောပိုင်းက ဂျပန်ခေတ်အတွေ့အကြုံတွေ ပြောပြနေတဲ့ လူကြီးတွေတောင် ပြန်အိပ်ကုန်ပြီ။ ကျနော်တို့ ချာတိတ်တွေရယ်၊ လူလတ်ပိုင်းတချို့ရယ်ပဲ ကျန်ခဲ့ပြီး စကားဝိုင်းဆက်နေကြတာပေါ့လေ။

ရောက်တတ်ရာရာတွေပြောရင်း တစ္ဆေ၊ သရဲ အတွေ့အကြုံတွေ ဘယ်ကဘယ်လို ရောက်သွားမှန်းမသိပါဘူး။ တစ်ယောက်ပြီးတစ်ယောက် သူ့ထက်ငါ အတွေ့အကြုံတွေ ဖလှယ်နေကြတာ ဇာတ်လမ်းတွေက စုံလာရောဗျ။ ဟုတ်တာတွေရော၊ မဟုတ်တာတွေရော စုံလာတော့ ဘယ်သူမှ အပေါ့အပါးသွားချင်တာတောင် မထရဲတော့တဲ့အထိ ဖြစ်လာတယ်။ အထက ကျောင်းဝင်းထဲက ကျောမှာအပေါက်ကြီးနဲ့ ကျောပေါက်စစ်သားသရဲတို့၊ ဗောဓိကုန်းအတက်က နှစ်ဆောင်ပြိုင် အိမ်ပျက်ကြီးရှိတဲ့ဝင်းထဲမှာ လပြည့်ညဆို သီချင်းတအေးအေးနဲ့ ထွက်ပြီးကနေတတ်တဲ့ ခြေထော့ကျိုးဖြစ်နေတဲ့ အင်္ဂလိပ်မ ဘိုမခြေကျိုးသရဲတို့၊ ဗြိတိသျှခေတ်ကတည်းကနာမည်ကျော်ခဲ့တဲ့ ကျနော်တို့မြို့က အကျဉ်းထောင်ကြီးရဲ့ အုတ်ရိုးပေါ် လမ်းတက်လျှောက်တာမြင်ရတဲ့ ထောင်ပိုင်ကြီးကတော် သရဲမတို့ အဲ့လိုတွေပြောနေရင်း လူတွေအကုန်လုံးက နောက်ကျောမလုံသလို ဖြစ်ဖြစ်လာရော။ ညကလည်း မှောင်ပိန်းလွန်းပြီး နှင်းတွေကလည်း တဖွဲဖွဲကျနေတာဆိုတော့ အိမ်ပြန်ဖို့တောင် ဘယ်လိုလုပ်ရမလဲတွေးရင်း စိတ်ပူစပြုကုန်ပြီ။

အဲ့ဒီအချိန်မှာပဲ.. တဟဲဟဲ ရယ်သံနဲ့အတူ လူတစ်ယောက် မီးဖိုကိုဝိုင်းဖွဲ့ထားတဲ့ ကျနော်တို့လူစုထဲကို အတင်းတိုးဝင်လာတော့ အားလုံးလန့်ဖြန့်ကုန်တယ်။ နဂိုက သစ်ကိုင်းလေတိုးလို့ ဖျောက်ကနဲ မြည်ရင်တောင် တုန်တဲ့အထိ လန့်နေကြတဲ့ လူစုထဲ ဝုန်းကနဲ ဝင်ထိုင်လိုက်တော့ စဉ်းစားတာကြည့်ကြတော့ဗျာ။ အလန့်ပြေသွားလို့ သေချာကြည့်လိုက်မှ.. ကျနော်တို့ရပ်ကွက်ထဲက ဇာတ်လိုက်ကျော်ကြီး ဖြစ်နေတယ်။ ကတ္တီပါစနဲ့ချုပ်ထားတဲ့ လောင်းကုတ်ရှည်ကြီးကို ဝတ်လို့၊ ဆံပင်က ဂုတ်ထောက်၊ အသားအရည်က တရုတ်စပ်မှန်း သိသာနေတယ်။ မျက်လုံးကမှေးမှေးနဲ့ အဲ့ဒီခေတ်အခါက အရမ်းခေတ်စားနေတဲ့ ကွန်ဖူးမင်းသား ဘရုစ္စလီရုပ်မျိုး။ (သူကလည်း မတူတူအောင် ဂိုက်ဖမ်းနေတာပါ) စကားပြောလိုက်ရင် ပါးစပ်ထဲက ရွှေသွားနှစ်ချောင်းက လက်ကနဲ လက်ကနဲ ဖြစ်သွားသေးတယ်။

“ ကိုရွှေဘ!!”

လို့ အားလုံးပါးစပ်က အသံထွက်သွားကြတယ်။ သူ တဟဲဟဲ ထပ်ရယ်လိုက်ပြီး …

“ ငါရောက်နေတာ ကြာပြီဟ..။ မင်းတို့ပြောနေတာတွေအကုန် ရပ်ပြီးနားထောင်နေတာ..။ မင်းတို့ သရဲဇာတ်လမ်းတွေက အာလူးတွေပါကွာ..”

အားလုံး မကျေမနပ် ဖြစ်သွားပေမယ့် ပြန်တော့မပြောရဲဘူး။ အဲ့ဒီအချိန်က သူက ၃၅-၃၆ လောက်ရှိနေတော့ လူကြီးပေါ့လေ။ ပြီးတော့ ရပ်ကွက် ကာလသားခေါင်း၊ သဘောအင်မတန်ကောင်းသလောက် လက်ယဉ်တယ်လို့ နာမည်ကြီးကိုး။ အားလုံးတိတ်နေရတာပေါ့။

“ မင်းတို့ ကျတ်တီးကုန်းဆိုတာ ကြားဖူးကြလား၊ ကြုံဖူးသလား.. ငါမေးမယ် ဖြေကြ !!”

အားလုံး တိတ်နေကြတယ်။

“ ညဖက်ကွာ ရွာတစ်ရွာကို ရောက်သွားမယ်..။ ပွဲတွေလမ်းတွေ လုပ်နေကြတာတွေ့မယ်..။ မင်းကဝင်ပြီး ပွဲတွေကြည့်.. အိမ်တစ်အိမ်မှာတည်းခို.. စားသောက်.. အိပ်ပျော်သွားပြီး မနက်ရောက်တော့ လူသူမနီးတဲ့ တောထဲက သင်းချိုင်းတစ်ခုရဲ့ အုတ်ဂူတစ်ခုပေါ်မှာ မင်းခွေခွေလေး အိပ်နေတာ တွေ့လိမ့်မယ်….။ အေး!! အဲ့ဒါ ကျတ်တီးကုန်း.. ဒါမှမဟုတ် ကျတ်ရွာလို့ခေါ်တယ်..။ ပရလောကသားတွေရဲ့ နေရာကို ရောက်သွားတာပေါ့လေ..”

“ နောက်တစ်မျိုးရှိသေးတယ်.. အုတ်ဒဇောင့် (ဥစ္စာစောင့်) ဆိုတာ.. ဘုရားဌာပနာတို့ သိုက်တို့ကိုစောင့်ရတဲ့ အစောင့်မျိုးကိုခေါ်တာ..။ တန်ခိုးလေးဘာလေး အထိုက်အလျောက်ရှိတော့ လူယောင်ဖန်ဆင်းနိုင်တယ်..။ လူ့လောကမှာ မတော်တဆ တွေ့ရလေ့ရှိတယ်….”

“ ကိုရွှေဘကော.. တွေ့ဖူးလားဗျ” (လူငယ်တစ်ယောက် မေးလိုက်သံ)

“ ဟင်းဟင်း! တွေ့ဖူးရုံတင် ဘယ်ကမလဲ…။ တူတူတောင် အိပ်ဖူးသေးတယ်ဟ…”

“ တူတူအိပ်တယ်ဆိုတာ ဘယ်လိုအိပ်တာလဲဗျာ!!”

“ ဟာ! ဒီသူတောင်းစားလေးကလည်း အူတူတူနဲ့…။ တူတူအိပ်တယ်ဆိုတာ.. ငါ အဲ့ဒီဥစ္စာစောင့်မလေးဆိုတာ တွေ့ဖူးရုံတင်မကဘူး… အုပ်တောင်အုပ်ခဲ့တာဟ..။ နှစ်ချီတောင် တွယ်ခဲ့တာ..”

အားလုံးမယုံသလို မျက်နှာပေးနဲ့ ဖြစ်သွားပေမယ့် ကိုရွှေဘဆိုတာ နေရာတကာ နှံ့စပ်နေတော့ကာ ဟုတ်များဟုတ်နေမလားဆိုပြီး ဇဝေဇဝါမျက်နှာလေးတွေကိုယ်စီနဲ့ ဖြစ်ကုန်ရော။ ပြီးတော့ ဟုတ်တာမဟုတ်တာ အပထား.. ကိုရွှေဘက လေပစ်ရမယ်ဆို အမူအရာလေးတွေဘာတွေနဲ့ဆိုတော့ အညှီအဟောက် ဇာတ်လမ်းလေးတွေပါမှာပဲဆိုပြီး မျှော်လင့်တကြီးနဲ့ သူပြောလာမှာကို တိတ်တိတ်လေးနေပြီး မျှော်နေကြတာပေါ့။ အားလုံးနားထောင်ချင်နေကြတာ သိသာနေတော့ ကိုရွှေဘက ခပ်တည်တည်နဲ့ လောင်းကုတ်ဘေးအိပ်ထဲက စကားဝါတံဆိပ် ဆေးပေါ့လိပ်ကလေးကို ထုတ်ပြီး မီးညှိရင်း ဖွာနေပြန်တယ်။ (ဟန်လုပ်ပြီး ဂိုက်ထုတ်နေတာ)။ ၃-၄ ဖွာလောက် ဆက်တိုက်ဖွာပြီးမှ လေသံခပ်အုပ်အုပ်နဲ့ စကားစပြောတယ်။

“ ဒီလိုကွ.. ငါအသက် ၂၀ ကျော်လောက်ကပေါ့..။ ကျားပျံမကောက် ဆေးပေါ့လိပ်ဒိုင်က အဖိုးကြီးဆုံးတော့ အသုဘမှာ ဖဲဝိုင်းအကြီးအကျယ်ဖြစ်ရော ဆိုပါတော့…။ ဖဲဝိုင်းက ရက်လည်တဲ့နေ့အထိ လူစည်ကားချက်ကွာ.. ဟိုးဗမာပြည်က အောက်သားတွေတောင် တက်လာပြီး သူသေကိုယ်သေ ဆော်ကြတာပေါ့။ (အသားအရေညိုသော လူတွေကို ကျနော်တို့အရပ်တွင် အောက်သား သို့မဟုတ် ဗမာပြည်သားလို့ ခေါ်ပါတယ်)

ငါလည်း ဘယ်နေလိမ့်မလဲ.. ရှိတာအကုန်ထုတ်ပြီး ဆော်တာ.. နေ့တိုင်းကို ကွဲတာဟေ့။ အိမ်ကလည်း ပိုက်ဆံက ဖန်လို့မရတော့ဘူး။ အတယ် (သူ့အဖေတရုတ်ကြီး) ကလည်း ငါဆိုင်က ပိုက်ဆံတွေ ခိုးခိုးပြီး ဖဲချနေတာရိပ်မိတော့ အလစ်ကိုမပေးဘူး ဖြစ်လာတော့ ငါ့ရည်းစားအပျိုကြီးဆီက ပတ်ချွဲနပ်ချွဲနဲ့ ပိုက်ဆံတစ်ထောင် (ထိုခေတ်က တော်တော်များပါသည်) ရယ်၊ သူ့ဆွဲကြိုးရယ် ယူပြီး အသုဘ ၆ ရက်မြောက်နေ့ ညမှာ ထပ်ပြီးသွားချတာ.. မကျေပွဲပေါ့လေ။”

“ ဟို ကျောင်းဆရာမကြီးလား ကိုရွှေဘရည်းစားက..။ ဒေါ်နော်မူလေ ဝတုတ်တုတ်ကြီး..။ အသက်ကြီးနေပြီ ဟီးဟီး” (အကြောင်းသိတဲ့ ကျနော်က ဝင်နောက်လိုက်တယ်)

“ ဟေ့ကောင်!! ဖိုးသက်.. အေပေးလေး …။ အဲ့ဒီတုန်းက သူ့အသက်က ၄၂-၄၃ ပဲ ရှိသေးတယ်..။ ပြီးတော့ အခုလိုပုံ မဟုတ်ဘူး..။ တောင့်တောင့်တင်းတင်း လှတပတကြီး..။ အခုပြတ်သွားတာကြာပြီ..။ တော်.. နင့်ပါးစပ်ပိတ်..။ ပြောနေတာတောင် ဘယ်ရောက်ကုန်ပြီလဲ မသိဘူး။

အေး! အဲ့ဒီနေ့က သုံးပုံဖဲက ကောင်းချက်ကွာ..။ ညဦးပိုင်းမှာ တော်တော်လေး ထောင်း(နိုင်)နေတာကွ။ ၂ သောင်းခွဲလောက်ရှိမယ်။ သိတယ်မလား ငါတို့မြို့သားတွေအကြောင်း..။ ဘေးကနေ ဇာက်ကြောဆွဲပေးမယ့်ကောင်နဲ့၊ အရက်ငှဲ့ပေးမယ့်ကောင်နဲ့၊ ကိုရွှေဘကွဆိုပြီး မျက်နှာလိုအားရ ထိုင်အော်ပေးတဲ့ကောင်နဲ့ ဘူဇွာကြီး ဖြစ်နေတာပေါ့ကွာ။ ဖဲကလည်းနိုင် လူကလည်းစိတ်ကြွလာတော့.. အရက်ကိုတောင် အာမီရမ်သွားရှာခိုင်းပြီး သောက်ကရော။ ဘီအီးတွေ၊ မီးတောက်တွေ လုံးဝမသောက်ဘူး။ ငွေသောင်းချီကိုင်ထားတဲ့ ကောင်ကိုး။

အင်း.. ည ၁၂ နာရီကျော်လာတော့ မူးကလည်းမူး သွေးကလည်းကြွကြွဆိုတော့ တဖြေးဖြေး ပြန်ကုန်လာတာ နောက်ဆုံး အပျိုကြီးဆီကဖန်လာတဲ့ ပိုက်ဆံကော ဆွဲကြိုးပါ ကုန်တဲ့အပြင် အိတ်ကပ်ထဲမှာ ကျပ်တန်လေးတစ်ရွက်တောင် မကျန်တော့ဘူးကွာ။ ခုနက ဘေးမှာဝိုင်းဝိုင်းလည်နေတဲ့ သူတောင်းစား တပည့်တပန်းတွေဆိုတာ ဘယ်ရောက်ကုန်မှန်း မသိတော့ဘူး။ ပိုက်ဆံမကျန်တော့လို့ ဝိုင်းပြင်လည်း ရောက်နေပြီ။ လူကလည်း တော်တော်လေးထွေနေပြီ။ စိတ်ညစ်ညစ်နဲ့ အသုဘရှင်ဧည့်ခံတဲ့ ညလည်စာ ဆန်ပြုတ်ကလေးသောက်ပြီး ပြန်မယ်ပေါ့လေ။

ဒါနဲ့ အောက်ထပ်ကို ဆင်းလာတော့ လှေခါးရင်းမှာ ချွတ်ထားတဲ့ ငါ့မြင်းကြယ်ဖိနပ် မရှိတော့ဘူးကွ။ တောက်!! ယိုးဒယား မြင်းကြယ်ဖိနပ် အစစ်ကလေးကွာ။ ပိုပြီး ဒေါကန်ချင်စရာကောင်းတာက ညာဖက်တစ်ဖက်ထဲ ပျောက်နေတာ၊ ရှာတာလည်း နှံ့နေပြီ။ မတွေ့လေ ဒေါကန်လေပေါ့။ ဖဲရှုံးလို့ စိတ်ညစ်လာတာ ဖိနပ်ပါပျောက်ပြီး ပြန်ရတော့မယ်ဆိုတော့ သောက်ထားတဲ့ အရက်အရှိန်ကြောင့် ဘယ်လောက်ဒေါသထွက်မလဲဆိုတာ မင်းတို့ပဲ တွေးကြည့်။

ဒါနဲ့ပဲ.. အိမ်ပေါ်ပြန်တက်ပြီး အိမ်ရှင်ဆီက ဘန်နီကြိုး (ဂုန်လျှော်ကြိုး) ရှည်ရှည်တစ်ချောင်းလောက် တောင်းပြီး အိမ်အောက်ကို အသာလေးပြန်ဆင်း လှေကားရင်းမှာရှိတဲ့ ဖိနပ်တွေအားလုံးကို ညာဖက်တွေပဲရွေးပြီး ကြိုးနဲ့ထိုင်သီ၊ ကိုယ်မှာလွယ်၊ ပုဆိုးခြုံပြီး အသာလစ်ထွက်လာတာဟေ့။”

“ ဘာလုပ်တာလဲ.. ကိုရွှေဘဟာက” (ချာတိတ်တစ်ယောက် ထမေးလိုက်သံ)

“ ဘာလုပ်ရမလဲ.. လက်စားချေတာလေ..။ အကုန် မြစ်ထဲ သွားမျှောမလို့ ခိုးလာတာ။ ဖဲရိုက်တဲ့ လူအတူတူချင်း ငါက ဖဲလည်းရှုံးသေး၊ ဖိနပ်လည်း တစ်ယောက်ထဲ ပျောက်တော့ မတရားဘူးထင်လို့”

“ ဟားဟားဟား!!” (အားလုံးရယ်သံ)

“ အဟီး.. မနက်မိုးလင်းရင် ဖဲဝိုင်းကလူမှန်သမျှ ဘယ်ဖက်တစ်ဖက်ပဲရှိတဲ့ ဖိနပ်ကိုစီးပြီး အိမ်ပြန်နေတာကို မြင်ယောင်ကြည့်ရင်း ငါ့မှာ တခွိခွိနဲ့ပေါ့ …။ အဲ့ဒီဖိနပ်တွေ ၇၀-၈၀ လောက်ကိုလွယ်ပြီး ပြန်လာတာ ကမ်းနားလမ်းဖက် ရောက်လာရော ဆိုပါတော့ကွာ။ ကုက္ကိုပင်တန်းအုပ်အုပ်တွေအဆုံးမှာ ဘုရားငုတ်တိုကမ်းပါး ရှိတယ်မလား..။ အေး အဲ့ဒီကုန်းပေါ်တက်သွားရော ဆိုပါတော့။ ပုံမှန်အချိန်ဆို ဘယ်တက်ရဲပါ့မလဲ။ မင်းတို့သိတဲ့အတိုင်း အဲ့ဒီနေရာက နာမည်ကြီး။ (ဘုရားငုတ်တိုကမ်းပါးမှာ မြစ်ပေါ်တွင် မေးတင်ထားသော စေတီပျက် အတော်များများရှိသော နေရာ၊ တချိန်က အကြီးအကျယ် တိုက်ပွဲဖြစ်ခဲ့ဖူးပြီး လူအတော်များများ သေခဲ့သည့် နေရာဟု သိကြသည့်အပြင် လပြည့်ညများတွင် စောင်းတီးနေသော ဥစ္စာစောင့်မများကို မြင်ရသည်၊ ဘုရားဌာပနာစောင့် ဘီလူးသဘက်များ ဖမ်းစားသည်၊ တစ္ဆေခြောက်သည်ဟု အလွန်နာမည်ကျော်သော နေရာ)

ငါလည်း သောက်ထားတဲ့ အရှိန်နဲ့ဆိုတော့ မကြောက်ဘူး ဆရာ။ လောလောဆယ် ဒီဖိနပ်တွေကို မြစ်ထဲပစ်ဖို့ အရေးကြီးတာလည်း ပါတာပေါ့။ ဘုရားကုန်းက သိတဲ့အတိုင်း ဂျာမဏီခြုံတွေထူတော့ ငါလည်း အတင်းတိုးရင်းနဲ့ မြစ်ကမ်းပါးအစွန်းကို ရောက်သွားရောဗျ။ ကမ်းပါးအစွန်းက ကုက္ကိုပင်ကြီးခြေရင်းကနေ ဖိနပ်အတွဲကြီးကို အားနဲ့ မြစ်ထဲလွှဲပြီး ပစ်လိုက်တာ ရေထဲ ဝုန်းကနဲကျသွားသံ ကြားရတော့မှ ပြန်မယ်ဆိုပြီး အလှည့်မှာ စေတီပျက်နှစ်ခုကြားထဲက အုတ်ခုံကြီးပေါ်မှာ ဆံပင်ဖားလျားချထားတဲ့ မိန်းမတစ်ယောက် ထိုင်နေပါရောလားဗျာ။ အရက်မူးနေတာတောင် ပြေသလိုဖြစ်သွားတယ်ဟ။ ဆံပင်တွေတောင် ထောင်လာသလိုပဲ။

တခြားလမ်းလှည့်ပြီး ပြေးရအောင်ကလည်း မင်းတို့သိတဲ့အတိုင်း နောက်မှာ ကမ်းပါးအမြင့်ကြီး၊ ဘေးနှစ်ဖက်က ခြုံတွေကလည်း တိုးလို့မပေါက်တတ်။ ဒီစေတီငုတ်တိုနှစ်ခု အလယ်ကနေပဲ ထွက်လို့ရမှာကို အဲ့ဒီဥစ္စာစောင့်မက ပိတ်ပြီးထိုင်နေတော့ ငါ့မှာ ဒူးတဆတ်ဆတ်တုန်ပြီး ကြောက်လိုက်တာကွာ။”

ရုတ်တရက် ကိုရွှေဘ စကားပြောတာ ရပ်သွားပြီး ကျနော့်လက်ထဲက ရေနွေးခွက်ကို လှမ်းယူပြီး တဂွပ်ဂွပ် မော့သောက်နေတယ်။ ဒါ သူ့သောက်ကျင့်လေ။ အားလုံးစိတ်ဝင်စားမှု မြင့်လာပြီဆို အဲ့လိုပဲ။ သောက်ပြီးမှ ဆေးပေါ့လိပ်ကို ဆက်ဖွာနေတယ်။ ဘာမှတော့ ဆက်မပြောသေးဘူး။ မီးဖိုဘေးမှာ ဝိုင်းထိုင်နေကြတဲ့ လူတွေကလည်း တိတ်ဆိတ်လို့။ ကိုရွှေဘရဲ့ လေကလည်း သိတယ်မလား။ စပြီဆိုတာနဲ့ အမူအရာတွေ ဘာတွေနဲ့ ပြောတာကိုး။ ဖဲဝိုင်းကိစ္စတွေ၊ ဖိနပ်တွေခိုးပြီး လွယ်ယူလာတာတွေ ပြောတုန်းက တဟီးဟီးနဲ့ အားလုံး သဘောတွေကျနေရာက အခုလို သည်းထိတ်ရင်ဖိုခန်း ရောက်လာတော့ အားလုံးငြိမ်သက်လို့ပေါ့။ ဟိုမှာက ဥစ္စာစောင့်မနဲ့ ပက်ပင်းတွေ့နေပြီဆိုတာကိုးဗျ။ ကိုယ်တွေသာဆို ဘယ်လိုလုပ်ရပါ့မလဲ တွေးရင်း ကြောက်စိတ်တွေ ဝင်လာတာဗျ။

ဒီကြားထဲ ခပ်လှမ်းလှမ်း ဘုန်းကြီးကျောင်းဝင်းထဲမှာ မွေးထားတဲ့ ခွေးအုပ်လိုက်ကြီးကလည်း တစ်ခုခုမြင်လိုက်သလို အူး..ဝူ..ဝူ .. ဆိုပြီး အုပ်လိုက်ထအူလိုက်တော့ အားလုံးတုန်ကုန်ရော။ ခွေးအူသံတွေ တိတ်သွားတော့ မီးကင်းတဲရဲ့ အမိုးသွပ်ပြားပေါ် နှင်းတွေ တဖြောက်ဖြောက်ကျနေသံကလွဲပြီး အကုန်တိတ်ဆိတ်သွားပြန်ရော။ အဲ့ဒီတော့မှ ကိုရွှေဘရဲ့ သက်ပြင်းချသံ ဟင်းကနဲ ကြားလိုက်ရပြီး စကားဆက်ပြောတယ်..။

“ ငါမကြောက်တတ်တာ မင်းတို့သိပါတယ်။ လက်ပံတန်းမှာ ဘုရားပွဲလုပ်တုန်းက အဲ့ဒီရွာကကောင်တွေ ၁၀ ယောက်လောက် ဓားရှည်တွေနဲ့ ဝိုင်းခုတ်တာ ငါနဲ့ ချီးဗူး နှစ်ယောက်ထဲ ဝါးဆစ်ပိတ်တွေနဲ့ ထွက်မပြေးပဲ ခံချလာတာ မင်းတို့သိပြီးသားပဲလေ။ (ကိုယ်ရည်သွေးတာ ဒင်း၊ ဒါပေမယ့် တကယ်လည်း ဟုတ်ပါတယ်)

ဒါပေမယ့် အခုဟာက မတူဘူး။ သူသေကိုယ်သေ ချလိုက်ရအောင် လူမှမဟုတ်တာကိုး။ အခြေအနေကလည်း ခုနက ငါပြောခဲ့သလိုပဲ ပြေးပေါက်ရယ်လို့ မရှိတော့ဘူးဟ။ ကောင်းကင်မှာလည်း လကလေးမှ မသာ၊ ကြယ်ရောင်ပျိုးပျိုးပျက်ပျက်မှာ သေချာစိုက်ကြည့်လိုက်တော့ တကယ်ဗျ။ ဥစ္စာစောင့်မဆိုတာ သိသာတယ် ဆံပင်ဖားလျားချလို့။ ဒါပေမယ့် မင်းတို့ငါတို့ ကြားဖူးသလို အစိမ်းရောင်ဝတ်စုံတော့ မဝတ်ထားဘူး ဆရာ။ တစ်ကိုယ်လုံး အဖြူဆွတ်ဆွတ်နဲ့ဟ။ ဘုရားစာတွေဘာတွေ ဆိုတာကလည်း အကုန်မေ့ကုန်ပြီ။ ငါ့အတွင်းခံအင်္ကျီ အိပ်ကပ်ထဲမှာ ရွှေရင်ကျော်ဂိုဏ်း ဝင်တုန်းက ရထားတဲ့ အင်းကွက်ချထားတဲ့ ပိုက်ဆံလေးငါးကျပ်တန် အပြာလေးကို သတိရလို့ နှိုက်ကြည့်သေးတယ်။ သရဲသဘက်နိုင်တယ်လို့ ပြောတာကိုး။ မရှိတော့ဘူးဟ..။ ခုနက ဖဲဝိုင်းမှာ ယူပြီး ဖဲရိုက်ရှုံးပစ်လိုက်တာနေမှာ။ ဒါနဲ့ ငါလည်း ဝိဉာဉ်အနှုတ်ခံရမလား၊ သိုက်စောင့်ဘီလူးပဲ ခေါ်လိုက်မလားဆိုပြီး လက်အုပ်ကလေးချီပြီး အနားကပ်သွားရောဆိုပါတော့။

မောင်တော်!! တဲ့..။ စကားလှမ်းပြောတော့ ငါလည်း လန့်သွားတာပေါ့။ ဥစ္စာစောင့်မက အဲ့ဒီနှစ်ပေခွဲလောက်ရှိတဲ့ အုတ်ခုံလေးပေါ်ကနေ မထပဲပြောနေတာ။ ဟေ့ကောင်ရေ…။ မောင်တော် နှမတော်ကို မမှတ်မိဘူးလားတဲ့။ ငါလည်း အူကြောင်ကြောင်နဲ့ ဟုတ်ကဲ့ မတွေ့တာကြာလို့ပါဆိုပြီး ယောင်ပြီးပြောလိုက်မိသေးတယ်။ အဲ့ဒါကို အဲ့ဒီဥစ္စာစောင့်မက တခစ်ခစ်နဲ့ သဘောတွေကျနေသေးတယ်ဗျ။ ငါလည်း ကြောက်စိတ်တော့ နည်းနည်းလျော့သွားတယ်ဟ။

ဒါမျိုးက မင်းတို့လည်း ကြားဖူးပါတယ်။ သိုက်အစောင့်တွေ ဘာတွေက သဘောကျရင် ရွှေမန်ကျည်းသီးတောင့်တွေ ပေးသွားတယ် ဆိုတာမျိုးတွေလေ။ ဒီတော့ ငါလည်း ကြောက်ပေမယ့် မီးစင်ကြည့်ကမယ်ပေါ့။ အနားကို ပိုတိုးကပ်လိုက်တော့ ဟေ့ကောင်ရေ.. ချောချောလှလှလေးဗျ။ နှာတံလေးက ချွန်ချွန်လေး၊ မျက်နှာက ခပ်သွယ်သွယ်လေးနဲ့ မျက်လုံးက ဝိုင်းစက်စက်ကလေးနဲ့ဗျ။ ကြည့်ရတာ ရှမ်းမကွ။ သေချာတယ် ရှမ်းဥစ္စာစောင့်မ။ ပြုံးပြုံးလေးလုပ်ရင်း ထလာပြီး … နန်းကြာဖြူလေ မောင်တော်ရဲ့…။ မောင်တော့်အချစ် နန်းကြာဖြူ.. ဆိုပြီး ငါ့ရင်ခွင်ထဲ ဝင်လာရောဗျ။”

နန်းကြာဖြူဆိုတဲ့ အသံကြားတာနဲ့ ကျနော်တို့ နားထောင်နေတဲ့ လူတွေအကုန်လုံး ရင်ထိတ်ကုန်တယ်ဗျ။ ဒီလိုလေ.. နန်းကြာဖြူဆိုတာ ကျနော်တို့မြို့မှာ နာမည်မှာ အင်မတန်နာမည်ကျော်တဲ့ ဥစ္စာစောင့်မလေ။ ပါးစပ်ရာဇဝင်တွေ အများကြီးရှိတာပေါ့လေ။ မြို့အဝင်ကနေ မြင်းလှည်းငှါးစီးပြီး ဘုရားငုတ်တိုနားရောက်တော့ ပျောက်သွားတာတို့၊ ညဖက် ဗယာကြော်လိုက်ရောင်းတဲ့ ကုလားကို ရွှေဒင်္ဂါးပြားတွေနဲ့ ဗယာကြော်ဝယ်စားတာတို့ အစရှိသဖြင့်ပေါ့လေ။ ခင်ဗျားတို့မြို့တွေမှာ ရှိခဲ့ဖူးတဲ့ ထူးမခြားနား ဥစ္စာစောင့်ပုံပြင်တွေလိုပါပဲ။

တစ်ခုပဲ ကြီးကြီးကျယ်ကျယ် ဖြစ်ဖူးတာက.. ကျနော်တို့ငယ်ငယ်က တက္ကသိုလ်တက်ပြီး ပြန်လာတဲ့ လူငယ်တစ်ယောက်ဗျာ။ အဲ့ဒီခေတ်က သိတယ်မလား စက်မှုတက္ကသိုလ်ဆိုတာ R.I.T တစ်ခုပဲရှိတဲ့ခေတ်ဆိုတော့ တစ်မြို့လုံးမှာ ထင်ပေါ်နေတဲ့ လူငယ်မျိုးပေါ့။ အဲ့ဒီကောင်က ခေတ်ပညာတတ် ဘာညာဆိုပြီး ဘုရားငုတ်တိုနား သွားသွားထိုင်တာ လပြည့်ညမှာ စောင်းထွက်တီးတဲ့ နန်းကြာဖြူနဲ့ကြိုက်ရော ဆိုပဲ။ တဖြေးဖြေး လူတွေ သတိထားမိလာတော့ သူ့အိမ်ကလည်း စိုးရိမ်လာတာပေါ့။ ညဖက်ဆို ဘုရားငုတ်တိုဖက် လစ်လစ်သွားတာလေ။

တစ်ရက်ကြတော့ ညဖက်ကြီး အဲ့ဒီလူ ဝူးဝူးဝါးဝါးတွေ အော်ရင်း ဘုရားငုတ်တိုဖက်က ပြေးလာတာ လူတွေဝိုင်းဖမ်းပြီး ချုပ်ထားရတယ်။ ပါးစပ်ကလည်း ဘာတွေ အော်လို့အော်မှန်းမသိ။ ကျောက ရှပ်အင်္ကျီကလည်း စုတ်ပြဲပြီး လက်ဝါးရာမဲမဲကြီး အပြားလိုက်ထင်နေတယ် ဆိုပဲဗျ။ နန်းကြာဖြူဆီ သွားတာ အထိန်းတော်ဘီလူးနဲ့ တွေ့သွားတယ် ဘာညာတော့ ပြောကြတာပဲလေ။ အဲ့ဒီလူလည်း သွက်သွက်ခါအောင်ရူးပြီး နန်းကြာဖြူရေ ဘာညာတွေ လျှောက်အော်တော့ နောက်ဆုံး အခန်းထဲမှာ သံကြိုးနဲ့ ချည်ထားရတဲ့အဆင့်ရောက်ပြီး မစားနိုင် မအိပ်နိုင်နဲ့ သေသွားရှာတယ်။

အခု နားထောင်နေတဲ့ ဇာတ်လမ်းထဲမှာ ကျနော်တို့ကိုရွှေဘနဲ့ ထိပ်တိုက်တိုးနေပြီကောဗျ။ ထစ်ကနဲဆို ရိုက်မယ်ခုတ်မယ်ဆိုတဲ့ တစ်မြို့လုံးကရှိန်တဲ့ လူမိုက်နဲ့ တစ်မြို့လုံးက ကြောက်ကြတဲ့ ဥစ္စာစောင့်မ တွေ့နေပြီလေ။ အားလုံး ဇာတ်ရှိန်တက်နေပြီဗျာ။ သက်ပြင်းလေးတွေ ခိုးချပြီး ကိုရွှေဘမျက်နှာကို အားလုံးငေးပြီး နားထောင်နေကြတယ်။ ကိုရွှေဘ ဆက်ပြောတယ်…။

“ ငါလည်း ၅ မိနစ်လောက် လှုပ်တောင်မလှုပ်ရဲဘူးဟ..။ တောင့်တောင့်ကြီး ရပ်နေမိတာပေါ့လေ..။ ဥစ္စာစောင့်မ လာဖက်ထားတာရယ်.. ဘယ်အချိန် အထိန်းတော်ဘီလူး ထွက်လာပြီး ငါ့ကို ရိုက်မလဲဆိုပြီး လန့်နေတာရယ်… လူကို သေးပါမတတ်ပဲ ငါ့ကောင်တွေရေ။ နည်းနည်းကြာလာတော့ အဲ့ဥစ္စာစောင့်မက ငါ့ကိုဖက်ထားပြီး စကားတွေ တတွတ်တွတ် ပြောတော့ပဲဟ။

မောင်တော်ရယ်.. နှမတော်က မောင့်တော့်ကို စောင့်နေတာ နှစ်တွေရာချီနေပါပြီ ဘာညာတွေပေါ့..။ ပြောရင်း ငါ့ရင်ဘတ်တွေကို ဟိုပွတ်ဒီပွတ် လုပ်စပြုလာတယ်..။ ပထမတော့ ကြောက်နေတာ..။ ကြာလာတော့ အေပေး ငါလည်း သောက်ကျင့်က တန်တန်ဆိုတော့ လီးတောင်ချင်သလို ဖြစ်လာတယ်ဟ.. ဟီးဟီး ..။

ဒါနဲ့ မသိမသာလေး ကောင်မဖင်တွေ ဘာတွေကို ကိုင်ပေးလိုက်တော့.. အံမယ်.. မောင်တော် မောင်တော်ဆိုပြီး ဖီးလ်တောင်တက်ပြလာတော့ ငါလည်း မထူးဘူးကွာဆိုပြီး အကုန်လျှောက်နှိုက်ဖို့ ကြိုးစားတော့တာပေါ့။ သူ့ကိုယ်ပေါ်ရုံထားတဲ့ အဝတ်ဖြူအောက်ကို ငါလက်နှိုက်ကြည့်တော့.. ဟာ… ဘော်လီလည်း မပါဘူးဟ …”

“ ကိုရွှေဘ ဥစ္စာစောင့်မက ဘော်လီဝတ်မလားဗျ!!”

“ ဟေ့ကောင်!! ငါစကားပြောနေရင် ဖြတ်မပြောနဲ့။ ငါလည်း ဘယ်သိမလဲကွ။ ဘော်လီဖြစ်ဖြစ်၊ ရှင်မီးဖြစ်ဖြစ်ကွာ။ ကဲ… ဘာမှ အခုအခံမပါတာကို ပြောချင်တာ။ နို့ကြီးတွေက ရှောက်ပန်းသီးအငယ်စားလောက် ရှိတယ်ဟ။ ထွားထွားကြီးတွေဗျ။ ငါလည်း အကုန်လျှောက်ကိုင်ပြီး သူ့ဝတ်ရုံဖြူဖြူကြီး ကို ချွတ်ပလိုက်ရော ဆိုပါတော့။ အောက်ကလည်း ဘာမှမပါဘူးဟေ့။ ဒီတော့ ဖင်တုံးလုံး ဖြစ်နေပြီ။ ငါကတော့ ပုဆိုးကို စလွယ်သိုင်းပလိုက်တယ်ကွာ။ ဘာမှမချွတ်ဘူး။

ကြာပါတယ်ဆိုပြီး ကောင်မကို အုတ်ခုံပေါ် တွန်းလှဲလိုက်ပြီး သူ့စောက်ဖုတ်မှာ ငါ့လီးကိုတေ့ပြီး ဆောင့်ချပလိုက်တော့.. အမလေး မောင်တော်.. ဖြေးဖြေးလုပ်ပါ.. ဆိုပြီး အော်တယ်ဗျ။ ဟ.. မထင်ရဘူးနော် ဥစ္စာစောင့်မဆိုတော့ တန်ခိုးတွေဘာတွေနဲ့များ အပျိုပြန်လုပ်ထားလား မသိဘူး။ ကြပ်နေတာပဲ သူ့ပစ္စည်းက မနည်းကိုသွင်းရတယ် ဆရာ။ ငါလည်း မူးကြောင်မူးကြောင်နဲ့ အုတ်ခုံပေါ် သူ့ကို ပက်လက်တွန်းတင်ပြီး ဒူးကွေးပြီး မတ်တပ်ကို ဆော်တော့တာဟေ့။ နို.ထွားထွားကြီးတွေစုံကိုင်ပြီး ပိတ်ပိတ်ဆောင့်တာ.. ဘုရားငုတ်တိုတဝိုက်လုံး ဥစ္စာစောင့်မအော်သံကို ဆူညံနေတာပဲ ဟီးဟီး…”

ကျနော်ပြောသလိုပဲ ကိုရွှေဘက စကားပြောရင် အမူအရာလေးနဲ့ပြောတော့ … အခုပြောနေတဲ့အခါမှာကို လက်ဟန်ခြေဟန်တွေ ပါလာပြီ။ ကျနော်တို့ မီးဖိုဘေးမှာချထားတဲ့ ထင်းစည်းကြီးကို တက်ခွပြီး သရုပ်ပါဖော်ပြနေတော့ ကျနော်တို့ နားထောင်နေတဲ့ လူတွေမှာ တံထွေးတွေတောင် မျိုချမိတယ်ဗျ။ သူ့လေသံကလည်း ပီပြင်တာကိုး။ ဥစ္စာစောင့်မ အော်သံတွေ ဘာတွေပါ အော်ပြနေတာ.. မောင်တော်ရဲ့ ဘာညာတွေဆိုတော့… လူပျိုပေါက်လေးတွေဖြစ်တဲ့ ကျနော်တို့မှာ ဖီးလ်တွေဘာတွေတောင် တက်လာတယ်လေ။

“ ဒါနဲ့ ငါလည်း တစ်ချီပြီးသွားရော ဆိုပါတော့ကွာ…။ အမယ်.. လစ်ဖို့မပြင်နဲ့ ဆရာ။ ကောင်မက ငါပြီးသွားလို့ ပုဆိုးပြင်ဝတ်နေတာတောင် အတင်းလှမ်းဖက်ပြီး နွဲ့နေသေးတာဟ။ မောင်တော်ရေ.. ချစ်တယ်ဘာညာနဲ့ တတွတ်တွတ် ပြောနေတုန်း။ အမှန်က ငါလည်း လစ်ချင်နေပြီ။ ဒါကို ကောင်မက ဝပုံမပေါ်သေးဘူး။ ငါ့ပစ္စည်းလာကိုင်ပြီး ဂွင်းထုပေးနေသေးတယ်။ ဟီးဟီး … ဒီလောက်လာဆွပေးနေတော့ ငါလည်း လူငယ်ဘဝဆိုတော့ ပြန်ထလာပြီး ထပ်ဆော်မိပြန်တာပေါ့ကွာ။ နောက်တစ်ချီ.. အမယ်.. လေးဘက်တောင် ထောက်ပေးလိုက်သေးတယ်ဗျ။ မှတ်ထား ရွှေဘတဲ့.. ဥစ္စာစောင့်မကိုတောင် လေးဘက်ထောက်ပြီး ဖင်ထောင်ဆော်လာတာ ဟဲဟဲ။ အရက်ရှိန်လေးကလည်းပါတော့.. ကောင်းလိုက်တာကွာ ဆွေမျိုးကိုမေ့ကရော ဆိုပါတော့။ သူ့အိုးကားကားကြီးတွေ စုံကိုင်ပြီး သမပလိုက်တာဟေ့။

ဒုတိယအချီက နည်းနည်းကြာတော့ ပြီးသွားတာနဲ့လူလည်း နည်းနည်းဟိုက်သွားလို့ အုတ်ပုံပေါ် တက်အိပ်နေလိုက်တယ်။ ဥစ္စာစောင့်မပေါင်ကို ခေါင်းလေးအုံးလို့ပေါ့။ အင်း.. လူလည်း ခဏဆိုပြီး မှိန်းလိုက်တာ သတိရတော့ မိုးစင်စင်လင်းနေပြီ။ ဟိုဥစ္စာစောင့်မလည်း မရှိတော့ဘူး။ ကမ်းနားလမ်းက လမ်းသွားလမ်းလာတွေကလည်း ဘုရားငုတ်တိုကုန်းပေါ်က ဝေလီဝေလင်းကြီး ဆင်းချလာတဲ့ငါ့ကို တအံ့တသြကြီး ဝိုင်းကြည့်လို့ပေါ့လေ။”

“ ကိုရွှေဘဟာက မူးပြီး အိပ်ပျော်နေတာနေမှာပါ။ အိပ်မက်လိုလို ဘာလိုလိုကြီး..”

“ ချီး!! မဟုတ်ဘူးဟ..။ ငါအိမ်ပြန်ရောက်တော့ သေးပေါက်တာ ငါ့ပစ္စည်းထိပ်မှာ ကြိမ်းနေတာ ငါသိတာပေါ့ဟ။ ဥစ္စာစောင့်မကို ပါကင်ဖွင့်လာတာ သေချာတယ် ဟေ့ကောင်ရေ။ အိမ်ပြန်ရောက်တော့ အဘိုးကြီးက ညောင်နေလို့ ငါတို့လက်ဖက်ရည်ဆိုင်မှာ နံပြားတွေဘာတွေ ဝင်ရိုက်နေလိုက်သေးတယ်။ နေ့လည်လောက်ကြမှ လင်းလင်းချင်းချင်း ဘုရားငုတ်တိုကို တစ်ခါပြန်ပြီး ဟိုရှာဒီရှာ လျှောက်ကြည့်သေးတယ်။ တစ်ခုခုများ သဲလွန်စရမလားလို့ပေါ့လေ။”

“ နန်းကြာဖြူတို့ဘာတို့ ကမ္မည်းထိုးထားတဲ့ အုတ်ဂူအပျက်လေး ဘာလေး မတွေ့ဘူးလားဗျ”

“ တွေ့ဘူးဟ.. ခြေရာလက်ရာ ဘာမှမကျန်တာဟ..။ ဒါနဲ့ ငါလည်း စိတ်ပျက်သွားရော။ နောက်နေ့တွေလည်း ညဖက် သွားသွားပြီး စောင့်သေးတယ်။”

“ သြော်! ကိုရွှေဘတို့များ သိုက်စောင့်တွေ ဘာတွေတောင် မကြောက်ဘူး။ နှာထတာ.. နှာထတာ.. ဟားဟား”

“ ဟီး.. မင်းတို့ မအုပ်ဖူးလို့ပါလေ..။ ဒီလောက်မိုက်တဲ့ အဖုတ်.. ငါတော့ မကြုံဖူးဘူးဆရာ”

“ ဒါပဲလား.. ကိုရွှေဘ ဇတ်လမ်းက”

“ မဟုတ်ဘူးဟ.. ဆက်ရန်ကျန်သေးတယ်…။ ဒီလိုပဲ ငါလည်း တမှိုင်မှိုင်လုပ်ပြီး နန်းကြာဖြူကို လွမ်းနေတာ.. တစ်ရက်ကြတော့ ငါတို့အိမ်ကလူတွေ ဘုန်းကြီးကျောင်းမှာ မနက်အာရုဏ်ဆွမ်းကပ်ဖို့ ပြင်ရောဟေ့။

ဆွမ်းကပ်မှာက မနက်စောစောဆိုတော့ မုန့်တီသုပ်ပေါ့လေ။ နက်ဖြန်မနက် ကပ်မှာဆို ဒီနေ့ညဖက်မှာ အတယ် (သူ့အဖေတရုတ်ကြီး) က ငါ့ကို မုန့်ဖတ်တွေ သွားသယ်ခိုင်းတော့ ငါလည်း ကမ်းနားလမ်း မုန့်တီဖိုကို ကြိမ်ခြင်းလေးဆွဲပြီး ထွက်လာခဲ့တာပေါ့။ ညဖက် ၈ နာရီလောက်ပေါ့။

မုန့်တီဖိုထဲမှာ မုန့်ဖတ်တွေ ချိန်တွယ်၊ ပိုက်ဆံလည်းရှင်းပြီး ပြန်ထွက်ခါနီးကြတော့ မုန့်တီဖိုပိုင်ရှင်ရဲ့သမီး အလတ်မက လှေခါးကနေ ပြေးဆင်းလာပြီး မောင်တော်ရဲ့ မောင်တော်.. ဆိုပြီး ငါ့ကိုပြေးဖက်ရောဗျ။ သူ့အဖေ အမေတွေကလည်း ဝိုင်းဆွဲကြတာပေါ့ကွာ။ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်တာပေါ့လေ။”

“ ဟာ! နန်းကြာဖြူ ဝင်ပူးတာပေါ့..။ ကြောက်စရာကောင်းလိုက်တာ..” (ချာတိတ်တစ်ယောက် ရေရွတ်လိုက်သံ)

“ ဟင်းးး!!” (ကိုရွှေဘ သက်ပြင်းချသံ)

“ ကိုရွှေဘကလည်း ညံ့ပါ့ဗျာ… အဲ့လို ဝင်ပူးကပ်ပြီး စကားပြောရင်း .. ဘယ်နေ့ဘယ်အချိန် ဘယ်နေရာမှာ ထပ်တွေ့မယ်ဆိုပြီး ထပ်ဒိတ်လိုက်ရမှာ..”

“ အင်းး!!” (စိတ်မပါသော အသံဖြင့်)

“ ကိုရွှေဘ.. အဲ့ဒီကမ်းနားလမ်း မုန့်တီဖိုက အလတ်မဆိုတာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဆုံးသွားတဲ့ တစ်ယောက်လားဗျ” (ကျနော် ဝင်မေးလိုက်သံ)

“ ဟုတ်ပါ့ဗျာ!!”

ရေနွေးမော့သောက်လိုက်နေတဲ့ ကျနော် ဖွီးကနဲ ဖြစ်သွားပြီး တစ်ယောက်ထဲ အော်ရယ်နေမိတယ်။ ကျန်တဲ့ ချာတိတ်တွေက အူကြောင်ကြောင်နဲ့ ကျနော့်ကို မေးငေါ့တယ်။ဘာဖြစ်တာလဲပေါ့လေ။ စိတ်မသက်မသာ မျက်နှာနဲ့ ကိုရွှေဘက ဆက်ပြောတယ်။

“ မင်းတို့ကတော့ ငယ်သေးတော့ ဘယ်မှတ်မိမလဲ။ ဟိုကောင် ဖိုးသက်ကတော့ သိတတ်တဲ့အရွယ် ရောက်နေပြီ ပြောပြလိုက်တော့ကွာ။”

ကျနော်က မနည်းအောင့်အီးထားရတဲ့အသံနဲ့ အားလုံးကို ရှင်းပြနေမိတယ်။

“ အဲ့ဒီ ကမ်းနားလမ်း မုန့်တီဖိုက အလတ်မဆိုတာ မွေးကတည်းက ကျပ်မပြည့်ဘူးလေ.. ဟားဟား..။ ပြီးတော့ လင်တရူးလိုလို ဘာလိုလိုနဲ့။ ငါတို့ငယ်ငယ်က မြို့ထဲမှာ အဝတ်မပါပဲ လျှောက်လျှောက်ပြေးနေလို့ လိုက်လိုက်ဖမ်းရတဲ့ ဟာမျိုးကြီး။ တော်တော်ပေါက်ကရပြောတဲ့ ကိုရွှေဘ..။ နန်းကြာဖြူက ဆံပင်ဖားလျားလေးချလို့တဲ့ …။ ဟိုအရူးမကဖြင့် ဆံပင်က ကျို့တို့ကျဲတဲ.. ရှောက်ပန်းသီးအငယ်စားလောက်ရှိတဲ့ နို့ကြီးတွေတဲ့.. ဟိုကဖြင့် ပိန်ကပ်ကပ်ကြီး.. ခွိခွိ..။ ပြီးတော့ ဘာတဲ့.. နှာတံချွန်ချွန်လေးတဲ့.. ဟားဟား..။ မွေးရာပါ နှာခေါင်းအထဲကို ခွက်နေတာဟေ့။ ဘယ်လောက်များ မူးနေခဲ့လည်းမသိဘူး ကိုရွှေဘတို့ကတော့..။ ဒီရုပ်ကြီးကိုများ နန်းကြာဖြူဆိုပြီး တွယ်ခဲ့သေးသတဲ့။”

“ ဟား ဟား ဟား ဟား!!”

အားလုံး ပတ်ထုတ်မရအောင် ရယ်ကုန်ကြတယ်။ ရယ်သံတွေစဲသွားမှ ရှက်ဝဲ၀ဲမျက်နှာနဲ့ ကိုရွှေဘ ဆက်ပြောတယ်။

“ စစချင်းတော့ အဲ့ဒီကောင်မ လှေခါးကနေ ပြေးဖက်တာ ငါလည်း ကြောင်နေတာဟေ့။ မင်းတို့ပြောသလိုပဲ နန်းကြာဖြူများ ဝင်ပူးသလားပေါ့..။ ဘယ်ဟုတ်မလဲ.. သူ့လက်တွေက ငါ့ဂွေးကိုဖမ်းကိုင်ပြီး မောင်တော်ရေ.. မောင်ရေလို့ တစာစာပြောမှ ဟိုက်! ဒါဟိုနေ့ညက ငါတွယ်ခဲ့တဲ့ဟာဆိုတာ သေချာသွားလို့ အတင်းရုန်း မုန့်တီဖတ်ခြင်းလေး ပြေးကောက်ကိုင်ပြီး လစ်တော့တာပေါ့ကွာ။ လူကိုမှ ရှက်လိုက်တာ။ မတော်တဆ ဒီကောင်မပြောတာတွေ အဟုတ်ပါဆိုတာ သူ့အိမ်ကလူတွေ သိသွားလို့ကတော့ ငါ့မှာ အရူးမလင်လုပ်ရမယ့်ကိန်းဟ!!”

“ ဟား ဟား ဟား ဟား!! !!”

“ အဲ့ဒီညက သူ့အိမ်ကအလစ်မှာ ထွက်လာပြီး ဘုရားငုတ်တိုမှာ လာထိုင်နေပုံပေါ်ပါတယ်ကွာ..။ ဒီနန်းကြာဖြူဆိုတဲ့ ကိစ္စကလည်း လူတိုင်းပြောဖူးတော့ ဒီအရူးမ နန်းကြာဖြူဂိုက်ဖမ်းပြီး ငါ့ကိုအုပ်သွားတာနေမှာ..။ သူခြုံထားတဲ့ အဝတ်ဖြူဆိုတာကြီးကလည်း နောက်မှ ငါပြန်တွေးမိတာ မုန့်တီစစ်တဲ့အခါ ဇကာလုပ်တဲ့ အဝတ်စအဖြူကြီးပါ..။ ဒါကြောင့် အဲ့ဒီညက ငါ့စိတ်ထဲမှာ ဆန်အပုတ်ခံတဲ့အနံ့ ရနေပါလားလို့… ဟီးဟီး..။ ကမ်းနားလမ်းကို နှစ်ပေါက်အောင် ဖြတ်သွားဖြတ်လာ မလုပ်ရဲတော့တာဟေ့…”

အားလုံး တဝါးဝါး ပွဲကျနေကြတာ ရပ်သွားတော့ ကျနော်က စကားစလိုက်တယ်။

“ စပြောလိုက်ရင်တော့ အဟုတ်ကြီး။ ငါတို့ ကိုရွှေဘကတော့ နောက်ဆုံးကြရင် အဖျားရှူးရှူးသွားတာ။ ကျနော်တို့မှာဖြင့် ဥစ္စာစောင့်မလေးကို တွယ်တဲ့အခန်း ပြောနေတုန်းက ဖီးလ်တွေတက်လိုက်ရတယ်။ မမိုက်ပါဘူး..။ ဟိုဟာဗျာ.. အမှန်အကန် ဇာတ်လမ်းလေးပြောပြ။ ကိုရွှေဘနဲ့ မမိချိုလေးတို့ ဇာတ်လမ်းလေဗျာ..။ အဲ့ဒါကတော့ ကျနော် တစွန်းတစသိတော့ အဖျားမရှူးဘူး..။ လုပ်ပါဗျာ ကိုရွှေဘ..”

“ တော်ပြီကွာ!! မိုးချုပ်နေပြီ ပြန်အိပ်တော့မယ်။ နားထောင်ချင်ရင် နောက်နေ့မှ..”

အဲ့လိုပြောရင်း ကျနော်တို့ ဇာတ်လိုက်ကျော် ကိုရွှေဘ ထပြန်သွားရောဗျ။



အပိုင်း ( ၂ ) ဆက်ရန် >>>>